no

Font
Theme

Chapter 9 - အလိမ်ဖော်ခြင်း

အသားမည်းတဲ့ လူက အံကြိတ်လိုက်ပြီးတော့ ဟွာတျန်ရဲ့ အပြစ်ကင်း ပြီး နေမထိ လေမထိ နေလာခဲ့တဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။ ထို့နောက် သူမ ပိုက်ဆံတွေ ဟိုက ဒီက ယူနေတာကို ကြည့်လိုက်ပြီး စပြီး တွေးတော့တယ်။

သူ့ရဲ့ သေးငယ်တဲ့ လုပ်ငန်းလေးက တစ်နေ့မှ အရှုံး အနိုင်တွေ အားလုံးပေါင်းပြီးတာတောင်မှ ယွမ် ၁၀၀၀ လောက်သာ ကျန်၏။ တကယ်လို့ သူသာ ဒီ မိန်းကလေးဆီက ပိုက်ဆံတွေ အကုန်လုံး ရပါက သူ ၂ ရက်လောက် အနားယူလို့ ရပေလိမ့်မည်။

အဲ့တာထက်ကို သူမဟာ လောကကြီး အကြောင်း ဘာမှ မသိသေးပုံပင်။ သူမ ပိုက်ဆံမရပဲ သူမ ပိုက်ဆံသာ ကုန်သွားပေလိမ့်မည်။

ဒီလို တွေးပြီးနောက် အသားမည်းမည်းနဲ့ လူက ပြောလိုက်သည်။

"ငါက ဘာလို့ မဖွင့်ရဲရမှာလည်း ဒါပေမယ့် ကလေးမလေး မင်းလောင်းပြီးရင် နောင်တ မရရဘူးနော်"

တင်းချန်က ဟွာတျန်လက်ထဲက ပိုက်ဆံတွေကို ပြန်လုယူချင်နေသည်။

"တျန်တျန် ပိုက်ဆံတွေ ပြန်ပေး ဒီပိုက်ဆံတွေ အကုန် ရှုံးသွားရင် မင်းအမေက ငါ့ကို သေတဲ့အထိ ရိုက်လိမ့်မယ်"

ဟွာတျန် က တင်းချန် လက်တွေကို တွန်းဖယ်လိုက်ပြီးတော့ ပိုက်ဆံတွေကို အသားမည်းတဲ့ လူလက်ထဲ ထည့်လိုက်တယ်။သူမက တင်းချန်နဲ့ ငြင်းခုန်လိုက်သေးသည်။

"ငါတို့ ရှုံးသွားရင်တောင် ဒါက သမီး အမှားလေ ဘာလို့ အမေက ဦးလေးကို ရိုက်ရမှာလည်း"

တားမရတာကို မြင်လိုက်ရတော့ တင်းချန်က ညည်းတွားလိုက်သည်။

"မင်းအမေက မင်းကို ဘယ်လိုလုပ်ရိုက်မှာလည်း မင်းကို သောက်တလွဲတွေ သင်ပေးတဲ့ ငါ့ကိုပဲ ရိုက်မှာ သေချာတယ်။"

အသားမည်းတဲ့ လူက ပြုံးလိုက်ပြီး "မင်းတို့ နှစ်ယောက် ဒီလိုပဲ ပြောနေကြတော့မှာလား မင်းတို့လည်း နိုင်ရင်နိုင်မှာပေါ့"

အဲ့လိုပြောလိုက်ပြီး သူက ပန်းကန်လုံးကို ဖွင့်ပြီး ဖရဲသီးစေ့တွေကို စပြီးရေတွက်တော့သည်။ "One, two, three,..." အာ သနားဖို့ကောင်းလိုက်တာ မိန်းကလေး မင်းမှားသွားပြီ။ ဒီမှာ ဖရဲသီးစေ့ ၈ စေ့ပဲ ရှိတယ်။

တင်းချန် အရှိုက်ထိသွားလေသည်။ "သွားပြီ သွားပြီ ငါတော့ သေချာပေါက် ရိုက်ခံရတော့မှာပဲ"

ဒါပေမယ့်လည်း ဟွာတျန်က ပြုံးလိုက်သည်။

"ဦးလေး ရှင်က သေချာမရေဘူးနဲ့ တူတယ်"

သူမက ထိုလူ၏ လက်ကောက်ဝတ်ကို ကိုင်ပြီး ပန်းကန်လုံးကို ကျွမ်းကျင်စွာလုယူလိုက်တယ်။ ပြီးတော့ သူမ က လူတိုင်း မြင်သွားအောင် ပန်းကန်လုံးကို မှောက်ချလိုက်သည်။ ထို့နောက် သူမ ဖရဲသီးတွေကို တစ်စေ့ချင်း ရေတွက်လိုက်သည်။

"ကြည့် ဒီမှာ ငါးစေ့ ပိုနေတာတွေ့လား ငါးနဲ့ ရှစ်နဲ့ ပေါင်းတော့ ဆယ့်သုံး ကျွန်မ နိုင်တယ်"

သူမက ထိုလူကြီးကို လက်ညှိုးထိုးပြီး "ဦးလေး ရှင်က အလောင်းအစားလုပ်နေမှတော့ ရှုံးရှုံးနိုင်နိုင် လက်ခံနိုင်ရမှာပေါ့"

သူမ အဲ့လိုပြောလိုက်ပြီးနောက် ဝိုင်းအုံနေတဲ့ လူတွေရဲ့ မျက်နှာတွေက ပိုပြီး ခက်ထန်လာကြသည်။ စောစောက အများကြီး ရှုံးထားတဲ့ သူတွေက ပိုပြီး ဒေါသထွက်ကြလေသည်။

"ဪ ဒီလိုကိုး ဒါကြောင့် ခုနက ငါမှန်ပါတယ်လို့ သေချာမြင်လိုက်ပေမယ့် ငါပိုက်ဆံတွေ ဆက်ရှုံးနေတုန်းပဲ လက်စသတ်တော့ မင်းလှည့်စားနေတာကိုး"

လူတိုင်းက သူ့ကို ဝိုင်းရိုက်ကြတော့မယ်ဆိုတော့ သူထွက်ပြေးချင်သွားတယ် ဒါပေမယ့် သူ ဟွာတျန်ရဲ့ လက်ကနေ လွတ်အောင် မရုန်းနိုင်ဘူးဆိုတာ သိလိုက်ရတယ်။

နဖူးကနေ ချွေးစေးတွေထွက်လာပြီးတော့

"ငါ့ကို လွတ်ပေးပါ"

ဟွာတျန်က တင်းချန်ကိုကြည့်ပြီးတော့

"ဦးလေး ပိုက်ဆံတွေကို ရေပြီးတော့ ယူလိုက်တော့ သမီးတို့ အိမ်ပြန်ကြရအောင်"

တင်းချန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။ "တျန်တျန် မင်းက အရမ်းတော်တာပဲ ငါ့တူမလို့ ကို မပြောရဘူး"

သူက ပိုက်ဆံတွေကို မြန်မြန် ရေတွက်လိုက်ပြီးတော့ ယွမ် 3500 ကို သူ့အိတ်ကပ်ထဲ ထည့်လိုက် ပြီး ကျန်တဲ့ပိုက်ဆံတွေကို မြေကြီးပေါ်ကို ကျဲချလိုက်လေသည်။ ထို့နောက် လူတွေကိုအော်ပြောလိုက်သည်။

"ညီအစ်ကိုတို့ လိမ်ခံရတဲ့ ပိုက်ဆံတွေ ပြန်ယူကြ နောက်ကျရင် ဒီလို ဖရဲသီးစေ့နဲ့ လုပ်တဲ့ လောင်းကစားတွေဆို ပိုသတိထားပြီး လုပ်ကြ" ဟုပြောလိုက်လေသည်။

တင်းချန် က ဟွာတျန်နဲ့ ခပ်ဝေးဝေးကို ထွက်သွားကြသော်လည်း သူတို့က အသားမည်းတဲ့လူရဲ့ ငိုကြွေးသံကို ကြားနေကြရဆဲပင်ဖြစ်သည်။

"ဟဟ သူတို့ က ရိုက်တဲ့ နေရာတော့ တော်တယ်"

တင်းချန်က ပိုက်ဆံကို အိတ်ကပ်ထဲက ထုတ်ပြီး ခါယမ်းလိုက်တယ်။ ထို့နောက် ဟွာတျန်ကို လေးစားတဲ့ အကြည့်နှင့် ကြည့်လိုက်ပြီး "ဟွာတျန် မင်း သူ့လှည့်ကွက်ကို ဘယ်လို မြင်တာလဲ"

ဟွာတျန်က ပြောလိုက်သည်။ "သူ့ပန်းကန်လုံးအောက်ခြေမှာ သံလိုက်ပါတယ်။ တစ်ချို့ ဖရဲသီးစေ့တွေမှာ သတ္တု အမှုန့်တွေ ကပ်ထားပြီးတော့ လှည့်စားနေတာပဲ"

တင်းချန် အမူအရာကပိုလေးနက်သွားလေသည်။ "ဟမ် ဒီကောင်တွေ ငါ့ကို တစ်ပတ်ရိုက်သွားတာပဲ အဲ့လိုမဟုတ်ရင်တောင် ငါက မင်းကို ကာကွယ်ပေးရမှာ အခုတော့ ငါက သူတို့ လှည့်စားတာ ခံလိုက်ရတယ်။"

ဟွာတျန်က သူမ ဦးလေးကို မျက်စောင်းထိုးကြည့်လိုက်ပြီး "ဘယ်သူက ပိုတော်တယ်လို့ မပြောလိုပါဘူး ဒါပေမယ့် ဒီနေရာမှာ သမီးမရှိရင် ဦးလေး အလိမ်ခံရမှာပဲ"

တင်းချန်ရဲ့ မှုန်ကုတ်နေတဲ့ အမူအရာကိုကြည့်ပြီး ဟွာတျန်က အားမနာတမ်းပြောချလိုက်လေသည်။ သူတို့က တစ်ယောက်ထဲတော့ မဟုတ်လောက်ဘူး သူ့ဘေးမှာ နောက်ထပ် ၂ ယောက် ၃ ယောက်လောက်တော့ ရှိဦးမယ် ဦးလေး သူတို့ကို သတိထားမိလား

"အား.." တင်းချန်က စကားလမ်းကြောင်းလွှဲလိုက်လေသည်။

"ဒီအကြောင်းထပ်မပြောကြနဲ့တော့ ဦးလေးတို့ ပွလာတယ် အဲ့တော့ ညစာကို ဘာဘီကြူး လုပ်စားရအောင်"

ဒါပေမယ့်လည်း ဟွာတျန်က တင်းချန် လက်ထဲက ပိုက်ဆံတွေကို အကုန်ယူလိုက်ပြီး တင်းချန် လက်ထဲမှာ ယွမ် ၅၀၀ သာကျန်ခဲ့လေသည်။

"ဦးလေး ရင်းနှီးငွေက သမီးအမေဆီက ရတာ ဒီနိုင်တဲ့ ငွေကကျ သမီးဟာ သမီးဦးလေးကို လက်ဖက်ရည်ဖိုးအနေနဲ့ ယွမ် ၅၀၀ ပဲ ပေးနိုင်မယ်။"

တင်းချန် သူ့လက်ထဲက ယွမ် ၅၀၀ ကိုကြည့်ပြီး ငိုချင်စိတ် ပေါက်လာလေသည်။ "ဟေ့ ဘာပဲဖြစ်ဖြစ် ငါက မင်းဦးလေးပဲ လေကွာ ငါ့ကို နည်းနည်းတော့ပိုပေးပါဦး"

"သမီး ဒီ ယွမ် ၅၀၀ ပေးတယ် ဆိုတာက ဦးလေးက သမီးကို ဘာဘီကျူး ဝယ်ကျွေးမယ်လို့ ပြောလို့ပဲ"

ဟွာတျန်က ငြင်းပယ်လိုက်ပြီးနောက် "ထပ်မပြောပါနဲ့ ဦးလေး သမီး ကွန်ပျူတာဝယ်ဖို့ စုမလို့ ထပ်ပြီး အကုန်မခံနိုင်တော့ဘူး"

"ငါက ဒီည ဘာဘီကျူးကို လည်း ထပ်ကျွေးရဦးမှာလား သိပ်သနားစရာကောင်းတဲ့ ငါလေး..."

"တင်းချန်က သူ သိပ်သနားစရာကောင်းတယ် "လို့ ညည်းတွားနေပေမယ့် အော်ဒါမှာတဲ့အခါမှာတော့ တွန့်ဆုတ်မနေခဲ့ပါဘူး

သူက ဟွာတျန် စိတ်ဝင်စားတဲ့ အရာမှန်သမျှကို မှာပေးခဲ့တယ်။

သူတို့ မှာတာ နည်းနည်းများသွားတော့ သူတို့က လမ်းဘေးမှာ ခဏရပ်စောင့်နေကြရတယ်။ တအောင့်ကြာတော့ သူတို့ ဆူဆူညံညံတွေ ကြားလိုက်ရတယ်။

"အဲ့မှာပဲ သူတို့ နှစ်ယောက်က ငါလိမ်နေတာကို ဖော်ခဲ့ကြတာ လာကြဟေ့ ဒင်းတို့တော့ သေပြီသာမှတ်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment