[အရက်မူးနေသူနှင့် လိင်ဆက်ဆံရန် ကြံရွယ်ခြင်း]
“အာ့ကျိကို ကောင်းကောင်းဂရုစိုက်လိုက်ဦး!”
ဟူ၍ အာလေးလျှာလေးသံဖြင့်ပြောသွားသော နောက်ဆုံးကျန်သည့် အတန်းဖော်အား တံခါးအပြင်သို့ လိုက်ပို့ပြီးနောက် လီလီသည် တံခါးကို ပိတ်လိုက်ရင်း အရှုပ်အထွေးများဘက် မျက်နှာလှည့်လိုက်သည်။
ကြီးမား၍ အဖိုးထိုက်လွန်းစွာ အလှဆင်ယင်မွန်းမံထားသော ဧည့်ခန်းသည် ယခုတော့ ဘီယာခွံများဖြင့် ပြည့်နေကာ ဝိုင်နီပုလင်းလွတ်များလည်း အနည်းငယ်ရှိနေ၏။ သုံးပြီးသား တီရှုးများနှင့် အစားအသောက် အကြွင်းအကျန်များမှာ နေရာတိုင်းမှာ ရှိနေပြီး ခြေချစရာပင် မရှိချေ။
ယန့်ကျိက ဆိုဖာပေါ်မှာ လှဲလျောင်းလို့နေသည်။ ဒီနေ့က သူတို့ဘတ်စကတ်ဘောအသင်းက တက္ကသိုလ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်ဖြစ်ရာ အားလုံးက အလွန်ပျော်နေသည်။ ထို့ကြောင့်ပင် သူ(ယန့်ကျိ)က အားလုံးကို သူ့အိမ်မှာ သောက်စရာများနှင့် အသားကင်များကို စားသောက်ဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်သည်။ အဆုံးမတော့ သူကိုယ်တိုင်က မူးပြီးမှောက်သွားတော့သည်။
လီလီတစ်ယောက်တည်းသာ သိပ်မသောက်တာဖြစ်ရာ သဘာဝတကျပင် သူက ယန့်ကျိအား ဂရုစိုက်ပေးဖို့ တာဝန်ကို လက်လွှဲယူလိုက်တော့သည်။
လီလီသည် သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရန် အလွန်စိတ်ထက်သန်နေသော်လည်း အခန်းတစ်ဝိုက်က အမှိုက်သရိုက်များကို မြင်ချိန်မှာတော့ မနေနိုင်စွာ ရှင်းလင်းမိတော့သည်။
ပုလင်းလွတ်တွေ၏ ဂလုံးဂလွမ် လိမ့်သံတွေကြောင့် ယန့်ကျိ့မျက်လုံးက ပွင့်လာသည်။ သူရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရအောင် မနည်းအားစိုက်၍ အတည်ပြုရန်ကြိုးစားကြည့်ပြီးမှ ထထိုင်ကာ ပြောလာသည်။
“ရှောင်ချောင်..မလုပ်နဲ့။ မနက်ဖြန် အန်တီကြီးလာမှ ရှင်းလိမ့်မယ်”
“ဩ…”
လီလီက သူကိုင်ထားသည့် ပုလင်းအလွတ်တွေကို ကတ်ထူပုံးထဲထည့်ကာ အနည်းငယ် စိတ်ပျက်သွား၏။
“မင်း အမူးပြေသွားပြီလား”
ယန်ကျိက လက်ကိုဝေ့ယမ်းလျက်
“ငါမမူးပါဘူးကွ”
လီလီ စိတ်အေးသွားချေသည်။ အကြောင်းမူ ငမူးတွေဟာ သူတို့ကိုယ်သူတို့ မမူးဘူး ဟုသာ ပြောတတ်ကြသောကြောင့်ပင်။ သို့ပေမဲ့လည်း အမှားလုပ်မိမှာ ကြောက်တာကြောင့် ပုလင်းတွေကို မကောက်တော့ဘဲ လူရှိရာဆီ လှမ်းသွားလိုက်သည်။
“မင်းအိပ်ခန်းထဲ ခေါ်သွားပေးမယ်လေ”
ဒါက ယန့်ကျိ မိသားစုက သူ့အတွက် ဝယ်ပေးထားသော ဗီလာဖြစ်ကာ တက္ကသိုလ်ရှိရာ မြို့နှင့် အတော်နီးသည်။သို့သော်သူက ဤဗီလာက ကျယ်လွန်းပြီး ပျင်းစရာကောင်းသည်ဟု တွေးကာ ကျောင်းက ၆ယောက်ခန်းအဆောင်မှာ သူတို့နှင့်အတူ တိုးဝှေ့လာနေလေသည်။ ရံဖန်ရံခါ ပါတီလုပ်လျှင်တော့ သူ့သူငယ်ချင်းတွေ၊ အတန်းဖော်တွေကို ဤဗီလာသို့ ခေါ်လာတတ်သည်။ လီလီက သူ့အခန်းဖော်ဖြစ်ပြီး နှစ်ယောက်သားက ဆက်ဆံရေးကောင်းသည်။
လီလီဟာကျောင်းဘတ်စကက်ဘောအသင်းက မဟုတ်သော်လည်း သူသည် ထိုသို့သော ပါတီများ၊ စုဝေးပွဲများတွင် ပါဝင်နေရဆဲ ဖြစ်ပြီး ပါတီပြီးနောက် နောက်ဆက်တွဲကိစ္စများကို အချိန်တိုင်းတွင် တာဝန်ယူဖြေရှင်းရသူလည်း ဖြစ်သည်။
နောက်ဆက်တွဲကိစ္စဟူသည်က တခြားမဟုတ်။ အရက်မူးနေသော သခင်လေးယန့်အား အိပ်ခန်းထဲထိ တွဲပို့ပေးကာ နေရာတကျ အိပ်စေ၍ ကိုယ်တိုင်က ဧည့်သည်ခန်းတစ်ခန်းရှာကာ အိပ်စက်တာမျိုးပင်။
ယန့်ကျိ၏ အိပ်ခန်းကို သူအကြိမ်ပေါင်းမနည်း ရောက်ဖူးသည်။ သို့ငြား အထဲရောက်တိုင်း အိပ်ရာဆိုဒ်ကြောင့် သက်ပြင်းချရမြဲပင်။ ၁၉၀စင်တီမီတာ နီးပါးရှည်သော ယန့်ကျိတစ်ယောက် ဤကုတင်ပေါ်ဝယ် အိပ်စက်တိုင်း နေရာကျုံ့သွားသည်ဟူ၍မရှိ။ ဘေးမှာ နှစ်ယောက်စာလောက် ရှိသေးပေသည်။
ယန့်ကျိ မူးနေတာတော့ သေချာသည်။ သူ့ကိုယ်က အတော်အလေးသားပင်။ လီလီအဖို့ သူ့အား အိပ်ခန်းထဲသွင်းရန် အတော်အားထုတ်လိုက်ရကာ ချွေးပင် ပျံသွားရသည်။ အသက်တစ်ချက်ရှုရင်း မျက်လုံးတွေမှိတ်ကာ အိပ်မောကျနေသောလူကိုကြည့်ရင်း လီလီ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။
အမူးလွန်နေတဲ့အချိန်မှာ မာနိုင်ပါ့ဦးမလား…..
သို့ငြား လီလီသည် “အရက်မူးပြီး လိင်ဆက်ဆံခြင်း” ဟူသော အကြောင်းအရာပေါ် မေးခွန်းမရှိချေ။ ဒါမျိုးဇာတ်ကွက်တွေဆိုတာ တီဗွီတွေ ဒရမ်မာတွေထဲမှာ အများကြီးပါသလို လက်တွေ့ဘဝမှာတောင် တချို့လူတွေ ပြောတတ်ကြသေးသည်။ ထို့ကြောင့်ပင် လီလီသည် စိတ်အေးလက်အေးဖြစ်သွားလျက် အနားတိုးကပ်ဖို့ ဟန်ပြင်လိုက်သည်။ ယင်းအခိုက်မှာပင် သူ့ကိုယ်သူ ချွေးအတော်ထွက်နေတာ သတိပြုမိသွားသည်။ သူခဏမျှ တုံ့ဆိုင်းနေပြီးနောက် ယန့်ကျိရေချိုးခန်းထဲသွားကာ ရေဝင်ချိုးလိုက်တော့သည်။
ဟာကွက်တွေ သိပ်မဖြစ်စေဖို့ရာအတွက် လီလီသည် ရေချိုးပြီးနောက် သူ့မူလအဝတ်အစားတွေကိုသာ ပြန်ဝတ်ထားလိုက်သည်။ ထို့နောက်မှ ကုတင်ရှေ့မှာ တစ်ဖန်ရပ်လိုက်ပြန်သည်။
ယန့်ကျိ ခန္ဓာကိုယ်က မလှုပ်မရှားရှိနေဆဲပင်။ သူက ရေမချိုးခင်ကအတိုင်းပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာဖြစ်သည်။ သို့သော်လည်း သူ၏အိပ်စက်သည့်ပုံစံက ရုပ်ဆိုးခြင်းမရှိလှ။၊ လက်တစ်ဖက်က ခါးနှင့်ဝမ်းဗိုက်နေရာပေါ်မှာ တင်ထားကာ ကျန်လက်တစ်ဖက်ကို သူ့ဘေးတွင် ထားထားသည်။ရင်အုပ်က နိမ့်ချည်မြင့်ချည်ဖြစ်လျက် အသက်ရှုသံကမူ သိပ်မပြင်းလှ။
ရုပ်ရည်ကလည်း အလွန်ချောမောသည်။ တကယ်တမ်းမူ သူဟာ ဘတ်စကတ်ဘောကွင်းတွင် ဘောလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်သူဖြစ်သလို မိန်းကလေးအများအပြားကို ဆွဲဆောင်နိုင်သူလည်း ဖြစ်ပေသည်။
မိန်းကလေးတွေဟာ သူ့ကိုဆိုလျှင် အော်ဟစ်ခုန်ပေါက်ကာ အရူးအမူးဖြစ်ကြသော်ငြား သူကမူ မျက်ခုံးတစ်ချက်မတွန့်ပါဘဲ နှုတ်ခမ်းပါးပါးမှာသာ ဂရုမစိုက်သည့်ဟန် ပြတတ်ပေသည်။
တကယ်တမ်းကျ သူဟာ တကယ့်ကို သွေးအေး၍ ရည်းစားကို အဝတ်အစားလဲသလို ထည်လဲချိန်းတတ်သူဖြစ်သည်။ လီလီ သူ့အခန်းဖော်ဖြစ်တာ ၂နှစ်နီးပါးရှိပြီဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ၂လထက်ကြာအောင် တွဲတာမျိုး မမြင်ဖူးချေ။
သူ့ဟာ ပလေးဘွိုင်အဖြစ် နာမည်ကြီးပြီး အားလုံးနီးပါး သိကြသော်ငြား ထိုသို့ဆိုလျှင်တောင် မိန်းကလေးအမြောက်အမြားဟာ သူ့ထံ တိုးဝင်နေကြတုန်းပင်။
အကြောင်းမူ ချမ်းလည်းချမ်းသာသလို ရက်လည်း ရက်ရောသောကြောင့်ပင်။
ယန့်ကျိဟာ သူ့ရည်းစားတွေကို ဘယ်တော့မှ ဆိုးဆိုးရွားရွား မဆက်ဆံတတ်ချေ။ ကောင်မလေးဟာ သူနှင့် သုံးရက်လောက်ပဲ ရည်းစားဖြစ်ပြီး တစ်ခေါက်လေးမျှ မအိပ်ဖြစ်လိုက်လျှင်တောင် လမ်းခွဲလက်ဆောင်အဖြစ် ဂဏန်း၅လုံးလောက် ရတတ်သည်။
အိပ်ဖြစ်ခဲ့လျှင်တော့ ပိုက်ဆံနှင့် လက်ဆောင်ပမာဏမဟာ သိန်းဂဏန်းရှိလေသည်။
ရုပ်လည်းချောသလို ခန္ဓာကိုယ်အချိုးအစားမိုက်၍ နှုတ်လေးကချိုသည်။ ချမ်းသာပြီး ရက်ရောတတ်သည့် အချက်လေးများပါ ပေါင်းလိုက်သော် မိန်းကလေးအများကြီးက သူ့ထံဇွတ်တိုးဝင်နေကြတော့သည် မှာ အံ့ဩစရာ မရှိတော့ပါချေ။
အစကတော့ လီလီဟာ သက်ပြင်းချရင်း သူသာ မိန်းမတစ်ယောက်ဖြစ်ပြီး တွဲနိုင်လျှင်ကောင်းမှာပဲဟုပင် တွေးမိသည်။ အိပ်ဖြစ်တာ မအိပ်ဖြစ်တာ ကိစ္စမရှိ။ ပိုက်ဆံရနေသရွေ့ အဆင်ပြေသည်။
စိတ်မကောင်းစရာက သူ့မှာ အမျိုးသမီးအင်္ဂါ ပါလာသော်ငြား သူဟာ မိန်းမအစစ်မဟုတ်ပါချေ။
အဆောင်ခန်းမှာ ၂နှစ်နီးပါး အတူနေကြပြီးသည့်နောက် လီလီသည် ယန့်ကျိက ယောက်ျားတွေကို စိတ်မဝင်စားမှန်း သိလာသည်။ ထို့ကြောင့်ပင် သူ့မှာ ကြံသာကြံရဲပြီး အကောင်အထည်မဖော်ရဲခဲ့ချေ။
လွန်ခဲ့သည့်ရက်အနည်းငယ်အထိပင် ဖြစ်၏။ ယန့်ကျိဟာ သူနှင့် တစ်ခါလေးပဲ အိပ်ခဲ့သော မိန်းကလေးအား ယွမ် ၆သောင်းနီးပါး လွှဲပေးခဲ့သော မှတ်တမ်းကို မြင်ခဲ့ရလေသည်။
ယွမ် ၆သောင်းနီးပါးက ပိတ်ရက်မှာ အလုပ်မျိုးစုံလုပ်ပြီး အိမ်အသုံးစားရိတ်ရှာနေရသော လီလီအတွက်တော့ ကြီးမားသော ပမာဏပင်။ သူ့မှာသာ ထိုပိုက်ဆံပမာဏရှိပါက သူရော သူ့မိသားစုရော နောက် ၆လလောက်တော့ သာသာယာယာ နေနိုင်လိမ့်မည်ပင် ဖြစ်၏။
ထို့သို့ဖြင့် လီလီမှာ တုံ့ဆိုင်းခြင်းမရှိစွာ ငွေ၏ ဆွဲဆောင်ခြင်း ခံလိုက်ရတော့သည်။
ထို့ကြောင့်ပင် ဒါကို သူစီစဥ်ခဲ့တာ ဖြစ်သည်။
ယန့်ကျိက အလွန်မူးနေရာ သူ့အတွက်တော့ လိင်ဆက်ဆံပစ်လိုက်ခြင်းဟူသည် သာမန်သာ။ တစ်ခါလေးပဲ အိပ်ရုံဖြင့် သူ ပိုက်ဆံအများကြီးရပြီဖြစ်သည်။ တစ်ဖက်လူက အနေခက်ပြီး သူ့အား နောက်ပိုင်း အဆက်အဆံမလုပ်လျှင်တောင် ကိစ္စမရှိ။အများဆုံးမှ အဆောင်ပြောင်းရုံသာပင်။
စိတ်ဆုံးဖြတ်ပြီးနောက် လီလီသည် ယန့်ကျိအား အဝတ်စချွတ်တော့သည်။
ရာသီဥတုက ပူလာပြီဖြစ်ရာ ယန့်ကျိက တီရှပ်ပါးပါးလေးသာ ဝတ်ထားသည်။ အင်္ကျီအောက်နားစကိုမ,လိုက်ချိန်၌ ကောင်းစွာတည်ဆောက်ထားသော ဗိုက်ကြွက်သားများကို မြင်လိုက်ရသည်။ သူတို့တက်နေသော စီးပွားရေးကျောင်းမှာ ယောက်ျားသားများပေမဲ့ ကြွက်သားရှစ်မြောင်းရှိကာ အရပ်ရှည်သော ယောက်ျားသားက ရှားပါးလှရာ မိန်းကလေးများက ယန့်ကျိ၏ ကြွက်သားရှစ်မြောင်းနှင့်ပင် အိပ်ရတာ တန်နေပြီဟု ခံစားမိကြလေသည်။
ထို့ပြင် လက်ဆောင်နှင့် ပိုးပန်းကြေးများစွာ ရရှိနိုင်သည်လေ။
လီလီ၌ ယောက်ျားတစ်ယောက်၏ ဗိုက်ကြွက်သားအကြောင်း သိပ်အတွေးမရှိ။ အတိတ်တုန်းကလည်း ဘယ်သူ့ကိုမှ သဘောကျခဲ့ခြင်းမရှိချေ။ သူ့ခေါင်းထဲမှာ ပိုက်ဆံသာ အပြည့်ရှိသည်။ခုလည်း ပိုက်ဆံကသာ လွှမ်းမိုးထားရာ အင်္ကျီဘယ်လိုချွတ်ရမလဲသာ အကြံထုတ်နေမိ၏။
ယန့်ကျိက အတော်လေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေမဲ့ လီလီသည် သိပ်မလှုပ်ရှားရဲချေ။ ထို့ကြောင့် အတော်ကြာသည်ထိ အင်္ကျီ မချွတ်နိုင်ဘဲ ရှိနေသည်။ နောက်တော့ ချစ်ရည်လူးသူတိုင်းက အင်္ကျီချွတ်ကြတာမှ မဟုတ်ဘဲဟု တွေးကာ ဤ အဆင့်ကို ကျော်လိုက်တော့သည်။
အဓိကအချက်က ဘောင်းဘီကို ချွတ်ပစ်ရန်သာပင်။
သူ့အတွက်တော့ ယောက်ျားတစ်ယောက်၏ ဘောင်းဘီကိုချွတ်ရတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေ။ သူ့အဖေက နှစ်ပေါင်းများစွာ လေဖြတ်နေရာ ဂရုစိုက်ပေးရမည့်လူ အမြဲလိုသည်။ လီလီအိမ်ပြန်တိုင်း သူ့အဖေကို တာဝန်ယူပေးရကာ သန့်ရှင်းရေးလုပ်ပေးရတာကြောင့် ဒါကိုတော့ အလွန်ကျွမ်းကျင်ပါ၏။ သို့ငြား သူ့အဖေက ပိန်ပိန်လေးဖြစ်ရာ အလွယ်လေး ဆွဲချွတ်၍ရသည်။ယန့်ကျိကမူ ကျွဲရိုင်းတစ်ကောင်လို သန်မာ၏။ လီလီမှာ ချွေးတွေချွဲအောင် ဆွဲပြီးမှ နောက်ဆုံး ချွတ်လိုက်နိုင်သည်။
ခုတော့ ဘောက်ဆာတစ်ထည်သာ ကျန်တော့သည်။
ထိုအခါမှ လီလီသည် ခွကြားကနေ ဖောင်းထနေသောအရာဟာ အတွင်းခံကတောင် တားမနိုင်ဆီးမရဖြစ်နေတာကို မြင်လိုက်ရသည်။ အလွန်ကြီးမားကာ မျက်လုံးနှင့် မမြင်ရသေးလျှင်တောင် သေးမနေတာကို မြင်နိုင်လေသည်။
တကယ်တော့ အဆောင်မှာ ယောက်ျားလေးချင်း ပစ္စည်းယှဥ်သည့် အလေ့အထရှိ၏။ လီလီကမူ မပါဝင်ခဲ့ရုံသာ။
အသက်တစ်ချက်ရှုလိုက်ရင်း လီလီသည် လက်ဆန့်၍ တစ်ဖက်လူ၏ အတွင်းခံကို ဆွဲချွတ်လိုက်သည်။ ခုချိန်မှာ အတော်လေး အာရုံစိုက်ထားဖို့သာ သူ့မှာအတွေးရှိသည်။ အတွင်းခံကိုချွတ်၊ ပြီးလျှင် မာလာအောင်လုပ်၍ ချစ်ရည်လူးရမည်။ ဒါသာ သူတွေးနေတာဖြစ်သည်။ တစ်ဖက်လူကို တစ်ခါလောက် သုက်လွှတ်ဖို့ လုပ်ရမည်ဖြစ်ရာ အပြင်ဘက်က လှုပ်ရှားမှုတွေကို သတိမထားလိုက်မိချေ။
နောက်ဆုံးတော့ တစ်ဖက်လူ၏ အတွင်းခံကိုချွတ်ကာ ထိဖို့လက်ဆန့်လိုက်ချိန်၌ အိပ်ခန်းတံခါးက ရုတ်တရက် ပွင့်လာလေသည်။
အိပ်ခန်းထဲက အလင်းရောင်က အတော်ထိန်လင်းနေကာ တံခါးပွင့်လာသည်နှင့် အဝတ်လဲခန်းနှင့် သန့်စင်ခန်းမှတပါး အားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ကုတင်ပေါ်က မြင်ကွင်းကတော့ ယန့်ဝမ်၏ မျက်လုံးထဲ ကျရောက်သွားမည်မှာ မုချပင် ဖြစ်လေသည်။
ယောက်ျားတစ်ယောက်က သူ့ညီဘေးမှာ ထိုင်နေလျက် သူ့ညီအောက်ပိုင်းကို ထိဖို့ဟန်ပြင်နေတာမြင်တော့ သူ့မျက်လုံးတွေက အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားလျက် လေသံက အေးစက်မာကျောသွားလေသည်။
“ မင်းဘာလုပ်နေတာလဲ”
ထိုခဏ၌ လီလီ၏ စိတ်ထဲက ကြိုးတစ်ချောင်းက ထောက်ခနဲ ပြတ်တောက်သွားရင်း သွားပြီဟူသော စကားလုံးသာ ပေါ်လာတော့သည်။ သူ လန့်ဖြန့်သွားကာ အတော်ကြာအောင် တောင့်ခဲသွားတော့သည်။
ယန့်ဝမ်က ဒေါသတကြီး မျက်နှာထားဖြင့် ထပ်မေးလာပြန်၏။
“မင်း ငါ့ညီကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ လုပ်နေတာလား”
လီလီ ယန့်ဝမ်ကို မြင်ဖူးလေသည်။
ယန့်ကျိက သူနှင့် ဆက်ဆံရေးကောင်းသည်။ လီလီကလည်း သူ့အပေါ် အတော်အနွံတာခံပြသည်။ သူဟာ အသားလည်းဖြူပြီး လှပသလို ပိန်သွယ်သေးသည်။ ယန့်ကျိနှင့်ယှဥ်လျှင် သူဟာ လူကောင်သေးပြီး ယင်းကပင် ကာကွယ်ပေးစေချင်စိတ်ပေါက်စေလေသည်။ ယန့်ကျိက သူ့မိသားစုအခြေအနေကို လည်း သိတာကြောင့် ဘယ်ပါတီကိုမဆို ခေါ်သွားပေးကာ စားကောင်းသောက်ဖွယ်များ စားစေ၍ သူ့အိမ်ကိုပါ ဖိတ်တတ်သေးသည်။ ယန့်ဝမ်ကို ယန့်ကျိအိမ်မှာပင် လီလီ မြင်ဖူးခဲ့တာ ဖြစ်၏။
သို့ငြား ထိုအချိန်တုန်းက လူအုပ်လိုက်ကြီးဖြစ်ကာ လီလီဟာ အတန်းဖော်များနှင့်အတူ မတ်တပ်ရပ်လျက် ယန့်ဝမ်အား “ကော” ဟု ယဥ်ကျေးစွာ နှုတ်ဆက်၍ တစ်ဖက်လူကလည်း ဝတ်ကြေတမ်းကြေ ခေါင်းညိတ်အသိမှတ်ပြုရုံသာ ဖြစ်သည်။
သူတို့သိတာဆို၍ ယန့်ဝမ်ဟာ သူကိုင်တွယ်သမျှ အမှုအားလုံးမှာ အရှုံးမရှိသလောက်နီးပါးရှိသော နာမည်ကြီးရှေ့နေတစ်ယောက် ဆိုတာသာပင်။ ထိုအသိုင်းအဝိုင်းမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်၏။ ယန့်ကျိက ပြောဖူးသည်။ “ငါ့အစ်ကိုကို ရန်သွားမစမိစေနဲ့။ သက်သေထဲကနေ ဟာကွက်အားလုံး အလွယ်လေးရှာပြီး ထောင်ထဲပို့ပစ်လိမ့်မယ်” ဟူ၍။
ကောလိပ်ကျောင်းသားတစ်ယောက်အနေဖြင့် လီလီသည် ထောင်ထဲရောက်သွားမည့် အကျိုးဆက်များ တွေးမိချိန်၌ ကျောရိုးထဲကပင် စိမ့်တက်လာတော့သည်။
ထို့ကြောင့်ပင် သူ ချက်ချင်း ကုတင်ပေါ်က လှိမ့်ဆင်းကာ ယိုင်တိုင်ယိုင်တိုင်ဖြစ်သွားပြီးမှ မတ်တပ်ရပ်၍ ဖြူလျော်သော မျက်နှာနှင့်အတူ ရှင်းပြလိုက်သည်။
“ကျွန်…ကျွန်တော် သူ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်…”
ယန့်ဝမ်က သူ့အား အေးစက်စွာကြည့်လျက် ခပ်တင်းတင်းလေသံဖြင့်မေးလာသည်။
“ဒါဆို မင်းက ဘာလုပ်နေတာလဲ”
လီလီခေါင်းက ရှုပ်ထွေးနေကာ သင့်တော်သည့်ဆင်ခြေကို ခဏလေးအတွင်း ရှာမရချေ။ သူလိမ်လိုက်၏။
“သူ..သူချွေးတွေ အများကြီး ထွက်နေတော့ အင်္ကျီ..ကူ..ကူချွတ်ပေးတာပါ”
ယန့်ဝမ်က ထိုစကားကို မယုံတာ ထင်ရှားလှသည်။
“အတွင်းခံပါ ချွတ်ဖို့ လိုတယ်ပေါ့”
လီလီ၏ အသည်းရော သည်းခြေအိတ်ပါ တုန်ယင်လာ၏။
“အတွင်းခံပါ စိုနေလို့ပါ….”
ထိုဆင်ခြေက အတော်ဆိုးရွားလွန်းသော်ငြား လီလီသည် ယန့်ဝမ်ကဲ့သို့ လူက သူ့ညီချွတ်ထားသော အတွင်းခံကိုတော့ သွားကြည့်မှာမဟုတ်မှန်း လောင်းရဲသည်။ ဘယ်လိုကြည့်ကြည့် ထိုလူ့ပုံစံက အသန့်ကြိုက်တတ်သူနှင့် တူလေသည်။
သို့ငြား သူထင်မထားမိသည်ကတော့ ထိုလူဟာ တကယ်ကြီးသွားထိကာ မျက်ဝန်းတွေက ပိုလို့ပင် စူးရှသွားမည် ဆိုတာပင်။
“နှာဘူးကောင်!”
လီလီ စိတ်ထဲကနေ ဆဲရေးလိုက်မိသည်။သက်သေကြောင့် အလိမ်လည်း ပေါ်သွားပြီဖြစ်ရာ သူ့မျက်နှာက နီရဲလာ၍ နဖူးမှာ ချွေးတွေစို့လာတော့သည်။
ယန့်ဝမ်က အေးစက်စွာ ပြောလာသည်။
“ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် ထောင်ဒဏ်ဘယ်နှစ်နှစ်လဲ မင်းသိလား”
လီလီ အနည်းငယ်မူးဝေသွားရင်း အမြန်ရှင်းပြလိုက်သည်။
“ကျွန်တော် သူ့ကို အဲ့လိုမလုပ်ပါဘူး!”
“မင်းလက်က သူ့အောက်ပိုင်းကိုထိနေတာ ငါမြင်တယ်”
ယန့်ဝမ်သည်လည်း အလွန်အရပ်ရှည်သည်။ သူ့ညီထက်တော့ အနည်းငယ်ပုပေမဲ့ အော်ရာကတော့ ယန့်ကျိထက် အဆပေါင်းများစွာ ပြင်းထန်သည်။ လီလီ သူ့အကြည့်တွေကို မခံနိုင်တော့ဘဲ ပြိုလဲတော့မလို အမူအရာဖြင့် ပြစ်မှုကို ဝန်ခံရတော့သည်။
“ကျွန်…ကျွန်တော် သူနဲ့ လုပ်ချင်ရုံလေးပါ”
ယန့်ဝမ်အသံက ပိုပြီးတော့တောင် အေးစက်သွား၏။
“မုဒိန်းမှုက ပိုပြင်းထန်တယ်ကွ!”
လီလီသည် သူ့စကားလုံးတွေက ဒွိဟဖြစ်သွားစေတာကို သတိရသွားကာ အမြန်ရှင်းပြလိုက်သည်။
“ကျွန်တော်က သူ့ကိုလုပ်မှာမဟုတ်ဘူး….သူ့…သူ့ကို လုပ်ခိုင်းမှာပါ”
သူတို့ ဒီလို အချေအတင်ဖြစ်နေသော်ငြား ယန့်ကျိကမူ နိုးမလာချေ။ အနည်းငယ်အေးသောကြောင့်သာ လူးလွန့်သွားသည်။ ယန့်ဝမ်က သတိထားမိသွားတော့ စောင်ကိုမ,ကာ သူ့ညီ၏ ပေါ်နေသော အစိတ်အပိုင်းအကုန်လုံးကို လွှားပေးလျက် သရော်လာသည်။
“သူ ဒီလိုအခြေအနေမှာ မင်းကို ဘယ်လိုလုပ် လုပ်နိုင်ဦးမှာလဲ”
လီလီမှာ ငိုချင်လာ၏။
"ကျွန်တော် သူနဲ့ အိပ်ချင်တာပါ။ ပိုက်ဆံနည်းနည်းလောက် လိုချင်လို့ပါ။ အားကျိက လူတွေအပေါ် အမြဲတမ်း ရက်ရက်ရောရော ရှိတယ်လေ။ ကျွန်တော်တို့တွေသာ မူးပြီး အိပ်ဖြစ်သွားခဲ့တာဆိုရင် သူ အပြစ်ရှိသလို ခံစားရလိမ့်မယ်။ အဲ့လိုဆိုရင် လျော်ကြေးအနေနဲ့ သူ ကျွန်တော့်ကို ပိုက်ဆံပေးလာမှာပဲလေ။ တောင်းပန်ပါတယ် ကျွန်တော် ပိုက်ဆံပဲလိုချင်တာပါ။ ကျွန်…ကျွန်တော် သူ့ကိုမုဒိမ်းကျင့်လို့မရဘူး။ ကျွန်တော် မလုပ်နိုင်ဘူး”
ယန့်ဝမ်၏မျက်နှာကမူ "မင်းပြောတဲ့စကား မယုံဘူး" ဟူ၍ ဖော်ပြထားသည့်နှယ်။
“မင်းကယောက်ျားပဲ။ဘာလို့ မလုပ်နိုင်ရမှာလဲ”
အရပ်တော့ ပုပေမဲ့ပေါ့လေ။
လီလီက စိတ်ထိခိုက်စွာ ဖြေရပြန်သည်။
“ကျွန်တော် တကယ်မလုပ်နိုင်ဘူး။ ကျွန်တော်က ဒွိလင်….ကျွန်…ကျွန်တော် မာမလာနိုင်ဘူး”
သူ့နာမည်ကိုရှင်းဖို့အတွက် လီလီဟာ သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ကို မတတ်သာစွာ ဖော်ထုတ်လိုက်ရလေတော့သည်။