Chapter4 - လမ်းကြုံကားလိုက်စီးခြင်း
ဒုတိယထပ်က VIP အခန်းခဲမှာတော့ အာဏာရှိ အမျိုးသားပုဂ္ဂိုလ်တွေ နဲ့ အခွင့်ထူးခံ မင်းသားလေးတွေ က ရှိုးပွဲကောင်းတစ်ခုလို ခံစားကြည့်ရှူနေကြသည်။
ကျောင်းဖန် က သူ့မျက်ခံကို ပင့်ပြပြီးပြောလိုက်သည်။
"မစ်စတာ ဟွာ ခင်များ မိသားစုကိစ္စက ဇာတ်လမ်းရိုက်ရင် တော်တော်ကောင်းမှာဗျ အဲ့တာက တကယ်စိတ်လှုပ်ရှားစရာကောင်းတယ် ဟုတ်တယ်မလား"
တကယ်တော့ သူခေါ်လိုက်တဲ့သူက ငယ်ရွယ်တဲ့ ဒါမှမဟုတ် လူငယ်လေးတစ်ယောက်ဆိုတာက လူကြီးလို့ခေါ်တာထက်ပိုသင့်တော်၏။ ဒါပေမယ့်လည်းသူ့ကို ဘယ်သူကမှ သူ့အသက်အရွယ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ကြပါ။
စီဟွမ် မျက်လုံးတွေက တည်ငြိမ်နေလေသည်။ "ပျင်းစရာကောင်းလိုက်တာ"
"ဝိုး ဒီလို စိတ်ဝင်စားစရာကောင်းတာကိုတောင် မင်းက ပျင်းနေတာလား"
ကျောင်းဖန် တောက် ခေါက်လိုက်ပြီး "ဪ ဟုတ်သားပဲ လူအိုကြီးဟွာ လက်ထက်တုန်းက သူက မင်းတို့ မိသားစုကိုတောင်ခေါ်ပြီး ဟို သမီးအတုနဲ့ စေ့စပ်ပေးထားတာပဲ။ အဲ့ဒီ မိန်းကလေးက မင်းသတို့သမီးလောင်းဖြစ်လာလုနီးပါးပဲ။ ဒါကိုတောင် မင်းကလုံးဝ စိတ်မဝင်စားဘူးလား"
မစ်စတာ ဟွာက ခပ်မြန်မြန်ဝင်ပြောလိုက်သည်။ "ကျွန်ုပ် အဖေက အဲ့တုန်းက သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေလိုပါ။ ဟွာထျန်က ဘယ်လိုလုပ် သခင်လေး စီနဲ့ လိုက်ဖက်မှာလည်း ဒါပေမယ့် ကျွန်တော့်ရဲ့ သမီးလေး ဟွာယုကတော့ အရမ်းကို ထူးချွန်ပါတယ်။ မင်းသား ဆန္ဒရှိမယ်ဆိုရင် ငါတို့ က စေ့စပ်ထားတာကို ပြောင်းလဲပေးလို့ရပါတယ်။"
စီဟွမ်တောင် မငြင်းရသေးခင် ဆိုဖာပေါ်ထိုင်နေတဲ့ အမျိုးသားက ပြုံးလိုက်ပြီး "လူအိုကြီးဟွာ စီ မိသားစုက အခြေအနေ မကောင်းနေဘူးမလား အဲ့တာကို ခင်ဗျားက အတင်းခြေထောက်လိုက်ဖက်နေမယ်လို့မထင်ထားဘူး။ ခင်ဗျားလိုအကဲခတ် ညံ့ဖျင်းပုံကြောင့် တစ်ခြားမိသားစုက ကလေးကိုတောင် ဆယ်နှစ်တိတိ ကျွေးမွေးခဲ့မိတာပေါ့။"
စီဟွမ် သူငယ်ချင်းတစ်ယောက်အနေနှင့် ကျောင်းဖန် က ထိုလူကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါ။
ဒါပေမယ့် စီဟွမ်ကတော့ ဒီလိုကိစ္စ မျိုးကို ဂရုမစိုက်ပါ။ သူထရပ်လိုက်ပြီး မစ်စတာ ဟွာကိုပြောလိုက်သည်။ "ပြန်စဉ်းစားကြည့်ရင် ဟွာဖိုးဖိုးနဲ့ ကျွန်တော့် အဖိုးတို့က အိမ်ထောင်ရေးပေါင်းစည်းဖို့ ရည်ရွယ်ချက်ရှိခဲ့ကြရုံတင်ပါ။ ကျွန်တော်တို့ မိသားစု နှစ်ခုက လက်ထပ်ဖို့ သဘောတူညီထားတာမျိုးမရှိဘူးလေ။ ဒါကြောင့် လက်ထပ်မယ့် လူပြောင်းလဲတာမျိုးလည်းရှိလာမှာမဟုတ်ပါဘူး မစ်စတာဟွာ ကျွန်တော့် မှာ ကိစ္စလေးရှိလို့ အရင်သွားနှင့်တော့မယ်"
ကျောင်းဖန်ကလည်း စီဟွမ်နဲ့ အတူ ဟွာမိသားစုအိမ်ထဲကနေလိုက်ထွက်လာသည်။ သူက စိတ်တိုတိုနဲ့ တောက်ခေါက်လိုက်ပြီး ပြောလိုက်သည်။ အဲ့ဒီ ဟွာမျိုးရိုးက မင်းကို သူ့သားမက် ဖြစ်စေချင်တာမဟုတ်ဘူး။ သူက မင်းနဲ့ စီးပွားရေး အရ ပူးပေါင်းပြီး သူတို့ အကျိုးအမြတ် ရဖို့ပဲ စိတ်ကူးနေတာ။ မင်း အဲ့ဒီ ဟွာမျိုးရိုးကို ဘာလို့ ကတိအရင်ပေးထားလိုက်ပါလား။ လက်ထပ်ဖို့ကိစ္စက နောက်မှ ပြောလို့ရတယ်လေ။ အခု အရေးအကြီးဆုံးက စျေးဝယ်စင်တာ ဆောက်တဲ့ ပရောဂျက်ကို ရဖို့ပဲကို"
"ဟွာမိသားစုရဲ့ လုပ်ပုံကိုင်ပုံတွေက အမြင်ကျဉ်းလွန်းတယ်"
စီဟွမ်က ပြောလိုက်သည်။
"ဟွာ အဖွဲ့အစည်းက လုပ်ငန်းသဘောအရ အကျိုးတူ ပူးပေါင်းဖို့ မသင့်တော်ဘူး ပြီးတော့ ငါတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဟိန်း အဖွဲ့အစည်းရောပဲ"
ကျောင်းဖန် ခေါင်းညိတ်လိုက်သည်။
"အဲ့တာတော့ အမှန်ပဲ။ ပရောဂျက်က ကောင်းနေရင်တောင် ငါဆိုလည်း ဟွာမိသားစုနဲ့ တွဲလုပ်မှာမဟုတ်ဘူး"
"ငါသူတို့နဲ့ မဆက်ဆံရတော့ ပိုပြီး ပေါ့ပေါ့ပါးပါးလည်း နေနိုင်တယ်လေ"
စီဟွမ် က သူ့ မိဘတွေ ကားတိုက်မှု ကြုံပြီးကတည်းက ကားဒရိုက်ဘာတွေကို အယုံအကြည် မရှိတော့ပါ။ ဒါကြောင့် ဒီပွဲကိုလည်း သူကိုယ်တိုင်ပဲ ကားမောင်းလာခဲ့ခြင်း ဖြစ်သည်။
ကျောင်းဖန် နှင့် ကားပါကင်မှာ လမ်းခွဲလိုက်ပြီးနောက် စီဟွမ်က အကောင်းစား ပြိုင်ကားနဲ့ ထွက်လာလေသည်။
ဟွာမိသားစုက သူတို့ အိမ်ကို ရှန်ဂျင်း ဆင်ဖြေဖုံးမှာရှိတဲ့ လှပတဲ့ တောင်ကုန်းလေးပေါ်မှာဆောက်ထားကြသည်။ ထို့ကြောင့် ထိုနားတစ်ဝိုက်တွင် လူနေကျဲပါးသည်။ စီဟွမ် သူ့ပြိုင်ကား မောင်းလာရင်း သိပ်မကြာခင်တွင် လမ်းမပေါ်မှာ လမ်းလျှောက်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ဟွာတျန်က တီရှပ်နှင့် ဂျင်းကိုဝတ်ထားပြီး သူမရဲ့ ခရမ်းရောင် မြင်းမြှီး ဆံပင်က သူမ ကျောပေါ်မှာ လှပစွာတည်ရှိနေသည်။ သူမသည် တစ်ခြား သော ဆယ်ကျော်သက်တွေလို ဂျစ်ကန်ကန် အမူအရာမျိုးမရှိပါ။
သူမက လမ်းပေါ်တွင်လမ်းလျှောက်နေရင်း တစ်ခါတစ်ရံ လမ်းဘေးမှာပေါက်နေတဲ့ တောရိုင်းပန်းလေးတွေကို ကိုင်ကြည့်နေသည်။ သူမသည် ရုတ်တရက် ချမ်းသာတဲ့ မိသားစုကနေ စွန့်ပစ်ခံလိုက်ရတာကို ထိတ်လန့် ကြောက်ရွံနေသည်နှင့် မတူဘဲ အေးအေးလူလူပင် ရှိနေလေသည်။
အဲ့ဒီ အချိန်မှာ ဟွာတျန်က နောက်ဆုံးပေါ် ကားအင်ဂျင်သံကိုကြားလိုက်ရသည်။ သူမ ကားရဲ့ လမ်းကျောင်းကိုကြည့်လိုက်ပြီး သူမ ပြိုင်ကားတစ်စီးကိုတွေ့လိုက်ရသောကြောင့် သူမ ဝမ်းသာသွားသည်။ သူမ ပြိုင်ကားကို လှမ်းတားလိုက်သည်။
စီဟွမ်က အကူအညီပေးတတ်တဲ့ သူတစ်ယောက်မဟုတ်ပါ။ ဒါပေမယ့် ရှင်းပြလို့မရတဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ကားကို ဟွာတျန်ဘေးမှာရပ်လိုက်ပြီး မေးလိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ"
ဟွာတျန်က စီဟွမ်ကို ပြုံးပြုံးကြီး ကြည့်လိုက်သည်။ သူမ မျက်နှာပေါ်မှာ ကာလာမျိုးစုံနှင့် ရီစရာကောင်းနေသည်ကိုတော့ သူမ မသိပေ။
"ရှင်က တောင်ခြေကို သွားမှာမလား ကျွန်မ ကားနဲ့ လမ်းကြုံလိုက်ခဲ့လို့ရမလားဟင်"
စီဟွမ်က သူမရဲ့ အရောင်စုံမျက်နှာနှင့် ထူးဆန်းသော ဝတ်စားဆင်ယင်မှုတို့ကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ရတယ်လေ။ ကားပေါ်တက်"
ဟွာတျန်က ကားပေါ် မြန်မြန်တက်လာခဲ့ပြီး
"ဝိုး ရှင်က ကျွန်မတွေ့ဘူးသမျှ လူတွေထဲမှာ အကူညီတတ်ဆုံးပဲ"
ဟွာထျန်က တစ်ဖက်လူ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာကို စိတ်ထဲ ရှိပုံမရပေ။ သူမ ကားပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ဘက်ကို စိတ်ဝင်တစားကြည့်ရှူနေလေသည်။
ခဏကြာတော့ သူမက တေးသံတစ်ချို့ သီဆိုလိုက်သည်။ အဲ့သီချင်းကို စီဟွမ် အရင်က မကြားဖူးပါ။ ဒီသံစဉ်က နည်းနည်း ထူးဆန်းပေမယ့် နားထောင်လို့ကောင်းနေလေသည်။
"မင်းဆိုနေတာ ဘာသီချင်းလဲ"
"ဪ ဒီသီချင်းလား ဒါက စက်ရုပ်လွတ်လပ်ရေး သီချင်းတစ်ပုဒ်ပါ။"
ဟွာတျန်သူမရဲ့ သိပ္ပံပညာရှင်ဘဝကို ပြန်သတိရသွားပြီး ပြောလိုက်သည်။
"ဒါက တားမြစ်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ကျွန်မ တစ်ခါပဲ နားထောင်ဖူးတယ်။"
စီဟွမ် ဒါကို ဘယ်တုန်းက မှ မကြားဖူးဘူးခဲ့ပါ။ သူမ ပေါက်ကရ လျှောက်ပြောနေတယ်လို့ပဲ ထင်လိုက်လေသည်။
သူသာ ဆက်မေးလျှင် စက်ရုပ်တွေရဲ့ လွတ်မြောက်ဖို့ ကြိုးပမ်းမှု ကြောင့် လူသားမျိုးနွယ်တောင် ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည့် ဇတ်လမ်းတစ်ပုဒ်ကို နားထောင်ရလိမ့်မည်။