Chapter 23 ရယ်ရတဲ့ မိန်းကလေး
ငါး က သူတို့ဘက်သို့ ကူးခတ်လာနေသည်။
စုဖေးဖေး သက်ပြင်းရှူထုတ်ကာ အာရုံစိုက်ထားသည်။
[ဖာ့ခ်! ငါတောင် အသက်ရူအောင့်မိတယ်!]
[သတိပေးချက်: ဖေးဖေးရေ ငါးဖမ်းနေချိန် အသက်ရှူလို့ရပါတယ်!]
[ဒီမိန်းမ ဘာပြသာနာရှာပြန်ပြီလဲ? ငါးဖမ်းကိရိယာမရှိဘဲ လက်ထဲကလောက်လေးဂွနဲ့တကယ်ဖမ်းမှာလား?]
[ဟုတ်လောက်တယ် ထင်တယ်၊ စောင့်ကြည့်ကြရအောင်]
စုဖေးဖေး ဖြည်းညှင်းစွာ လက်ကိုမြှောက်၊ အသက်ရှူသံညှိကာ ငါးဆီသို့ ချဉ်းကပ်သည်။ မီတာအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး ကမ်းခြေမှ ချွန်ထက်သော ကျောက်တုံးတစ်ခုကို ကောက်ယူကာ လောက်လေးဂွဆွဲပြီး ချိန်၏။
[စုဖေးဖေး က လောက်လေးဂွနဲ့ ငါးကိုသတ်မှာလား?]
[ငါးခေါင်း က အရမ်းမာတာ မသိဘူးလား?]
[ငါ ရယ်သေပြီ! ဒီနည်းလမ်း မကြားဖူးသေးဘူး!]
[စောင့်ကြည့်နေ! ဘာလို့ အဲလိုပြောရတာလဲ!]
ချွန်ထက်သော ကျောက်တုံး သည် ရေကိုဖောက်ထွင်းကာ ငါးခေါင်းထဲသို့ စိုက်ဝင်သွားပြီး ရေပေါ်တွင် ပူစီဖောင်းတန်းကျန်ရစ်ခဲ့သည်။ ငါး သည် ချက်ချင်း လှန်လဲသွားတော့သည်။
စုဖေးဖေး ငါးကိုကောက်ယူကာ ပိုင်စစ်လင်းထံ ပစ်ပေးလိုက်သည်။ "ယူထား။ ဒီနေ့နေ့လည်စာအတွက် လောက်ပြီ"
ပိုင်စစ်လင်း အတိအကျ ရှောင်ထွက်သွား၏။ ‘ဘုတ်’ခနဲ အသံနှင့် ငါး က မြေပြင်ပေါ် ကျသွား၏။ စုဖေးဖေး အထင်အသေးစွာ မကြည့်ခင် ခေါင်းလှည့်ကာ ကြည့်၏။
ဟုတ်သား၊ ဤလက်အောက်ငယ်သားက အညစ်အကြေးကို ရွံရှာသူပင်။ ညစ်ပတ်တာကို ကြောက်ရွံ့သော ယောက်ျားမျိုး ရှားပါးလှပေသည်။
သူမ စဉ်းစားမိပြီး ရေထဲမှ လေနှင့်အတူမျောပါလာသော ရေညှိအချို့ကို ဆယ်ယူကာ သူမ၏နောက်ကျောတွင် ချည်ထားသော သစ်ကိုင်းကို ထုတ်ယူပြီး ငါးခေါင်းပေါ်သို့ ချိန်လိုက်၏။
"ဘာလုပ်မလို့လဲ?" ပိုင်စစ်လင်း က အခြေအနေမကောင်းမှန်း သိသွားပြီး ထပ်မံဆုတ်ခွာရန် ကြိုးစားသည်။
[ငါ ရယ်သေပြီ! ဘာလုပ်မလို့လဲတဲ့!]
[ဘေဘီပိုင်တစ်ယောက် ... စုဖေးဖေးကြောင့် PTSD ဖြစ်တော့မယ်!]
[သူမခြေလှမ်းတိုင်းက မင်း မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ အခုတော့ ပျော်ပြီလား?]
[တစ်ယောက်ယောက် စုဖေးဖေးကို ထိန်းချုပ်ကြပါဦး! သူမနောက်တစ်ခါ ရူးသွပ်တော့မယ်ထင်တယ်!]
[ငါး က အသက်ရှင်နေသေးတယ်မလား?]
မျှော်လင့်ထားသည့်အတိုင်း စုဖေးဖေး က သူ့ကို လျစ်လျူရှုထားသည်။ အာရုံစူးစိုက်ကာ စွမ်းအားစုပြီး လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်!
သစ်ကိုင်း သည် ငါး၏ပါးစပ်ကို တစ်ချက်တည်း ထိုးဖောက်သွားလေသည်။
ပိုင်စစ်လင်း တုန်လှုပ်သွားသည်။
စုဖေးဖေး ၏ လှုပ်ရှားမှုများမှာ လျင်မြန်ပေါ့ပါးသည်။ ငါး၏ပါးစပ်မှတစ်ဆင့် ရေညှိကို ယူကာ ကောက်ယူပြီး ပိုင်စစ်လင်းထံ ကမ်းပေး၏။ "အခု ယူလို့ရပြီလား? ရေညှိ က သန့်တယ်၊ ငါးအနံ့လည်း မရှိဘူး"
ပိုင်စစ်လင်း ၏ လှုပ်ရှားမှုများ ခဏရပ်တန့်သွားပြီး မျက်လုံးများ က လျင်မြန်စွာ လှည့်ပတ်ကြည့်ရှုသည်။
ထိုအရာအားလုံးကို သူ့အတွက် လုပ်ပေးခဲ့ခြင်း…။
[သူ က တအားအလိုလိုက်ခံရတာပဲ!!!!!]
[တောင်းပန်ပါတယ် ဘေဘီပိုင်ရေ.. ဒီတစ်ခါတော့ ငါ စုဖေးဖေးကို နှစ်သက်သွားပြီ...]
[ရိုးရိုးသားသားပြောရရင် ငါလည်း သူမဆီ က အချစ်ခံချင်တယ်။ နင်လည်း ငါ့ကို ချစ်ပေးပါဦး ပေါင်ပေ့လေး!]
[အနည်းဆုံးတော့ စုဖေးဖေး မှာ အသိစိတ်တချို့တော့ရှိသားပဲ၊ ငါတို့ဘေဘီပိုင် အသန့်ကြိုက်တာကို သူမ မှတ်ထားတယ်!]
[အမတို့တွေ ဒီမကောင်းဆိုးဝါးမ အပေါ် သံသယပိုထားသင့်တယ်!]
[စုဖေးဖေး က မင်းတို့အပေါ် ကျိန်စာတိုက်ထားတာများလား?]
စုဖေးဖေး က နောက်ပြန်မကြည့်ဘဲ ပင်လယ်ထဲတွင် ဆက်လက်ရှာဖွေသည်။
ဤနေရာ က မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်နေပြီး ငါးများ အစာစားရန် လာမည်ကို စုဖေးဖေး သေချာနေသည်။
လှေတစ်စင်းရှိခဲ့ပါက ပြည့်ဝသော ရလဒ်များ ရရှိမည်မှာ သေချာသည်။
ကမ်းခြေပေါ်ရှိ ငါးငယ်အနည်းငယ်မှလွဲ၍ အခြားဘာမှ မတွေ့သဖြင့် စုဖေးဖေး ကြာမြင့်စွာ ရှာဖွေပြီးနောက် ကမ်းစပ်သို့ လှည့်ပြန်လာခဲ့သည်။
"သွားစို့၊ နေ့လည်ကျရင် သူတို့ကို ဖြေရှင်းရဦးမှာ”
[ဘယ်သူ့ကို ဖြေရှင်းမှာလဲ???]
[ဒါကို ဖြေရှင်းတယ်လို့ ခေါ်တယ်ပေါ့လေ???]
[ရန်ပိုင်တို့အပေါ် ရုတ်တရက် သနားမိသွားတယ်...]
[ဟုတ်တယ်... ရန်ပိုင်တို့ စုဖေးဖေးအပေါ် လှောင်တာကို စဉ်းစားမိတော့ ဒေါသထွက်တယ်... ဒါပေမယ့် အခုတော့.. ဘုရားသခင်! လူနာတင်ယာဉ် ခေါ်ကြပါ!... သူမအတွက် တော့ မဟုတ်ဘူး!]
[ဒီရိူးကြောင့် ငါ တကယ် ရယ်သေတော့မယ်။ နောက်ထပ် ဒီလိုမျိုး ရိူးတွေ ထုတ်ပေးပါဦး!]
[ရယ်ရတာက ကျွန်းကြောင့် မဟုတ်ဘူး၊ လူ့သဘာဝကြောင့်ပဲ၊ အထူးသဖြင့် စုဖေးဖေးရဲ့ သဘာဝ!]
[သူမရဲ့သဘာဝ မဟုတ်နိုင်ဘူး၊ သူမ က ဒရမ်မာဘုရင်မ ဖြစ်နေရုံပဲ!]
နေမင်းကြီး ထွက်လာခါစဖြစ်ချေသည်။ စုဖေးဖေး ခေါင်းမော့ကြည့်ပြီး လမ်းဘေးက အပင်များကို ဆွဲယူကာ ရက်လုပ်ရန် စတင်၏။
ပိုင်စစ်လင်း သည် စုဖေးဖေး၏ ထူးဆန်းသော အပြုအမူများကို အကျင့်ဖြစ်နေပြီဖြစ်လို့ သူမအနောက်မှ ၁-၂ မီတာ ခွာ၍ လိုက်လာသည်။ မိနစ်အနည်းငယ်အတွင်း ရိုးရှင်းသော ကောက်ရိုးဦးထုပ်တစ်လုံး သူ့ထံ ပေးလာခဲ့၏။
“ရော့၊ ဆောင်းထား”
ပိုင်စစ်လင်း ခေါင်းမော့ကြည့်လိုက်ရာ စုဖေးဖေး၏အဖြူရောင်မျက်နှာပြင်ကို တွေ့လိုက်ရသည်။
မိတ်ကပ်လုံးဝမလိမ်းဘဲ မျက်ခုံးမွှေးများ က ပြီးပြည့်စုံစွာ ပုံဖော်ထားသည်။ အသားအရေမှာ ပန်းရောင်ဖျော့ဖျော့ဖြစ်ပြီး နေပူထဲတွင် ပါးပြင်များ အနည်းငယ် နီမြန်းနေသည်။
ပိုင်စစ်လင်း ယူလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ကောက်ရိုးဦးထုပ် က စုဖေးဖေး၏ ဦးခေါင်းပေါ် ကျရောက်လာခဲ့သည်။
"ငါမပူဘူး" ဟု သူ ဖြေကာ ရှေ့သို့ လျှောက်သွားသည်။
[ဒီနှစ်ယောက်ကြား လေထုက ဘာလို့ ဒီလိုမျိုးလဲ...?]
[အပူငွေ့တွေပြည့်နေတာ!!]
[ငါသာ စုဖေးဖေးဆိုရင် နေရာမှာပဲ ၁၈၀ လှည့်ပြီး ကျေးဇူးတင်ကန်တော့မှာ!]
[ဒါကြောင့် နင် သူ့အာရုံကို ဘယ်တော့မှ မချိတ်နိုင်တာ!]
[စုဖေးဖေး အရမ်းပျော်နေမှာပဲ!]
"မပူဘူးလား?" စုဖေးဖေး၏ ခန္ဓာကိုယ်မှာ တစ်စက္ကန့်သာ ရပ်တန့်သွားပြီး ကောက်ရိုးဦးထုပ်ကို ပိုင်စစ်လင်း၏ ဦးခေါင်းပေါ် ထပ်မံအုပ်ပေးလိုက်သည်။
"ချွေးတွေပြန်နေပြီလေ၊ ဘာလို့ သန်မာချင်ဟန်ဆောင်နေတာလဲ?”
"ကျောက်ကပ်အားနည်းရင် လေ့ကျင့်ခန်းပိုလုပ်ရမယ်။ ဒါပေမယ့် နေပူထဲ ထွက်ခွင့်မပြုဘူး၊ ပြန်ရောက်ရင် ဆေးသောက်ဖို့ မမေ့နဲ့။ ဒီနေ့ဆေး ကို မနက်ကထဲက ကျိုထားပြီးသား၊ ထူးဆန်းလိုက်တာ အရင်တုန်းက ဝမ်းဗိုက်ကြွက်သားတွေ ရှိတာတွေ့မိပါတယ်၊ ဘာလို့ ဒီလောက်အားနည်းနေရတာလဲ?"
ကမ္ဘာကြီး ပြန်လည်ဆိတ်ဆိတ်သွားခဲ့သည်။
[ကျောက်ကပ်အားနည်း လို့ လေ့ကျင့်ခန်းလုပ်ရမယ်၊ နေပူထဲမထွက်ရ၊ ဝမ်းဗိုက်ကြွက်သားရှိတယ် ဒါပေမယ့်အားနည်းတယ်... နောက်ထပ် ဘာထပ်ပြောဦးမလဲ?]
[ဖေးဖေးရေ... ချိုမြိန်သွားပြီး နာကျင်အောင် ဘယ်လိုလုပ်လိုက်တာလဲ?]
[ဒါပဲ! သကာသုတ်ထားတဲ့ဓား ဆိုတာ ဒီလိုမျိုးကို ဆိုလိုတာပဲ!]
[ဘေဘီပိုင်အတွက် သနားတယ်။ စိတ်ထဲမှာ အားငယ်သွားမှာပဲ]
[ကျောက်ကပ်အားနည်းတဲ့အကြောင်း ပြောတာ ရပ်ဦးမလား! တစ်ယောက်ယောက် ကူညီပါ၊ ရယ်လို့မရပ်နိုင်တော့ဘူး!]
[ရယ်လို့ ဝမ်းဗိုက်ကြွက်သားတက်လာပြီ။ ပေါင်ပေ့ရေ၊ အဓိကအချက်ကို ရောက်အောင် သူ့ကိုနမ်းလိုက်တော့!]
[ထပ်ပြောပါမယ်! ငါတို့ဘေဘီပိုင် က ကျောက်ကပ်မအားနည်းပါဘူး။ သူ့ခန္ဓာကိုယ် အခြေအနေအရမ်းကောင်းတယ်!!!!]
[မနက်ဖြန် သတင်းခေါင်းကြီးပိုင်းအတွက် တွေးပြီးသွားပြီ - "ပရိသတ်အနုပညာရှင်တစ်ဦး ရုပ်ရှင်ဘုရင်၏ ကျောက်ကပ်အားနည်းမှုကို အလွန်အမင်းစွဲလမ်း၊ နေ့စဉ်ဆေးရည်များပို့ဆောင်"
[ဖေးဖေး က တကယ်ပဲ လူပျက်ကြီး!]
ပိုင်စစ်လင်း ချက်ချင်း စကားမဆက်နိုင်တော့ဘဲ နေရာတွင်ရပ်နေခဲ့သည်။ စုဖေးဖေး၏ ကျောပြင်ကို ကြည့်ပြီး ခဏအကြာတွင် ပြုံးရယ်နေခဲ့သည်။ ထို့နောက် သူ၏ဦးထုပ်ကို ဖြောင့်တန်းအောင် လက်ဖြင့် ချိန်ကာ ရှေ့သို့ လျှောက်သွားလေသည်။
[ဖာ့ခ်! ဒီအပြုံးလေးကို က ...!]
["အေး... ဇနီးဖြစ်သူပြောတာ နားထောင်မယ်" ဆိုပြီး ကောက်ချက်ချလိုက်မှာပဲ!]
[ငါပျောက်သွားပြီး ငါ့သင်္ဘောကောင်းကင်ကို ရွက်လွှင့်နေပြီ!]
နှစ်ဦးစလုံး ပစ္စည်းများယူ၍ စခန်းသို့ ပြန်ရောက်သောအခါ ခုတ်ထားသော သစ်ပင်ကြီးများနှင့် တောဟင်းသီးဟင်းရွက်များ စုပုံနေပြီဖြစ်သည်။
စုဖေးဖေး က အစောပိုင်းက ထန်ထန်အား ခူးရန် ဆေးပင်၂မျိုး ပေးထားခဲ့သည်။ တစ်မျိုးမှာ အလွယ်တကူအသိအမှတ်ပြုနိုင်သော တရုတ်ဆေးဖက်ဝင်ပင် ဖြစ်သည်။ မျှော်လင့်မထားဘဲ ထန်ထန် ဟင်းနုနွယ်ရွက်နှင့် မှားယွင်းကာ ၃-၄ ပင် ခူးမိခဲ့သည်။
သူမ လျှောက်လာကာ အပြုံးဖြင့် ဆိုသည်။ "အများကြီးခူးလာတာပဲ၊ ဗိုက်ဆာနေလား?"
ထန်ထန် ခေါင်းညိတ်ပြီး ပြန်ငြင်းသည်။ "ဗိုက်မဆာဘူး! သစ်ခုတ်နေတဲ့ ဦးလေးတွေ က ပိုဆာနေတာ!"
စုဖေးဖေး မျက်နှာပေါ်က အပြုံးနက်ရှိုင်းလာကာ ထန်ထန်၏ ဦးခေါင်းကို ပုတ်ပေးလိုက်သည်။
"အမှတ်လဲဖို့ ယူသွားတော့။ ဒီနေ့ ဆေးပင်တွေ အများကြီးခူးလာတယ်"
ထန်ထန်၏ မျက်လုံးများ တောက်ပလာကာ မေးလေ၏။ "တကယ်လား? ညီမ တကယ်ပဲ ဆေးပင်တွေ အများကြီးခူးလာတာလား?"
စုဖေးဖေး ပြုံးပြလျက် ခေါင်းညိတ်သည်။
ထန်ထန် အရမ်းပျော်သွားပြီး မြေပြင်မှ ၃ ပေ ခန့် ခုန်ပေါက်တော့သည်။ ဟင်းသီးဟင်းရွက်အပုံနှစ်ပုံဆီသို့ ခုန်သွားကာ မေးသည်။
"ခေါင်းဆောင်၊ ဘယ်အပုံကို ယူရမလဲ?"
စုဖေးဖေး ဘယ်ဘက်အပုံကို လက်ညိုးထိုးပြ၏။
"ရေး!" ထန်ထန် အော်ဟစ်ပြီး လဲလှယ်ရာကောင်တာ ဆီသို့ ခုန်ပေါက်သွားတော့သည်။
ဆေးပင် ၃ ပင် လျှင် အမှတ် ၃၀ ရသည်။
အမှတ် ၃၀ ရသွားချိန်တွင် ထန်ထန် ပြန်ရောက်လာပြီဖြစ်သည်။
စုဖေးဖေး ရပ်လိုက်ကာ ထန်ထန်အား ပြုံးပြ၏။
"အိုး၊ ဓား၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်တွေ သွားဝယ်။ ဒီနေ့ ကောင်းကောင်းစားကြမယ်!"
သစ်ခုတ်နေသော ယောက်ျားကြီး ၃ ဦး မှာ ထက်မြက်သောနားရှိသူတွေဖြစ်လို့ ပုဆိန်များကို ချက်ချင်းချကာ မေးကြသည်။
"ထမင်းစားဖို့ အချိန်ရောက်ပြီလား?"