no

Font
Theme

Chapter 40

[ဆယ်လီတစ်ဦး က စီးပွားရေးလုပ်ငန်းရှင်အပေါ် အခုလို ဆက်ဆံတာ ကို ငါ ပထမဆုံးမြင်ဖူးတာပဲ]

ဤမြင်ကွင်းကို ကြည့်ရူရန် လူအုပ်ကြီး က စုရုံးလာပြီး အရှိန်ပြင်းပြင်းမြင့်တက်လာခဲ့၏။

ရွှံ့ရေတွေကို နှိုးဆော်ဖို့ စျေးကွက်ဌာနက ငှားရမ်းထားတဲ့ black fan တချို့ပင် ရှိခဲ့၏။

[ဟဲလင်းဖုန်းကို မှတ်မိကြလား? သူ က ကင်မရာပေါ်မှာ တချိန်လုံးရှိနေတာလေ၊ အရမ်းကို ချစ်ဖို့ကောင်းလို့ ငါ ကလေးကို အမြဲကြည့်နေခဲ့တာ၊၊ ဒါပေမဲ့ ကလေး က တိတ်တဆိတ်နေတက်ပြီး ချုပ်တည်းထားတက်တာကို သိလိုက်ရတယ်၊ ကလေးမှာ မိဘမရှိပဲ မူကြိုကျောင်းအပေါ် မှီခိုနေရတာကြောင့် တိတ်တဆိတ်ခံစားနေရရှာမှာ]

[ရှန်းဝေ က ဟဲလင်းဖုန်း ကို လူသိရှင်ကြား ထုတ်ဖော်ပြသဖို့ အသုံးချခဲ့ပေမယ့် နာမည်ကြီးလာပြီးနောက်မှာတော့ ဟဲလင်းဖုန်း ထွက်ပေါ်လာတာကို ရပ်တန့်ခဲ့တယ်၊ အဲကလေးလေး ကို ကယ်တင်ကြရအောင်၊ နာမည်ကြီးမူကြိုကျောင်းမှာ ဘယ်လိုဆက်ဆံခံနေရသလဲ ကို တွေးကြည့်လို့ မရဘူး]

၂ ရက်အကြာတွင် ဤစီးပွားရေးကုမ္ပဏီ သည် 'ကြယ်ကောင်းကင်မူကြိုကျောင်း' သို့ ပြင်းထန်စွာ ရိုက်ခတ်နိုင်သည့် ထောင့်တစ်ခုစီ တွန်းပို့ခဲ့၏။

အမေအသိုင်းအဝိုင်းမှာ ဒေါသထွက်ရန် အလွယ်ဆုံးဖြစ်ချေသည်။

အထူးသဖြင့် တစ်စုံတစ်ဦး က ကလေးများ ကို ပစ္စည်းတဖွယ် အသုံးချလာသောအခါတွင် ဖြစ်၏။ ချက်ချင်းပင် အမေများ မှာ စိတ်ရူပ်သွားကြတော့သည်။

ဘယ်သူ့ကလေးပဲဖြစ်ဖြစ်၊ သူတို့ကိုယ်တိုင် အခြေအနေကို ချက်ချင်း မှန်းဆတယ်။

သူတို့ဟာ အဆုံးမရှိဘူး။ သို့သော် မူကြိုကျောင်း၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရူကြသည့် သက်တမ်းကြာရှည်နေသော ဖန်တချို့ကမူ သည်းမခံနိုင်ကြတော့။

သူတို့ က လိုင်းပေါ် တက်၍ ချက်ချင်း ကြောငြာကြသည်။- [မူကြိုကျောင်း စတင်တိုက်ရိုက်ထုတ်လွှင့်ကတည်းက ငါ ရှိခဲ့တာ၊ နင်တို့ ပြောသလို မဟုတ်ဘူး]

[ဟဲလင်းဖုန်း က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်မလာချင်တာကြောင့် မပေါ်လာတာ၊ ငါတို့ က ကလေးတွေရဲ့ဆန္ဒ ကို လေးစားပေးရမယ်]

[အရင်က မီးဖိုချောင်ဂိမ်းကစားတုန်းကလည်း သူ က ကင်မရာဆီ ယုံယုံကြည်ကြည်မျက်နှာချင်းဆိုင်ပြီး ဖူပေါင်းကို အနီရောင်ပန်းပွင့်လေး ပေးခဲ့တာ၊ နေ့တိုင်းအနိုင်ကျင့်ခံရတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?အမှန်တရားကို မျက်လုံးဖွင့်ကြည့်လိုက်ပါ၊ မုန်းတီးရေးသမားတွေရေ]

[ဟုတ်တယ်၊ တခြားသူတွေ ဒုက္ခရောက်တယ်လို့ ဝေဖန်နိုင်ပေမဲ့ ‘ကြယ်ကောင်းကင်မူကြိုကျောင်း’ က ကလေးတွေ ဒုက္ခရောက်နေတယ်လို့ မဝေဖန်နဲ့၊ ငါ လုံးဝမယုံဘူး!]

[စားဖိုမှူးတွေက သူတို့အတွက် ကိုယ်တိုင်ချက်ပြုတ်ပေးပြီး နေ့တိုင်း ယွမ် ၂ သန်းတန် ကျောင်းဘတ်စ်ကားကို စီးကြရတယ်၊ ယွမ်ထောင်ချီတဲ့အရုပ်တွေ နဲ့ လှည့်ပတ်ပြေးဖို့ မြက်ခင်းကျယ်ကြီး ရှိတယ်။ အဲဒါကိုမှ ဒုက္ခရောက်နေတယ်လို့ ခေါ်ရင် ကျေးဇူးပြုပြီး ငါ့ကို အဲဒုက္ခထဲ ထားပေးကြပါ!]

[လူတွေက 'ကြယ်ကောင်းကင်မူကြိုကျောင်း'က ကလေးငယ်တွေ အနိုင်ကျင့်ခံနေရတယ်လို့ စွပ်စွဲခဲ့ဖူးပေမဲ့ အာဏာပိုင်တွေက အချက်အလက်တွေကို အတည်ပြုပေးပြီးသား၊ သူတို့အပေါ် အသိဥာဏ်မဲ့စွာ အသရေဖျက်နေတာလား? ဒါမှမဟုတ် တာဝန်ရှိသူတွေကို မေးခွန်းထုတ်နေတာလား?]

မုန်းတီးရေးသမားတွေ က အဲဒီမေးခွန်းကို မဖြေရဲကြပေမယ့် တစ်ဖက်သားရဲ့ ငြင်းခုံမှုကိုလည်း လက်မခံကြဘူး။ မကြာခင်မှာပဲ နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် ပုတ်ခတ် ပြောဆိုလာကြတယ်။

လျင်မြန်စွာ အလုံးစုံစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်!

ယခင် က အဝတ်အစားတံဆိပ်တစ်ခု ၏ အငြင်းပွားမှုလွှမ်းမိုးနိုင်စွမ်းကြောင့် ဤပြသာနာမှာ ကျော်ကြားလို့နေပြီ ဖြစ်ချေသည်။ ယခု လူတိုင်း က မူကြိုကျောင်း ကို တိုက်ခိုက်ရန် အာရုံစိုက်နေကြပြီး အဘယ်ကြောင့် ဟဲလင်းဖုန်း အား ပေါ်လာခွင့်မပေးသနည်းဟု မေးကြသည်။

ပြောလို့ မဖြစ်တဲ့ လျှို့ဝှက်ချက် ရှိနေတာများလား?

တချို့က ကလေးကို ‘ဒီမီးတောက်နေတဲ့တွင်းထဲမှ လွတ်မြောက်အောင်’ ကူညီပေးချင်ကြတယ်။

ဒီကိစ္စ၏ အရှိန်အဟုန် က သိပ်မြန်ဆန်သောကြောင့် ရှန်းဝေ သည် ဤကိစ္စနောက်ကွယ်၌ ဘယ်သူမှမရှိဘူးဆိုတာ မယုံကြည်ဘူး။

သခင်လေးကု သည် ဤနေရာတွင် ရက်အနည်းငယ်ကြာနေခဲ့သည်။ ဤမူကြိုကျောင်း ဟာ အလွန်သက်တောင့်သက်သာရှိပြီး ထူးခြားကောင်းမွန်သည်ကို သူတွေ့ရှိခဲ့သည်။

ကုချင်းရန်၏မိသားစုစီးပွားရေးကို အမွေမဆက်ခံလိုသော အကြောင်းရင်းမှာ ရှုပ်ထွေးလွန်းပြီး အမျိုးမျိုးသော အင်အားစုများကြား အဆက်မပြတ် ရုန်းကန်နေရသောကြောင့် အလွန်ပင်ပန်းလွန်း၍ ဖြစ်ချေသည်။

သူမ၏စေ့စပ်လက်တွဲဖော်အနေဖြင့် ဤနေရာသို့ လာခဲ့ပေမဲ့ သူ က ဤနေရာတွင် အလုပ်လုပ်ရန် တဖြည်းဖြည်း နှစ်သက်လာခဲ့သည်။

အခု ဒီနေရာကို တစ်စုံတစ်ယောက် နှောင့်ယှက်ဖို့ ကြိုးစားနေတဲ့အတွက် သူ က ဒေါသတကြီးဖြင့် သူ့အစ်ကိုကြီး ထံ ချက်ချင်းဖုန်းခေါ်ဆိုခဲ့သည်။ “အဲဒီနောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ စုံစမ်းပေးပါဦး"

"နားလည်ပြီ!" သူ့အစ်ကိုကြီး က ကျေကျေနပ်နပ်ကြီး သဘောတူတယ်။

ယခင်အွန်လိုင်းတိုက်ခိုက်မှုထဲတွင် လူတိုင်း က အလွန်စိုးရိမ်ခဲ့ကြသည်။ သို့သော် ဒီတခေါက်ဖြစ်ပျက်လာတဲ့အချိန်မှာ အားလုံးက အစည်းအဝေးခန်းထဲမှာ အေးအေးဆေးဆေး ရှိနေခဲ့သည်။

အရင်ကလောက် စိတ်မရူပ်တော့ဘူး။

သူတို့သည် မုန်တိုင်းကြီးများကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးအကြိမ်သည် ဤတစ်ကြိမ်ထက်ပင် ပို၍ပြင်းထန်သော်လည်း ဇွဲမလျှော့ကြပေ။ သူတို့ ဒီဟာကို မဖြတ်ကျော်နိုင်စရာ အကြောင်းမရှိဘူး။

ရှန်းဝေ မည်သို့ကိုင်တွယ်မည်ကို လူတိုင်း မြင်ချင်ကြ၏။

"အခုအချိန်မှာ အကောင်းဆုံးဖြေရှင်းချက်က ကလေးထွက်လာပြီး ရှင်းရှင်းလင်းလင်းပြောဖို့ပဲ"

သို့သော် ရှန်းဝေ က သဘောမတူဘူး။

အင်တာနက်သုံးစွဲသူတွေ က ကယောင်ချောက်ချားဖြစ်နေကြလို့ သူမ ဘာပဲပြောပြော ကျေနပ်မှာမဟုတ်ဘူး။

ထို့အစား ကိုယ်ကိုကိုယ် သက်သေပြရန် ထောင်ချောက်ထဲသို့ ကျရောက်သွားမှာ ဖြစ်ပြီး သူတို့ထံမှ သက်သေပြရန် အကြိမ်ကြိမ်တောင်းဆိုခံရလိမ့်မည်။

အဆုံးမဲ့ ဖြစ်လာလိမ့်မည်။ သူတို့ ပုံမှန်အလုပ်တွေတောင် လုပ်နိုင်ကြမှာ မဟုတ်ဘူး!

"ဒီနည်းလမ်းက အသုံးဝင်ပေမယ့် မလိုအပ်ဘူး။ ကျွန်မတို့ က အရွယ်ရောက်ပြီးသားလူတွေပါ၊ ကလေးတစ်ယောက်ကိုတော့ သေချာပေါက် ကာကွယ်နိုင်တယ်"

ထို့အပြင် ဟဲလင်းဖုန်း က ကွန်ပျူတာသိပ္ပံကို အထူးစိတ်ဝင်စားပြီး တက္ကသိုလ်အဆင့်ရှိ သင်တန်းများကို စတင်သင်ကြားနေပြီ ဖြစ်၏။

လွန်ခဲ့သည့်လအနည်းငယ်ကပင် သူ က စာမတက်မြောက်ဖြစ်နေဆဲဖြစ်လို့ လျင်မြန်သောတိုးတက်မှုသည် ပါရမီရှင်များနှင့်ပတ်သက်လို့ သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်ချေသည်။

ရှန်းဝေ က သူ့ကို အကာအကွယ်ပေးပြီး ပြင်ပက ဝင်ရောက်စွက်ဖက်မှုကို တားဆီးချင်ခဲ့တယ်။

သို့သော် မုန်းတီးရေးသမားတွေ က အရူးအမူး တိုက်ခိုက်ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။

နောက်တစ်နေ့မှာတော့ မူကြိုကျောင်း၏ပုံမှန်တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့၏။

တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်နှင့်တစ်ပြိုင်နက်၊ ယခင်တိုက်ရိုက်ထုတ်လွှင့်မှုထက် လူ ၅၀,၀၀၀ကျော် ပိုလာခဲ့သည်။

ကလေးတွေ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ဒါမှမဟုတ် အွန်လိုင်းမှာ နောက်ပြောင်တဲ့လူငယ်တွေအကြောင်း ချီးမွမ်းမှုတွေ ပြည့်နှက်နေတဲ့ စခရင်အောက်ခြေရှိ မှတ်ချက်ကဏ္ဍ သည် ယခုအခါ စော်ကားမှုများဖြင့် ပြည့်နှက်နေသည်။

သစ္စာရှိကြည့်ရှုသူများစွာ က ရှန်းဝေ မှ အခြေအနေကို ရှင်းလင်းစွာရှင်းပြလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။

ရှန်းဝေ က "ဒီအဖြစ်အပျက်က အမှန်မဟုတ်ဘူး" ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောခဲ့တယ်။

သူမ က တခြားဘာမှ မပြောဘူး။

ဒါကိုမြင်တော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် မုန်းတီးသူတွေ သည် ပိုလို့တောင် စိတ်လှုပ်ရှားလာခဲ့တယ်။

[ဘာပြောရမှန်းမသိဘူးလား၊ အကြောင်းပြချက်ကောင်းကောင်းနဲ့ မလာဘူးလား?]

[ဟုတ်တယ် ကလေးက တခြားကလေးတွေနဲ့ ဘာလို့ စာမသင်တာလဲ?]

[ဒီခေတ်ကြီးမှာ ကလေးကို စာသင်ကြားခွင့်မပေးဘူးတဲ့၊ နင် ဘာတွေ တွေးနေတာလဲ?]

[ဟဲလင်းဖုန်း က ချစ်ဖို့ကောင်းတယ်လို့ ငါထင်ခဲ့တာ၊ အခုတော့ ဘယ်လောက်သနားစရာကောင်းလဲဆိုတာ ငါနားလည်သွားပြီ]

ရှန်းဝေ က ပုံမှန်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက်ပြုလုပ်နေသော်လည်း ကြည့်ရှုသူများသည် အမျိုးမျိုးသောအကြောင်းအရာများကို ပြောဆိုကြပြီး လေထုကို အလွန်ရှုပ်ထွေးစေခဲ့၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက်ပြောလာသည်။- [အိုး၊ ကြည့်ပါဦး၊ တစ်ယောက်ယောက် က ရှောင်မုရူန်း မှာ ကြေငြာချက်တစ်ခုတင်ခဲ့တယ်]

[ဘာများလဲ?]

ရှန်းဝေ သည် တိုက်ခိုက်သူတစ်ယောက် ဟု ထင်ခဲ့သည်။ သို့သော် သူမကို ပံ့ပိုးပေးမယ့်သူတစ်ယောက် အား နောက်ဆုံးမှာ ဖမ်းဆုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ရှန်းဝေ သည် မူကြိုကျောင်းရှိ မည်သူ့ကိုမျှ ကြေညာချက်ထုတ်ရန် မတောင်းဆိုခဲ့ပေ။

မထင်မှတ်ပဲ၊ သူမကို အကာအကွယ်ပေးနေတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတော့ သူမရဲ့ စူးစမ်းချင်စိတ်ကို ဖြစ်ပေါ်လာစေခဲ့၏။

ထို့နောက် သူမသည် ဖုန်းတွင် ရှောင်းမူရူန်း ကို ရှာဖွေခဲ့ပြီး ရှောင်းမူရူန်း၌ ထိပ်တန်းရေပန်းစားနေသည့်အရာမှာ စုကျင်း ထံမှ ထုတ်ပြန်ချက်တစ်ခုဖြစ်သည်။

[အွန်လိုင်းမှာ ဖြစ်ပျက်နေတာတွေကို မြင်ပြီး အရမ်းဒေါသထွက်မိပါတယ်၊ ဟဲလင်းဖုန်း က ဘာကြောင့် ပုံမှန်ကလေးတွေနဲ့ ကျောင်းမတက်ရလဲဆိုတာကို အမှန်အတိုင်း ပြောပြပါရစေ။ သူက မူလတန်းနဲ့ အလယ်တန်းသင်ရိုးညွှန်းတမ်းတွေကို လေ့လာထားပြီးသားပါ၊ ၁+၁=၂ သင်ယူဖို့ အလယ်တန်းကျောင်းသားတွေ ဆန္ဒရှိသလား လို့ မင်းတို့ မေးကြည့်ကြပါ၊ သူတို့ ဆန္ဒရှိပါ့မလား?]

['ကြယ်ကောင်းကင်မူကြိုကျောင်း' က ကလေးတွေကို ညှဥ်းပန်းနှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်]

[ရှန်းဝေ က ဟဲလင်းဖုန်းရဲ့အထူးအရည်အချင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး တနာရီကို ယွမ်၂၀၀ကျသင့်တဲ့ ကျုရှင်ဆရာကို စီစဥ်ပေးခဲ့တယ်၊ မင်းတို့ကလေးကို ကျုရှင်သင်ပေးဖို့ ဤမျှဈေးကြီးတဲ့ပမာဏပေးဖို့ ဆန္ဒရှိမရှိ ကို ကိုယ့်ကိုကိုယ်သာ မေးကြည့်ကြပါ]

ထို့နောက် ကျူရှင်ပလက်ဖောင်း၏ မှတ်တမ်းများကို မျှဝေခဲ့သည်။

ယွမ် ၂၀၀ ကျူရှင်ကြေး သည် ထိုအချိန်က သူတို့၏ ပလက်ဖောင်းပေါ်တွင် လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သည်။

သူ့တွင် ဟဲလင်းဖုန်း နှင့် ဟဲလင်းဖုန်း၏အိမ်စာတာဝန်များကို ထမ်းဆောင်နေသည့် ဗီဒီယိုတိုများပင် ရှိခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment