no

Font
Theme

🩺 Chapter 14

ကုန်တိုက်မှ အိမ်သို့ ပြန်ရောက်သည်နှင့် စုယွီသည် တံခါးဖွင့်ပြီး အပေါ်ထပ်သို့ အော်လျက်တက်သွားသည်။

“အားယန်၊ အားယန်။”

ယွီမင်ယန် စာကြည့်ခန်းထဲမှ ထွက်လာသည်။

"ဘာဖြစ်လို့လဲ။"

စုယွီ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။

"ဒေါက်တာရှန်း ရန်ဖြစ်ခဲ့တာလေ၊ ပြီးတော့ တစ်ဖက်လူကို ဒဏ်ရာရအောင် ရိုက်ပစ်လိုက်တယ်လေ။”

ရှန်းထင်းကျိုး - ...

ပွန်းပဲ့ရာ အနည်းငယ်သာဖြစ်ပြီး "ဒဏ်ရာရသွားတယ်" ဆိုသည်မှာ ချဲ့ကား ပြောဆိုနေခြင်းပင်။

ယွီမင်ယန် ရှန်းထင်းကျိုးအား တစ်ချက်ကြည့်လိုက်ပြီး စုယွီအား မေးလိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ။"

စုယွီသည် ရှန်းထင်းကျိုး သူ့အား မည့်သို့ကာကွယ်ပေးခဲ့ပုံ၊ ဓာတ်ပုံ ခိုးရိုက်သည့် နှာဗူးနှင့် မည်သို့ရန်ဖြစ်ခဲ့ပုံတို့ကို ကွက် ကွက်ကွင်းကွင်းမြင်အောင် အသေးစိတ်ပြန်ပြောပြခဲ့သည်။

ယွီမင်ယန်၏ ဖီးနစ်မျက်လုံးများသည် အနည်းငယ်မှေးကျဉ်းသွားပြီး စူးရှသည့် အလင်းတစ်ချက် လက်သွားသည်။

"စစ်ရှန့် ကုန်တိုက်မှာလား"

စုယွီခေါင်းညိတ်ကာ "စစ်ရှန့်ကုန်တိုက်ရဲ့ တတိယလွှာမှာ ညနေသုံးနာရီလောက်တုန်းက"

ယွီမင်ယန် စုယွီ၏ခေါင်းကိုပုတ်လိုက်သည်။

"ငါသိပြီ"

သူ၏လေသံမှာ အေးဆေးတည်ငြိမ်သော်လည်း ရှန်းထင်းကျိုး သည် တစ်ခုခုမှားနေသည်ဟု ခံစားမိလိုက်ကာ သတိထားပြီး မေးလိုက်သည်။

"ငါတို့ ရဲမခေါ်သင့်ဘူးလား ?”

သူဘက်မှ ရန်စဖြစ်ခဲ့ခြင်းဖြစ်သော်လည်း ထိုနှာဗူး၏ဖုန်းထဲတွင် ခိုးရိုက်ထားသည့် ဓာတ်ပုံများပြည့်နှက်နေကာ ရဲများစစ်ဆေးရန် လိုအပ်သေးသည်။

---

ယွီမင်ယန် ဆိတ်ဆိတ်နေသော်လည်း စုယွီမှ ပြောလာသည် "ဒေါက်တာရှန် caramel ပုရောဆိတ်တွေအကြောင်း ကြားဖူးလား"

ရှန်းထင်းကျိုး ခေါင်းခါလိုက်သည်။

စုယွီ ပြောပြသည်။

"ပုရွက်ဆိတ်တွေက ပူလွန်းတဲ့အရာတွေကို မခံနိုင်ဘူး။ ဒါပေမယ့် ချိုတဲ့အရာတွေနဲ့ အနံမွှေးတဲ့ အရာတွေကိုတော့ကြိုက်တယ်။ မင်းသာ သူတို့ရှေ့မှာ ပွက်ပွက်ဆူနေတဲ့ caramel ကန်ကြီး တစ်ခုထားလိုက်။ တစ်ဖက်ကကြည့်ရင် ပူတယ်၊ တစ်ဖက်ကကြည့်ရင် မခုခံနိုင်လောက် အောင် ဆွဲဆောင်မှုရှိတယ်။ ပုရွက်ဆိတ်တွေ ဘာလုပ်မယ်လို့ မင်းထင်လဲ။”

ရှန်းထင်းကျိုး မသိပါချေ။

စုယွီ ဖျော့ဖျော့ပြုံးကာ "ပုရွက်ဆိတ်တွေက တုံ့ဆိုင်းကြလိမ့်မယ်။ ရုန်းကန်ကြလိမ့်မယ်။ caramelက မြန်မြန်စီးဆင်းနိုင်သရွေ့ သူတို့ဆီ စီးသွားပြီး caramel ပုရောဆိတ်တွေဖြစ်သွားမှာပဲ။”

ဒါက ဘယ်လိုတောင် စိတ်မချမ်းသာစရာကောင်းတဲ့ ဟာသမျိုးတုန်း ?

ရှန်းထင်းကျိုး မျက်မှောင်ကျုံ့နေသည်ကိုမြင်သော် စုယွီ အ ပြစ်ကင်းစွာ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်သည်။

"မင်းကို စနေတာပါ။"

ယွီမင်ယန်လည်း ပြုံးကာ သဘောတူလာသည်။

"ဟုတ်တယ်၊ စနေကြတာပါ။"

ရှန်းထင်းကျိုး စနေသည် မဟုတ်ဟုခံစားရသော်လည်း ထိုစုံတွဲမှာ သူ့အားပြုံးပြနေကြသည်။

၎င်းတို့၏သိမ်မွေ့နက်နဲ့သည့် အပြုအမူသည် ရှန်းထင်းကျိုးကို စိတ်မသက်မသာဖြစ်စေသော်လည်း သူ မနေနိုင်ဘဲ စုယွီအား သတိပေးလိုက်သည်။

"နောက်တစ်ခါ ဒီလိုစိတ်လိုက်မာန်ပါ မလုပ်နဲ့တော့နော်။ အဲဒီနှာဗူးကြောင့် တကယ်ထိခိုက်သွားရင် ဘယ်လိုလုပ်မှာတုန်း။"

စုယွီ သူ့အား အပြည့်အဝ ယုံကြည်စွာကြည့်လိုက်သည်။

"စိတ်မပူပါဘူး။ ဒေါက်တာရှန်းက ငါနဲ့ငါ့ကလေးကို ကာကွယ်ပေးမယ်ဆိုတာ သိနေတာကို။”

ရှန်းထင်းကျိုး ကိုယ်တိုင်ကလည်း တုန်လှုပ်နေဆဲဖြစ်သည်။ ရန်ပွဲ ရှုံးသွားခြင်းသည် ကိစ္စကြီးမဟုတ်သော်လည်း စုယွီ ထိခိုက်သွားပါက ဒုက္ခရောက်မည်ဖြစ်သည်။

သို့သော် ကိုယ်ဝန်ဆောင်သည် အမျိုးသားမှာ မတုန်မလှုပ်နဲ့ ဖြစ်နေကာ သူ၏ပါတနာမှာလည်း တည်ငြိမ်လှပြီး ဘာမှဖြစ်မည် မဟုတ်ဟု ယုံကြည့်မှုရှိနေသည့်နှယ်။

ရှန်းထင်းကျိုး၏စိုးရိမ်မှုမှာ မလိုအပ်သည့်ပုံပင်။

ဟုတ်ပြီလေ။

ရှန်းထင်းကျိုး ဓာတ်ပုံခိုးရိုက်သည့် နှာဗူးအား သတိရသွားသည်။

"ဒါဆို... ငါတို့ ရဲခေါ်သင့်လား။"

ယွီမင်ယန်မှ ပြောလာသည်။ "ငါဖြေရှင်းလိုက်မယ်။"

"ဟုတ်တယ်၊ အားယန်ကို အပ်ထားလိုက်။"

စုယွီ အသံမှာ တဖြည်းဖြည်း တိုးလျသွားသည်။

"သူ့မှာ အတွေ့အကြုံရှိတယ်လေ။"

ရှန်းထင်းကျိုး - ?

စုယွီ တဖန် ယုံကြည်မှု ရှိသွားပြန်ကာ ထပ်ပြောလိုက်သည်။ “အားယန်မှာ ရဲတပ်ဖွဲ့က သူငယ်ချင်းတွေရှိတယ်လေ။”

ရှန်းထင်းကျိုး ခေါင်းညိတ်လိုက်သည်။ အဆက်အသွယ်ရှိလျှင် အရာရာသည် ပိုလွယ်ကူသွားလိမ့်မည်။

"ဒေါက်တာရှန်း"

စုယွီ မျက်နှာသည် အနည်းငယ် မကျေမနပ်ဖြစ်နေသည့်ပုံပင်။

"မင်း ငါ့ကို မချီးမွမ်းရသေးဘူးနော်။"

ဘာကို ချီးမွမ်းရမှာလဲ ? ရှန်းထင်းကျိုး အနည်းငယ် စိတ်ရှုပ်သွားသည်။

ထိုနေရာတွင် ရှိမနေခဲ့သော်လည်း သူ့အကြောင်းအား သိနေသည့် ယွီမင်ယန် သူ့ကို ပြန်အမှတ်ဖော်ပေးလိုက်သည်။

"သူ့ကို သတိထားမိသွားတာကို မင်း မချီးကျူးရသေးဘူး။”

ရှန်းထင်းကျိုး ကိုယ့်အမှားကိုယ်ပြင်ကာ "ဆောရီး၊ မင်း အဲဒါကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ။"

စုယွီမှ ပြန်ဖြေသည်။

"လွယ်လွယ်လေးပါ၊ လူကို လူလို မဆက်ဆံရင် ရပြီ။"

ရှန်းထင်းကျိုး : ...

စုယွီ စပ်ဖြီးဖြီးနှင့် ရယ်လိုက်သည်။

"ငါ စနေတာပါ။ အဲတာက ငါ့ရဲ့ ပင်ကိုယ်ပါရမီလေ။ ဟုတ်တယ်မလား အားယန်။”

ယွီမင်ယန် သဘောတူစွာ ခေါင်းညိတ်သည်။

"ဟုတ်တယ်။"

ရှန်းထင်းကျိုး : …….ဟုတ်ပါပြီ။

---

အိမ်ကို ကားမောင်းပြန်ခဲ့ပြီး ရှန်းထင်းကျိုး ဓာတ်လှေကားမှထွက်လာချိန်တွင် သူအိမ်တံခါးဝတွင် အရိပ်တစ်ခုကိုမြင်လိုက်ရသည်။

တစ်စုံတစ်ရာကို သတိထားမိ၍ထင် ထိုအရိပ် − မဟုတ် အရိပ်မဲကြီးသည် ခေါင်းမော့လာသည်။

လှုပ်ရှားမှုကို အာရုံခံသည့် မီးလုံးမှာ မီးလင်လာပြီး နီရဲနေသည့် မျက်လုံးနှင့် ကာလာစုံသည့် မျက်နှာသည် သူ့အားကြည့်နေ သည်ကို မြင်နိုင်သွားသည်။

ရှန်းထင်းကျိုး၏ လည်ချောင်းမှာ တင်းကြပ်သွားပြီးဘာကြောင့် ဤနေရာတွင် ရှိနေသနည်းဟု မေးရမည်လား မမေးရဘူးလားပင် မသိတော့ချေ။

ကျိုးဇီထန်း နှာခေါင်းတရှုံ့ရှုံ့နှင့် ဖြစ်နေသည်။

"ဒေါက်တာရှန်း။”

ထိုမျက်လုံးများမှာ အလွန်နီရဲနေသောကြောင့် သူ ငိုတော့မည်ဟု ရှန်းထင်းကျိုး ထင်လိုက်သည်။

သို့သော် ကျိုးဇီထန်းမှ ပြောလာခဲ့သည်။

"ဒေါက်တာ ရှန်း ကျွန်တော် သန့်စင်ခန်းဝင်ချင်လို့။”

ရှန်းထင်းကျိုး : ...

သူ့မျက်နှာမှာ သည်းခံနေရတဲ့ အမူအရာပေါ်နေတာမအံ့သြတော့ပါဘူး။ အသဲကွဲတာကြောင့် မဟုတ်ဘဲ အောင့်ထားရလို့ကိုးး

ရှန်းထင်းကျိုး တံခါးဖွင့်လိုက်ချိန် ကျိုးဇီထန်း မြန်မြန်ပြေးဝင်သွားသည်။

နှစ်မိနစ်အကြာတွင် ကျိုးဇီထန်း လက်များကို ခါလျက်ထွက်လာခဲ့သည်။

ကြည့်မနေနိုင်တော့သည် ရှန်းထင်းကျိုးမှာ လက်သုတ်ရန်တစ်ရှူးနှစ်ရွက်ပေးလိုက်သည်။

ကျိုးဇီထန်း ဆိုဖာပေါ်တွင် ပုံကျသွားပြီး အလင်းအောင် တောက်တောက်အောက်တွင် သူမျက်နှာပေါ်ရှိ အညိုအမည်းများမှာ ပိုမိုထင်ရှားလာသည်။

ရှန်းထင်းကျိုး သူ့မျက်နှာကို လက်ညှိုးထိုးကာ "ဒါက ဘာဖြစ်တာလဲ..."

ထိုအခါ ကျိုးဇီထန်း၏ မျက်နှာမှာ ရှုံ့တွသွားပြီး “ချင်မျိုးရိုးကောင်လေးက ကျွန်တော့်ကို ရိုက်လိုက်တာ။”

ဤအဖြေမှာ ရှန်းထင်းကျိုးအား အံ့အားသင့်သွားစေကာ သူပြောလိုက်မိသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ဟဲရန်ထင်း နှင့် ချင်ရှစ်ယောင်တို့၏ လက်ထပ်ပွဲမှာသေချာ ပေါက် ဖျက်သိမ်းပြီးသွားပြီဖြစ်သည်။ ကျိုးဇီထန်းက ဘာလို့ ချင်ရန်ကို သွားရှာနေသေးတာလဲ ?

ကျိုးဇီထန်း ဒေါသတကြီးနှင့် ပြောလာသည်။

"ဒီနေ့ ညစာစားပွဲမှာ သူနဲ့အမှတ်မထင်တွေ့လာတာလေ။ အဲ့တာကို ကျွန်တော်က သူ့ကိုနောက်ယောင်ခံလိုက်နေတယ်တဲ့။ သူ့ကိုယ်သူ ဘယ်သူများထင်နေလဲ ? နတ်သမီးလေးများထင်နေလား ?”

ကျိုးဇီထန်းမှာ သူနှင့်ကံစပ်သည်ဟု ရှန်းထင်းကျိုး ခံစားလိုက်ရသည်။

ကျိုးဇီထန်း သူ့နှုတ်ခမ်းထောင့်မှ ဒဏ်ရာ ပြန်ပွင့်လာတော့မတတ် အာပေါင်အားရင်းသန်သန် စကားပြောနေသည်။ ရှန်းထင်းကျိုး မေးလိုက်သည်။

"မင်း ဆေးလိမ်းချင်သေးလား ?”

ကျိုးဇီထန်း၏ စိတ်အခြေအနေမှာ ချက်ချင်းထိုးကျသွားသည်။

“ဒီနေ့ ကျွန်တော့်အစ်ကိုကို သွားတောင်းပန်းခဲ့တာ။ ကျွန်တော့ ဒဏ်ရာတွေကို မြင်တာတောင်မှ ဘာမှမမေးဘူး။”

ရှန်းထင်းကျိုး - ဒါဆိုလည်း ငါ ဆေးအဆီသွားလိုက်ဦးမယ်နော်။

---

ဟဲရန်ထင်း၏ အေးစက်စက် အပြုအမူများသည် ကျိုးဇီထန်းအား အမှန်တကယ်ပင် နာကျင်စေခဲ့သည်။

မူလက ရန်လိုတဲ့ခွေးတစ်ကောင်နှင့် တူသော်လည်း ယခုတွင်မူ ရှန်းထင်းကျိုး၏ ဆိုဖာပေါ်တွင် မှိုင်တွေ ညိုးငိုင်နေကာ ညသန်းခေါင် NetEase Cloud Music သုံးနေသူတစ်ယောက်အတိုင်းပင်။

ရှန်းထင်းကျိုး သူ့အား ကြင်နာစွာ နှစ်သိမ့်ပေးလိုက်သည်။

"မင်း သူ့ကို ဓားနဲ့သွားထိုးတာကိုး၊ အခြားတစ်ယောက်သာဆို ရဲစခန်းရောက်ပြီးပြီ။”

ကျိုးဇီထန်း ခေါင်းမော့ကာ "ဒေါက်တာ ရှန်း၊ ကျွန်တော်ကောက ကျွန်တော့်ကို ဂရုစိုက်သေးတယ် ထင်လားဟင်။”

ရှန်းထင်းကျိုး : ဘယ်နေရာကနေပြီးတော့ ဂရုစိုက်တယ်ဆိုတဲ့စကားကို ကြားလိုက်လို့လဲ ?

ကျိုးဇီထန်း၏ မျက်လုံးသည် မျှော်လင့်ချက်များနှင့် ပြည့်နှက်သွားကာ "ခင်ဗျားပြောတဲ့အတိုင်းပဲလေ၊ ကျွန်တော် သူ့ကို ဓားနဲ့ ထိုးလိုက်တာကိုတောင် သူက ရဲစခန်းကို မပို့ဘူး။”

ရှန်းထင်းကျိုး - ... မင်းကတော့ တကယ်ကို အချိုရှာတဲ့နေရာမှာ တော်တာပဲဟေ့။

ကျိုးဇီထန်း စိတ်လှုပ်ရှားစွာနှင့် ကိုယ်ဘာသာကိုယ် ရေရွတ်နေသည်။

"ဟုတ်တယ်၊ ငါ့ကောက အပြင်ဘက်ကတော့ အေးစက်တဲ့ပုံပေမယ့် အတွင်းစိတ်ကတော့ နွေးထွေးတယ်။ ငါ့ကိုတကယ် ဒေါသမထွက်လောက်ဘူး။"

ရှန်းထင်းကျိုး မပြောဘဲ မနေနိုင်တော့ချေ။

"ငါမြင်ရသလောက်တော့ သူက တော်တော်လေး ဒေါသထွက်နေတာနော်။”

သို့သော် ကျိုးဇီထန်းမှာ သူ့ကိုယ်ပိုင်ကမ္ဘာထဲ နစ်မြုပ်သွားပြီး ဖြစ်ကာ ပတ်ဝန်းကျင်ရှိ အသံများအားလုံးကိုပိတ်ဆို့ထားတော့သည်။

ဟဲရန်ထင်း၏ အေးစက်မှုအတွက် သူ့ကိုယ်သူ အကြောင်းပြပေးရန် လုပ်နေစဥ်မှာပင် သူဖုန်းသည် ဆက်တိုက်တုန်ခါနေသည်။

ရှန်းထင်းကျိုး သည်းမခံနိုင်တော့ဘဲ သူ့ကို သတိပေးလိုက်သည်။

"မင်း ဖုန်းကို အရင်စစ်မကြည့်တော့ဘူးလား။”

ကျိုးဇီထန်း၏အမူအရာမှာ မဲမှောင်သွားသည်။

"ကျွန်တော်လည်း ဘယ်သူမှန်း မသိဘူး၊ နေ့တိုင်း ဒီလိုအချိန်ဆို အမှိုက် မက်ဆေ့ချ်တွေပို့နေတာပဲ။”

ဤသို့ဆိုရင်း သူဖုန်းထုတ်ကြည့်လိုက်ပြီး ချက်ချင်းရွံရှာစွာ မျက်မှောင်ကြုတ်သွာသည်။

တိတိကျကျပြောရရင်တော့ ထိုအရာမှ အမှိုက်မက်ဆေ့ချ်မဟုတ်ဘဲ အမှိုက်ဗီဒီယိုပင်။

ကျိုးဇီထန်း မတော်တဆ တစ်ပုဒ်ကိုနှိပ်လိုက်မိသည်။

အစကတော့ သိပ်ဂရုမစိုက်သော်လည်း ရုတ်တရက် ရှန်းထင်းကျိုး၏ နားမှာအသက်ဝင်သွားသည်။

ခဏနေဦး... ဒီသီချင်း ရင်းနှီးနေသလိုပဲ………

ရှန်းထင်းကျိုး၏အမူအရာမှာ နက်နဲကာရှုပ်ထွေးသွားသည်။ ခဏအကြာတွင် သူ ကျိုးဇီထန်းအား မေးလိုက်သည်။

"မင်းဆီပို့လာတဲ့ မက်ဆေ့ချ်တွေကို ငါ ကြည့်လို့ရမလား။”

တည့်တိုးဆန်သည့် ကျိုးဇီထန်းသည် တုံ့ဆိုင်းခြင်းမရှိ သူ့ဖုန်းကို လှမ်းပေးလိုက်သည်။

ရှန်းထင်းကျိုး ဗီဒီယိုကို ပြန်ဖွင့်လိုက်ချိန်တွင် ရင်းနှီးနေသည့် သီချင်းအား ကြားလိုက်ရသည်။

အဲ့ဒီ ခံစားချက်ပဲ။

ဒီသံစဉ်ဖွင့်လိုက်တဲ့အခါတိုင်း ပွင့်ပွင့်လင်းလင်းမပြောနိုင်ဘဲ သူတို့၏လစ်မစ်များကြား ရုန်းကန်နေရသည့် စုံတွဲတစ်တွဲသေချာပေါက်ရှိသည်။

ယခုတစ်ခေါက်မှာ မိထွေးနှင့် လင်ပါသားမဟုတ်ဘဲ၊ အစွဲအ လမ်းကြီးတဲ့ ညီငယ်လေးနှင့် ဆန်ကုန်မြေလေး အစ်ကိုကြီး ဖြစ်နေခြင်းပင်။

ဒီဗီဒီယိုသည် အရိပ်အမြွတ်ပြနေခြင်းထက် သိသိသာသာကို လမ်းပြပေးနေခြင်းဖြစ်သည်။

ဗီဒီယိုကို ကြည့်ပြီးနောက်တွင် ကျိုးဇီထန်းဆီ ဘယ်သူမှ ပို့လာသည်ကို ရှန်းထင်းကျိုး ချက်ချင်းသိလိုက်သည်။

ချင်ရှစ်ယောင် တစ်ယောက်သာ ဤကဲ့သို့ အရာမျိုးအားလုပ်လိမ့်မည်။

သို့သော် ချင်ရှစ်ယောင်အပြင် ဖုယွင်ယွင်လည်း ပါနေသည်ကို တည်းဖြတ်ထားသည့် စတိုင်မှ တဆင့်သိနိုင်သည်။

ရှန်းထင်းကျိုး သူ့နာထင်အား ပြင်းပြင်းလေးနှိပ်လိုက်ရသည်။

ဘေးနားရှိ ကျိုးဇီထန်းမှာတော့ ရှန်းထင်းကျိုး စိတ်ထဲတွင် ဝရုန်းသုန်းကားဖြစ်နေသည်ကို မသိချေ။ ဟဲရန်ထင်း ဒေါသ သိပ်မထွက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ ဆက်စဥ်စားနေတုန်းပင်။

ရှန်းထင်းကျိုး သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သိချင်စိတ်ကို မထိန်းနိုင်တော့ကာ မေးလိုက်သည်။

"မင်းဗီဒီယိုကို ကြည့်ဖူးလား။"

ကျိုးဇီထန်း ခေါင်းလှည့်လာပြီး "အင်း ကြည့်ဖူးတယ်လေ။"

ရှန်းထင်းကျိုးက လည်ချောင်းကို ဖွဖွရှင်းလိုက်ကာ "ဒါဆို ကြည့်ပြီးသွားတော့ ဘယ်လိုခံစားရလဲ။"

ကျိုးဇီထန်းမှ မယုံကြည်နိုင်စွာပင် ပြောလာသည်။"ကျွန်တော် ဘာမှမခံစားရပါဘူး"

ရှန်းထင်းကျိုး သူ့အား မယုံပေ။

"နည်းနည်းတောင် မခံစားရဘူးပေါ့။”

ကျိုးဇီထန်း မျက်မှောင်ကျုံ့သွားသည် "ဗီဒီယိုက ရှုပ်ယှက် ခတ်နေတာပဲ ဘာမှန်းကို မသိဘူး။”

ရှန်းထင်းကျိုး၏ထာဝရ တိတ်ဆိတ်သွားသလိုပင် ခံစားလိုက်ရသည်။

ယခု ပုန်ကန်တတ်သည့် ပန်းရောင်ဆံပင်နှင့် ကျိုးဇီထန်းမှာ မျက်ခုံးပင့်လာပြီး မျက်တွင်းဟောက်ပက်နှင့်ပင် မမြင်နိုင်သည့် အလှတရားတစ်ခုပင် ရှိသွားသည်။

ရှန်းထင်းကျိုး တစ်ခုပြီး တစ်ခု ရှင်းပြရတော့သည်။ - ဒါကအစ်ကိုဖြစ်သူ ဒါက ညီဖြစ်သူ…...

ကျိုးဇီထန်း မျက်ခုံးပင့်ကာ "မဟုတ်သလိုပဲ၊ သူတို့က ညီအစ် ကိုတွေ မဟုတ်ဘူးလား။ ဘာလို့ နမ်းနေကြတာလဲ။”

အတိအကျပဲ ချင်ရှစ်ယောင်ကလည်း မင်းကို ဒါမြင်စေချင်တာလေ!

အမှန်မှာ ကျိုးဇီထန်းနှင့် ဟဲရန်ထင်း တို့သည် ညီအစ်ကိုအရင်း တွေ မဟုတ်ကြပေ။

ကျိုးဇီထန်းသည် ဟဲရန်ထင်း အဒေါ်၏ယောကျာ်းဖြစ်သူ၏ တရားမဝင်သားဖြစ်ပြီး အသက်ခြောက်နှစ်အရွယ်တွင် သူ့မွေးမိခင်မှ ကျိုးမိသားစုတံခါးဝတွင် ချန်ထားခဲ့ခြင်းဖြစ်သည်။

ကလေးတစ်ယောက်ဖြစ်သည့် သူအား ဟဲရန်ထင်း၏အဒေါ်သည်သနားပြီး ကျိုးမိသားစုထဲသို့ ခေါ်သွင်းခဲ့သည်။

ဟဲရန်ထင်း၏အဒေါ်ကြောင့်သာ မဟုတ်လျှင် ကျိုးဇီထန်း၏ ဖခင်မှာ သူ့အား အသိအမှတ်ပြုခဲ့မည်မဟုတ်ပေ။

ထို့ကြောင့် ကျိုးဇီထန်းသည် သူ့မွေးစားမိခင် (ဟဲရန်ထင်း၏ အဒေါ်) ကိုလေးစားပြီး သူမ၏ ကြင်နာမှုထံမှ အလွှမ်းမိုးခံလိုက်ရကာ ဟဲရန်ထင်း၏အနာဂတ်ဇနီးကိုလည်း နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ဦးဖြစ်စေချင်ခဲ့သည်။

ရှန်းထင်းကျိုး ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အမှန်တရားကို ပြောပြလိုက်သည်။

"ဘာလို့ဆို ညီလေးက အစ်ကိုကို ချစ်နေလို့လေ။"

ကျိုးဇီထန်း၏တုံ့ပြန်မှုမှာ မမျှော်လင့်ထားသည့် အရာဖြစ် သည်။ စိတ်ရှုပ်ထွေးမှုနှင့် ရွံရှာမှုတို့ ရောထွေးနေခဲ့သည်။

"သူ့ကို ဘယ်လောက်ချစ်ချစ်လေ။ သူ့အစ်ကိုကိုတော့ မနမ်းသင့်ပါဘူး။”

ကျိုးဇီထန်းသည် နည်းနည်း ရူးနေနိုင်သော်လည်း ကျိတ်ကြံတတ်သူတော့ မဟုတ်ပေ။ သူ့မျက်နှာပေါ်ရှိ ရှုပ်ထွေးမှုမှာ စစ်မှန်ပြီး ဟန်ဆောင်နေခြင်းမဟုတ်ပေ။

ရှန်းထင်းကျိုးလည်း ကျိုးဇီထန်းဟာ ဟဲရန်ထင်းအပေါ် သူ့ခံစားချက်တွေကို မသိသေးသည်လား၊ သို့မဟုတ် သာမာန် အစ်ကိုချစ် ညီလေးတစ်ယောက်ပဲလားဆိုသည်ကိုတော့ မသေချာပေ။

ကျိုးဇီထန်း သူ့ နှာခေါင်းကို ညှစ်ရင်း ဗီဒီယိုကြည့်နေပြီး စိတ်အနှောက်အယှက်ဖြစ်နေသည်။

"ဘယ်ဦးနှောက်မရှိတဲ့ အရူးက ငါ့ကို ဒါတွေ ဆက်တိုက်ပို့နေတာလဲဟ။"

ကျိုးဇီထန်းက တကယ်ပဲ အထင်လွဲ ခံနေရတာများလား ?

သူက ဟဲရန်ထင်းကို တခြားခံစားချက်မရှိဘဲ အစ်ကိုတစ်ယောက်လိုပဲ မြင်တာလား ?

ကျိုးဇီထန်း ဗီဒီယိုအား ဖျက်ကာ နံပါတ်ကို block လိုက်သည်။

ဒီတည့်တိုးဆန်ပြီး သာမာန်ကျသည့် ကျိုးဇီထန်းမှာ အစစ်ပင်။ သို့သော် ချက်ချင်းပင် သူ့ကော မကြာခင် စိတ်ဆိုးပြေသွားအောင် ဘယ်လိုလုပ်ရမလဲဟု ရှန်းထင်းကျိုးအားမေးလာပြန် သည်။

ရှန်းထင်းကျိုး : ...

ကျိုးဇီထန်း အသည်းအသန် အကူအညီတောင်းနေပုံမှာ ဟဲရန်ထင်းအပေါ်မှာ နက်ရှိုင်းသည့် ခံစားချက်များ ရှိနေသည့်ပုံ ပေါ်နေပုံပေါက်ပြန်သည်။

ရှန်းထင်းကျိုး သုံးခါ ငြင်းလိုက်သည်။ - မဟုတ်ဘူး၊ မသိဘူး၊ ငါ့လာ မမေးနဲ့။

---

ရှန်းထင်းကျိုးဆီမှ အဖြေရှာ မရသောအခါ ကျိုးဇီထန်း စိတ်ပျက်ပြီးထွက်သွားတော့သည်။

ရှန်းထင်းကျိုး ကျိုးဇီထန်းအား တံခါးအထိလိုက်ပို့ပြီး တံခါးဖွင့်လိုက်ချိန်တွင် ရှုရွှင်းမှ တံခါးခေါင်းလောင်း နှိပ်ရန်လက် မြှောက်နေသည်ကို တွေ့လိုက်ရသည်။

သုံးယောက်သား မမျှော်လင့်ဘဲမျက်နှာချင်းဆိုင်တွေ့ခဲ့ကြသည်။။

ရှန်းထင်းကျိုးမှာ အံ့အားသင့်သွားပြီး ကျိုးဇီထန်းသည် ထူးမခြားနားပင်ရှိကာ ရှုရွှင်းကတော့ တည်ငြိမ်နေဆဲပင်။

ရှန်းထင်းကျိုးနှင့် ကျိုးဇီထန်းအားကြည့်ကာ ရှုရွှင်း မေးလာသည်။

"ငါ တစ်ခုခုများ နှောင့်ယှက်မိသွားလား ?”

စာရေးသူမှတ်ချက်

ရှုဘန်းဘန်း - တကယ်ရင်နာသွားရင် အော်ဟစ်ပြီးရန်ဖြစ်တာမျိုးတွေ ဘယ်တော့မှမလုပ်ကြဘူး…………

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment