no

Font
Theme

🩺 Chapter 20

ရှန်းထင်းကျိုး ချက်ချင်းခေါင်းငုံ့ပြီး နောက်သို့ ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း ပြန်ဆုတ်ခဲ့ရသည်။

ရှုရွှင်း ဘေးနားထိလှမ်းလာပြီးနောက်တွင် သူတိုးတိုးလေး ပြောလိုက်သည်။

"ငါ မဟုတ်..."

သူက အိမ်တော်ထိန်းလုပ်နေတာတွေကို ခိုးကြည့်ချင်တာတော့ မဟုတ်ပါဘူး။ အခုချိန် အိမ်တော်ထိန်း ဟဲရန်ကျယ်အား လိုက်မည်ကို သူစိုးရိမ်လို့ပင်။

ကျိုးဇီကျုံးသည် ဤဆက်ဆံအား မပြီးပြတ်နေသေးသည်မှာ ရှင်းလှသည်။ အိမ်တော်ထိန်းသာ ယခုအချိန် အလျှင်စလိုလုပ်လိုက်လျှင် သူတို့ အဆုံးတွင် ရန်ဖြစ်သွားလိမ့်မည်ဟု ရှန်းထင်းကျိုးတွေးမိသည်။

ရှုရွှင်း သူ့ကို ဆက်ကြည့်နေသေးသည်ကို မြင်သော် ရှန်းထင်းကျိုးအားပျော့သွားကာ အကူအညီမဲ့သွားသည်။

“အာ..”

ရှုရွှင်း သူ့အကြည့်ကို ပြန်ရုတ်လိုက်ကာ ဘာမှ ထပ်ပြောမနေတော့ပေ။

“ဒါဆိုလည်း တစ်ချက်သွားကြည့်ရအောင်။”

ရှန်းထင်းကျိုး ရှုရွှင်းနောက်မှ လိုက်ပြီး အပေါ်ထပ်ကိုတက်ခဲ့သည်။

အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဖွင့်ထားသည့်ပြတင်း ပေါက်မှ လေညင်းများတိုးဝင်လာပြီး ဇီဇဝါပန်းရနံလေးများကိုပါ သယ်ဆောင်လာသည်။

လှပသည့် အဖြူရောင်ပန်းလေးများကို စားပွဲပေါ်တင်ထားပြီး ပန်းစည်းထဲတွင် ကဒ်တစ်ကဒ်ရှိနေကာ စာလုံးတစ်ချို့ကိုဝေဝါးစွာမြင်လိုက်ရသည်။

ရှုရွှင်းနောက်မှ လိုက်လာသည့် ရှန်းထင်းကျိုးမှာ စာသားများအား မဖတ်ရသေးခင်မှာပင် အပြင်ဘက် ကော်ရစ်ဒါမှ ခြေသံများထွက်လာသည်။

ရှန်းထင်းကျိုး၏ ဦးရေပြားမှာ တောင့်တင်းသွားပြီး ထိတ်ထိတ်လန့်လန့်နှင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ရှုရွှင်းကိုအမြန်ဆွဲပြီး ခုတင်အောက်ဝင်ပုန်းလိုက်သည်။

ခြေသံမှာ နီးကပ်လာပြီး မကြာမှီမှာပင် အခန်းထဲဝင်လာသည်။

ရှန်းထင်းကျိုးသည် ကြမ်းပြင်ပေါ်တွင် လှဲလျှောင်းနေရင်း ရင်တွေတဒိန်းဒိန်းခုန်နေလာခဲ့သည်။ သူစိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး ရှုရွှင်းကို အလိုလို ကြည့်လိုက်မိသည်။

ရှုရွှင်းသည် တည်ငြိမ်နေဆဲဖြစ်ကာ သူတို့၏ ‘သူခိုးကျင့် သူခိုးကြံ’ အပြုအမူသည် ဘာအနှောက်အယှက် မဖြစ်စေသလိုပင်။

ရှန်းထင်းကျိုး သူ့အား အားကျသွားသော်လည်း သူသည် ဤမျှ မတည်ငြိမ်နိုင်သေးပေ။ ထိုခြေထောက်မှာ နီးကပ်လာသည် နှင့်အမျှ သူ့နှလုံးခုန်နှုန်းမှာလည်း မြင့်တက်လာခဲ့သည်။

ထိုအချိန်မှာပဲ ရှုရွှင်း ရုတ်တရက်အနားကပ်လာကာ အဝတ်အလွှာတစ်ထပ်မှ တစ်ဆင့် ခန္ဓာကိုယ်အပူချိန်သည် ကူးစက်လာခဲ့သည်။

ရှန်းထင်းကျိုး သူ့ကိုလှည့်ကြည့်လိုက်ပြီး ဘာမှားလို့လဲဟု မျက်လုံးနှင့် မေးလိုက်သည်။

ရှုရွှင်း ဘာမှမပြောခဲ့ပေ။ သူသည် ရှန်းထင်းကျိုး အနားကိုသာ ပိုမို တိုးလာခဲ့ကာ မျက်လွှာချလိုက်သည်။

ရှန်းထင်းကျိုး ချက်ချင်းနားလည်သွားသည်။ သူပင်ပန်းနေတာဖြစ်သည်။ နူးညံကာ အားနည်းသည့် ရှုရွင်း မှီရန်ပုခုံးတစ်ဖက်အား ရက်ရောစွာပြ ပင့်ပေးလိုက်သည်။

ရှုရွင်း ရှန်းထင်းကျိုး၏ပုခုံးပေါ် မေးကိုတင်လိုက်ကာ သူ့နားရွက်ပေါ်ရှိ အမွှေးနုလေးများအား စိုက်ကြည့်နေခဲ့သည်။

အသက်ရှုသံနွေးနွေးသည် ရှန်းထင်းကျိုး၏လည်ပင်းနှင့် နားကိုရိုက်ခတ်နေကာ သူ့အားစိတ်မသက်မသာဖြစ်သွားစေသည်။

ရိုးရိုးသားသားပြောရလျှင် အလွန်နီးကပ်နေသောကြောင် သူသည် ရှုရွှင်းဆီမှ လက်ဖက်နံသင်းသင်းကိုပင် ရှူရှိုက်နိုင် သည်။

လုံးကျင်း လက်ဖက်စိမ်ထားသူပီပီ သဘာဝလက်ဖက်ရနံ့ ရတာပဲ!

---

အိမ်တော်ထိန်းသည် အခန်းထဲတွင် ဟိုဟိုဒီဒီသွားလာနေပြီး အိပ်ရာနားကိုလည်း အကြိမ်ကြိမ်ချဉ်းကပ်လာခဲ့သည်။ ရှန်းထင်းကျိုးမှာ ကြောက်လန့်တကြားနှင့် အသက်ရှုအောင့်ထားရသည်။

ကံကောင်းစွာဖြင့် အိမ်တော်ထိန်းသည် အကြာကြီးမနေခဲ့ပါချေ။ သူထွက်သွားတာနဲ့ စိတ်အားထက်သန်နေသည့် ရှန်းထင်းကျိုးသည် တောင်ထဲမှထွက်လာသည့် ကျားတစ်ကောင်လို အမြန်ထွက်လာခဲ့သည်။

ရုတ်တရက် မှီတွယ်ထားသည့်အရာ ပျောက်သွားသည့် ရှုရွှင်းမှာ ဘယ်ဘက်ကိုယိုင်သွားရသည်။

ရှန်းထင်းကျိုး နောက်လှည့်ကြည့်လိုက်ချိန်တွင် သူသည် ကွေးနေသည့် အနေအထားနှင့်ပင် သူ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှန်းထင်းကျိုး : ဆော…..ဆောရီး။

ရှုရွှင်း အမူအရာမဲ့စွာအိပ်ရာအောက်ကထွက်လာပြီး တံတောင် ဆစ်နှင့် ဘေးရှိ မီးအိမ်ကို မတော်တဆတိုက်မိလိုက်ရာ အသံအကျယ်ကြီး ထွက်လာခဲ့သည်။

သူသည် တစ်စုံတစ်ဦး၏ အခန်းထဲသို့ တရားမဝင် ဝင်ရောက်သည်ဆိုသည့် အသိပင် ရှိဟန်မတူကာ တည်တည်ငြိမ်ငြိမ်နှင့် မီးအိမ်ကို ကောက်ယူပြီး မူလအတိုင်းပြန်ထားပေးနေသည်။

ရှန်းထင်းကျိုးမှာ အိမ်တော်ထိန်းကြားသွားမည်ကို စိုးရိမ်သွားကာ ထိတ်လန့်နေသည်။

သူစိုးရိမ်နေသည့်အတိုင်းပင် ကော်ရစ်တာမှ အော်ပြောလာသံကို ကြားလိုက်ရသည်။

"အခန်းထဲမှာ ဘာသံတွေလဲမသိဘူး ကြားတယ်။”

အိမ်တော်ထိန်း အေးဆေးစွာနဲ့ ပြန်ဖြေလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကြွက်ကလေးနှစ်ကောင်လေ။"

အိမ်ဖော် : !!!

ကိုယ်ဟာကိုယ် ဘာပြောနေမှန်းတောင်သိရဲ့လား!

သူ့နယ်မြေထဲမှာ ဒီလိုညစ်ပတ်တဲ့ သတ္တဝါတွေရှိနေတာကို သူဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ!

အိမ်ဖော်သည် ကြမ်းသုတ်အဝတ်ကိုကိုင်ကာ ကြွက်ဖမ်းရန် အခန်းထဲသို့ ဝင်ဖို့ အသင့်ဖြစ်နေပြီ။

သူ မတံခါးမဖွင့်ခင်မှာ အိမ်တော်ထိန်းသည် သူ့အား တားလိုက်သည်။

အိမ်ဖော် လှည့်ကြည့်လိုက်ချိန်တွင် အိမ်တော်ထိန်းတည်ငြိမ်ကာ အမိန့်ပေးနေသည် အကြည့်နဲ့တွေ့လိုက်ရကာ ခဏတာ အံ့အားသင့်သွားရသည်။

အိမ်တော်ထိန်းသည် အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။

"မီးဖိုချောင်ကို သန့်ရှင်းရေးသွားလုပ်ချည်။ ကြွက်ကလေး နှစ်ကောင်က ဒီလောက် ဒုက္ခမပေးနိုင်ပါဘူး။ ခဏနေရင် သူတို့ ငြိမ်သွားလိမ့်မယ်။"

အိမ်ဖော်သည် ရေးတေးတေးနားလည်သွားကာ ပြုံးလျှက် အောက်ထပ်သို့ ဆင်းသွားသည်။

အခန်းထဲမှ အားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်သည့် ရှန်းထင်းကျိုး : ...

ခြေသံများ ပျောက်ကွယ်သွားချိန်မှ ရှန်းထင်းကျိုးမေးရဲတော့ သည်။

"ငါတို့ သူ့အခန်းထဲမှာ ရှိနေတာကို သိနေတာလား?"

"သိတယ်"

ရှုရွှင်း ပြောလိုက်ကာ တံခါးလက်ကိုင်ကို ဆွဲကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် အပြင်မှ တံခါးလော့ချသွားခဲ့သည်။

ရှန်းထင်းကျိုး တံခါးကို ဆွဲကြည့်ရင်း အံ့အားသင့်သွားသည်။ "တကယ်ကြီး လော့ချသွားတာ"

ရှုရွှင်း တည်ငြိမ်စွာလက်ခံလိုက်ကာ ကဒ်ကို သွားယူလိုက်ပြီး ကြည့်လိုက်ကာ သူ့မျက်လုံးသည် တစ်ချက်လက်သွားသည်။

ရှန်းထင်းကျိုး အနားကပ်လာသည်။

"ဘာရေးထားတာလဲ ?"

ရှုရွှင်း ကဒ်ကို သူ့ဘက်လှည့်ပြလိုက်သည်။

ရှန်းထင်းကျိုး ဖတ်ကြည့်လိုက်ပြီး အနည်းငယ် ကြက်သေသေသွားသည်။ အိမ်တော်ထိန်း ကဒ်တွင် ရေးထားသည်မှာ "ရှန်းထင်းကျိုးအတွက် လက်ဆောင်” ရှုရွှင်းဟု လက်မှတ်ထိုးထားသည်။

ရှန်းထင်းကျိုး ရှော့ရသွားကာ စကားပင် ဆုံးအောင် မပြောနိုင်တော့ပေ။

"ဒါ..."

ရှုရွှင်း ရှန်းထင်းကျိုးကို တစ်ချက်ကြည့်လိုက်ကာ ကဒ်ကို ပြန်ချလိုက်သည်။

"ပျင်းစရာကောင်းတယ်။"

အိမ်တော်ထိန်းသည် တစ်ခုခုကိုမြှားချင်သောကြောင့်ဖြစ်မည်ဟု ရှန်းထင်းကျိုး သံသယဖြစ်မိသည်။ မဟုတ်ရင် ဤသို့ရေးညထားမည် မဟုတ်ပေ။

ဒါဆို အစကနေ အဆုံးထိ Prank လား ?

Prank ဆိုရင်လည်း သတင်းကောင်းပဲ။ ဒါ အိမ်တော်ထိန်းက ဟဲရန်ကျယ်ကို မကြိုက်ဘူးဆိုတဲ့ သဘောမလား ?

ယေဘုယအားဖြင့် ဟဲရန်ကျယ်နှင် ကျိုးဇီကျုံးတို့လိုဇာတ် လမ်းမျိုးတွင် အိမ်တော်ထိန်းသည် ဒုတိယ ဇာတ်လိုက်လိုလူ မျိုးဖြစ်သွားလိမ့်မည်။ နားထောင်ရကောင်းနိုင်သော်လည်း အဆုံးသတ်လှမည် မဟုတ်ပေ။

"ဘယ်အချိန်မှ လွှတ်ပေးမှာလဲ?"

"မင်း ပန်းကြိုက်လား ?"

နှစ်ယောက်သား၏အသံမှာ ထပ်သွားသည်။ နှစ်ယောက်လုံး အံ့သြသွားပြီး ပြန်ဖြေလိုက်ကြသည်။

"ကြိုက်တယ်”

“ငါလည်းမသိဘူး”

ရှန်းထင်းကျိုး မနေနိုင်တော့ဘဲ ရယ်လိုက်ကာ "မင်း အရင်ပြော။"

ရှုရွှင်း တိတ်ဆိတ်နေကာ ဇီဇဝါပန်းပွင့်တစ်ပွင်ကိုယူကာ ရှန်းထင်းကျိုးအား ပေးလိုက်သည်။

ရှန်းထင်းကျိုး ဇဝေဇဝါဖြစ်သွားသော်လည်း မသိစိတ်မှလက် ခံလိုက်သည်။

"အာ၊ ကျေးဇူး"

ရှုရွှင်း အဝေးကိုကြည့်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

“သူ ငါတို့ကို လွှတ်ပေးချင်းတဲ့အချိန်လာပြီး တံခါးဖွင့်ပေးလိမ့်မယ်။”

ရှန်းထင်းကျိုး ပန်းကိုင်ထားရင်းမေးလိုက်သည်။

"ငါတို့ အခုဘာလုပ်ကြမလဲ ?"

ရှုရွှင်း ထိုင်စရာနေရာရှာပြီး ပြောလိုက်သည်။

"ငါတို့ စောင့်နေရုံပဲရှိတာပေါ့"

ရှန်းထင်းကျိုးလည်း သက်ပြင်းချလိုက်သည် : တခြားရွေးစရာလည်း မရှိပါဘူးလေ။ နောက်ဆုံး သူတို့တဖက်လူရဲ့ အိပ်ခန်းထဲကို ခိုးဝင်ခဲ့ကြတာကိုး။

ရှန်းထင်းကျိုးသည် ရှုရွှင်းဘေးတွင်ထိုင်လျှက် အပြင်ဘက်သို့ ငေးကြည့်နေမိသည်။

နေဝင်ချိန်ဖြစ်ကာ တစ်နေ့တာ တာဝန်ကျေခဲ့သည့် နေလုံးကြီးသည် ပျောက်ကွယ်သွားတော့မတတ်ဖြစ်နေကာ မိုးကုပ်စက် ဝိုင်းမှထွက်ပေါ်လာသည့် ရင်သပ်ရှုမောဖွယ်ကောင်းသည့် ရောင်စုံတိမ်တိုက်များအား နှစ်ယောက်သားငေးကြည့်နေမိ သည်။

