🩺 Chapter 9
ဟဲရန်ထင်း၏စကားများကြောင့် ကျိုးဇီထန် စိတ်တိုသွားပြီး အသက်ရှုကြပ်လာကာ သူ့နဖူးပေါ်ရှိသွေးကြောတစ်ခုပင် ထောင်ထွက်လာရသည်။
ကျိုးဇီထန်သည် ရွံ့ရှာမုန်းတီးသော မျက်လုံးများဖြင့် ကျန်းကျီအား မော့ကြည့်လိုက်ပြီး
"အားလုံး သူ့ကြောင့်ပဲ!"
ကျိုးဇီထန်သည် ခါးခါးသီးသီးပြောကာ အနီးနားရှိအသီးနွှာဓားတစ်ချောင်းကိုကိုင်ရင်း အပေါ်ထပ်သို့ ပြေးသွားလေသည်။
ထိုအခိုက်အတန့်တွင် ဟဲရန်ထင်းသည် ကျိုးဇီထန်၏လက် ကောက်ဝတ်ကိုလှမ်းဆွဲလိုက်ကာ လက်ထဲမှ ဓားကိုနှုတ်ယူရန်ကြိုးစားလိုက်ပြီး သူ့မျက်နှာမှာလည်း ရုတ်ချည်းပြောင်းလဲ သွားလေသည်။ တဖက်မှ အင်အားများသောကြောင့် ဓားကိုင်ထားသော ကျိုးဇီထန်၏လက်မှာ အလိုလိုလမ်းကြောင်းလွှဲ သွားသည်။
ဓားဖျားသည် ဟဲရန်ထင်း၏မျက်နှာကို ရှပ်ထိမိသွားပြီး ချက် ချင်းသွေးများဖြာထွက်ကျလာသည်။
ရှန်းထင်းကျိုး သူငယ်အိမ်များကျဉ်းမြောင်းသွားရသည်။
ကျိုးဇီထန်၏မျက်နှာဖြူဆုပ်သွားပြီး တုန်ယင်နေသော နှုတ် ခမ်းဖြင့် တိုးဖျော့စွာခေါ်လိုက်လေသည်။
"ကေ…ကော…"
နောက်တစ်စက္ကန့်တွင် ဟဲရန်ထင်း၏ထိုးချက်ဖြင့် ကျိုးဇီထန် မြေပေါ်သို့လဲကျသွားသည်။
ကျိုးဇီထန်သည် ခေါင်းကိုပြင်းပြင်းထန်ထန် ထိသွားပြီး သွေးထွက်သွားသော်လည်း ဒဏ်ရာကိုလျစ်လျူရှုကာ ရှန်းထင်းကျိုးကို အမြန်အော်ပြောလိုက်သည်။
"ဒေါက်တာရှန်း၊ကျွန်တော့် ကောနာသွားပြီ၊ ဒေါက်တာရှန်း!"
ကျိုးဇီထန်ကိုကြည့်ရင်း ချင်ရှစ်ယောင်သည် သူ့နေကြာစေ့များကိုအမြန်ဖယ်ထုတ်လိုက်ပြီး သူ့မျက်နှာထက် စိုးရိမ်သော ကရောက်နေပုံပေါ်သည်။
ရှန်းထင်းကျိုး ချက်ချင်းဆိုသလိုပင် သူ၏ဆေးဘက်ဆိုင်ရာကိရိယာကိုကောက်ယူပြီး ရှေ့သို့အမြန်ထွက်လာသည်။
သူ၏ဆေးပညာဆိုင်ရာ ထင်မြင်ချက်ပေါ် အခြေခံပြီး ကျိုးဇီထန်၏ဒဏ်ရာသည် ဟဲရန်ထင်းထက်ပိုမိုပြင်းထန်နေသည်။
ဟဲရန်ထင်း၏မျက်နှာသည် ဓားဖြင့်အသာအယာခြစ်ခံထားရသည့် ငါးစင်တီမီတာခန့် အရှည်ရှိသော အစင်းကြောင်းတစ်ခုသာရှိသော်လည်း ကျိုးဇီထန်ကတော့ ဦးခေါင်းဒဏ်ရာရသွားခြင်းပင်။
ထို့ကြောင့် ရှန်းထင်းကျိုးသည် ကျိုးဇီထန်ကို ဦးစွာစစ်ဆေးရန် သွားလိုက်သည်။
သို့ရာတွင် ကျိုးဇီထန်သည် ရှန်းထင်းကျိုးအား ဟဲရန်ထင်းဘက်သို့တွန်းလိုက်သည်။
"ကျွန်တော် အဆင်ပြေတယ်၊ ကောကိုသာ အရင်ကြည့်ပေး လိုက်ပါ…"
ထိုသို့ပြောလာသည့်အတွက် ရှန်းထင်းကျိုးသည် ဟဲရန်ထင်းသို့သွားရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
အမှန်မှာ ဟဲရန်ထင်း မျက်နှာဒဏ်ရာသည် ပြင်းထန်ခြင်းမရှိသော်လည်း ၎င်း၏ယခင် ဒဏ်ရာရနေသော လက်မောင်းမှာ သွေးထွက်နေပြန်သည်။
ရှန်းထင်းကျိုးသည် ထိုလက်တစ်ဖက်တည်းကသာ ကံဆိုးခြင်းများကျရောက်နေသလားဟုထင်မိသည်။
ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်...လက်မောင်း မသန်စွမ်းမှုအတွက်ပင် စာရင်းပေးလို့ရနေလောက်ပြီ။
ကျိုးဇီထန်သည် သူ့ဒဏ်ရာကို လက်ဖြင့်ဖိလိုက်ရာလက် ချောင်းကြားထဲမှတဆင့် သွေးများ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။
ကျိုးဇီထန်သည် ယခုချိန်တွင် သွေးအလွန်အကျွံထွက်နေခြင်းအပေါ် အာရုံမစိုက်နိုင်ပဲ တစ်စုံတစ်ခုကိုဆုံးရှုံးသွား၍တုန်လှုပ် ခြောက်ခြားနေသော ကျောင်းသားတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
သူ ဟဲရန်ထင်းကို မဝံ့မရဲကြည့်ကာ "ကော..."
ရွံ့ရှာမုန်းတီးနေသော ဟဲရန်ထင်း၏မျက်လုံးများသည် သိသာထင်ရှားသော ဓားတစ်ချောင်းအဖြစ် ကျိုးဇီထန်ဆီ ပစ်လွှတ် လိုက်လေသည်။
"ထွက်သွား!"
ကျိုးဇီထန်၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ သူ့အမူအရာသည် မျက်ရည်များပင် ကျလာလုနီးပါး ဖြစ်လာလေသည်။
ရှန်းထင်းကျိုးသည် စူးရှသောအသံကို ဖျတ်ခနဲကြားလိုက်ရပြီး ထိုအသံမှာ ချင်ရှစ်ယောင်မှ သူ့နေကြာစေ့အိတ်ကို လှုပ် ယမ်းလိုက်ခြင်းဖြစ်နိုင်သည်ဟု သံသယရှိသည်။
သူက ချင်ရှစ်ယောင်ကို သူ့အနောက်ဘက်အမြင်ဖြင့် ကြည့်နေခြင်းပင်။
သေချာသည်…!
ချင်ရှစ်ယောင်သည် သူမ၏ကြော့ရှင်းသော ပိုက်ဆံအိတ်လေးကိုလှုပ်ယမ်းလိုက်ပြီး ကျိုးဇီထန်၏မျက်ရည်ရစ်ဝဲနေသော မျက်လုံးများကို မြင်လိုက်ရသည်နှင့် သူ့အမူအရာသည်တဖြည်းဖြည်းညစ်နွမ်းလာကာ အိတ်ကိုပိုလှုပ်ယမ်းနေသည်။
ရှန်းထင်းကျိုး :...
အခုချိန်က အားအားယားယားလုပ်နေရမယ့် အချိန်မဟုတ်ဘူးလေ…
......
ရှန်းထင်းကျိုး ဟဲရန်ထင်း၏ဒဏ်ရာကိုကုသပြီးနောက် ကျိုးဇီထန်၏ဒဏ်ရာကိုလည်း အမြန်စစ်ဆေးပေးလိုက်သည်။
သူ ထိတ်လန့်နေတာထင်ရှားသည်။ ရှန်းထင်းကျိုးသည် သူ့ဆေးပညာအရ ကျိုးဇီထန်အား ထပ်မံစစ်ဆေးရန်အတွက်ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။
ဟဲရန်ထင်းသည် ကျိုးဇီထန်၏အလွန်အကျွံ အပြုအမူကြောင့် ကြည့်လဲမကြည့်တော့ပဲ မေးလဲမမေးတော့ပေ။
ကျိုးဇီထန်သည် လုံးဝနွမ်းလျသွားပြီး ခေါင်းငိုက်စိုက်ကာ ရှန်းထင်းကျိုးအား ကိုင်တွယ်ရန် ခွင့်ပြုလိုက်သည်။
ကျိုးဇီထန်သည် ကားထဲတွင် မှင်သက်နေသောပုံစံဖြင့်ထိုင်ရင်း
"ကျွန်တော့်ကောက ကျွန်တော့်အပေါ်ကောင်းခဲ့တာပါ…"
ရှန်းထင်းကျိုး : "ဒီနေ့ မင်းက လူတစ်ယောက်ကိုသတ်လုနီးပါးဖြစ်သွားတာကို!"
ကျိုးဇီထန် : "ကျွန်တော် သူ့ကိုမရိုက်ချင်ပါဘူး၊ အားလုံး ကျွန်တော့် အပြစ်ပဲ"
ရှန်းထင်းကျိုး : "လူတစ်ယောက်ကိုသတ်ဖို့ ကြံစည်တာ ရာဇဝတ်မှုမြောက်တယ်…!"
ကျိုးဇီထန် : "ကျွန်တော် အရမ်းဒေါသထွက်သွားလို့ပါ၊ သူ့ကို အဲ့လိုလုပ်ဖို့ မရည်ရွယ်ပါဘူး…"
ရှန်းထင်းကျိုး "ကျန်းကျီ ပုံစံလေးက ရိုးရိုးသားသားပါပဲ၊မင်း သူ့ကို အဲ့လိုတော့ မလုပ်သင့်ဘူး!"
ကျိုးဇီထန် : "ဒေါက်တာရှန်း၊ ကျွန်တော့် ကောကို တောင်းပန်သင့်တယ်လို့ ခင်ဗျား ထင်လား…? ကျွန်တော် ဒီလိုအပြုအမူမျိုး အရင်က သူ့အပေါ် တစ်ခါမှမလုပ်ခဲ့ဖူးဘူး…”
ရှန်းထင်းကျိုးသည် တစ်ခုခုပြောချင်ပေမယ့် သိမ်မွေ့စွာဖြင့်
"...မပြောတက်ဘူး…"
ကျိုးဇီထန် : "ဒေါက်တာရှန်း၊ တောင်းပန်စရာမလိုဘူးလို့ရော ခင်ဗျား ထင်လား…?"
ရှန်းထင်းကျိုးသည် သူ့မျက်လုံးတွေကို ညင်သာစွာမှိတ်လိုက်ရင်း
"အခုချိန်မှာ မင်း ခေါင်းထဲမှာ အရမ်း ရှုပ်ထွေးနေတဲ့ပုံပဲ၊ ဒါကြောင့် စကားမပြောပဲ နေကြရအောင်…"
ကျိုးဇီထန် သူ့နားထင်ကို ဖိရင်း
"ကျွန်တော် ခေါင်းတွေအရမ်းကိုက်နေတယ်…အန်ချင်သလို ခံစားရတယ်"
ရှန်းထင်းကျိုး သူ့အတွက် ပလတ်စတစ်အိတ်ကိုအမြန်ရှာပေးလိုက်ပြီး ကျိုးဇီထန် ကားထဲမှာပင် အန်ချလိုက်သည်။
-
ပုဂ္ဂလိကဆေးရုံတွင် ရှန်းထင်းကျိုး မပြန်သေးပဲ ကျိုးဇီထန် စစ်ဆေးမှုအမျိုးမျိုးပြုလုပ်ရန် သူနှင့်အတူတူ လိုက်ပေးခဲ့သည်။
ရှုပ်ယှက်ခတ်နေသော ရှန်းထင်းကျိုးကိုကြည့်ရင်း ကျိုးဇီထန်သည် ဆေးရုံကုတင်ပေါ်တွင် စိတ်ပျက်လက်ပျက်ပုံစံဖြင့် လဲလျောင်းနေသည်။
ထိုစဉ် ရှန်းထင်းကျိုးသည် ဆေးရုံကုန်ကျစရိတ်အပြင် သူ့အတွက် Service ခ ကိုပါ ကျိုးဇီထန်ကိုလွှဲခိုင်းလိုက်သည်။
ရှန်းထင်းကျိုး မူလပမာဏထပ် 92% လျှော့စျေးပေးလိုက်ပြီး
"ဒါက ရင်းနှီးတဲ့အတွက် Discount ပေးတာ..WeChat နဲ့လား ဒါမှမဟုတ် Alipay နဲ့ ရှင်းမှာလား?"
ရှင်းထင်းကျိုးသည် များသောအားဖြင့် အခြားအလုပ်ရှင်များထံမှ လစဉ်ကြေးယူလေ့ရှိသော်လည်း သူနှင့်ကျိုးဇီထန်တို့ သည် ရေရှည်အလုပ်အကိုင်ဆက်ဆံရေးမရှိသောကြောင့် ချက်ချင်းငွေပေးချေရန် တောင်းဆိုလိုက်ခြင်းပင်။
ကျိုးဇီထန်၏ ဖြူဖပ်ဖြူရော်မျက်နှာမှ နက်ရှိုင်းသော ကျေးဇူး တင်စိတ်ကိုပြသလျက်
"ဒေါက်တာရှန်း ကျွန်တော်တို့ကြားက ခင်မင်ရင်းနှီးမှုကိုရာနှုန်းပြည့်နီးပါး တန်ဖိုးထားလိမ့်မယ်လို့ ကျွန်တော် ဘယ် တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး"
ရှန်းထင်းကျိုး: ? ? ?
ကျိုးဇီထန်သည် ချက်ချင်းဆိုသလို သူ့ဖုန်းကို ထုတ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း ပြောလိုက်သည်။
"၉၂% မဟုတ်ဘူး…ကျွန်တော်တို့ကြားမှာ ရာနှုန်းပြည့် ခင်မင်ရင်နှီးမှု ရှိသင့်တယ်"
ထိုသို့ပြောပြီးသည်နှင့် သူ ရှန်းထင်းကျိုးထံ ပိုက်ဆံအနည်း ငယ်လွှဲပေးလိုက်သည်။
ရှန်းထင်းကျိုးသည် သူတောင်းဆိုခဲ့သော ပမဏထက်နှစ်ဆပိုသော Amount ကိုတစ်ချက် ကြည့်လိုက်သည်။
ရှန်းထင်းကျိုးအနေဖြင့် ၎င်းတို့ကြား ခင်မင်ရင်းနှီးမှုမှာ ဖြူစင်သည်ဖြစ်စေ၊ မသန့်ရှင်းသည်ဖြစ်စေ ကျိုးဇီထန်ပေးလာသည် မှာ ပိုက်ဆံများဖြစ်သည်။
ရှန်းထင်းကျိုး ကျေနပ်စွာထွက်သွားလိုက်သည်။
ကျိုးဇီထန်လည်း စိတ်ချလက်ချ အိပ်လိုက်သည်။
.....
ရှန်းထင်းကျိုး ဆေးရုံမှထွက်လာတော့ အရပ်မြင့်မြင့်နှင့်အမျိုးသမီးတစ်ယောက် သူ့ရှေ့ကို ပိတ်ဆို့လာသည်။
ချင်ရှစ်ယောင်သည် တည်ငြိမ်သောအပြုံးတုကို ဝတ်ဆင်ထားသည့် ဆိုးသွမ်းသော သူဌေးတစ်ယောက်လို မျက်နှာဖြင့်
"ဒေါက်တာရှန်း၊ နောက်ဆုံးတော့ ရှင် ထွက်လာပြီပေါ့၊ ကျွန်မတို့ ခဏလောက် စကားပြောကြရအောင်"
ရှန်းထင်းကျိုး အံ့အားသင့်သွားပြီး
"ဘာ အကြောင်းပြောမလို့လဲ…?"
ချင်ရှစ်ယောင်သည် ရှန်းထင်းကျိုး နားကပ်ကာ
"ကျွန်မတို့ အဲ့အိမ်အကြောင်း ပြောကြရအောင်…"
ရှန်းထင်းကျိုးသည် စိတ်မဝင်စား ဟန်ဆောင်လိုက်သော် လည်း ချင်ရှစ်ယောင်က အဖြစ်အပျက်များကို အလွယ်တကူသဘောပေါက်သွားပုံရပြီး
"ဟဲရန်ထင်းမှာ ဖုံးကွယ်ထားတဲ့အလှလေးရှိတယ်လို့ တစ် ယောက်ယောက်က ကျမဆီ မက်ဆေ့ခ်ျပို့ထားတယ်…"
ရှန်းထင်းကျိုးက မလုံမလဲဖြစ်သွားပြီး - သူ ရိပ်မိသွားပြီလား ??
သူ၏ပါးနပ်မှုမရှိသည့်ပုံစံကြောင့် ချင်ရှစ်ယောင် မှန်းဆနိုင်မှာ အသေချာပင်။
သူ သိသွားပြီကိုး…
ရှန်းထင်းကျိုးက "စာပို့တဲ့သူက လျှို့ဝှက်ဆန်းကြယ်ပေမယ့် ကျိုးဇီထန်လို့ ထင်တာပဲ"
ရှန်းထင်းကျိုးသည် သူ၏ဝန်ခံချင်စိတ်ကို အမြန်မျိုချရင်း ပြောလိုက်သည်။
ချင်ရှစ်ယောင် : "ကျိုးဇီထန်က ဟဲရန်ထင်းကို ကြိုက်နေတဲ့ပုံပဲ၊ ဒါကြောင့် ဟဲရန်ထင်းနဲ့ကျွန်မရဲ့စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ပြီး ဖြူစင်တဲ့လရောင်ကို ဖယ်ရှားပစ်ဖို့ ဒီအစီအ စဉ် ချထားတာပဲဖြစ်မယ်..."
ရှန်းထင်းကျိုးသည် သူ့အပြစ်ကိုအပြုံးဖြင့် ဖုံးကွယ်ထားဆဲပင်။
ချင်ရှစ်ယောင် ခေါင်းကို ယမ်းလိုက်ပြီး သူ့နှုတ်ခမ်းကို ဖိကိုက်ရင်း "ကျိုးဇီထန်က လူကောင်းပါ… ဒါပေမယ့် ကံမကောင်းစွာပဲ ကျွန်မနဲ့ လာတွေ့တာပဲ"
ရှန်းထင်းကျိုး ပြုံးနေဆဲပင်။
ချင်ရှစ်ယောင် ပခုံးတွန့်လိုက်ပြီး "ပြိုင်ဘက်မရှိရင်"
ရှန်းထင်းကျိုး ပြုံးမြဲပြုံးနေသည်။
ထိုစဉ် ချင်ရှစ်ယောင်က မျက်မှောင်ကြုတ်လိုက်ပြီး...
"ရှင် ဘာလို့ အမြဲပြုံးနေတာလဲ၊ ရှင့်ကြည့်ရတာ NPC နဲ့တောင် တူနေပြီ..."
ရှန်းထင်းကျိုးအပြုံးတို့ အေးခဲသွားရသည်။
ကံကောင်းထောက်မစွာဖြင့် ချင်ရှစ်ယောင်က စိတ်မ၀င်စားဟန်ဖြင့် လက်သုံးချောင်းကိုဖြည်းညှင်းစွာ ထောင်ပြလိုက်ကာ "သုံးမိနစ်ပဲ...ကျွန်မ သုံးမိနစ်အတွင်းမှာ သူနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံး သိချင်တယ်"
"မိန်းကလေးချင်၊ ကျွန်တော်က ဆရာဝန်တစ်ယောက်ပါ မစ္စတာဟဲရဲ့ကိုယ်ရေး ကိုယ်တာကိစ္စတွေကို ကျွန်တော် မရှင်းပြနိုင်ဘူး”
သူ လိမ္မာပါးနပ်စွာ ပြောလိုက်သည်။
ချင်ရှစ်ယောင်က သူ့အကြောင်းပြချက်ကို လုံးဝလျစ်လျူရှုပြီး "လရောင်ဖြူကို ရှင်းပစ်ချင်တယ်!"
ရှန်းထင်းကျိုး တုံ့ပြန်လိုက်သည်။
"ဟဲရန်ထင်းနဲ့ ကျိုးဇီထန်တို့ကို ဂန္တဝင်အမှိုက်ကောင်နဲ့သိမ်မွေ့တဲ့ Shou ဝတ္ထုထဲက ဇာတ်ကောင်တွေလို့ မထင်ဘူးလား ?"
ချင်ရှစ်ယောင် မျက်လုံးများတောက်ပလာပြီး " ဂန္တဝင်အမှိုက်ကောင်နဲ့ သိမ်မွေ့တဲ့ Shou အလှလေး…!"
ရှန်းထင်းကျိုး : …!
အရပ်ထောင်ထောင်မောင်းမောင်းနှင့် တည်ကြည်ခံ့ညားသော ချင်ရှစ်ယောင်လို အမျိုးသမီးတစ်ယောက်က ဂန္တဝင်အမှိုက်ကောင်နှင့်သိမ်မွေ့တဲ့ Shou ဝတ္ထုကို ဖတ်ဖူးလိမ့်မည်ဟု သူဘယ်တုန်းကမှမထင်ခဲ့ပေ။
ရှန်းထင်းကျိုး၏အတွေးကို သိနေသလိုနှင့် ချင်ရှစ်ယောင်က ကျိုးနွံစွာပြုံးလိုက်ပြီး
"အဓိကကတော့ ကျွန်မက 'chasing wife to the crematorium' ICU package.' ကို သဘောကျလို့ပါ...
ကောင်းပြီလေ…
ရှန်းထင်းကျိုး သဘောပေါက်သော်လည်း ချင်ရှစ်ယောင်က ငြင်းဆန်ဆဲဖြစ်သည်။
"မစ်ချင်၊ ကျွန်တော့် ဂုဏ်သိက္ခာအရ အလုပ်ရှင်ရဲ့ကိုယ်ရေး ကိုယ်တာကိစ္စတွေကိုပြောမှာ မဟုတ်ဘူး။ စိတ်မရှိပါနဲ့ !"
ချင်ရှစ်ယောင် စိတ်ထဲတွင်တော့ ဒုတိယစာသားအတွက်ပင် တွေးနေပြီဖြစ်သည်။
သူ လရောင်ဖြူကိုကယ်တင်ချင်သည်၊ ကျန်းကျီကို ကယ်တင်ချင်သည်။
.....
ရှန်းထင်းကျိုး အိမ်ပြန်ရောက်သည်နှင့် ဖုယွင်ယွင်ဆီက ဖုန်းဝင်လာသည်။
"ကော သိလား..? ဒီနေ့ ချင်ယန် Shou တစ်ယောက်နှောင့်ယှက်တာကို ခံခဲ့ရတယ်..." ဟု ဖုယွင်ယွင်က ရယ်သံစွတ်ရင်း ပြောလာသည်။
ရှန်းထင်းကျိုး ကြိုနေသိပြီးသားပင်။
ဖုယွင်ယွင် : ဒီနေ့ သူ ကျောင်းလာတဲ့လမ်းတစ်ဝက်မှာ ပန်း ရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက်က သူ့ကို propose လာလုပ်လို့ ရိုက်လွှတ်လိုက်တယ်တဲ့..."
"ဟား...ဟား..."
ဖုယွင်ယွင်၏ရယ်သံသည် ဟွန်းတီးသံအဖြစ်သို့ ပြောင်းလဲသွားပြီး သူအသက်ရှူကျပ်သွားမည်ကိုပင် ရှန်းထင်းကျိုး စိုးရိမ်မိသည်။
သူမ၏တစ်ပိုင်းတစ်စ သရုပ်ဖော်ချက်မှတဆင့် ရှန်းထင်းကျိုး သည် ချင်ယန်မှ ကျိုးဇီထန်အား ရိုက်နှက်လိုက်သည့်ပုံစံကို ဟာသပြကွက်တစ်ခုဖြင့် ပုံဖော်ကြည့်လိုက်သည်။
ရှုပ်ထွေးသော အားလပ်ရက်ပြီးနောက်၊ တနင်္လာနေ့သည် အံ့သြစရာကောင်းလောက်အောင်ပင် ငြိမ်းချမ်းနေခဲ့သည်။
မွန်းလွဲပိုင်းတွင် အိမ်ထိန်းမှ ရှန်းထင်းကျိုးအား ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။
သူ မည်သို့ ငြင်းဆန်ရမှန်းမသိဖြစ်နေသည်။
ရှန်းထင်းကျိုး ယဉ်ကျေးစွာငြင်းဆိုနေချိန်တွင် အိမ်ထိန်းက အခြားအကြောင်းအရာကိုပြောင်းလဲလိုက်သည်။
"ဒီနေ့ ငါ သင်းကွပ်ထားတဲ့ ကြောင်ကိုပြန်ခေါ်လာခဲ့တယ်၊ ဒါပေမယ့် သူ့ကြည့်ရတာ စိတ်ဆိုးနေတဲ့ပုံပဲ… ဒေါက်တာရှန်းမှာ အကြံလေး ဘာလေးများရှိမလား…?"
ကြောင်…?
သင်းကွပ်ထားသောအရှိန်ဖြင့် ဂရုစိုက်ပေးဖို့လိုအပ်နေတဲ့ ကြောင်တစ်ကောင်...!
ကြောင်ဟူသော အမည်နာမကိုကြားလိုက်သည်နှင့် ရှန်းထင်းကျိုး၏နားရွက်များ ချက်ချင်းအသက်ဝင်လှုပ်ရှားသွားလေသည်။
"ကူညီနိုင်မလား မသေချာပေမယ့် စမ်းကြည့်လိုက်မယ်လေ…!"
သင်းကွပ်ပြီးနောက် ကြောင်တိုင်းသည် ကွဲပြားစွာတုံ့ပြန်တက်ကြသည်။
ချင်စစ်၏နေရာတွင် ကြောင်ရှစ်ကောင်ရှိကာ ရှန်းထင်းကျိုး သည် ၎င်းတို့၏လုပ်ထုံးလုပ်နည်းများအတွင်း အမြဲရှိနေခဲ့ပြီး ခွဲစိတ်ပြီးနောက်ပြုစုစောင့်ရှောက်မှုတွင် အတွေ့အကြုံများစွာရှိကာ ကြောင်စောင့်ရှောက်သူများကြားတွင် သူတော်စင်နီးပါးဖြစ်လာခဲ့သည်။
ကြောင်တိုင်းလိုလို သူ့အရည်အချင်းကိုအသိအမှတ်ပြုကြသည်။
ရှန်းထင်းကျိုးရောက်ချိန်တွင် ရှုရွှင်းသည် ဆိုဖာပေါ်လဲ လျောင်းနေပြီး Princess Pea ကဲ့သို့ တကိုယ်လုံးကိုစောင်ဖြင့် ဖုံးအုပ်ထားကာ နီမြန်းနေသော မျက်နှာကိုသာမြင်ရလေသည်။
သူ့ပုံစံမှာမှေးစင်းနေသော မျက်လုံးများနှင့်အတူ နှုတ်ခမ်းမှာ အနည်းငယ်ဖျော့တော့နေကာ အဖျားကြီးနေသော အရိပ်အ ယောင်ကိုထင်ဟပ်စေသည်။
ရှန်းထင်းကျိုးသည် ဤနေရာကိုရောက်လာခြင်းမှာ ကြောင်ကြောင့်လား ဒါမှမဟုတ် ရှုရွှင်းကြောင့်လားဟုပင် တဒင်္ဂမျှ မှင်တက်သွားရသည်။
စောင်ထူထူဖြင့် ထုပ်ထားသော ရှုရွှင်း၏အသွင်အပြင်မှာ အလွန်ချစ်ဖို့ကောင်းနေသဖြင့် ထိုသို့သောအတွေးများဝင်နေရခြင်းမှာလည်း သူ့အပြစ်ဟုတော့ဆိုလို့မရနိုင်ချေ။
ရှုရွှင်းပတ်ပတ်လည်တွင် အပြင်ဘက်မှ နေရောင်ခြည်ကြောင့် ရွှေရောင်အလင်းတန်းများဖျာကျနေသဖြင့် တောက်ပနေပြီး အဖက်မလုပ်သောကြောင်တစ်ကောင်ကဲ့သို့ သူ့ပုံရိပ်ကိုပိုပြီးထင်ဟပ်စေသည်။
ရှန်းထင်းကျိုး မျက်လုံးများတောက်ပလာပြီး သူ့လက်ချောင်းများ အနည်းငယ်ကွေးကောက်သွားသည်။
Meow…~
သူ့အား ချွဲပစ်နေသောမြောင်တစ်ကောင်ကြောင့် နယ်ကျွံနေသော အတွေးမှရုန်းထွက်လိုက်ပြီး သူ့နှလုံးသားသည် ချစ်ခြင်းမေတ္တာများဖြင့်ပြည့်နှက်သွားရသည်။
ကြောင်တစ်ကောင်...
အခုက တကယ့်ကြောင်...
ရှန်းထင်းကျိုးသည် ဆိုဖာအောက်တွင် တွားသွားနေသော ထိုကြောင်နှင့် ဆော့ကစားရန်ဆန္ဒရှိခဲ့သည်။
သူ ကော်ဇောပေါ် ဒူးတစ်ဖက်ထောက်ကာ နောက်ဆုံးတွင် ကြောင်ကို ဆိုဖာအောက်တွင်တွေ့လိုက်ရသည်။
ချစ်ဖို့ကောင်းလိုက်တာ…!!!
မျက်လုံးဝိုင်းဝိုင်း၊ တောက်ပသော ရွှေရောင်မျက်ဝန်းများနှင့် နှင်းဖြူလက်သည်းများပါသည့် ထူးခြားလှသော ကြောင်က လေးတစ်ကောင်ဖြစ်သည်။
ကြောင်ချစ်သူအတွက် ကြောင်တစ်ကောင်ကို မြင်သည်နှင့် တယုတယ မပွတ်သပ်ပဲမနေနိုင်ပေ။
၎င်းတို့အား တယုတယကြင်နာမိကြလိမ့်မည်။
ရှန်းထင်းကျိုးသည် သူ့ကိုယ်သူထိန်းထားပြီး ဆိုဖာအောက်မှ ကြောင်ကို ခုနစ်မိနစ် ရှစ်မိနစ်ကြာပွတ်သပ်ပေးပြီးနောက် နောက်ဆုံးဆွဲထုတ်လိုက်သည်။
ဤကြောင်သည် ၎င်း၏သင်းကွပ်ပြီးနောက် တည်ငြိမ်သော စိတ်ဓာတ်ရှိပြီး လူသားများအပေါ် ချစ်ခင်ကြင်နာမှုပြသနေသည်မှာ လမ်းလွဲနေသော်လည်း သဘာဝအတိုင်းဖော်ရွေ နေလေသည်။
အံ့ဩဖို့ကောင်းလိုက်တဲ့ ကြောင်…
အဟွတ်...အဟွတ်...~
ချောင်းဆိုးသံကြောင့် ရှန်းထင်းကျိုးသည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိကာ နက်နဲပြီးမကျေမနပ်ဖြစ်နေသည့် မျက်ဝန်းတစ်စုံနှင့် ပက်ပင်းတိုးတော့သည်။
ရှန်းထင်းကျိုးသည် ဤနေရာသို့ရောက်ရှိလာရခြင်း၏ ရည် ရွယ်ချက်ကို နောက်ကျမှ သတိရကာ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။
"မစ္စတာရှု... ဖျားနေတာလား..?"
ရှုရွှင်း : "ကိစ္စမရှိပါဘူး၊ အဖျားက ၃၉ ဒီဂရီလောက်ပါပဲ... နာရီအနည်းငယ်ကြာလိမ့်မယ်...မင်း အဲ့ကြောင်ကိုပဲ အရင်ဂရုစိုက်ပေးလိုက်ပါ.."
ပြောရင်း ရှုရွှမ်း ချောင်းထပ်ဆိုးလိုက်သည်။ သူ့မျက်လုံးထောင့်များတွင် အနီရောင်အရိပ်အမြွက်ပြကာ စောင်ကို သူ့ကိုယ်ပေါ်ဆွဲတင်လိုက်သည်။
ရှုရွှင်း၏ချောင်းဆိုးသံကိုကြားသဖြင့် ရှန်းထင်းကျိုးသည် ပိုအပြစ်ရှိသလို ခံစားလာရသည်။
ရှန်းထင်းကျိုးသည် ကြောင်ကို ချလိုက်ပြီး ရှုရွှင်းနံဘေးကို လျှောက်သွားလိုက်သည်။
"မစ္စတာရှု၊ စောင်ကို ခေါင်းအထိခြုံပြီးအိပ်တာ မင်းအတွက်မကောင်းဘူး…”
ရှုရွှင်းသည် ရှန်းထင်းကျိုးနှင့် ဆန့်ကျင့်ဘက်သို့မျက်နှာမူကာ
"ဘယ်သူက ဂရုစိုက်မှာမို့လို့လဲ…?"
ရှန်းထင်းကျိုး အနည်းငယ်ထိတ်လန့်သွားသည်။
"အိမ်ထိန်း စိတ်ပူနေလိမ့်မယ်…"
ရှုရွှင်း : "သူ ဘာကို စိတ်ပူရမှာလဲ… ဒီတစ်မနက်လုံး သူပဲ ကျွန်တော့်ကို ပင်ပန်းအောင်လုပ်နေတာ"
ရှန်းထင်းကျိုး : "သူက ဘာလို့အဲ့လိုလုပ်တာလဲ…?"
ရှုရွှင်းသည် စောင်ကို အနည်းငယ်ဆွဲချလိုက်သည်။
"ကျွန်တော် တစ်ခါတလေလေး ဆေးမသောက်ပဲ နေလိုက်တာနဲ့ သူ အရမ်းရန်လိုနေတာလေ…"
ထိုအသံမှာ အတင်းအဖျင်းပြောသံနှင့် ခပ်ဆင်ဆင်တူသည်။
ကံကောင်းထောက်မစွာ၊ ရှန်းထင်းကျိုးထံ ကလေးများကို နှစ်သိမ့်ပေးသည့် အတွေ့အကြုံရှိခဲ့လေရာ..
"အဲဒါ မမှန်ဘူး၊ ပြီးမှ ကျနော် သူနဲ့ စကားပြောမယ်"
ထိုမှသာ ရှုရွှင်းသည် ခေါင်းကိုလှည့်ကာ စောင်အောက်မှ မျက်နှာကိုထုတ်ပြလိုက်သည်။
ရှန်းထင်းကျိုးသည် အဖျားတက်နေပြီးမျက်လုံးများ အနည်း ငယ်စိုစွတ်နေသော ရှုရွှင်းအားမြင်လိုက်ရသဖြင့် အပူကျကပ်ခွာကို နဖူးပေါ်အမြန်တင်ပေးလိုက်သည်။
ရှင်းထင်းကျိုးသည် သူ့မျက်လုံးထောင့်မှတဆင့် ဆိုဖာပေါ်တွင် ဆန့်ဆန့်ကြီး ရှိနေတဲ့ မီးခိုးရောင်ကြောင်ကို သတိထားမိပြီး ဒီတိုင်းကြည့်နေရုံဖြင့် မအောင့်နိုင်တော့ပေ။
သူ ပြန်လှည့်ကြည့်လိုက်တော့ သူ့အား စိုက်ကြည့်နေတဲ့ နက်မှောင်နေသောမျက်လုံးများနှင့် ပက်ပင်းတိုးပြီး The Ring ဇာတ်ကားထဲမှ Sadako ကိုပင် ပြန်အမှတ်ရသွားစေသည်။
ရှန်းထင်းကျိုးသည် ထိုအငွေ့အသက်ကို သိမ်မွေ့စွာခံစားလိုက်ရသည်။
"မစ္စတာရှု..."
သူ့ စကားမစခင် ရှုရွှင်း စောင်အား သူ့ကိုယ်ပေါ်ပြန်ဆွဲတင်လိုက်သည်။
ရှန်းထင်းကျိုး :...