Chapter 22: အချစ်အရိပ်အယောင်
ဒါရိုက်တာလျို စိတ်ထက်သန်သွားသည်။ စုလင်း ပါဝင်လာပါက ဤရိူး က နှစ်ပေါင်းများစွာအတွက် ဒဏ္ဍာရီဆန်ဆုံး ဖြစ်လာမည်!
ဤရိူးပြီးနောက် သူ သည် ဒဏ္ဍာရီထူးချွန်သည့် ဒါရိုက်တာဖြစ်လာပြီး၊ အနားယူဘဝတစ်ခုလုံး ဤတိုက်ရိုက်ထုတ်လွှင့်မှုဖြင့် အသက်မွေးနိုင်မှာပဲ!
ဖုန်းထဲမှ အသံ က စကားများ ဆက်ပြောနေစဉ် ဒါရိုက်တာလျို ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ကိုင်းညွှတ်၍ နှုတ်ဆက်ခဲ့လေသည်။
တခြားတဖက်တွင် စုဖေးဖေး က ကြံ့ခိုင်သောလူကြီး၃ဦးထံ ချဉ်းကပ်လာသည်။ ခေါင်းဆောင်ယောက်ျား က ထူးဆန်းသော လက်ဟန်ဖြင့် လက်မြှောက်၏။
သူစကားမစပြောမီ စုဖေးဖေး က လက်သီးတဖက်ဆုပ်ကာ နောက်လက်တဖက်ပေါ် ထိုလက်သီးပေါ် ဖြန့်တင်ကာ လေးလေးနက်နက်ပြောလေသည်။ “တစ်ခုခုပြောချင်ရင် ဒီလိုပုံစံနဲ့ ပြော”
[ဟား…ဟား! ဘုရင်မကြီး က ဘာပဲဖြစ်ဖြစ် ပြောလိုက်တာပဲ!]
[ယောက်ျားဆန်ဆန်နေဖို့ တိုးတိုးတိတ်တိတ် သတိပေးနေတာဟ!]
ဤလူကြီး မှာ နည်းနည်းရှက်သွားပြီး နှာခေါင်းကုတ်ကာ ခေါင်းငုံ့၍ ရပ်နေသည်။
စုဖေးဖေး၏ နှလုံးသား အေးချမ်းသွားပြီး သက်တောင့်သက်သာ ပိုရှိလာသည်။ သူမ လည်ချောင်းသံ ရှင်းလိုက်ရာ ထို၃ဦးမှာ သူမထံ ချက်ချင်း အာရုံစိုက်လာကြလေသည်။
'သတိထားတတ်တဲ့ လူတွေပါလား' ဟု စုဖေးဖေး မိသည်။
"ဒီနေ့ မနက်စာ က မနေ့ညက မြွေသားဟင်းချိုပဲ၊ စားပြီးရင် ရှောင်ဟဲ ဆီ က ပုဆိန်သွားတောင်း”
မနေ့က ဆေးပင်များခူးခဲ့ပြီးနောက် သုံးဖို့ အမှတ်ပို ၅၅ မှတ်ရှိ၏။ စုဖေးဖေး သည် ဝံပုလွေအမှတ်များ နှင့်ပေါင်းကာ ပုဆိန်၃လက် နှင့် တဲတစ်လုံး ဝယ်ခဲ့လေသည်။
sleeping bag တွေက အကောင်းတွေဖြစ်လို့ သူတို့ သည် အိပ်စက်ရန် နေရာတစ်ခုကို ရခဲ့သော်လည်း ယနေ့တွင်မူ စားစရာလုံးဝမရှိတော့ပေ။
အစားအစာရှာဖွေရသည့် ဝန်ထုပ်ဝန်ပိုးမှာ စုဖေးဖေး၏ ပခုံးပေါ် ပြန်ကျရောက်လာသည်။
စုဖေးဖေး ၏နောက်ကျော ကို လာပုတ်၏။ လှည့်ကြည့်လိုက်ရာ ထန်ထန် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ??" စုဖေးဖေး က မိန်းကလေးငယ်လေးအား အမြဲသည်းခံသော သဘောထားဖြင့် မေးလိုက်သည်။
"ပုဆိန် က ၃ခုပဲရှိတော့ ညီမ က ဘာလုပ်ရမှာလဲ?" ထန်ထန်၏ အသံမှာ အာရုံမစိုက်လျှင် ကြားရန်ပင် ခဲယဉ်းလောက်အောင် တိုးသည်။
စုဖေးဖေး က အားအင်ကို ချုပ်တည်းလိုက်ပြီး ထန်ထန်၏ ပခုံးကို ညင်သာစွာ ပုတ်ပေးသည်။ ထန်ထန်၏ ခန္ဓာကိုယ်တုန်တုန်ယင်ယင် ဖြစ်သွားကာ ရုတ်တရက် ချစ်ခြင်းမေတ္တာကို ခံလိုက်ရလေသည်။
"နင် က တောဟင်းသီးဟင်းရွက် ခူး" စုဖေးဖေး၏ အသံတွင် နူးညံ့မှု အနည်းငယ်ပါလာသည်။ "ငါ နမူနာခူးပြမယ်။ အဲဒါတွေအတိုင်း ခူးနော်၊ သိပြီလား?"
[ဟာသပဲ! ဖေးဖေး က သူမအပေါ် သိပ်နူးညံ့တာ!]
[ပိုင်စစ်လင်း အပေါ်တောင် ဒီလောက်နူးညံ့ပြတာ မဟုတ်ဘူး ဟား…ဟား!]
[စုပိုင်အိုးသင်္ဘော ရေကြောင်းခရီး မြန်မြန်ဆန်ဆန် ထွက်ခွာရမယ်!]
[စုဖေးဖေး ဟန်ဆောင်နေတာဖြစ်နိုင်လား?]
[ဒါက အိုဟောင်းတဲ့လှည့်ကွက်ပဲ!]
ထန်ထန် ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြ၏။ “ဟုတ်ကဲ့၊ ခေါင်းဆောင်!" ဟု အော်ဖြေလိုက်သည်။
ရုတ်တရက် "ခေါင်းဆောင်" ဖြစ်သွားသည့် စုဖေးဖေး မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကာ ထန်ထန်၏ ပခုံးကို ထပ်ပုတ်ပေးပြီး လှည့်ထွက်ရန် ပြင်သည်။
နေဦး၊ လူတစ်ယောက်ကို အလုပ်မပေးရတာ သတိရသွားသည်။ စိတ်ပျက်ဖို့ကောင်းတဲ့ ရုပ်ရှင်ဘုရင်…
ဤလုပ်အားကို အလဟဿဖြစ်အောင် မထားနိုင်ပေ။
စုဖေးဖေး လှည့်ကြည့်လိုက်ရာ ပိုင်စစ်လင်း ကြာမြင့်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ လှုပ်မရှား၊ သူ့လေးနက်သည့် မျက်ဝန်း က နက်ရိူင်းပြီး စွဲမက်ဖွယ်ကောင်းသည်။
စုဖေးဖေး က သူ့ထံ လျှောက်လာသောအခါ သူ့အကြည့် က အတူတူပင် ဖြစ်မြဲ။
“လိုက်ခဲ့”
“အင်း”
[ကြံစည်တက်တဲ့မိန်းကလေးပဲ!]
[မျှော်လင့်ထားသလိုပဲ၊ ရုပ်ရှင်ဘုရင်နဲ့အတူ ရှိချင်တယ်ပေါ့!]
[ငါတို့ဘေဘီကို အေးအေးဆေးဆေး နေခွင့်ပေးကြ၊ အိုကေ!]
စုဖေးဖေး ဝင်လာစဉ်က အမှတ်အသားပြုထားသောကြောင့် ထွက်ပေါက်ရှာရန် လွယ်ကူသည်။ လူစုလူဝေး တဲထဲမှ ထွက်လာချိန်တွင် ရန်ပိုင် ၏ အဖွဲ့ဝင် ၄ ဦးမှ ၅ ဦး နှင့် သွားဆုံသည်။ ထိုသူများလည်း တောင်ပေါ်သို့ ဆေးပင်ခူးရန် ပြင်ဆင်နေကြသည်။
ရန်ပိုင် ၏ ဆေးဖက်ဝင်အပင်အသိပညာကြောင့် သူနှင့်အတူတွဲဖက်လိုသူများစွာ ရှိခဲ့သည်။
တစ်ညအတွင်း သူ၏အဖွဲ့ က ကြီးထွားလာခဲ့သည်။
"အိုး... ဒါက ဘယ်သူတုန်း?" ရန်ပိုင် ၏ နောက်လိုက်ငယ် က စုဖေးဖေးကို မြင်သည်နှင့် ချက်ချင်းအော်ပြောလေ၏။
ရန်ပိုင် က စုဖေးဖေး၏နောက်ကျော ကို ကြည့်ရင်း တိတ်ဆိတ်နေခဲ့သည်။ စုဖေးဖေး က သူတို့ကို အေးစက်စွာ ငေးကြည့်ကာ အဖြေပေးရန် ရည်ရွယ်ချက်မရှိပေ။
ဤနောက်လိုက်ငယ် သည် မနေ့ကမှ ရန်ပိုင် အဖွဲ့သို့ ရောက်ရှိလာသူဖြစ်ပြီး ရန်ပိုင် နှင့် စုဖေးဖေးတို့ သဘောထားမတိုက်ဆိုင်သည် ကို ကြားဖူးထားသည်။ ယခုအခွင့် မယူလျှင် ဘယ်အခါမှ ယူရမှာလဲ?
ဤလူသူကင်းမဲ့သောကျွန်းသည် ပိတ်မိနေသည့်နေရာဖြစ်သဖြင့် အဖွဲ့ဖွဲ့၍ ပြိုင်ဆိုင်မှုပြုလုပ်ရန် လွယ်ကူသည်။
"စုဖေးဖေး" နောက်လိုက်ငယ် က ပြုံးကာ "မနေ့က မင်းရဲ့အဖွဲ့ထဲ ကြံ့ခိုင်တဲ့လူကြီး ၃ ယောက် ဝင်လာတယ်လို့ ကြားတယ်! အစားအစာခွဲဝေတာ ပြဿနာရှိသေးလား? 'တောဂေါရခါး' ကို ရှာတွေ့ဖို့ နေ့တိုင်း ကံကောင်းမှာတော့ မဟုတ်ဘူးလေ!"
နောက်က လူများက ရယ်မောကြသည်။ မနေ့က အဖြစ်အပျက်မှာ လုံးဝ မတော်တဆ ဟု ယုံကြည်နေကြ၏။
ဤလူသူကင်းကျွန်းတွင် 'တောဂေါရခါး' မည်မျှခူးနိုင်မည်နည်း?
စုဖေးဖေး ကံကောင်းခဲ့သည်မှာ တစ်ကြိမ်တည်းသာ။ သတိထားသုံးစွဲပါက တစ်လတာ အစားအစာ ဖြေရှင်းနိုင်သော်လည်း သူမ က အမှတ်များကို ပစ်ပယ်စွာ သုံးစွဲခဲ့သည်။
မနေ့ညက သူမကို မည်သို့နှောက်ယှက်ရမည်ကို တွေးနေခဲ့ကြသည်။ ယခု စုဖေးဖေး ဘယ်လိုလုပ်မလဲကို စောင့်ကြည့်မယ်!
"ဒါကို မင်းတို့ စိတ်မပူနဲ့!" ရှောင်ဟဲ က သူ့ကို မျက်စောင်းထိုးလိုက်သည်။
ထန်ထန် လည်း သတ္တိယူကာ ပြောသည်။ "ငါတို့ အရမ်းကောင်းတာစားခဲ့တယ်! အစ်မ မနေ့ည က ယုန်သားကင် လုပ်ကျွေးတယ်! မင်းတို့ရော?"
"ဟုတ်တယ်!" ရှောင်ဟဲ ဆက်ပြောသည်။ "အဆိုးဆုံးအနေနဲ့ ကျွန်းကနေ ထွက်သွားရုံပဲ။ ငါတို့ ရက်အတော်ကြာ အသားတွေစားခဲ့တယ်။ မင်းတို့ကျတော့ ပေါင်မုန့်ပဲစားပြီး သောင်တင်နေရတာ”
"မင်း!"
သူတို့ဘက်မှ ဒေါသထွက်သွားသည်။
ရှောင်ဟဲ က မျက်ခုံးပင့်၍ လက်ပိုက်ကာ အေးစက်စက်မျက်နှာထားဖြင့် ရပ်ကြည့်နေ၏။
စုဖေးဖေး က ရှောင်ဟဲကို ကြည့်လိုက်သည်။ ဤလူငယ်လေး၏နှုတ် က ထက်မြက်သား ဟု ယခုမှ သတိထားမိတော့သည်။
"သွားကြရအောင်" ဟု သူမ ပြောပြီး လူစုကို ခေါ်သွားသည်။
ရန်ပိုင် သည် ပိုင်စစ်လင်း၏ စောင့်ကြည့်မှုကြောင့် အောက်ကျို့နေရပြီး အမျက်ကို အတွင်းသို့ မြိုချရသည်။
"သူတို့ ဘယ်လောက် မောက်မာနေသလဲ ကြည့်ပါဦး!" နောက်လိုက်ငယ် က လက်သီးဆုပ်ကိုင်၍ ဆိုသည်။ "စုဖေးဖေး၊ မနေ့က မင်း အမှတ်တွေ အများကြီးလဲလှယ်တာ ငါမြင်တယ်! ဒီဝက်၃ကောင်ကို ဒီနေ့ ဘာကျွေးမလဲဆိုတာ ကြည့်ရအောင်!"
"ဟုတ်တယ်။ ဘာလို့ ဒီလောက်မောက်ရတာလဲ? ဒီညကျမှ ဘယ်သူ ရူးမလဲဆိုတာ သိရလိမ့်မယ်!"
ရန်ပိုင် က ချက်ချင်းဖြတ်ဝင်ပြောသည်။ "အားလုံး နားထောင်ပါ... ဒီနေ့ ငါတို့ အပိုဟင်းတစ်ခွက် ထပ်စားကြမယ်။ ဆေးပင်ခူးပြီးရင် အမှတ်တွေနဲ့ ဝက်အူချောင်း လဲကြမယ်"
"ဝက်အူချောင်း" ဟူသော စကားလုံးကြားသည်နှင့် ဆူညံသွားသည်။
"ရန်ပိုင် က တကယ်တော်တာပဲ!"
"နောက်ဆုံးတော့ ဒီနေ့ အသားစားရတော့မယ်!"
"ဒီည ဝက်အူချောင်းယူပြီး စုဖေးဖေးတို့စခန်း ဆီ အလည်သွားရမယ်!"
ရယ်သံများသည် စုဖေးဖေး၏ နားထဲသို့ ရောက်လာသည်။
သူတို့ စော်ကားခံရစဉ် အုပ်စုခွဲသွားပြီးဖြစ်သည်။ ပိုင်စစ်လင်း သည် စုဖေးဖေး နောက်သို့ လိုက်ပြီး ရေပြင်နေရာဆီသို့ ဦးတည်လျှောက်သွားသည်။
ဦးတည်ရာလမ်းကြောင်းအရ ကမ်းခြေသို့ သွားနေဟန်ရှိသည်။
သူ့မျက်လုံးများ ကျဉ်းလာကာ အနောက်မှလိုက်လာသည်။
ရေစုန်ခုန်ပြီးခါစဖြစ်၏။ စုဖေးဖေး လှည့်ပတ်ကြည့်ရှုပြီး မနေ့က ပိုင်စစ်လင်း ပေးခဲ့သော လောက်လေးဂွ ကို ထုတ်ယူလိုက်၏။ လောက်လေးဂွ ကို ကိုင်လိုက်သည်နှင့် လက်ဖဝါးတွင် အပူလှိုင်းတက်လာသည်ကို ခံစားရသည်။ ခေါင်းမော့ကြည့်လိုက်ရာ ပိုင်စစ်လင်း က သူမ၏လက်ထဲက လောက်လေးဂွ ကို စိုက်ကြည့်နေတာ သတိထားမိသည်။
သူမ က လက်ထဲက လောက်လေးဂွ ကို လှုပ်ပြလိုက်ပြီး မေးလိုက်သည်။ "ပြန်လိုချင်လို့လား?’
ပိုင်စစ်လင်း စကားမပြောနိုင်ဖြစ်သွားပြီး အတန်ကြာတိတ်ဆိန်၍ နေခဲ့သည်။
"ပြန်မလိုချင်ဘူး"
သူ တစ်ယောက်တည်း ဒီနေရာမှာ မနေလိုသူလား?
"ကောင်းပြီ" စုဖေးဖေး ဂရုမစိုက်ဘဲ ရေတိမ်ပိုင်းဆီသို့ တိုက်ရိုက်လျှောက်သွားသည်။
[ပိုင်စစ်လင်းရဲ့တောက်လောင်နေတဲ့အကြည့်ကို သတိထားမိကြလားဟေ?]
[ဇနီးဖြစ်သူက သဲလွန်စကို နားမလည်နိုင်ဘူးထင်တယ်...]
[ပိုင်စစ်လင်းက စုဖေးဖေးကို ဇနီးလို့ တစ်ခါမှ မခေါ်ဖူးဘူး၊ တလွဲရေးနေတာ ရပ်စမ်း!]
တခြားတဖက်တွင်မူ စုဖေးဖေး ရေတိမ်ပိုင်းသို့ ရောက်သွားသည်။
ငါးများ၊ ရေညှိများ စသည်တို့ ပေါကြွယ်လှ၏။ ပင်လယ်ရေကိုလည်း ဆားချက်ရန် ယူဆောင်နိုင်သည်။
ထုတ်လုပ်ရေး ထံမှ ဆားအမြဲဝယ်နေရခြင်းမှာ ကုန်ကျစရိတ်များပြီး လောဘကြီးသောကုန်သည် က ဈေးတင်သည်။ ထိုကုန်သည် က သူမ နန်းတွင်းခေတ်မှာ ဆိုပါက ရှေးကတည်းက ကွပ်မျက်ခံရပြီးပြီဖြစ်သည်။
သို့သော် လက်ရှိတွင် ရှိသမျှနှင့် ရောနှောအသုံးပြုရန် မှလွဲ၍ အခြားနည်းလမ်းမရှိချေ။
စုဖေးဖေး လက်ကို မြှောက်ကာ ပိုင်စစ်လင်းအား ဖြည်းညှင်းစွာ ချဉ်းကပ်ရန် အချက်ပြလိုက်သည်။ ပိုင်စစ်လင်း က အသံတိုးတိုးဖြင့် ဆို၏။ "ပိုက်ကွန်၊ လှံတံမရှိဘဲ ငါးကို ဘာနဲ့ဖမ်းမှာလဲ?”
စုဖေးဖေး က လက်မြှောက်၍ သူမ၏ပါးစပ်အနားကပ်ကာ ဆို၏။ “ကြည့်ပြီး သင်ယူ”
ပိုင်စစ်လင်း သူမ၏ အမိန့်ကို လိုက်နာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစားအစာနှင့်ပတ်သတ်လာလျှင် ဤမိန်းမ ကား အရူးတစ်ဦးတဖွယ်ဖြစ်သောကြောင့်ပင်။