ယခုအချိန်ကုန်မြန်လှကာ ရှန်းထင်းကျိုး သူ ကောင်းကင်ကို မော့ကြည့်ကာ ရှုခင်းအလှအားရှုစားခဲ့သည့်နောက်ဆုံးအကြိမ် ကိုပင် မမှတ်မိတော့ပေ။

တိမ်တိုက်များကို ကြည့်ရင်း သူ ရိုးသားစွာပြောလိုက်သည်။ “

ဘယ်လောက်လှလိုက်လဲ။”

ရှုရွှင်း သဘောတူစွာ အသံပြုလိုက်သည်။

ရှန်းထင်းကျိုး လှည့်ကြည့်လိုက်ချိန်တွင် နေဝင်ချိန်ရောင်လွှာများနှင့် ရောင်ပြန်ဟပ်နေသည့် ထိုဖီးနစ်မျက်လုံးများသည် သူ့အား စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှန်းထင်းကျိုး သူရင်မှာ သိမ်မွေ့စွာ တလှပ်လှပ်ခုန်သွားသည်ကို တွေ့လိုက်ရသည်။

ရှန်းထင်းကျိုး၏ လည်ချောင်းမှာ တင်းကြပ်သွားသည်။

"ဘ...ဘာဖြစ်လို့လဲ?"

“ဘာမှ မဟုတ်ပါဘူး။”

ရှုရွှင်း သူ့အကြည့်ကို ပြတင်းပေါက်ဆီ ပြန်ပို့လိုက်သည်။

“ ဒီအတိုင်း ကြည့်ကောင်းတယ်ထင်လို့ပါ။”

သူသည် နေဝင်ချိန်ကို ပြောသည်ဟု ထင်သောကြောင့် ရှန်းထင်းကျိုး သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။

"ငါတို့ ဖုန်းတွေကိုလွှတ်ချပြီး ကြည့်သင့်လောက်သည်ထိ ကောင်းတဲ့အရာပေါ့”

ရှုရွှမ်း သူ့ကိုကြည့်လာသော်လည်း ဘာမှပြောမလာခဲ့ပေ။

နေဝင်သွားကာ ညအချိန်ရောက်လာချိန်တွင် တံခါးသော့ဖွင့်သံ ‘ကလစ်’ ကြားလိုက်ရသည်။

ရှန်းထင်းကျိုး ချက်ချင်းတောင့်တင်းသွားကာ အိမ်တော်ထိန်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိတော့ချေ။.

ထင်ခဲ့သလို ကို့ယို့ကားယား မဖြစ်ခဲ့ပါချေ။ အိမ်တော်ထိန်း သည် သော့ဖွင့်ပြီးသည်နှင့် ထွက်သွားခဲ့ကာ အခန်းထဲဝင်လာပြီး သူတို့နှစ်ယောက်အား မဆူခဲ့ပါချေ။

သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရှုရွှင်းထရပ်ပြီး တံခါးဖွင့်ကာ အောက်ထပ်သို့ဆင်းခဲ့သည်။ အိမ်တော်ထိန်းသည် စားပွဲခင်းအဖြူကို မီးပူတိုက်နေကာ သူတို့အား လစ်လျူရှုထားသည်။

ရှန်းထင်းကျိုး စကားပြောရန်ကြိုးစားလိုက်သည်။

"အမ်...ကြောင်တွေ ဘယ်ရောက်သွားတာလဲ ?"

အိမ်တော်ထိန်း ပြန်ဖြေလာသည်။

"အိမ်မှာ ကြွက်တွေ သောင်းကျန်းနေလို့ သူတို့ကို ကင်းလှည့်ခိုင်းလိုက်တာ။”

ရှန်းထင်းကျိုး: ...

သူရှုံးသွာကာ ရှက်ရွှံ့မှုဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။

ကြွက်ကလေး နံပါတ်နှစ်ဖြစ်သည့် ရှုရွှင်းသည် ရှေ့တိုးကာ တိုက်ရိုက်ပြောလိုက်သည်။

"ခင်ဗျား ထေ့ငေါ့နေစရာမလိုပါဘူး၊ ကျနော်တို့ ခင်ဗျား အခန်းထဲဝင်ခဲ့တယ်။”

ဝိုးးး

ရှန်းထင်းကျိုး မျက်လုံးများတောက်ပသွားသည်။ ဒီလို စိတ် ထားမျိုး! ကိုယ်လုပ်တာ ကိုယ် ဝန်ခံရဲတဲ့သတ္တိ။

သို့သော် အိမ်တော်ထိန်းသည် ရှုရွှင်းအား တစ်ချက်တည်းနှင့် အနိုင်ယူလိုက်သည်။

"မင်း မကျေနပ်ရင် အခုကစပြီး မေ့လိုက်တော့။"

ရှုရွှင်း ချက်ချင်းအားလျော့သွားပြီး မျက်နှာလွှဲကာ နောက်ထပ် စကားမပြောတော့ချေ။

ရှုရွှင်း အနိုင်ယူခံလိုက်ရပုံကိုကြည့်ကာ ရှန်းထင်းကျိုး မယုံကြည့်နိုင်တော့ပေ။

ဘာပဲဖြစ်ဖြစ်၊ နှစ်ယောက်စလုံး အိမ်တော်ထိန်း၏စကားတစ်ခွန်းနှင့် ငြိမ်သွားကြပြီး ဆိုဖာပေါ်တွင် ဘေးချင်းကပ်ထိုင်နေကြကာ ခေါင်းငိုက်စိုက်ကြနေကြသည်။ ထို့နောက် သူ့တိုကို ညစားစားရန် ခေါ်လာသည်။

စားပွဲပေါ်ရှိ အဖြူရောင် စားပွဲခင်း၊ မီးထွန်းထားသည့် ရေမွေးဖယောင်းတိုင်၊ အနောက်တိုင်းသုံး ဓားခက်ရင်းတွေကိုမြင်ချိန် ရှန်းထင်းကျိုး နှုတ်ခမ်းများတွန့်လိမ်သွားသည်။

ဖယောင်းတိုင်မီးနဲ့ ညစာ ဆိုတာ ဒါမျိုးပေါ့။

အိမ်တော်ထိန်းသည် ဇီဇဝါ ပန်းစည်အားယူကာ ပန်းအိုးထဲသို့ ထိုးနေသည်။

ရှန်းထင်းကျိုး မိန်းမောစွာရပ်နေသည်ကို သတိထားမိသွားကာ "ဒေါက်တာရှန်၊ မကျေနပ်ဘူးလား ?"

ရှန်းထင်းကျိုး အလန့်တကြားခေါင်းခါလိုက်သည်။

"ကျွန်တော် အသက်တောင် ရဲရဲ မရှူရဲပါဘူးဗျာ။”

ပန်းအိုးအားထိုးပြီးသော် သူ ရှန်းထင်းကျိုးအား ထိုင်ခုံဆွဲထုတ်ပေးလာသည်။

"ဒေါက်တာရှန်း ထိုင်ပါ။”

သူနာနာခံခံထိုင်လိုက်သည်။

“ကျေးဇူးတင်ပါတယ်ဗျ။”

ဤသည်မှာ သူအတွက် ပထမဆုံးဖယောင်တိုင်မီးနှင့် ညစာစားပွဲဖြစ်ကာ ထိုသူမှာ အမျိုးသားတစ်ယောက်ဖြစ်နေသည့်အပြင် သူ့အလုပ်ရှင်ပါဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဖယောင်တိုင်းမီးမှတစ်ဆင့် သူ ရှုရွှင်းအားကြည့်လိုက်သည်။ ထိုသူမှ သူ၏ steak ကို လှီးနေကာ သူ၏မလှီးရသေးသည့် ဟာနှင့်ပင် လဲပေးလိုက်သေးသည်။

ရှန်းထင်းကျိုး :….. တော်တော်လေး တွေးပေးတတ်တာပဲ။

သူသည်အပြန်အလှန်အနေဖြင့် ပင်လယ်စာစွပ်ပြုတ်ကို ရှုရွှင်း အားပြန်ပေးလိုက်သည်။

သူတို့ ရင်းရင်းနှီးနှီဖြင့် အကူအညီပေးနေချိန်တွင် အိမ်တော်ထိန်းဆီမှ ဓာတ်ပုံရိုက်သံထွက်လာခဲ့သည်။

ရှန်းထင်းကျိုး ပဟေဠိဖြစ်သွားသည်။

"ဘာလို့ ဓာတ်ပုံရိုက်နေတာလဲ ?"

အိမ်တော်ထိန်းသည် သဘာဝကျကျပင် ပြန်ဖြေလာသည်။

“လက်ထပ်ပွဲအတွက်ပေါ့၊ ဒေါက်တာရှန်း မလှုပ်နဲ့၊ နောက်တစ်ပုံထပ်ရိုက်မယ်။"

ရှန်းထင်းကျိုး နားမလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အိုး ဟုတ်ကဲ့"

အိမ်တော်ထိန်းထွက်သွားချိန်တွင် ရှုရွှင်းအား မေးလိုက်သည်။

“ဘယ် လက်ထပ်ပွဲလဲ ?”

ရှုရွှင်း၏ မျက်လုံးများသည် မီးရောင်အောက်မှာတောက်ပနေ သည်။

"အရင်စားကြရအောင်။"

ရှန်းထင်းကျိုး သိပ်တွေးမနေချေ ထိုင်ကာ ဆက်စားလိုက်သည်။

---

ညစားစားပြီးသော် သူကြာကြာမနေခဲ့ပဲ အိမ်ပြန်လာခဲ့သည်။

ရှန်းထင်းကျိုး အိမ်ပြန်သည့် လမ်းတစ်ဝက်တွင် သူ့ ဒုတိယအလုပ်ရှင် စုန့်ချင်းနင်မှ ဖုန်းဆက်လာခဲ့သည်။

"ဒေါက်တာရှန်း” သူ့အသံမှာ အလျင်လိုနေခဲ့သည်။

"ဒီကို လာပေးလို့ရမလား ? မူယဲ့ ဒဏ်ရာရထားလို့”

သူပြန်ဖြေမည် ကြံလိုက်ချိန်တွင် လီမူယဲ့၏မကျေမချမ်းဖြစ်နေသည့် အသံမှာထွက်လာသည်။

"ဘာလို့ ငါ့ကို လာဂရုစိုက်နေတာလဲ ? ငါ သေသွားရင် ပိုမကောင်းဘူးလား?"

သူတို့ ရန်ဖြစ်နေကြတာလား ?

သူရောက်ချိန်တွင် ကားကိုအဝင်ဝတွင် ရပ်လိုက်။ ခြံ၏ သံတံခါးမှာ ပွင့်နေကာ သူ မြန်မြန်လမ်းလျှောက်ဝင်ခဲ့သည်။

အိမ်ရောက်ချိန် မြေပြင်ပေါ်ရှိ မီးလုံးများသည်သာ ထွန်းထားကာ မှန်ဖျော့ဖျော့ မီးရောင်ထဲတွင် လူနှစ်ဦး၏ပုံရိပ်ကို ဝေဝေဝါးဝါးမြင်လိုက်ရသည်။

သူ မရောက်ခင်မှာပင် ငြင်းခုံနေသံများကို ကြားနိုင်သည်။

“မူယဲ့ ဒီလိုမလုပ်ပါနဲ့။”

“မင်း ငါ့အစ်ကိုနဲ့ အတူရှိနေတာလားဆိုတာကိုပဲ ငါသိချင်တယ် ? အဖေ မရှိတော့ ငါတို့ မျှမျှတတယှဥ်ပြိုင်မယ်လို့ သဘောတူခဲ့ကြတာလေ။ မင်း ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ?”

ဒေါသတကြီး အော်သံကိုကြားသော် ရှန်းထင်းကျိုး ချက်ချင်း အေးခဲသွားပြီး သူ့ဦးရေပြားမှာလည်း ရှော့ရကာတောင့်တင်းသွားသည်။

အဖေ မရှိတော့ မျှမျှတတယှဥ်ပြိုင်ဖို့ သဘောတူခဲ့ကြတာဆိုတာက ဘာကို ဆိုလိုတာလဲ ?

သူ ဒီအိမ်ကို မရောက်တာ တစ်ပတ်ကျော်ကျော်ပဲရှိသေးတာကို ဘယ်လိုလုပ် ဒီလောက်ထိ ရှုပ်ထွေးသွားကုန်ရတာလဲဟ ?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment