[ဓာတ်ပုံရိုက်ယူခြင်း]
ယန့်ဝမ်က သူ့စကားကို မယုံတာ သိသာလှသည်။ သူ့မျက်လုံးများက စေ့စေ့စပ်စပ်စစ်ဆေးလိုမှုများ၊ သံသယများဖြင့် ပြည့်နှက်နေပြီး အထင်မြင်သေးမှုလည်း ရှိလို့နေသည်။သူက လီလီကို ခေါင်းအစ ခြေအဆုံး ကြည့်ကာ ပါးလျသောနှုတ်ခမ်းနှစ်လွှာက တင်းတင်းစေ့သွား၏။
လီလီသည် အလွန်ကြောက်လန့်တကြား ဖြစ်သွားကာ သက်သေပြရန် နေရာမှာတင် သူ့ဘောင်းဘီကို ချွတ်ပစ်ဖို့ ဟန်ပြင်လိုက်သည်။
ယန့်ဝမ်က သူ့ကိုတားကာ ပြောလာသည်။
“အပြင်ထွက်”
မီးပိတ်ပြီးနောက် တံခါးကိုပိတ်ကာ ယန့်ကျိအခန်းထဲက ထွက်လာရသော လီလီသည် ဧည့်ခန်းထဲ မောင်းထုတ်ခံလိုက်ရကာ အမှိုက်ပုံအလယ်မှာရပ်ရင်း သူ့ကိုယ်သူပါ အမှိုက်ဖြစ်လာသလို ခံစားလာရသည်။
တကယ့်ကို အမှိုက်ပင်။ သူမို့ အခန်းဖော်အား သည်လိုအကြံမျိူး ကြံရဲသည်။ တကယ့်ကို အမှိုက်သရိုက်ဆန်ကာ ရွံစရာကောင်းလှ၏။
ယန့်ဝမ်က သူ့အား လက်ဟန်ပြလာသည်။
“ချွတ်လိုက်”
ယန့်ဝမ်ဟာ သေချာပေါက် စံပြအထက်တန်းစား အမျိုးသားတစ်ယောက်ဖြစ်၏။သူဟာ ခေါက်ချိုးညီသော အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ယင်းက သူ့အား ကျောက်စိမ်းထုအလားပင်။ သူ့မျက်နှာက သူ့ညီ ယန့်ကျိထက် ပိုသိမ်မွေ့ပြီး အချိုးအကျက ထင်းထွက်နေသည်။ အသက်သိပ်မကြီးသော်လည်း ကိုယ်ပိုင်အော်ရာကို ထုတ်လွှင့်နေနိုင်ပြီ ဖြစ်သည်။လက်ရှိ သူ့မျက်နှာထားက
အေးစက်ပြီး နှလုံးသားမဲ့ပုံပေါက်နေလေသည်။
လီလီက ယုန်ဖြူလေးတစ်ကောင်နှင့်မတူပေ။ သူ့မျက်နှာအသွင်အပြင်က အနည်းငယ် တောက်ပလွန်း၏။ သူနှင့် ဆက်ဆံရေးမကောင်းဆုံး အဆောင်တူကောင်လေးဆို သူ့အားအမြဲလို ထူးဆန်းသည်ဟုပငါ ပြောတတ်သေးသည်။ သူ့ သူ့မျက်လုံးထဲမှ အနီရောင်က ကြောက်လျှင်တောင်မှ လူများက သူ့အားသနားစရာကောင်းသည်ဟု မထင်ရစေဘဲ လူများအား သူဟာ သနားစရာကောင်းအောင်ဟန်ဆောင်နေသည်ဟုသာ ခံစားရစေ၏။ သို့ပေမဲ့ သူ တကယ်ကို ကြောက်နေခဲ့သည်ပင်။
ယောက်ျားတစ်ယောက်နှင့် အိပ်ဖို့ရန်က လီလီအတွက် ပြဿနာမရှိ။ သူ့ကိုယ်ခန္ဓာကို သူဂရုမစိုက်ချေ။ ပုံပျက်နေသော အနှီနေရာကိုလည်း တမင်မေ့ထားပြီး လျစ်လျူရှုထားခဲ့သည်။ထို့ကြောင့်ပင် "အရက်မူးပြီးနောက် လိင်ဆက်ဆံခြင်း" ဟူသော အစီအစဉ်ကို လုပ်ဖို့ သူတွန့်ဆုတ်မနေခဲ့တာပင်။ သို့ပေမဲ့ အခုတော့ ဤလူ၏ရှေ့တွင် သူ့၏ လျှို့ဝှက်နေရာကို ဖော်ပြနေခဲ့ရချေပြီ။ ရှက်စရာကောင်းလွန်းလှ၏။
လီလီက အသံတိုးတိုးဖြင့် ညှာတာပေးရန် တောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မလား..."
ယန့်ဝမ်က ဆို၏။
"ငါ့ ညီလေးကို မုဒိန်းကျင့်ဖို့ ကြိုးစားခဲ့တဲ့ ယောက်ျားတစ်ယောက်ကို ခွင့်လွှတ်မပေးနိုင်ဘူး"
တစ်ဖက်လူ၏ နှလုံးသားနူးညံ့လာရန် မဖြစ်နိုင်တော့သည်ကို နားလည်သွားတော့ လီလီက အံကြိတ်ကာ ဘောင်းဘီချွတ်လိုက်ရတော့သည်။ သူက ဂျင်းဘောင်းဘီဝတ်ထားတာဖြစ်ကာ ဘောင်းဘီကို ပေါင်ထိချွတ်ချလိုက်ချိန် ဘောင်းဘီက လျောကျသွားလေ၏။ ခြေထောက်နှစ်ချောင်းသည်ကား အတော်လေးဖြူဖွေးကာ ပိန်ပါးပြီး နူးညံ့သည်ဟု ဆိုနိုင်သည်။ မျက်လုံးဖြင့် မြင်နိုင်သည့် အမွေးတစ်ပင်မျှမရှိပါချေ။ သန့်ရှင်းလှပြီး ယောက်ျားတစ်ယောက်၏ ခြေတံများဟုပင် မထင်ရ။
ယန့်ဝမ်၏ မျက်လုံးတို့က သူ့ အတွင်းခံပေါ်ရောက်သွား၏။ အတွင်းခံ၏ စတိုင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူ့မျက်ခုံးတို့ တွန့်ချိုးသွားလေကာ မျက်လုံးထဲ မနှစ်မြို့သည့် အရိပ်အယောင်တချို့ပါ ပေါ်လာခဲ့ပေသည်။
ဘယ်လိုတောင် သိမ်ဖျင်းလိုက်သလဲ!
ထိုသူက အမျိုးသမီးအတွင်းခံကို တကယ်ကြီး ဝတ်ထားခဲ့ပေသည်။ အပေါ်တွင် စတော်ဘယ်ရီသီးပုံပါကာ ဇာအနားကွပ်ထားသည့်ကြောင့် ၎င်း အဖြူရောင်သုံးမြှောင့်အတွင်းခံက သေချာပေါက် အမျိုးသမီး အတွင်းခံစတိုင်မျိုးဖြစ်လေ၏။ ကိုယ်ပေါ်တွင် အနည်းငယ် ကျပ်ထုပ်ထုပ်ပုံပေါ်နေပေမဲ့ အရှေ့ပိုင်းအဖုအဖောင်းနေရာက အတော်လေး သေးလှကာ မမြင်ရသလောက် ရှိလေသည်။
လီလီက ကိုယ်ကိုကိုင်းကာ ဘောင်းဘီကို ဆွဲချလိုက်ပြီးနောက် အရှက်မဲ့စွာပင် အတွင်းခံကိုပါ ချွတ်လိုက်ပြီး နောက်ဆုံးမှာ ဆ်ိုဖာပေါ် ထိုင်လိုက်ကာ ခြေနှစ်ချောင်းကို ဖြဲကားလိုက်လေ၏။ ၎င်းက ညစ်ညမ်းလွန်းလှသည်ပင်။ လီလီက အလိုလို ရှက်မိသွား၏။ သူ ထိန်းထားခဲ့ရသည့် မျက်ရည်များ ထွက်ကျလာကာ သူက တုန်ယင်စွာဖြင့် ဆိုလေသည်။
"ကြည့်...ကျွန်တော်…ကျွန်တော် ခင်ဗျားကို တကယ် မလိမ်ပါဘူး..."
သူ့ခြေထောက်များဟာ အကျယ်ကြီး ဟထားလျှက် သူ့ တင်ပါးကြားရှိ အရာအားလုံးကို ဖော်ပြထားလျက်သား။ သူ့၏ နူးညံပြီး ပန်းရောင်သန်းနေသည့် လိင်တံအောက်တွင် ကယ်ပါယ်အိတ်များ မပါရှိဘဲ အမျိုးသမီးများ၏ အရာနှင့် ဆင်တူသည့် လိင်သဏ္ဍာန်ရှိလေကာ ဆီးခုံမို့မို့နှင့် ဆင်တူလေသည်။
၎င်းက နူးညံ့ကာ ပန်းရောင်အသွင်နှင့် အမွေးတစ်မျှင်မှ မရှိပါချေ။
တကယ်တမ်းမှာ လီလီကမူ တခြားအရာတစ်ခုကို တွေးနေခဲ့တာဖြစ်သည်။
သူဟာ တစ်ခါမှ မချစ်ခဲ့ဖူးသလို အချစ်ကိစ္စများနှင့်လည်း တစ်ခါမှ အတွေ့အကြုံမရှိခဲ့ဖူးဘဲ လိင်ကိစ္စအပေါ် စိတ်ဆန္ဒနည်းလှပေမဲ့ အဆောင်တွင်နေသည့်တလျောက် ညစ်ညမ်းဗီဒီယိုကြည့်ခြင်းကဲ့သို့သော အုပ်စုလိုက်လှုပ်ရှားမှုမျိုးမှာတော့ ပါဝင်မြဲဖြစ်သည်။ အနှီဗီဒီယိုများကြည့်ချိန်ဆို ယောက်ျားသားများဟာ ဗီဒီယိုထဲရှိ
မင်းသမီးရုပ်ရည်ကို စတင်ဆွေးနွေးပြီးနောက် သူတို့၏ ကိုယ်ပိုင် အကြိုက်များကို ပြောတတ်ကြသည်။ သူတို့၏ စကားအသွားအလာများကို နားထောင်ပြီးနောက် လီလီဟာ ကောက်ချက်ချလို့ ရသွားသည်။
အမှန်ပင် မည်သို့သော ယောက်ျားမျိုးပင်ဖြစ်စေ ပန်းရောင် ပူစီများကိုသာ နှစ်သက်ကြသူဖြစ်ပေသည်။
ပန်းရောင်ဟူသည်က လှပပြီး "သန့်စင်ခြင်း" ဟုလည်း အဓိပ္ပာယ်ရသည်။ ထိုနေရာ၏ အရောင်အသွေးက လိင်မှုကိစ္စနှင့် မသက်ဆိုင်ကြောင်း အချို့က နားလည်သော်လည်း ပန်းရောင်အပေါက်များဟာ အမျိုးသားများ၏ လိင်ဆန္ဒကို အလွယ်တကူ လှုံ့ဆော်ပေးနိုင်တာကိုတော့ ငြင်းဆို၍မရပေ။
လီလီသည်လည်း သူ၏ ပူစီက ယောက်ျားများကို မြူဆွယ်နိုင်သည့်အရာတစ်ခု အမှန်ပင်ဖြစ်ကြောင်း နားလည်ထား၏။ ယောက်ျားတစ်ယောက်ထံတွင် ရှိနေသည့်မို့ ကြည့်ရတာ ထူးဆန်းပေမဲ့လည်း ယောက်ျားများကို လှုံ့ဆော်ရန်အတွက်တော့ ကောင်းသည့်အရာပင်။ ယောက်ျားတစ်ယောက် အလျင်လိုလာပြီဆို ထည့်စရာအပေါက်ရှိလျှင် ရပြီ ဖြစ်သည်။ ယောက်ျားကိုယ်ပေါ်မှာ ရှိနေသည့်ပူစီ မဆိုထားနှင့်ဦး။ ဝက်တစ်ကောင်ပေါ်မှာ အနှီပူစီပေါက်နေလျှင်တောင် အပြေးအလွှား တက်လုပ်ကြမည်သာ။
ထို့ကြောင့်ပင် သူက ဤ အစီအစဉ်ကို ဆွဲရဲခဲ့ခြင်း ဖြစ်သည်။
သူ့အကြံသာအောင်မြင်သွားခဲ့လျှင် နောင်တရခဲ့လျှင်တောင်မှ ယန့်ကျိမှာ ဆုံးရှုံးစရာမရှိလောက်ဟု သူ ခံစားမိသည်။ တကယ်တော့ သူ့လျှို့ဝှက်နေရာက အဝောာ်လေးလှပကာ သူက အခုထိ သန့်စင်နေသေးဆဲဖြစ်သည်။ သူတို့နှစ်ယောက်အဖို့ မျက်နှာချင်းမဆိုင်ဖြစ်တော့လျှင်တောင် ဒါက မျက်နှာပျက်စရာတော့ မရှိပေ။
သို့ပေမဲ့လည်း ခရီးတစ်ဝက်၌ ယန့်ဝမ်ထံမှ အမိခံလိုက်ရမည်ဟု မမျှော်လင့်မိခဲ့တာကြောင့် လီလီက သူ့အစီစဉ်ကို ပြောင်းလိုက်ရသည်။
ယခု သူ ယန့်ဝမ်ကို မြူဆွယ်ဖို့သာ လုပ်ချင်လေသည်။
ဤလူ၏သွင်ပြင်က အေးစက်ကာ သီးသန့်ဆန်ပြီး ချဉ်းကပ်ရခက်ပုံပေါ်၏။ ထိုသူနှင့်အိပ်ပါက ပိုက်ဆံမရနိုင်လောက်ပေမဲ့ သူ့ညီကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းအတွက်ကိုတော့ သေချာပေါက် တရားဆွဲတော့မည် မဟုတ်တော့ပေ။
ယခု လီလီအတွက်က ယွမ် ငါးသောင်းရခြင်းထက် သူ့အချက်အလက်ဖိုင်ထဲ ရာဇဝတ်မှုမှတ်တမ်းပါမသွားဖို့က ပိုပြီးအရေးကြီး၏။ တကယ်ဆိုလျှင် အနာဂတ်တွင် သူက အစိုးရဝန်ထမ်း စာမေးပွဲ ဝင်ဖြေချင်သေးပေသည်။
လေထဲဖော်ပြခံထားရသည့် ပန်းရောင်အပေါက်လေးက နည်းနည်းအေးလာကာ သူ့၏ နူးညံ့သည့် အမျိုးသမီးအင်္ဂါလေးက မနေနိုင်စွာ တုန်ယင်လာရ၏။ လီလီက သူ့ခြေထောက်နှင့် လည်ချောင်းကို မထိန်းနိုင်တော့သကဲ့သို့ သနားစဖွယ် အသွင်လေးဆင်မြန်းလိုက်သည်။
သူ့အသံထဲ ဝမ်းနည်းသံလေးကပ်ညိလျှက်
"အခု ခင်ဗျားကျွန်တော့်ကို ယုံပြီမလား? ကျွန်တော် အားကျိကိုတကယ် မုဒိန်းမကျင့်နိုင်ပါဘူးဆိုတာ..."
သူက နှာပင် ရှုပ်လိုက်သေးကာ တီဗွီဒရာမာများတွင် သူ မြင်ဖူးခဲ့သည့် အမျိုးသားများကိုမြူဆွယ်သည့် အမူအယာနှင့် လှုပ်ရှားမှုများကို ပုံတူကူးရန် ကြိုးစားလိုက်သည်။
မကြာခင်မှာပင် သူ စိတ်ပျက်သွားရသည်။ အကြောင်းမူ ယန့်ဝမ်၏ အကြည့်တို့က သူ့၏ လျှို့ဝှက်နေရာထံ အကြာကြီး ရှိမနေခဲ့ဘဲ မျက်နှာက အေးစက်နေလျက်ပင် မျက်လုံးထဲမှာ …မနှစ်မြို့သည့် ခံစားချက်များပေါ်လာ၍ပင်။
တဲ့တိုးဆန်လှကာ ဖုံးကွယ်မထားသော ရွံရှာမှုကို ဗြောင်ကျကျ ဖော်ပြနေခဲ့ခြင်း။
လီလီ၏ နှလုံးသားက တုန်ယင်သွားရကာ ဆူးနှင့် ဆွဲခြစ်ခံလိုက်ရသကဲ့သို့ နာကျင်ခြင်းတစ်ခုက ရုတ်တရတ် ဖြတ်သွားရလေသည်။
ယန့်ဝမ်က ဆိုလာသည်။
"ငါ့ညီကို လုပ်ဖို့ကြိုးစားတဲ့ဟာကမှ မုဒိန်းမှုလို့ ခေါ်နိုင်တဲ့ တစ်ခုတည်းသောအရာမဟုတ်ဘူး။ မင်း ခု လုပ်ဖို့ ကြိုးစားနေတဲ့အရာကလည်း မုဒိန်းမှုပဲ"
သူ့လေသံက အေးစက်လှကာ ထို့နောက်မှာသူက ဖုန်းကိုဆွဲထုတ်လာ၏။
သူ့ခြေထောက်ကို မစေ့လိုက်နိုင်ခင်မှာ ထိုသူက သူ့အပြုအမူအား တစ်ခဏအတွင်း ကြည်လင်ပြတ်သားသည့် ဓာတ်ပုံတစ်ပုံရိုက်ယူလိုက်လေသည်။
"ဒါက မင်းရဲ့ ပထမဆုံးကြံစည်မှုလည်းဖြစ် အထလည်း မမြောက်လိုက်ဘူးဆိုတော့ မင်းကို တရားမစွဲတော့ဘူး။ ဒါပေမဲ့ ဒါကို ငါ သက်သေအဖြစ်သိမ်းထားမယ်။ ဒါမျိုး နောက်တစ်ခါထပ်လုပ်လာသည်ရှိသော် မင်းကို တရားရုံးမှာပဲလာတွေ့တော့မယ်"
"'ကလစ်" အသံကိုကြားချိန်တွင် လီလီမှာ လုံးဝကို ကြက်သေသေနေခဲ့ပြီ ဖြစ်သည်။
သူ့လက်က ပျော့ကျကာ ခြေထောက်များက ပြန်စေ့သွားလျက်သား။
ယန့်ဝမ်က သူ့ကို အေးစက်စက်ကြည့်လာ၏။
"ငါ့ညီနဲ့ နီးစပ်ဖို့ ထပ်မကြိုးစားနဲ့။ သူနဲ့ ဝေးဝေးနေ”
ထိုသူက လှည့်ထွက်သွား၏။ ထို့နောက် ခြေလှမ်းအနည်းငယ်အပြီးမှာ ပြန်လှည့်လာသည်။ သူ့မျက်လုံးတို့က ထူးမခြားနားစွာ သီးခြားဆန်လှလျက်
"ငါ့ကိုမြူဆွယ်ဖို့ လာမကြိုးစားနဲ့၊ မင်းလိုလူမျိုးကို ငါ စိတ်မဝင်စားဘူး"
ထိုအမျိုးသား ထွက်သွားချိန်မှာ ဧည့်ခန်းက ထပ်ပြီး ဗလာကျင်းသွားပြန်လေသည်။ လီလီမှာ ထိုသူ၏ စကားများကြောင့် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ခံစားခဲ့ရကာ မျက်နှာတစ်ခုလုံး လောင်ကျွမ်းကျန်ရစ်ခဲ့ရ၏။
သူ ထိုနေရာ၌ မှင်တက်စွာ အကြာကြီးရပ်နေခဲ့ပြီးမှ အသိပြန်ဝင်လာသည်။ သူ့မျက်လုံးတို့က ဒီနေ့အတွက် အထူးတလည် ဝယ်လာခဲ့သည့် အတွင်းခံအပေါ် ရောက်သွားကာ ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကိုက်လိုက်မိလေသည်။
သူ ၎င်းကို ကောက်လိုက်ကာ လုံးထွေး၍ အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်ပြီး ဘောင်းဘီတစ်ထပ်တည်းသာ ဝတ်လိုက်တော့သည်။
°°°°°°°°°
ယန့်ကျိ နိုးလာချိန်တွင် အိမ်က သန့်ရှင်းနေပြီဖြစ်ကာ သူတို့အတွက် မနက်စာလုပ်ပေးရန် အန်တီလည်း ရောက်နေပြီဖြစ်သည်။ ယန့်ကျိက အနည်းငယ် ထူဆန်းနေသလို ခံစားနေရ၏။ လီလီက ဒီနေ့ စကားနည်းနေသလိုပင်။
"မင်း မနေ့ညက အများကြီး သောက်လိုက်တာလား? နေလို့မကောင်းဘူးလား?"
လီလီက ခေါင်းအမြန်ခါလိုက်ပြီး အားအင်ပြည့်ဝပုံပေါ်စေရန် အတွေးတို့ကို စုစည်းလိုက်သည်။
ယန့်ကျိမှာ ရှုပ်ထွေးသွားရပြန်၏။
" ဒါနဲ့ ငါနိုးလာတော့ ဘာလို့ ဘောင်းဘီကျွတ်နေတာလဲ? ငါ့ဘာသာငါ ချွတ်ထားမိတာလား? မင်းကူချွတ်ပေးထားတာလား?"
လီလီမှာ သီးတော့မလိုပင်။
"မင်းဟာမင်း အရမ်းပူတယ်ထင်လို့ ကိုယ့်ဘာသာ ချွတ်ဖို့ လုပ်ခဲ့တာနေမှာပေါ့။ မင်းအကောင်းကြီး ရှိနေတာကို ငါက ဘာလို့ မင်းဘောင်းဘီကို ချွတ်ရမှာလဲ?"
ယန့်ကျိက ရယ်မောလာသည်။
"ငါ့ရဲ့ ရတနာလေးကို မင်းဂုဏ်ပြုပေးချင်လို့နေမှာပေါ့"
"ဟား ငါစိတ်မဝင်စားပါဘူး။ မင်းရည်းစားကောင်မလေးတွေ ဂုဏ်ပြုဖို့ပဲ ချန်ထားလိုက်စမ်းပါ"
လီလီက တမင်တကာ မျက်ဆံလှန်ပြလိုက်ပေမဲ့ သူ့နှလုံးက စိတ်လှုပ်ရှားကာ ခုန်နေခဲ့သည်ပင်။
ယန့်ကျိကမူ ချက်ချင်းဆိုသလို သူ့လက်အကြီးကြီးကို ဆန့်ထုတ်လာက သူ့ဆံပင်တို့ကို ဖွလိုက်၏။
တခြားလူ၏ ဖုန်းထဲမှာ သူ့၏ ဖင်ပြောင်ပုံရှိနေသေးသည်ကိုတွေးကာ လီလီမှာ နည်းနည်း မသက်မသာ ခံစားလိုက်ရသည်။ တစ်ဖက်လူက သူ့ကို ခြိမ်းခြောက်ထားမှန်း သူ သိပါ၏။
လှုပ်ရှားမှု အနည်းငယ် လုပ်မိလျှင်ပင် ဓာတ်ပုံက ကျောင်းဝန်းကွန်ယက်အတွင်း ပေါ်လာပေလိမ့်မှာဖြစ်ကာ လူမှုဘဝသေဆုးခြင်း၏ အတွေ့အကြုံကို ခံစားရတော့မည်ပင်။
ထို့ကြောင့် လီလီမှာ ထိုသို့သော အတွေး သေးသေးလေးတောင်မှ မတွေးရဲတော့ပေ။
သူက ယန့်ဝမ်၏ သတိပေးချက်ကို အမှန်တကယ်နားထောင်ပြီး ယန့်ကျိနှင့် စပြီး အကွာအဝေးခြားလာတော့သည်။ ယင်းက အနည်းငယ်တော့ နာကျင်ရပါ၏။
ယန့်ကျိက ရက်ရောသူဖြစ်ကာ သူနှင့် သူငယ်ချင်းဖြစ်ရသည်က အမှန်ကို အကျိုးအမြတ်အများကြီး ရသည်။ ဥပမာအားဖြင့်၊ သူနှင့်အတူ အပြင်ထွက်စားလျှင် သေချာပေါက် သူကသာ ပိုက်ဆံရှင်းမှာဖြစ်သည်။ ကန်တင်းကို သွားလျှင်ပင် ထိုကဲ့သို့သာ။
လီလီဆို ပုံမှန်ထက်ပို၍ အဆင့်အတန်းမြင့် စားစရာများ အမြဲစားရသည်။ သို့ပေမဲ့ သူနှင့်အကွာအဝေးခြားရန် ဖြစ်လာသည့်အခါ လီလီမှာ အပြင်ခေါ်လာလေတိုင်း အကြောင်းပြချက်မျိုးစုံပေးကာ ရှောင်ရတော့သည်။ သူ့မှာ ယန့်ကျိ အပြင်ထွက်သည့်ထိ စောင့်ပြီးမှ
နေ့လည်စာနှင့် ညစာအတွက် ဈေးအသက်သာဆုံး ဟင်းလျာတွေကို ဝယ်ဖို့ တစ်ယောက်တည်း ကော်ဖီဆိုင်ကို သွားလေ့ရှိပေသည်။
သို့ပေမဲ့ တစ်ကြိမ် နှစ်ကြိမ်ဆိုလျှင် အဆင်ပြေသေးသည်။ အကြိမ်များစွာပြီးနောက်တွင် ယန့်ကျိနောက်ဆုံးတော့ တစ်ခုခုက သူ့ကို ဆွဲထားကြောင်း သဘောပေါက်သွားကာ တိုက်ရိုက် မေးလာလေ၏။
"ရှောင်ချောင် မင်း ငါ့ကို ရှောင်နေတာလား?"
"ရှောင်ချောင်" ဆိုသည်က လီလီ၏ နာမည်ပြောင် ဖြစ်သည်။ သူတို့ ကျောင်းဆောင်၌ ပထမဆုံးစတွေ့ချိန်တွင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရပြီး နောက် ထိုသူက သူ့အား ခဏအတွင်း နာမည်မှည့်ပေးခဲ့တာ ဖြစ်သည်။ ယန့်ကျိကပြုံးကာပြောခဲ့၏။
"လီလီ ယွမ်ရှန့်ချောင်….ငါ မင်းကို အခုကစပြီး ရှောင်ချောင်လို့ ခေါ်မယ်" ဟူ၍။
လီလီက စိတ်မလှုပ်ရှားပေ။ တကယ်တော့ သူက လိမ်သည့်နေရာတွင် အလွန်ထူးချွန်၏။ သူက မည်သည့် အထစ်အငါ့မှ မပေါ်စေရဘဲ ပြန်ဖြေလိုက်သည်။
"ငါက မင်းကို ဘယ်လိုလုပ် ရှောင်ရမှာလဲ? မင်းမှာ ဘာကူးစက်ရောဂါမှလည်း မရှိဘဲနဲ့"
ယန့်ကျိက နှာမှုတ်လိုက်၏။
"ခုတလော မင်း ငါနဲ့ အပြင်မသွားချင်ဘူးဖြစ်နေတာလေ။ ငါ မင်းနဲ့ ထမင်းတောင်အတူမစားဖြစ်တော့ဘူး။ မင်းက ငါ့ကို ငါ့မှာ ကူးစက်ရောဂါတစ်ခုခုရှိနေသလို ခံစားရအောင် လုပ်နေတာ"
လီလီက မျက်နှာသေနှင့် ပြော၏။
"မင်း လိင်ဆက်ဆံတဲ့အချိန် ကွန်ဒုံးဝတ်နေသရွေ့တော့ ကူးစက်ရောဂါ မရှိလောက်ပါဘူး"
ယန့်ကျိမှာ သူ့ကြောင့် ရွှင်ပြသွားပေမဲ့ နည်းနည်းလောက်တော့ မယုံမကြည်ဖြစ်နေဆဲပင်။
“မင်းငါ့ကို တကယ်ကြီးရှောင်နေတာ မဟုတ်ဘူးပေါ့”
လီလီက ဖြေလိုက်သည်။
"မဟုတ်ပါဘူးကွာ။ နည်းနည်း အလုပ်များနေတာရယ် တစ်ခါတစ်လေ တိုက်ဆိုင်သွားတာရယ်ပါ။ ဥပမာ မနေ့က မင်းငါနဲ့ အတူသွားကြဖို့ပြောတုန်းက ငါ အိပ်ရာထနောက်ကျသွားပြီးတော့ မနက်စာ စားတာလည်း နောက်ကျသွားတယ်လေ။ နေ့လည်စာစားချိန်ကျ အင့်နေရော အဲ့ဒါကြောင့်မို့ မင်းနဲ့ အတူမသွားဖြစ်တာ။
ယန့်ကျိက အခွင့်ကောင်းယူကာ မေးလာသည်။
"ဒီနေ့ဆိုရင်ရော ဘယ်လိုလဲ?”
လီလီမှာ ရှောင်မရတော့ပြီ ဖြစ်တာကြောင့် " ဒီနေ့တော့ ငါတို့ သေချာပေါက် အတူသွားလို့ ရတာပေါ့"
ဟုသာ ပြောနိုင်တော့လေသည်။
ယန်ကျီက ရယ်လိုက်ပြီး သူ့ပုခုံးပေါ် လက်တင်လာကာ သူ့ကို ငုံ့ကြည့်လာ၏။
"ဒီတော့ ဒီနေ့ မင်း ဘာစားချင်လဲ? ငါ့ကိုပြော။ မင်း နဂါးသားစားချင်တယ်ဆိုရင်တောင် မင်းအတွက် ရအောင်လုပ်ပေးမယ်"
လီလီ မထိန်းနိုင်စွာရယ်လိုက်ပြီး သူ့ကို တွန်းလိုက်၏။
"ဒါဆို သွားဖမ်းချေ။ ငါ နဂါးသားစားချင်တယ်"
ယန့်ကျိက ပြုံးရယ်လိုက်သည်မို့ ပါးစပ်အပြည့်သွားဖြူဖြူတို့က ပေါ်လို့လာသည်။ သူက ရုတ်တရက် သူ့ထံမှီလာပြီး အပြုံးနှင့် ပြောလာ၏။
" ကျွေးမှာပေါ့။ ငါက နဂါးတစ်ကောင်ပဲ။ဒီတော့ ငါ့ကို နဂါးသားလို့ သတ်မှတ်လို့ရတယ်"
လီလီက သူ့ကိုပြန်ပက်၏။
"ငါလည်း နဂါးပဲ။ ငါ့အသားကိုပဲငါ စားလိုက်တော့မယ်"
ခဏလောက် စနောက်နေကြပြီးနောက် ညစာစားချိန်ရောက်လာ၏။ ယန့်ကျိက သူ့သူငယ်ချင်းများကို ခေါ်ထုတ်ရသည်အား ကြိုက်တတ်သူဖြစ်ရာ အဆောင်က လူတိုင်းအား ဟော့ပေါ့စားရန် ဖုန်းဆက်လိုက်လေသည်။ လီကျစ်ပင်းတစ်ယောက်ကသာ လွဲ၍ပင်။
လီကျစ်ပင်းဆိုသည်က လီလီနှင့် ဆက်ဆံရေး မကောင်းသူတစ်ယောက် ဖြစ်သည်။
သူတို့နှစ်ယောက် မတည့်တာက အကြောင်းရင်းရှိသည်။ လီလီကဲ့သို့ပင် လီကျစ်ပင်းသည်လည်း လူချမ်းသာလေးယန့်ကျိတစ်ယောက် အဆောင်ပြောင်းလာစဥ်က အတော်လေး အားကျသွားကာ ဖားယားဖို့အကောင်းဆုံးကြိုးစားတော့သည်။
ကံမကောင်းစွာပင် သူ့၏မြှောက်ပင့်မှုများက အရာမထင်ခဲ့။ လီလီကမူ သူ့လောက် ဖားယားတာမျိုးမရှိပေမဲ့ ယန့်ကျိက သူ့ကျတော့ အလေးထားကာ ဆက်ဆံသည်။ ကျိန်းသေပေါက်ကို လီကျစ်ပင်းမှာ ဒေါသတွေထွက်ပြီး လီလီအား အညိုးထား၍ နေရာတကာကန့်လန့်တိုက်တော့သည်။ ရလာဒ်အနေဖြင့် လီလီရော ယန့်ကျိကပါ သူ့အား ပယ်လာကြလေသည်။