no

Font
Theme

Chapter 7 - မတူညီတဲ့ မိသားစုနှစ်ခု

ဟွာယုသည် သူမ ဖုန်းချခံလိုက်ရသောကြောင့် ဒေါသထွက်ပြီး မျက်နှာ မဲ့ရွဲ့သွားလေသည်။ သူမ ဖုန်းကို အိပ်ယာပေါ် ပစ်တင်လိုက်ပြီး ကျိန်ဆဲလေတော့သည်။

"ဒီမိသားစုက အသုံးမကျတဲ့လူတွေချည်းပဲ ဒါကြောင့်လည်း ဒီလို ဆင်းရဲတဲ့ ဘဝကနေ မတက်တာ"

ဟွာမိသားစုက သူတို့ရဲ့ သမီးအရင်းဖြစ်တဲ့ ဟွာယုနဲ့ ပက်သက်ပြီး စိတ်ကောင်းဝင်နေတာကြောင့် သူတို့က ပိုပြီး သည်းခံနေကြ၏။

ပွဲကျင်းပပြီး နောက်နေ့ မနက်မှာတော့ လူတိုင်းရဲ့ ရှေ့မှာမစ်စတာဟွာက ဟွာယုကို ချီးကျူးလေသည်။

"ဟွာယု သမီး မနေ့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဟိန်း ကော်ပိုရေးရှင်းက ဟီယု က စျေးဝယ် စင်တာဆောက်မယ့် ပရောဂျက် အဆိုပြုချက်ကို အရမ်းစိတ်ဝင်စားနေတယ်။ သူကလည်း ရုပ်ရည်ချောမောပြီး သင့်တော်တဲ့ လူတော် တစ်ယောက်ပဲ။ သမီးသူနဲ့ ပိုဆက်ဆံသင့်တယ်။"

ဟွာယုက "အဖေ ဘာလို့ ဒီလိုတွေပြောနေတာလဲ" လို့ ပြန်ပြောလိုက်လေသည်။

သူမရဲ့ ရှက်သွားတဲ့ အမူအရာကို မစ်စတာဟွာရော မစ်စ်ဟွာရော က ရယ်လိုက်ကြ၏။ သူတို့ ရဲ့ သမီးအရင်းက ပိုပြီး ဆင်ခြင်တုံတရားရှိတယ်လို့ ခံစားလိုက်ကြရလေသည်။

သူတို့က သူတို့ကိုယ်သူတို့ သွေးချင်းနီးတဲ့ ကလေးဟာ တကယ့်ကို ကံကောင်းမှုတွေ ယူဆောင်လာလိမ့်မယ်လို့ သူတို့က ထင်နေကြလေသည်။ ဟွာယုကပြန်လာရုံတင်ရှိသေးတယ် သူမက ဟွာကော်ပိုရေးရှင်းနဲ့ ဟိန်းကော်ပိုရေးရှင်းကို ညှိနှိုင်းပေးနိုင်ခဲ့လေသည်။ ဒါက နှုတ် အားဖြင့် သဘောတူညီမှုသာ ဖြစ်သောလည်း ထိုပရောဂျက်ကြောင့် ဟွာမိသားစုက အနာဂါတ်မှာ ယွမ် ၂ သန်းလောက်ထိ အမြတ်အစွန်းရနိုင်ပေသည်။

ဟွာယုမှာ သူ့မ အရင် အခြေအနေတုန်းက မှတ်ဉာဏ်တွေ မှတ်မိနေသေးပြီး ဟွာမိသားစုရဲ့ အနာဂါတ်က သူမလက်ထဲမှာ ရှိတာကို သူမ သိလေသည်။ သူမက သူမ အရင်ဘဝကို ပြန်တွေးပြီး ဟွာတျန်သာ ဟွာမိသားစုကနေ ထွက်မသွားဘူးဆိုလျင် သူမ အဖိုးနဲ့ စီမိသားစု သဘောတူခဲ့တဲ့ အိမ်ထောင်ရေး ပေါင်းစည်းဖို့က ရှိနေဦးမှာ စီဟွမ်ကလည်း အခု စျေးဝယ်စင်တာ ဆောက်မယ့် ပရောဂျက်မှာ ပါလာလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဖက်မိသားစုက အဆင်မပြေခဲ့ကြပါဘူး။ ဟွာမိသားစုက သူ့ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူအပေါ် ခဏခဏ ကျိန်ဆဲနေကြလေသည်။

သူမ ဘဝပြောင်းလဲသွားပြီးနောက် ဟွာယုက ဟွာတျန်တို့ကို ဖိနှိပ်ချင်ယုံ သာမက သူမ က သူမ ကိုယ်ပိုင် လုပ်ငန်းကိုပါ ချဲ့ထွင်ချင်နေသေးလေသည်။ ပထမဆုံးအဆင့်ကတော့ ဟွာမိသားစုနဲ့ စီမိသားစုတို့ရဲ့ အဖွဲ့အစည်းတွေကို သွေးထိုးပေးဖို့ပင်ဖြစ်သည်။ ပြီးလျှင် ဟွာမိသားစုအတွက် ပိုသင့်တော်တဲ့ မိသားစုကို ရှာဖွေဖို့ပင်ဖြစ်သည်။ ဟိန်းကော်ပိုရေးရှင်း ဖြစ်လေသည်။

မနက်စာ စားပြီးနောက် မစ်စတာဟွာက အလုပ်ကို သွားလေ၏။ မစ်စ် ဟွာက ဟွာယုကို ခေါ်ပြီး ကျင့်ဝတ်တွေကိုပို့ချသင်ကြားပေး၏။

"ယုယု ဟွာတျန်တို့ မိသားစုက လူတွေအကြောင့် အမေကို ပိုပြောပြပါဦး။အမေ သမီးနေခဲ့တဲ့ ဘဝကို ပိုသိချင်သေးတယ်"

"အမေ ဘာလို့ ဒါတွေမေးနေသေးတာလဲ ဟွာယု အတိတ်အကြောင်းတွေ မပြောချင်တော့ဘူး"

"သူတို့က ဆင်ခြေဖုံးရပ်ကွက်လေးမှာနေပြီး အောက်ဆုံး အခြေခံလူတန်းစားတွေပဲ။ ဟွာတျန် အမေက စက်ချူပ်ပြီးတော့ သူ့ဦးလေးကတော့ ဘာအလုပ်မှ မလုပ်ဘဲ အချိန်ဖြုန်းနေတဲ့သူလေ"

"အဲ့တာဆို သူတို့ ရဲ့ စရိုက်တွေကရော" မစ်စ် ဟွာက မေးလိုက်လေသည်။

"သူတို့က အမေတို့ ကို အနာဂါတ်မှာ လာနှောင့်ယှက်လိမ့်မယ်လို့ သမီးထင်သလား"

ဟွာယုက ချက်ချင်းပြန်ပြောလိုက်လေသည်။

သူတို့က မာနကို ရှေ့တန်းတင်ထားတဲ့ အရူးတွေပဲ။ သူမရဲ့ ဂုဏ်သိက္ခာအတွက်နဲ့ သူမက သူမကို ကမ်းလှမ်းလာတဲ့ ယောက်ျားတွေ အကုန်လုံးကို ငြင်းပယ်ခဲ့တယ်။ ဒါကြောင့် ပြောရရင် သူတို့က သမီးကို လာရှာမှာ မဟုတ်ဘူး

မစ်စ်ဟွာက ပြုံးလိုက်ပြီး ဆက်ပြောလေသည်။

"ယုယု မင်းက အရမ်းငယ်သေးတယ်။ တစ်ချို့ လူတွေက သူတို့ မာနကို မပယ်ချနိုင်ကြဘူး ဘာလို့လည်းဆိုတော့ သူတို့ မျှော်မှန်းထားသလောက်ဖြစ်မလာသေးလို့ပဲ။ ဘာပဲဖြစ်ဖြစ် ပါ သမီး ရဲ့ အခု ရောက်နေတဲ့ ဘဝကို သမီးသိမယ်ထင်ပါတယ်။ သူတို့နဲ့ ထပ်ပြီး မပက်သက်တော့နဲ့"

ဟွာယု ချက်ချင်းခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်လေသည်။ "ဟုတ်ကဲ့ မေမေ"

"လိမ္မာတယ် ယုယုက ချစ်စရာလေးပဲ" မစ်စ် ဟွာက သူမရဲ့ သဘောကောင်းပြီး နူးညံတဲ့ အသွင်ကို ထိန်းသိမ်းထားလေသည်။

"ဒါဆို အခုက စပြီး ယုယု မနေ့ညကလို တစ်ခြား မိန်းမကို အမေလို့ မခေါ်နဲ့တော့နော်။ အဲ့လို မဟုတ်ရင် အမေ စိတ်ဆိုးမိလိမ့်မယ်"

"ဟွာယု မျက်နှာပေါ် ရှိ အပြုံးက အေးစက်သွားပြီး မျက်နှာပျက်သွားလေသည်။"

သူမက တင်းရုံကို သူမ အခန်းထဲမှာပဲ အမေလို့ ခေါ်ခဲ့တာပါ။ မစ်စ် ဟွာက ဘယ်လို သိသွားတာပါလိမ့်

"ဦးလေး က ဟွာမိသားစုက ဘယ်လောက် ရူးနေလည်းဆိုတာ မသိလို့ပါ။ သူတို့က ကိစ္စ ကြီးငယ်တွေကို အရမ်းထိန်းချုပ်ချင်ကြတယ်။"

ဟွာတျန်က သူမ ဦးလေ ဝယ်ကျွေးထားတဲ့ ပေါင်မုန့်ကို ကိုက်ရင်း ညည်းတွားလိုက်သည်။ "သူတို့ သမီးကို လက်မလျော့ခင်တုန်းကဆို နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေချည်းပဲ သမီး တစ်ခုခု အမှားလုပ်မိပြီဆိုတာနဲ့ သူတို့ သမီးကို သင်ခန်းစာ ကောင်းကောင်းပေးကြတယ်။ သူတို့ ဟွာယုကိုလည်း ဒီပုံစံအတိုင်းပဲ ဆက်လုပ်လိမ့်မယ်ထင်တယ်။"

တင်းချန်က သူ့ပါးစပ်မှာ သွားကြားထိုးတံ ထိုးထားရင်း ထိုင်ချလိုက်လေသည်။

"ဟွာယုက အဲ့တာနဲ့ပဲ တန်တယ်။ သူမက ချမ်းသာတဲ့ မိဘတွေကို တော်တော်လိုချင်နေခဲ့တာလေ အခု သူမ လိုချင်တဲ့ဘဝကို ရနေပြီပဲ"

ဟွာတျန်က ချက်ချင်းကောက်မေးလိုက်လေသည်။ "ဦးလေးက ဟွာယုကို ဘာလို့ အရမ်းမုန်းနေတာလည်းဟင် ဦးလေးကို စော်ကားဖူးလို့လား"

တင်းချန်က တံတွေးထွေးလိုက်ပြီး ဟွာတျန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးတော့

"သမီး သိချင်ရင် ပြောပြပေးလို့ရပါတယ် ဒါပေမယ့် သမီးလည်း ဟွာယုလိုတော့ ပြန်အပြစ်မတင်လိုက်ပါနဲ့"

ဟွာတျန် ပြောစရာစကားမဲ့သွားလေသည်။

"ဘာလို့ သမီးက ဟွာယုနဲ့ တူတဲ့သူဖြစ်ရမှာလည်း"

"ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။" တင်းချန်က အပ်ချုပ်ဆိုင်ထဲမှာ အလုပ်ရှုပ်နေတဲ့ တင်းရုံကို လက်ညှိုးထိုးပြလိုက်သည်။

"သမီး အမေက အရမ်းလှတယ် အရင်တုန်းက လူအများကြီးက သူမမှာ ဟွာယုရှိနေတာတောင်မှ သူမနဲ့ လက်ထပ်ချင်ကြတယ်။ သူဌေးတွေ အများကြီးကလည်းသူတို့ ကတော်အနေနဲ့ သိမ်းပိုက်ချင်ကြတယ်။ ဟွာယုက သမီးအမေကို အမြဲတမ်း လူချမ်းသာတစ်ယောက်ရဲ့ ကတော်လုပ်လိုက်ဖို့ အမြဲ တိုက်တွန်းနေတယ်။ ဖွီ မင်းအမေသာ ငါ့ကို မတားရင် သူမကို မသေမရှင်ဖြစ်အောင်လုပ်ပစ်တယ်။"

ဟွာတျန် အပ်ချုပ်ပြီး အဝတ်အစားတွေ ပြင်နေတဲ့ တင်းရုံကို လှည့်ကြည့်လိုက်လေသည်။ သူမက တင်းရုံက တစ်ယောက်ယောက်ရဲ့ ကတော် မဖြစ်လာခြင်းနဲ့ ပက်သက်ပြီး ပြောနေကြတာတွေရဲ့ နောက်ကွယက အကြောင်းက ဒီလိုဖြစ်မယ်လို့ ထင်မထားမိပါ။

တင်းရုံက သူမရဲ့ အကြည့်ကို သတိထားမိသွားပြီး သူမကို ပြုံးပြလိုက်ပြီး ခေါင်းမေ့ာပြလိုက်လေသည်။

သူမက တင်းချန်ဆီကို လျှောက်လာပြီး ပိုက်ဆံ တစ်အုပ်ထုတ်ပေးလိုက်လေသည်။ "မောင်လေး ချန် တျန်တျန်ကို ခေါ်သွားပြီး ဖုန်းတစ်လုံးဝယ်ပေးလိုက်ပါ။ ပြီးတော့ အနီးနားက ပျော်စရာလေးတွေဆီကိုလည်းလိုက်ပို့ပေးလိုက်ပါ။ သူမ အိမ်မှာပျင်းနေလိမ့်မယ်"

တင်းချန် ပိုက်ဆံကိုယူလိုက်ပြီး အိတ်ကပ်ထဲထည့်လိုက်လေသည်။ ပြီးတော့ ဟွာတျန်ကို သူ့နောက်လိုက်ခဲ့ဖို့ ‌ခေါ်လိုက်ပြီး "သွားကြမယ် ဦးလေးတို့ ဒီနေ့ အရသာရှိတာလေးတွေ သွားစားကြမယ်" လို့ ပြောလိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment