Chapter 30: ခရီးရှည်
လူအားလုံး လှည့်ကြည့်လိုက်ကြသည်။
စုလင်း၏ လက်ထဲက ကြက်ခြေထောက်ချောင်းတွေမှာ ရုတ်တရက် တုန်ယင်သွား၏။
သတ်ပြီးသား သိုးသားကောင်တစ်ကောင်ကို သယ်လာနေသည့် ကြံ့ခိုင်သော လူကြီးများ က အော်ဟစ်လျက် ချဉ်းကပ်လာသည်ကို တွေ့ရသည်။
"အိုး... တစ်ကောင်လုံးပါလား!" ရှောင်ဟဲ လက်ခုပ်တီးကာ စုလင်းဘက်သို့ လှည့်၍ ပြုံးသည်။ "အစ်မစုလင်း၊ တကယ်တော့ အစ်မဖေးဖေးလည်း ဓားကိုင်တဲ့နေရာမှာ သိပ်ကျွမ်းတာ၊ မယုံရင် ကြည့်ထား! ညီအစ်မတွေဆိုတော့ မစ်လင်း လုပ်နိုင်တာ သူမလည်းလုပ်နိုင်တာပေါ့!"
စုလင်း မျက်လွှာချ၍ လက်ထဲက ဓားကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။
သောက်ကျိုးနည်း! စုဖေးဖေးဆိုတာ ဘယ်သူလဲ? သူတို့ကို ညီအစ်မတွေလို့ နှိုင်းယှဉ်ရဲတယ်လား! ခွေးနဲ့သူမကို ညီအစ်မတွေလို့ နှိုင်းယှဉ်ရဲတယ်လား!
ဤလူကြီး၃ဦး က ပြင်ဆင်ထားသောစားပွဲပေါ်သို့ သိုးသားကောင်ကို ပစ်ချလိုက်သည့်အခါ စုလင်း တုန်လှုပ်သွားခဲ့သည်။
"ခေါင်းဆောင်၊ အခု ငါတို့ ဘာလုပ်ပေးရမလဲ?” ဟု သန်မာသောလူကြီး၃ဦး က တညီတညွတ်တည်းမေးကြသည်။
စုဖေးဖေး သည် စစ်စခန်းဘဝကို ပြန်ရောက်သွားသလို ခံစားရသည့်အတွက် ထိုလူကြီးတို့၏ တညီတညွတ်တည်းအမေးကို ရယ်မောကာ လက်ဆန့်၏။ “ဓားပေး! ဒီနေ့ သိုးကောင်လုံးကင် စားကြမယ်!"
သန်မာသောလူကြီး၃ဦး တို့ ဝမ်းသာဟစ်အော်ကြသည်။
သိုးကောင်လုံးကင်?
စုလင်း၏ မျက်လုံးများ က သိုးဆီသို့ ကျရောက်သွား၏။
ရိုက်ကူးရေးလုပ်စဉ် က လူတွေ ကင်ကြသည်ကို မြင်ဖူးပါ၏။ ကြည့်ရတာ ရိုးရှင်းပုံရသော်လည်း တကယ်တမ်းတွင် ဓားကိုင်နည်းနှင့် အချဉ်ဖောက်သည့်အတတ်သည် အလွန်အရေးကြီးပေသည်။
စုဖေးဖေး က ဒါတွေဘယ်လိုသိမှာလဲ? ကိုယ့်ကိုယ်ကိုယ် အထင်ကြီးအောင် လုပ်ဖို့ နည်းနည်းမိုက်မဲတဲ့နည်းလမ်းကို ရွေးချယ်ထားတာပဲ!
စုလင်း က လက်နှစ်ဖက်ပိုက်လျက် စုဖေးဖေး အား ပြဇာတ်တစ်ပုဒ်ကြည့်နေသကဲ့သို့ ကြည့်၏။
“မမ၊ သိုးတစ်ကောင်လုံးကင်တာ မလွယ်ဘူးနော်၊ အောင်မြင်ပါစေ"
နောက်တစ်စက္ကန့်တွင် စုဖေးဖေး သည် မီးဖိုချောင်ဓားကို ယူကာ သူမ၏ တပ်ဖွဲ့ဝင်များထံ စိတ်လှုပ်ရှားစွာ လှုပ်ပြသည်။
သူမ၏လက်များ ထိတွေ့သည့်နေရာ၊ လက်၊ ခြေထောက်များ နှင့် ဒူး စသည် နေရာတိုင်းကို ဓားဖြင့် မွန်း၏။ လုပ်ဆောင်မှုအဆင့်အားလုံး အလွန်ချောမွေ့ပြီး သိုး၏ အလယ်တွင် ဓားကို အလွန်မြန်ဆန်စွာ လှည့်၏။
စုလင်း၏ မျက်နှာပေါ်က ပြုံးရိပ်တွေ ချက်ချင်း ရပ်တန့်သွားတော့သည်။
[ဒါကမှ ဓားကိုင်တာ ကျွမ်းကျင်တယ်လို့ ခေါ်တာ!]
[မြင်ကွင်း က နည်းနည်းရင်နာစရာကောင်းတဲ့ လုပ်ရပ်ဆိုပေမဲ့ ငါကတော့ လှတယ်လို့ ထင်တယ်]
[ဟုတ်တယ်၊ ဒီမြင်ကွင်း က သားသတ်သမားတစ်ယောက် သားသတ်တာကို အမှတ်ရစေတယ်]
[သူမရဲ့ လှုပ်ရှားမှုတွေ က တကယ်ကို ကျွမ်းကျင်တာပဲကိုး၊ ကျေနပ်စရာကြီး]
[အမယ်လေး၊ သိုးကို ဓားနဲ့ခွဲတာကို ဒီလိုချီးမွမ်းကြတယ်လား]
[ဟုတ်ပ၊ နားလည်ဖို့ ခက်လိုက်တာဟယ်]
[ဒီအမျိုးသမီးနှစ်ယောက် ဓားကိုင်နည်းပြိုင်နေကြတာလား?]
[အမှန်ပြောရရင် ဒီဓားကိုင်နည်းနှစ်မျိုးကို ယှဉ်လို့ကို မရတာ၊ ဟား…ဟား…ဟား ဖေးဖေး က သိသိသာသာ သာလွန်နေတဲ့ဟာ]
[စုဖေးဖေးရဲ့ ပရိသတ်တွေ က စုလင်းဘက်မှာ လူနည်းလို့ အနိုင်ကျင့်နေကြတာလား?]
ထန်ထန် ချက်ချင်းပင် စုလင်း၏ကြက်ခြေထောက်တွေကို ချ၍ စုဖေးဖေးဘက်သို့ ပြေးလာကာ မျက်လုံးထဲတွင် ကြယ်ပွင့်များလို တောက်ပနေသည်။ "အစ်မဖေးဖေး၊ က အရမ်းတော်တာပဲ!"
စုဖေးဖေး ပြုံး၏။
သိုးသားကောင်ကို အမြန်ပင် အစိတ်စိတ်အမွှာမွှာ ခွဲပြီးသွားတယ်။ စုဖေးဖေး ဟင်းခတ်အမွှေးအကြိုင်များ ထည့်ရန် လုပ်သည်။ ဤကမ္ဘာတွင် ရှုပ်ထွေးလှသော ဟင်းခတ်အမွှေးအကြိုင်များ ပိုမိုများသည်။ သူမ က အနံ့အာရုံ ထက်မြက်လို့ ဟင်းခတ်အမွှေးအကြိုင်များ ရောစပ်မှုအပေါ် သဘာဝအာရုံခံစားမှုရှိသည်။ ဤမျှများပြားသော ဟင်းခတ်အမွှေးအကြိုင်များ ထည့်သွင်းခြင်း သည် ကောင်းကင်ဘုံရောက်ရှိသလို ခံစားရပေလိမ့်မည်။
မကြာမီ၊ သိုးသားနံ့နှင့် ဇီယာနံ့တို့ ပျံ့နှံ့လာသည်။ မီးဖိုမှ "တစီစီ" အသံများ ထွက်ပေါ်လာပြီး သိုးသားပေါ်သို့ ဇီယာ နှင့် ငရုတ်သီးမှုန့်များ ဖြူးလိုက်သည်။ အနီရောင်တောက်တောက်နှင့် အဆီများ ကျနေသည်ကို မြင်ရသဖြင့် လူတို့၏ စားချင်စိတ်ကို ပိုမိုတိုးပွားစေတယ်။
ပတ်ဝန်းကျင်က လူတွေ သည် ရပ်၍ လှည့်ကြည့်ကြကာ ဗိုက်ဆာနေသည်ကို မထိန်းနိုင်ပဲ တံထွေးမြိုချလိုက်ကြတော့သည်။
သိပ်ကို မွှေးတာ!
[ငါ ပေါက်စီ စားနေတုန်းပဲ! စုဖေးဖေး၊ မင်းမှာ နှလုံးသားရှိရဲ့လား?!]
[အံ့သြစရာပဲ!!!! ဖန်သားပြင်ကနေတောင် အနံ့ခံလို့ရတယ်!]
[ဒီည ငါအပိုထပ်စားမယ်။ သိုးသားစားချင်တယ်!]
[အရောင်လေး က လှလိုက်တာ၊ စားချင်စရာကြီး!]
[ငါ ဒါစားချင်လို့ ရုတ်တရက်ကြီး တောထဲမှာ နေချင်သွားပြီ!]
[ဟုတ်ပ၊ ဒီမြင်ကွင်း က အရမ်းလှတာပဲ]
.
[နေဝင်ဆည်းဆာ၊ မီးပုံပျော်ပွဲ၊ ကမ်းခြေ— ဒါတွေ က ငါနောက်ထပ်သွားချင်တဲ့နေရာ။ ခရီးထွက်ဖို့ ပိုက်ဆံစုနေပြီ!]
စုဖေးဖေး အသားကင်နေစဉ် တစ်စုံတစ်ဦးက သူမ၏ နောက်ကျောကို လာထိသည်။
“တဆိတ်လောက်… ညီမကို နည်းနည်းလောက် ကျွေးပါလား?’ မိန်းကလေးငယ်တစ်ဦး ခေါင်းထုတ်ကာ မျက်လုံးများ တောက်ပနေသည်။
စုဖေးဖေး က ခေါင်းညိတ်ကာ ကင်ထားသောအသားတစ်ဖတ်ကို ပေးလိုက်သည်။ မိန်းကလေး က ပါးစပ်ထဲထည့်လိုက်ပြီး ပူလွန်းသဖြင့် မျက်ရည်ကျသော်လည်း မထွေးထုတ်ဘဲ စားသည်။
“အရသာရှိတယ်! အရသာရှိတယ်!” သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ “မြို့ထဲက အသားတွေထက် အများကြီးပိုကောင်းတယ်! သိုးသား က ဒီလောက်အရသာရှိမှန်း ငါမသိခဲ့ဘူး!”
“အိုး…တကယ်?” ရှောင်ဟဲ က သိုးပေါင်သားတချောင်းကို ယူကာ ကိုက်၏။ သူ့မျက်နှာထက် ချက်ချင်းပင် မင်သက်နေသည်။ “အို…ဘုရားသခင်…”
“တကယ်ကောင်းတယ်!” ထန်ထန်၏ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် စိုနေသည်။
ပိုင်စစ်လင်း ကိုက်စားကြည့်ပြီး ခဏမျှ တန့်သွားသည်။
မိန်းကလေးငယ်က ဦးဆောင်ပြီးနောက် အကွာအဝေးမှ ကြည့်နေခဲ့ကြသော လူကြီးများကလည်း စုဖေးဖေးထံ အသားအနည်းငယ် တောင်းစားကြသည်။ စုဖေးဖေး၏ မီးဖိုနားရှိ လူဦးရေ က တဖြည်းဖြည်း များပြားလာပြီး နောက်ဆုံးတွင် ပြိုင်ဆိုင်လုယက်ကြတော့သည်။
“ဒါ…ငါ့ဟာ!”
“ဒီအပိုင်းက ငါ့ဟာ!”
“ငါ အရင်ရောက်တာ! အဲတော့ ငါ စားရမှာဟ!”
[ဟေ့ကောင်တွေ၊ မင်းတို့ မရှက်ကြဘူးလား? ဒီကောင် ရန်ပိုင်အဖွဲ့က မဟုတ်လား? ဒီမှာ စားစရာတောင်းနေတာလား???]
[ဒီသိုးသားကင် က ဘယ်လောက်အရသာရှိလဲ ပြောပြပေးနိုင်မလား?]
[ဒီလောက်မျိုး မနာလိုဖြစ်ဖို့ လိုလို့လား? အရသာရှိရင် ရှိတာပဲ! စုဖေးဖေးအဖွဲ့ က နေ့တိုင်း ငါးအသားတွေ ပေါပေါသီသီရတာ၊ သူတို့အတွက် ဘာမှအထူးအဆန်းမဟုတ်ဘူး!]
“ဖေးဖေး” ရှောင်ဟဲ ဗိုက်ပြည့်သွားပြီး ဘေးနားကပ်၍ ပြောလာသည်။ “သူတို့က မင်းကို ပြောဆိုကြတဲ့ဟာ၊ ထပ်ပေးဦးမလို့လား?”
“ငါတို့အဖွဲ့ က လူတွေ ကုန်လို့လား?”
“မကုန်ဘူး” ရှောင်ဟဲ က ဆူပုတ်၍ “ဒါပေမဲ့ ပေးလို့မဖြစ်ဘူးလေ…”
“မပေးပဲနေရင် အဖြုန်းဖြစ်သွားမှာ” စုဖေးဖေး က ရိုးရိုးလေးဆို၏။
ရှောင်ဟဲ တုန်လှုပ်သွားပြီး သိုးကောင်လုံးကင်ကို စိုက်ကြည့်၍ စဉ်းစားသည်။
ဟုတ်တယ်၊ မပေးပဲနေရင် အဖြုန်းဖြစ်သွားမှာ။
သူ ဒါကို တစ်ခါမှ မတွေးဖူးခဲ့ဘူး။
အစ်မဖေးဖေးက သိပ်ကြင်နာတာ!
စုဖေးဖေး က သူ့ခေါင်းကို ပုတ်ပေးရင်း “စိတ်ထဲမှာ အငြိုးအတေးတွေ သိမ်းမထားနဲ့။ မျှဝေလိုက်ရင် ဘာအန္တရာယ်မှမရှိဘူး။ မှားယွင်းတဲ့လမ်းကို မလျှောက်နဲ့၊ ညအိပ်ရာမဝင်ခင် နာကျည်းချက်တွေ ချန်မထားခဲ့နဲ့”
ရှောင်ဟဲ ခေါင်းညိတ်လိုက်သော်လည်း အပြည့်အဝနားမလည်သေးပေ။
ပိုင်စစ်လင်း ကြားလိုက်ရသည်နှင့် မျက်ခုံးပင့်၏။
ဒီမိန်းမ ဒီလောက်တောင် ရက်ရောလို့လား?
[မျက်လုံးပွင့်သွားပြီ။ ဖေးဖေး က အံ့မခန်းပဲ]
[ကျွန်တော် ရိုးသားစွာပြောရရင် ဒီမိန်းကလေး က တကယ်ပဲ ရက်ရောတယ်။ ရိုက်ချင်ရင် ရိုက်တယ်၊ ချစ်ချင်ရင် ချစ်ပေးတယ်]
[မဖြစ်နိုင်ဘူး၊ ငါလက်မခံနိုင်ဘူး!]
[ဖေးဖေးရဲ့ အမှန်တကယ်ပုံစံကို လက်မခံနိုင်သူတွေ အများကြီးပဲ၊ ဟား…ဟား!]
“ဒါပေမယ့် …” ရှောင်ဟဲ ဆက်မေးသည်၊ “သူတို့က ဆက်ပြီး ဒုက္ခပေးနေရင် ဘယ်လိုလုပ်မလဲ? ဒါကို စိတ်ထဲမှာမထားပဲနေလို့ မဖြစ်ဘူးလေ”
“ချက်ချင်းပြန်အပြစ်ပေးလိုက်” စုဖေးဖေး ဂရုမစိုက်ဘဲ ဖြေသည်။
ရှောင်ဟဲ နှင့် ပိုင်စစ်လင်း နှစ်ဦးစလုံး စကားကြားလိုက်ရသည်နှင့် မျက်နှာအပြောင်းအလဲဖြစ်သွားကြ၏။
[“ညအိပ်ရာမဝင်ခင် နာကျည်းချက်တွေ ချန်မထားခဲ့နဲ့” ဆိုတာ ဒီအဓိပ္ပာယ်နဲ့လား။ ကောင်းလိုက်တာ!]
[ချက်ချင်း လက်ငင်းပြန်အပြစ်ပေးလိုက်မယ်။ ဒါဆို ညအိပ်ရာမဝင်ခင် နာကြည်းစရာရှိမှာ မဟုတ်ဘူး!]
[ငါ သောက်နေတဲ့ရေကို အားလုံးပြန်ထွေးလိုက်ရတယ်။ ဟား…ဟား…ဟား…ဟား!]
[ဒီနေ့ ဖေးဖေး ကို ဘုရားသခင် ထင်နေတာ၊ ဒါပေမယ့် သူမရဲ့ပါးစပ်ထဲ က ဒီစကားထွက်လာတယ်ဆိုတာ မထင်ခဲ့ဘူး]
[တကယ်ရယ်မိတယ်၊ ကောင်းလိုက်တာ!]
စုဖေးဖေး က ရှောင်ဟဲ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး ဆက်ပြောသည်။
“အငြိုးထားစရာရှိရင် ဒေါသရှိနေတာပဲ။ ဒေါသရှိနေရင် မမျှတမှုရှိနေတာပဲ၊ မျှတအောင် အကောင်းဆုံးကြိုးစားနေသရွေ့ စိတ်ထဲမှာ အငြိုးထားစရာ ဘာမှမရှိတော့ဘူး”
ရှောင်ဟဲ ဒီစကားကို စဉ်းစားနေရင်း နည်းနည်းငိုင်သွား၏။
အလုပ်ခွင်မှာ ဒေါသစိတ်တွေကို အတင်းမျိုချခဲ့ရတဲ့ အကြိမ်ပေါင်းများစွာကို သူရုတ်တရက် သတိရသွားသည်။
ပိုင်စစ်လင်း ဆီမှာ အလုပ်လုပ်မှသာ အခြေအနေတွေ ပိုကောင်းလာတာ။ဒီလောကထဲမှာ အားကောင်းသူကို ကိုးကွယ်ပြီး အားနည်းသူကို နင်းချတက်၏။ များစွာသောအချိန်တွေမှာ သူကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတ္တိမရှိလို့ မုန်းတီးခဲ့ရတယ်။
အစ်မဖေးဖေးရဲ့ စကားတွေဟာ သူတကယ်လိုအပ်နေတဲ့အရာဖြစ်ကြောင်း ဝန်ခံရမယ်။ အဲဒီအခိုက်အတန့်မှာပဲ အစ်မဖေးဖေးအတွက် စိတ်ရောကိုယ်ပါ သစ္စာခံဖို့ ဆုံးဖြတ်လိုက်တော့သည်။
[ရှောင်ဟဲ၊ မင်းပုံစံကြီး က မင်းဘဝအကြောင်း မယုံနိုင်လောက်အောင် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကြီးနော်???]
[ရှောင်ဟဲ၊ မင်းဘဝမှာ အတွေ့အကြုံတွေ အများကြီးရဦးမယ်။ စုဖေးဖေးဆီ က သင်ယူရင် အသက်ပိုရှည်လာလောက်တယ်]
[ရှောင်ဟဲ၊ ငါတို့ နားမထောင်နိုင်တဲ့ တချို့အရာတွေ ရှိတယ်နော်]
[ရှောင်ဟဲ၊ မင်း သူမကို ယုံသင့်တယ်၊ ကိုယ့်စိတ်နဲ့ကိုယ် ဖြစ်အောင်နေစမ်းပါ]