no

Font
Theme

[ဆေးခပ်ခံရခြင်းနှင့် အကူညီတောင်းခြင်း]

လီလီထံ၌ သိပ်ကြီး အရှက်အကြောက်ကြီးနေတာမျိုး မရှိပေ။သူ့မိသားစု ကံဆိုးမိုးမှောင်ကျခြင်းကို ခံစားခဲ့ရပြီးနောက် အရေပါးခြင်းက အသုံးမဝင်မှန်း သူ နားလည်ခဲ့ရသည်။ ယင်းက သူ့ကို အစာကျွေးနိုင်မှာလည်း မဟုတ်သလို သူ့မိသားစုခက်ခဲချိန်ကို ဖြတ်ကျော်ဖို့ ကူညီနိုင်မှာလည်း မဟုတ်ချေ။ ထို့ကြောင့် ချီးကျူးခြင်းကြောင့်ဖြစ်စေ ကဲ့ရဲ့ပြစ်တင်ခြင်းကြောင့်ဖြစ်စေ မယိုင်လဲစေမည့် အသွင်အပြင်ကို သူ့လေ့ကျင့်ထားတာ ဖြစ်သည်။

သို့ပေမဲ့ ယန့်ဝမ်၏ရှေ့ရောက်လျှင်တော့ အမြဲလိုလို ထိန်းချုပ်မှု လွတ်သွားတတ်သည်ပင်။

နောက်ဆုံးတစ်ခေါက် ထိုသူနှင့် ရင်ဆိုင်ရစဉ်က ရခဲ့သည့် အရှက်တရားနှင့် ရှက်ရွံ့ခြင်းတို့က သူ့နှလုံးသားထဲ အမြစ်တွယ်သွားသည့်ပုံရသည်။ ယခု သူတို့က အကွာဝေးတစ်ခုခြားနေကြကာ ဤနှယ် ဝတ်စားထားခြင်းကြောင့် ထိုသူက သူ့ကို မမှတ်မိနိုင်လောက်ပေမဲ့လည်း လီလီက ရှက်မိနေဆဲဖြစ်၏။

သူက မသိစိတ်အရ ထိုသူ့အကြည့်ကိုရှောင်လိုက်ကာ မငြိမ်သက်သည့် နှလုံးသားနှင့်အတူ ဝိုင်တစ်ခွက်လုံးကို မော့သောက်လိုက်သည်။ ပတ်ပတ်လည် လူများ၏ ဆူညံမှုကြား သူက လူမဲအမျိုးသားအား ခပ်မာမာအကြည့်တစ်ချက်ပေးလိုက်၏။

"ရပြီလား"

တစ်ဖက်လူက မပျော်မရွှင်ဖြင့် သူ့လက်ကို လွှတ်ပေးလိုက်ကာ နောက်ဆုံးမှာ သူ့ကို နှောက်ယှက်နေရာမှ ရပ်လိုက်ပေမဲ့ အဝေးကို ထွက်မသွားခဲ့ပေ။ ထိုအစား သူက သိပ်မဝေးလှသည့် စားပွဲတွင် ဝင်ထိုင်ကာ အကြည့်ပြင်းပြင်းဖြင့် စိုက်ကြည့်နေလျှက် သောက်လိုက် စကားပြောလိုက်လုပ်နေ၏။

ဟန်ချက်က နှောက်ယှက်ခံလိုက်ရသည်မို့ နောက်တစ်နာရီက လီလီအတွက် သည်းမခံနိုင်စရာဖြစ်လာရသည်။ သူက ယန့်ဝမ်ထံလှည့်ကြည့်ချင်စိတ်ကို ခုခံနိုင်ဖို့ ကြိုးစားနေရပြီး ဧည့်သည်များနှင့် လိုက်လျောညီထွေဖြစ်ရန် အေးအေးဆေးဆေးပုံ သရုပ်ဆောင်နေရလေ၏။

သို့သော်လည်း တစ်ယောက်ယောက်က သူ့လက်ကို ထိတိုင်း၊ သူ့မျက်နှာကို ဖျစ်ညှစ်သွားသည့်အကြိမ်တိုင်း ထိုလူသည်လည်း မြင်သွားနိုင်လောက်သည် ဟူသော စိတ်ကြောင့် ခုခံပစ်ချင်စိတ်တွေပါ ပေါက်လာရသည်။

ထို့ပြင် ဤအကြောင်းရင်းကြောင့်လား မသိနိုင်ပေမဲ့ သူ့နှလုံးခုန်နှုန်းက ရုတ်တက် မြန်သွားသလို ခံစားလိုက်ရကာ သူ့ကိုယ်ကလည်း ပူလာပြီး လည်ချောင်းကပါ နည်းနည်းလောက် ခြောက်သွေ့လာလေသည်။

အလုပ်ဆင်းခါနီးအချိန်ရောက်လာချိန်မှာတော့ လီလီသည် လူမဲအမျိုးသား၏ ပြီတီတီအပြုံးကို မြင်လိုက်ရကာ သူလှည့်စားခံလိုက်ရပြီမှန်း သဘောပေါက်သွားတော့သည်။

ဆေးကို ဘယ်အချိန်က ထည့်လိုက်တာလဲ။

လီလီ အသက်ပြင်းပြင်းရှုရှိုက်ကာ အအေးဓာတ်ရနိုင်ရန် ရှပ်အင်္ကျီကြယ်သီးများ ဖြုတ်လိုက်ချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။ သူက ရေခဲရေ ခွက်ကြီးကြီးတစ်ခွက်သောက်လိုက်ပြီး အချိန်ကျခါနီးပြီကို ‌မြင်လိုက်၏။

ပိုက်ဆံအားလုံးကို သူ့ကျောပိုးအိတ်ထဲ ဆွဲထည့်ပြီးနောက် သူက အန်ဒီ့ကို ပြောလိုက်သည်။

"ကျွန်တော် အရင်အလုပ်ဆင်းနှင့်တော့မယ်နော်"

အန်ဒီက ဂီတသံစည်းချက်နှင့်အတူ ခေါင်းညိတ်ပြလာ၏။

အလင်းရောင်မှိန်မှိန်သာရှိတာကြောင့် သူနှင့်ပတ်သက်၍ မူမမှန်သည့် တစ်စုံတစ်ခုကိုမှ သူမ သတိမထားခဲ့မိချေ။

"မင်း မနက်ဖြန် လာမှာလား"

"မလာတော့ဘူး"

လီလီက အရက်စပ်သည့် ဘားကနေ ထွက်လာလိုက်သည်။

သူက ‌အလွန်လျှင်မြန်စွာလျှောက်လာလျှက် နှလုံးခုန်နှုန်းသည်လည်း အရှိန်မြင့်လာကာ ရင်ဘက်ထဲမှ ခုန်ထွက်သွားတော့မလိုပင်။ လေထဲမှ ပြင်းထန်သည့် ရေမွှေးရနံ့က သူ့အား ပို၍ မူးဝေလာစေကာ စိတ်က အနည်းငယ် ရှုပ်ထွေးလာ၏။ သို့ပေမဲ့ သူက ကျောပိုးအိတ်ကို တင်းတင်းပိုက်ထားရန် သတိရနေဆဲဖြစ်ကာ သန့်စင်ခန်းရှိရာဆီ ဦးတည်လျှောက်သွားလိုက်၏။ သူ နောက်ဆုံး စင်္ကြန်ကို ဖြတ်သွားတော့မည့်အချိန်၌ လူမဲအမျိုးသားက သူ့လမ်းကို ပိတ်လာလေသည်။

"ဟိုင်း ဘေဘီ"

အမျိုးသားက သွားဖြူဖြူတို့ပေါ်အောင် ပြုံးကာ မျက်လုံးက ရမ္မက်ခိုးတို့ပြည့်လျှက်က လက်မောင်းကြွက်သားတို့က တောင့်တင်းနေ၏။

လီလီက ဘားမှ ထွက်ခွာလာပြီးနောက်ပိုင်း အပြုံးနှင့် ဝန်ဆောင်ခြင်းအား ရပ်လိုက်ပြီဖြစ်ကာ တင်းမာစွာ စိုက်ကြည့်လျှက် တည့်တည့်သာမေးလိုက်၏။

"ခင်ဗျား ဘယ်အချိန်က ကျွန်တော့်ကို ဆေးခတ်လိုက်တာလဲ?"

အမျိုးသားက ပြုံးလျှက် ဆိုသည်။

"ကိုယ်တို့ မင်္ဂလာဝိုင်ကို သောက်ကြတဲ့အချိန်မှာလေ"

သူ့လှုပ်ရှားမှုက လျှင်မြန်လွန်းကာ ကျွမ်းကျင်လှ၏။ လီလီက ငယ်ရွယ်သေးကာ သတိသိပ်မရှိတာကြောင့် မတတ်နိုင်ခဲ့ချေ။

ထိုသူက ပုခုံးတွန့်ကာ ပြုံးလျှက် သူ့အနားတိုးကပ်လာသည်။

"စိတ်မလှုပ်ရှားပါနဲ့ ဘေဘီရဲ့။ ဒါက မကောင်းတဲ့အရာမဟုတ်ပါဘူး… ဆန့်ကျင်ဘက်အနေနဲ့ မင်းကို ပျော်အောင်လုပ်ပေးနိုင်တဲ့ ကောင်းတဲ့အရာတစ်ခုလေ"

ထိုသူက လီလီအား လွတ်မြောက်နိုင်မည့်အခွင့်အရေး မပေးပါချေ။ ထိုသူ့၏ မြင့်မားသည့် အသွင်သဏ္ဍာန်က လီလီအား သူ့ရှေ့တွင် အလွယ်တကူ ပိတ်ထားနိုင်ခဲ့၏။

သူ့နှာခေါင်းထဲ တိုးဝင်လာသည့် အနံ့အသက်တို့က လီလီအား အန်ချင်အောင်လုပ်နေသည်။ သူက မျက်လုံးမှိတ်လိုက်၏။ သူ့အသက်ရှုနှုန်းတို့က မမှန်တော့လေကာ သူ့ကိုယ်ကလည်း ဆေး၏ သက်ရောက်မှုအောက် မဆိုစလောက် တုန်ယင်လာသည်။ သူ့ခြေလက်ကြွက်သားတို့ ပျော့ခွေချင်နေပြီပင်။

သည်လူ့ကို တုပြီးရုန်းနိုင်အားတွေလည်း မရှိတော့။

ထို့ပြင် အကူအညီတောင်းလည်း အသုံးမဝင်ချေ။ နိုင်ငံခြားသားများသည်ကား ဤသို့သောအရာများကို ကြည့်ရှူပျော်ရွှင်ကြမည်သာဖြစ်ပြီး တရားမျှတခြင်းအတွက် မည်သူမှ အသိရှိကြလိမ့်မှာ မဟုတ်ပေ။

တစ်ဖက်လူ၏လက်က သူ့ခါးကို ရစ်ပတ်နှင့်ပြီးဖြစ်ကာ လောဘတကြီး ပွတ်သပ်နေလျှက် အောက်ပိုင်းဆီ ပိုပို လျောဆင်းသွားနေ၏။ ထိုလူ၏နှုတ်ခမ်းကလည်း သူ၏လှပသော လည်ပင်းနားကို တိုးကပ်ပြီး ရှူရှိုက်ကာ ချီးကျူးလာသည်။

"ဘေဘီရယ် မင်းရဲ့ အနံ့လေးက အရမ်းမွှေးတာပဲကွာ… ကိုယ့်ကို တကယ် ရူးအောင် လုပ်နေတာပဲ"

စိတ်ပျက်စရာကောင်းလွန်းလှ၏။

လီလီ သွားစေ့ကာ သူ့ကိုယ်သူ တည်ငြိမ်ရန် ကြိုးစားပြီး ပြောလိုက်သည်။

"တကယ်တော့ ကျွန်တော်က ခင်ဗျားကောင်းဖို့အတွက် အဲ့လို လုပ်ခဲ့တာပါ"

အမျိုးသားက ခဏလောက် ရပ်သွားသည်။

"ဟမ်?"

လီလီက မျက်လုံးထဲ၌ တည်ငြိမ်ကာ အကွာအဝေးခြားလိုသည့် အကြည့်တို့ဖြင့် ထိုသူ့အား ကြည့်လျှက်

"ကျွန်တော့်မှာ AIDS ရှိတယ်။ ကျွန်တော်က ရောဂါသယ်ဆောင်ထားတဲ့လူ။ကူးစက်စေနိုင်တယ်”

ဤလှည့်ကွက်ဖြင့် တစ်ဖက်လူအား ကြောက်သွားစေဖို့ သူမျှော်လင့်မိပေသည်။

လူမဲအမျိုးသားက ခဏလောက် တန့်သွားပြီးနောက်မှာ အကျယ်ကြီး ရယ်ချလိုက်ပြီး လျှာထုတ်ကာ သူ့နားသံသီးကို လျှက်လာလေ၏။

"တိုက်ဆိုင်လိုက်တာ.. ကိုယ်ရောပဲ"

လီလီမှာ ထိုတခဏ‌၌ ကြောက်လွန်းသွားတာကြောင့် ချိနဲ့နေသည့်လက်များဖြင့်ပင် စတင် ရုန်းကန်တော့သည်။

အမျိုးသားက နားလည်သည့် အကြည့်ဖြင့် ပြောလာ၏။

"အိုး…ကြည့်ရတာ ကလေးလေးက လိမ်နေတဲ့ပုံပဲ"

ထိုသူက ပိုပို၍ စိတ်ဝင်တစားဖြစ်လာကာ လီလီ၏ နားသံသီးကို လျှက်နေရင်းမှ လည်တိုင်ကြော့ကြော့ကို အရသာခံမြည်းစမ်းနေကာ လက်က တင်ပါးထက်နှင့် ခွကြားဆီရောက်လာလျှက် ဘောင်းဘီပေါ်ကနေ သူ့ပစ္စည်းကို ပွတ်သပ်လာတော့သည်။

"ဟင့်အင်း… ကယ်ကြပါဦး....ကယ်ကြပါဦး...ကယ်ကြပါ..."

ကြောက်လန့်တကြားအသံထွက်လာကာ လူသူကင်းနေသည့် စင်္ကြန်တစ်လျှောက် ပဲ့တင်ထပ်သွားပေမဲ့ စည်ကားသက်ဝင်နေသညိ့ ဧရိယာဆီ မရောက်နိုင်လေခဲ့။

နိုင်ငံခြားသားတစ်ယောက်က အိမ်သာသွားဖို့ ဤလမ်းကို ဖြတ်သွားရင်း အနှီမြင်ကွင်းကို မြင်တော့ တားဆီးဖို့ မရည်ရွယ်ရုံသာမက အားပေးဖို့အတွက် လေတောင်ချွန်သွားခဲ့သေးလေ၏။

"ဘေဘီ…မင်းလေးက အရမ်းချိုမြိန်တာပဲ။ ဟိုတယ်သွားဖို့အထိတောင် ကိုယ်မစောင့်နိုင်တော့ဘူး။ သန့်စင်ခန်းထဲပဲသွားလိုက်ကြစို့"

အမျိုးသား၏ အင်္ဂါက အတော်လေး ထန်နေပြီဖြစ်ကာ ကြီးမားဖောင်းကြွလျှက် သူ့ဘောင်းဘီမှနေ ထိုးထောင်နေ၏။ သူက လီလီကို အလွယ်တကူ ပွေ့ချီပြီး သန့်စင်ခန်းထဲကို ခေါ်သွားဖို့ပြင်သည်။ လီလီက အကူအညီရဖို့ ဆက်တိုက် ရုန်းကန်နေသော်ငြား အသုံးမဝင်တာကတော့ ဝမ်းနည်းစရာပင်။ သန့်စင်ခန်းထဲကို အတင်းခေါ်ဆောင်သွားခံရတော့မည့် အချိန်မှာပင် သူ့ရှေ့ကနေ လူတစ်ယောက် ထွက်လာလေသည်။

အာရှသားတစ်ယောက်ပါပေ။

လီလီသည် ကြောက်လွန်းတာကြောင့် မျက်ရည်တွေကျနေခဲ့ပြီဖြစ်ကာ သူ့အမြင်တို့က မျက်ရည်ကြောင့် မသဲကွဲပေ။ အမျိုးသား၏ မျက်နှာကို သူ သေသေချာချာ မမြင်ရဘဲ အကဲဖြတ်ရုံသာ လုပ်နိုင်လေရာ သူက ချက်ချင်းဆိုသလို တရုတ်ဘာသာစကားဖြင့် ပြောင်းပြောလိုက်၏။

"ကျေးဇူးပြုပြီး ကျွန်တော်ကို ကယ်ပါ...ကျွန်တော် မလုပ်ချင်...."

အကူညီတောင်သံက တစ်ဝက်တစ်ပျက်မှာပင် ရပ်သွားရသည်။ အကြောင်းမူ မျက်ရည်များ ကျဆင်းသွားချိန်တွင် သူ့မြင်ကွင်းက ရှင်းရှင်းလင်းလင်း ရှိလာခဲ့ပြီးနောက် တစ်ဖက်လူက ယန့်ဝမ်ဖြစ်ကြောက်ဘ သူမှတ်မိသွား၍ပင်။

ယန့်ကျိ၏အစ်ကို….

တစ်ဖက်လူက သူ့ကို ကယ်ပါ့မလား…

လီလီ၏ နှလုံးသားထဲ မျှော်လင့်ချက်အမျှင်ပါးလေးရှိနေပေမဲ့ ထို မျှော်လင့်ချက်က တစ်ဖက်လူအကြည့်လွှဲသွားကာ တည်တည်ငြိမ်ငြိမ်ဖြင် ဆက်၍လျှောက်သွားချိန်တွင် တစ်စစီ ကွဲကြေသွားခဲ့တော့သည်။

တစ်ဖက်လူ၏ မထီမဲ့မြင်ပြုမှုနှင့် ရွံရှာမှုတွေကို သူ မှတ်မိနေပါ၏။

ဒါမှမဟုတ် သူ့ရဲ့ အတိတ်က လုပ်ရပ်တွေက တစ်ဖက်လူကို သူဟာ ပေါ့ပျက်တဲ့သူလို့ ယုံကြည်စေခဲ့တာများလား။

သူ့ကိုယ်က ရှေ့သို့ ဆက်၍တရွတ်တိုက် ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။ ယန့်ဝမ့်က သူ့ဘေးမှနေ ဖြတ်သွားကာ သူကဝော့ ကျားပါးစပ်ထဲ ကျလုနီးပါးဖြစ်နေခဲ့ပြီပင်။ ဘယ်က ခွန်အားများရလာသည်ကို လီလီ မသိ။ သူက လူမဲအမျိုးသားလက်ထဲမှ လွတ်အောင် ရုန်းကန်နိုင်သွားကာ ယန့်ဝမ်ကို ပြေးဖက်လျှက် သူ့လက်မောင်းကို ဆွဲဖက်ထားပြီး ငိုလေတော့သည်။

"ကော....ကျွန်တော့်ကိုကယ်ပါ...."

ယန့်ဝမ်က ရဲကိုဖုန်းဆက်ရန် သူ့ ဖုန့းကိုထုတ်လိုက်ချိန်တွင် မူလက လူကို ပြန်လုဖို့ကြိုးစားနေသည့် လူမဲအမျိုးသားက နောက်ဆုံးမှာ မကျေမနပ်ဖြင့် ဆဲဆိုကျိန်းမောင်းကာထွက်သွားလေတော့သည်။

လီလီတစ်ယောက် စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် မချနိုင်သေးခင်မှာ ယန့်ဝန်၏ အေးစက်စက်ပြောလာသံကို ကြားလိုက်ရ၏။

"လွှတ်စမ်း"

အသံက သူ့ခေါင်းအထက်မှ ထွက်လာခြင်းပင်။ လီလီ မသိစိတ်ဖြင့် ခေါင်းမော့လိုက်တော့ ပို၍အေးစက်သွားသည့် အကြည့်နှင့် ဆုံလိုက်ရသည်။

ယန့်ဝမ်က သူ့ထက် ခေါင်းတစ်ဝက်လောက် အရပ်ပိုမြင့်ပြီး သူ့အားပို၍ နှိမ့်ချပုံပေါက်စေသည့် မဆိုစလောက် တင်းမာသည့် မေးရိုးတို့က သူ၏ မထီမဲ့မြင်ပြုမှုကို ပို၍ပင် ထင်ရှားစေ၏။

လီလီ၏ တုံ့ပြန်မှုများက နှေးကွေးနှင့်ပြီးသားဖြစ်သည်။ သူ့တစ်ကိုယ်လုံးချွေးများစိုနေ၏။ သူ့၏ ထွင်းဖောက်မြင်နိုင်သည့်ရှပ်အင်္ကျီ၏ အများစုမှာ စိုစွတ်နေပြီပင်။ ချည်က သူ့ကိုယ်ပေါ်တွင် တွယ်ကပ်နေလျှက် ထိလွယ် ရှလွယ်အစိတ်အပိုင်းများအား ဖော်ပြနေလျှက် ရှိသည်။

လီလီက သူ တစ်ဖက်လူ၏ လက်မောင်းကို ခုထိ ကိုင်ထားဆဲဖြင်ကြောင်း နားလည်လိုက်သည်နှင့် ခပ်နှေးနှေး ခေါင်းငုံ့လိုက်၏။ သူ့လက်ငါးချောင်းက ‌ဖြည်းဖြည်းချင်း ပြေလျော့သွားကာ သူလုပ်လိုက်မိသည့် တွန့်ခေါက်ရာများကို တွေ့သွာတော့ ညင်ညင်သာသာ ဖြန့်ပေးဖို့ ဟန်ပြင်လိုက်သည်။

သို့ပေမဲ့လည်း သူ့လက် ပြေလျော့သွားသည်နှင့် မကြာမီမှာပင် ယန့်ဝမ်က သူ့ဘေးမှနေ လျှောက်ထွက်သွားပြီဖြစ်ကာ သူနှင့် ဘာစကားမှဆက်မပြောချင်သည့် အမူအရာဖြင့် လျှောက်ထွက်သွားလေ၏။

မလွန်အမင်း ရှက်ရွံ့နေပါသော်လည်း လီလီမှာ သူ့၏အသက်ကယ်ကောက်ရိုးမျှင်ကို မစွန်လွှတ်လိုက်နိုင်ပေ။ အကြောင်းက လူမဲအမျိုးသားက အနီးနားတွင်စောင့်ကာ အခွင့်အရေးကို ချောင်းနေဦးမည်လားကို သူမသိနိုင်သောကြောင့်ဖြစ်၏။

သူ ယန့်ဝမ်နောက်ဆက်လိုက်သွားမှ ဖြစ်မည်။ ထို့ကြောင့် သူက နောက်မှ အမြန်လိုက်သွားပြီး တစ်ဖက်လူ၏ လက်မောင်းကို ဖမ်းဆွဲလိုက်ပြန်ကာ နူးညံ့နာကျင်စွာပြောလိုက်၏။

"ခင်ဗျားကျွန်တော့်ကို ခေါ်ထုတ်သွားပေးနိုင်မလားဟင်"

ယန့်ဝမ်က အတင်း အတားခံလိုက်ရသည်မို့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

တစ်ဖက်လူ မပျော်မရွှင်ဖြစ်သွားသည်ကိုမြင်တော့ လီလီက နူးညံ့သည့်အသံလေးဖြင့် တောင်းပန်လိုက်ပြန်၏။

"ကော...."

ဤ ညွှန်းဆိုချက်က တစ်ဖက်လူ၏ နှလုံးသားကို နူးညံ့သွားစေပုံပေမဲ့ လေသံကတော့ အတော်လေး အေးစက်နေဆဲဖြင့်သာ။

"ငါ့လက်ကို မဆွဲနဲ့… မင်းဘာသာမင်း ငါ့နောက်ကနေလိုက်လာခဲ့"

လီလီသည် မူးဝေနေသည့်ခေါင်းကိုခါလိုက်တော့ နှာခေါင်းထိပ်မှ ချွေးစက်များ ခိုတွဲကျလာ၏။

"ကျွန်တော့်ဘာသာမလျှောက်နိုင်တော့ဘူး။ခြေထောက်တွေ အရမ်းအားနည်းနေလို့၊ ခင်ဗျားကို မှီထားပါရစေ..ကော.. ကျေးဇူးပြုပြီး...."

တစ်ခါ အသုံးဝင်သွားသည့်နည်းလမ်းကို တွေ့သွားပါက သူက ယင်းကို ထပ်ခါထပ်ခါ အသုံးပြုတော့သည်ပင်။ ဤသည်က ခက်ခဲပင်ပန်းရခြင်းများစွာထဲမှ လီလီသင်ယူခဲ့သော အသက်ရှင်သန်နိုင်မည့် စည်းမျည်းတစ်ခုဖြစ်၏။

ယန့်ဝမ်က ပို၍မျက်မှောင်ကြုတ်သွားပေမဲ့ သူ့ကိုတော့ တွန်းမထုတ်တော့။ ထိုသူက သူ့အား ဘားထဲမှနေ ကားပါကင်ရှိရာထိ ခေါ်ထုတ်ပေးလာသည်။

လမ်းမှာလည်း သူက တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်ပြီး ချောမွတ်စွာဖြင့် အင်္ဂလိပ်လို စကားပြောနေလျှက်ရှိသည်။ သူ့အသံက ပုံမှန်ထက် ပိုနိမ့်ပြီး ပိုညင်သာနေ၏။

လီလီက အားအင်ချိနဲ့နေသည့် ခြေလက်တို့ဖြင့် ကားပေါ်တက်လိုက်သည်။

သူပို၍မူးဝေလာကာ အမြင်တို့ ဝေဝါးလာခြင်းကို ခံစားမိနေ၏။ သူမြင်သမျှက နှစ်ထပ်ဖြစ်နေကာ အကြားအာရုံကလည်း ကျဆင်းနေသည်။

ယန့်ဝမ်ပြောသည်ကို သူကြားလိုက်ရပေမဲ့ ထပ်ပြောမှပင် ရှင်းရှင်းလင်းလင်း ကြားရလေသည်။

"တကယ်လို့ ကျောင်းကိုပြန်မသွားဘူးဆိုရင် ကျွန်တော့်မှာ နေစရာနေရာမရှိဘူး"

ဟိုတယ်…. ဟိုတယ်တွေက ဈေးကြီးတယ်။

လီလီက မိန်းမောနေရင်းဖြင့် ‌နေရာတစ်ခုကိုတွေးလိုက်သည်။

"ခင်ဗျားကျွန်တော့်ကို အားကျိရဲ့ အိမ်ရှေ့မှာ ပစ်ချထားခဲ့လို့ရတယ်။ ကျွန်တော်...ကျွန်တော်တံခါးသော့ကုဒ်ကိုသိတယ်..."

ဤဝါကျက မောင်းသူခုံတွင် ရှိနေသည့်သူ၏ မျက်နှာအား မဲမှောင်ကာ တင်းမာသွားစေ၏။ ထိုသူက မေးခွန်းထပ်မမေးတော့ဘဲ လီလီရှိမရှိ ဂရုမစိုက်စွာဖြင့် ခုံခါးပတ်ကို ပြင်းပြင်းထန်ထန် ပတ်လိုက်ကာ ကားစက်နှိုးလိုက်သည်။

လူမဲအမျိုးသားက ဆေးအများကြီး မခတ်လိုက်ပေ။ အချိန်ကို ချိန်ဆထားသည်မို့ တစ်နာရီလောက်အကြာမှာပင် ဆေးအာနိသင်က လုံးဝပြလာတော့သည်။

လီလီသည် စတင်မောဟိုက်ကာ ညည်းညူလျှက် နောက်ခုံထဲ ကိုယ်ကို တွန့်လိမ်နေလေ၏။

ယန့်ဝမ်က ရံဖန်ရံခါ နောက်ကြည့်မှန်မှ တစ်ချက်ကြည့်ချိန် လီလီတစ်ယောက် သူ့ရှပ်အင်္ကျီအား ကြယ်သီးဖြုတ်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။

ကျောက်စိမ်းလို ဖြူဖွေးသည့် အသားအရေက နောက်ကြည့်မှန်ထဲမှာ ထင်ဟပ်နေပြီး ညှပ်ရိုးက နူးညံ့ပြီး လှပကာ ဆွဲဆောင်မှုရှိသည့် ပုံစံနှင့် လွန်စွာလိုက်ဖက်လှသည်။ စည်းထားသည့် ဆံပင်တွေကမူ ပြန့်ကျဲသွားပြီး နဖူးပေါ်မှာ ဖရိုဖရဲကပ်ညှိနေကာ မျက်လုံးထဲကို ထိုးဝင်တော့မတတ်နီးပါးပင်။

သူ့မျက်တောင်တို့က မသက်မသာဖြင့် တုန်ယင်နေကာ မျက်ခွံတို့ပွင့်လာချိန်၌ အကြည့်ကိုမြင်လိုက်ရချိန်မှာ ယန့်ဝမ်တစ်ယောက် ဘရိတ်ကို ကြမ်းကြမ်းတမ်းတမ်း နင်းလိုက်မိတော့သည်။

ဧည့်ကြိုမိန်းကလေး၏ သံသယနှင့် ပြင်းထန်သည့်အကြည့်အောက်တွင် ယန့်ဝမ်က အမျိုးသားကို ဓာတ်လှေကားထဲ ခေါ်သွားလိုက်ကာ အခန်းတံခါးကို ကဒ်ဖြင့် ဖွင့်လိုက်ပြီးနောက် အမျိုးသားအား ကြင်နာမှုမရှိစွာ ကော်ဇော်ပေါ် ပစ်ချလိုက်လေသည်။

သူက ရေချိုးခန်းထဲသွားကာ ရေဖွင့်ချလိုက်ပြီးနောက်

ပြန်ထွက်လာချိန်တွင် လီလီကာ ကြမ်းပြင်ထက် ဘောလုံးလေးတစ်လုံးလို ကွေးကောက်နေလေပြီဖြစ်ပေမဲ့ သူ့လက်မောင်းကြားထဲမှာတော့ ကျောပိုးအိတ်ကို တင်းတင်းကြပ်ကြပ် ‌ပိုက်ထားဆဲပါပင်။

ဆူညံသံကြားတော့ လီလီက မျက်လုံးဖွင့်ရန်ကြိုးစားလိုက်သည်။ သူက ပူလောင်နေခြင်းကိုသာ ခံစားနေရကာ ဖွင့်ထုတ်ပစ်ချင်စိတ်သာ ရှိတော့သည်။ သူသည် သူ့ကို တပ်မက်နေသော လူတစ်ယောက်ကိုသာ ဝိုးတဝါး မှတ်မိကာ တစ်ဖက်လူက လက်ကမ်းလာချိန်၌ လူမဲအမျိုးသားဟုသာ အထင်မှားနေခဲ့ပြီဖြစ်သည်။

"ခင်ဗျားလုပ်လို့ရတယ်.. ဒါပေမဲ့ ခင်ဗျားပေးရမယ်..."

လီလီက မိမိကိုယ်ကိုယ် စွန့်လွှတ်လိုက်တော့မည့် အရိပ်အယောင်ဖြင့် ပြုံးလိုက်သည်။

"ယွမ်တစ်သောင်းက မလောက်ဘူး.. အနည်းဆုံး ဒီလောက် ပမာဏလိုတယ်...."

သူက ညာဘက်လက်ကို ရှိသမျှအားသုံး၍ထောင်လိုက်ပြီး လက်ငါးချောင်းဖြန့်ကာ အမျိုးသား၏ မျက်လုံးအောက်တွင် ပြလိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment