မိစ္ဆာသည် ယန်မော့ဓါးနန်းတော်သခင်၏ ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ ပိတ်လှောင်ခံထားရသည်။ ဤခန္ဓာကိုယ်ပိုင်ရှင်မှာ ၎င်းထင်ထားသည်ထက် ပိုမိုခိုင်မာသော စိတ်ဆန္ဒနှင့် ဆုံးဖြတ်ချက်ကို ပိုင်ဆိုင်ထားသည်။ မိစ္ဆာက ခန္ဓာကိုယ်ကို အမြန်ဆုံး သိမ်းပိုက်ရန် ကြိုးစားလိုက်သောအခါ ယန်မော့ဓါးနန်းတော်သခင်သည် စွမ်းအင်စီးဆင်းမှုကို ပိတ်ဆို့လိုက်ပြီး သူ၏ အသိစိတ်ကိုပါ ဖြတ်တောက်လိုက်သည်။
‘ခုခံနေလည်း အလကားပါပဲ’ဟု မိစ္ဆာကပြောလိုက်၏။
အသိစိတ်ကို သိမ်းပိုက်ခြင်းမှာ အချိန်ပြဿနာသာ ဖြစ်၏။ မည်မျှပင် စိတ်ဓာတ်ခိုင်မာပါစေ၊ နောက်ဆုံးတွင်တော့ အရှုံးပေးရမည်သာ ဖြစ်သည်။ သို့သော် မမျှော်လင့်ထားသော ပြဿနာတစ်ခု ပေါ်လာသည်။ ၎င်းသည် ပိတ်ဆို့ထားသော ယန်မော့ဓါးနန်းတော်သခင်၏ အသိစိတ်ကို ဖောက်ထွက်ရန် အနည်းငယ်သာ လိုတော့သည့်အချိန်တွင် အတားအဆီးတစ်ခု ပေါ်လာ၏။
‘မင်းက ဘယ်သူလဲ’
သာမန်လူသားများအနေဖြင့် ၎င်းတို့၏ တည်ရှိမှုကို မသိမြင်နိုင်ကြပေ။ သို့သော် ဤနိမိတ်ဖတ်သူမှာ ထူးဆန်းသော နည်းလမ်းများဖြင့် ၎င်းကို ထိန်းချုပ်နေ၏။ မိစ္ဆာသည် ရုပ်သေးရုပ်ထဲသို့ ရောက်သွားပြီးနောက် ပိုမိုဒေါသထွက်လာသည်။ နိမိတ်ဖတ်သူ မြိုဆင်၏ လည်ပင်းကို ညှစ်သတ် ပစ်ချင်သည့် စိတ်ဆန္ဒမှာ အလွန် ပြင်းထန်စွာ ဖြစ်ပေါ်လျှက်ရှိသည်။ သို့သော် ၎င်းသည် ပစ်မှတ်ကို ပြောင်းလိုက်၏။ နန်းတော်သခင်ကို စွဲကပ်မည့်အစား မိမိကို နှောင့်ယှက်သူကိုသာ ပစ်မှတ်ထားလိုက်သည်။
‘ကောင်းလိုက်တဲ့ ခန္ဓာကိုယ်ပဲ။’
မော့ကျောင်းဝန်၏ ခန္ဓာကိုယ်မှာ အသက်ဓာတ်ဖြင့် ပြည့်လျှံနေသည်မဟုတ်ဘဲ ယင်စွမ်းအင်ဘက်သို့ အလေးသာနေသဖြင့် ထိန်းချုပ်ရန် ပို၍ပင် လွယ်ကူသည်။ မိစ္ဆာသည် ထိုသူ၏ အသိစိတ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်၏။ သို့သော်...
‘ဒါက…’
မိစ္ဆာ အံ့ဩသွားသည်။ ဤလူ၏ အသိစိတ်မှာ မည်သို့သော အရာနည်း။ သူက မော့ကျောင်းဝန်၏ အသိစိတ်ကို ထောင်ချောက်ဆင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ မဖြစ်နိုင်ပေ။ ဤမျှအထိ ထူးခြားသော လူသားတစ်ယောက်အား မိစ္ဆာသည် တိုက်ရိုက် ရင်ဆိုင်ရန် ကြိုးစားနေသည်။
မိစ္ဆာသည် အတင်းအကျပ် သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်၏။ သို့သော်...
အံ့ဩစရာကောင်းစွာပင် သိမ်းပိုက်မှုမှာ ပြောင်းပြန် ဖြစ်သွားသည်။ မိစ္ဆာ၏ စွမ်းအင်များမှာ မော့ကျောင်းဝန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ၎င်းကို စုပ်ယူလိုက်သည်။
‘မလုပ်နဲ့၊ ငါထွက်သွားပါ့မယ်’ဟု မိစ္ဆာက တောင်းပန်လိုက်သော်လည်း
အဆမတန် မြန်ဆန်သောနှုန်းဖြင့် မိစ္ဆာ၏ တည်ရှိမှုမှာ လျော့ပါးသွား၏။ ယခုမူ ထိုသူက သူ့ကို လက်ထဲတွင် ဆုပ်ကိုင်ထားလေပြီ။
နိမိတ်ဖတ်သူ မြိုဆင်သည် ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသော ဓားကို ကောက်ယူလိုက်၏။ သူသည် နန်းတော်သခင်ကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းကို သတ်မှသာ သခင်မကျောက်၏ တောင်းဆိုချက်ကို အပြီးသတ်နိုင်မည် ဖြစ်သောကြောင့်ပင်။ သူသည် မိစ္ဆာစွဲကပ်နေစဉ် ရူးသွပ်သွားပြီး နန်းတော်သခင်ကို သတ်ပစ်လိုက်သည်ဟု အပြစ်ဖို့ရန် ကြံစည်ထား၏။
သူ နန်းတော်သခင်ဆီသို့ ခြေဦးလှမ်းရန် ပြင်လိုက်စဉ်...
တုန်
မြိုဆင်သည့် သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး ရပ်တန့်လိုက်ရ၏။ သူ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သောအခါ...
သူ့မျက်လုံးကို သူ မယုံကြည်နိုင်တော့ပေ။ သာမန်လူသားအရွယ်ထက် နှစ်ဆပိုကြီးသောပြီး သွေးစွန်းနေသော ဝတ်ရုံဖြင့် ဦးခေါင်းခွံ ပုတီးစေ့များကို ဆွဲထားသော ဘုန်းကြီးတစ်ပါးက သူ့ကို ကြည့်နေသည်။ ၎င်းမှာ မိစ္ဆာပင် ဖြစ်သည်။
‘မိစ္ဆာတစ်ကောင်လား’
သူ့ကဲ့သို့ နိမိတ်ဖတ်သူများအတွက် ဤအရာမှာ ပိုမိုမြင့်မားသော အဆင့်ရှိသည့် မိစ္ဆာတစ်ကောင် ဖြစ်မှန်း သူ သိလိုက်သည်။ ၎င်းမှာ မိမိဖန်တီးထားသော ပုံစံအတိုင်း ပေါ်လာနိုင်သည်။
ကလစ်
မြိုဆင်သည် ဓားကို ပစ်ချလိုက်ပြီး လက်ဟန်များဖြင့် ဂါထာများ ရွတ်ဖတ်သည်။ သို့သော် မိစ္ဆာမှာ မြူခိုးများကဲ့သို့ သူ့ဆီသို့ ချဉ်းကပ်လာ၏။
-ဒုန်း
“အာ”
မြိုဆင်၏ မျက်နှာကို တစ်ချက် အထုခံလိုက်ရသည်။ သူ့ကို ထုလိုက်သူမှာ မော့ကျောင်းဝန်ပင် ဖြစ်သည်။ သူသည် မိစ္ဆာ၏ ပူးကပ်ခြင်းကို ခံထားရသည် မဟုတ်ပါလား။ မြိုဆင်သည် မော့ကျောင်းဝန်၏ ရင်ဘတ်မှ ထွက်လာသော အနက်ရောင် ကြိုးမျှင်တစ်ခုကို တွေ့လိုက်ရသည်။ ထိုကြိုးမှာ မိစ္ဆာရဟန်းနှင့် ချိတ်ဆက် နေသည်။
‘သူက မိစ္ဆာကို ထိန်းချုပ်နေတာလား’
သူ နားမလည်နိုင်တော့ပေ။ မိစ္ဆာတစ်ကောင်ကို ထိန်းချုပ်ခြင်းမှာ အလွန်ပင် ခက်ခဲသောကိစ္စဖြစ်၏။
“ဒီအရာကို ဖယ်ပေးရမလား” ဟု မော့ကျောင်းဝန်က ပြောလိုက်၏။
မော့ကျောင်းဝန်က မြိုဆင်၏ ရင်ဘတ်ပေါ်မှ အရာတစ်ခုကို ဆွဲခွာလိုက်သည်။ ခုနစ်စဉ်ကြယ်အဆောင် ဖြစ်သည်။ ထိုအဆောင်မရှိတော့လျှင်...
ရှီး
ဧရာမ မိစ္ဆာရဟန်းတော်က သူ့ဆီကို ရယ်မောလျက် ချဉ်းကပ်လာသည်။ မြိုဆင် ထိတ်လန့်စွာဖြင့် ဂါထာပြန်ရွတ်ရန် ကြိုးစားသော်လည်း...
မော့ကျောင်းဝန်က သူ့ဗိုက်ကို ကန်လိုက်၏။ မြိုဆင် ပုစွန်လုံးကဲ့သို့ ကွေးညွတ်သွားသည်။
မိစ္ဆာမှာ မြိုဆင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ့ကို သတ်ဖြတ်ရန် ကြိုးစားနေ၏။ မြိုဆင် လက်ဟန်ဖြင့် ပြန်လည် ခုခံရန် ကြိုးစားသော်လည်း မော့ကျောင်းဝန်က သူ၏ လက်ကို နင်းထားလိုက်သည်။
“သ-သခင်လေး… ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ဘာမဆို လုပ်ပါ့မယ်…”
“မလိုဘူး”
“ကျွန်တော်… လှည့်စားလို့လား…”
“မဟုတ်ဘူး”
မော့ကျောင်းဝန် ခေါင်းခါလိုက်သည်။
“ခင်ဗျားက အသက်ရှင်ဖို့ လုပ်ခဲ့တာပဲ၊ ဒါကဘာမှ မဟုတ်ပါဘူး ဒါပေမဲ့ ခင်ဗျားက တံဆိပ်တုံးနဲ့ လျှို့ဝှက်သိုင်းကျမ်း ဘယ်မှာရှိလဲဆိုတာ ကြားလိုက်ရပြီမဟုတ်လား။”
မြိုဆင် စကားရှာမရ ဖြစ်သွား၏။ မော့ကျောင်းဝန်က သူ့ကို သတ်ရန် အစကတည်းက ဆုံးဖြတ်ထားပြီး ဖြစ်နေလေသည်။
“ဒါဆို သေလို့ရပြီ” ဟု မော့ကျောင်းဝန်က ပြောလိုက်၏။
သူ့နှုတ်ခမ်းမှာ ပြုံးနေသော်လည်း သူ့မျက်လုံးများမှာမူ လူသေတစ်ယောက်ကဲ့သို့ အေးစက်နေသည်။ မြိုဆင်၏ ပါးစပ်မှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်းဖြင့် လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။