no

Font
Theme

🩺 Chapter 16

ကြောင်စာကျွေးလို့တော့ မဖြစ်ပေ။ ရှန်းထင်းကျိုး စားပွဲပေါ်မှ ငှက်ပျောသီးကို တွေ့လိုက်ကာ ခဏတာတုံ့ဆိုင်းသွားသော်လည် တစ်လုံးဖြုတ်ပြီး ရှုရွှင်းအား ပေးလိုက်သည်။

ရှုရွှင်း မယူပေ၊ သူ့အား ကြည့်နေဆဲပင်။

ရှန်းထင်းကျိုး ခဏရပ်သွားကာ ငှက်ပျောသီးကို အခွံခွာကာ သူ့ကိုထပ်ပေးလိုက်သည်။

ရှုရွှင်း... လက်ခံလိုက်သည့်၊ သို့သော်ငြား သူ့ကြည့်ရသည်မှာ မပျော်သေးသည့်ပုံပင်။

မူလနေထိုင်တဲ့သူအား နှစ်သိမ့်ပြီးနောက်တွင် ရှန်းထင်းကျိုး ကြောင်ကိုပျော်ပျော်ကြီး ဆက်ပွတ်သပ်တော့သည်။

---

ကြောင်နှစ်ကောင်ကြားရှိ လေထုသည် ဤမျှ မတင်းမာတော့သောကြောင့် ထိုညနေခင်းတွင် ရှန်းထင်းကျိုး ငွေရောင်ကြောင်ကလေးကို အိမ်သို့ ပြန်ခေါ်မလာတော့ပေ။

သူနည်းနည်း စိတ်မကောင်းဖြစ်နေသော်လည်း ငွေရောင်ကြောင်ကလေးသည် အဖွဲ့ဝင်ဖြစ်သွားသည်ကို မြင်ရချိန်တွင် ရှန်းထင်းကျိုး အလွန်ပျော်သွားသည်။

အိမ်ကိုကားမောင်းပြန်ခဲ့ကာ သူရေချိုးပြီး အိပ်ရန် ပြင်နေချိန်တွင် ကျိုးဇီထန်းမှ ဖုန်းဆက်လာခဲ့သည်။

ကျိုးဇီထန်း၏မွေးစားအမေဖြစ်သူ၏မွေးနေ့ပွဲအတွက် ရှန်းထင်းကျိုးကို ဖိတ်ကြားခြင်းဖြစ်သည်။

ကျိုးဇီထန်း စိတ်အားထက်သန်စွာဖြင့် "လာပါဗျာ။ လာခဲ့ ခင်ဗျားကို ကျွန်တော့်အမေနဲ့ မိတ်ဆက်ပေးမယ်။ ဒါမှ ကျွန်တော့်မှာလည်း လူရည်မွန်သူငယ်ချင်းတွေရှိမှန်းသိမှာ။”

ရှန်းထင်းကျိုး : ...

ရှန်းထင်းကျိုး အစက ငြင်းချင်ခဲ့သော်လည်း ကျိုးဇီထန်း၏ မဆုတ်မနစ် ဖိတ်ကြားချက်ကိုမခုခံနိုင်တော့ပေ။

မွေးနေ့ပွဲဟာ ဒီတစ်ပတ် သောကြာနေ့တွင်ဖြစ်သည်။

ကျိုးဇီထန်းရဲ့ဖခင်သည် ပလက်တီနမ်ဂျွိုင်း ဟိုတယ်၏ အပေါ်ဆုံးထပ်ကို ငှားရမ်းခဲ့ပြီး ဇနီးဖြစ်သူရဲ့မွေးနေ့ကို တက်ရောက်ရန် ရင်နှီးသည့် မိတ်ဆွေများနှင့် လုပ်ငန်းပါတနာများအား ဖိတ်ကြားခဲ့သည်။

ကျိုးဇီထန်းသည် သူ့မွေးစားအမေနှင့် အလွန်ရင်းနှီးသည်။ မွေးနေ့မတိုင်ခင် တစ်ရက်အလိုကတည်းက ဆံပင်ကို အမဲရောင်ပြန်ဆိုးထားခဲ့ပြီးဖြစ်သည်။

ရှန်းထင်းကျိုး ရောက်ချိန်တွင် ကျိုးဇီထန်းသည့် သူ့မွေးစားမိခင် ဟဲရန်ကျယ်အနားတွင်ရှိနေခဲ့သည်။

သူသည် ရိုးရှင်းသည့် ရုပ်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်သို့ သပ်သပ်ရပ်ရပ် လှန်ဖီးထား သည်။ သူဟဲရန်ကျယ်အား စကားပြောနေပုံမှာ အလွန်လိမ္မာလွန်းလှသည်။

ဤသို့သော ကျိုးဇီထန်းအား ရှန်းထင်းကျိုး တစ်ခါမှပင် မမြင်ဖူးပေ။

ဟဲရန်ထင်းရှေ့မှာပင် ကျိုးဇီထန်း ဤမျှ လိမ်လိမ်မာမာမနေပေ။ သူအား ‘ဆု’ပင်ပေးလို့ရလောက်သည်။

---

ကျိုးဇီထန်း ရှန်းထင်းကျိုးအားတွေ့သော် လက်ဝှေ့ယမ်းပြလာသည်။

"ဒေါက်တာရှန်း"

ရှန်းထင်းကျိုး ဟဲရန်ကျယ်ထံ သွားရောက်ကာ "အားရီ ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ။”

ဟဲရန်ကျယ်မှာ အသက်အရွယ်ရနေပြီဖြစ်သော်လည်း အလှတရားမှာတော့ မမှေးမှိန်သေးပေ။ သူမ၏ သိမ်မွေ့သည့်အပြု အမူများသည် သူ့မ၏ အသွင်အပြင်နှင့် အကြည့်များကို ပျော့ပြောင်းသွားစေကာ ပြုံးရိပ်ပါသည် မျက်လုံးများသည် လူများကို နွေးထွေးစွာ ကြိုဆိုသည်ဟု ခံစားသွားရစေသည်။

"ရှောင်ထန်းက မင်းအကြောင်းတွေ အများကြီးပြောဖူးတယ်။ မင်းနဲ့ နောက်ဆုံးတော့ တွေ့ရပြီပေါ့ကွယ်။ မင်းက သူပထမဆုံးအကြိမ် အိမ်ခေါ်လာပြီး မိတ်ဆက်ပေးတဲ့ သူငယ်ချင်းပဲ။”

ရှန်းထင်းကျိုးမှာ ရုတ်တရက် မျက်စိထဲ မြင်ယောင်မိသွားသည်။ - 'မင်းက သူပထမဆုံးအကြိမ် အိမ်ခေါ်လာတဲ့ ကောင်မလေးပဲ။'

"ကျွန်တော်...ဇီထန်းနဲ့ သိတာ သိပ်မကြာသေးပါဘူး။" ဟုသာ ရှန်းထင်းကျိုး ပြောနိုင်တော့သည်။

ဟဲရန်ကျယ် : "သူငယ်ချင်းအစစ်အမှန်ဆိုတာ အချိန်နဲ့တိုင်း တာလို့ရတဲ့ အရာ မဟုတ်ဘူးလေ။ တခါတလေ ရှောင်ထန်းက နဲနဲဆိုးတယ်။ မင်းသူ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်။"

ရှန်းထင်းကျိုး : "ရပါတယ် အန်တီ။”

ကျိုးဇီထန်း ဟဲရန်ကျယ်ရှေ့တွင် ကိုယ်ကို ကိုင်းလိုက်ပြီး "ကျွန်တော်က အရမ်းလိမ္မာတာ၊ ဒေါက်တာရှန်းကို ဒုက္ခမပေးပါဘူး။"

ဟဲရန်ကျယ် ပြုံးလိုက်သည်။

ကျိုးဇီထန်း တုံ့ဆိုင်းသွားပြီးနောက် တိုးတိုးလေး မေးလိုက်သည်။

"မား... ကောရော ဒီနေ့လာမှာလား?"

"လာမှာပေါ့။" ဟဲရန်ကျယ် သူအကြောင်းသိသောကြောင့် မေးလိုက်သည်။

“မင်းတို့ ရန်ဖြစ်ထားတာလား။”

ကျိုးဇီထန်း ဂနာမငြိမ်ဖြစ်သွားသော်လည်း ခေါင်းရမ်းလိုက်သည်။

"မဖြစ်ပါဘူး။"

ဟဲရန်ကျယ် ထပ်မေးမှာ စိုးသည်အတွက် ကျိုးဇီထန်းအ ကြောင်းပြချက်တစ်ခုပေးကာ ရှန်းထင်းကျိုးအား ဆွဲခေါ်သွားသည်။

အစားအသောက်ဧရိယာနားရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း ကျိုးဇီထန်းမှာ တံခါးဝကို ခဏခဏကြည့်နေခဲ့သည်။

ရုတ်တရက် သူမေးလာခဲ့သည်။ "ဒေါက်တာရှန်း...ကျွန်တော့် အစ်ကိုက အဲ့ဒီ...အဲ့ဒီလူကိုရော ခေါ်လာမယ်ထင်လား?"

ရှန်းထင်းကျိုး : "မခေါ်လာ လောက်ပါဘူး။”

ခေါ်လာရင် ပွင့်ပွင့်လင်းလင်းနဲ့ come out လုပ်တာ ဖြစ်မသွားဘူးလား?

ဤအဖြေသည် ကျိုးဇီထန်း၏မျက်နှာကို အနည်းငယ် ပြန်သာယာသွားစေသည်။

မကြာမီ အပေါက်ဝတွင် အရပ်ရှည်ရှည်၊ အေးတိအေးစက် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ကျိုးဇီထန်း အသားကို မြင်လိုက်ရသည့် ဆာလောင်နေသည့် ခွေးတစ်ကောင်းအတိုင်ပင် ချက် ချင်းထသွားသည်။

---

ကျိုးဇီထန်း ဟဲရန်ထင်းအား မျက်နှာချိုသွေးနေသည်ကို ရှန်းထင်းကျိုးမြင်သော် ခဏလောက် စကားမပြောနိုင်ဘဲဖြစ်သွားသည်။

ရုတ်တရက် နောက်မှ သူ့အား “ကျစ်”ဆိုသည့် အသံပြုလာသံကို ကြားလိုက်ရသည်။

နောက်လှည့်ကြည့်လိုက်လျှင် ကျက်သရေရှိစွာနှင့် လှလှပပလေးဝတ်ထားသည့် ချင်ရှစ်ယောင်မှာ သူ့နောက်တွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။

ချင်ရှစ်ယောင်သည် ဟဲရန်ထင်းအား မျက်နှာချိုသွေးနေသည့် ကျိုးဇီထန်းကို ကြည့်နေပြီး အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။

"သူ အခု များများလျှာနဲ့ လျက်လေ၊ နောက်ပိုင်း မီးသဂြိုလ်စက်က ပိုပြီး အားပြင်းပြင်းနဲ့လောင်ကျွမ်းလေပဲ။”

ရှန်းထင်းကျိုး သူမ၏ စိတ်ကူးယဥ်ဆန်နေမှုကို ဖျက်ဆီးလိုက်သည်။၊

"မလောင်ကျွမ်းလောက်ဘူးနော်။ ရှောင်ကျိုးက ဥက္ကဌဟဲအပေါ် အဲလို ခံစားချက်မျိုးမရှိလောက်ဘူး။”

"ပါးစပ်ပိတ်!"

ချင်ရှစ်ယောင် မာဆတ်ဆတ်ပြောလိုက်သည်။

"အဲ့ဒီ မီးသဂြိုလ်စက်က သေချာပေါက် လောက်ကျွမ်းမှာ။ အခြားဖြစ်နိုင်ခြေမရှိဘူး!"

ရှန်းထင်းကျိုး : ...

အဲဒါဆိုလည် ဟုတ်ပါပြီ။

ရှန်းထင်းကျိုး သူတို့၏ သဘောထားကွဲလွဲမှုကို ဘေးဖယ်ကာ နောက်ယုတ္တိရှိသည့် အကြောင်းအရာကို ပြောင်းလိုက်သည်။

"မင်းက ဘာလို့ ဒီမှာရှိနေတာလဲ ?"

ချင်ရှစ်ယောင်၏ မျက်နှာအမူအရာမှာ ပျော့ပျောင်းသွားသည်။

"ကျွန်မတို့ မိသားစုချင်း ပူးပေါင်းဆောင်ရွက်နေကြတာလေ။ စကားမစပ် တကယ်တော့ ကျွန်မ ရှင့်ကို ရှာနေတာ။”

တစ်ဖက်လူမှ သူ့အား ဘာကြောင့်ရှာနေသည်ကို ရှန်းထင်းကျိုး နည်းနည်းပါးပါး ရိပ်မိသော်လည်း မသိချင်ယောင်ဆောင်လိုက်သည်။

"တစ်ခုခုလိုလို့လား ?”

ချင်ရှစ်ယောင် မေးလာသည်။

"ကျန်းကျီရဲ့ အချစ်ဦးအကြောင်းကို သိလား ? ကျွန်မ ကျိုးဇီထန်းဆီကနေ စာတစ်စောင်ရလိုက်တာ။ ပြီးတော့ အဲဒီ့လင်း ရွှယ်ယန်ကိုလည်း လူလွှတ်ပြီး စုံစမ်းခဲ့တယ်။”

ရှန်းထင်းကျိုးက မျက်လွှာချလိုက်ပြီး အပြစ်ရှိသလိုခံစားလိုက်ရသည်။။

အမှန်မှာ စာကို ပို့ခဲ့သူသည် သူဖြစ်ပြီး ကျန်းကျီ အချစ်ဦး၏ ဆေးရုံလိပ်စာကို ချင်ရှစ်ယောင်အားပြောပြခဲ့ခြင်းဖြစ်သည်။

လင်းရွှယ်ယန်မှာ လွန်ခဲ့သည့် ခြောက်လက ကားမတော်တဆမှုဖြစ်ခဲ့ပြီး ကိုမာဝင်နေကာ ယခုထိ ဆေးရုံမှာရှိနေဆဲဖြစ် သည်။

ရှန်းထင်းကျိုး ချင်ရှစ်ယောင်အား ဤအကြောင်းကို ပြောပြခဲ့ခြင်းမှာ ကျန်းကျီ ဘာကြောင့် ဟဲရန်ထင်းဘေးတွင် ရှိနေရတယ်ဆိုတာ နားလည်သွားစေဖို့ဖြစ်သည်။

ချင်ရှစ်ယောင်၏ မျက်နှာမှာ အရသာခံနေသည့်ပုံနှင့်

"အဲ့ဒီ လင်းရွှယ်ယန်က၊ ဟက်”

ရှန်းထင်းကျိုး : ?

ချင်ရှစ်ယောင်မှ ဗုံးတစ်လုံးအား ပစ်ချလိုက်သည်။

"သူ့ကားမတော်တဆမှုက မရိုးရှင်းဘူး။”

ရှန်းထင်းကျိုး : !!!

ဒါက မယ်လိုဒရမ်မာကနေ ဘယ်လိုလုပ် သဲထိတ်ရင်ဖိုဇာတ် လမ်းကို ပြောင်းသွားတာလားဟ?

ရှန်းထင်းကျိုး နောက်ထပ်မေးချိန်ပင် မရလိုက်ပေ။ ချင်ရှစ်ယောင်သည် ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး ‘တိတ်တိတ်နေရန်’ အမူအရာပြလိုက်သည်။

သူမ ရှေ့မှ လူချမ်းသာ အမျိုးသမီးတစ်ချို့၏ စကားဝိုင်းကို နားစွင့်နေခြင်းဖြစ်သည်။

---

"ဒီမွေးနေ့ပွဲကို ဥက္ကဌကျိုး ကိုယ်တိုင်စီစဉ်ပေးတာလို့ကြားတယ်။ မစ္စစ်ကျိုး၊ နောက်ဆုံးတော့ ကောင်းကောင်းနေနိုင်တဲ့နေ့ရက်တွေ ရောက်လာပြီပဲနော်။"

"နင် 'ကောင်းကောင်းနေနိုင်တဲ့နေ့ရက်တွေ' ဆိုတာ ဘာကိုပြောချင်တာလဲ။ မစ္စစ်ကျိုးနဲ့ မစ္စတာကျိုးက ကလေးဘဝကတည်း က အတူတူကြီးပြင်းလာကြတာ။ ဒီတစ်လျှောက်လုံးလည်း အချင်းချင်းဖေးမလာကြတာလေ။”

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မ စိတ်လှုပ်ရှားသွားပြီး စကားတွေတောင် မှားကုန်ပြီ။”

ဟဲရန်ကျယ် ပြုံးပြလိုက်သည်။

"အားလုံးက မိတ်ဆွေတွေချည်းပဲကို၊ ပေါ့ပေါ့ပါးပါး ပြောကြပါ။"

ချင်ရှစ်ယောင် မပြုံးဘဲမနေနိုင်တော့ချေ။

ဟဲရန်ကျယ်နှင့် ကျိုးဇီကျုံးတို့ဟာ အထက်တန်းလွှာအသိုင်း အဝိုင်းတွင် နာမည်ကြီးသည့် ရန်ဖြစ်လေ့ရှိကြသည့်စုံတွဲဖြစ်ပြီး အနှစ်နှစ်ဆယ်ကျော် အတူနေထိုင်ခဲ့ကြသောကြောင့် ဇာတ်လမ်းများစွာလည်းရှိသည်။

ရှန်းထင်းကျိုးလည်း အချို့ဇာတ်လမ်းများကို ကြားဖူးသော ကြောင့် ချင်ရှစ်ယောင် ဘာကြောင့်ရယ်နေသည်ကို သူ လည်းသိသည်။

အချို့လူများသည် ဟဲရန်ကျယ်ကို မြှောက်ပင့်ရန် ကြိုးစားရင်း သူတို့ကိုယ်သူတို့ အရှက်ခွဲမိသွားကြသည်။ ကံကောင်းသည်မှာ ယခုဟဲရန်ကျယ်သည် နူးညံ့သောကြောင့် သူတို့ကို လွတ်ပေး လိုက်ခြင်းဖြစ်သည်။

သူ ငယ်ရွယ်စဥ်အချိန်တုန်းက ဟဲရန်ကျယ်၏စိတ်နေသဘော ထားမှာ ချင်ရှစ်ယောင်ထက်ပင် ပိုဆိုးသည်။

သူနှစ်ဆယ်ကျော်အရွယ်တွင် အင်အားကြီးသည့် ဖခင်နှင့် ကာကွယ်ပေးတတ်သည့် အစ်ကိုတစ်ယောက်ရှိသည့် ဟဲရန်ကျယ်မှာ အထက်စီးဆန်ပြီး လွှမ်းမိုးချုပ်ကိုင်တတ်သူဖြစ်သည်။

သူမဘဝသည် ချောချောမွေ့မွေ့ဖြစ်ခဲ့သော်လည်း နှလုံးသားကိစ္စတွင်တော့ မဟုတ်ခဲ့ပါချေ။

သူမနှင့် ကျိုးဇီကျုံးတို့သည် ငယ်ကျွမ်းဆွေများဖြစ်ခဲ့ကြသော်လည်း သူတို့လက်မထပ်ခင်တွင် ကျိုးဇီကျုံးတွင် လရောင်ဖြူလေးရှိခဲ့သည်။

သခင်ကြီးကျိုးသည် ထိုမိန်းကလေးကို နိုင်ငံခြားသို့ နှင်ထုတ်ခဲ့ကာ ကျိုးဇီကျုံးကို ဟဲရန်ကျယ်နှင့် အတင်းလက်ထပ်ခိုင်းခဲ့သည်။

လက်ထပ်ပြီးနောက် သူတို့အိမ်ထောင်ရေးမှာ အလွန်ပင်ဆိုး ဝါးခဲ့သည်။ ကျိုးဇီကျုံးသည် အမြဲ အတင်းအဖျင်းတွေ ရှိကာ အမျိုးသမီးပေါင်း များစွာနှင့် ရှုပ်ခဲ့သည်။

ဟဲရန်ကျယ်သည်လည်း သည်းခံတတ်သူမဟုတ်ပါချေ။ ကျိုးဇီကျုံး တစ်ညလုံးအိမ်ပြန်မလာခဲ့သည့် အချိန်တုန်းက ဓားဖြင့် ကုမ္ပဏီကို သွားကာ အစည်းအဝေးခန်းထဲမှာပင် သူ့အား ဓားနဲ့ထိုးဖို့လုပ်ခဲ့သေးသည်။

ဒီအဖြစ်အပျက်မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့သည်။

ကျိုးဇီကျုံး၏ သူငယ်ချင်းသည် မကြာခဏ ဟာသလုပ်ကြလေ့ရှိသည်။

အားလုံးမှာ သူတို့ ဘယ်အချိန် ကွာရှင်းကြမလဲလို့ စောင့်ကြည့်နေခဲ့ကြသည်။ နှစ်တွေ ကြာလာသည်နှင့်အမျှ ပိုပိုဆိုးလာခဲ့သည်။

ကျိုးဇီကျုံးသည် သူ၏ playboy ဘဝကို ဆက်လုပ်နေပြီ: သူချစ်သူများမှာ များပြားလွန်းလှပြီး အားကစားအသင်းတွေ အမျိုးမျိုးပင် ဖွဲ့နိုင်လောက်သည်။

အတင်းအဖျင်းတစ်ခု ပေါ်လာတိုင်း သူမှာ ဒဏ်ရာအသစ်တွေရသည်။

သစ်သီးဓားနှင့် လှီးခံရသည့် ဓားရာ၊ ပြာခွက်ကြောင့်ရသည့် ထိခိုက်ဒဏ်ရာတွေနှင့် ဂေါက်သီးတုတ်နှင့် အထုခံရသည့် ဒဏ်ရာများအပြင် လက်မောင်းအဆစ် နှစ်ကြိမ်လွဲဖူးပြီး တစ်ခါမှာ ဆေးရုံမှာပင် နှစ်လလောက်နေခဲ့ရသည်။

အားလုံးမှာ ဟဲရန်ကျယ်၏လက်ရာများပင်ဖြစ်သည်။

ထိုအချိန်တုန်းက လူတိုင်းသည် ဟဲရန်ကျယ်အား အထက် တန်းလွှာအသိုင်းအဝိုင်း၏ ပထမဆုံး အိမ်တွင်းအကြမ်းဖက်သူဟုပင် နာမည်ပြောင်ပေးကြသည်။ ကျိုးဇီကျုံး၏ သူငယ် ချင်းများ အားလုံးသည်လည်း ဟဲမိသားစု အကြီးဆုံးသမီးကို လန့်ကြသည်။

နောက်ဆုံးတွင် နှစ်ဖက်မိဘမှ ကွာရှင်းရန် အကြံပေးခဲ့သော် လည်း ထိုစုံတွဲမှ ငြင်းဆန်ခဲ့ကြသည်။

လက်ထပ်ပြီး လေးနှစ်မြောက်တွင် အမျိုးသမီးသရုပ်ဆောင်တစ်ဦးသည် ကျိုးဇီကျုံး၏ သားကို ကိုယ်ဝန်ဆောင်ထားရသည်ဟု ကြေညာခဲ့သည်။

ထိုနှစ်များအတွင်း ကျိုးဇီကျုံးသည် အမျိုးသမီးများစွာနှင့် အမျိုးစုံကြိုးခုန်ခဲ့သည့်အတွက် ဘယ်သူက အစစ်၊ ဘယ်သူက အတုမှန်းပင် ခွဲခြားရခက်လှသည်။

အချိန် အများစုတွင် သူသည် သဘောကောင်း၊ရက်ရောသူဖြစ်သော်လည်း ထိုအချိန်တွင်မူ အေးစက်ပြီး အညှာတာကင်းမဲ့သည့် ဘက်ခြမ်းကိုထုတ်ပြခဲ့သည်။

နောက်ပိုင်းတွင် ထိုသရုပ်ဆောင် ပျောက်ကွယ်သွားခဲ့ပြီး ကားနှင့်အိမ်ကိုပါရောင်းချကာ စာချုပ်ကြေးပမာဏအများကြီးကိုပါ လျှော်ကြေးပေးခဲ့ရသည်ဟု ဆိုသည်။

နောက်ပိုင်းခွဲခြားစိတ်ဖြာမှုများအရ ထိုကလေးသည် ကျိုးဇီကျုံး၏သားမဟုတ်ခြင်းကြောင့်လည်း ဖြစ်နိုင်သလို သူသည် ကလေးမလိုချင်သောကြောင့်ဖြစ်မည်ဟုလည်း သုံးသပ်ခဲ့ကြသည်။

ကျိုးဇီကျုံးသည် နောက်ဆက်တွဲ ပြဿနာကြီးအား ရင်ဆိုင်ရမည်ကို သိသော်လည်း အိမ်ပြန်ခဲ့သည်။ သူငယ်ချင်းများက ဟဲရန်ကျယ်၏ အမျက်ဒေါသသည် သေစေနိုင်လောက်သည်ကို သိသောကြောင့် ဝေးဝေးမှာ နေရန် အကြံပေးခဲ့ကြသည်။

ကျိုးဇီကျုံးသည် ထွက်မသွားခဲ့ပေ။ ထူးဆန်းစွာပင် ဟဲရန်ကျယ်သည်လည်း ထိုအချိန်တွင် အကြမ်းမဖက်ခဲ့ပေ။

နှစ်များစွာ ကြာပြီးနောက် ဟဲရန်ကျယ်သည် ကြင်နာတတ်သော မစ္စစ်ကျိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။

မြို့တော်၏ အကျော်ကြားဆုံး playboy မှာ ယခုအခါတွင် လူရိုသေ၊ ရှင်ရိုသေ မစ္စတာကျိုး ဖြစ်လာခဲ့သည်။

ဤကျော်ကြားသောသည့် ရန်ဖြစ်တတ်သည့်စုံတွဲ၏ ဆက်ဆံရေးသည် သက်လတ်ပိုင်းအရွယ်တွင် တိုးတက်လာခဲ့သည်။

အဓိကအားဖြင့် အသက်အရွယ်ရလာသော playboy ကျိုးဇီကျုံးသည် ဘဝသစ်ပြန်စရန် ကြိုးစားနေသကဲ့သို့ပင် လူအများရှေ့တွင် ချစ်ခြင်းမေတ္တာပြသမှုများ ပြုလုပ်လာခဲ့သည်။

သူသည် အမှန်ပင် ပြောင်းလဲသွားခြင်းလား သို့မဟုတ် ရှယ် ယာရှင်များအတွက် ခင်ပွန်းကောင်းပုံရိပ်ကို ထိန်းသိမ်းရန်ကြိုးပမ်းနေသည်လားဆိုသည်ကိုတော့ မသိပါချေ။

အမှန်တရားအား အပြင်လူများသည် ဂရုမစိုက်ကြပါချေ။ သူတို့သည် ဟဲရန်ကျယ်နှင့် ရင်းနှီးရန် ကြိုးစားနေကြပြီး မစ္စတာကျိုးအား မည်သို့ထိန်းချုပ်ထားသည်ကို မေးနေကြသည်။

ဟဲရန်ကျယ်၏ အပြုံးရိပ်မှာ အနည်းငယ်ဖျော့သွားခဲ့သည်။ "ထိန်းချုပ်တာမျိုးမရှိပါဘူး၊ ဒီအတိုင်း လေးစားမှုနဲ့ နားလည်မှုနဲ့ပေါ့။”

လေးစားမှုနှင့် နားလည်မှု။

ဤစကားများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်က ဟဲရန်ကျယ်၏ ပါးစပ်မှ ထွက်လာခဲ့ခြင်းဖြစ်ပါကရှိသည့် လူတိုင်းအံ့အားသင့် သွားကြမည်ဖြစ်သည်။

သူမ အသေးစိတ်ရှင်းပြလိုစိတ်မရှိသည်ကို မြင်သော် အားလုံးရယ်ကာမောကာနှင့် အခြားအကြောင်းအရာကို ပြောင်းပြောလိုက်ကြသည်။

ဤအချိန်တွင် ကျိုးဇီကျုံး ချဉ်းကပ်လာသည်။ "ရန်ကျယ်။"

ကျိုးဇီကျုံးသည် ဟဲရန်ကျယ်ထက်နှစ်နှစ်ကြီးသည်။ အသက် အရွယ်ကြောင့် ဗိုက်ပူလာသော အခြားသူများနှင့်မတူဘဲ သူသည် ချောမောကာ ကျက်သရေရှိဆဲပင်။

အချိန်၏တိုက်စားမှုအောက်တွင် သူအား ရင့်ကျက်ပုံပေါ်လာစေခဲ့သည်။ ဟဲရန်ကျယ်အပေါ် သူ၏အကြည့်မှာ အလွန်နူးညံ့သည်။

"ကိတ်မုန့်လှီးဖို့ အချိန်ရောက်ပြီ။"

ဟိုတယ်ဝန်ထမ်းများသည် ကိတ်မုန့်လှည်းကို တွန်းလာကြပြီး အနီးအနားရှိ ဧည့်သည်များသည် စုဝေးလာကြသည်။

ကျိုးဇီကျုံးသည် ဟဲရန်ကျယ်၏ လက်ကိုထိချင်ခဲ့သည်။

ဟဲရန်ကျယ်သည် သိမ်မွေ့စွာ ရှောင်တိမ်းလိုက်ပြီး ကျိုးဇီထန်းကို ခေါ်လိုက်သည်။

"ရှောင်ထန်း၊ ဒီကို လာပြီး ကိတ်မုန့်လှီးဖို့ ကူပါဦး။"

ကျိုးဇီကျုံးသည် မျက်လွှာချလိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

ကျိုးဇီထန်းသည် အမြန်ပြေးလာပြီး မီးအောက်တွင် သူ့မျက် လုံးများသည် တောက်ပနေကာ ဟဲရန်ကျယ်အား ချစ်မြတ်နိုးမှုများနှင့် ပြည့်နှက်နေသည်။

ဟဲရန်ကျယ်၏ဘယ်ဘက်တွင် ကျိုးဇီကျုံးရှိကာ ညာဘက်တွင် ကျိုးဇီထန်းဖြစ်သည်။

ထူးချွန်ပြီး စွမ်းဆောင်ရည်ရှိသည့် ခင်ပွန်းနှင့် ချောမောပြီး ကျင့်ဝတ်သိတတ်သည့် သားတစ်ယောက်ရှိသော ဟဲရန်ကျယ်သည် ပျော်ရွှင်နေသူ အမျိုးသမီးတစ်ဦးဟု လူတိုင်းထင်မှတ်ကြလိမ့်မည်။

ချင်ရှစ်ယောင်သည်ပင် ခဏတာ လှည့်စားခံရပြီး ရှန်းထင်းကျိုးထံ တိုးကာမှတ်ချက်ပေးလာသည်။

"ရှင် သိလား ? သူတို့ သုံးယောက်က မိသားစုအတိုင်းပဲ။”

"..."

သူတို့သုံးယောက်က တကယ်ပဲ မိသားစုများလား ?

ဟဲရန်ကျယ် ကိတ်မုန့်လှီးမည့်အချိန်တွင် ခန်းမတံခါးမှာ ပွင့်လာခဲ့သည်။

အတွင်းရှိ ဧည့်သည်များသည် ကိတ်မုန့်လှီးသည်ကို တိတ် ဆိတ်စွာကြည့်နေကြခြင်းဖြစ်ကာ တံခါးပွင့်လာသံမှာ သိသာလွန်းလှပြီး ဇာတ်လမ်းထဲတွင် ဒရမ်မာ အချိုးအကွေ့ရောက်တိုင်း ထည့်သည့် တီးလုံးအတိုင်းပင် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။

လူတိုင်းသည် တံခါးဝသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

အနက်ရောင် ဂါဝန်ကိုဝတ်ကာ၊ အနက်ရောင် ဇာလွာပါးထားသည့် ဦးထုပ်ကို ဆောင်းထားပြီး အဖြူရောင်ပန်းတစ်ပွင့်အား ရင်ထိုးတွင် တပ်ထားသည့် အမျိုးသမီးတစ်ဦးလှမ်းဝင်လာခဲ့သည်။

"ဝေါင်း!"

ချင်ရှစ်ယောင်သည် အံ့အားသင့်စွာဖြင့် အသံပြုလိုက်သည်။

ရှန်းထင်းကျိုး နှုတ်ခမ်းမှာ အနည်းငယ်တွန့်သွားခဲ့သည်။

အဖြူရောင်ပန်းတစ်ပွင့်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်းသည် မွေးနေ့ပွဲကို တက်ရောက်လာခြင်းထက် ဈာပနပွဲကိုတက်ရောက်လာသည်နှင့် ပိုတူနေသည်……..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment