no

Font
Theme

အပိုင်း (၄)သူဟာ ကျူးပါကျဲကလည်း ဝက်မည်းဖြစ်သည်ဟု တွက်ဆလိုက်မိသည်။

•ကျူးပါကျဲ = အနောက်အရပ်သို့ ခရီးသွားခြင်း(ဝူခုန်းကား)ထဲက ပါကျဲဖြစ်ပါတယ်•

"အစ်ကိုကြီး ဒီယုန်ကရော ဘယ်လောက်လဲဗျ?" လင်းယွမ်တင်သာမက အာ့လျန်လည်း အသားစား

ချင်နေသည်။ သို့သော် အာ့လျန်မှာ မပြောရဲပေရာ ယုန်ကို ကြည့်၍သာ မသိမသာ တံတွေးမြိုချနေရ၏။

လင်းယွမ်အနေဖြင့် ဆီထုတ်ခြင်းလုပ်ငန်းအတွက် လူသူအရောက်အပေါက်နည်းသောကြောင့် ဈေးနည်းနည်းနှင့် ရသည့် မွေးမြူရေးခြံကို ဒင်္ဂါး ၅၀၀ဖြင့် ငှားထားပြီးကာစဖြစ်သည်။ သူဟာ စုဆောင်းဖို့ လိုအပ်သည်ကို အတော်လေး သတိထားနေခဲ့ပြီး သခင်နှင့် အစေခံတို့မှာ ဗိုက်ဖြည့်ရန် ခေါက်ဆွဲများသာ စားနေခဲ့ရသည်ပင်။

ယနေ့မှာ အမေနှင့် သားတို့ကို ယာယီနေအိမ်သို့ ခေါ်သွားမည့် နေ့လည်း ဖြစ်နေသေးသည်။ ၎င်းတို့အနေဖြင့် ညစာအတွက် ယုန်သားတစ်ပန်းကန် ချက်နိုင်ပါ၏။

လင်းယွမ်၏ သွားရည်များကို သေချာ မြင်နေရသည်။

မုဆိုးက ယုန်နားရွက်ကို ကိုင်ထားရာ ၎င်း၏ ခြေလက်များက ရုန်းကန်ရန် လှုပ်ရှားနေကြ၏။ သူ

လည်း ပြောလိုက်သည်၊ "ကျုပ်က ပုံမှန်အားဖြင့်တော့ အိမ်နီးချင်းတွေကို အများဆုံး တစ်ကောင်ကို ပြား ၃၀နဲ့ရောင်းပေးတယ်။ ဒီတစ်ကောင်ကတော့ အတော်ကို ဝဖီးနေတာနဲ့ ပြား ၃၀နဲ့ရောင်းပေးမယ်"

လင်းယွမ်: "သဘောတူတယ်!"

ထိုသို့ပြောရင်းဖြင့် သူဟာ ပေးချေဖို့လုပ်လိုက်သည်။

လဲလှယ်မှု ပြီးဆုံးသွားသည်နှင့် လင်းယွမ်က မုဆိုးကို မေးလိုက်သည်၊ "အစ်ကိုကြီး၊ ဒီရက်တွေမှာ စီးပွားဖြစ်ရဲ့လား?"

မုဆိုးက ခေါင်းခါကာ မျက်ခုံးများက စုကျုံ့သွားပါ၏၊ "အခု တောင်ပေါ်မှာ တောကောင်တွေ များများစားစားမရှိတော့ဘူး။ မနေ့ကဆို တောင်ပေါ်မှာ တစ်နေကုန် အချိန်ကုန်ခဲ့ပေမယ့် တစ်ကောင်ပဲ ဖမ်းခဲ့ရတယ်။"

လင်းယွမ်: "ဒါဆို ဘာလို့ နေထိုင်မှုပုံစံကို မတူတာ ပြောင်းမလုပ်တာလဲ?"

မုဆိုးက သက်ပြင်းချ၏၊ "ကျုပ်မှာက ခန္ဓာကိုယ်အင်အားပဲ ရှိသလို စာမတတ်တဲ့အပြင် ပါးစပ်ကလည်း ကြမ်းတယ်လေ။ တခြားလုပ်ငန်းရှာရင်လည်းမကျွမ်းကျင်တဲ့ အလုပ်သမားဖြစ်ရုံပဲရှိတယ်။"

မြို့တော်၏ မကျွမ်းကျင်သော လုပ်သားများကို နေ့စား အခကြေးငွေပေးပြီး ခက်ခက်ခဲခဲလုပ်ရသည့် ကာယလုပ်သား၏ တစ်နေ့တာ တန်ကြေးမှာ ၃ပြား ၄ပြားသာရှိရာ အရွယ်ရောက် လူကြီးတစ်ဦးအတွက် ဝမ်းစာဖြည့်ဖို့ ဆန်ကြမ်းများ ဝယ်ရန်သာ လုံလောက်သည်။

"ဘာလို့လဲ၊ အစ်ကိုကြီး ကျွန်တော်တို့ တွေ့ဆုံမှုက ကံကြမ္မာပါပဲ။ ကျွန်တော့်ဆီမှာ လုပ်သားလိုအပ်နေတဲ့ အလုပ်တစ်ခုရှိတယ်။" လင်းယွမ်က ချက်ချင်းပင် သူ၏ ဆီစက်ရုံကို ကြော်ငြာလိုက်သည်၊ "လတိုင်း ဒင်္ဂါး၂၀၀ပေးမယ်။ ကောင်းကောင်းလုပ်ရင် အပိုဆုကြေးတွေလည်း ပေးနိုင်ပါတယ်။"

မုဆိုးမှာ စိတ်ရှုပ်ထွေးပုံပေါ်လာသည်၊ "အပိုဆုကြေး

က ဘာများလဲ?"

လင်းယွမ်: "ဒါက ကျွန်တော် မျှော်လင့်ထားတာထက် ပိုလုပ်နိုင်ရင် အလုပ်သမားတွေကို အကျိုးအမြတ်တွေ မျှပေးမယ်လို့ ဆိုလိုတာပါ"

မုဆိုးက နားလည်သွား၏၊ "ကျုပ်တို့က အခုမှ သူစိမ်းထက် ပိုသိတယ်ဆိုရုံရှိသေးတာလေ...."

လင်းယွမ်: "ကံကြမ္မာဆုံပြီဆိုရင် မိုင်ပေါင်း ထောင်ချီကတောင် ကျွန်တော်တို့ ဆုံတွေ့မှာကို မရပ်တန့်နိုင်ပါဘူးဗျာ!"

၎င်းကြွက်သားတောင့်တင်းသော ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် ဤသို့သော အမျိုးသားမှာ ကာယအလုပ်အတွက် အသင့်တော်ဆုံးဖြစ်သည်!

မုဆိုးကလည်း သူ့ရှေ့ရှိ လူငယ်လေးမှာ သူ၏ ဝမ်းဗိုက်ကို မရပ်နားကြည့်နေသည်အား သတိထားမိပါ၏။ ငုံ့ကြည့်လိုက်သော် သူ၏ ဝမ်းဗိုက်ကြွက်သွားများမှာ အင်မတန် ထင်ရှားနေကြောင်း တွေ့ရှိသွား

သည်။ တစ်ဖန် လင်းယွမ်ထံ ပြန်မော့ကြည့်လိုက်ရင်း ထူးဆန်းသည့် အမူအရာက မနေနိုင်ဘဲ သူ့မျက်နှာထက် ဖြတ်ပြေးသွားသည်။ သူဟာ သူ့ကဲ့သို့ ခွန်အားဗလတောင့်တင်းသော အမျိုးသားများကို အိပ်ရာဖော်အဖြစ် ရှာဖွေခြင်းအား တမူထူးစိတ်ဝင်စားကြသည့် သခင်လေးအချို့ ရှိကြောင်းကြားဖူးပါ၏။

သို့သော် ၎င်းကို သူ့အား ဟာသအဖြစ်သာ ပြောပြဖူးသည့် သူ၏ တစ်ရွာတည်းသားချင်းထံမှ ကြားဖူးခြင်းသာ ဖြစ်ပါ၏။

မုဆိုး၏ အမူအရာက တဖြည်းဖြည်း ထူးဆန်းလာကာ၊ "...ကံကြမ္မာ? ကံကြမ္မာဆိုတာ မရှိဘူး!"

ထိုသို့ဆိုရင်း သူဟာ ခွေးရူးလိုက်ဆွဲ ခံနေရသည့်နှယ် အလျင်စလို ထွက်သွားတော့သည်။

လင်းယွမ်က တစ်ဘက်လူ၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို လှမ်းကြည့်ရင်း ရှုပ်ထွေးသွားမိသည်၊ "သူက ယာယီအလုပ် မလုပ်ချင်လို့များလား?"

ကြည့်ရသည်မှာ ထိုလူက လွတ်လပ်မှုကို ကျင့်သားရနေသူ ဖြစ်ပုံရ၏။

အာ့လျန်က လက်တစ်ဖက်တွင် ယုန်ကို ကိုင်၍ ခေါင်းထဲ၌ ယုန်သားစားရန် နည်းလမ်း ၁၈မျိုးလောက်ကို စိတ်ကူးရင်း သူ့သခင်လေး၏ ရှုပ်ထွေးနေမှုကို လုံးလုံး သတိမထား‌မိပါချေ။

သူဖုန်းစား သားအမိက ၃ရက်တာကို ရှားရှားပါးပါး ပုံမှန်အခြေအနေ၌ ဖြတ်သန်းခဲ့ရသည်။ ၎င်းတို့မှာ ဘုရားကျောင်းပျက်ထဲ၌ အိပ်နေရသော်လည်း အနည်းဆုံးတော့ ခေါင်မိုးရှိနေခြင်းက လမ်းပေါ် အိပ်ခြင်းထက် ပိုကောင်းသည်။ ၁၀ပြားနှင့်အတူ နေ့ရက်တိုင်း ၎င်းတို့မှာ ပဲမလိုင်ကိတ်မုန့်များကို ဝယ်စားနိုင်ခဲ့သည်။ စောင်စုတ်လေးကလည်း စုတ်ပြဲကာ ညစ်ပေနေသော်ငြား ယခင်က လူချမ်းသာများသာ တတ်နိုင်သည့် ဂွမ်းစောင်တစ်ထည်မျှကို မသုံးခဲ့ဖူးသော ၎င်းတို့၏ အကောင်းဆုံးရက်များထက်ပင်ကံကြမ္မာတဲ့လား? ကံကြမ္မာဆိုတာ မရှိဘူး!

ပဲပိစပ်ကဲ့သို့သော အရာမှာ ဆန်နှင့် ချက်၍ရနိုင်သော ပဲစစ်စစ်ဖြစ်ပြီး တို့ဖူးလည်းလုပ်နိုင်သည်။ ပဲပိစပ်အရွက်ကိုလည်း အရွက်ကြော်အဖြစ် ကြော်ချက်နိုင်သည်။ ၎င်းမှာ ပုံမှန်အလုပ်သမားတို့ စားသောက်ပုံ၏ မရှိမဖြစ်လိုအပ်သော အပိုင်းဖြစ်၏။ သို့သော် ပဲပိစပ်များမှာ ဈေးပေါပြီး ထိုမျှလည်း အရသာမရှိပေ။ တို့ဖူးစားကြသူများကို ရေတွက်ကြည့်လျှင် မနည်းလှသော်လည်း ဆိုရိုးစကားတစ်ခုလို၊ ဘဝ၏ ခါးသက်သော လုပ်ငန်းသုံးမျိုးမှာ လှေလှော်ခြင်း၊ သတ္တုအရည်ကျိုခြင်းနှင့် တို့ဖူးရောင်းခြင်းတို့ဖြစ်သည်။ ဝူမြို့တော်တစ်မြို့လုံးတွင်ပင် တို့ဖူးဆိုင် ၄ဆိုင်သာ ရှိ၏။

လင်းယွမ်က ထိုမျှ အသားမပြည့်လှသော်လည်း အနည်းဆုံးတော့ ရှုံ့တွ‌နေခြင်းလည်း မရှိသည့် ပဲ လက်တစ်ဆုပ်စာကို ယူလိုက်သည်။

"သခင်လေး" အာ့လျန်မှာ ယုံကြည်ချက်ရှိမနေပေ၊ "ကျွန်တော့်အနေနဲ့ ပဲပိစပ်ကနေ ဆီထုတ်တာကို

တော့ ကြားဖူးပါတယ်၊ ဒါပေမယ့် ဒါကသာ တကယ်ပဲ အကျိုးအမြတ်ရတဲ့ လုပ်ငန်းတစ်ခုဆိုရင် အရင်တည်းက လုပ်နေကြလောက်မှာ မဟုတ်ဘူးလား?"

လင်းယွမ်က အာ့လျန်၏ နောက်စေ့ကို မကြမ်းမတမ်း ခပ်သာသာ တစ်လျက်ရိုက်လိုက်ကာ စနောက်လိုက်သည်။ ထို့နောက် ပဲစေ့အချို့ကို ပါးစပ်ထဲ ပစ်ထည့်ပြီး ပျံကျဈေးသည်ကို ကြည့်လိုက်၏၊ "ခင်ဗျားမှာ ဘယ်လောက်လောက်ရှိလဲ? ကျွန်တော် အကုန်ယူလိုက်မယ်"

ပျံကျဈေးသည်မှာ ထိုသို့သော ဖောက်သည်လာမည်ဟု မမျှော်လင့်ထားမိရာ ချက်ချင်း ပြောလိုက်ပါ၏၊ "နောက်ထပ် စတုန် ၃၀၀စာလောက် ရှိသေးတယ်! အားလုံးကို ဒီနှစ်မှာပဲ ရိတ်သိမ်းထားတာမို့လို့ လတ်ဆတ်ပါတယ်!"

*( စတုန် = အလေးချိန်အတိုင်းအတာယူနစ် )

စတုန် ၃၀၀မှာ ပေါင် ၃ထောင်နှင့် ညီမျှသဖြင့် လင်းယွမ်လည်း ခေါင်းငြိမ့်လိုက်၏၊ "ဒါတွေကို မြို့မြောက်ပိုင်းဂိတ်အပြင်ဘက်က စိုက်ပျိုး မွေးမြူရေး

ခြံကို ပို့ပေးပါ။ ၃ရက်ဆို ပြီးလောက်လား?"

ပျံကျဈေးသည်: "သေချာတာပေါ့!"

နှုတ်ဖြင့် သဘောတူညီမှုပြီးသည့်နောက် လင်းယွမ်မှာ ဆီထုတ်ရန်လိုသော ပစ္စည်းများ ဝယ်လိုက်သည်။

ပဲပိစပ် ၁ပေါင်ကို ၅ပြားပေးရသဖြင့် ပေါင် ၃ထောင်ဆိုလျှင် ကွမ်း ၃၀၀ သို့မဟုတ် ထယ် ၃၀တန်သည်။

ယနေ့ခေတ်တွင် လယ်စိုက်ခြင်းက မလွယ်ကူပေ။

လင်းယွမ်လည်း သက်ပြင်းချလိုက်ရာ ဖြတ်သွား ဖြတ်လာတစ်ဦးက သူ့အား ရယ်လျက် ဆိုလာသည်၊ "ထယ် ၃၀က ဈေးသည်နဲ့ သူတို့ မိသားစု နှစ်များစွာ ဗိုက်ပြည့်အောင်စားဖို့ လုံလောက်နေပါပြီ။ မင်းက ဒီလောက်အများကြီးဝယ်တော့ တို့ဖူးဆိုင်ကိုပဲ သွားလိုက်ရင်တောင် အဲဒါရဲ့ တစ်ဝက်လောက်ပဲ ကုန်‌မှာ။"

လင်းယွမ် လှည့်ကြည့်လိုက်သော် လျှော်ထည်ကြမ်းများဝတ်ဆင်ထားသည့် အကြောများ ထောင်နေ

သော ကြွက်သားများအပြည့်ဖြင့်လူတစ်ဦးကို မြင်လိုက်ရသည်။ သူ၏လက်တွင် ယုန်ရှင်တစ်ကောင်ကိုကိုင်ထားလျက် ဖိနပ်များကိုမူ သားမွေးဖြင့် ချုပ်ထားသဖြင့် ကြည့်ရသည်မှာ မုဆိုးဖြစ်လောက်၏။

"ငွေအများကြီးနဲ့ အရူးတစ်ယောက်ပဲ" မုဆိုးက လှောင်သည်။

လင်းယွမ်လည်း ပြုံးလိုက်ပါ၏၊ "သူ့အနေနဲ့ မြည်းလှည်းတစ်စီး ငှားဖို့လိုတဲ့ ပဲတစ်စီးစာကိုလည်း သယ်လာရသေးတယ်၊ အဲ့အတွက် ၁ထယ်က လောက်ငှမယ့်ပုံလည်း မပေါ်ဘူး။ လူတွေအနေနဲ့ အကျိုးအမြတ်ရအောင် လုပ်ရမှာပဲလေ၊ ရှင်သန်နေထိုင်ဖို့က လွယ်မှမလွယ်တာ။ စတုန် ၃၀၀က တစ်ရွာလုံးရဲ့ ရိက္ခာတွေကို စုဆောင်းသလောက်ရှိတယ်"

မုဆိုးက ခေတ္တရပ်လိုက်ရာ ၎င်းကို မတွေးခဲ့သည်မှာ သိသာသည်။ သူဟာ လင်းယွမ်က အသက်ငယ်ရွယ်သဖြင့် နုံအသော အရူးလေးဟု ကောက်ချက်ချမိခဲ့သော်လည်း တကယ်တမ်း သူ့ထံ၌ ကိုယ်ပိုင်တွက်ချက်မှုများရှိနေသည်။

သူက ပြုံးလိုက်ကာ၊ "ကျုပ် မှားသွားတာပါ ကောင်လေး၊ မင်းမှာ စိတ်ကောင်းရှိတာပဲ။"

လင်းယွမ်က အင်္ကျီလက်ကို ခါလိုက်၏။ ယုန်ရှင်ကို ကြည့်ရင်း သူဟာ မနေနိုင်အောင် ဆာလောင်လာတော့သည်။ သူ့အနေနှင့် ဤကာလသို့ ရောက်လာသည်မှာ ဤမျှကြာနေပြီဖြစ်သော်လည်း သူ့စားခဲ့ရ‌သည့်အသားမှာ ဝက်သားသာရှိသည်။

ဤခေတ်တွင် လူအတော်များများက ဝက်သားကို အနံ့ပြင်းသောကြောင့် မစားကြပေ။ အရွယ်ရောက်ရန် ၂နှစ် ၃နှစ်လောက်ကြာအောင် မွေးရမည့် ဝက်မွေးဖို့ကိုမူ ဆိုဖွယ်ရာမရှိတော့။

လူချမ်းသာများက ၎င်း၏ ပြင်းလှသော ရနံ့ကို မကြိုက်သလို စားလည်းမစားလိုကြပေ။ လူဆင်းရဲများကမူ ၎င်းကို စားဖို့ မတတ်နိုင်သလို မွေးရန်လည်း အချိန်ရော အဓိပ္ပာယ်ရော မရှိပါချေ။ ဝက်သားတစ်ကိုက်စာကပင် သင့်ကို လက်လျှော့စေဖို့ လုံလောက်၏။

သို့သော် ဝက်သားအပြင် သိုးသားလည်း ရှိပါသေး၏။ အနံ့မှာ ကွာခြားသော်လည်း အရသာကတော့ အတူတူပါပင်။

ဝက်မွေးမြူရေး အတိုင်းအတာကြီးမားမှုက တကယ်တမ်းတွင် မင်မင်းဆက်ခေတ်အတွင်း၌ စတင်ခဲ့ပါ၏။

ယခုဝက်များမှာ အရွယ်အစားသေးပြီး အသားများများစားစားမပါသဖြင့် ခေတ်သစ်က ဝက်ဖြူဝဝများနှင့် လုံးဝခြားနားကာ တစ်ကောင်ချင်းစီတိုင်းကလည်း ကျောက်မီးသွေးလို မည်းနက်နေသည်။၎င်းတို့အား အအေးဒဏ်မှ တနည်းတဖုံ ကာကွယ်ပေးနေသည်။

လင်းယွမ် ၎င်းတို့ကို လာခေါ်ချိန်တွင် အမျိုးသမီးနှင့် ကောင်လေးတို့ နှစ်ဦးစလုံးမှာ ဆေးကြောလဲလှယ်ဖို့ အခွင့်ရေးကောင်းမရှိသဖြင့် အဝတ်များက ပေရေနေသော်လည်း တစ်နည်းနည်းဖြင့် သန့်ရှင်းနေကြပြီဖြစ်သည်ကို တွေ့လိုက်ရသည်။

"မြန်မြန် သခင်လေးကို ကန်တော့လိုက်" အမျိုးသမားက ကောင်လေးကို ဆွဲခေါ်ကာ နှစ်ဦးသား ဒူးထောက်ချလိုက်ပါ၏။

လင်းယွမ်: "ထပါ၊ ထပ်‌ပြီး ဒူးမထောက်တော့နဲ့။"

ထိုမှသာ အမျိုးသမီးလည်း စိုးရိမ်စွာဖြင့် သူမ၏ သားကို ထူကာ ထရပ်လိုက်လေသည်။

အိမ်ပြန်လမ်း၌ လင်းယွမ်က သူမအား မေးလိုက်သည်၊ "ခင်ဗျားရဲ့ သားကို ကိုးဇီလို့ ခေါ်တယ်နော် ခင်ဗျားရဲ့ နာမည်ကရော?"

အမျိုးသမီးထံ၌ သင့်တော်သည့် နာမည်မရှိဘဲ

အမည်ပြောင်သာရှိသည်။ သူမ၏ မိသားစုတွင် သူမဟာ စတုတ္ထမြောက်ကလေးဖြစ်သောကြောင့် အိမ်ထောင်မကျခင်က လူတိုင်း သူမအား စစ်ယာ [ TN: စတုတ္ထသမီး] ဟုခေါ်ကြသည်။ လက်ထပ်ပြီးနောက်တွင် သူမအား ထျဲထို့ မိန်းမဟု ခေါ်ကြ၏။

လင်းယွမ်: "ဒါဆို ကျွန်တော်ကတော့ စစ်ညန်လို့ ခေါ်လိုက်မယ်။ စစ်ညန်က ချက်ချင်း သဘောတူလိုက်သည်။

*[စစ်ညန် = စတုတ္ထအမျိုးသမီး/မိခင်]

"အရာအားလုံး အဆင့်သင့် ပြင်ဆင်ပြီးပြီမို့လို့ ခင်ဗျားတို့ အရင်ဆုံး အနားယူလိုက်၊ ပြီးမှ ညစာအတွက် ဒီယုန်ကို ကင်ပေးပါ" လင်းယွမ်က ညွှန်ကြားလိုက်သည်၊ "ဆီမထည့်ဘဲ မနေပါနဲ့"

သူ ဝယ်လာသော ဆီမှာ နှမ်းဆီဖြစ်ပြီး တစ်ပုလင်းကို ပြား ၃၀ကျသင့်ကာ အသားထက်ပင် ဈေးကြီးသေးသည်။ သာမန်လူများ မဝယ်နိုင်သည်မှာ မဆန်းလှပေ။

"ခင်ဗျားတို့ နှစ်ယောက်စလုံး ဒုတိယအိပ်ခန်းမှာ နေရလိမ့်မယ်" ၎င်းတို့ အိမ်ထဲ ဝင်ရောက်လာကြသည်၊ "တစ်ခုခု လိုတာရှိရင် အာ့လျန်ကိုသာ ပြောလိုက်ပါ"

ဒုတိယအိပ်ခန်းထဲသို့ ဝင်ပြီးနောက် စစ်ညန်နှင့် ကိုးဇီတို့ နှစ်ဦးစလုံးမှာ နေရာ၌ပင် ကြောင်အနေကြသည်။ အခန်းအား စားပွဲတစ်ခုံ၊ ထိုင်ခုံနှစ်လုံး၊ ကုတင်တစ်ခုနှင့် ဗီရိုတစ်လုံးတို့ဖြင့် ဖြည့်ထားသည်။ အိပ်ရာက ပြင်ထားပြီးဖြစ်ပြီး အိပ်ရာခင်းကို ကောက်ရိုးခြောက်များ ထည့်သိပ်ထားသော်လည်း စောင်က ဝါဂွမ်းဖြစ်ကာ သုံးပြီးသားဖြစ်သော်လည်း ၎င်းကတင် လုံလောက်ပါ၏။

"မေမေ" ကိုးဇီမှာ ထိုင်ခုံ၌ မထိုင်ရဲဘဲ သူ၏ အဝတ်များက ညစ်ပေနေသဖြင့် သတိထားလျက် ကြမ်းပြင်၌သာထိုင်ချကာ ဝေ့ဝဲကြည့်လိုက်သည်၊ "ဒါက အိပ်မက်ထဲကို ရောက်နေသလိုပဲ"

စစ်ညန်မှာလည်း ဝမ်းသာသည်ကလွဲမရှိတော့။ သူမဟာ စောင်ကို ကိုင်ကြည့်လိုက်ပြီးနောက် အိပ်ရာခင်းကို ထိကြည့်ရင်း မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်း

လာကြသည်၊ "ကိုးဇီ၊ မေမေတို့ သက်ရှိဗုဒ္ဓနဲ့ကို ထိပ်တိုက်ဆုံခဲ့တာပဲကွယ်"

"သက်ရှိဗုဒ္ဓ" လင်းယွမ်မှာ လက်ရှိတွင် အလုပ်သမားများ မည်သို့ ရှာရမည်ကို စိုးရိမ်လျက်ရှိသည်။ သူ ဒီတိုင်း လမ်းပေါ်မှာပဲ ကြေငြာလိုက်သင့်လား?

အလုပ်ခန့်အပ်ချိန်တွင် ထိုလူတစ်၏ ကိုယ်ကျင့်သိက္ခာက နည်းပါးကာ ပြဿနာများ ယူဆောင်လာပါက သူမည်သို့ လုပ်ရမည်နည်း?

ထို့ကြောင့် ခေါင်းကိုက်ကိုက်ဖြင့်ပင် လင်းယွမ်မှာ အာ့လျန်အား ညစာမစားခင် ကျန်းကွေအား သွားဖိတ်ခိုင်းလိုက်၏။ သူဟာ ကိုးဇီကိုလည်း ၂ထယ်တန် ဆန်အရက်ကို ဝယ်ခိုင်းလိုက်သည်။

စစ်ညန်ကမူ မီးဖိုချောင်၌ အလုပ်များနေ၏။ သူမ၏ ယခင်အိမ်တွင် သူမဟာ လယ်စိုက်ရ၊ ကလေးများကို ထိန်းကျောင်းရ၊ ချက်ပြုတ်ရနှင့် အိမ်မှုကိစ္စများ လုပ်ခဲ့ရသည်။ ချက်ပြုတ်ခြင်းမှာ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုဖြစ်သဖြင့် ၎င်းမှာ သူမအတွက်

မည်သည့် အခက်အခဲမှ မရှိပေ။ ဆီထည့်ခြင်းကိစ္စကသာ သူမအား စိတ်ဖိစီးစေ၏။

ဤသို့သော အရည်အသွေးကောင်းဆီမျိုးကို သူမ၏ ယခင်အိမ်တွင် မိသားစု ၅ယောက်စာအတွက် တစ်နှစ်လုံးမှ ဆီဘူးလေး ၂ဘူးစာ ကုန်သည်။ ကောက်ရိတ်သိမ်းခြင်း အဆင်မပြေပါက ဆီကို အစားအစာချက်ပြုတ်ချိန်၌ သုံးပင် မသုံးဖြစ်ကြချေ။

ကျန်းကွေက အာ့လျန်ထံမှ ယုန်သားစားရမည်ကို ကြားထားလေရာ လက်ဗလာဖြင့်တော့မလာဘဲ သခွားမွှေးစွပ်ပြုတ် တစ်အိုးကို အထူးတလည်သယ်လာ၏။

"အစ်ကိုကြီးအနေနဲ့ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ" လင်းယွမ်က သူ့အား အပြုံးကြီးကြီးဖြင့် ကြိုဆိုလိုက်သည်။

ကျန်းကွေအနေဖြင့် အရသာရှိသော အနံ့များကို ရနေပြီဖြစ်ရာ စားချင်စိတ်က တိုးလာသော်လည်း မသိ

သလို ဟန်ဆောင်နေလိုက်သည်၊ "အပေးနဲ့ အယူရှိတာပဲ ဒီနိယာမကို ငါလည်း နားလည်ပါတယ်"

လင်းယွမ်နှင့် ကျန်းကွေတို့က အဓိကအခန်းထဲ၌ စားနေချိန်တွင် အာ့လျန်နှင့် ကျန်လူများက ဒုတိယအိပ်ခန်းထဲ၌ စားကြ၏။ ခုံနှစ်ခုံသာရှိသော်လည်း အနည်းဆုံးတော့ စားပွဲက တစ်ယောက် ကြမ်းပြက်တွင် ထိုင်စား၍ ရလောက်အောင် ပုသဖြင့် လှမ်းယူ၍ ရပါ၏။

လင်းယွမ်က သူ၏ ဆီထုတ်မည့်အတွေးကို ကျန်းကွေထံ ပြောပြလိုက်သည်၊ "ဒါက ကျွန်တော်စဉ်းစားနေတာပါ၊ ဒီနေရာနဲ့ မရင်းနှီးသေးတော့ အစ်ကိုကျန်းအနေနဲ့ ကျွန်တော့်ကို ကူညီပေးဖို့ လိုနေတယ်လေ။ ကျွန်တော် ဝင်ငွေ ၁၀%ကို အစ်ကို့ကို ပေးနိုင်ပါတယ်။"ဘာမှ လုပ်စရာမလိုဘဲ ပိုက်ဆံက အလကားရမှာလား?

ကျန်းကွေက တူများကို ချထားလိုက်၏၊ "ညီလေး

လင်း၊ မင်းက ကောကောကို အထင်သေးနေတာပဲ။ ငါက တခြားလူတွေဆီကနေ အမြတ်ထုတ်ချင်တဲ့ လူစားမျိုးမဟုတ်ပါဘူးကွ။ မင်း အကူအညီလိုချင်ရင် ပိုက်ဆံပေးမှာနဲ့ ပတ်သက်ပြီး ယဉ်ကျေးမနေတော့ပါဘူး၊ ဒါပေမယ့် မင်းမပေးရင်လည်း တစ်ပြားမှ မယူပါဘူးကွာ"

"ကောကောက ကိစ္စတွေကို သေချာမြင်တတ်တာပဲ" လင်းယွမ်က တစ်ဘက်လူ၏ ခွက်ထဲ ဝိုင်ဖြည့်ပေးလိုက်ပါ၏၊ "အလုပ်ခန့်မယ့် ကိစ္စနဲ့ ကောကောကို အလုပ်ရှုပ်ခိုင်းရတော့မယ်"

ယခုတွင် ကျန်းကွေမှာ လင်းယွမ်က မည်သို့ဖြစ်ဖြစ် အခြားဒေသမှ လာခဲ့ပြီး ဝူမြို့တော်သားများနှင့် မရင်းနှီးကြောင်း နားလည်နေပြီဖြစ်သည်။ အမြတ်များရမည်ဖြစ်ရာ အလုပ်ခန့်ခြင်းက အလုပ်မရှုပ်လှချေ။

"ဒါကို လုပ်နိုင်ပါတယ်" ကျန်းကွေက ဆို၏၊ "လူ ဘယ်နှယောက်လောက်လိုချင်လဲ?"

လင်းယွမ်: "အခုတော့ ၂၀လောက်ပဲ၊ အားလုံးက ကာယအလုပ်မို့လို့ ကျန်းမာသန်စွမ်းတာကို ပိုလိုတယ်။"

ကျန်းကွေက ခပ်တိုးတိုးရယ်သည်၊ "ငါ အရင်က ပြောဖူးတဲ့ ဂိုဏ်းခေါင်းဆောင်ဆိုရင်ရော။ သူ့ရဲ့ လက်အောက်ငယ်သားတွေအားလုံး သန်မာပြီး ကြွက်သားအပြည့်ပဲ။ ပြီးတော့ အဲဒီ့မှာ သူတို့ခေါင်းဆောင်က စီမံခန့်ခွဲ‌ပေးမယ်ဆို ပြဿနာရှိမှာမဟုတ်ဘူး။"

လင်းယွမ်: "... သူတို့က အကြွေးကောက်ပေးသူတွေလို့ ထင်နေတာလေ?"

ကျန်းကွေက လက်ယမ်းလိုက်သည်၊ "အိုင်း~ နေ့တိုင်း အကြွေးတွေ လိုက်စုပေးနေရတာတော့ ဘယ်ဟုတ်မလဲ။ အဲဒါတစ်ခုတည်းကတင် သူတို့အကုန်လုံးနဲ့ မိသားစု အားလုံး စားသောက်ဖို့ မလောက်ဘူးလေ"

ကြည့်ရသည်မှာ ရှေးခေတ် မြေအောက်လောကသား

များမှာ အရံအလုပ်များ လုပ်ဖို့ လိုအပ်ပုံပင်။ ဘဝက တကယ်ကို မလွယ်လှချေ။

"ဒါဆို အဆင်ပြေပါတယ်။ အစ်ကို ကျွန်တော်တို့ အဲဒီ့ဂိုဏ်းခေါင်းဆောင်နဲ့ စကားပြောဖို့ အချိန်ရှာလို့ရတယ်။" လင်းယွမ်ပြောလိုက်သည်၊ "ဒါကို ဟာသအဖြစ် မသတ်မှတ်ဖို့ ပေးချေမှုကိုလည်း လူကိုယ်တိုင် ဆွေးနွေးလို့ရတယ်။"

"အမှန်ပဲ၊ ဂိုဏ်းခေါင်းဆောင်ကို အစ်ကို တောက် (ဓား)လို့လား ခေါ်တယ်။ သူက စိတ်မရှည်ဘဲ အတော်ကို တည့်တိုးဆန်တဲ့ စရိုက်ရှိတယ်လေ။ ဒါဆို မနက်ဖြန် ညနေခင်းကျရင် စားသောက်ဆိုင်တစ်ခုမှာ ဆုံကြတာပေါ့"

လင်းယွမ်နှင့် ကျန်းကွေတို့ နှစ်ဦးစလုံး၊ ဤအတွဲအစပ်က ညီအစ်ကို အတုများဖြစ်ကြကာ စားပြီးသောက်ပြီးချိန်တွင် နှစ်ဦးစလုံး ပျော်ရွှင်နေကြသည်။

လင်းယွမ်၏ အတွေးများက နောက်ဆုံး၌

အလုပ်သမား ရှာတွေ့သွားသည့် အပေါ် ရောက်နေ၏။

ကျန်းကွေ၏ အတွေးများကမူ နှစ်ဘက်စလုံးအတွက် ကျေနပ်စေခဲ့ရုံသာမက ဝင်ငွေတစ်စိတ်တပိုင်းလည်း ရလိုက်ခြင်းအပေါ် ရောက်နေသည်။

၎င်းထက် ကောင်းသည့်အရာမရှိတော့ပေ။

ပဲပိစပ်ဆီ အောင်မြင်သည် မအောင်မြင်သည်ကတော့ သူ့လည်း အဲ့လောက် ဂရုမစိုက်ချေ။ မည်သို့ဖြစ်ဖြစ် သူ့ထံ၌ ဆုံးရှုံးမည်ကိုလည်း စိုးရိမ်စရာမရှိပါချေ။

ထွက်သွားချိန်တွင် ကျန်းကွေက အဘယ့်ကြောင့် မိမိဟာ ညီလေးလင်းကဲ့သို့ ငွေများစွာရှိကာ ကြင်နာတတ်သည့် လူများနှင့် များများ မတွေ့နိုင်ရသလဲကို စဉ်းစားမိနေဆဲဖြစ်၏။

..............

စာရေးသူ၏ မှတ်ချက်။

မုဆိုး: "ဒီကောင်လေးရဲ့ မျက်လုံးတွေမှာ အန္တရာယ်တွေ တဖျပ်ဖျပ်လပ်နေတယ်နော်! သူက ကျုပ် ခန္ဓာကိုယ်ကို လိုချင်နေတာဖြစ်ရမယ်!

လင်းယွမ်: " (တဆိတ်လောက်)Excuse me?" [မူရင်းမှာလည်း အင်္ဂလိပ်လို့ ရေးထားပါတယ်]

ကျန်းကွေ: "ကြင်နာတတ်တဲ့ လူချမ်းသာအရူးလေးတစ်ယောက်။ ဝူမြို့တော်ရဲ့ရတနာပဲ"

လင်းယွမ်: "ကျွန်တော့်ရဲ့ စည်းမျဉ်းက စတွေ့ဖူးကာစ လူတွေအတွက် တွင်းမတူးပေးဖို့ပဲ"

တွင်းထဲသို့ ခြေလှမ်းခါနီးဆဲဆဲဖြစ်နေသည့် ကျန်းကွေ: "......"

အပိုင်း (၄) ပြီး...။✨

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment