no

Font
Theme

အခန်း ၁၀။ လောက၏ နည်းလမ်းများ

ယခုတွင် ဆောင်းနှောင်းပိုင်းဖြစ်သော်လည်း လင်းယွမ်က ရာသီဥတု မနွေးသေးသဖြင့် ဝါဂွမ်းဝတ်ရုံကို ဝတ်ထားဆဲပင်။ သူဟာ နှာချေ၍ လက်များကို အချင်းချင်းပွတ်လိုက်သည်။ စစ်ညန်က ဘေး၌ ကျောက်မီးသွေးများကို မီးမွှေးနေပြီး အခန်းနွေးလာဖို့တော့ နည်းနည်းကြာဦးမည်။

ကျောက်မီးသွေးတန်ဖိုးက ဈေးမပေါလှသဖြင့် လင်းယွမ်မှာ များများစားစား မဝယ်ထားပေ။ ကျန်သည့် အပိုင်းအချို့မှာ လောင်ကျွမ်းသွားကြပြီဖြစ်သောကြောင့် ကျန်သည့်ရွေးချယ်စရာမှာ ထင်းများကို သုံးရန်ဖြစ်သည်။

ဆင်းရဲသည့် မိသားစုများကပင် ထင်းများကို မီးမွှေးဖို့ စုထားရ၏။

၎င်းအတွက် ဘာမှမတတ်နိုင်ပေ၊ ဂရုမစိုက်ပါက အလွယ်တကူ အအေးမိတတ်သဖြင့် တောင်တက် ထင်းခုတ်သူတွေ လျော့သွားသည်။

ဆောင်းရာသီမှာ အဖျားကြီးပါက သေဖို့က မဝေးတော့ပေ။

လူတို့သည် သက်တောင့်သက်သာရှိခြင်းထက် ၎င်းတို့၏ အသက်ကို ရွေးချယ်ကြမည်မှာ သေချာသည်။

ဆောင်းရာသီမကုန်ခင်မှာ လင်းယွမ်ဟာ အိမ်အပြင်ကို လုံးဝမထွက်ပေ။ ချည်သားအင်္ကျီနှင့်တောင် မနွေးသေးသည့် သည်လိုရာသီဥတုမျိုးတွင် အပြင်မှာ လမ်းလျှောက်တာ ကြာပါက သိပ်မခံနိုင်ပေ။ အာ့လျန်သည် လင်းယွမ်ကဲ့သို့ အခြေအနေမျိုးတွင် ရှိနေသည်။ မြောက်ပိုင်းမှာလည်း အေးသော်ငြား တောင်ပိုင်းကတော့ စိုစွတ်ပြီး အေး၏။ မည်မျှပဲ အဝတ်၀တ်ထားပါစေ အေးစက် စိုစွတ်သည့် လေထုက စိမ့်ဝင်နေဆဲပင်။

လင်းယွမ်က လက်ထဲ၌ ရေနွေးအိတ်ကို ကိုင်လျက် အာ့လျန်အား မေးလိုက်သည် "စစ်ညန်တို့နဲ့ တခြားသူတွေ ဘယ်မှာလဲ"

အာ့လျန်က သူ့လက်တွေကို ပွတ်သပ်လိုက်ရင်း "စစ်ညန်က ဂျုံနယ်နေတယ်၊ ဒီည ခေါက်ဆွဲစားရမယ်"

လတ်ဆတ်သောအသီးအရွက်မရှိဘဲ၊ အနည်းငယ်မလတ်ဆတ်သော ဟင်းသီးဟင်းရွက်များသာရှိသည်။

ဖန်လုံအိမ်များ ရှိသော်လည်း ဝူမြို့၌ မရှိသဖြင့် ဆောင်းရာသီတစ်ခုလုံးသည် မလတ်ဆတ်သော ဟင်းသီးဟင်းရွက်များသာရှိသည်။

အာ့လျန်သည် ပြတင်းပေါက်မှ လှမ်းကြည့်ကာ သက်ပြင်းချ၏၊ "အစ်ကို ချန်၊ ဘယ်မှာရှိနေတာလဲ သိချင်လိုက်တာ။"

ဤအကြောင်းအရာသည် လင်းယွမ်မှ အာ့လျန်နှင့် တစ်ခါမျှ မပြောဖူးသော အကြောင်းအရာဖြစ်သည်။ အစ်ကိုချန်(ချန်ကော)သည် စကားနှစ်လုံးတည်းနှင့် တားမြစ်စကားများကဲ့သို့ပင်။

သစ္စာရှိပြီး ဖြောင့်မတ်သော လူငယ်လေးသည် သူ့အသက်ဆုံးရှုံးသွားခဲ့ပြီလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လင်းယွမ်နှင့် အာ့လျန်တို့ကသာ သူ့အစား အသက်ရှင်ကျန်ရစ်မည်ဟု မျှော်လင့်ခဲ့ကြသည်။

"သခင်လေး" အာ့လျန်က ပြောသည် “အစ်ကို ချန်က ကျွန်တော်တို့ ဒီကိုလာမယ်ဆိုတာ သိတယ်။ နောက်နှစ်မှာ သူ မပေါ်လာသေးရင် ကျွန်တော်တို့က ကမ္ပည်းတိုင် ထူသင့်တယ်။”

လင်းယွမ်က မငြင်းဘဲ ခေါင်းညိတ်လိုက်သည်၊ “ကောင်းပြီ”

ချမ်းသာကြွယ်ဝသော လင်းယွမ်ကဲ့သို့ လူများအတွက် ဆောင်းရာသီသည် သက်တောင့်သက်သာရှိမည်ဟု ယူဆနိုင်သည်။ အပြင်ထွက်စရာ မလိုဘဲ နွေးနွေးထွေးထွေးနှင့် အိမ်ထဲမှာသာ နေနိုင်၏။ သုံးရက်တိုင်း ဆီလုပ်ငန်းကို လည်ပတ်ပြီး အပတ်တိုင်း စာရင်းများကို စစ်ဆေးရသော်လည်း ပုံမှန်အားဖြင့်တော့ သူဟာ အိမ်တွင်းပုန်းနေပါ၏။ သို့သော် သာမန်လူတွေအတွက်တော့ ၎င်းဟာ ခါးသီးသည့်

အတွေ့အကြုံတစ်ခုပါပင်။ ဤဆောင်းရာသီတွင် သူဖုန်းစား တော်တော်များများဟာ လမ်းမတွေပေါ်မှာတင် အေးခဲပြီး သေကုန်ကြသည်။ သူဖုန်းစားအများစုသည် နာတာရှည် ရောဂါဝေဒနာများကို ခံစားရင်း နေ့စဥ် ရှင်သန်နေထိုင်နေကြရသည်။ ဆောင်းရာသီရောက်သည်နှင့် အနည်းစုကသာ ဖြတ်ကျော်နိုင်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများ မကောင်းခဲ့ရာ မြို့၏ ချမ်းသာသော မိသားစုများပင်လျှင် ယာဂုများ အလကား ဝေပေးခြင်းဖြင့် အလှူဒါနကို မလုပ်နိုင်တော့ပေ။ လမ်းတွေက လစ်ဟာနေပြီး ဈေးသည်တွေလည်း မပေါ်လာတော့ပေ။

လင်းယွမ်လည်း လမ်းမတွေပေါ် မထွက်ရဲချေ။ သူသည် လူကောင်းတစ်ယောက်မဟုတ်သော်လည်း စာနာစိတ်ရှိသည်။ သူထွက်သွားပြီးသည်နှင့် မနေနိုင်ဘဲ အေးခဲနေသော သေခါနီးလူများကို သူ့အိမ်သို့ ပြန်ခေါ်ဆောင်လာမိမည်ကို သူကြောက်သည်။

သို့ရာတွင် လက်ရှိ သူ့မှာ ပိုက်ဆံမကျန်တော့ပေ၊ ၎င်း

တို့ အားလုံးကို လူတွေအား ငှားရာ၌ သုံးထား၏။

အာ့လျန်လည်း အပြင်မထွက်ရဲပေ။ နောက်ဆုံးအမဲသားသွားဝယ်ပြီး ပြန်လာတော့ ငိုလာသည်။

စစ်ညန်နှင့် ကိုးဇီသာ ထွက်ရသည် ။ ဤသူတို့နှစ်ဦးသည် အငတ်ဘေးမှ နေရပ်သို့ ပြန်လာခဲ့ကြပြီး အဖြစ်ဆိုးအမျိုးမျိုးကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့မှာ ထုံနေပြီပင်။

သို့သော် သူတို့သည် လင်းယွမ်ကြောင့်သာ မဟုတ်လျှင် ၎င်းတို့သည်လည်း အေးခဲ၍ သေဆုံးသွားသူများနှင့် မခြားမည်ကို သိသောကြောင့် ကြောက်ရွံ့မှုများမှာ ရှိနေဆဲဖြစ်သည်။

ကိုးဇီက ငယ်သေးတာမို့ လင်းယွမ်က သူ့ကို လေးလံသည့် အလုပ်တွေ မလုပ်ခိုင်းခဲ့ချေ။ တကယ်တော့ ကိုးဇီသည် ခြံသန့်ရှင်းရေးလုပ်ခြင်းနှင့် အိမ်ကြည့်ခြင်းစသည့် ကြုံရာကျပန်းအလုပ်များသာလုပ်ရ၍ ကြီးကြီးမားမားလုပ်ရမည့်အလုပ်မျိုးမရှိပေ။

အာ့လျန်သည် လင်းယွမ်၏ လိုအပ်ချက်များကို ပြုစုစောင့်ရှောက်ခြင်းကဲ့သို့သော သိမ်မွေ့သောအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်။ သူသည် လင်းမိသားစုနှင့်အတူ နေထိုင်ရင်း ပြုစုပျိုးထောင်ခံခဲ့ရရာ အလေ့အထတစ်ခုတွင် မည်သည့်အခါမျှ မလျော့ရဲခဲ့ပေ။

သူ့မိဘတွေက မိသားစုအစေခံများဖြစ်ပြီး ငယ်ငယ်ကတည်းက ဝီရိယရှိဖို့ သင်ပေးခဲ့၏။

အာ့လျန်သည် သူ့အဖေ၏ စကားများကို မှတ်မိနေသေးသည် ၊“မင်း အရည်အချင်းရှိရမယ်။ မဟုတ်ရင် လောင်လျူရဲ့သားက မင်းရဲ့နေရာကို ယူလိမ့်မယ်။ မင်း ငယ်ငယ်တည်းက သခင်ရဲ့အစေကိုခံနိုင်တာက မင်းဘဝတစ်လျှောက်လုံး စုဆောင်းထားတဲ့ ကံကြမ္မာပဲ!”

သခင်လေး၏ဘေးတွင် အမှုထမ်းပြီးနောက် အာ့လျန်သည် သူ့အဖေပြောသည့် အဓိပ္ပါယ်ကို နောက်ဆုံးတွင် နားလည်လာသည်။

သခင်လေး၏ အမှုကို ထမ်းဆောင်ခြင်းသည် လယ်လုပ်ရန် သို့မဟုတ် အလုပ်ကြမ်းလုပ်ရန် မလိုအပ်ဟု ဆိုလိုခြင်းဖြစ်သည်။ ရေးတတ်ဖတ်တတ်အောင်ပင် သင်ယူနိုင်သည်။

သခင်လေးသည် လူကောင်းတစ်ဦးဖြစ်ပြီး အစေခံများကို ရိုက်နှက်ဆုံးမခြင်းမရှိဘဲ အလွန်ကောင်းသော စိတ်ထားရှိသည်။

အာ့လျန်သည် သခင်လေး၏ မွေးရပ်မြေမှ ထွက်ခွာသွားသည့် ခရီးမှသည် ယခုအချိန်ထိတိုင် သူဟာ မည်သည့်အရာကိုမျှ ပူပန်နေရန် မလိုအပ်ပေ။ သခင်လေးသည် အရည်အချင်းရှိပြီး အရာရာကို ဂရုစိုက်နိုင်လွန်းသည်။ သူသည် သခင်လေး၏ အနားတွင် ရှိနေရန်နှင့် သူ၏ လိုအပ်ချက်များကို လုပ်ဆောင်ရန်သာ လိုအပ်သည်။

အာ့လျန်မှာ ကိုးဇီနှင့် စကားပြောနေသည်။

" ကိုးဇီ မင်းဒီကိုလာတုန်းက လူတွေ အများကြီးသေသွားတာလား " အာ့လျန်က မေးသည်။

ကိုးဇီသည် ကျေနပ်အားရမှုဖြင့် မုန့်ကြော်ကို ဝါးပြီး ပြောသည် ။ “အများကြီးပဲ။ အစာငတ်လို့ သူတို့ ဗိုက်က ဖောင်းလာပေမယ့်လည်း လက်နဲ့ ခြေထောက်တွေ တုတ်ချောင်းတွေလိုပဲ။ ဗိုက်ဆာလွန်းလို့ ရေသောက်တာတောင် သေတဲ့အထိ သောက်တာလို့ ပြောကြတယ်”

အာ့လျန်မှာ အံ့အားသင့်ပြီး ကြောက်လန့်သွားသည်၊ "ဒါဆို မင်းတို့နှစ်ယောက် ဘယ်လို ရှင်သန်ခဲ့တာလဲ"

ကိုးဇီသည် ပေါင်မုန့်ကို မျိုချလိုက်သည်၊ "ငါ့အမေက ငါ့ကို သစ်ပင်အခေါက် စားခိုင်းတယ်"

အာ့လျန်က စိတ်ဝင်တစား မေးသည်၊ "သစ်ပင်အခေါက်က အရသာကောင်းလား"

ကိုးဇီက ခေါင်းညိတ်ပြီး “အဆင်ပြေပါတယ်။ ဘယ်သစ်ပင်လဲမသိဘူး၊ ခြောက်ပေမယ့် ဝါးလို့ရတယ်။ သစ်ခေါက်ခြောက်ထက် အရသာပိုကောင်းတယ်”

“မြက်အမြစ်တစ်မျိုးလည်း ရှိတယ်။” ကိုးဇီက စိတ်

လှုပ်ရှားစွာ ပြောသည် ။ "အရင်က ကျွန်တော်တို့ ဇာတိမြို့မှာ မမြင်ဖူးဘူး၊ အမြစ်ရဲ့ အောက်ခြေကို ဆွဲနှုတ်လိုက်တာနဲ့ အမြစ်ပိုလေးရှိနေတာ။ အဲဒါကို စားလို့လည်းရတယ်။ ကင်စားရင် နူးညံ့ပေမယ့် အရသာတော့ များများစားစားမရှိပါဘူး။"

(T/N: ငယ်ငယ်က တူးပြီး ဆော့ကြတဲ့ မြေစာဥလို့ထင်တယ်)

အာ့လျန်က လေးလေးနက်နက် နားထောင်နေသော်လည်း ကိုးဇီနှင့် သူသာ နေရာလဲလိုက်ပါရင် ဟိုးအရင်ကတည်းက သူဟာ သေဆုံးသွားလိမ့်မယ်ဆိုတာ သူသိသည်။ ခက်ခဲမှုကို မခံနိုင်သောကြောင့် အာ့လျန်သည် ရင့်ကျက်ဟန်ဆောင်ပြီး ကိုးဇီ၏ ပခုံးကို ပုတ်လိုက်သည်၊" ကိုးဇီ၊ မင်းလည်း မလွယ်ခဲ့ဘူးပဲ"

ကိုးဇီက ပြုံး၏၊ “ဒါတွေအားလုံးက အတိတ်ပါပဲ။ အခု ကျွန်တော့်မှာ စားစရာ သောက်စရာ၊ အိပ်ဖို့ အိပ်ရာနဲ့ စောင်တစ်ထည်လည်း ရှိတယ်။ အရင်က ချည်စောင်ကို သုံးတောင်မသုံးဖူးဘူး!"

ကိုးဇီက တိုးတိုးပြောလိုက်၏၊ "သခင်လေးကလည်း ကျွန်တော့်ကို စားဖို့ ကြက်ဥတွေ ပေးတယ်။ ကျွန်တော့် တစ်သက်လုံး ဒီကြက်ဥတွေကို အကြိမ်ပေါင်းများစွာ မစားဖူးဘူး"

အာ့လျန်က အံ့အားသင့်သွားသည်၊ "မင်း အရင်ကအိမ်ဟောင်းမှာ ကြက်မမွေးခဲ့ဘူးလား"

ကိုးဇီ: “မွေးခဲ့ပေမယ့် အမေက သူတို့အားလုံးကို ဈေးနေ့တွေမှာ ရောင်းခိုင်းတယ်။ ဒါဆို ဆားနဲ့ တခြားပစ္စည်းတွေကို အိမ်မှာဝယ်လို့ရတယ်လေ။ ကျွန်တော်တို့ကိုယ်တိုင် ဘယ်လိုစားနိုင်မှာလဲ။”

ကိုးဇီက စိတ်လှုပ်ရှားစွာပြောသည်၊ “ကျွန်တော် အသက်ကြီးလာပြီး ကလေးမွေးတဲ့အခါ သခင်လေးက ကျွန်တော့်သားကိုလည်း ကြက်ဥ ကျွေးပေးနိုင်မယ်ဆိုရင် အရမ်းကောင်းမယ်။”

အာ့လျန် : “……” ကောင်လေး၊ မင်းက မင်းကိုယ်မင်းဒီလိုပြောဖို့ နည်းနည်း စောနေဦးမယ်။

ကိုးဇီက သူ့နှာခေါင်းကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်၊ “အမေက ခြေလက်တွေ အေးစက်မနေတော့ဘူး။ အမေက ဒါဟာ ကျွန်တော်တို့ ကောင်းကောင်းစားနေရလို့တဲ့”

ကိုးဇီက အာ့လျန်ကို မေးလိုက်ပြန်သည်၊ "အစ်ကို အာ့လျန်၊ အစ်ကိုက သခင်လေးရဲ့ဘေးမှာ အမြဲတမ်း အမှုထမ်းလာတာလား?"

အာ့လျန်က ဂုဏ်ယူစွာ ရင်ဘတ်ကို ဖွဖွပုတ်လိုက်သည်၊ “ငါ့မိဘတွေကလည်း လင်းမိသားစုရဲ့ အစေခံတွေပဲ၊ ငါကရှစ်နှစ်သားတုန်းကစပြီး သခင်လေးနောက်ကို လိုက်ခဲ့တာ”

ကိုးဇီက အနည်းငယ် မနာလိုဖြစ်သွားသည် "ဒါဆို အစ်ကိုက ကြက်ဥကို ခဏခဏစားရမှာလား"

အာ့လျန်က ပြောသည်၊ “သခင်လေးက ငါ့ကို သူနဲ့အတူ အမြဲစားခိုင်းတယ်၊ သခင်လေးစားသမျှ ငါလည်း စားရတယ်။ နေ့တိုင်းစားဖို့ အသားလည်းရှိတယ်!"

နေ့တိုင်း အသားစားရသည်၊ ၎င်းက တကယ်တမ်း နတ်ဘုရားများနှင့် အမတတို့၏ ဘဝပင်။ ကိုးဇီသည် သူအားကျစွာ တံတွေး မျိုချရသည်အထိ မနာလိုဖြစ်မိသည်။

"အစ်ကို အာ့လျန်၊ အစ်ကို့မှာ အရမ်းကောင်းတဲ့ဘဝရှိတယ်။" ကိုးဇီက ဆက်ပြော၏၊ "ကျွန်တော် ပိုကြိုးစားရမယ်၊ ဒါဆို သခင်လေးက ကျွန်တော့်အတွက် အသားတွေ ပေးလိမ့်မယ်"

အာ့လျန်က အားပေးလိုက်သည်၊ “မင်းလုပ်နိုင်ပါတယ်!”

ကိုးဇီက အာ့လျန်ကို ပြုံးပြလိုက်၏။

ပြတင်းပေါက်ဘေးမှာထိုင်နေသည့် လင်းယွမ်က ၎င်းတို့၏စကားပြောသံကို အားလုံးကြားလိုက်ရသည်။

လောက၏ နည်းလမ်းများသည် သူထင်သည်ထက် ဆိုးရွားနေသည်။

ဒီလိုနှင့် နှစ်အနည်းငယ်ကြာတော့ စစ်ဖြစ်လာချိန်တွင် ကမ္ဘာကြီးက မည်သို့ ဖြစ်သွားမည်နည်း?

ယခုအချိန်တွင် သူသည် သူ့ပိုင်ဆိုင်မှုကို စတင်တည်ထောင်ကာစသာ ရှိသေးသည်။ နောက်နှစ်တွင် စပါးခင်းများ ရိတ်သိမ်းရန် အဆင်သင့်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးခြံကို ဆောက်ပြီးသည်နှင့် မူလပိုင်ရှင်၏ မိသားစုရှိ တစ်စုံတစ်ဦးထံ စာပို့ခိုင်းမည်ဖြစ်သည်။ မူလပိုင်ရှင်သေဆုံးပြီးနောက်တွင် မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ရရှိခဲ့သော်လည်း သူဟာ မူလပိုင်ရှင်ထံ အကြွေးတင်နေဆဲဖြစ်သည်။ ထို့အပြင် မူလပိုင်ရှင်၏ တရားဝင်မိခင်၏ ငွေကြောင့် သူအသက်ရှင်နိုင်ခဲ့သည်။

သူ့စိတ်ဓာတ်သည် ခွေးများကို ကျွေးရလောက်သည်အထိ မပျက်စီးသောကြောင့် မူလပိုင်ရှင်၏ မိသားစုကို လျစ်လျူမရှုနိုင်ပေ။

လင်းယွမ်သည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး အသံမထွက်ဘဲ သက်ပြင်းတစ်ချက်ချလိုက်

သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment