🩺 Chapter 17
ရှိနေသူ အများစုသည် ထိုအမျိုးသမီးကို သိကြပြီး ၎င်းတို့၏ ရှုပ်ထွေးသည့် အကြောင်းအရာများကို ပြန်သတိရလိုက်ကြသည်။
ဟဲရန်ကျယ်သည်သာ နှလုံးသားရော၊ အမူအရာပါ မပြောင်း လဲဘဲ တည်ငြိမ်နေသည့် တစ်ဦးတည်းသောသူ ဖြစ်ကာ “နောက်ဆုံးတော့” ဟူသည့် အမူအရာပါရှိနေသေးသည်။
ကျိုးဇီကျုံး ထိုအမျိုးသမီး၏ဝတ်စားဆင်ယင်မှုကို ကြည့်ကာ မျက်မှောင်ကြုပ်သွားသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
သူ၏စကားထဲမှ ငြင်းပယ်မှုကိုကြားလိုက်ရချိန် အမျိုးသမီး၏ အပြုံးသည် ပိုအေးစက်လာသည်။
"ဘာလဲ၊ မကြိုဆိုမှုဘူးလား။"
"ဒီအမျိုးသမီးက အဲဒီလူများလား−" ချင်ရှစ်ယောင် မေးကို လက်ဖြင့် ထောက်လိုက်ကာ "ဟွာအန်းစွေ့ ?"
ဟွာအန်းစွေ့လား ?
ရှန်းထင်းကျိုးသည် မှတ်ဉာဏ်ကောင်းသူဖြစ်ပြီး ယခင်ကြားခဲ့ဖူးသော ကောလာဟလများကို ချက်ချင်းပြန်စဥ်းစားလိုက်သည်။
ဟွာအန်းစွေ့သည် ကျိုးဇီကျုံး၏ အချစ်ဦးဖြစ်ပြီး သူ၏လ ရောင်ဖြူလေးဖြစ်သည်။ သခင်ကြီးကျိုးသာ မဝင်စွက်ဖက်ခဲ့ပါက သူတို့လက်ထပ်နိုင်ခဲ့မည်ဟုပင် ဆိုကြသည်။
ဤသို့ အချိန်နှောင်းသွားသည့် ထိပ်တိုက်ရင်ဆိုင်မှုသည် ပွဲတစ်ခုလုံးအား ပေါက်ပေါက်ဆုပ်၊ ကိုလာနှင့် ဆိုဒါရနံများ ပြည့်သွားစေသည်။
ချင်ရှစ်ယောင်သည် ရှန်းထင်းကျိုး၏ နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
“ ချစ်နေရတာက နာကျင်မှုဖြစ်ပြီးတော့ မုန်းတီးနေရတာက စိတ်ဒဏ်ရာဖြစ်တယ်တဲ့……”
ရှန်းထင်းကျိုး: ...
ဒါဆို သတ်လတ်ပိုင်အရွယ် သူဌေးကြီးမှာလည်း အိမ်ထောင် ရေး စိန်ခေါ်မှုတွေ ရှိတာပဲလား ?
ကျိုးဇီကျုံး စကားပြောမည်ကြံချိန်တွင် ဟဲရန်ကျယ်မှ ဦးစွာပြောလာခဲ့သည်။
သူ ဟွာအန်းစွေ့အားပြောလိုက်သည်။
"ဒီနေ့ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဟွာအန်းစွေ့ နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်နေသေးသည့် ဟဲရန်ကျယ်အားကြည့်ကာ တော်တော်လေးမိန်းမောသွားသည်။
"နင်အများကြီး ပြောင်းလဲသွားပြီပဲ၊ ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပါပဲ။"
နောက်ဆုံးစာကြောင်းကို တိုးညှင်းစွာပြောလိုက်သည်။
ဟဲရန်ကျယ်သည် ထိုစကားကို ပြန်မတုန့်ပြန်ပေ။ သူ ကိတ်မုန့်တစ်စိတ်ကိုလှီးလိုက်ပြီး "ကိတ်မုန့်စားပါဦး။"
ဟွာအန်းစွေ့ မယူပေ။ သူလေသံမှာ အေးစက်နေပြီး
"မလိုဘူး၊ ညနေ ၉ နာရီမှာ လေယာဉ်စီးရမယ်၊ မထွက်သွားခင် မိတ်ဆွေဟောင်းတွေကို တွေ့ချင်လို့ လာခဲ့တာလေ။”
ချင်ရှစ်ယောင် စိတ်လှုပ်ရှားစွာနှင့် ပြောလာသည်။
"ပွဲအကြီးကြီးဖြစ်တော့မယ့် ပုံပဲ။”
ရှန်းထင်းကျိုး: ...
ချင်ရှစ်ယောင်: "သူတို့သာ မဖြေရှင်းရင် Black Widow Outfit အတွက် မတရားဘူး”
Black Widow:
ရှန်းထင်းကျိုး : မင်းပြောတာ ဟုတ်တော့ ဟုတ်ပါတယ်။ ဟုတ်ပါပြီ တကယ်လည်း Black Widow နဲ့တူတာပဲ……
---
သေချာပေါက်ပင် ဟွာအန်းစွေ့သည် ကျိုးဇီကျုံးကြောင့် ရောက်လာခြင်းဖြစ်သည်။ သူ မျက်မှောင်ကြုပ်ကာ သူမ ရှိနေ သည်ကို မကျေမနပ်ဖြစ်နေပုံပေါ်သောကြောင့် ပြုံးလိုက်သည်။
"ငါအတိတ်က အကြောင်းတွေကို ခဏခဏ အိမ်မက်မက်တယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက ပြန်ပေးဆွဲမှုအကြောင်းကိုပေါ့။ ရှင် မှတ်မိသေးလား၊ မစ္စစ်ကျိုး။”
ကျိုးဇီကျုံး မျက်နှာသည် ရုတ်တရက်ဖြူဖျော့သွားသည်။
"ဟွာအန်းစွေ့!"
ထိုအခါမှသာ ဟွာအန်းစွေ့ ကျေနပ်သွားသည်။
"ဒေါသထွက်နေတာလား? ပြန်ပေးဆွဲသမားတွေ သူနဲ့ငါ့နဲ့ တစ်ယောက်ကိုပဲ ရွေးခိုင်းတုန်းက ငါ့ကို ရွေးခဲ့တာကို ရှင့်ဇနီးသိသွားမှာ ကြောက်နေတာလာ။”
ဤစကားလုံးများသည် ပွဲတစ်ခုလုံးသား မိုးကြိုးသွားသဖွယ် ပစ်ခွင်းလာသည်။
ထိုပြန်ပေးဆွဲမှုမှာ အလွန်လူသိများခဲ့သည်။ ပြန်ပေးဆွဲသူများသည် ကျိုးဇီကျုံးအပေါ် အငြိုးထားပြီး ဟဲရန်ကျယ်နှင့် ဟွာအန်းစွေ့တို့ နှစ်ဦးစလုံးကို ဖမ်းဆီးကာ ငွေသားသန်းတစ်ရာတောင်းခံခဲ့သည်။
ထိုအချိန်က ငွေသားသန်းတစ်ရာဖြစ်သည်။
အဆုံးတွင် နှင်းဆီနီရော လရောင်ဖြူပါ မထိခိုက်ခဲ့ကြပေ။
ထို့နောက်တွင် ဟွာအန်းစွေ့သည် နိုင်ငံခြားသို့ထွက်ခွာသွားခဲ့ပြီး ဟဲရန်ကျယ်သည် လူမြင်ကွင်းတွင် ပေါ်လာ’ခဲ’ကာ ကျိုးဇီကျုံးသည် တည်ငြိမ်သွားခဲ့သည်။
လူတိုင်းမှာ ဤပြန်ပေးဆွဲမှုသည် ထိုစုံတွဲ၏ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ငယ်ကျွမ်းဆွေသည် ရုတ်တရက်ဝင်ရောက်လာသူကို နောက်ဆုံးတွင် အနိုင်ရခဲ့သည်ဟုတွေးခဲ့ကြသည်။
ဤကဲ့သော ဇာတ်လမ်းမျိုး ဖြစ်ပျက်ခဲ့သည်ကို မည်သူသိမည်နည်း။
သို့သော် ပြန်ပေးဆွဲမှုသည်လည်း ထူးဆန်းလှသည် - ပြန်းပေးဆွဲသည်မှာ ပြန်ပေးဆွဲထားရုံသာ သေမလား ရှင်မလား ရွေးရမည့် ဂိမ်းမဟုတ်ပေ။
သူမသည် ကြက်သွေးထိုးခံလိုက်ရသကဲ့သို့ တက်ကြွသွားသည်။
အလင်းရောင်အောက်တွင် ရပ်ရင်း သူမသည် ကျိုးဇီကျုံးနှင့် ဟဲရန်ကျယ်ရှေ့တွင် ထပ်ပြောလာခဲ့သည်။ သူမ၏ အသံများ သည် တုန်ခါမှုဖြင့် နာကျင်သွားသည်။
"ပြန်ပေးဆွဲတဲ့သူတွေက တစ်ယောက်ပဲ အသက်ရှင်ခွင့်ပေးမယ်လို့ ပြောတုန်းက ကျိုးဇီကျုံး၊ နင် ငါ့ကိုရွေးခဲ့တာ! နင် ဟဲရန်ကျယ်ကို သေခိုင်းခဲ့တာ!"
သူ့ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အနက်ရောင် ပုံသဏ္ဍာန်တစ်ခု ရုတ်တရက် ပြေးထွက်လာပြီး သူ့ လည်ပင်းကို ညှစ်လိုက်သည်မှာ နောက်ဘက်ရှိ ထောက်ထိုင်နဲ့ပင် တိုက်မိသွားသည်။
ကျိုးဇီထန်း မျက်လုံးများသည် လူသတ်ချင်စိတ်များနှင့် ပြည့်နေကာ သူ့လက်များပင် အကြောများ ထောင်ထနေခဲ့ပြီး ဟွာအန်းစွေ့ကို လည်ပင်းညှစ်ထားခဲ့သည်။
"မင်း ငါ့အမေကို ကျိန်ဆဲရဲတယ်ပေါ့!”
ဟွာအန်းစွေ့ အသက်ရှုမဝခြင်းကြောင့် စကားမပြောနိုင်တော့ကာ သူမမျက်နှာသည် နီရဲလာပြီး ကျိုးဇီထန်းဆီမှရုန်းနေခဲ့သည်။
"ဇီထန်း" ဟဲရန်ကျယ် အမြန်အော်လိုက်သည်။
"သူ့ကို လွှတ်လိုက်"
ကျိုးဇီထန်းသည် လက်သီး ကျစ်ကျစ်ဆုပ်လိုက်သည်။ ဟဲရန်ကျယ် သူအား ဒုတိယအကြိမ် ခေါ်လာချိန်တွင် သူ ဟွာအန်းစွေ့၏ မျက်နှာဘေးရှိ နံရံကို လက်သီးနှင့်ထိုးကာ ဒေါသပေါက်ကွဲလိုက်သည်။
နောက်ဆုံးတွင် သူသည် စကားနားထောင်ပြီး သူမကိုလွှတ် ပေးလိုက်သည်။
ဟွာအန်းစွေ့ ကြမ်းပြင်ပေါ်သို့ ပုံကျသွားသော်လည်း စိတ် သက်သာရာမရသေးပေ။
ကျိုးဇီကျုံး၏ မျက်နှာသည် လူသေကောင်လို ဖြူဖပ်နေသော် လည်း ဟဲရန်ကျယ်သည် တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏မျက် လုံးများသည် ဆောင်းရာသီအတွင်းရှိ ရှေးဟောင်း ရေကန်
ကြီးကဲ့သို့ပင် သူ့ ကြောင့် လှိုင်းမထခဲ့ပေ။
မကျေမချမ်းမှုများဖြင့် ပြည့်နေသည့် ဟွာအန်းစွေ့သည် နောက်ဆုံးတွင် အော်ဟစ်လိုက်သည်။
"နင်ဒေါသမထွက်ဘူးလား?"
ကျိုးဇီကျုံးသည် ဟဲရန်ကျယ် သက်ပြင်းချလိုက်သည်ကို ကြားလိုက်ရချိန် သူ၏လည်ချောင်းတွင် ကျောက်တုံးဖြင့်ပိတ်မိသွားသကဲ့သို့ တခဏလောက် အသက်မရှူနိုင်တော့ပေ။
ခဏအကြာတွင် ဟဲရန်ကျယ်ပြောလာသည်ကို သူကြားလိုက်ရသည်။
"ငါကြားခဲ့တယ်။ အဲ့ဒီနေ့က ငါလုံးလုံး အသိစိတ်လွတ်နေတာ မဟုတ်ဘူးလေ။ ငါ သတိနဲနဲရှိတုန်းပဲ။’
ကျိုးဇီကျုံး၏မျက်နှာသည် ပိုလို့ပင် ဖြူဖျော့သွားခဲ့သည်။
ဟွာအန်းစွေ့လည်းလည်း အဆင်ပြေမနေခဲ့ပါချေ။ သူသည် အဓိပ္ပာယ်မရှိဟုသာ ခံစားလိုက်ရသည်။
ဟဲရန်ကျယ်သည် တစ်လျှောက်လုံးသိခဲ့သည်။ သူမသည် ကျိုးဇီကျုံးနှင့်အတူ ဆက်နေခဲ့ပြီး သူ့အား ဆက်ချစ်နေခဲ့သည်။
ဟွာအန်းစွေ့သည် လူရွှင်တော်တစ်ယောက်လို ခံစားလိုက်ရကာ ဒေါသများ၊ ရှက်ရွံ့မှုနှင့် အနည်းငယ်သော စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
သူမ တကယ်ကိုမေးချင်မိသည်။ ဘာလို့ သူမလဲ ?
ကျိုးဇီကျုံးနဲ့ ဟဲရန်ကျယ်တို့ အချင်းချင်း ဒီလောက်ချစ်ကြတယ်ဆိုရင် သူက ဘာလဲ?
---
ဟွာအန်းစွေ့၏ဖခင်သည် ပိုးမွှားဗေဒ ပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ၏ လွှမ်းမိုးမှုအောက်တွင် သူမသည် ငယ်စဉ်က တည်းက အင်းဆက်များကို နှစ်သက်ခဲ့သည်။
သူမ အင်းဆက်ပြတိုက်တွင် ကျိုးဇီကျုံးနှင့် တွေ့ဆုံခဲ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။
သို့သော် သူတို့၏အချစ်ရေးမှာ ကြာရှည်မခံခဲ့ပေ။ မကြာမီမှာပင် ကျိုးဇီကျုံး၏ဖခင်သည် သူမကို တွေ့ခဲ့ကာ ထွက်သွားရန် ဖိအားပေးခဲ့သည်။
ထို့နောက် ချက်ချင်းပင် ကျိုးဇီကျုံးသည် သူ၏ငယ်ကျွမ်းဆွေနှင့် လက်ထပ်ခဲ့သည်။
ဟွာအန်းစွေ့သည် သူမကိုအဝေးမှ တွေ့ဖူးကာလှပပြီးဝင့်ကြွား သည့် မိန်းကလေးတစ်ဦးဖြစ်သည်။
သူမသည် မည်သူ့ကိုမျှ မမုန်းတီးခဲ့ပေ သူမ ဝမ်းနည်းခဲ့ရုံသာ။
နိုင်ငံခြားတွင် ကျိုးဇီကျုံး၏အကြောင်းကိုကြားရသည့်အခါ တိုင်း ထိုဝမ်းနည်းမှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
သူ၏ဘဝသည် အရှုပ်ထုပ်ဖြစ်ကာ သူပုန်ကန်နေသည်ကိုလည်း ဟွာအန်းစွေ့သိသည်။ သူမသည် သူ့နှင့် သူ့ကိုလက် ထပ်ခဲ့သည့် မိန်းကလေးအတွက် ရင်နာခဲ့ရသည်။
လေးနှစ်အချိန်ကုန်ဆုံးသွားကာ သခင်ကြီးကျိုးသည်လည်း နောက်ဆုံးတွင် လက်လျှော့သွားခဲ့သည်။ ထိုအခါမှ ဟွာအန်းစွေ့ နိုင်ငံသို့ ပြန်လာရဲခဲ့ပြီး ကျိုးဇီကျုံးကို တွေ့ဆုံကာ သူ့ကိုနားချရန် ဆုံးဖြတ်ခဲ့သည်။
မမျှော်လင့်ထားဘဲ သူမ ပြန်ရောက်ပြီး မကြာခင်မှာပင် ဟဲရန်ကျယ်နှင့်အတူ ပြန်ပေးဆွဲခံခဲ့ရသည်။
ဖမ်းဆီးသူများသည် သူတို့နှစ်ဦးထဲမှ တစ်ဦးကိုသာ အသက်ရှင်ခွင့်ပေးမည်ဟု ဖိအားပေးခဲ့သည်။ သေတ္တာထဲတွင် လှဲလျောင်းနေခဲ့သည့် ဟွာအန်းစွေ့သည် ကျိုးဇီကျုံးမှ သူမအား ရွေးချယ်ခဲ့သည်ကို ကြားခဲ့ရသည်။
သူမ မပျော်ခဲ့ပေ အဘယ့်ကြောင့်ဆိုသော် ယနေ့ မည်သူသေ ဆုံးသည်ဖြစ်စေ ကျိုးဇီကျုံးသည် သူ့ကိုယ်သူသာ အပြစ်တင်လိမ့်သည်။
သေချာပေါက်ပင် သူတို့ကယ်တင်ခံရပြီးနောက် ကျိုးဇီကျုံး သည် သူ၏အိမ်ထောင်ရေးကိုသာ ဆက်လက်ထိန်းသိမ်းရန် ရွေးချယ်ခဲ့သည်။
သူသည် အပြစ်ရှိသည်ဟု ခံစားခဲ့ရသောကြောင့် သူ့ဘဝတစ် လျှောက်လုံး ပြန်ပေးဆပ်ရန် လိုလားခဲ့သည်ကို ဟွာအန်းစွေ့သိသည်။
သူမ အလုပ်လုပ်သည့်နိုင်ငံသို့ ပြန်ကာ အလုပ်ပိုကြိုးစားခဲ့သည်။ လူတစ်ယောက်၏ အင်းစက်များအပေါ် စိတ်အားထက် သန်မှုကို သူမ၏ပခုံးပေါ်တွင် သယ်ဆောင်ခဲ့သည်။
သူတို့ ငါးနှစ်အကြာတွင် နောက်တစ်ကြိမ်တွေ့ဆုံခဲ့သည်။
ကျိုးဇီကျုံးသည် ယခင်ကထက် ပိုမိုရင့်ကျက်လာခဲ့သည်။ သူသည် မိသားစုကုမ္ပဏီကို လွှဲပြောင်းယူခဲ့ပြီး တစ်ချိန်ကချော မောခဲ့သည့် မျက်နှာသည် ယခုအချိန်တွင် အေးစက်မှုတို့ ရှိနေခဲ့သည်။
သူ ကောင်းကောင်း လုပ်မနေခဲ့ပါချေ။
ဟွာအန်းစွေ့သည် တစ်ချက်ကြည့်လိုက်ရုံနှင့် သိသည်။ ထို့ နောက် သူ မနေနိုင်တော့ကာ သူ့ကိုယ်သူနှင့် ဟဲရန်ကျယ်ကို လွှတ်ချရန်အကြံပေးခဲ့သည်။
ကျိုးဇီကျုံးသည် နောက်ဆုံးတွင် သူ၏မာကြောသည့် မျက်နှာ ဖုံးကို ချွတ်ချကာ အနည်းငယ် ပင်ပန်းနေသည့်အသွင်ကို ပြသခဲ့သည်။
ခဏအကြာတွင် သူပြောလာခဲသည်။
"ငါ သူ့မကိုချစ်တယ်၊ သူမကိုပဲ ချစ်ခဲ့တာ။”
ဟွာအန်းစွေ့၏နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။
"ဒါဆိုလည်း... သူ့ကို ပိုကြင်နာပါ။”
ထို့နောက် သူတို့ အချင်းချင်းထပ်မတွေ့ကြတော့ပေ။
ဟွာအန်းစွေ့သည် အကျင့်ဖြစ်နေကာ ကျိုးဇီကျုံးကိုစောင့်ကြည့်နေဆဲပင်။ သူ့ကို တီဗီတွင် မကြာခဏ မြင်ရသည်။
အင်တာဗျူးတစ်ခုတွင် hostမှ ကျိုးဇီကျုံး၏အတိတ်က အချစ်ရေးဇာတ်လမ်းများအကြောင်း မေးမြန်းသောအခါ သူသည် ဒေါသမထွက်ခဲ့ဘဲ လူငယ်ဘဝက မိုက်မဲခဲ့ခြင်းဟုဖြေခဲ့သည်။
မိုက်မဲခဲ့တာ..
ထိုစကားများသည် ဟွာအန်းစွေ့စိတ်ထဲတွင် အကြိမ်ကြိမ် ပဲ့တင်ထပ်နေခဲ့သည်။
ယခုအချိန်တွင် သူတို့လည်း လေးဆယ်အရွယ်ရှိနေကြပြီဖြစ်ကာ သူမလည်း လွှတ်ချနိုင်ခဲ့ပြီလို့ ထင်ခဲ့သောကြောင့် သူမ နိုင်ငံကို ပြန်လာခဲ့ပြီး သူငယ်ချင်းများနှင့် မိသားစုဆီလာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
မိတ်ဆွေတစ်ဦးမှ သူမအား ကျိုးဇီကျုံးပြုပြင်ပြောင်းလဲခဲ့သည့် ဇာတ်လမ်းကို ပြောပြလာချိန်တွင်လည်း သူ ပြုံးသာပြလိုက်သည်။
ထိုညနေခင်း အထိပင်။ သူမ မနေနိုင်ဘဲ ကျိုးဇီကျုံးနှင့် ပတ် သက်သည့် သတင်းများကို ထပ်မံစစ်ဆေးကြည့်ခဲ့သည်။ သတင်းတစ်ပုဒ်တွင် ကျိုးဇီကျုံးသည် သူ၏ လက်ရှိဇနီးမှာ သူ၏အချစ်ဦးဖြစ်ကြောင်း ဝန်ခံထားသည့် screenshots များကိုတင်ထားခဲ့သည်။
ထိုအချိန်တွင် ဆယ်စုနှစ်ကျော်ကြာ ဖိနှိပ်ထားသော ခံစားချက်များသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။ ဟွာအန်းစွေ့ နှလုံးခုန်သံမြန်လာပြီးအသက်ရှူမဝတော့ကာ လက်ချောင်း များပင် တစက်စက်တုန်လာသည်။
တကယ်လို့ ကျိုးဇီကျုံးက ဟဲရန်ကျယ်ကိုပဲ အမြဲတမ်းချစ်ခဲ့တာဆိုရင် သူက ဘာလဲ ?
သူက သူရဲ့ မိုက်မဲမှုလား?
သူ့ကြောင့် ဟွာအန်းစွေ့နှင့် သူမ၏မိဘများသည် နိုင်ငံခြားသို့ ပြောင်းရွှေ့ခဲ့ရသည်။
သူ့ကြောင့် သူမထံ အိပ်ပျက်ညများ မရေမတွက်နိုင်အောင် ရှိခဲ့ရသည်။
အခုတော့ ရုတ်တရက်ကြီး ကျိုးဇီကျုံးနဲ့ ဟဲရန်ကျယ်တို့ရဲ့ ဆက်ဆံရေးမှာ သူက ဘောင်မဝင်သူလို့ ပြောလာသည်လား?
ဟွာအန်းစွေ့သည် အလွန်ဒေါသထွက်ကာ လက်မခံနိုင်ခဲ့ပေ။
ထို့ကြောင့် ယနေ့ညတွင် သူမသည် ဤကဲ့သို့ ဝတ်ဆင်ကာ ပျော်ရွှင်နေသော ဤစုံတွဲကို လက်စားချေလိုခဲ့ခြင်းပင်။
ဝမ်းနည်းစရာကောင်းသည်မှာ ဟဲရန်ကျယ်သည် ဂရုမစိုက်ခဲ့ပေ။ ဟွာအန်းစွေ့သည်သာ အကုန်ချွတ်ပြလိုက်မိကာ ရုပ်ဆိုးပြီး ရယ်စရာဖြစ်နေသည်ဟု ခံစားခဲ့ရသည်။
သူ တုန်ယင်နေကာ သူ့မျက်နှာကို ဖုံးအုပ်ထားမိသည်။
သူ့အပေါ်သို့ အရိပ်တစ်ခုကျလာကာ ဟွာအန်းစွေ့သည် မော့ကြည့်လိုက်သည်။
ဟဲရန်ကျယ်သည် သူ့ရှေ့တွင် ရပ်နေခဲ့သည်။ အလင်းရောင်သည် မှိန်ဖျော့နေသော်လည်း သူ့မျက်နှာမှာ လှပနေဆဲဖြစ်ပြီး ယခင်ကကဲ့သို့ မောက်မာကာ အထက်စီးဆန်သည့် သူမျိုး မဟုတ်တော့ပေ။
"ငါတောင်းပန်ပါတယ်။"
ဟဲရန်ကျယ်၏ အသံသည် ကြားနိုင်ရုံမျှသာ။
ဟွာအန်းစွေ့ သူမအား အံ့အားသင့်စွာမော့ကြည့်နေမိသည်။
ဟဲရန်ကျယ်သည် မျက်လွှာချကာ အလင်းထဲတွင် သူ့ မျက် တောင်များသည် အရိပ်များထင်ကျန်သည်နေစေခဲ့သည်။
သူက"ငါ့ရဲ့ ဆင်းရဲဒုက္ခက နင့်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် စိတ်သက်သာရာရစေမယ်ဆိုရင် ငါနင့်ကို ပြောပြမယ်။ ငါလုံးဝအဆင်မပြေဘူး။ နေ့တိုင်း စိတ်ဆင်းရဲရတယ်။”
ကျိုးဇီကျုံး၏ မျက်ဆန်များသည် တုန်လှုပ်သွားပြီး တစ်စုံတစ် ရာသည် သူ့ကိုထိုးဖောက်သွားသကဲ့ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။
ဟဲရန်ကျယ်နှင့် ကျိုးဇီကျုံးတို့တွင် တစ်ချိန်ကလေးတစ်ယောက်ရှိခဲ့သည်။
သို့သော် သုံးလမပြည့်မီမှာပင် ကလေးသည် သူ့ဝမ်းထဲတွင် သေဆုံးသွားခဲ့သည်။ သူမသည်လည်း နောက်တစ်ကြိမ် ကလေးမရနိုင်တော့ပေ။
နှစ်ပေါင်းများစွာကြာသည့်တိုင် ဘာကြောင့် ဒီလိုဖြစ်ရတာလဲဟု ဟဲရန်ကျယ်တွေ:မိနေဆဲပင်။
ဖြစ်နိုင်သည်မှာ အစကတည်းက သူမ မှားယွင်းခဲ့သည်များလား ? ကျိုးဇီကျုံးမှ သူမအား မလိုချင်သည်ကို သိသိရက်နှင့် ခေါင်းမာမာဖြင့် သူ့အား လက်ထပ်ခဲ့တာကြောင့်များလား ?
ထိုကလေးသည် သူမ၏ မစဥ်းစားမဆင်ခြင်သည့် လုပ်ရပ်များနှင့် ခေါင်းမာမှုများအတွက် ပေးဆပ်ခဲ့ရသည့် တန်ဖိုးများဖြစ်မည်။
ဟဲရန်ကျယ်သည် အတိတ်မှ သူမအား ရွံမုန်းသည်။ သူမသာ မရှိခဲ့ပါလျှင် ကျိုးဇီကျုံးသည် ဟွာအန်းစွေ့နှင့်လက်ထပ်ခဲ့ရလောက်သည်။
ထို့ကြောင့် ဟွာအန်းစွေ့ သူမအား မုန်းတီးသည်ကို သူ နားလည်ပေးနိုင်သည်။
ဟဲရန်ကျယ် ဟွာအန်းစွေ့ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ကျသွားသည့် ပန်းကလေးကို သူမ၏အင်္ကျီပေါ်သို့ ပြန်တပ်ပေးပြီး နောက်တစ်ခါထပ်ပြောလိုက်သည်။
"ငါတောင်းပန်ပါတယ်။"
ဟွာအန်းစွေ့သည် ဟဲရန်ကျယ်အား ကြည့်နေခဲ့သည်။
ယခုနီးကပ်လာချိန်တွင် ဟဲရန်ကျယ်၏ မျက်လုံးများထဲရှိ ဖျောက်ဖျက်မရနိုင်မည့် အမှောင်ထုအား သူမ နောက်ဆုံးမြင်နိုင်သွားကာ သူမ၏နှလုံးသားသည် ပြင်းထန်စွာ နာကျင်သွားခဲ့သည်။
ဟွာအန်းစွေ့ ယနေ့လာရောက်ခဲ့သည်မှာ ကျိုးဇီကျုံးနှင့် ဟဲရန်ကျယ်တို့ကို စိတ်မသက်မသာဖြစ်စေရန်ဖြစ်သည်။
သို့သော် ဟဲရန်ကျယ်အား ဤကဲ့သို့ မြင်ရချိန်တွင် သူ ဝမ်းမ နည်းဘဲ မနေနိုင်တော့ပေ။
---
ဟဲရန်ကျယ် မတ်တပ်ရပ်ကာ ကျိုးဇီကျုံးအား လှည့်ကြည့်လိုက်သည်။
လေထုသည် သိမ်မွေ့စွာ တင်းမာလာပြီး လူတိုင်းသည် ၎င်းကိုသတိပြုမိကြသည်။ ၎င်းတို့၏အသက်ရှူသံများသည်လည်း သူ့အလိုလို တိုးလျသွားခဲ့သည်။
ဟွာအန်းစွေ့၏ ပေါ်ထွက်လာမှုသည် ဟဲရန်ကျယ်နှင့် ကျိုးဇီကျုံးတို့ ကြားရှိ အပေါ်ယံ အေးချမ်းမှုကို ကွဲကြေသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျိုးဇီကျုံး၏ခန္ဓာကိုယ်သည် အလွန်အ မင်း တောင့်တင်းနေခဲ့ပြီး သူကူကယ်ရာမဲ့နေသည်ကို ဖော်ပြနေခဲ့သည်။
ချင်ရှစ်ယောင်သည် ရှန်းထင်းကျိုး၏လက်ကို ရုတ်တရက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားမှုနှင့် ရင်တုန်မှုတို့ ရောနှောနေသည့် အသံဖြင့် "လာတော့မယ်၊ လာတော့မယ်။"
ရှန်းထင်းကျိုး၏မျက်နှာသည် အနည်းငယ် ရှုံ့တွသွားသည်- "ငါအရိုးတွေ ကျိုးတော့မယ်၊ အရိုးတွေ ကျိုးတော့မယ်လို့။'