Chapter 24: စားကောင်းတဲ့ တနပ်စာ
[ငါ ရယ်သေပြီ! ဒီလူတွေ စားဖို့ပဲသိကြတယ်!]
[ဒီ ၃ ယောက်က တကယ်ပဲ လှုပ်ရှားမြန်ပြီး အစားကြီးတယ်။ ဖေးဖေးအတွက် စိတ်ပူမိတယ်၊ ဟား…ဟား…ဟား!]
[အစားအစာပတ်ဝန်းကျင်ရှိမှ သူတို့မျက်လုံးတောက်တယ်၊ ဟား…ဟား…ဟား!]
စုဖေးဖေး က ခြောက်သွေ့သော သစ်တုံးတစ်တုံးကို အခြားသေနေသော သစ်ကိုင်းနှင့် ပွတ်တိုက်လိုက်သည်။ မကြာမီ မီးခိုးမှုန်လေးများ ထွက်လာပြီး သစ်သားလောင်အနံ့ပြင်းထန်စွာ ရလာသည်။ စုဖေးဖေး က အရှိန်မြှင့်ကာ အပေါက်ကို နက်နက်တူး၍။ မီးစထွက်လာသည်အထိ မရပ်ဘဲ ဆက်လုပ်လေ၏။
ထို့နောက် မီးစ ကို လက်နှစ်ဖက်ဖြင့် ကာကွယ်ကာ ပြင်ဆင်ထားသော ခြောက်သွေ့သည့်မြက်ပုံထဲသို့ ထည့်လိုက်သည်။ မြက်ပုံမှာ ဖောက်ခနဲ မြည်ပြီး လောင်ကျွမ်းလာကာ အပေါ်မှ ထင်းများကို စီပေးလိုက်သည်နှင့် မီးပုံကြီး ထွက်ပေါ်လာလေသည်။
အပူပိုင်းရာသီဥတုတွင် နေ့လည်ပိုင်း၌ မီးမွှေးပါက အပူဒဏ်သင့်နိုင်သဖြင့် စုဖေးဖေး သည် ထမင်းစားချိန် ကို ၃ နာရီ သို့ ရွေ့ခဲ့လေသည်။
"ခေါင်းဆောင်!" ထန်ထန် က ရုတ်တရက် စုဖေးဖေး နောက်မှ ပေါ်လာလေသည်။
စုဖေးဖေး အနည်းငယ်တွေဝေသွားပြီးမှ တုံ့ပြန်သည်။ "ဘာဖြစ်လို့လဲ?”
"ဘယ်တော့ ထမင်းစားကြမှာလဲ?" ထန်ထန် ရှက်ရွံ့စွာ နှုတ်ခမ်းလျက်လိုက်သည်။
သူမ တကယ်ပင် ဗိုက်ဆာနေသည်။ မနေ့ညက မြွေဟင်းချို က သူမ၏ အရသာခံအာရုံကို နှိုးဆွပေးခဲ့သော်လည်း၊ လုပ်အားကြီးသည့် အဖွဲ့ဝင်အသစ် ၃ ဦးအတွက် အသားများများထားရန် မနက်စာတွင် ဟင်းချိုသာ သောက်ခဲ့သည်။
ထို့အပြင် မနက်ပိုင်းက ဆေးပင်ခူးရာတွင် အားစိုက်ထုတ်ခဲ့ရသဖြင့် ယခု ဗိုက်ထဲမှာ ဂလုံဂလွမ် မြည်နေသည်။
"မကြာတော့ဘူး"
စုဖေးဖေး ချက်ချင်းထပြီး လက်ရှိလဲလှယ်ထားသော မီးဖိုချောင်သုံးပစ္စည်းများကို ရှေ့တွင် စီကာ ငါး ကို စတင်ကိုင်တွယ်၏။ ဝမ်းဗိုက်ဖြတ်ကာ တုံး၏။
ဤကြိမ်လဲလှယ်ထားသော ပစ္စည်းများမှာ ချက်ပြုတ်ရန်အတွက်သာဖြစ်၏။ အိုး၊ ပန်းကန်၊ ဇွန်း၊ ချိုင့်နှင့် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး ပါဝင်သည်။ စုဖေးဖေး အရင်က တပ်ထဲတွင် အစားအစာအပေါ် အနည်းငယ်တောင့်တမှုမှအပ အားလုံးကို သည်းခံနိုင်ခဲ့သဖြင့် ချက်ပြုတ်အတတ်လည်း ကျွမ်းကျင်လာခဲ့သည်။
ငါး က အနံ့ပြင်းပြီး ထန်ထန်အား ယခုကြိမ်ခူးခိုင်းထားသော ဆေးဖက်ဝင် တောချင်း က အထူးအသုံးဝင်လာသည်။
ကျန်သည်များမှာ ယခင်ယုန်ကင်စဉ်က လဲလှယ်ထားသော ဟင်းခတ်များသာ ဖြစ်သည်။ အခြားဟင်းခတ်အနည်းငယ် ဖြူးလိုက်ရုံဖြင့် ပြီးပြီ။
တောချင်းနှင့် ငါးဟင်းတစ်ပွဲကို အမြန်ဆုံးချက်ပြုတ်လိုက်ပြီး လူတိုင်း၏ဗိုက်ထဲမှာ ဂလုံဂလွမ်မြည်လာသည်။
ငါးဟင်းချိုမှာ နို့နှစ်ရောင်အရည်ဖြစ်နေပြီး ငါးသားများ က နူးညံ့မည့်ပုံပင်။
တစ်ချိန်တည်းမှာပင် ရန်ပိုင်၏စခန်းတွင် -
"ရန်ပိုင်၊ မင်း တကယ်တော်တာပဲ! ဒီတစ်ခါ အမှတ် ၂၀၀ နီးပါးလဲလိုက်ရတယ်!"
"ဟုတ်လား" ရန်ပိုင် ရယ်မောလေသည်။ "အားလုံး မင်းတို့ အားစိုက်ထုတ်မှုကြောင့်ပါ"
မျက်နှာပေါ်တွင် ပြုံးနေသော်လည်း စိတ်ထဲတွင်မူ ပူပန်နေသည်။
လူ ၅ ဦးခူးပါသော်လည်း အမှတ် ၂၀၀ သာရသည်။ တစ်ယောက်တည်းခူးစဉ်က အမှတ် ၁၀၀ ရနိုင်ခဲ့ပြီး ဗိုက်ပြည့်အောင် စားနိုင်ခဲ့သည်။
ယခုမူ... ကင်မရာရှေ့တွင် စိတ်မကျေနပ်မှုကို မပြဘဲ သည်းခံနေရသည်။
"ဒါရိုက်တာလျို၊ အမှတ်တွေနဲ့ ဝက်အူချောင်း လဲချင်ပါတယ်" ရန်ပိုင် က စကားပြောစက်ဖြင့် ပြောလိုက်၏။
"ဝက်အူချောင်း တစ်ချောင်း အမှတ် ၂၀" ဒါရိုက်တာလျို၏ စိတ်မပါသောအသံ ကြားလိုက်ရသည်။
အမှတ် ၂၀... မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း ရန်ပိုင်၏ နှလုံးသား မှာမူ နာကျင်နေသည်။
လူ ၅ ဦးရှိသဖြင့် တစ်ယောက် တစ်ချောင်းစီအနည်းဆုံး ရမည်။
ဤလူများ စုဆောင်းလာသော အမှတ်များ ကို ဝက်အူချောင်းများနှင့် လဲလှယ်လိုက်ရသည်။ ဝက်အူချောင်းတွေပဲ!
တစ်ယောက်တစ်ချောင်းစီဖြင့် လုံလောက်မည်မဟုတ်သည့်အပြင် ထိုသူများအတွက် ပေါင်မုန့်ဝယ်ရန် အမှတ် ၂၀ ထပ်သုံးရဦးမည်…
ရန်ပိုင် စိတ်ထဲက မကျေနပ်မှုကို ဖိထားကာ ဝက်အူချောင်းနှင့် ပေါင်မုန့်များ လဲလှယ်ခဲ့သည်။
လူတိုင်း ဝက်အူချောင်းရသည်နှင့် ချက်ချင်းအော်ဟစ်ကြသည်။ "ဝိုး! ရန်ပိုင်၊ မင်း က အတော်ဆုံးပဲ!!"
"ရန်ပိုင် က အားကောင်းတယ်!"
"စုဖေးဖေးကို အမှန်တကယ် ပြသင့်တယ်!"
ရန်ပိုင် ဤစကားများ ကြားရသည်နှင့် မျက်နှာအမူအရာမှာ ပိုကောင်းလာသည်။
"ဟုတ်တယ်!" နောက်လိုက်ငယ်က သတိရသွားသည်။ "စုဖေးဖေး အခု နေ့လည်စာ စားနေလောက်ပြီ!"
"သွားကြမယ်၊ ဟိတ်ဟန်ပြကြစို့!"
[ဟား…ဟား…ဟား! အချိန်ကိုက်ပဲ! ရန်ပိုင်တို့ ဝက်အူချောင်းယူလာချိန် ဖေးဖေးတို့ ဟင်းအိုးပူပူကြီး အပြင်ထွက်လာတော့မယ်!]
[နှိုင်းယှဉ်ချက်က ရယ်စရာကောင်းလိုက်တာ! ဝက်အူချောင်း vs ငါးဟင်းပွဲကြီး!]
[ဒါရိုက်တာလျိုရေ... ဝက်အူချောင်း က အမှတ် ၂၀ ဆို… ဈေးကြီးလိုက်တာ!]
ပရိသတ်အများစု သည် စုဖေးဖေး,တိုက်ရိုက်ထုတ်လွှင့်နေသောအခန်းကို ကြည့်နေကြသော်လည်း ယခုအချိန်တွင် ထိုအခန်းမှ မှတ်ချက်များစွာက ရန်ပိုင်ကို ရည်ညွှန်းလာကြသည်။
[အားလုံးပဲ ရန်ပိုင်ဘက်ကို အမြန်သွားကြည့်... ရယ်စရာတစ်ခု ဖြစ်တော့မယ်!]
[တကယ်ကို ရယ်ဖို့ကောင်းတယ်...]
[သူငယ်ချင်းတို့... ထမင်းစားပြီးပြီလား? ရယ်လွန်းပြီး ဗိုက်နာမှာစိုးလို့ အပိုဗိုက်တစ်လုံး အသင့်ထားပါ!]
ထိုနည်းတူစွာ ရန်ပိုင်,တိုက်ရိုက်ထုတ်လွှင့်သောအခန်း ၌ မှတ်ချက်များ စီးဝင်လာသည်။
ရန်ပိုင်၏ ဖုန်းမှာ အသံမြည်လာချေသည်။
လူတိုင်း စိတ်လှုပ်ရှားသွားကြတယ်!
"ရန်ပိုင် ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်း ထဲမှာ ပရိသတ် ၅၀၀ ကျော်ရှိနေပြီ! ဘယ်တုန်းကမှ မကြားဖူးဘူး!"
"ဟုတ်တယ် ရန်ပိုင်၊ မင်းရဲ့အနောက် ပိုကောင်းတယ်! လူအရေအတွက် မြန်မြန်တိုးလာတယ်!"
ရန်ပိုင် မျက်ခုံးပင့်ကာ နှုတ်ခမ်းကွေးတက်သွားသည်။ ဤသို့ဖြစ်ရခြင်းကို ကျင့်သားရနေဟန် ဟန်ဆောင်နေသော်လည်း လက်တွေ့တွင်မူ ယင်း မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ပရိသတ်များ က သူတို့ ဖေးဖေးထံသွားပြီး ပြိုင်ဆိုင်မှုကြည့်ရတာ ကြိုက်နှစ်သက်ဟန်ရှိသည်။
ဤလုပ်ငန်းတွင် လူကြိုက်များမှုနှင့် စီးဆင်းမှုသာ အဓိကဖြစ်သည်။
ဤရိူးတွင် အသက်စွန့်ပါဝင်သူအားလုံး ဤအတွေးကိုပင် တွေးကြသည်။
စီးဆင်းမှုရှိလျှင် အားလုံးတန်ဖိုးရှိတယ်!
ဤအတွေးဖြင့် ရန်ပိုင် ရင်အုပ်ကို ချီလျက် အပြုံးကို ပိုစစ်မှန်အောင်ပြုသည်။
"ဖေးဖေးအကြောင်း မပြောနဲ့တော့။ သူမက ရိုးသားတယ်၊ သူမ ဘယ်လိုနေလဲဆိုတာ သွားကြည့်ကြရအောင်။ လိုအပ်လျှင် အစားအစာအချို့ ဝေမျှဖို့ ငါ စိတ်မရှိဘူး”
[စိတ်မပူနဲ့၊ သူမ မလိုအပ်ဘူး]
[မသွားနဲ့၊ ဒါက မိတ်ဆွေအရင်းဆီ က သတိပေးချက်နော်]
[ကိုယ့်ကိုယ်ကို ဒုက္ခရှာနေတာဟ]
[ရန်ပိုင်... လက်ဖက်ရည်ပြင်ဆင်ထား]
[ဟုတ်တယ်၊ မင်းပရိသတ်တွေပြောတာ နားထောင်လိုက်။ ဒီအဖွဲ့ ဘာယူလာသလဲကို မင်း မသိပဲနဲ့]
[ငါ ရယ်သေတော့မယ်! ဖေးဖေးရဲ့ပရိသတ်တွေ မျက်လုံးမကျဉ်ကြဘူးလားဟေ!]
[နင် တိတ်တိတ်လေး ကြည့်လို့မရဘူးလား? သူတို့ တိုက်ခိုက်မှဖြစ်မှာလား? အတူယှဉ်တွဲနေထိုင်ဖို့ အရမ်းခက်လို့လား?]
ဖေးဖေးကို ပွင့်လင်းစွာ ဆဲဆိုနေသူများ များစွာရှိနေဆဲဖြစ်သော်လည်း လေ က ပြောင်းလဲလာသည်။
ရန်ပိုင်တို့ မရောက်မီကတည်းက လေထဲတွင် ငါးကင်နံ့များ ပျံ့နှံ့နေပြီဖြစ်သည်။
"ဒါ ဘယ်အနံ့လဲ?" ရန်ပိုင် ဦးဆုံးရပ်လိုက်သည်။
နောက်လိုက်ငယ် က မျက်မှောင်ကြုံ့၍ "ဒါရိုက်တာအဖွဲ့က တစ်ခုခု ချက်နေတာ”
ရန်ပိုင် သက်ပြင်းချလိုက်သည်။ "ဒါ အမှန်ဆိုရင် ... ငါ ဒါရိုက်တာအဖွဲ့ထဲ ဝင်ချင်တယ်"
ထိုအခိုက်တွင် ဒါရိုက်တာအဖွဲ့ဝင်များမှာ နေ့လည်စာဘူးကို ကိုင်လျက် ပြောစရာမဲ့နေကြတယ်!
[ဟား...ဟား...ဟား! မညည်းနဲ့... ဒါရိုက်တာအဖွဲ့ က မင်းထက်တောင် ပိုညံ့တဲ့နေ့လည်စာ စားနေတာ!]
[ဒီထမင်းဗူးမှာ အသားနှစ်မျိုး အရွက်တစ်မျိုးပါတယ်။ ဖေးဖေးရဲ့အစားထက် ညံ့တယ်ဆိုတော့ ဟာသပဲ!]
[ဖေးဖေးဆီ သွားကြည့်ကြ။ ဒီကောင်ထက် ပိုပျော်ဖို့ကောင်းတယ်]
[ဒီနှစ်ရဲ့ အရယ်ရွှင်ဆုံးဖြစ်ရပ် - ကစားသမားက ဒါရိုက်တာထက် ပိုပြီး ကောင်းကောင်းစားနေခြင်း]
[ဒါရိုက်တာလျို... မင်းမျက်နှာကို ကင်မရာနဲ့ပြပါလား! မင်းမျက်နှာပုံစံ ကြည့်ချင်လို့!]
[အစက ဖေးဖေးကို မုန်းပေမယ့် အခု... လှည့်ကွက်က ဘယ်လိုလှည့်သွားမလဲဆိုတာ ကြည့်ချင်တယ်လို့!]
[ဟာသအကျိုးသက်ရောက်မှု ပြည့်စုံလို့!]
ရယ်ရွှင်ဖွယ်မှတ်ချက်များကြားမှ ရန်ပိုင် တို့သည် ဖေးဖေး၏ ယာယီစခန်းသို့ ရောက်လာသည်။
ပထမဦးဆုံးမြင်ရသည်မှာ ဖေးဖေး၏ နောက်ကျောပုံရိပ်သာဖြစ်ပြီး တဲနောက်တွင် အလုပ်များနေဟန်ရှိသည်။
လေထဲတွင် မွှေးပျံ့နေသော်လည်း ဂရုမထားမိကြ။
ယောကျာ်း ၃ ဦး၊ ဘေးချင်းကပ်ထိုင်နေကြကာ မျက်လုံး၆လုံးမှာ မက်မောမှုတွေနှင့် ပြည့်နေသည်။
သူမ သူတို့ကို အငတ်ထားလို့များလား?
"သနားဖို့ကောင်းလိုက်တာ" ရန်ပိုင် က တိုးတိုးလေးဆို၏။
"စုဖေးဖေး၊ မင်း သူတို့ကို အစာဝယ်ကျွေးမယ်လို့ မပြောခဲ့ဘူးလား?" နောက်လိုက်ငယ် က ရှေ့တန်းတက်အော်လေသည်။ "အစာက ဘယ်မှာလဲ? ထုတ်ပြီး ဟိတ်ဟန်ပြပါဦးလား!"
သူ သည် ပြောဆိုရင်း သူ၏ ကြီးမားသောဝက်အူချောင်းကို ထုတ်ယူကာ မက်မောဖွယ်အပြုံးဖြင့် ကင်မရာရှေ့ မှာ ရည်ရွယ်ချက်ရှိရှိ ကိုက်လိုက်တယ်!
"အင်း..." ဝိညာဉ်တုန်လှုပ်ဖွယ် ညည်းသံ က သူ့နှာခေါင်းမှ ထွက်လာ၏။ "အရသာရှိလိုက်တာ! ဒီအနံ့၊ ဒီအသားအရသာ..."
[အခုပဲ ထွက်သွားဖို့ အကြံပေးတယ်။ အရှက်မကွဲခင် အချိန်ရသေးတယ်နော်!]
[ငါ ရယ်သေပြီ၊ အရူးတွေကို ကြည့်ပါဦး… ရေသောက်တုန်း တိုက်ရိုက်ထုတ်လွှင့်နေတဲ့အခန်း ကို မဖွင့်သင့်ဘူး! ဟား...ဟား...ဟား!]
[သူမက သူ့ကို လူပျက်လို့ ထင်နေမှာပဲ]
[အဓိပ္ပာယ်ကောက်တာ မှန်ပါတယ် လူပျက်လေ။ ဟား...ဟား...ဟား!]
ဒါရိုက်တာအဖွဲ့သည်လည်း ပြောစရာပျောက်ရှနေ၏။ သူတို့ သည် မြင်ကွင်းကို ကြည့်နေခဲ့သည်။ မကြည့်လည်း မနေနိုင်ခဲ့ချေ။ လူ့လောကရှိ သွေးထွက်သံယိုမှုတစ်ခုထက် ကြည့်ရပိုခက်ချေသည်တကား။