no

Font
Theme

🩺 Chapter 19

ရှန်းထင်းကျိုး မျိုးရိုးဗီဇစစ်ဆေးမှုရလဒ်အား စာအိတ်ထဲသို့ ပြန်ထည့်ကာ ကြိုးကိုပြန်ချည်လိုက်သည်။

သူသည် ကျိုးဇီကျုံး၏ သားဟုတ်မဟုတ် ကျိုးဇီထန်း သိလိုခြင်းမှာ ယခုအချိန် သူ့မိသားစုမှာအကြီးအကျယ်ကသောင်း ကနင်းဖြစ်နေပြီး သူသည်လည်း ထိတ်လန့်နေမိတာကြောင့်ဖြစ်သည်။

ဤကိစ္စမျိုးသည် သူတစ်ပါးအိမ်တွင် နေရသည့် ကလေးများတွင်အဖြစ်များသော ပြဿနာတစ်ခုဖြစ်သည်။

ရှန်းထင်းကျိုးသည် ဖုယွင်ယွင်၏အိမ်တွင် ကြီးပြင်းခဲ့သည်။ သူ၏အဒေါ်သည် နူးညံ့သိမ်မွေ့ပြီး စဥ်စားဆင်ခြင်တတ်သူဖြစ်ပြီး သူ၏ဦးလေးမှာလည်း ပွင့်လင်းမြင်သာသူဖြစ်သည်။ လင်မယားနှစ်ယောက်လုံးသည် သူ့အပေါ်တွင် အလွန်ကောင်းသည်။ သို့သော်ငြား သူလည်း စိတ်ဓာတ်ကျသည့်အခါမျိုးရှိသည်။ ကျိုးဇီထန်းအတွက်မူ အမှန်ပင် ပိုခက်ခဲလိမ့်မည်။

မိခင်းအရင်းထံမှ စွန့်ပစ်ခြင်ခံခဲ့ရသည် မည်သည့်ကလေးကိုမဆို စိတ်မလုံခြုံမှုရှိဖြစ်စေလိမ့်မည်။ အထူးသဖြင့် သူတို့၏ "ဖခင်"ဆိုသူလည်း အေးစက်ကာ ဂရုမစိုက်သူဖြစ်သောအခါတွင် ပိုဆိုးလိမ့်မည်ပင်။

ဟဲရန်ကျယ်သည် သူ့အား ဂရုစိုက်သော်လည်း သူမသည် လူတိုင်းအပေါ်တွင် ကြင်နာသူဖြစ်သည်။

စိတ်လုံခြုံမှုကင်းမဲ့နေသူတစ်ဦးအတွက် ကြင်နာမှုသည် မလုံ လောက်ပေ။ သူ၏ စိုးရိမ်ပူပန်စိတ်များအားလုံးကို ဖြေဖျောက် နိုင်ရန် အထူးဂရုစိုက်မှုပေးရန်လိုအပ်သည်။

ထို့ကြောင့် ကျိုးဇီထန်း၏အမြင်တွင် မည်သူမဆို၊ မည်သည့်အချိန်တွင်မဆို သူ့ကို စွန့်ပစ်သွားနိုင်သည်။ ဟဲရန်ကျယ်လည်း အပါအဝင်ဖြစ်သည်။

ယခု သူလိုအပ်နေသည်မှာ မိသားစု ခံစားချက်ဖြစ်သည်။ အေး စက်စက် သွေးသားအတည်ပြုချက်မဟုတ်ပေ။

ဟဲရန်ကျယ်သာလျှင် ကျိုးဇီထန်း၏စိုးရိမ်ပူပန်မှုများနှင့် စိတ် ရှုပ်ထွေးမှုများကို ဖြေဖျောက်ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည်သာ သူ့အား အမှန်တကယ်ချစ်မြတ်နိုးသော ကြောင့်ပင်။

မျက်လုံးများသည် မလိမ်ညာပေ။ ဟဲရန်ကျယ်မှ သူ့အားကြည့်သည့် အကြည့်မှာ အနည်းငယ် ဆိုးသွမ်းသော်လည်း မိဘကို အလွန်ရိုသေသည့် ကလေးဖြစ်သူကို ချစ်ခင်စွာကြည့်သည့် မိခင်တစ်ဦး၏အကြည့်ဖြစ်သည်။

သူ့အဒေါ်၏ မျက်လုံးထဲတွင် မြင်ဖူးခဲ့သည့် ထိုအရာကို သူမမျက်လုံးထဲတွင် ရှန်းထင်းကျိုးမြင်နိုင်သည်။

---

ကျိုးဇီထန်း၏ အိမ်မှ ထွက်လာပြီးနောက် ရှန်းထင်းကျိုး အကျင့်အတိုင်း ဓာတ်လှေကားထဲတွင် သူ့ ဖုန်းကို စစ်ဆေးကြည့်လိုက်သည်။

မိနစ်သုံးဆယ်လောက်တုန်းက ချင်ရှစ်ယောင်မှ သူ့အားမက်ဆေ့ချ်တစ်စောင် ပို့ထားခဲ့သည်။

ရှစ်မိနှစ်လောက်ရှည်သည့် ဗီဒီယိုတစ်ပုဒ် ဖြစ်ပြီး caption မှာ : "မွေးနေ့ပွဲ၌ CEO ကြီးတစ်ယောက် နောင်တကြောင့် မျက်ရည်ဖြိုင်ဖြိုင်ကျနေမှု”

ရှန်းထင်းကျိုး၏ မျက်ခုံးများတွန့်ချိုးသွားရသည်။

ရိုးရိုးသားသားပြောရရင် ချင်ရှစ်ယောင်၏ခေါင်းစီး ဖန်တီးနိုင်စွမ်းမှာ စျေးကွက်ရှာဖွေရေးလုပ်ငန်းတွင်ပင် အောင်မြင်နိုင်လောက်သည်။

ဗီဒီယိုတွင် ကျိုးဇီကျုံးသည် ကိတ်မုန့်လှည်းကြီးဘေးတွင် တစ်ယောက်တည်း ထိုင်နေခဲ့ကာခေါင်းငုံ့ထားခဲ့သည်။ အတော်လေးဝေးသောကြောင့် သူ ငိုနေလား မငိုနေဘူးလားကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူပုံစံမှာ အလွန်အထီး ကျန်နေခဲ့သည်။

စာကို ဖတ်ပြီးကြောင်း အမှတ်အသားပေါ်နေပြီဖြစ်ကာ သူ စာမပြန်လျှင် မယဥ်ကျေးရာရောက်သည်ဟု ရှန်းထင်းကျိုးတွေးလိုက်သည်။

အံ့အားသင့်ဖွယ်ကောင်းသည့် ချင်ရှစ်ယောင်၏ ခေါင်းစီးအတွက် အစက်ခြောက်စက် ပို့လိုက်သည်။

ချင်ရှစ်ယောင် ချက်ချင်း စာပြန်လာသည်။

“ထွက်လာပြီလား။”

ချင်ရှစ်ယောင် - "ဘယ်လိုလဲ ? အထဲမှာ ဖရဲသီးလေး ဘာလေးများ မရှိဘူးလား?

ရှန်းထင်းကျိုး - "...မရှိဘူး"

ချင်ရှစ်ယောင် သူ့အား မယုံခဲ့ပေ။

"တကယ် ဘာမှ မရှိဘူးလား၊ ဒါမှမဟုတ် သူများ ကိုယ်ရေး ကိုယ်တာမို့ ထုတ်မပြောချင်တာလား။"

ရှန်းထင်းကျိုး ဘာဖြေရမှန်းပင် မသိတော့ချေ။

သူတုံဆိုင်းနေစဥ် ချင်ရှစ်ယောင် နောက်စာတစ်စောင်ပို့လာသည်။

"သိလိုက်ပြီ၊ ဖရဲသီး အကြီးကြီးရှိနေတာပဲ။”

ရှန်းထင်းကျိုး ဘာမှမပြောနိုင်တော့ပေ။

ကံကောင်းစွာပင် ချင်ရှစ်ယောင်သည် ထဲထဲဝင်ဝင် ထပ်မမေးတော့ပေ။

"ဒါဆို ငါ မေးခွန်းတစ်ခုပဲ မေးမယ်။ CEO က သူ့ဇနီးကို ပြန်ရနိုင်မယ်ထင်လား။"

"ဇနီးလေးကို ပြန်လိုက်ခြင်း" ကဲ့သို့သော အကြောင်းအရာကို စိတ်ဝင်စားသူမှာ ချင်ရှစ်ယောင်ဖြစ်သည်။

ဟဲရန်ကျယ်နှင့် ကျိုးဇီကျုံး၊ ကျိုးဇီထန်းနှင့် ဟဲရန်ထင်းတို့ သည် ရုတ်တရက် ဆွဲဆောင်မှုမရှိတော့ပေ။

CEO ကြီးသည် online ပေါ်တက်လာပြီဖြစ်ကာ သူသည် အခုချိန်တွင် အလွန်အမင်းစိတ်ဆင်းရဲနေသည်။

သူများ နှိပ်စက်ညှင်းပန်းခံနေရတာကို ဘယ်သူက ကြည့်ချင်လို့လဲ!

ရှန်းထင်းကျိုး ရိုးရိုးသားသားပြောလိုက်သည်။

"ငါလည်း မသိဘူး’"

ဤအသက်အရွယ်တွင် ကွာရှင်းရန်ပြောလာခဲ့သည့် ဟဲရန်ကျယ်သည် သေချာပေါက် သေသေချာချာ ဆုံးဖြတ်ခဲ့ပြီးဖြစ်မည်။

သို့သော် ချင်ရှစ်ယောင်သည် ဤကဲ့သို့ စိတ်ခံစားများ ရုန်းကန်နေရသည်ကို ကြည့်ရတာ ကြိုက်သည်။ သူ့ဇနီးလေးကို ပြန်ရဖို့ရန်ခက်လေ၊ ပိုစိတ်လှုပ်ရှားဖွယ်ကောင်းလေပင်။ အဆုံးစွန်သော နှိပ်စက်ညှဉ်းပန်းမှုသည် အဆုံးစွန်သော ချိုမြိန်မှုဆီသို့ ဦးတည်သွားစေသည်။

ချင်ရှစ်ယောင် : "စကားမစပ် ဒီမှာ အတွင်းသတင်းရှိတယ်၊ ဟွာအန်းဆွေ့က သူ မထွက်သွားခင် ကျိုးဇီကျုံးကို ပါးရိုက်သွားတယ်။"

ရှန်းထင်းကျိုး : "!"

ချင်ရှစ်ယောင် - " ကျစ် ~ ကျစ်၊ မစ္စတာကျိုး အမျိုးသမီးတွေဆီက တော်တော်လေးအရိုက်ခံလိုက်ရတာပဲ။”

ရှန်းထင်းကျိုး - ...မင်း ပြောပုံက ထူးဆန်းနေပေမယ့် မှန်တော့ မှန်တယ်။

---

ဟဲရန်ကျယ် ကျိုးဇီကျုံးနှင့် ကွာရှင်းလိုသည့်သတင်းသည် သူတို့ အသိုင်းအဝိုင်းတစ်ခုလုံးတွင် အမြန်ပင်ပျံ့နှံ့သွားခဲ့သည်။

အိမ်တော်ထိန်းပင် ရှန်းထင်းကျိုးအားမေးလာခဲ့သည်။

ရှန်းထင်းကျိုးပင် မေးရိုးပြုတ်ကျသွားမတတ်ဖြစ်သွားသည်။ ပုံမှန်အားဖြင့် တည်ငြိမ်သည့်အိမ်တော်ထိန်းမှာ ဖရဲသီးဖန်ဖြစ်နေသောကြောင့်ပင်။

"ရှန်းထင်းကျိုး စဉ်းစားနေသည်ကို သတိထားမိသွားသည့် အိမ်တော်ထိန်းမှ ပြောလိုက်သည်။ 'ငါ သူတို့ လက်ထပ်ပွဲကို တက်ခဲ့တာလေ'"

ရှန်းထင်းကျိုးလည်း သူသည် သူ့သူငယ်ချင်းဟောင်းများအတွက် ဝမ်းနည်းနေသည်ထင်ပြီး နှစ်သိမ့်ဖို့လုပ်ချိန် အိမ်တော်ထိန်း ဆက်ပြောလာသည်မှာ “ သူတို့က မလိုက်ဘူးလို့ ငါ အမြဲတွေးခဲ့တာ။”

ရှန်းထင်းကျိုးလည်း တိတ်တိတ်လေးပါးစပ်ပိတ်လိုက်ရသည်။

အိမ်တော်ထိန်းက အိုးထဲရှိအပင်ကို ညှပ်နေရင်း "မစ္စဟဲက အဲဒီတုန်းက နာမည်ကြီးအလှပ‌ဂေးလေ။”

ရှန်းထင်းကျိုး စိတ်ထဲမှ အိမ်တော်ထိန်းသည် အဒေါ်ဟဲကို စိတ်ဝင်စားဖူးသလားလို့ တွေးနေမိသည်။

အိမ်တော်ထိန်းသည် အကိုင်းတစ်ကိုင်းကို ဖြတ်လိုက်သည်။ "ကျိုးဇီကျုံးက သာမာန်ပဲချောတာ။ ရုပ်ရည်ပိုင်းမှာတောင် လိုက်ဖက်မှုမရှိဘူး။”

ဤစကားသည် သိသိသာသာကိုဘက်လိုက်နေတာပင်။ ကျိုးဇီကျုံးသည်လည်း အတော်ချောမောသည်။

သို့သော် ရှန်းထင်းကျိုး နားလည်ပါသည်။ နောက်ဆုံးတော့ သူတို့သည် အချစ်ပြိုင်ဘက်တွေဖြစ်သည်။ ဘယ်သူက သူတို့ပြိုင်ဘက်ကို သဘောကျမှာလဲ ??

အိမ်တော်ထိန်းနှင့် မတူပေ။ ချင်ရှစ်ယောင်သည် ကျိုးဇီကျုံး ၏ သူ့ဇနီးအားပြန်ရန် ကြိုးစားနေမှုများကို ခြေရာခံကာ ရှန်းထင်းကျိုးထံ အချိန်နှင့် တစ်ပြေးညီ အပ်ဒိတ်ပို့ပေးသည်။

ချင်ရှစ်ယောင် : "သူလာနေပြီ၊ သူလာနေပြီ ! အာဏာရှင်စီအီးအိုက ကျိုးဇီထန်းရဲ့အိမ်မှာ တစ်ယောက်ယောက်ကိုလာရှာနေတယ်!"

ချင်ရှစ်ယောင် : Image.jpg

ရှန်းထင်းကျိုး ဓာတ်ပုံကိုဖွင့်ကြည့်လိုက်သည်။ ကျိုးဇီထန်း၏ အိမ်လှေကားခွင်ထဲ ကျိုးဇီကျုံးဝင်နေသည့်ပုံဖြစ်သည်။ သို့ သော် ဓာတ်ပုံမှာ အတော်မှုန်ဝါးနေသည်။

ရှန်းထင်းကျိုး အံ့အားသင့်သွားသည်။

"မင်း မစ္စတာကျိုးနောက်ကို လိုက်နေတာလား ?”

ချင်ရှစ်ယောင် ပြန်ငြင်းလိုက်သည်။

"မဟုတ်တာ၊ ငါ ကျိုးဇီထန်း အိမ်အောက်မှာ စောင့်နေတာပါ။"

ရှန်းထင်းကျိုး : ...

အတင်းအဖျင်းအတွက် ဒီလောက်တောင်ကြိုးစားတယ်ပေါ့ ?

အိမ်တော်ထိန်းမှ မေးလာသည်။ "အလုပ်ရှိတာလား ?"

ရှန်းထင်းကျိုး ခေါင်းရမ်းလိုက်သည်။ "မဟုတ်ပါဘူး၊ မစ္စချင်၊ ချင်ရှစ်ယောင်ပါ။”

အိမ်တော်ထိန်း မျက်နှာမှာ မှတ်မိသွားသည့်ပုံပင်။ "သူ လား ? ငါ သူ့မိဘတွေရဲ့လက်ထပ်ပွဲကို တက်ခဲ့တာ။"

ရှန်းထင်းကျိုး : ... ဒီလောက် ကျယ်ပြန့်တဲ့ လူမှုရေးကွန်ရက်။

အိမ်တော်ထိန်းက မြို့မှာရှိတဲ့ လက်ထပ်ပွဲတိုင်းရဲ့တစ်ဝက်လောက်ကို တက်ဖူးတယ်ထင်တယ်။ လူတိုင်းရဲ့လက်ထပ်ပွဲတိုင်းကို လိုက်တက်နေတာထင်တယ်။

ရှန်းထင်းကျိုး စိတ်ဝင်စားသွားသည်။

"လီကျင့်ဟန်ကို သိလား ?"

ဒုတိယ အလုပ်ရှင်ဖြစ်သည်။

အိမ်တော်ထိန်း စဉ်းစားစရာတောင်မလိုပေ။

"သိတယ်၊ သူ့အဖေက လီကျင်းချုံမလား ? သူ နှစ်ခါလက် ထပ်ဖူးတယ်။ ငါ လက်ထပ်ပွဲ နှစ်ပွဲစလုံးကိုတက်ခဲ့တာ။"

ရှန်းထင်းကျိုး အထင်ကြီးသွားဂသည်။

"မတက်ဖူးတဲ့ လက်ထပ်ပွဲရော ရှိသေးရဲ့လား ?”

အိမ်တော်ထိန်း သူ့ဘက်လှည့်ပြီး ပြုံးပြလိုက်သည်။

"မင်းနဲ့ သခင်လေးရဲ့ လက်ထပ်ပွဲလေ”

ရှန်းထင်းကျိုး အရိပ်အကဲ မဖမ်းမိဘဲ တိုက်ရိုက်ပြောလိုက်သည်။

"ကျွန်တော်လက်ထပ်ရင် သေချာပေါက် ဖိတ်မှာပေါ့။”

အိမ်တော်ထိန်း အကိုင်းနှစ်ခုကိုအတူတွဲချည်ရင်း အေးအေး ဆေးဆေးပြောလိုက်သည်။

"ငါ သေချာပေါက် တက်မှာ”

ရှန်းထင်းကျိုး ကိုယ်တိုင်တောင် လူမှန်တွေ့မည်ဟုမပြောနိုင်သေးပေ။

ခဏအကြာမှာ ချင်ရှစ်ယောင် နောက်ထပ်စာတစ်စောင်ပို့လာသည်။

"သူထွက်လာပြီ၊ အာဏာရှင်စီအီးအိုကြီးထွက်လာပြီ။ ငါးမိနစ်ပဲ နေခဲ့တာ။”

ချင်ရှစ်ယောင် လောဂျစ်ကျကျ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“သူ ကန်ထုတ်ခံလိုက်ရတာဖြစ်မယ်။”

တိန် ~ တင် ~ နောက်ထပ်စာတစ်စောင် ရောက်လာခဲ့သည်။ ချင်ရှစ်ယောင်ထံမှ မဟုတ်ဘဲ ကျိုးဇီထန်းဆီမှဖြစ်သည်။

ကျိုးဇီထန်း: "သူ စောစောက ရောက်လာတယ်။”

ရှန်းထင်းကျိုး : မင်း ဘာလို့ ငါ့ကို လာပြောပြနေရတာလဲ ?

ချင်ရှစ်ယောင် : "သူ့ကို ဘယ်သူ နှင်ထုတ်လိုက်တာလဲသိချင်လိုက်တာ၊ ဟဲရန်ကျယ်ဖြစ်မယ်၊ ကျိုးဇီထန်း မဖြစ်နိုင်ဘူး။"

ကျိုးဇီထန်း : "ကျွန်တော် သူ့ကို အိမ်ထဲ မဝင်ခိုင်းလိုက်ဘူး၊"

ရှန်းထင်းကျိုး : မင်းတို့နှစ်ယောက်ကို သီးသန့်စကားပြောဖို့ Gp ဖွဲ့ပေးလိုက်ရမလား ?

---

ရှန်းထင်းကျိုး ချင်ရှစ်ယောင်နှင့် ကျိုးဇီထန်းတို့ နှစ်ယောက်စလုံးကိုစာပြန်လိုက်သည်။ သူ စာပြန်ပြီးသည်နှင့် အဝတ်အ စားအသစ်လဲထားသည့် ရှုရွှင်းမှာ လှေကားမှဆင်းလာသည်။

စောစောက သူနှင့် ရှုရွှင်းတို့ ကြောင်နှစ်ကောင်ကို ရေချိုးပေးခဲ့ခြင်းဖြစ်သည်။ ကြောင်ကြီးသည် ရေကိုလုံးဝမကြိုက်သော ကြောင့် ရှုရွှင်းကို တစ်ကိုယ်လုံး ရေစိုသွားအောင်ရေနှင့်ပက်ခဲ့သည်။

ရှုရွှင်းသည် သေချောပေါက်ပင် ငွေရောင်ကြောင်ပေါက်လေးကိုပိုသဘောကျပြီး ရေချိုးပြီနောက် ကြောင်အခြောက်ခံစက်ထဲမှ သယ်ထုတ်လိုက်သည်။

လတ်လတ်ဆတ်ဆတ် ရေချိုးထားတဲ့ ကြောင်ပေါက်လေး၏ အမွေးများသည်တောက်ပနေသည့်ကာ ငွေနှင့် မီးခိုးရောင်ရောနေသည့် အမွှေးဖျားလေးတွေသည် အမွှေးပွပွလေးဖြစ်နေကာ နူးညံ့လှသည်။

သူ့ကိုပွေ့ထားရင်း ရှုရွှင်းသည် ယခုထိ အခြောက်ခံစက်ထဲတွင် ရှိနေသေးသည့် ကြောင်အား ဝေဖန်လိုက်သည်။

“အထဲကကောင်က နည်းနည်း ရုပ်ဆိုးတယ်"

ရှန်းထင်းကျိုး ရှုရွှင်း၏ပါးစပ်ကို လက်နှင့်ပိတ်ချင်သွားသည်။ "အဲလိုမပြောနဲ့၊ နှစ်ကောင်လုံးလှတယ်!"

ရှုရွှင်း နှာခေါင်းရှုံ့လိုက်ပြီး ရှန်းထင်းကျိုးပြောသည်ကို သဘောမတူသော်လည်း သူ့ကိုတော့ ဆန့်ကျင်စကားမဆိုခဲ့ချေ။

ရှန်းထင်းကျိုးလည်း သူ့"ဒုတိယကလေး"ကို ဘက်လိုက်သည့် စကားများထပ်ပြောလာမည်ကိုစိုးရိမ်သောကြောင့် အကြောင်း အရာပြောင်းလိုက်တယ်။

"မစ္စတာ ရှု၊ သူတို့ကို နာမည်ပေးပြီးပြီလား ?"

ရှုရွှင်း နာမည်ပေးပြီးသွားပြီဖြစ်သည်။

"အကြီးက ရှုရှန်း၊ အငယ်က ရှန်းရှု။”

ရှန်းထင်းကျိုး: ... ဘာလို့ မျိုးရိုးနာမည်တွေဖြစ်နေတာလဲ ?

ရှန်းထင်းကျိုး အကြံမပေးဘဲ မနေနိုင်တော့ချေ။

"အသံထွက်ရတာ နည်းနည်းခက်တယ်။ လွယ်တဲ့ နာမည်လေးတွေပေးရင်ရော။”

ရှုရွှင်း ခတ္တမျှစဉ်းစားလိုက်သည်။

“ဒါဆို ထင်းထင်းနဲ့ ကျိုးကျိုးလို့ခေါ်မယ်"

ရှုရွှင်းမှ သူ့နဲ့ ပတ်သတ်သည့် တစ်ခုခုကို သွယ်ဝှိုက်ပြီးပြောနေသည်ဟု ရှန်းထင်းကျိုး သံသယရှိသော်လည်း သက်သေမရှိပေ။

ရှန်းထင်းကျိုး : "သူတို့ကို ပန်းလေးနဲ့ မြက်ပင်လေးလို့ခေါ်ရင်ရော ?”

ရှုရွှင်း : "နည်းနည်း ရိုးတယ်။"

ထင်းထင်းနဲ့ ကျိုးကျိုးကလည်း ရိုးတာပဲလေ!

နောက်ဆုံးမှာ အိမ်တော်ထိန်းက ဝင်နာမည်ပေးရတော့သည်။ ရှုရှုနှင့် ရှန်းရှန်းဖြစ်သည်။ ရှုရွှင်းနှင့် ရှန်းထင်းကျိုးတို့ နှစ်ယောက်စလုံး ကျေနပ်သွားတော့သည်။

---

ယနေ့ ရှန်းထင်းကျိုး အလုပ်မများသောကြောင့် ရှုရွှင်းအိမ်တွင် ကြောင်လေးများကိုပျော်ပျော်ရွှင်ရွှင် ပွတ်ပေးရင်း ကြောင်မွေးအများကြီးကို စုလိုက်နိုင်သည်။

သူ့ စိတ်ကူးမှာ ဤအမွှေးများကိုစုထားပြီး ကြောင်လေးများ ကစားနိုင်ဖို့ ဘောလုံးအကြီးကြီးလုပ်ပေးရန်ဖြစ်သည်။

သူတို့ကစားနေပုံမှာ မည်မျှချစ်စရာကောင်းမည်ကို တွေ့းရင်း သူ မျက်နှာနူးညံ့သွားသည်။

ရှန်းထင်းကျိုးနှင့် ရှုရွှင်းတို့ ဧည့်ခန်းထဲတွင် ကြောင်ပွတ်နေချိန်မှာ အိမ်တော်ထိန်းသည် ဝင်လိုက်ထွက်လိုက်နှင့် အလွန် အလုပ်များနေသည့်ပုံပင်။

သူနောက်တစ်ခါဝင်လာချိန်တွင် ရှန်းထင်းကျိုး ကြောင်အား ပွတ်နေသည့် လက်မှာနှေးသွားသည်။

ရှုရွှင်း : "ဘာဖြစ်လို့လဲ။"

ရှန်းထင်းကျိုး တိုးတိုးလေးပြောလိုက်သည်။ "အိမ်တော်ထိန်း ပန်းစည်းတစ်စည်း ယူလာတယ်။"

ရှုရွှင်း သိပ်ဂရုမစိုက်ပေ။ အိမ်တော်ထိန်းသည် အပင်များကို အရေးပေးလွန်းသောကြောင့် သူ ပန်းစည်း ဆယ်စည်းယူလာလျှင်ပင် မအံ့သြပေ။

ရှန်းထင်းကျိုး၏မျက်လုံးများသည် အိမ်တော်ထိန်းနှင့်အတူ အပေါ်ထပ်သို့ ပါသွားသည်။ အိမ်တော်ထိန်း သူ့အခန်းထဲဝင်သွားချိန်တွင် ရှန်းထင်းကျိုး ရှုရွှင်းအားပြောလိုက်သည်။

"ပန်းက ဇီဇဝါပန်းတွေ၊ အထဲမှာ ကဒ်လည်းပါတယ်။"

ရှုရွှင်း ရှန်းထင်းကျိုးပြောချင်သည်ကို နားမလည်သေးပေ။

ရှန်းထင်းကျိုး : "ဇီဇဝါပန်းက ထာဝရချစ်ခြင်းကို ကိုယ်စားပြုတယ်။"

သူ့ရဲ့စောင့်ကြည့်လေ့လာမှုအရ အိမ်တော်ထိန်းက ဒီနေ့အဝတ် အစားအသစ်ဝတ်ထားသည်။ ဆံပင်ကိုလည်း ဂျယ်လ်လိမ်းထားသည်။ ရေမွှေးဆွတ်ထားတဲ့အပြင် အိတ်ကပ်ထဲက လက် ကိုင်ပုဝါအဖြူကိုလည်း အနီပြောင်းထားသေးတယ်!

ရှုရွှင်း နောက်ဆုံးတော့ အလေးအနက်ဖြစ်နေသည့် အခြေအ နေကို သတိထားမိလိုက်ပြီး မျက်မှောင်ကြုပ်လိုက်သည်။

"သူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ ?"

ရှန်းထင်းကျိုး အပေါ်ထပ်ကိုတစ်ချက်ကြည့်လိုက်ပြီး ရှုရွှင်းဆီသို့ ကိုယ်ကို ယိမ်းလိုက်ကာ "အိမ်တော်ထိန်းက လက်ထပ်ဖူးလား ?"

ရှုရွှင်းလည်း ရှန်းထင်းကျိုးလိုပဲ ကိုယ်ကို ယိမ်းကာ ခေါင်းကို ပိုနီးနီးတိုးသွားပြီး "လက်မထပ်ဖူးဘူး။"

နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ တီးတိုးပြောနေကြသည်။

ရှန်းထင်းကျိုး : "တစ်ခါမှ လက်မထပ်ဖူးဘူးလား?"

ရှုရွှင်း : "လက်မထပ်ဖူးဘူး။"

ငွေရောင်ကြောင်ပေါက်လေးသည် ရုတ်တရက် ခေါင်းထောင်ကာလာ ရှန်းထင်းကျိုးအာရုံလွင့်သွားသည်။ ရှုရွှင်းသည် ကြောင်ပေါက်လေးကိုလက်ဖြင့် ဘေးကိုတွန်းလိုက်သည်။

ရှန်းထင်းကျိုး အာရုံပြန်စူးစိုက်သွားကာ "ငါ့ အထင်တော့ အိမ်တော်ထိန်း ချစ်ချင်နေတာထင်တယ်။"

ရှုရွှင်း၏မျက်နှာအမူအရာမှာ နည်းနည်းထူးဆန်းသွာသည်။

"သူ မင်းကို အဲ့လို ပြောတာလား ?"

ရှန်းထင်းကျိုး ခေါင်းရမ်းလိုက်သည်။

"သူ တိုက်ရိုက်တော့ မပြောဘူး။"

တိုက်ရိုက်မပြောပေမယ့် ဟဲရန်ကျယ်ကို လှတယ်လို့ ချီးကျူးတယ်။ ကျိုးဇီကျုံးကို ရုပ်ဆိုးတယ်လို့ အတင်းပြောဖူးသည်။ အဝတ်အစားအသစ်တွေလဲ၊ ရေမွှေးတွေ စွတ်၊ ပန်းတွေဝယ်၊ ကဒ်တွေရေး……

အဲ့ဒါသာ အချစ်ကြောင့် မဟုတ်ရင်….

ရှုရွှင်း မျက်လွှာချလိုက်ပြီး အတွေးနက်သွားသည်။

အပေါ်ထပ်မှ တံခါးဖွင့်သံကြားလိုက်ရကာ အိမ်တော်ထိန်း ထွက်လာသည်။

ရှန်းထင်းကျိုး မြန်မြန်ခေါင်းပြန်ဆုတ်ပြီး မတ်မတ်ထိုင်ကာ ကြောင်ကို ပွတ်နေဟန်ဆောင်လိုက်သည်။

အိမ်တော်ထိန်းသည် ကြောင်ကိုပွတ်နေသည့် ရှန်းထင်းကျိုးကို မကြည့်သလို မျက်နှာအမူအရာမဲ့နေသည့် ရှုရွှင်းကိုလည်း မကြည့်ပေ။ သူသည် ဖုန်းပြောနေရင်း ဧည့်ခန်းကိုဖြတ်သွားပြီး တစ်ချက်ပင် လှည့်မကြည့်ဘဲအပြင်ထွက်သွားသည်။

ရှန်းထင်းကျိုး သူပြောသွားသည့် စကားများကို ကြားလိုက်ရသည်။ ဖယောင်းတိုင်မီး၊ ညစာနဲ့ Steak ဆိုပဲ!

အိမ်တော်ထိန်းထွက်သွားတော့ ရှန်းထင်းကျိုး ကြောင်ကိုထပ်ပွတ်ရင်း ရှုရွှင်းနားကိုကပ်ကာ မျက်လုံးနှင့်ဆက်သွယ်လိုက်သည်။

ရှန်းထင်းကျိုး : မင်းကြားလိုက်လား ? မီးအိမ်၊ ညစာ၊ steak တဲ့။

ရှုရွှင် ရှန်းထင်းကျိုးအား ကြည့်နေသည်။

ရှန်းထင်းကျိုး : အိမ်တော်ထိန်း ကြိုက်နေတဲ့သူ သေချာပေါက်ရှိရမယ်!

ရှုရွှင်း ရှန်းထင်းကျိုးကိုသာ ကြည့်နေမိသည်။

ရှန်းထင်းကျိုး : ပန်းတွေနဲ့ ဖယောင်တိုင်မီးနဲ့ ညစာ၊ သူက ဝန်ခံတော့မှာဟ!

ရှုရွှင်း ရှန်းထင်းကျိုးကိုသာ ဆက်ကြည့်နေသည်။

ရှန်းထင်းကျိုး အသံထွက်ကာ မေးလိုက်သည်။ "ဒါဆို ငါတို့ အခုဘာလုပ်ကြမလဲ ?"

ရှုရွှင်း၏ဗလာဖြစ်နေသည့် စိတ်မှာပြန်အသက်ဝင်လာပြီး "ငါတို့ ဘာလုပ်ကြမှာလဲ ?"

ရှန်းထင်းကျိုး : ...

ကြည့်ရသည်မှာ သူ့မျက်လုံးနှင့် အချက်ပြသည်များကို နားမလည်ဘူးထင်။ ဒါဆို ဘာလို့သူ့မျက်နှာကို စူးစိုက်ကြည့်နေရတာလဲ ? မှည့်တွေ ရေတွက်နေတာလား ?

ရှန်းထင်းကျိုး မျက်လုံးတစ်ချက်မှိတ်ကာ ပြောလိုက်သည်။

"အိမ်တော်ထိန်းက သူ ကြိုက်တဲ့သူကို ဒီနေ့ ဒီနေ့ ဝန်ခံတော့မယ်ထင်တယ်။ ဒါပေမယ့် အဲ့ လူက…..”

သူပြောချင်သည်မှာ ဟဲရန်ကျယ်သည် တရားဝင် မကွာရှင်းရသေးဘဲ ကျိုးဇီကျုံး၏ ဇနီးဖြစ်နေသေးသည်ကိုပင်။

ဤသည်မှာ အိမ်တော်ထိန်း၏ကိုယ်ရေးကိုယ်တာဖြစ်သော ကြောင့် ရှန်းထင်းကျိုး ထုတ်ပြော၍မရပေ။ ထို့ကြောင့် အဲဒီအစား "သူကြိုက်တဲ့သူက... အခုအချိန်မှာ သူနဲ့ မသင့်တော်သေးဘူးထင်တယ်။"

ရှုရွှင်း နားမလည်သေးပေ။

"သူ ဘယ်သူ့ကို ကြိုက်နေတာလဲ?"

ရှန်းထင်းကျိုး တုံ့ဆိုင်းစွာ နှုတ်ခမ်းလှုပ်သွားသော်လည်း

"ငါပြောလို့မရဘူး။"

ရှုရွှင်း ထပ်မမေးတော့ပေ။ သူမတ်တပ်ရပ်ကာ “ ဒါဆိုလည်း သူအခန်းကို သွားပြီ: ပန်းစည်းထဲကကဒ်ကို သွားကြည့်ကြရအောင်။”

"အဲ့လိုလုပ်လို့ ကောင်းပါ့မလား ? အိမ်တော်ထိန်းသိသွားရင် သေချာပေါက် ဒေါသထွက်သွားမှာ။ ငါတို့ ထပ်ပြီးဆွေးနွေး…"

ရှန်းထင်းကျိုး ပါးစပ်ကပြောနေရင်း အပေါ်ထပ်သို့တက်နေသည်။

လမ်းတစ်ဝက်ရောက်မှ သူ တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်ကာ လှည့်ကြည့်လိုက်သည်။

ရှုရွှင်းမှာ ထိုနေရာတွင်သာ ရပ်နေဆဲဖြစ်ပြီး သူ့အားအေးဆေးရပ်ကြည့်နေခဲ့သည်။

ရှန်းထင်းကျိုး : ...

စာရေးသူမှတ်ချက်:

ဒေါက်တာရှန်း : အခြားသူရဲ့ ကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်တာက မသင့်တော်ပါဘူးလေ။

ဒေါက်တာရှန်း : ဒါကြောင့် မြန်မြန်လေး လုပ်ကြရအောင်။ ဟေး .. မင်းဘာလို့ မသွားသေးတာလဲ ?

ရှုရွှင်း : ...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment