no

Font
Theme

အခန်း ၆။ ပျော်ရွှင်ခြင်းနှင့် အတူပါလာသော နာကျင်မှု

၂‌နှစ်တာလေးအတွင်း‌ နှစ်စဉ်လစာ ယွမ် ၆‌သောင်းမှ ယွမ် ၂သိန်းအထိ မြှင့်သွားပြီး သာမန်အလုပ်သမားမှ ဌာနခေါင်းဆောင်အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရ‌သော သူဌေးထံမှ နက်နက်ရှိုင်းရှိုင်း တန်ဖိုးအထားခံရသည့် ၂၁ရာစု၏ အောင်မြင်သူတစ်ဦးအနေဖြင့် လင်းယွမ်မှာ ဘာကိုမှ အာမ,မခံနိုင်သော်လည်း သူ၏ လက်ခုပ်ထဲရှိလူများကို ကိုင်တွယ်ခြင်းတွင် ဆရာကျသည်။

သူဟာ ဈေးကွက်မှစတင်၍ ဆန်းစစ်မှုကို လုပ်ဆောင်ခဲ့သည်။

ထို့နောက် အများပြည်သူတို့၏ ဝယ်နိုင်စွမ်းကို သုံးသပ်ကာ အတိတ်ကို ဆန်းစစ်၍ အနာဂတ်ကို စိတ်ကူးကြည့်လိုက်၏။

"ပဲပိစပ်ဆီကို ထုတ်နိုင်သရွေ့ ကျွန်တော်တို့အနေနဲ့ ရောင်းအားကို စိုးရိမ်စရာမလိုဘူး" လင်းယွမ်က စိတ်

လှုပ်တရှားပြော၏။

ကျန်းကွေနှင့် အစ်ကိုတောက်တို့ကလည်း စိတ်လှုပ်ရှားစွာ နားထောင်မေကြသည်။ အချို့အချိန်များတွင် လေထုက လူတစ်ယောက်ကိုပါ ကူးစက်သွားနိုင်သည်၊ မဟုတ်ပါက *ကျင်းဆန်းဇစ်ဟိုပြန့်ကို စားဖူးသလို အသံနဲ့ MLM အဖွဲ့တွေ ဘယ်လိုလုပ် အများကြီး ရှိနေမှာလဲ?

*[ ကျင်းဆန်းဇစ်ဟိုပြန့် = လည်ချောင်းနာ၊ လည်ချောင်းခြောက်တာတွေအတွက် ဆေးတစ်မျိုးဖြစ်တဲ့ ‘ရွှေရောင်အသံလည်ချောင်းဆေးပြား’ ]

အမှန်တရားကို ပြောရလျှင် အစ်ကို‌တောက်မှာ အပြည့်အဝနားမလည်သော်လည်း ပဲဆီက ငွေများများရှာ၍ ရနိုင်သည်ဟူသော လိုရင်းကိုတော့သိသည်။ လင်းယွမ်က သုံးသပ်နေရင်း အဆင်ပြေပြေ မြှောက်ပင့်နေလျက်လည်း ရှိ၏။ အစ်ကိုတောက်မှာ သူ၏ အံ့ဩမှုကို ‌ဖြေလျှော့ရန် ဝိုင်တစ်ငုံသောက်‌လိုက်သေးသည်။

"ဒါက တကယ်ပဲ ဖြစ်နိုင်တယ်လား?" ကျန်းကွေမှာ မ

နေနိုင်အောင် စိတ်လှုပ်ရှားမှုနှင့်တကွ ကြောင့်ကြမှုကိုပါ ခံစားမိ၏။

လင်းယွမ်က သူ့ကို ပြုံးပြလိုက်သည်၊ "အစ်ကိုကျန်း၊ ကျွန်တော် မလိမ်ပါဘူး၊ ကျွန်တော် တစ်ခွန်းလောက် ညာမိရင်တောင် ကောင်းကင်ဘုံက မိုးကြိုးပစ်ပါ‌စေဗျာ"

လင်းယွမ်မှာ မျက်နှာတည်တည်ဖြင့် တွေးလိုက်၏: ဆောရီးပဲ ငါက ဘာသာမဲ့လေ။

"အံ့ဩစရာပဲ!" ကျန်းကွေက အော်ဟစ်လိုက်သည်၊ "ဝိုင်ထည့်ကြကွာ!"

အစ်ကိုတောက်က ရုတ်တရတ်မေးလာ၏၊ "လူအယောက် ၂၀ဆို မလုံလောက်နိုင်လောက်ဘူး"

လင်းယွမ်က အမြန်ဖြေသည်၊ "အစ်ကိုတောက် ညီလေးက လတ်တလောတော့ ရံပုံငွေက အရမ်း နည်းနေသေးလို့ပါ။ အစမှာတော့ အစ်ကိုတောက်ရဲ့ လူတွေကို စီမံခန့်ခွဲသူတွေအဖြစ် ထားဖို့ စဉ်းစားထား

ပြီး ညီလေးအနေနဲ့ မြို့ရဲ့ ကာယလုပ်သားတွေကို အလုပ်လာလုပ်ခိုင်းဖို့ စဉ်းစားထားတယ်‌။"

အစ်ကိုတောက်သည် လင်းယွမ်အား ဒေါသနည်းနည်းလေးပင် မပါဘဲ ကြည့်လိုက်သည်၊ “တစ်လကို ဒင်္ဂါး ၂၀၀ ပဲ။ လက်အောက်မှာရှိတဲ့ အလုပ်သမားတွေအတွက်တော့ ငါ မင်းကိုလမ်းညွန်ပေးနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက အနောက်တောင်ဘက်က လူတစ်စု မြို့တော်ရဲ့ အရှေ့တံခါးအပြင်ဘက်မှာ နေထိုင်ခဲ့ကြတယ်လေ။ သူတို့ထဲက အများစုကတော့ အလုပ်ကြမ်းကို စိတ်မ၀င်စားကြဘဲ တောင်းရမ်းစားသောက်ကြတဲ့ မိသားစုတွေပေါ့။ ငါက သူတို့ခေါင်းဆောင်နဲ့ ရင်းနှီးသလို၊ ငါတို့က သွေးသောက်ညီအကိုတွေလေ၊ ကျမ်းသစ္စာကျိန်ဆိုပြီး ညီအကိုတွေရဲ့ စည်းမျဥ်းကို လိုက်နာတယ်။ မင်းအာမခံထားဖို့လိုတာက အစားအစာတွေပဲ”

အစားအစာတွေကိုပဲ အာမခံရမှာလား?

လင်းယွမ် : "ဟုတ်ပါတယ်၊ ကျွန်တော် အစ်ကို တောက်ကို ယုံတာပေါ့၊ ဒါပေမယ့် ကျွန်တော်က သူ

တို့နဲ့ သူစိမ်းဖြစ်နေတော့ မတော်လို့....."

အစ်ကိုတောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်းဟူ သူရဲကောင်းတို့၏ ခံစားချက်ကို ထုတ်ဖော်လိုက်လေသည်။ "ဒီကိစ္စအတွက် စိတ်မပူနဲ့၊ မင်းသဘောတူရင် ငါသွားပြောပေးမယ်။ သူတို့ဟာ ပျင်းရိတာ ဒါမှမဟုတ်အကျင့်ပျက် ရာဇ၀တ်မှုဖြစ်တာရှိရင် မင်းဘာမှ လုပ်စရာ မလိုပါဘူး၊ ငါက သူတို့ကို ဖယ်ရှားပေးမယ့် ပထမဆုံးလူ ဖြစ်လိမ့်မယ်။”

လင်းယွမ်သည် အပြင်ပန်းတွင် ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အတွင်းပိုင်းတွင် ပင်လယ်ကြီးကဲ့သို့ ဖြစ်နေသည်။

မြေအောက်လောက ဂိုဏ်းခေါင်းဆောင်တစ်ဦး ရာဇ၀တ်မှုကျူးလွန်တာအတွက် တခြား‌လူတွေကို အပြစ်ပေးဖို့အကြောင်း ပြောနေတယ်?

အစ်ကို တောက်၏ ကြီးမားသောလက်သည် လင်းယွမ်၏ပခုံးကို ပုတ်ကာ ကြည့်နေရင်းဖြင့် ပြောလိုက်၏၊ "ငါမင်းကိုအရမ်းမျှော်လင့်ထားပါတယ်။"

အစ်ကိုတောက်က သက်ပြင်းတစ်ချက်ချရင်း ပြောလေသည်၊ “အခုခေတ်က စီးပွားရေးက ခက်တယ်၊ ခေတ်တွေ ကသောင်းကနင်း ဖြစ်နေပြီ၊ ငါ့ကောင်တွေလည်း ငတ်လုနီးပါး ဖြစ်နေပြီ။ သူတို့ခေါင်းဆောင်အနေနဲ့ ငါ့မှာအပြစ်ရှိတယ်၊ ငါ့မှာအပြစ်ရှိတယ်!”

ဤလူမှာ မူးနေပြီဖြစ်သည်။

ကျန်းကွေ၏ မျက်နှာသည် နီမြန်းလာပြီး ငိုစပြုလာသည် ။ "အစ်ကိုတောင် အစ်ကိုက ကျွန်တော်နဲ့မတူတဲ့ လူကောင်းတစ်ယောက်ပါ။ အခုနေ့တွေမှာ အစိုးရက ကမောက်ကမ ဖြစ်နေပြီး ထောင်ထဲမှာ သာမန်ပြည်သူတွေနဲ့ ပြည့်နေတယ်။ ကျွန်တော့်မှာ အပြစ်ရှိစိတ် ရှိနေတယ်၊ အပြစ်ရှိတဲ့ အသိစိတ်ရှိနေပါတယ်!”

လင်းယွမ် : "ကျွန်တော်တို့... ပြန်ကြရင်ရော?"

ကျန်းကွေက ချက်ချင်း ထခုန်လိုက်ပြီး လင်းယွမ်၏

လက်ကို ဆုပ်ကိုင်၍ အစ်ကို တောက်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အစ်ကိုတောက်၊ ညီလေး လင်းက သာမန်ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို အလေးထားတဲ့ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်ကြုံဖူးသမျှထဲ နံပါတ်တစ် လူကောင်းပါ။ တကယ်ကို ဗုဒ္ဓရဲ့ နှလုံးသားနဲ့ အဲ့လ်ိုလူကို ငါတို့က မကူညီရင် ငါ့ရဲ့အသိစိတ်က နာကျင်ရလိမ့်မယ်”

လင်းယွမ်သည် ငါးသေတစ်ကောင်လိုမျက်နှာဖြင့် ကြည့်နေကာ အစ်ကို ကျွန်တော့်ရဲ့ ၁၀ ထယ် ၁ ကွမ်းကို လာဘ်ပေးလာဘ်ယူကို လက်ခံပေးခဲ့တဲ့လူက ခင်ဗျား မဟုတ်လား၊ ဒါ့မှမဟုတ် ခင်ဗျားလား။

အစ်ကို တောက်ကလည်း လင်းယွမ်ဘက်ကို လှမ်းကြည့်ရင်း တွေ့ကရာကောက်မေးလိုက်၏၊ “ညီလေး ခငခး ၊ မင်းက အသက် ၂၀ မပြည့်သေးဘူးလား”

လင်းယွမ်က ချက်ချင်းဖြေ၏၊ "ကျွန်တော်က ရွှိဆွေမှာဆို ၁၆နှစ်ပြည့်ပြီ။

*"ရွှိဆွေ = မွေးမွေးပြီးချင်း အသက်ကို တစ်နှစ်လို့ သတ်မှတ်၍ နှစ်စဉ် ပထမ နေရောင်ခြည်

သက်တမ်းအစတွင် တစ်နှစ်ပြီး တစ်နှစ် တိုးလာသည့် လူတစ်ဦး၏ အသက်ကို ရေတွက်‌ရသော တရုတ်ရိုးရာနည်းလမ်းဖြစ်သည်။"

အစ်ကို တောက်: "မင်းက ဒီလို အသားအရည် ချောမွေ့နေတာ အံ့သြစရာ မဟုတ်ဘူးပဲ၊ ငါက မင်းကို မိသားစုတစ်ခုခုရဲ့ သခင်မလေးဖြစ်မယ်လို့ ထင်ခဲ့တာ။"

အစ်ကို တောက်: "ဟားဟားဟား!"

လင်းယွမ်: “…..” ဤဟာသက ရယ်စရာတော့ မရှိပါပေ။

အစ်ကို တောက်က ဂရုမစိုက်ဘဲ ရယ်သည်၊ "အလုပ်က ဘယ်အချိန်စမှာလဲ"

လင်းယွမ်: “တတ်နိုင်သမျှ အမြန်ဆုံး။ အားလုံးအဆင်သင့်ဖြစ်ပြီ၊ အလုပ်သမားတွေပဲလိုတော့တယ်။”

အမှန်တကယ်တွင် ဆီထုတ်ယူခြင်းနည်းလမ်း၏ ထုတ်လုပ်မှုကုန်ကျစရိတ်က ထုတ်လုပ်သည့် ဆီပမာဏအတွက် နည်းပါးပါ၏။ လိုအပ်သော ကျွမ်းကျင်မှုများမှာလည်း နည်းပါးသေးသည်၊ ပြီးပြည့်စုံသော လူသစ်များပင်လျှင် ၎င်းကို မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းရှိကြသည်။ တစ်ခုတည်းသောအားနည်းချက်မှာ လူအင်အားများစွာလိုအပ်ခြင်းအပြင် ရေနွေးငွေ့နှင့် အပူချိန်မြင့်မားခြင်းတို့ဖြစ်သည်။

အစ်ကို တောက်: “မနက်ဖြန် ငါ့လူတွေကို သွားခိုင်းလိုက်မယ်။ အရှေ့ဘက်တံခါးက လူတွေ ဘယ်လောက်လိုချင်လဲ”

လင်းယွမ် : " ၂၀လောက်ပဲ၊ ရလာဒ်က ကောင်းနေသရွေ့ ကျွန်တေည်တို့ တိုးလို့ရနိုင်တယ် "

အစ်ကို တောက်က သူရဲကောင်းစိတ်ဓာတ်အပြည့်နဲ့ စားပွဲကို ရိုက်လိုက်ပြီး “ကောင်းတယ်။ လာသောက်ကြစို့!"

အစ်ကို ကျန်း နှင့် အစ်ကို တောက်ကို လင်းယွမ် အိမ်ပြန်ပို့ခဲ့သည်။ အစ်ကိုတောက် နေသည့်နေရာကို မသိသည့်အတွက် ပြဿနာနည်းနည်းရှိခဲ့သဖြင့် တစ်ခုတည်းသောရွေးချယ်မှုကတော့ သူ့နေရာကို ပြန်ခေါ်သွားဖို့ပဲကျန်တော့သည်။

ဝိုင်ထပ်သောက်ဖို့ တွေးနေဆဲဖြစ်သည့် အစ်ကိုတောက်၏ အရက်မူး‌နေပုံကို ကြည့်လိုက်ရင်း လင်းယွမ်က အာ့လျန်ကို ခေါင်းကိုက်ကိုက်ဖြင့် မေးလိုက်သည်။ "မနက်ခင်းကျ ငါတို့ သူ့ကို ကြမ်းပြင်မှာ အိပ်ထားခဲ့တာ တွေ့ရင် ငါတို့ကို ခုတ်ထစ်ပစ်မှာလား။"

အာ့လျန်က သူ့ပေါင်ထက် ပိုကြီးသည့် ကြွက်သားတွေ၊ လက်မောင်းတွေကို ကြည့်ပြီး အလေးအနက်ဖြေလိုက်သည်၊ "ဓားနဲ့ လက်သီးတစ်ချက် ထိုးစရာ တောင်မလိုဘူး လက်သီးတစ်ချက်နဲ့တင် ကျွန်တော်တို့သွားပြီ"

လင်းယွမ် သက်ပြင်းချလိုက်၏၊ လက်တွေ့မှာ ရက်စက်လွန်းသည်။ သူက အာ့လျန်ကို ဟာသလုပ်လိုက်ပြီး "ဒါဆို ငါတို့ ကုတင်ပေါ်မှာ အိပ်လိုက်မယ်

မင်းက ကြမ်းပြင်ပေါ်မှာ အိပ်လို့ရတယ်"

အာ့လျန် မကျေမနပ်ဖြစ်သွား၏ "ကျွန်တော်က အိပ်ရာခြေရင်းမှာ ကွေးနေလိုက်မယ်၊ ညက အေးတယ်"

လင်းယွမ်: "ကောင်းပြီ၊ ဒါနဲ့ မင်း ထန်ပေါင်ဇီကို ဝယ်ခဲ့လား။"

အာ့လျန်က ခေတ္တရပ်လိုက်ကာ "မေ့သွားတယ်။"

လင်းယွမ် : "ဒါဆို မင်း တင်းတင်းကြပ်ကြပ် ကွေးထားရမယ်၊ အအေးမမိစေနဲ့"

တကယ်တမ်း လင်းယွမ်နှင့် အာ့လျန် နှစ်ယောက်လုံးက နေရာအများကြီးမယူပါချေ။ သာမန်အားဖြင့် သူတို့ အိပ်ရာကို မျှဝေကြသောအခါတွင် အခြားသူတစ်ဦးအတွက် လုံလောက်သော နေရာလွတ်ကြီး ကျန်နေသေးသည်။ သို့သော်၊ ဤအစ်ကိုတောက်သည် ရက်စက်ကြမ်းကြုတ်သော အိပ်စက်သည့်ပုံစံရှိပြီး လက်နှစ်ဖက်ဆန့်ကာ ကုတင်ထက်ဝက်ကျော်အထိ

ကို ဆန့်တန်းထားသည်။ လင်းယွမ်နှင့် အာ့လျန်တို့သည် ကျန်နေရာလွတ်တွင် လေးလေးပင်ပင် မကျေနပ်စွာ ကွေး၍သာနေနိုင်သည်။

အာ့လျန်က တိုးတိုးလေးပြောလိုက်၏၊ "အနာဂတ်ကျရင် ကျွန်တော်လည်း သူ့လို ကြီးပြင်းလာလိမ့်မယ်"

“ဒီကိုယ်လုံးကိုယ်ထည်ကိုကြည့်၊ ဒါကို ယောက်ျားလို့ခေါ်တယ်။”

မကြာခင်မှာပဲ အာ့လျန်က သူ့နှာခေါင်းကို ညှစ်လိုက်ပြီး၊ "တကယ်ပဲ၊ ခြေထောက်က အရမ်းနံစော်နေတယ်"

လင်းယွမ်က ပြတင်းပေါက်ကိုဖွင့်ကာ ခက်ခက်ခဲခဲပြောလိုက်သည် "ဒါက မင်းအတွက် ခက်ခဲနေမှာပေါ့၊ ဒါက ဘယ်လိုလုပ် ရိုးရှင်းတဲ့ အနံ့အသက်ဆိုးဖြစ်မှာလဲ။ ဒါက သောက်ကျိုးငရဲလို အနံ့အသက်ဆိုးကြီးပဲ"

အာ့လျန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်၊ “ဒီနေရာကို လေဝင်ခံစရာမလိုဘူး၊ အစက ကျွန်တော် အဲ့လောက်အကြာကြီး တောင့်ခံခဲ့ရတော့ အဲဒါကို မတောင့်ခံနိုင်တော့တာကြာပြီ။ လေဝင်လာလို့ အခု အဲ့အနံ့ကို ပြန်ရနေပြီ”

လင်းယွမ်က အသက်ရှုအောင့်ထားလိုက်သည်၊ “မပြောနဲ့တော့။ ရေအင်တုံကို သွားဖြည့်ပြီး သူ့ခြေထောက်ကို ဆေးပေးလိုက်ပါ။ ရှာလကာရည် နည်းနည်းကို ရေထဲထည့်ပေးလိုက်ဦး။"

အာ့လျန်က သူ့အင်္ကျီ အပေါ်ထပ်ကို ဝတ်ပြီး အင်တုံတစ်ခုနှင့် ထွက်လာခဲ့၏။

လင်းယွမ်သည် ကုတင်အစွန်းတွင်ထိုင်ကာ တစ်ဖက်လူ၏ ခြေထောက်များကို ကြည့်လိုက်သည်- ခြေအိတ်များသည် အနက်ရောင်ဖြစ်နေပြီဖြစ်သော်လည်း အနားစွန်းများကြောင့် ၎င်းသည် နဂိုက အဖြူရောင်ဖြစ်ကြောင်း သိနိုင်သေးသည်။ လင်းယွမ် သက်ပြင်းချလိုက်မိသည်၊ သူဟာ ၎င်းအား တစ်ညလောက်နေခိုင်းရုံမက သူ့အတွက် ခြေတောင်

ဆေးပေးခိုင်းရသည်။ ဘယ်လောက် ဝမ်းနည်းစရာကောင်းလဲ။

လင်းယွမ်နှင့် အာ့လျန်နှစ်ယောက်စလုံးက သူ့ခြေထောက်ကို ကိုယ်တိုင်ဆေးပေးဖို့ ဆန္ဒမရှိကြသည့်အတွက် သူ့ခြေထောက်ကို ရေထဲ ဒီတိုင်းစိမ်လျက် ထားဖို့သာ ကျန်ပါတော့သည်။

"အနံ့ရနေသေးလား" လင်းယွမ်က သူ့နှာခေါင်း ထုံနေပြီဟု ခံစားလိုက်ရသည်။

အာ့လျန်က သေသေချာချာ ရှူရှိုက်ရင်း မသေချာေပ၊ “ထင်တာပဲ”

၎င်းတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပေမယ့် နောက်ဆုံးမှာတော့ ဖယောင်းတိုင်တစ်တိုင်ထွန်းစာ ကြာအောင် စိမ်ထားပေးလိုက်ကြသည်။ ခြေထောက်ကို မမြှောက်ခင် ရေက အေးနေပြီဖြစ်ပြီး သူ့ခြေထောက်အား အခြောက်ခံပေးလိုက်၏။ လင်းယွမ်က သက်ပြင်းတစ်ချက်ချသည်၊ “မြန်မြန်အိပ်‌တော့၊ ငါတို့ မနက်ဖြန် စောစော

ထရမယ်”

အာ့လျန် ခေါင်းညိတ်လိုက်သည်။ ထိုညတွင် လင်းယွမ်သည် ကောင်းစွာ အိပ်မပျော်နိုင်ဘဲ အိပ်မက်ထဲတွင် နံစော်နေသော ခြေဖဝါးကြီးတစ်စုံက နံစော်နေသော အနံ့အသက်ကို ရှူမိစေရန် သူ့နောက်သို့ လိုက်နေလေသည်။ လင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်ငြင်းဆန်သော်လည်း တစ်ဖက်သားကို မကျော်လွန်နိုင်ပေ။

နိုးလာပြီးနောက် လင်းယွမ်က သူ့ဘဝအသစ်တစ်ခု ရသွားသလို ခံစားလိုက်ရသည်။

သူဟာ ဤဘဝနှင့် ယခင်ဘဝတွင် ဤမျှ ကြောက်စရာကောင်းသော အိပ်မက်ဆိုးမျိုး တစ်ခါမျှ မကြုံဖူးပေ။

"သခင်လေး။" အာ့လျန် နိုးနေသည်မှာ ကြာပြီပင်။ သူသည် လင်းယွမ်အား သန့်စင်ရန်အတွက် ရေအင်တုံတစ်ခု ယူလာခဲ့သည်။

လင်းယွမ်သည် ခေတ်သစ်မှလူတစ်ယောက်ဖြစ်ရာ ဆားကြမ်းဖြင့် တိုက်ရိုက်ပွတ်ပါက သွားများကို မည်မျှထိခိုက်စေနိုင်သည်ကို သိသည်။ ထို့ကြောင့် ဆားကို အရည်ဖျော်ပြီးမှ ရေဖြင့် ပါးလုတ်ကျင်းလိုက်၏။

အစ်ကိုတောက်သည် လင်းယွမ်၏ လှုပ်နှိုးခြင်းကို ခံလိုက်ရသည်။

"ဘယ်သူလဲ?!" သူ မျက်လုံးဖွင့်လိုက်သည်နှင့် အစ်ကို တောက်သည် သတိရှိ၍ နိုးကြားလာသည်။ သူဟာ ဓားကိုပင် မသိစိတ်က ကိုင်လိုက်မိသည်။ ခေါင်းလှည့်လိုက်သော လင်းယွမ်ကိုမြင်သဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ညီလေး လင်း"

အစ်ကိုတောက်က ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။

လင်းယွမ်: “ဒါက ကျွန်တော် ငှားထားတဲ့နေရာပါ။ မနေ့က အစ်ကို တောက်နဲ့ အစ်ကို ကျန်းက အရက်မူးပြီး အစ်ကိုဘယ်မှာနေလဲဆိုတာ မသိတာနဲ့ ညအိပ်ဖို့ ခေါ်ခဲ့တာ။"

အစ်ကို တောက်: "ငါ မင်းကို ဒုက္ခပေးပြီ"

အစ်ကိုတောက်သည် သူ့အပြင်ဘက်အဝတ်အစားကို ဝတ်ကာ အိပ်ရာထလိုက်ချိန်တွင် ခြေအိတ်များကို ရှာမတွေ့ခဲ့ပေ။

သူသည် လင်းယွမ်ဆီသို့ လှမ်းကြည့်လိုက်သည်။

လင်းယွမ်: "……"

အစ်ကို တစ်ခုခု ခိုးသွားခံရမယ်ဆိုရင်တော့ အစ်ကို့ရဲ့ ဓားပဲ ဖြစ်လိမ့်မယ်။ စိတ်မှန်တဲ့သူဆို ညစ်ညမ်းတဲ့ ခြေအိတ်တစ်စုံကို ဘယ်သူက ခိုးယူသွားမှာလဲ?

"မနေ့ညက အလောတကြီးဖြစ်သွားခဲ့တယ်၊ ညီလေးက ခြေအိတ်အသစ်တရံ ပြင်ဆင်ထားတာ၊ တော်ရော တော်ပါ့မလားမသိဘူး။" လင်းယွမ်သည် ခြေအိတ်အသစ်တစ်ရံကို ပေးလိုက်သည်။

အစ်ကို တောက်က ချောင်းဟန့်လိုက်ကာ၊ သူ့မျက်နှာမှာ သိသိသာသာကြီး နီရဲနေသည်၊ "ကိစ္စမရှိပါဘူး"

ဆောင်းတွင်းမှာ အိပ်သည့်အခါ သူ့ခြေထောက်က အနံ့ဆိုးသည်ဟု သူကိုယ်တိုင်ပင် တွေးခဲ့မိသဖြင့် ဖိနပ်ဘယ်တော့မှမချွတ်ပေ။

အစ်ကို တောက် အဆင်သင့်ဖြစ်ပြီဆိုတာနှင့် ၎င်းတို့အတူတူ မနက်စာစားဖို့ သွားလိုက်ကြသည်။

မနက်စာကတော့ အသားပေါက်စီ၊ ဂေါ်ဖီထုပ်နှင့် ဂျုံယာဂုဖြူတွေပါပင်။

ထိုခေတ်အခါက ၎င်းအား အလွန်ချမ်းသာပြီး ပေါများသည်ဟု ယူဆသည်။ ဆင်းရဲသောမိသားစုများသည် မုန့်ညက်ဖြူကို မဆိုထားနှင့် အသားကိုပင် မတတ်နိုင်ပေ။

လင်းယွမ်က နှစ်ချက်လောက်ကိုက်စားရသော်လည်း အစ်ကို တောက် အတွက်တော့ တစ်ခုလုံးလုံးမျိုချနိုင်သည်။ ယာဂုကို နှစ်ကြိမ်မှုတ်ပြီးနောက် သူဟာ လည်ချောင်းထဲသို့ တိုက်ရိုက် လောင်းထည့်ပစ်လိုက်သည်။ လင်းယွမ်သည် သူ၏

လည်ချောင်းကို အပူလောင်စေမည်အား စိုးရွံ့စွာ ကြည့်နေခဲ့သည်။

ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် အစ်ကိုတောက်က “ကောင်းလိုက်တာ!” ဟု ကျယ်လောင်စွာ အော်လိုက်ပါ၏။

ကြည့်ရသည်မှာ ဤဂိုဏ်းခေါင်းဆောင်၏ နေ့စဉ်ဘဝက သူထင်သလောက် မကောင်းပုံပင်။

စစ်ညန်နှင့် ကိုးဇီလည်း စားပွဲမှာထိုင်နေကြသည်။

၎င်းတို့သည် အသားပေါက်စီများကို မယူစားဘဲ ဂျုံယာဂုအဖြူကို နည်းနည်းချင်းစီသောက်ပြီးဂေါ်ဖီထုပ်အချို့ကိုသာ ယူစားကြသည်။ လင်းယွမ် အာ့လျန်ကို ကြည့်လိုက်ပြီး ၎င်းတို့၏ပန်းကန်ထဲသို့ အသားပေါက်စီနှစ်လုံးထည့်ပေးလိုက်သည်။

စစ်ညန်က ပူနွေးပြီး အငွေ့ထွက်နေသော အသားပေါက်စီကို ကိုက်လိုက်ရာ အဖြူရောင် မုန့်သား ပျော့ပျောင်းပြီး အရသာရှိကာ အသားက အရသာရှိ

ရှိ အဆီအနည်းငယ်ပါသော ပုံစံဖြင့် ချက်ထားသည်။

သူမဟာ မျက်လုံးမှ မျက်ရည်များကို မသိမသာ သုတ်လိုက်ပြီး ထမင်းစားရန် အာရုံစိုက်လိုက်သည်။

"အစ်ကို တောက်၊ ခဏလောက် အနားယူပြီးရင် ကျွန်တော်တို့ အလုပ်သမားတွေ လိုက်ရှာဖို့လုပ်ရမယ် "

အစ်ကို တောက်က ခေါင်းညိတ်ပြီး လက်ဖက်ရည်ခွက်ကို ယူသောက်လိုက်သည်၊ လက်ဖက်ရွက်က စျေးမကြီးပေမယ့် သာမန်လူများမှာ လက်ဖက်ရည် ‌မသောက်နိုင်ကြပါချေ။

လင်းယွမ်သည် အစ်ကို တောက်နှင့် ပူးပေါင်းလိုသော အကြောင်းရင်းမှာ သူသည် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။ တရားဥပဒေနှင့်တရားမဝင်ကမ္ဘာမှ ပါဝါနှစ်ခုလုံးရှိခြင်းမှာ သူ့လုပ်ငန်း၏ဘေးကင်းမှုကို ပိုမိုယုံကြည်စိတ်ချရစေသည်။

ဒီလိုမှမဟုတ်လျှင် သူကိုယ်တိုင်လို အခြားဒေသက နောက်ခံနှင့် အဆက်အစပ်မရှိသည့် လူငယ်လေးတစ်ယောက်မှာ သူ့ဆီက ကိုက်ဖဲ့ယူချင်သူများနှင့်သာဆိုလျှင် သူ့လုပ်ငန်းကို ဆုံးရှုံးသွားရုံသာရှိလိမ့်မည်။

တရားမ၀င်ဘက်တွင် အစ်ကိုတောက် ရှိပြီး ဥပဒေဘက်တွင် အစ်ကို ကျန်း ရှိသည်။

လင်းယွမ်က သူ့မေးစေ့ကို ပွတ်သပ်ရင်း ကျန်းကွေ တစ်ယောက်တည်းနှင့် မလုံလောက်ဘူးဟု တွေးကာ ရာထူးပိုမြင့်သော အရာရှိတစ်ဦး၏ ပံ့ပိုးကူညီမှု ရနိုင်မည်လားဟု တွေးမိသည် ။

အစ်ကို တောက်: "ညီလေး လင်း၊ မင်း အသက်ငယ်ငယ်ကလေးနဲ့ စီးပွားရေးလုပ်ဖို့ ဘာလို့ စိတ်ကူးခဲ့တာလဲ"

လင်းယွမ်က အမှန်အတိုင်းပြောသည်၊။ “ခေတ်က ကသောင်းကနင်းဖြစ်တော့ ကျွန်တော့်အဖေက ကျွန်တော့်ကို အိမ်ဝယ်ဖို့ ဒီကိုလာခိုင်းတယ်။ တစ်ခုခုဖြစ်

သွားရင် တစ်မိသားစုလုံး ဆုတ်ခွာသွားရမယ့်နေရာ ရှိအောင်လို့လေ။”

အစ်ကို တောက် သက်ပြင်းချလိုက်သည်၊ “အမှန်ပဲ ကသောင်းကနင်း အချိန်တွေကြောင့်သာ မဟုတ်ရင် ဘယ်သူမှ ရင်းနှီးတဲ့ အိမ်နဲ့ နေရာကနေ အပြင်ထွက်ပြီး အပြင်လူအဖြစ် ခွဲခြားဆက်ဆံခံရဖို့ ဆန္ဒရှိမှာမဟုတ်ဘူး ။”

လင်းယွမ်က ၎င်းကိုကြားတော့ ၎င်းမှာ ပုံပြင်ထဲက လူတစ်ယောက်ဟု တွေးမိသည်။

အစ်ကိုတောက်က ပြော၏၊ “မနှစ်တုန်းက၊ ငါနဲ့ ငါ့လူတွေက အထမ်းသမားတွေ ဖြစ်ခဲ့ကြပေမဲ့ ငါတို့ရဲ့ မွေးရပ်မြေဟောင်းမှာ အသက်မမွေးနိုင်တော့တဲ့အတွက် ဝူမြို့ကို ရောက်ခဲ့ကြတယ်။ ပြင်ပလူတွေအနေနဲ့ ငါတို့လည်း မကြာခဏ အနိုင်ကျင့်ခံရသလို နှိမ့်ချခံရပြီး ရှင်သန်နိုင်ဖို့ အတူတူ ရပ်တည်နေရတယ်လေ။ ရွာသူရွာသားတွေကငါ့ကို ယုံတယ်ဆိုတော့ သူတို့က ငါ့ကို ခေါင်းဆောင်လုပ်ခိုင်းတယ်။ ငါသူတို့ကို မရှုံးစေရဘူး။"

လင်းယွမ်က သဘောတူလိုက်သည်။

အစ်ကို တောက်က လင်းယွမ်၏ ပုခုံးကို ပုတ်လိုက်၏၊ "ညီလေး လင်း၊ ငါ့ကောင်တွေကို ဗိုက်ဝအောင် ကျွေးနိုင်ပြီး နွေးနွေးထွေးထွေးထားနိုင်ရင် ကောင်းကင်မှာ အပေါက်ဖောက်ရမယ်ဆိုရင်တောင် မင်းအစ်ကို ငါက မင်းကို ကူညီဖို့ ငါ့အသက်ကို စွန့်ပေးပါမယ်။"

လင်းယွမ်သည် ဖိအားကို စတင်ခံစားလာရသဖြင့် သူ၏ကျောရိုးကို ဖြောင့်မတ်လိုက်မိသည်၊ “သေချာတာပေါ့၊ သေချာတာပေါ့။”

အိုင်း~ လက်တွေ့ဘဝရဲ့ ဖိအားက သူ့ကို ပျော်ရွှင်မှုတွေနဲ့အတူ နာကျင်ခံစားစေခဲ့တာပဲ။

စာရေးသူ၏ မှတ်ချက်။

လင်းယွမ်: "ကျေးဇူးပြုပြီး မင်းတို့ရဲ့ဇာတ်လမ်းကို ပြောပြပါ။"

စစ်ညန်: "ငါ့ယောက်ျားသေတယ်၊ ငါ့သားအကြီးဆုံးနှစ်ယောက်သေတယ်၊ ငါ့ဘဝက ခါးတယ်။"

ကိုးဇီ: "အဖေသေတယ်၊ အစ်ကိုတွေသေတယ်၊ ငါ့ဘဝက ခါးတယ်။"

ကျန်းကွေ: "ငါတစ်ယောက်တည်း လူခြောက်ယောက်ကို ထောက်ပံ့ရမှာ၊ ငါ့ဘဝက ခါးတယ်"

အစ်ကို တောက်: "ငါ့ခြေထောက်က အနံ့နံတယ်၊ ငါ့ဘဝက ခါးတယ်။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment