Chapter 27
အွန်လိုင်းတွင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သော ပေါက်ကွဲစေတတ်သော မူကြိုကျောင်းဖြစ်ရပ် က မမျှော်လင့်ပဲ ပြီးဆုံးသွားခဲ့၏။
ပထမတော့ သာမန် အင်တာနက်သုံးစွဲသူတွေက အမှန်တရားကို နားမလည်ဘဲ ရှန်းချင်းချင်း ကြောင့် မူကြိုကျောင်း အား ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
မူကြိုကျောင်း က ကလေးတွေအပေါ် အနိုင်ကျင့်စော်ကားမှာ စိုးတာကြောင့် လူတိုင်း မှာ ရည်ရွယ်ကောင်းများနှင့် ဖြစ်၏။
အွန်လိုင်းနှောင့်ယှက်မှု ကျူးလွန်သူဖြစ်သွားခဲ့သည် အား သူတို့ကိုယ်သူတို့ နည်းနည်းတောင် မသိချေ။
အင်တာနက်အသုံးပြုသူများ သည် အသုံးချခဲ့ရသည့် ခံစားချက်ကြောင့် ဒေါသထွက်နေခဲ့ကြသည်။
‘ကြယ်ကောင်းကင်မူကြိုကျောင်း’ အပေါ် အပြစ်ရှိစိတ် အား သိမ်မွေ့စွာ ခံယူထားကြသည်။
သူတို့ သည် ပိုက်ဆံနည်းနည်းလှူချင်ပေမယ့် ရှန်းဝေ က သူမ အသက်ရှင်နေသရွေ့ ပိုက်ဆံမလိုအပ်ကြောင်း ပြောခဲ့သည်။
သူမ၏ အိမ်ထဲ နှင့် အဆောက်အဦးအတွင်း၊ အပြင်ဘက်ရှိ အလှဆင်မှုများနှင့် ကြည့်လိုက်လျှင် သူမပြောသည့်စကားက အမှန်ဖြစ်ပုံရသည်။
လူတိုင်းမှာ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ပြောဖို့ နေရာမရှိချိန်မှာပဲ သတိပေးချက်တစ်ခုက လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။
‘ကြယ်ကောင်းကင်မူကြိုကျောင်း’၏ တရားဝင်ဗီဒီယိုအတိုအကောင့်ကိုကြေငြာခဲ့ခြင်းပင်။- [ကျွန်မတို့ တကမ္ဘာလုံးက ကြီးကြပ်စစ်ဆေးတာကို လက်ခံလိုတာကြောင့်၊ မနက်ဖြန်မှစတင်၍ နေ့စဥ် သုံးနာရီကြာ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်]
‘ကြယ်ကောင်းကင်မူကြိုကျောင်း’ က ပို၍ပွင့်လင်းမြင်သာမှုရှိလေလေ၊ အင်တာနက်အသုံးပြုသူများမှာ အပြစ်ရှိသလိုခံစားရလေလေဖြစ်သည်။
[ငါတို့ မင်းကို အခုယုံပြီ၊ အဲလိုလုပ်ဖို့ မလိုပါဘူး] – ရှောင်ချီ သည် ဝေဖန်သူတွေထဲက တစ်ယောက် ဖြစ်သည်။
အဲဒီကာလမှာ သူမဟာ မူကြိုကျောင်း အား ကီးဘုတ်စစ်သည်တော်လို ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ပြီး အခုချိန်မှာတော့ ဒီစာကြောင်းကို အွန်လိုင်းမှာ ကမန်းကတန်း တင်လိုက်တာကြောင့် မကြာခင်မှာပဲ ထိပ်တန်း မှတ်ချက်ပေးသူအဖြစ် သတ်မှတ်ခံခဲ့ရတယ်။
အချို့သောလူများက [မူကြိုကျောင်းကောင်းတစ်ကျောင်းပဲ၊ အဲဒီ ရှောင်လွှဲသူတွေထက် အများကြီး ပိုကောင်းတယ်] ဟုလည်း နှစ်သိမ့်ခဲ့သည်။
ဤမူကြိုကျောင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဘယ်လိုဖြစ်မလဲဆိုတာကို သိချင်သောလူများလည်း ရှိ၏။
ရုတ်တရက်ဆိုသလိုပင် ‘ကြယ်ကောင်းကင်မူကြိုကျောင်း’ အား မနက်ဖြန် ၉ နာရီမှာ တိုက်ရိုက် ထုတ်လွှင့်တော့မယ့် သတင်းဟာ လူသားတွေရဲ့ ရေပန်းစားတဲ့ ရှာဖွေမှုစာရင်း ၌ ထူးထူးခြားခြား ထိပ်ဆုံးကို ရောက်ရှိသွားတော့သည်။
ကြိုတင်စာရင်းသွင်းပြီး ကြည့်ရှုရန် ကလစ်နှိပ်သူဦးရေ ၂၀၀,၀၀၀ သို့ရောက်ရှိခဲ့ပြီး မြင့်တက်နေဆဲဖြစ်၏။
‘ကြယ်ကောင်းကင်မူကြိုကျောင်း’ တွင် ရှန်းဝေ က လူတိုင်းကို တိုက်ရိုက်ထုတ်လွှင့်သည့် စက်ပစ္စည်းအမျိုးမျိုးကို တပ်ဆင်ရန် ဦးဆောင်ခဲ့သည်။
ဤစက်ပစ္စည်းများကို စနစ် မှ ချီးမြှင့်ထားတာ ဖြစ်၏။ အလွန်အဆင့်မြင့်သောကြောင့် ပရော်ဖက်ရှင်နယ် အသံသွင်းခြင်းနှင့် ထုတ်လုပ်ခြင်းနောက်ပိုင်းကိစ္စ မလိုအပ်ဘူး။ စနစ် က အစစအရာရာ ဂရုစိုက်လိမ့်မည်။
ယခုအခါ စနစ် နှင့် ရှန်းဝေ က တူညီသောကံကြမ္မာကို မျှဝေထားသူများဖြစ်ကြသည်။ ရှန်းဝေ၏ ရမှတ်များ မြင့်မားလေ၊ စနစ် အတွက် အကျိုးကျေးဇူးများလေဖြစ်သည်။
ထို့ကြောင့် သူမ သည် ဤကိစ္စများ၌ စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားသည်။
ထို့အပြင် စနစ် ထက် မည်သူမျှ ပိုမိုကောင်းမွန်အောင် မလုပ်နိုင်ဟု ယုံကြည်ထား၏။ ၎င်း က ခေတ်ကို ကျော်လွန်သော အဆင့်မြင့်ဆုံး AI ဖြစ်သောကြောင့် ဖြစ်သည်။
အခြားသောမူကြိုကျောင်းများ သည် 'ကြယ်ကောင်းကင်မူကြိုကျောင်း' ထိခိုက်စေဖို့ မျှော်လင့်ကာ ဤအဖြစ်အပျက်၏ အရှိန်ကို မြှင့်တင်ရန် ကြိုးစားခဲ့ကြသည်။
မထင်မှတ်ပဲ သူတို့ အား ကူညီသလို ဖြစ်ခဲ့ကာ များပြားသောလူများစွာ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်စေခဲ့သည်။
ထိုသို့သောမူကြိုကျောင်းလေးအတွက် ငွေဖြုန်းခဲ့ကြသူများဖြစ်သောကြောင့် နောင်တရသွားခဲ့ကြသည်။
သို့သော် 'ကြယ်ကောင်းကင်မူကြိုကျောင်း' က ဒီအခြေအနေကို သူတို့ရဲ့ အားသာချက်အဖြစ် ပြောင်းလဲခဲ့တယ်။
တခြားမူကြိုကျောင်းအုပ်များ သည် မနာလိုဖြစ်ကာ သက်ပြင်းချလိုက်ကြသည်။ “'ကြယ်ကောင်းကင်မူကြိုကျောင်း'မှာ လမ်းညွှန်ပေးတဲ့လူ ရှိကို ရှိရမယ်”
သာမာန်လူများသည် ဤလိုင်းပေါ်က ပိတ်ဆို့မှုကို အမှန်တကယ် မကိုင်တွယ်နိုင်ဘူး။
တခြားလူများ က ပြောကြသည်။ “ငါတို့မူကြိုကျောင်းလည်း တိုက်ရိုက်ထုတ်လွှင်ရင်ကော?” ဤလမ်းကြောင်းပေါ်စီးနင်းပြီး ငွေရှာဖို့ ဘာကြောင့် မလုပ်ရမှာလဲ?
သို့သော် တခြားမူကြိုကျောင်းများ က ‘နိုး’ ဟု ပြောခဲ့ကြသည်။ ဒီလို တိုက်ရိုက်ထုတ်လွှင့်မှုကို သူတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုက ကောင်းရင် အဆင်ပြေတယ်! ဒါပေမဲ့ လွဲချော်တာတစ်ခုခုရှိခဲ့လို့ အွန်လိုင်းအသုံးပြုသူများ မြင်သွားခဲ့ရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ်။
တစ်နေ့တာ၏အဆုံးတွင် သူတို့ ဟာ ရှန်းဝေလောက် ပွင့်လင်းမှု မရှိခဲ့ဘူး။
တခြားမူကြိုကျောင်းများ က စိတ်တိုရုံမျှသာ ဖြစ်၏။
ရှန်းဝေ က မူကြိုကျောင်းတည်ထောင်နေတယ်ဆိုတာ သူတို့ ကြားသိလိုက်ရသောအခါ သူမကို အထင်သေးကြတယ်။ "ကလေးမ က ငါတို့ နယ်မြေထဲ ခြေဆန့်တယ်လား? ဒါက သူမအတွက် နေရာတစ်ခုလို့ ထင်နေတာလား?”
သူတို့ ဟာ သူမမျက်နှာကို ရိုက်ချရန် အမှန်တရားကို စောင့်မျှော်နေခဲ့သည်။ သို့သော် မထင်မှတ်ပဲ ရိုက်ချခံရသည်မှာ သူတို့မျက်နှာတွေ ဖြစ်နေခဲ့ကြတယ်။
'ကြယ်ကောင်းကင်'မူကြို က ဤမျှကြီးမားသောအကျိုးအမြတ်များကို ရိတ်သိမ်းသည်ကို ကြည့်ရင်း စတင်ခဲ့ကတည်းက သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များ အပေါ် စတင်သံသယရှိလာတော့သည်။
"လူငယ်တွေ တကယ်ပဲ လှည့်စားတတ်ပါလား!”
အွန်လိုင်းပေါ်က ဒီလိုပရိုမိုးရှင်းကြောင့် 'ကြယ်ကောင်းကင်'မူကြို က တိုက်ရိုက်နာမည်ကြီးတော့မှာ! ဤလှိုင်းလုံးကြီး လုပ်ဖို့ က ၁၀ သန်းကျော်ဖိုးရှိသည်ဟု ဆိုသည်။
ပြီးတော့ 'ကြယ်ကောင်းကင်မူကြိုကျောင်း' က အဲဒါအားလုံးကို အခမဲ့ရခဲ့တယ်။ အဲဒါကို ပိုတွေးလေ ဒေါသဖြစ်ရ၏။
'ကြယ်ကောင်းကင်မူကြိုကျောင်း' က တိုက်ရိုက်ထုတ်လွှင့်တော့မယ်ဆိုတာကို ကြားသိရတဲ့အခါ နယ်ပယ်တူက လူများ သည် မနက်စာတောင် မစားနိုင်ခဲ့ကြဘူး။
ဆရာမထန်ရဲ့သူဌေးဟောင်းတောင် ဒေါသထွက်နေခဲ့၏။
သက်လတ်ပိုင်း ဒါရိုက်တာတစ်ဦး က မိသားစုအဖွဲ့နှင့် ဆရာအဖွဲ့တွင် တိုက်ရိုက်ပြောကြားခဲ့သည်။- [အခုချိန်ကစလို့ လူတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်သင့်ပြီး ချိုးဖောက်မှုများ တွေ့ရှိပါက သတင်းပို့ပေးကြပါ၊ အောင်မြင်တဲ့ အစီရင်ခံစာတစ်ခုစီအတွက်၊ ငါ ဆုငွေ ယွမ် ၅၀ ပေးမယ်]
လူများ မယုံနိုင်အောင် များပြားလွန်းသဖြင့် ပြသာနာတစ်စုံတစ်ရာ မရှာနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။
တခြားဆရာများ ချက်ချင်း သဘောတူခဲ့ကြသည်။ အရင် က အလုပ်ခွင်မှာ ဖုန်းကစားခွင့် မရှိခဲ့ကြဘူး။ ဖမ်းမိရင် ဒဏ်ရိုက်ခံရတယ်၊ ယခုမူ ဒဏ်ငွေမဆောင်ရပဲ ငွေတောင် ရဦးမည်။ ကြည့်ရတာ သူတို့သူဌေး တကယ်ဒေါသထွက်နေပုံပဲ။
ထိုညတွင် မူကြိုကျောင်းများရှိ operatorများသည် အိပ်မပျော်နိုင်ခဲ့။ နောက်တစ်နေ့တွင် မြို့အနှံ့ရှိ မူကြိုကျောင်းအားလုံး ဟာ ဤကိစ္စကို အာရုံစိုက်ခဲ့ကြသည်။
၉ နာရီတိတိတွင် 'ကြယ်ကောင်းကင်မူကြိုကျောင်း'၏တရားဝင် Weibo အကောင့်၌ ပရိသတ်အရေအတွက်သည် လျင်မြန်စွာတိုးလာခဲ့သည်။
ပထမတစ်နာရီတွင် ၂၃၀,၀၀၀ သာရှိခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၃၀၀,၀၀၀ သို့ပြောင်းလဲသွားကာ ဒဿမဂဏန်းများ အဆက်မပြတ်တိုးလာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုစတင်တာနဲ့ လူတိုင်းမျက်စိကျစေမယ့် ပထမဆုံးအရာကတော့ ရှန်းဝေရဲ့လှပသည့်အသွင်အပြင်ဖြစ်ပေသည်။ အင်တာနက်အသုံးပြုသူတွေ ချက်ချင်းပင် အံ့အားသင့်သွားခဲ့တော့သည်။- [ကျဲ ငါ့ကို ဖက်ပေးပါ]
[သူမက အရမ်းလှတယ်၊ သူမရဲ့ အသွင်အပြင်က ဖျော်ဖြေရေးနယ်ပယ်က သူတွေနဲ့တောင် ယှဥ်နိုင်တယ်]
ရှန်းဝေ က လူတိုင်း ကို နှုတ်ဆက်လိုက်၏။- “ကလေးတွေ ကို အတူတူ သွားကြည့်ရအောင်!"
ထို့နောက် သူမ သည် ကျောင်းတံခါးတွင် ကလေးများကိုကြိုဆိုသည်။
ဝင်လာသော ကျောင်းကားသည် နောက်ဆုံးပေါ် ကျည်ကာမော်ဒယ်၊ အဆင့်မြင့် ကျောင်းကား ဖြစ်သည်။
ကလေးများ တစ်ယောက်ပြီးတစ်ယောက် ဘတ်စ်ကားပေါ်မှဆင်းသောအခါ သူတို့ ရှန်းဝေ ကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ကြသည်။ “မင်္ဂလာပါ၊ ကျောင်းအုပ်ကျဲကျဲ”
သူတို့ရဲ့ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ အသံတွေက ကြည့်ရှုသူတွေရဲ့ နှလုံးသားကို ချက်ချင်း အရည်ပျော်သွားစေခဲ့တယ်။
ရှန်းဝေ ကလည်း သူတို့ တစ်ယောက်စီတိုင်ကို နှုတ်ဆက်၏။
“မင်္ဂလာပါ ရှန်းရှန်း”
"မင်္ဂလာပါ လင်းလင်း"
"မင်္ဂလာပါ ယုလဲ့"
ကလေးများ က ရှန်းဝေ ပြန်နှုတ်ဆက်သည်ကို မြင်လျှင် ဝမ်းသာအားရ ပြေးသွားသော်လည်း ရှန်းဝေ အား ရံဖန်ရံခါ ခိုးကြည့်တတ်ကြသည်။
သူတို့ရဲ့ ချစ်စဖွယ် အမူအရာလေးတွေကြောင့် မြင်ကွင်းရှေ့မှာ ကြည့်ရှုသူတွေကို ချက်ချင်း ရယ်မောစေခဲ့တယ်။
[iငါ ကလေးတွေ မကြိုက်တာ မဟုတ်ပဲ ဆိုးတဲ့ကလေးတွေကို မကြိုက်ရုံတင် ဆိုတာ ထွက်ပေါ်လာခဲ့ပြီ]
[ဒီကလေးတွေ ချစ်ဖို့ကောင်းပြီး ယဥ်ကျေးတယ်]
[နောက်ပြီး သူတို့ ရှက်ရွံ့စွာ ပြေးပြီး နောက်ပြန်လှည့်ကြည့်တဲ့ ပုံစံက ငါ့ဆီ ကူးစက်လာတယ်]
ကလေးအားလုံး အတန်းထဲ ဝင်သွားသောအခါ အင်တာနက်သုံးစွဲသူများကလည်း စိတ်အားထက်သန်စွာ ဆွေးနွေးကြပြန်သည်။
[ကျောင်းကို မကောင်းဘူးလို့ ပြောတဲ့သိုးမည်း ဘယ်မလဲ? ဒီကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကြည့်ကြည့်ဦး၊ နှိပ်စက်ခံနေရတာနဲ့ တူနေသလား ဟေ]
[သူတို့အားလုံးက တောက်ပပြီး ရွှင်လန်းနေပုံရတယ်။ သူတို့ကို ကောင်းကောင်း ဂရုစိုက်ပြီး ချစ်ကြတာ ထင်ရှားတယ်]
[ဒီရက်ပိုင်းမှာ ဘာအကျိုးဆက်မှမရှိဘဲ ကောလဟာလတွေ အွန်လိုင်းမှာ ဖြန့်ဖို့ အရမ်းလွယ်တယ်။ ရှန်းချင်းချင်း ကို လုကုမ္ပဏီ က ဘယ်လိုလက်ခံလုနီးပါးဖြစ်ခဲ့သလဲဆိုတာကို စဥ်းစားမိတဲ့အခါ အရမ်းဒေါသထွက်မိတယ်]
[ဟုတ်တယ်၊ ဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူတွေ ဝေးဝေးမှာ နေလို့မရဘူးလား]
[အငြင်းမပွားနဲ့၊ ဒီလိုလူတွေက အလုပ်ရဖို့ မတန်ဘူး၊ အချစ်လေးတို့အပေါ်မှာပဲ အာရုံစိုက်ကြရအောင်]
ခဏကြာတော့ စာသင်ခန်းမြင်ကွင်း ကို မြင်ရ၏။
ဆရာမထန် ဝင်လာသည်နှင့် တပြိုင်နက် ကလေးများ က ပွေ့ဖက်ရန် ပြေးလာကြသည်။ ဆရာမတန် သည် ကလေးများ ပွေ့ဖက်ခြင်းကို နှစ်သက်သည်ကို သိတာကြောင့် တစ်ယောက်ပြီး တစ်ယောက် ပွေ့ဖက်လိုက်သည်။
အင်တာနက်သုံးစွဲသူတွေ အားလုံး တုန်လှုပ်သွားခဲ့ကြ၏။ ကလေးတွေရဲ့အချစ်မျိုးဆိုတာ စစ်မှန်တဲ့ ဆရာမသာ ရနိုင်တာ ဖြစ်၏။
ပေါင်၃၀ အလေးချိန်ရှိသော ကလေးတစ်ဦးကို ပွေ့ဖက်ခြင်းသည် အလွန်ပင်ပင်ပန်းနွမ်းနယ်ရမည်ဖြစ်ပြီး အားလုံးတန်းတူဂရုစိုက်မှုလိုအပ်သော ကလေးများစွာရှိသည်။
[ရှန်းရှန်း က ချစ်ဖို့အကောင်းဆုံးပဲ၊ အရမ်းရှက်ပေမယ့် ပွေ့ဖက်လိုက်တဲ့အခါ သူမရဲ့ ခြေဖဝါးလေးတွေက ပျော်ရွှင်စွာ လှုပ်လှုပ်ရှားရှား ဖြစ်နေတာဟ]
[ဆရာမထန် က ကလေးတွေသာမက ငါ့ကိုပါ ပွေ့ဖက်တယ်လို့ခံစားရတယ်]
ဤမှတ်ချက် အား လူများစွာ တုန့်ပြန်ခဲ့ကြသည်။- [ဟုတ်ပ၊ ကျောင်းတက်တုန်းက ဒီလိုမျိုး ဆရာတစ်ယောက်သာ ရှိခဲ့ရင်…]
စကားလေးတစ်ခွန်းကြောင့် အင်တာနက်အသုံးပြုသူတွေ မျက်ရည်ကျခဲ့ရတယ်။ ကံကောင်းထောက်မစွာ၊ ဤဝမ်းနည်းဖွယ်ကောင်းသောအငွေ့အသက် က ကြာရှည်မခံခဲ့ဘူး။
ထို့နောက် ရှန်းဝေ က ဆရာမထန်ကို ပြောလိုက်သည်။ “အိမ်မှာ ကစားဖို့ ကလေးတွေကို ခေါ်သွားစို့၊ ဒီနေ့ မီးဖိုချောင်ဂိမ်း ကစားမယ်"
ဤအရာအားလုံးသည် စနစ်မှဆုများဖြစ်ပြီး၊ သူမ ၎င်းတို့အတွက် အခန်းငယ်တစ်ခုကို အလှဆင်ထားသည်။
အိမ်မှာ ဆော့ကစားကြမယ် ဟု ပြောတာကို ကြားတော့ ကလေးတွေ က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ကွန်ပြူတာဖန်သားပြင်များရှေ့ရှိ လူကြီးများ သည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်- [ငါတို့ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ ဂိမ်းမဟုတ်လား]
အရင်ကတော့ သူတို့ ကြုံရာကျပန်း ကစားခဲ့ကြပေမယ့် အခုချိန်မှာတော့ ဆရာမ က လမ်းညွှန်ပေးမှာ ဖြစ်လို့ ဘယ်လိုဖြစ်မလဲဆိုတာကို သူတို့ စောင့်မျှော်နေခဲ့ကြသည်။