no

Font
Theme

Chapter 39

မကြာသေးခင်က ရှန်းဝေ၏ တိုက်ရိုက်ထုတ်လွှင့်မှုများသည် အလွန်ရေပန်းစား၏။

မူကြိုကျောင်းတိုက်ရိုက်ထုတ်လွှင့်မှု သည် တိုက်ရိုက်ထုတ်လွှင့်မှုလောကတွင် လမ်းကြောင်းသစ်တစ်ခု ဖြစ်လာခဲ့၏။

မူကြိုကျောင်း ၁ ကျောင်း က ဤမျှထိအောင် ဖြစ်လာနိုင်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။

သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုစီသည် အွန်လိုင်းကြည့်ရှုသူ ၁၀၀,၀၀၀ ကျော်ကို ဆွဲဆောင်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းတွေ မှာ သရေကျနေခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်ရာတွင် အခြေခံလိုအပ်ချက်မှာ ပရိတ်သတ်ဖြစ်လို့ အမာခံရှိပရိသတ် ၁၀၀၀ ရှိခြင်းသည် ယွမ် ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိ ထုတ်ကုန်များကို ရောင်းချရန် လုံလောက်သည်။

သို့သော် အမာခံရှိပရိသတ် ရဖို့ က သူတို့အတွက် စိတ်ကူးတစ်ခုပဲ!

ထိုစီးပွားရေးလုပ်ငန်းများ သည် ရွှေတွင်းပေါ် ထိုင်နေသည့် ရှန်းဝေ ၏ နားလည်သဘောပေါက်ခြင်းမရှိသည် ကို လက်တွေ့ကျကျ မထီမဲ့မြင်ပြုခဲ့ကြသည်။

သူမ က ထုတ်ကုန်များကို ရှင်းပြခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်း တိုက်ရိုက်ထုတ်လွှင့်နေသော်လည်း၊ အရုပ်ကားကို မောင်းနှင်ရုံဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလျှင် ဝင်ငွေ ၇ ပုံ ၂ ပုံအား အလွယ်တကူ ရရှိနိုင်သည်။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို အာရုံစိုက်နေသည့် စီးပွားရေးလုပ်ငန်းများ သည် ရှန်းဝေ ထံ သီးသန့်စာတိုပေးပို့ခဲ့ကြသည်။

မကြာခင်မှာ သူမ က ကုန်ပစ္စည်းတွေ စတင်ရောင်းချပေးဖို့ သူတို့ မျှော်လင့်နေခဲ့ကြတယ်။

မူကြိုကျောင်းတိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရှုသူများသည် အများအားဖြင့် မိခင်များနှင့် ပညာတတ်အမျိုးသမီးများဖြစ်သည်။

မိခင်များနှင့် ပညာတတ်အမျိုးသမီးတွေ က အင်တာနက်သုံးစွဲမှုရဲ့ အဓိကအင်အားစုတွေလေ!

သူတို့ကနေ ငွေမရှာလို့ ဘယ်ဖြစ်မှာလဲ? ညဘက်ဆို သူတို့ အိပ်မပျော်ခဲ့ကြဘူး။

အခြားသူများ က အွန်လိုင်းတွင် ပူးပေါင်းလုပ်ဆောင်ရန် ရှာနေချိန်တွင် ရှန်းဝေ သည် များသောအားဖြင့် ရိုးရိုးရှင်းရှင်း ယဥ်ယဥ်ကျေးကျေး ပြန်တုန့်ပြန်ခဲ့သည်။ “ကျေးဇူးပါ၊ မလိုအပ်ပါဘူးရှင့်”

သို့သော် တချို့ က ဒါကို ရူးသွပ်ကြတယ်။

‘ကြက်ဥလေး’ ဟုခေါ်သော အဝတ်အထည်အမှတ်တံဆိပ်တစ်ခုသည် စီးပွားရေးဌာနမှလူများကို ရှန်းဝေ နေထိုင်သော မြို့ဆီ စေလွှတ်ခဲ့ပြီး 'ကြယ်ကောင်းကင်မူကြိုကျောင်း'ကို ဝိုင်းထားဖို့ စေလွှတ်ခဲ့သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်လို့ ဆိုကာ သူတို့က ကျောင်းစောင့်လီရီ ကို ရိုးရိုးရှင်းရှင်းပြောပြီး အထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြတယ်။

လီရီ က သူတို့ကို ဝင်ခွင့်မပြုသောကြောင့် အပြင်ဘက်မှာ ရုပ်ပိုင်းဆိုင်ရာ ခိုက်ရန်ဖြစ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဆူညံလွန်းသောကြောင့် ရှန်းဝေ က ထွက်လာပြီး တချက်လာကြည့်ခဲ့သည်။

ဆံပင် ကို ရွှေအိုရောင်ဆေးဆိုးထားသူ က လီရီရဲ့နှာခေါင်းရှေ့ လက်ညိုး‌ငေါက်ငေါက်ထိုးကာ အထက်စီးဆန်ဆန် ပြောနေသည်ကို သူမ တွေ့လိုက်ရ၏။ “ငါ ဘယ်သူလဲ မင်း သိလား?”

“ဂိတ်စောင့်ခွေးကများ လာဟောင်နေသေးတယ်!"

ရှန်းဝေ၏မျက်နှာ မှာ ချက်ချင်းပျက်ယွင်းခဲ့၏။ မည်သည့်စီးပွားရေးလုပ်ငန်းကိုမဆို လေးစားမှုမရှိလျှင် ပူးပေါင်းဆောင်ရွက်ဖို့ အလားအလား လုံးဝမရှိချေ။

“မင်း ဘယ်သူမို့လို့လဲ? ဒီကို ဘာလာလုပ်တာလဲ?”

ရွှေအိုရောင်ဆေးဆိုးထားသူ၊ အရောင်းသမား က ရှန်းဝေ ချဥ်းကပ်လာတာကို မြင်တော့ ချက်ချင်း ပြုံးပြသည်။ “ကျွန်တော် က 'ကြက်ဥလေး'အဝတ်အစား ရဲ့ တာဝန်ခံတစ်ယောက်ပါ”

"ကျွန်တော်တို့ မင်းကို အွန်လိုင်းမှာ သီးသန့်စာတွေအများကြီး ပို့ထားပေမယ့် မင်း ဆီက တုန့်ပြန်တာ မရရှိလို့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မင်းနဲ့ ပူးပေါင်းဖို့ စိတ်ရင်းမှန်နဲ့ လူကိုယ်တိုင်လာခဲ့တာဖြစ်တယ်"

သူ သည် ရှန်းဝေ ကို တွက်ချက်သည့် မျက်လုံးတွေဖြင့် ကြည့်နေ၏။

အဖွဲ့မရှိပဲနဲ့ ရှန်းဝေ သည် တိုက်ရိုက်ထုတ်လွှင့်မှုများကို လူကြိုက်များအောင် ပြုလုပ်နိုင်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်ခြင်းအပြင် သီးသန့်စာချုပ်ကို ချုပ်ဆိုနိုင်ခြင်း သည် အကောင်းဆုံးဖြစ်မည်ဟု သူထင်သည်။

ထိုနည်းအားဖြင့် 'ကြယ်ကောင်းကင်မူကြိုကျောင်း'၏တိုက်ရိုက်ထုတ်လွှင့်မှု ဟာ သူတို့၏ ထုတ်ကုန်များဆီသို့ ဦးတည်သွားလိမ့်မည် - တွေးကြည့်ရုံမျှဖြင့် အလွန်အဆင်ပြေနေပြီ ဖြစ်၏။

ရွှေအိုရောင်ဆေးဆိုးထားသူ၊ အရောင်းသမား မှ ‘ကြက်ဥလေးအဝတ်အထည်’ ဟု ပြောပြီးတာနဲ့ ရှန်းဝေရဲ့စနစ် သည် စက္ကန့်ပိုင်းအတွင်း တွေ့ရှိတဲ့ အချက်အလက်အားလုံးကို လက်ဆင့်ကမ်းပြီး ဖြစ်၏။

‘ကြက်ဥလေးအဝတ်အထည်’ သည် ကြော်ငြာအတွက် အထူးရက်ရောပြီး အပြုသဘောဆောင်သော သုံးသပ်ချက်များကို ချန်ထားခဲ့ရန် အင်တာနက်မှ နာမည်ကြီးများစွာကို လာဘ်ထိုးခဲ့သည် - အွန်လိုင်းရှာဖွေမှုများ၏ ၉၉% သည် ဤတံဆိပ် အား ချီးကျုးခဲ့သည်။

သို့သော် ဤထုတ်ကုန်အများအပြားကို တံဆိပ်မကပ်ထားကြောင်း စနစ် မှ တွေ့ရှိခဲ့သည်။- မွေးကင်းစကလေးများနှင့် ကလေးများအတွက် အဆင့် A သတ်မှတ်ထားသောထုတ်ကုန်များ သည် အမှန်တကယ်တော့ အဆင့် C နှင့် အဆင့် B သာ ရှိသည်။

အဝတ်အထည်များ က အလွယ်မကူ မပြဲနိုင်သော်လည်း အတန်းတူထုတ်ကုန်များနှင့် နှိုင်းယှဥ်ပါက ၁၀ ဆ သို့မဟုတ် ထိုထက်ပို၍ နိမ့်ကျပေသည်။

ကုန်ပစ္စည်းတစ်ခုစျေးကြီးလေ၊ အရည်အသွေးမြင့်သည်ဟု လူအများ က ယူဆကြသည်။ ဤအမှတ်တံဆိပ်သည် ယခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်များကြားတွင် ‘တတ်နိုင်သော ဇိမ်ခံပစ္စည်း’ ဖြစ်လာသည်။

ကလေးအဝတ်အစားနှင့် အရုပ်ကဏ္ဍတွင်လည်း ထိပ်တန်းအမှတ်တံဆိပ်ဖြစ်လာသည်။

ယခုအခါတွင် ဤတံဆိပ် ကို တိုက်ရိုက်ထုတ်လွှင့်ရန် ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့်သူများစွာနှင့် ပူးပေါင်းလုပ်ဆောင်နေချေသည်။

သူတို့ က နာမည်ကြီးလာသည့်အတွင် အင်တာနက်ပေါ်ရှိဆယ်လီများကို လစ်လျုရူခဲ့၏။

မူလက တိုက်ရိုက်မထုတ်လွှင့်ခင်တွင် ရှန်းဝေ ၌ ပရိတ်သတ် ထောင်ချီပမာဏအထိ ရှိပြီး တိုက်ရိုက်ထုတ်လွှင့်ပြီးနောက်ပိုင်းတွင်မူ အနည်းဆုံး ပရိတ်သတ် ၂ သန်းမျှ ရှိနေပြီဖြစ်သည်။

သို့သော် ရှန်းဝေ၏ကြည့်ရူမှုနှုန်းက သိပ်ကောင်းပြီး ပရိတ်သတ်တွေကလည်း သိပ်ကို ကောင်းမွန်ကြ၏။

ရှန်းဝေ၏ပရိတ်သတ်အသိုင်းအဝိုင်း က ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်မှုများနှင့် ယှဥ်၍မရသော်လည်း ထုတ်ကုန်ရောင်းချလျှင် ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်သူများထက်ပင် သာလွန်နိုင်ကြောင်း သူတို့၏လေ့လာထားသောအချက်အလက်များက ထောက်ပြခဲ့၏။

ထို့အပြင် 'ကြယ်ကောင်းကင်မူကြိုကျောင်း' သည် ယခင်က မည်သည့်ထုတ်ကုန်ကိုမှ တိုက်ရိုက်ထုတ်လွှင့်ခြင်းမပြုသေးသောကြောင့်၊ ပွဲဦးထွက်သည် စျေးကွက်ရှာဖွေရေးနားလည်သောကုမ္ပဏီအတွက် သန်းပေါင်းများစွာတန်သောရွှေခေါင်းလောင်းကြီး ကို ဖန်တီးပေးမည်ဖြစ်သည်။

“ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး လို့ ပြောခဲ့ပြီးသားပါ၊ ဒါ့အပြင် ကျွန်မတို့ရဲ့လုံခြုံရေးအစောင့်ကို စော်ကားတဲ့အတွက် ချက်ချင်းတောင်းပန်ပေးရမယ်”

ရွှေအိုရောင်ဆေးဆိုးထားသူ၊ အရောင်းသမား က နည်းနည်းမကျေမနပ်ဖြစ်သွားသည်။ - ပူးပေါင်းလုပ်ဆောင်ရန် ရှာဖွေနေကြသော အင်တာနက်ဆယ်လီများရဲ့စကားတွေကို သူ အသားကျနေပြီဖြစ်၏။ အခုတော့ သူမ၏စရိုက် ကို ပြသလာချေပြီ။ “ကျွန်တော်တို့ က ထိပ်တန်းအမှတ်တံဆိပ်တစ်ခုပါ၊ မင်းကို ဒီအခွင့်အရေးပေးတာဟာ မင်းအတွက် ဂုဏ်တမျိုးပါပဲ၊ မရိုင်းစိုင်းနဲ့”

တခြားမိခင်-ကလေး တိုက်ရိုက်ထုတ်လွှင့်သူများ က သူတို့နှင့်ပူးပေါင်းရန် ခက်ခဲပေလိမ့်မည်။

ရှန်းဝေ က ပြတ်ပြတ်သားသား ပြောလိုက်၏။ “လစ်စမ်း”

ယင်း က ရွှေအိုရောင်ဆေးဆိုးထားသူ၊ အရောင်းသမား ကို လုံးဝ ဒေါသထွက်စေခဲ့တယ်။

"မင်း နောင်တရလိမ့်မယ်၊ ငါတို့နဲ့ရန်သူဖြစ်အောင်လုပ်ရင် ရလဒ်ကောင်းရမှာမဟုတ်ဘူး။ မင်းရဲ့နေရာကိုသိဖို့ ငါ အကြံပေးတယ်၊ မူကြိုကျောင်းလေးတစ်ကျောင်း က ရင်းနှီးမြုပ်နှံမှုမရှိပဲ မရပ်တည်နိုင်ဘူး”

ရှန်းဝေ က အေးစက်စက် နှာခေါင်းရူံ့၏။ “ဘာဖြစ်သလဲ? ကျွန်မတို့ က မူကြိုကျောင်းကို တရားဝင် ဖွင့်နေတာ။ ရေမြောင်းထဲမှာ ပုန်းနေတဲ့မင်းလို ကြွက်ကို ဘာလို့ ကြောက်ရမှာလဲ?”

ရွှေအိုရောင်ဆေးဆိုးထားသူ၊ အရောင်းသမား က ‌ဒေါသတကြီးဖြင့် “ဟမ့်၊ မင်း က အင်တာနက်ကိုလျှော့တွက်နေတာပဲ၊ မင်း သေဆိုသေ၊ ရှင်ဆိုရှင် ငါ လုပ်နိုင်တယ်!"

ရှန်းဝေ က သူနဲ့ဆက်ဆံဖို့ မလိုလားသောကြောင့် လီရီကို မျက်လုံးများဖြင့် အချက်ပြလိုက်၏။

"မင်းကို စောစောက ထွက်သွားဖို့ ငါပြောထားပေမယ့် မင်း က မထွက်သွားဘူး။ အခု မင်းထွက်သွားချင်ရင်တောင် ထွက်သွားလို့မရတော့ဘူး!၊ တောင်းပန်မလား ဒါမှမဟုတ် မင်း ငါ့ကို စမ်းကြည့်မလား?”

ဆံပင်အဝါရောင်အရောင်းသမား က လည်ပင်းဆန့်၍ ခေါင်းမာလျက်ရှိ၏။ “ဟမ့်၊ ငါ ဒီမှာ ရှိတယ်၊ မင်းထက် ဆိုးနိုင်ပါ့မလား?”

လီရီ သည် ယခင်က စစ်သားတစ်ဦးဖြစ်သည်၊ အရောင်းသမား အား ထွက်ခွာရန် မလိုလားပါက ထွက်ခွာလို့ရမည်မဟုတ်ပေ။

တံမြက်စည်းတစ်ချောင်းဖြင့် အရောင်းသမားကို ဖုန်မှုန့်စားရန် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့သည်။

ဆံပင်အဝါရောင်အရောင်းသမား မှာ ဒေါသအလွန်ထွက်နေခဲ့၏။

သို့သော် တခြားသူရဲ့ မြက်ခင်းပြင်ပေါ်မှာ ခေါင်းငုံ့ထားရတယ်။

နောက်ဆုံးတွင် သူသည် ချက်ခြင်းမထွက်ခွာမီ စိတ်ဆိုးစွာ တောင်းပန်ခဲ့သည်။

ဒီလိုအရှက်ရမှုမျိုး တစ်ခါမှမကြုံဖူးသောကြောင့် လေဆိပ်ကိုရောက်တာနဲ့ မားကတ်တင်းမန်နေဂျာကို အစီရင်ခံခဲ့သည်။ “အဲမူကြိုကျောင်းကို ဖျက်စီးပစ်၊ သေစမ်း၊ သူတို့ ငါ့ကို စော်ကားရဲတယ်!”

မားကတ်တင်းမန်နေဂျာ သည် သူ၏အစ်ကိုဖြစ်၏။

"ဘာဖြစ်လို့လဲ?”

ဆံပင်အဝါရောင် အရောင်းသမား က "ဟမ့်၊ ကျေးဇူးကန်းတဲ့ လူမိုက်တွေ။ ငါတို့ က သူတို့ကို ချမ်းသာဖို့ အခွင့်အရေးပေးတဲ့ဟာ၊ ငြင်းရုံတင်မကဘူး၊ ငါ့ကို မောက်မာစွာ တောင်းပန်ခိုင်းတယ်!"

သူ့ပရောဂျက်အဖွဲ့အတွင်း သူ ဟာ မာနထောင်လွှားမှုကို ကျင့်သားရနေခဲ့သည်။

အင်တာနက်စျေးကွက်ရှာဖွေရေးဌာနတွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ နည်းပရိယာယ်တချို့ ရှိတယ်လို့ သူကြားဖူးတယ်။

ဤမူကြိုကျောင်း က သူ့ကို နှိမ့်ချတယ် မဟုတ်လား? ကောင်းပြီ၊ သူတို့ကို သင်ခန်းစာပေးမယ်။

မူကြိုကျောင်း က အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုလာပါက ယခင်ပူးပေါင်းဆောင်ရွက်မှု စည်းမျဥ်းများရှိလာမည် မဟုတ်။

ရှန်းဝေ က သူ့အား နာနာခံခံ နာခံစွာ တောင်းပန်ရပေလိမ့်မည်။

ရှန်းဝေ သည် ဤအဖြစ်အပျက်ကို နားမလည်ခဲ့ဘူး။

တောအုပ် သည် ငှက်မျိုးစုံ အသိုက်လုပ်ရန်အထိ လုံလုံလောက်လောက် ကြီးမားသည်ဟု သူမ တွေးမိရုံသာ ဖြစ်၏။

အင်တာနက်အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အရည်အသွေးနိမ့်သူများပင် မူးဝေလောက်သည့် အမြင့်သို့ ဦးတည်သွားနိုင်သည်။

သူမ က ကြောငြာပေးလိုက်ရင် သူတို့ရဲ့ အရည်အသွေးကို အမှန်တကယ် ယုံကြည်လာကြလိမ့်မယ်!

ရှန်းဝေ သည် လီရီမှ အရောင်းသမား အား အခက်တွေ့အောင် လုပ်နေသည်ကို ကြည့်ရင်း ကျေနပ်သွားသည်။

သို့သော် ၂ ရက်အကြာတွင် ဒေါက်တာလု မှ ရှန်းဝေ ကို လာရှာခဲ့သည်။ ‘သူဌေး သွားကြည့်သင့်တယ်! ‘ကြက်ဥလေး’အဝတ်အထည်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်မှာ ငါတို့အကြောင်း ကို လူသိရှင်ကြားဆွေးနွေးနေကြတယ်”

ဒေါက်တာလု သည် အများအားဖြင့် အားလပ်ချိန်များသော လူဖြစ်သည်။

မူကြိုကျောင်း၌ ဒဏ်ရာက မရှိသလောက်ရှားတဲ့အတွက် ဆေးကုသပေးဖို့ မလိုချေ။

အာဟာရဗေဒပညာရှင်တစ်ဦးဖြစ်ရန် သင်ယူခြင်းအပြင် ဒေါက်တာလု သည် 8G အမြန်နှုန်းဖြင့် အင်တာနက်မှာ အချိန်ကုန်ခဲ့သည်။

သူ သည် ပြသာနာတစ်စုံတစ်ရာ ရှိတိုင်း ရှန်းဝေ ထံ ချက်ချင်းအကြောင်းကြားခဲ့သည်။

ရှန်းဝေ သည် ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်ရာ တက်ဆက်သူမှ ဤသို့ ပြောဆိုနေလေသည်။ “ကျွန်မတို့ ဟာ အရင်က 'ကြယ်ကောင်းကင်မူကြိုကျောင်း'နဲ့ ပူးပေါင်းချင်ပေမယ့် ငြင်းဆိုခံရရုံတင်မကဘူး မသက်မသာစကားတွေကိုလည်း ပြောဆိုခံခဲ့ရတယ်၊ ဟုတ်တယ်၊ ရှင်တို့က အင်တာနက်ဆယ်လီတွေပါ၊ ဒါပေမဲ့ ကျွန်မတို့ ကလည်း ရှင်တို့အင်တာနက်ဆယ်လီတွေ လောက် မနိမ့်တဲ့ တကယ့်စီးပွားရေးကမ္ဘာက လူတွေပါ”

သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဤတံဆိပ်ကို အသုံးပြုကြသော ပရိသတ်များစွာ ရှိခဲ့သည်။

သူတို့အသုံးပြုသည့် တံဆိပ် က အနိုင်ကျင့်စော်ကားခံခဲ့ရသည်ဟု တင်ဆက်သူမှ ပြောလာသည်ကို မြင်သောအခါ ဤတံဆိပ် ကို ချစ်မြတ်နိုးသည့်စိတ်နှင့်အတူ ချက်ချင်းဆိုသလို တိုက်ခိုက်ရန် အပြေးလာခဲ့သည်။

[သူတို့က ဘာတွေလဲဟ? အင်တာနက်ဆယ်လီတွေပဲ မဟုတ်လား?]

မှတ်ချက်များတွင် ဆန့်ကျင်ဘက်ပရိသတ်များကလည်း ပြဿနာတက်အောင် လှုံ့ဆော်ခဲ့ကြသည်။

[ရိုးရိုးသားသားပြောရရင် 'ကြယ်ကောင်းကင်မူကြိုကျောင်း' က ယုံကြည်မှုဘယ်လောက်ရှိလဲမသိဘူး၊ ကလေးတွေကို အိုင်ဒေါလ် တွေအဖြစ်ပြောင်းဖို့ အာရုံစိုက်မနေသင့်ပေမယ့် ဒရမ်မာစီးရီးတစ်ခုလို ဖန်တီးနေတာဖြစ်ပြီး တချို့လူတွေကတောင် ဇာတ်ကောင်တွေကိုတောင် ပေးစားနေတာ ရှိကြတယ်]

[အတိအကျပြောရရင် သူတို့က ကလေးတွေအတွက် အရသာရှိတဲ့ အစားအစာ မျိုးစုံကို ဖန်တီးနေတယ်လို့ ပြောကြပေမယ့် တကယ်တမ်းမှာတော့ အဲဒါဟာ တကယ်မဟုတ်ပဲ လူသိရှင်ကြားပြောတာပဲ မဟုတ်လား?]

[မင်းပြောတာ အမှန်တရားပဲ။ ငါ သူတို့ကို ရွံရှာနေတာကြာပြီ၊ ဟမ့်]

[သြော် မင်း က ဒီလိုပြောရဲတယ်‌ပေါ့? သူတို့ရဲ့ အရူးပရိတ်သတ်တွေကို မင်း မကြောက်ဘူးလား?]

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment