no

Font
Theme

Chapter 1 သူကြွယ်သမီးအတု ဖြစ်လာခြင်း

ဟွာထျန်သည် စူးရှသော ငှက်အော်သံများကြောင့် အိပ်ပျော်နေရာမှ နိုးလာ၏။

သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အာကာသ ထဲမှ ပြင်းထန်သော လှိုင်းများကို ပင် မကြောက်တတ်သော ဟွာထျန်သည် အချိန် အတော်ကြာအောင် ငြိမ်သက်နေမိသည်။

လတ်ဆတ်သော လေပြေလေညှင်းလေးများက ပြတင်းပေါက်ကနေ တိုးဝင်လာကြသည်။ ပြတင်းပေါက်အပြင်ဘက်မှာတော့ သစ်ပင် တစ်ပင် ရှိပြီး ငှက်ကလေးများ က တေးသီဆိုနေကြသည်။ ကောင်းကင်ပြာကြီးကတော့ အဆုံးမရှိဟု ထင်ရ၏။

သူမ ရှေ့မှာ မြင်မြင်သမျှ အားလုံးဟာ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲက လွန်ခဲ့သော နှစ် တစ်ရာလောက်က မြင်ကွင်းမျိုးဖြစ်၏။

နောက်တော့ ဟွာထျန် ခေါင်းကိုက်လာပြီး အိပ်ရာထဲ ပြန်လှဲနေလိုက်သည်။

ခဏကြာတော့ သူမ မပိုင်ဆိုင်တဲ့ မှတ်ဉာဏ်တွေဟာ သူမခေါင်းထဲ ပေါ်လာကြသည်။ ထို့နောက် ဟွာထျန်က ဖြစ်ပျက်နေသမျှ ကို နားလည်သွားတော့သည်။ အချိန်ခရီးသွား စမ်းသပ်မှုဟာ လုံးဝကျရှုံးခဲ့တာ မဟုတ်ဘဲ အာကာသ ခရီးသွားခြင်းကြောင့် သူမ ခန္ဓာကိုယ်က မခံနိုင်ဘဲ ပေါက်ကွဲသွားပြီး သူမ၏ ဦးနှောက်လှိုင်းများနှင့် စိတ်ဝိဉာဉ် သာ ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ အခန်းထဲတွင် အမြဲ ပုန်းအောင်းနေပြီး သူမ၏ နာကျင်မှုဝေဒနာ များကို ကုစားနေရသော မိန်းမငယ်လေးသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာမှ ကူးပြောင်းလာသော ဟွားထျန် ဖြစ်လာသည်။

သူမနှင့် နာမည်တူသော မိန်းကလေး သည် အရက် အလွန်အကျွံ သောက်ပြီး သေဆုံးသွားရခြင်းနှင့် ပက်သက်၍ စဉ်းစားကြည့်လိုက်သောအခါ ခန္ဓာကိုယ်၏ မူလပိုင်ရှင်ထံမှ မှတ်ဉာဏ်များက အစီအရီ ပေါ်လာခဲ့သည်။ ထို မှတ်ဉာဏ်များကို ကြည့်ရှူပြီးနောက် ဟွားထျန်က အပြည့်အဝ နားလည်သွား၏။

ဟွာထျန်က ရှန်ကျင်းမြို့မှ ဟွာမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး မိသားစု အရှိန်အဝါနှင့် ဆိုးသွမ်းသော ကလေးမလေးတစ်ယောက်ဖြစ်၏။ဆယ်စုနှစ် ကျော်သည်အထိ ဘာပြဿနာမှ မရှိခဲ့ပါ။ သူမ မိသားစု နောက်ခံ ကြောင့် သူမဟာ ရှန်ကျင်းမှာရှိတဲ့ အကောင်းစား ကျောင်းမှာ တက်ရသော်လည်း သူမကတော့ ညံ့ဖျင်းဖျင်းကလေးတစ်ယောက်ဖြစ်နေဆဲပါ။ဘာသာ အားလုံး ကိုးခု စုစုပေါင်း ရမှတ်သည် အမြဲတမ်း ဂဏန်းသုံးလုံး မကျော်ခဲ့ပါ။

အကယ်၍ ဘာအမှားအယွင်းမှ မရှိခဲ့လျှင် သူမဟာ ဘဝကို ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပေလိမ့်မည်။

သိုသော်လည်း သူမ ဘဝမှာ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်လာခဲ့သည်။

မနေ့က လေးတင် ဟွာထျန် မိဘတွေက ဟွာယုလို့ အမည်ရတဲ့ သူမနဲ့ နာမည်တူ ကောင်မလေးတစ်ယောကို ခေါ်လာခဲ့ကြသည်။

"ဟွာထျန် ငါတို့ နင့်ကို အသိပေးစရာ ရှိတယ်"

ဟွာထျန် မိဘတွေက သူမ ရုတ်တရက်ကြီး ဒီအခြေအနေကို လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာကို မတွေးခဲ့မိကြဟန်တူသည်။

"ငါတို့ သိပ်မကြာသေးခင်က ပဲ သိခဲ့ကြတာ မင်းဟာ ငါတို့ သမီးအရင်းမဟုတ်ဘူး ငါတို့ သမီးအရင်းက ဟွာယုပဲ"

ဟွာထျန် ဘာကိုမှ မယုံနိုင်ဖြစ်နေခဲ့သည်။

" အဖေ အမေ သမီးကို နောက်နေကြတာလား "

"သမီး ဟွာယုကို သိတယ် သူမက စကောလားရှစ် လိုအပ်နေတဲ့ ဆင်းရဲတဲ့ ကျောင်းသူတစ်ယောက်ပဲ"

"အမေတို့ သမီးရဲ့ ရလဒ်တွေကို မကျေနပ်ကြဘူးဆိုရင်တောင် သမီးကို တွန်းအားပေးဖို့ အခုလိုတော့ မလုပ်သင့်ဘူးမလား"

ဟွာသခင်မက အနည်းငယ် ပြုံးလိုက်ပြီး ကော်ဖိခွက်ကို အောက်ချလိုက်သည်။ " ဟွာထျန် အမေတို့ နောက်နေတာမဟုတ်ဘူး မင်းကို မွေးခဲ့တဲ့ ဆေးရုံက အလုပ်တာဝန်ပေါ့ဆမျုကြောင့် အမေတို့က ကလေးမှားသွားခဲ့တာကို သိလိုက်ရတယ်။ အဲ့နောက် မျိုးရိုးဗီဇ စစ်ဆေးချက် လုပ်ခဲ့ကြတယ်။ မင်း မယုံရင် ဒီစစ်ဆေးချက် အဖြေလွှာကို ကြည့်လို့ရတယ် " "ကြည့်လည်း နင့်က ဉာဏ်မှ မမှီတာ နားလည်းမှာလည်းမဟုတ်ပါဘူး "

ဟွာသခင်မရဲ့ နောက်မှာ ထိုင်နေတဲ့ ဟွာယုက ဟွာထျန် မဲ့ရွဲ့နေတာကိုကြည့်ပြီး ပြုံးနေ၏။ သူမရဲ့ အေးစက်စက် အမူအရာဟာ ဟွာသခင်မနဲ့ အတိအကျကို တူညီနေ၏။ ဘယ်သူမှ သူတို့က အမေနဲ့ သမီး အရင်ဒမဟုတ်ဘူးဆိုတာကို သံသယ ဝင်ကြမှာမဟုတ်ပါ။

ဟွာထျန် နှလုံးခုန် မြန်လာ၏။ ထို့ကြောင့် သူမ စားပွဲပေါ်က စစ်ဆေးချက် အဖြေလွှာ နှစ်ရွက်ကို ကောက်ကြည့်လိုက်သည်။ အမှန်တကယ်ပင် စာရွက်ပေါ်မှာ သူမက သွေးသားတော်စပ်မှု မရှိတာကို မြင်လိုက်ရသည်။

အဲ့ဒီအချိန်မျာ မစ်စတာ ဟွာက ပြောလိုက်တယ် "ဟွာထျန် မင်းက အမြဲတမ်း မဆင်မခြင်လုပ်တယ် ငါတို့က အမြဲ သည်းခံခဲ့ရတယ် ဒါပေမယ့် အခု မင်းက ငါတို့ သမီးအရင်းမဟုတ်တော့ဘူး ဒါကြောင့် ငါတို့ ဘာအကြောင်းနဲ့ မှ ထပ်ပြိး သည်းခံစရာ မလိုတော့ဘူး "

ဟွာထျန် သူမ မိသားစု ဆုံးရှုံးသွားရ မှာကို ကြောက်လာသည်။ သူမ ရဲ့ မသိစိတ်က မိသားစုအပေါ် ရသလောက် ဖမ်းဆုပ်ထားချင်သေး၏။

"အဖေ အမေ သမီးကို မလိုချင်ကြတော့ဘူးလား "

မစ်စတာဟွာက အေးစက်စက် လေသံနှင့် ပြောလိုက်သည်။ "မင်းက ဟွာမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို မစွန့်လွတ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါတို့ မှာ ငါတို့ သမီးအရင်းရှိနေပြီ မင်းမှာလည်း မင်းအမေရှိမှာပါ မင်းမိသားစုကို အမြန်ရှာတွေ့မယ်လို့ ငါထင်ပါတယ်။ "

မစ်စ် ဟွာက ဟွာထျန် အကူအညီကင်းမဲ့နေတာကို နည်းနည်းလေးတောင် ဂရုမစိုက်ခဲ့ပါ။ "ဟွာယုက အရမ်းတော်တာပဲ ငါတို့ အိမ်မှာ မနက်ဖြန် ဟွာယုပြန်လာတဲ့ အထိန်းအမှတ်အနေနဲ့ ပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားတယ် မင်းအဲ့ဒီပွဲမှာ ပေါ်မလာဖို့ ငါမျှော်လင့်တယ်။ "

ထို့နောက် မစ်စ် ဟွာနဲ့ မစ်စတာ ဟွာတို့က မတ်တပ်ရပ်လိုက်ပြီး ဉာဏ်ရည် မမှီတဲ့ ဟွာထျန် နဲ့ အေးအေးဆေးဆေး ဖြစ်နေတဲ့ ဟွာယုတို့ကို ထားခဲ့ပြီး ထွက်သွားကြသည်။

ဟွာထျန် ဟွာယုကို သိထားပြီးသာဖြစ်၏။ သူတို့က ကျောင်းတစ်ကျောင်းတည်းက အတန်းတူတူ တက်နေကြသူတွေပင်ဖြစ်သည်။

ဒါပေမယ့်လည်း ဟွာထျန်ကတော့ ကျောင်းမှာတက်ရဖို့ သူမ မိသားစုက ငွေကြေး အမြောက်အမြားကုန်ကျခဲ့ရပြီး ဟွာယုကတော့သူမရဲ့ အလယ်တန်းကျောင်းကနေ ပထမ အဆင့်နှင့် အောင်ခဲ့တဲ့ အတွက် ကျောင်းကို ဖိတ်ခေါ်ခံခဲ့ရခြင်းဖြစ်၏။ သူမ ကျောင်းကို ရောက်တာနဲ့ နိုင်ငံ အဆင့် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ သိမ်းပိုက်တော့သည်။ သူမ ရဲံ့ စာမေးပွဲ ရလဒ်တွေကလည်း အမြဲတမ်း ထိပ်ဆုံး သုံးနေရာမှာပင်ဖြစ်၏။

နောက်တော့ သူမရဲ့ ထူးချွန်မှုတွေကြောင့် အထက်တန်းကျောင်း ကိုစရောက်ပြီး နောက်နှစ်မှ စပြီး လူသိများ ကျော်ကြားလာသူဖြစ်သည်။

ဒါပေမယ့်လည်း ဟွာယုက အခုအခြေအနေမှာတော့ ကျောင်းတုန်းကလို သဘောကောင်းပြီး ဖော်ရွေတဲ့ပုံ မဟုတ်တော့ပါ။ သူမ မျက်လုံးတွေက လှောင်ပြောင်ဟန် အပြည့်နဲ့ ဟွာထျန်ကို ပြောလိုက်သည်။ "ဟွာထျန် အဖေနဲ့ အမေ ပြောသွားတာ ကြားတယ်မလား "

" ဒါကြောင့် နင်က အခု ဟွာမိသားစုဝင် မဟုတ်တော့ဘူး အရှက်မရှိ အိမ်မှာ ကပ်မနေနဲ့တော့ "

" ငါပိုင်ဆိုင်ရမယ့် အရာတွေကို ခိုးထားတဲ့ သူခိုးတစ်ယောက်ကို မမြင်ချင်တော့ဘူး "

ဟွာထျန် က ဟွာယုရဲ့ မျက်နှာဖုံးကို ခွာပစ်ချင်ပေမယ့်လည်း သူမက ဟွာမိသားစုဝင် မဟုတ်တော့ဘူးဆိုတာကို သတိရသွားပြီး နောက် သူမ စိတ်မြန်လက်မြန် မလုပ်ဖြစ်တော့ပါ။

မူလ ခန္ဓာကိုယ်ပိုင်ရှင်က ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကို လက်မခံနိုင်တာကြောင့် အခန်းထဲ တံခါးပိတ်ပြီး သူမဘာသာ တစ်ယောက်တည်း သောက်နေတာဖြစ်မယ်ထင်တယ်။ ဒီလိုလုပ်တာက သူမ အသက်ကိုပါ ဆုံးရုံးသွားလိမ့်မယ်ဟု ထင်မိမှာမဟုတ်ပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment