Chapter-5 ဆင်ခြေဖုံးရပ်ကွက် ထဲမှ အလှတရား
တောင်ခြေကို ရောက်တော့ စီဟွမ်က ဘတ်စ်ကားမှတ်တိုင်နားမှာကားကို ရပ်လိုက်သည်။ "ဆင်းလို့ ရပြီ။ ဒီနေရာက ဘတ်စ်ကားစောင့်စောင့် တက်စီ စီးစီး အဆင်ပြေတယ်။ "
ဟွာတျန် က သူမခါးပတ်ကို ဖြုတ်လိုက်တယ်။ ဒါပေမယ့် တစ်အောင့်လောက် ရပ်နေပြီးမှ သူမ ကားတံခါးကို ဖွင့်လိုက်တယ်။
သူမ စီဟွမ်ကိုလှည့်ကြည့်လိုက်ပြီး မျှော်လင့် အားကိုးသော အကြည့်များဖြင့် "ကူညီပေးတာ ကျေးဇူးတင်ပါတယ် ရှင်။ ကူညီလက်စနဲ့ နောက်ထပ် သေးသေးလေး မေတ္တာရပ်ခံချင်လို့ပါ။"
သူမ လက်ညှိုးနဲ့ လက်မနဲ့ကို ကပ်ပြီး သေးသေးလေးပါဆိုတဲ့ ပုံစံမျိုး လုပ်ပြလိုက်သည်။ ထိုသို့လုပ်ပြပြီ သူမ လိုအပ်တဲ့ အကူအညီ က သေးသေးလေးဖြစ်ကြောင်း အမူအရာဖြင့် ကြိုးစားပြသည်။
စီဟွမ်က သက်ပျင်းချလိုက်သည်။ သူ ဒီနေ့ ပုံမှန်မဟုတ်တာတွေ အများကြီးလုပ်မိ ပြီးပြီ နောက်ထပ်တစ်ခုလောက်နဲ့ ဘာဖြစ်မှာမို့လို့လဲ
စီဟွမ် သူ့ဘာသာ တွေးလိုက်သည်။ "ကဲပြော အခု ဘာထပ်ဖြစ်ပြန်ပြီလည်း"
ဟွာတျန်က အချိူသာဆုံး ပြုံးလိုက်ပြီး
"ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ဒါကြောင့် ဘာကားမှ ငှားစီးလို့ ရမှာမဟုတ်ဘူး။ ကျွန်မကို ပိုက်ဆံနည်းနည်းချေးပါလားဟင်။"
စီဟွမ်က ဒီကို ပွဲတက်ဖို့ပဲ လာခဲ့တာပါ။ ဒါကြောင့် သူ့ပိုက်ဆံအိတ်က သူနဲ့ အတူပါမလာခဲ့ပါဘူး။ ဒါကြောင့် သူ့လက်ထဲမှာ လောလောဆယ် ငွေသားရှိမနေပါဘူး။
စီဟွမ်က ဖုန်းကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါမင်းဖုန်း ထဲကို လွှဲပေးလိုက်မယ်"
ဟွာတျန်က လက်နဲ့ ပုခုံးကို မြှောက်ပြလိုက်ပြီး "ကျွန်မ ဖုန်းက ဟွာမိသားစုက ဝယ်ပေးထားတာ။ ဒါကြောင့် ကျွန်မ ဖုန်းကို ထားပစ်ခဲ့တယ်။"
စီဟွမ် က တောင်တက်လမ်းပေါ်မှာ ကူညီခဲ့မိသည်ကိုပင် နောင်တရလာလေသည်။ ဒါပေမယ့်လည်း ပိုက်ဆံတစ်ပြားမှ မရှိသည့် မိန်းကလေး တစ်ယောက်ကို လမ်းမပေါ်မှာ ထားခဲ့ဖို့လောက်ထိ မရက်စက်နိုင်ပါ။
စီဟွမ်က ပြောလိုက်သည်။
"ကဲပြော မင်းဘယ်သွားချင်လည်း ငါလိုက်ပို့ပေးမယ်"
ဟွာတျန်က ရပ်မနေဘဲ ချက်ချင်း သူမ သွားချင်တဲ့ နေရာကို ပြောလိုက်ပြီး သူမ ခါးပတ်ကို ပြန်ပတ်လိုက်သည်။
"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်ရှင့်"
ဇိမ်ခံ ပြိုင်ကားတစ်စီးက ရွာပျက်လေးတစ်ခုနဲ့ လုံးဝ မအပ်စပ်ပါ။ စီဟွမ်က ကားကို ရွာအပြင်ဘက်မှာ ရပ်လိုက်သည်။
ဟွာတျန်က စီဟွမ်ကို ပြောလိုက်သည်။
"ဒီလမ်းတွေက တော်တော်ဆိုးတယ်။ရှင် ကျွန်မကို ဒီမှာ ချပေးခဲ့လို့ရတယ်။"
စီဟွမ် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"လမ်းမှာ ဂရုစိုက်ပါ။"
ကား ထွက်သွားပြီးနောက် စီဟွမ်က နောက်ကြည့်မှန်ကနေ ဟွာတျန်က သူ့ကို လက်ပြနှုတ်ဆက်နေသည်ကိုမြင်လိုက်ရသည်။
သူမရဲ့ တောက်ပတဲ့ အပြုံးတွေက မှောင်နေတဲ့ လမ်းတွေကိုတောင် မီးထွန်းလိုက်သလိုပဲ။
ဟွာတျန်က ဟွာယုစီကနေ သူမ အမေရင်းရဲ့ လိပ်စာကို ရခဲ့တာဖြစ်ပြီး အဲ့တာလေးက ဒီကျေးရွာ ရဲ့ အလယ်နားလောက်မှာဖြစ်သည်။
ဒီမြို့ပြကျေးရွာလေးက အတော်ပင်ကြီးမား၏။ ရှန်ဂျင်းက မိုးမျှော်တိုက်တွေနဲ့ ပြည့်နေတဲ့ မြို့တစ်မြို့ဖြစ်သည်။ အခု ကျေးရွာလေးကတော့ အိမ်ပုလေးတွေနှင့် အိမ်ထောင်ပရိဘောဂမရှိ ဘဲ တစ်ချို့ကတော့ ကျူးကျော်ရပ်ကွက်ဟုပင် ခေါ်ကြသေးသည်။
တစ်ယောက်ယောက်က အမြင့်ကနေ ငုံကြည့်လိုက်လျှင် ဒီရွာလေးသည် ရှန်ဂျင်းမြို့ရဲ့ အလှကိုတောင် ဖျက်စီးနေသလိုဖြစ်နေပေလိမ့်မည်။
ဟွာတျန် သူမ အမေ လိပ်စာကို မေးရင်းလိုက်ရှာနေသည်။
ဟွာတျန် ကို ရွာထဲက ဘယ်လူဆိုးတွေကမှ မထိရဲကြပါဘူး။ အခုထိ သူမ မိတ်ကပ်တွေ မျက်နှာမှာ ပေနေတာတွေကို မဖျက်ရသေးတာကြောင့် ဖြစ်လိမ့်မည်။ နောက်ဆုံးတော့ သူမ နှစ်ထပ်အိမ် လေးကို ရှာတွေ့ခဲ့သည်။
အိမ်ရဲ့ ပထမဆုံးထပ်ကို လမ်းဘေးက ဆိုင်တစ်ခုဖြစ်အောင် အပြင်အဆင်လုပ်ထားလေသည်။ဆိုင်းဘုတ်မှာတော့ "အားရုံ အဝတ်အထည်" ဟု ရေးထားလေသည်။
ဟွာတျန်က စျေးဆိုင်ကျဉ်းလေးထဲကို ဝင်လိုက်တဲ့အခါ မျက်နှာချက်ပေါ်ကနေ တွဲလောင်းကျနေတဲ့ အဝတ်တွေ နံရံကို မှီထားတဲ့ အဝတ်စ အလိပ်တွေ နဲ့ ဘေးနှားမှာ မပြီးပြတ်သေးတဲ့ အဝတ်တစ်ထည်ကို တွေ့လိုက်ရသည်။
လိုက်ကာ ခြားထားတဲ့ အခန်းလေး တစ်ခန်းလည်းရှိလေသည်။ လူနှစ်ယောက်က လိုက်ကာနောက်ကနေ ထွက်လာကြသည်။
နူးညံ သိမ်မွေ့တဲံ အမျိုးသမီးအသံဖြင့် မေးလိုက်သည်။ "အစ်မ လင်း ဒီဝတ်စံကို ပြန်ချုပ်ပြီးတော့ ဘယ်လိုထင်လည်းဟင် အဲ့တာ အဆင်ပြေလား"
အားရုံ နင့်ရဲ့ လက်ရာကတော့ တကယ်ကို အံအားသင့်စရာပဲ။ နင်က ငါ့ဝတ်စုံကို ဟိုနည်းနည်း ဒီနည်းနည် ဖြည့်လိုက်တာနဲ့တင် ပြောင်းပစ်လိုက်နိုင်တယ်။
အားရုံလို့ ခေါ်တဲ့ မိန်းမက ပြုံးပြီး ပြောလိုက်သည်။ "အစ်မလင်းက အရင်နှစ်ကထက် ဝိတ်ကျသွားလို့ပါ။ အဲ့တာကြောင့် အဝတ်တွေက ဝတ်လို့ရသွားတာ။ အစ်မ အဲ့တာတွေကို ချုပ်ရရင်ပိုပြီး ပျော်လာမှာ"
အစ်မ လင်းက သူမကြားလိုက်ရတဲ့ စကားကြောင့် မရပ်မနား ရီလေတော့သည်။ သူမ ဖြစ်နိုင်ရင် သူမ အဝတ်အစားတွေအကုန် ယူလာပြီး သူမ ကိုယ်တိုင်တောင် ပြင်ချင်သေးတယ်လို့ ပြောလေ၏။
သူတို့ နှစ်ယောက်စကားပြောရင်း လိုက်ကာကို မပြီး ထွက်လာကြသည်။သူတို့က အခန်းထဲမှာ ရပ်နေတဲ့ ဟွာတျန်ကို မြင်တော့ လန့်သွားကြသည်။
အစ်မလင်းက သူမ ရင်ဘက်ကို ဖိပြီး "အခုခေတ် ကလေးတွေက ထူးထူးဆန်းဆန်းတွေ ဝတ်ရတာ ကို ကြိုက်ကြတယ်ထင်တယ်။ငါက သရဲမြင်လိုက်တယ်လို့ ထင်နေတာ"
အစ်မလင်းက ဟွာတျန်ရဲ့ အဝတ်အစားထူးဆန်းပုံကို ဆက်ပြောချင်ပေမယ့် ဟွာတျန်ကို အားရုံက ကြောင်တောင်တောင် နဲ့ ငေးကြည့်နေသည်ကို သတိထားမိသွားလေသည်။
အားရုံ သတိ ပြန်ဝင်လာဖို့ အတော်အတန်ကြာသွားသည်။ သူမ အစ်မလင်းကို ယဉ်ကျေးစွားပြုံးပြလိုက်ပြီး ပြောလိုက်သည်။"အစ်မ လင်း အစ်မလင်း အိမ်ပြန်ရင် သတိထားသွားပါ ဒီနားလေးမှာ ရွှံဗွက်အိုင်တွေရှိတယ်။"
အစ်မလင်းက အကြောင်းအရင်းမရှိပဲ နှင်ထုတ်ခံလိုက်ရသည်။
တင်းရုံ က ဟွာတျန်ကို ရှုပ်ထွေးနေတဲ့ အသွင်နဲ့ ကြည့်လိုက်ပြီး "သမီးက ဟွာတျန်လား"
ဟွာတျန်က ခေါင်းညိတ်လိုက်ပြီး တင်းရုံကို အကဲဖြတ်လိုက်သည်။
ဟွာမိသားစုပွဲမှာတုန်းက သူမက ဝတ်ကောင်းစားလှတွေ ဝတ် မိတ်ကပ် အကောင်းစားတွေ လိမ်းထားတဲ့ အမျိုးသမီးကြီးတွေရော အမျိုးသမီးငယ်တွေရော မြင်ခဲ့ရ၏။ ဒါပေမယ့် တင်းရုံကို မြင်ပြီးနောက် သူတို့ ရုပ်ရည်တွေက သာမာန် ကြည့်ပျော်ရှူပျော်သာ ရှိလေသည်။
သူမက မငယ်တော့ပေမယ့် လှပနေဆဲဖြစ်သည်။ သူမ လှုပ်ရှားမှုတိုင်းဟာ ဆွဲဆောင်မှုရှိနေသည်။
ဟွာတျန်က ခေါင်းငုံပြီး မေးလိုက်သည်။
"ဟွာမိသားစုက ကျွန်မကို DNA(မျိုးရိုးဗီဗ တူမတူ စစ်ဆေးမှု) စစ်ဆေးချက် အဖြေပေးလိုက်တယ်။ ရှင်က ကျွန်မ အမေရင်း ဖြစ်ရမယ်။ ဟုတ်တယ်မလား"
တင်းရုံ မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွား၏။
"ဟုတ်တယ် သမီးက အမေ့သမီးပါ။"
အခုတော့ တင်းရုံက စိတ်မတည်မငြိမ်ဖြစ်နေလေသည်။ ယုယုစီက ကြားခဲ့ရတုန်းက ဟွာတျန်က ဆိုးသွမ်းပြီး ပြဿနာရှာတတ်တဲ့ကလေးဟုသိထားလေသည်။ ဒါကြောင့် တင်းရုံက ဟွာတျန်နဲ့ ဘယ်လို ရှေ့ဆက်ရမလည်းဆိုတာကို စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် အခုတော့ သူမ သမီးလေးကို မြင်လိုက်တဲ့အခါမှာ တင်းရုံက သူမ က ရေထက် သွေးက ပိုပြစ်တယ်ဆိုတာကို သတိပြုမိသွားလေသည်။
သူမက ဟွာတျန် သူမကို လက်ခံပါ့မလားလို့ စိတ်ပူနေတုန်းပင်ဖြစ်သည်။
ဟွာတျန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ကောင်းလိုက်တာ အမေက သိပ်လှတာပဲ။ ဒါကြောင့် သမီးလည်း ကြီးလာရင် အရမ်းလှလာမှာပဲ" ဟု ပြောလိုက်၏