no

Font
Theme

chapter6 - ကြမ်းတမ်းခက်ထန်တဲ့ ဦးလေး

ဟွာတျန်က သူမကို အမေလို့ အလွယ်တကူ ခေါ်လိမ့်မည်လို့ တင်းရုံ မျှော်လင့်မထားပါ။ ဒါကြောင့် သူမ မျက်နှာ ပေါ်ကနေ မျက်ရည်တွေ ချက်ချင်းကျလာ၏။ ဟွာတျန်က တင်းရုံ အနည်းငယ်အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ရှေ့ တစ်လှမ်းတိုးလိုက်ပေမယ့် သူမကို တင်းရုံက သူမရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"တျန်တျန် အမေက မင်းကို နိမ့်ကျစေမိပြီ။ အမေ မင်းလာခဲ့တဲ့ ဆီကလို ဘဝမျိုး မင်းကို မပေးနိုင်ဘူး။ သမီးဆီကနေ ဘာမှ မကြားရတာကြာတော့ အမေတို့ဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ထင်နေတာ"

"ဒါပေမယ့် အမေလည်း မနေ့ကမှ သမီးက သူတို့ သမီးအရင်း မဟုတ်ဘူးဆိုတာကို သိတာ အရင်က ဘာအကြောင်းအရာ တစ်ခုမှ မကြားဖူးဘူး"

ဟွာတျန်က မူလ ခန္ဓာကိုယ်ပိုင်ရှင်ဟာ ဘယ်လို ဆက်ဆံခံရလည်းဆိုတာကို ပြန်သတိရမိသွားပြီး သိပ်အံဩ ဟန် မရှိဘဲ ပြောလိုက်သည်။

"သူတို့ ကျွန်မ နဲ့ ပက်သက်တာ အကုန်မေ့ပစ်လိုက်လို့ ဖြစ်လိမ့်မယ်။ သူတို့ မှတ်မိတာက သူတို့ ပျော်ပွဲ ရွှင်ပွဲလုပ်နေတုန်းမှာ သူတို့ သမီးအရင်းမဟုတ်တဲ့ သမီးအတုက သူတို့ အိမ်မှာ ရှိနေတုန်းပဲ ဆိုတာပဲ။ ဒါကြောင့် သူတို့ က သမီးကို အတင်း ထွက်သွားခိုင်းတယ်"

တျန်တျန် ဟွာမိသားစုမှာ အဆင်မပြေတာ ကြားရသောအခါ တင်းရုံ နှလုံးသားက မခံနိုင်တော့ပေ။

"အဆင်ပြေပါတယ်။ အနည်းဆုံးတော့ သမီးက ခြေမွေး မီးမလောင် လက်မွေး မီးမလောင် နေခဲ့ရသေးတာပဲ။ ဘာလုပ်လုပ် အစေခံတွေကပဲ လုပ်ပေးခဲ့တာဆိုတော့"

ဟွာတျန် ထုတ်မပြောတဲ့ အရာကတော့ မူလ ခန္ဓာကိုယ်ပိုင်ရှင်က ဟွာမိသားစု ရဲ့ အားရုံစိုက်ခံရမှုကို ရချင်ယုံသပ်သပ်နဲ့ ပန့်ခ် တစ်ယောက်လို့ ဝတ်တတ်၏။ စာမေးပွဲမှာ ဘာမှ မဖြေဘဲ ထိုင်နေတယ်။ သူမဟာ တကယ်တော့ နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေး ကို အမြဲ တောင့်တနေခဲ့တာပါ။

"ကောင်းပြီ။ အခုကစပြီး တျန်တျန် အမေတို့နဲ့ပဲ နေတော့ အမေက သမီးကို အများကြီး အများကြီးပိုချစ်ပေးမှာ"

တင်းရုံ က ဟွာတျန် မျက်နှာကို ပွတ်သပ်လိုက်ပြီး ဟွာတျန်ကို သနားနေလေ၏။

"သမီး တကယ်လို့ နေရာတာ အဆင်မပြေဘူးဆိုလည်း အမေ့ကိုပြောပါ။"

"ဟုတ်ကဲ့ပါ။ သမီးသိပါပြီ" ဟွာတျန်က တင်းရုံကို ပြုံးပြလိုက်သည်။

ဟွာတျန် က မူလခန္ဓာကိုယ်ပိုင်ရှင် ရဲ့ သေဆုံးမှုဟာ မမျှတဘူး ဟု ခံစားနေရလေသည်။ သူမ သာ သူမနဲ့ ဆွေမျိုးဝေးတဲ့ မိဘတွေကို စွန့်ခွာလိုက်တာနဲ့ သူမကို တကယ်ချစ်တဲ့ အမေကို ရလိုက်မှာပါ။ သူမလိုချင်တဲ့ နွေးထွေးပျော်ရွှင်တဲံ မိသားစုဘဝလေးက လက်တစ်ကမ်းအလိုမှာပေမယ့် သူမကတော့ ကြာကြာ မခံစားလိုက်ရပါဘူး။

ဒါကြောင့် သူမကို ဒီခန္ဓာကိုယ်ကို ယူစေပြီး သူမအစား ဒီ ဆွေမျိုး တွေကို တန်ဖိုးထား မြတ်နိုးစေခြင်ပင်ဖြစ်မည်ထင်၏။

တင်းရုံက ဟွာတျန်လဲဖို့ အဝတ်တွေရှာလာခဲ့ပြီးတော့ သူမကို ရေချိုးခိုင်းလိုက်သည်။ သူမက မိတ်ကပ်တွေ ဖျက်ဖို့ကိုလည်း ကူညီပေးလေသည်။

ဟွာတျန် က တင်းရုံ အဝတ်တွေဝတ်ပြီး ရေချိုးခန်းထဲကနေ ထွက်လာခဲ့၏။ မောင်နှမ ၂ ယောက်ရဲ့ မျက်လုံးတွေက တောက်ပသွားကြလေသည်။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ ပန်းပွင့်တွေ အများကြီးပါတဲ့ ရှပ်အင်္ကျီ ဝတ်ထားတဲ့ လူကြီးက ပြောလိုက်လေသည်။

"ညီမလေး ဒါမင်းရဲ့ သမီးအရင်း မလား သူမက မင်းငယ်ငယ်တုန်းကနဲ့ အတူတူပဲ မင်းတို့ နှစ်ယောက်လုံးက အရမ်းလှကြတာပဲ"

တင်းရုံ သူမ က တင်းချန်ကို ကြည့်လိုက်ပြီး

"ရှင်က ဦးလေးနော် ကိုယ့်တူမကို ဘာလို့ အဲ့လိုမျိုးတွေ ပြောနေရတာလဲ"

ဟွာတျန်က တင်းချန်ကို တည့်တည့်ကြည့်လိုက်ပြီး

"ဦးလေးလား ဦးလေးလည်း အမေနဲ့ တူတူပဲ သမီးတို့ မိသားစုက အကုန်လုံး ရုပ်ချောကြတယ်။"(LOL)

ရေချိုးခန်းထဲမှာသူမ မိတ်ကပ်တွေဖျက်ပြီးနောက် ဟွာတျန်က သူမရုပ်ရည်က တင်းရုံနဲ့ တူနေတာမို့လို့ ကျေနပ်နေလေသည်။ အခုလည်း သူမမှာ ရုပ်ရည်ချောမောတဲ့ ဦးလေး တစ်ယောက်ပေါ်လာပြန်သည်။ ဒါကြောင့် သူမ စိတ်ကြည်လင်နေလေ၏။

တင်းချန် အပြုံးတွေက ပိုပြီးရင်းနှီးလာလေသည်။

"တျန်တျန်က အကျင့်ကောင်းတယ်။ ဒါမှ ငါ့ကောင်မလေးကွ။ ဟွာယုနဲ့ မတူဘူး။"

"တင်းချန်" တင်းရုံ သူမအစ်ကိုကို ချက်ချင်းအော်လိုက်သည်။

တင်းချန် မကျေမနပ် ရေရွတ်ရင်း အခြေအနေက အနည်းငယ် ထူးဆန်းသွားလေသည်။

ထိုစဉ် ဖုန်းဝင်လာတဲ့ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။ တင်းရုံ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဟွာတျန်ကို သံသယ အကြည့်နှင့် ကြည့်လိုက်လေသည်။

တစ်ဖက်မှာက ဟွာယုဖြစ်ပြီးတော့

"အမေ အဖေနဲ့ အမေက သမီးအတွက် အကောင်းစားပွဲ လုပ်ပေးတယ်။ ဧည့်သည်တွေ အကုန်ပြန်သွားကြပြီ။ ဒါကြောင့် သမီး ချက်ချင်းဖုန်းခေါ်လိုက်တာ"

နေအိမ်လေးက သိပ်မကျယ်တဲ့ အတွက် တင်းရုံ ဖုန်းထဲက အသံကို တင်းချန်ကို ဟွာတျန်ရော ကြားနေရ၏။

တင်းရုံ သက်ပြင်း တိုးတိုးလေး ချလိုက်ပြီး

"မစ်စ် ဟွာ က သမီး အဲ့လို ခေါ်တာကို ကြိုက်မယ် မထင်ဘူး။ ယုယု သူမကို စိတ်ညစ်အောင်မလုပ်ပါနဲ့။"

"မတော်တဆ ပြောမိသွားတာပါ။ အမေက သမီးကို အရမ်းချစ်တယ်။ စိတ်မဆိုးလောက်ပါဘူး။" ဟွာယုက တစ်ခြား အကြောင်းမပြောခင် ဖြေရှင်းချက်ပေးနေလေသည်။

"အိုး ဟုတ်သားပဲ ဟွာတျန် က ဟွာမိသားစုက ထွက်သွားပြီ။ သူမက သူမသုံးခဲ့တဲ့ ပိုက်ဆံတွေတောင် အကုန်ပြန်ပေးချင်တယ်လို့တောင် ပြောသွားသေးတယ်။ ကျစ်..."

"သူမက တင်းမိသားစုရဲ့ ဝင်ငွေ အခြေအနေကိုမှ မသိတာ သူမက မိသားစုကို ဒုက္ခပေးလိမ့်မယ် အမေ။ တကယ်လို့ အမေ့မှာ အခက်အခဲရှိလာရင် သမီးကို ပြောလေ အမေ သမီး ကူညီပေးမယ်"

တင်းရုံ မျက်လုံးများ တဖြည်းဖြည်းပြူးလာလေသည်။ "မစ်စ် ဟွာ အခု မင်းမှာ မင်းအမေ ရှိနေပြီး ဖြစ်သလို ငါ့မှာလည်း ငါ့သမီးရှိနေပြီ။ သူမ က တာဝန်ယူချင်စိတ်ရှိပြီး တာဝန်ကျေပွန်တဲ့ ကလေးဖြစ်လို့ ငါအရမ်းပျော်တယ်။ ဒါကြောင့် သူမက ဟွာမိသားစု ပိုက်ဆံတွေ ပြန်ပေးခဲ့ဖို့ကို သဘောတူခဲ့တယ်ဆိုရင်လည်း ငါ သူမကို တွန့်ဆုတ်မနေဘဲ ထောက်ပံမှာပဲ"

ဖုန်းလိုင်းတစ်ဖက်က ဟွာယုက သူမ တည်ငြိမ်နေမှုက တဖြည်းဖြည်း ပျောက်ကွယ်လာတော့၏။ "ထောက်ပံမယ်ဟုတ်လား သူမ ဟွာမိသားစုမှာ ဘယ်လောက်သုံးဖြုန်းခဲ့တယ်ဆိုတာ သိလို့လား။ အဲ့တာက ယွမ် သန်း၂၀ တောင် အဲ့ အဝတ်ချုပ်ဆိုင်လေးနဲ့ဆိုရင် ရှင့် တစ်သက်လုံးတောင် ဆပ်လို့ ကုန်မှာ မဟုတ်ဘူး။ ငါမင်းကို ငါတို့ ကောင်းကျိုးအတွက် ကူညီဖို့ ကျိုးစားနေတာပါ ဘာလို့ ရှင်ကပါ ဟွာတျန်လို့ မကျေမနပ်ဖြစ်နေတာလဲ"

တင်းရုံက တစ်ခုခုဆက်ပြောချင်ပေမယ့် သူမဖုန်းကို တင်းချန်က လုယူလိုက်လေသည်။

တင်းချန်က ဟွာယုကို ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောလိုက်လေသည်။ "ဟေး ဒါက ချမ်းသာတဲ့ မိဘတွေဆီရောက်သွားတဲ့ ငါ့ရဲ့ တူမ အဟောင်းလေးမလား အခု မင်းက ချမ်းသာနေပြီဆိုပြီး မင်းကို မြှောက်စားခဲ့တဲ့ လူတွေကို ပြန်သင်ပေးနေတာလား။ ငါမင်းကိုပြောပြဦးမယ် မင်း တင်းမိသားစုကနေ တုံ့ဆိုင်းမနေဘဲ ထွက်သွားတယ် ဆိုတော့ ငါတို့နဲ့ အပြီး ဖြတ်လိုက်တော့။ မင်းက ငါ့ညီမနဲ့ ငါ့တူမ ထက်သာတယ်ဆိုတဲ့ ခံစားချက်ကို လိုချင်နေလို့လို့တော့ လာမပြောနဲ့ မဟုတ်ရင် ငါ့မှာ မင်းကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။"

ပြောပြီးတာနဲ့ တင်းချန် ဖုန်းကို ချလိုက်ပြီး ချက်ချင်း ဟွာယု နံပါတ်ကို ဘလော့ လိုက်လေသည်။

တင်းရုံက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ "သူမ ငါ့ကို ဆယ်နှစ်ကျော်တောင် အမေလို့ ခေါ်ခဲ့တာ ဒါက..."

တင်းချန် က ဟွာတျန်ကို ပခုံးတွန့်ပြပြီး ပြောလိုက်သည်။ "အန်ကယ် ဘယ်လိုလုပ်လိုက်လည်း တွေ့လား"

ဟွာတျန်က လက်မထောင်ပြလိုက်ပြီး "ဦးလေးက အရမ်းမိုက်တာပဲ" ဟု ပြောလိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment