Chapter 36
ကုချင်းရန် သည် အိမ်ပြန်ရောက်သောအခါ ထိုအဖြစ်အပျက်ကို မိဘများ က အွန်လိုင်းတွင် ကြည့်နေသည်ကို မြင်သွားသည်။ သူတို့ထံမှ ဖုန်းကို ချက်ချင်း လုယူလိုက်၏။ “ကြည့်မနေနဲ့”
ကုချင်းရန် သည် မိသားစုတွင် အငယ်ဆုံး ကလေးဖြစ်ပြီး သူ့အထက်ွင် အစ်ကိုကုဝေ နှင့် အစ်မကုရူ တို့ ရှိသည်။
ထိုအခိုက်အတန့်မှာ ဖခင် အား မေးလိုက်၏။ “အဲလက်ထပ်မဲ့ကိစ္စက ဘယ်လိုဖြစ်တာလဲ?”
“အင်း၊ အရက်သောက်ခဲ့ကြတုန်းက အဖေ ပြောမိခဲ့တာ၊ အဲဒီကောင်မလေးက တော်တော်လှတယ်လို့ ထင်ခဲ့လို့လေ၊ ဒီအတိုင်း ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုပါဟ!”
ဤကိစ္စပြေလည်သွားပြီလို့ တွေးပြီး နှစ်အတော်ကြာသည်အထိ သူတို့ ထပ်မပြောဖြစ်ခဲ့ကြဘူး။
“မင်းရဲ့ဦးလေးရှန်း က သူ့ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်လို့ သူ့ရဲ့ဂရုမစိုက်တဲ့စကားတွေအတွက် တောင်းပန်စာတစ်စောင် ပို့လာခဲ့တယ်”
“ဒါပေမဲ့…လူတွေ က ကျွန်တော့်ကို လှောင်ပြောင်နေကြတာလေ၊ ကျွန်တော့်လို အပြစ်ကင်းတဲ့ကောင်လေး ကို ဘာလို့များ ဒီလိုစကားတွေပြောရတာလဲ?”
"ဒါဆို မင်းဘာလုပ်ချင်လဲ?" မိဘတွေက သူ့ကို အမြဲအလိုလိုက်ကြတာမို့ သူစိတ်မကောင်းဖြစ်နေတာ မြင်တော့ နှစ်သိမ့်ဖို့ ကြိုးစားကြတယ်။
"ရှင်းအောင်ပြောရမှာပေါ့"
"အဲဒါက ကောင်းတဲ့အကြံတော့ မဟုတ်ဘူး၊ ဟာသတစ်ခုသာသာပဲလေ၊ လူတိုင်း က ပြောင်ပြောင်တင်းတင်း ပြောကြလိမ့်မယ်။ အဲဒါကို လေးလေးနက်နက် ပြောလိုက်မယ်ဆိုရင် သူတို့ရဲ့ မိသားစုကို ငါတို့ နှိမ့်ချသလို ဖြစ်နေမှာ”
ထို့အပြင် သူတို့မိသားစုလုပ်ငန်း က ရှန်းမိသားစုထက် ပိုကောင်းမွန်၏။ အခြေအနေတွေ က တော်တော်သိမ်မွေ့တယ်။
ဒါကိုကြားတော့ ကုချင်းရန်ရဲ့ချောမောတဲ့မျက်နှာ က ပျက်ယွင်းသွား၏။ ထို့နောက် နှာခေါင်းရူံ့၍ သူ့အခန်းထဲ ဝင်သွားချေ၏။
အမေကု က ပြောချေ၏။ “မင်းလုပ်ချင်တာလုပ် ဒါပေမဲ့ ငါတို့မိသားစုကြား စည်းလုံးညီညွတ်မှုကိုတော့ မဖျက်စီးနဲ့!"
အခြားသူများကို မစော်ကားမိစေဖို့မှာ လူမှုအသိုင်းအဝိုင်းတွင် ဖော်ပြမထားသော စည်းမျဥ်းပင်ဖြစ်၏။
“ကျွန်တော် သိတယ်!" ကုချင်းရန်က ခပ်တိုတိုပြန်တုန့်ပြန်ခဲ့သည်။
မိဘတွေ ဟာ သူ့စိတ်ထဲမှာ ဘာရှိသလဲကို မေးချင်ပေမဲ့ ဒေါသတကြီး တံခါးဆောင့်ပိတ်သွားပြီး ဝင်ခွင့်ပြုဖို့ ငြင်းဆန်လေတာမို့ တစ်ယောက်တည်းနေဖို့ ထားလိုက်ကြသည်။
နောက်တနေ့တွင် ရှန်းဝေ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သားဖြစ်သူကို တွေ့လိုက်ရလေသည်။
ဒီကလေး က မူကြိုတိုက်ရိုက်ထုတ်လွှင့်မှု ကို သဘောပေါက်ပုံမပေါ်ဘူး။
သူ က ရှန်းဝေအနား ကပ်၍ ပြောလိုက်သည်။ “မင်းရဲ့ဖန်တွေ ငါ့ကို ဂုဏ်သိက္ခာမဲ့တယ်လို့ ပြောနေကြပြီ!"
သူ ဒီလိုပြောတဲ့အခါ မိဘတွေတောင် ဤမြင်ကွင်းကို ကြည့်ရင်း ကို့ရိုးကားယားဖြစ်သွားကြသည်။ အွန်လိုင်း က ကြည့်ရှုသူတွေလည်း အသည်းအသန်ရယ်မောကြတော့သည်။ ယင်းမှာ ရှန်းဝေနှင့်ကုချင်းရန်တို့၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုပင် ဖြစ်ချေသည်။
‘သခင်လေးကု’ ၌ ဤသို့ကိုယ်ရည်ကိုယ်သွေး ရှိမယ်လို့ သူမ မထင်ထားခဲ့ဘူး။
သူသည် အလွန်ချောမောပြီး မျက်လုံးထဲ ရေအိုင်တစ်အိုင် အမြဲရှိနေပုံပေါ်သည့် မျက်လုံးများဖြင့် လူများကို ဖော်မပြနိုင်သော ချစ်ခင်ကြင်နာမှုများဖြင့် ကြည့်သည်။ ယခုအခိုက်အတန့်တွင် သူဟာ အလွန်စိတ်ဆိုးနေပုံပေါ်ချေသည်။
မူကြိုကျောင်းတွင် အချိန်အတော်ကြာအောင်ကုန်ဆုံးပြီးနောက် ရှန်းဝေ သည် ကလေးများကို နှစ်သိမ့်ပေးရာတွင် ကျွမ်းကျင်နေပြီဖြစ်၏။ “ဒါဆို ကျွန်မတို့ ဘာလုပ်သင့်တယ်ထင်လဲ?”
"မင်း ငါ့ကိုတောင် မသိဘူးလို့ အွန်လိုင်းကလူတွေကို ပြောသင့်တယ်"
"အိုကေ!" ရှန်းဝေ က ကျေကျေနပ်နပ် သဘောတူလိုက်သည်။
ကုချင်းရန် သည် စိတ်သက်သာရာရစွာ သက်ပြင်းချ၍ ရှန်းဝေ ကို တချက်ခိုးကြည့်လိုက်သည်။
စဥ်းစားကြည့်လျှင် ရှန်းဝေ က တော်တော်လှပ၏။ သူမ က တည့်တိုးဆန်ပြီး လန်းဆန်းတက်ကြွသူဖြစ်ချေသည်။
ရှန်းဝေ ၏အစောပိုင်း အကြည့်များထဲ နားမလည်နိုင်သော ချစ်မြတ်နိုးမှုပါဝင်နေပြီး ကုချင်းရန်ရဲ့မျက်နှာကို ပြန်လည်နီမြန်းသွားစေခဲ့သည်။
မကြာခင်မှာပဲ ရှန်းဝေ က ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူတို့ရဲ့ မျက်နှာတွေကို ကင်မရာဆီ ချိန်လိုက်တယ်။
အွန်လိုင်းကြည့်ရှုသူများ မှာ နှစ်ဆတိုးကာ ပျော်ရွှင်နေခဲ့သည်။ ရှန်းဝေ က လှပနေပြီး သူမရဲ့ စေ့စပ်ထားသူကတော့ ချောမောတယ်။ ဘယ်သူ့ကို ပိုသဘောကျရမှန်း သူတို့ မသိကြတော့ဘူး။
‘သူတို့နှစ်ယောက်လုံးက အရမ်းကြည့်ကောင်းတယ်’
ချီးကျုးသော မှတ်ချက်များသည် တိုက်ရိုက်ထုတ်လွှင့်မှု မှာ ပြည့်နေခဲ့သည်။— [ဝိုး၊ အနာဂတ်ယောက်ဖက အတော်ချောတာပဲ၊ ငါ ဒီလက်ထပ်ပွဲကို ခွင့်ပြုတယ်]
[နင်တို့နှစ်ယောက်ကြားမှာ ငါအိပ်လို့ရမလား]
[အပေါ်က မှတ်ချက်က ရေငတ်စေပါတယ်]
[အင်း မင်းတို့ ၃ ယောက် စိတ်မရှိရင် ငါ့ကိုလည်း ပါဝင်ခွင့်ပြုပါ]
လူတွေက အမျိုးမျိုးပြောကြတယ်။
ကုချင်းရန် သည် ယခင်က ဤမျှလောက် လူများစွာ၏ ကဲ့ရဲ့ခြင်းကို မခံရဖူးပေ။ တုန်လှုပ်သော ခံစားချက်နှင့်အတူ သူ့မျက်လုံးထောင့်များပင် နီရဲလာသည်။
“လူတိုင်း ကျေးဇူးပြုပြီး ဒီလိုစကားမျိုး မပြောပါနဲ့တော့။ ဒီနေ့ရှိနေတဲ့ လူတိုင်း က ကျွန်မတို့ချစ်ကြိုက်နေတာ မဟုတ်ဘူးဆိုတာ ဖြန့်ဝေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ က သူငယ်ချင်းတွေတောင် မဟုတ်ကြဘူး”
“ကျွန်မတို့ တစ်ခါမှ မဆုံဖူးဘူး၊ ဒီမှတ်ချက်တွေက ပါဝင်ပတ်သက်သူတွေကို တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်!" သူမ၏စကားများသည် ခိုင်မာပြီး ဖြောင့်မတ်ခြင်းသဘောကို ဆောင်သည်။
ယင်း က သူတို့ကို ပေးစားနေသူများ အား နည်းနည်းစိတ်ဓာတ်ကျစေခဲ့သည်။
ထိုအခိုက်တွင် သခင်လေးကု က ရှန်းဝေ၏မျက်နှာကို စေ့စေ့ကြည့်ကာ ‘မင်း ငါ့ကို နှိမ့်ချတယ်’ ဟု ဆိုသည်။ ဘာလို့ သူတို့က သူငယ်ချင်းတွေတောင် မဟုတ်ကြဘူးလို့ ပြောထွက်ရတာလဲ?
ဤတိုက်ရိုက်ထုတ်လွှင့်မှုကို နိုင်ငံတစ်ဝှမ်းမှ ကြည့်ရှုသူများသာမက ပြည်တွင်း က အသိုင်းအဝိုင်းကပါ ကြည့်နေကြတာ ဖြစ်သည်။
ကုချင်းရန် က တိုက်ရိုက်ထုတ်လွှင့်မှု ပါဝင်လာကတည်းက သူ၏အထက်တန်းကျောင်းမှ သူငယ်ချင်းများကလည်း ကြည့်ရှုခဲ့ကြသည်။
တစ်စုံတစ်ယောက် က တောင် ကုဝေ၊ ကုရူ နှင့် ကုမိဘများ ထံ တိုက်ရိုက်ထုတ်လွှင့်မှု အား မျှဝေခဲ့သည်။
သူတို့၏သား ဟာ မူလက အကွာအဝေးတစ်ခုထားရန် ရည်ရွယ်ထားသော်လည်း ရှန်းဝေ ဘက်မှ ဤမျှငြင်းဆန်သည်ကို တွေ့သောအခါတွင် သည်းမခံနိုင်တော့ပေ။
"မင်း ငါ့ကို နှိမ့်ချတယ်" ဟူသောစကားကြောင့် ကုမိသားစုဝင်များ မှာ မျက်နှာကို အုပ်ကာ ထပ်မကြည့်နိုင်တော့။
ကုချင်းရန် သည် သူ့ဘဝတွင် မိန်းကလေးတစ်ယောက်ကို ဘယ်တုန်းကမှ မလိုက်ဖူးခဲ့ဘူး။
သူ ဟာ ရုပ်ရည်ချောမောတာကြောင့် မူလတန်းကျောင်းမှ အထက်တန်းကျောင်းနှင့် ကောလိပ်အထိ မရေမတွက်နိုင်သော မိန်းကလေးများ က သူ့ကို လိုက်ခဲ့ကြသည်။
ထို့ကြောင့် သူသည် မိန်းကလေးများထံမှ အထူးမျက်နှာသာပေးမှုကို ခံစားခဲ့ရပြီး ‘သူငယ်ချင်းတောင် မဟုတ်ကြဘူး’ဟု ပထမဆုံးအကြိမ် တွေ့ဆုံသည့် မိန်းကလေးထံမှ ပြောဆိုခံလိုက်ရသောအခါ သူ၏ မာနနှင့် ရပိုင်ခွင့်များ မှာ ပြိုပျက်သွားခဲ့သည်။
"ကျွန်မ နှိမ့်ချတာ မဟုတ်ပါဘူး၊ ဒီကိစ္စ က သခင်လေးကု ကို ဒုက္ခပေးနေတာလေ”
ကုချင်းရန်၏မိသားစုဝင်တွေဟာ ဆိုးဝါးလှသောအခြေအနေကို တွေ့ရှိခဲ့ကြသော်လည်း သူ၏သူငယ်ချင်းတွေကတော့ ဖန်သားပြင်ကို ကြည့်ရင်း သူ့အား အားပေးနေခဲ့ကြသည်။
ခုနက ကုချင်းရန် က ဝုန်းဒိုင်းကြဲနေတာ မဟုတ်ဘူးလား?
အွန်လိုင်းကြည့်ရှုသူများ က ပြောကြသည်။- [တောင်းပန်ပါတယ်၊ ရှန်းဝေ၊ ငါတို့ မင်းတို့ကို shipမချင်ပေမဲ့ သခင်လေးကုရဲ့သနားစဖွယ်ပုံစံကြောင့် ငါ့လက်က တွန်းအားပေးခံလိုက်ရတာပါ]
[မြင်မြင်ချင်း အချစ်များလား?]
[သေချာတာပေါ့၊ သူ့ခွေးမျက်လုံးတွေကိုကြည့်ပါလား ငါဆို တကယ်ပဲ သူ့ကို ငိုတဲ့အထိ အနိုင်ကျင့်ချင်နေတာ]
[ဒါက မင်းဆက်ရေးဖို့ ဘောပင်ပါ]
ရှန်းဝေ သည် မကြာမီ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ပြီး အခြားအကြောင်းအရာသို့ ပြောင်းခဲ့သည်။
သို့သော် လူတိုင်း သည် လတ်တလော အဖြစ်အပျက်များကို အဆက်မပြတ် ဆွေးနွေးနေခဲ့ကြသည်။
သူမ မရှင်းပြရင် ပိုကောင်းလိမ့်မယ်။
ကုချင်းရန် လည်း စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်သည်နှင့် တပြိုင်နက် ထိတ်လန့်သွားသည်။ သူ့မိသားစုတစ်ခုလုံး ရှိနေကြသည်။- အဖေ၊ အမေ၊ အစ်ကို၊ အစ်မ။
TV က “မင်း ငါ့ကို နှိမ့်ချကြည့်တယ်?” ဆိုတဲ့ သူ ပြောတဲ့စကားကို ဆက်တိုက်ပြသထား၏။ ကုချင်းရန် မှာ ထိတ်လန့်သွားလေ၏။
ကုချင်းရန် သည် တိုက်ခိုက်တော့မည်ကြက်ဖကြီးလို ပြေးလာပြီး တီဗီကို ပိတ်လိုက်၏။ “ဘာတွေ လုပ်နေတာလဲ?”
အမေကု က အဖေကု အား ပြောလေသည်။ “ကျွန်မတို့သားရဲ့ရည်းစားလိုက်တဲ့အရေး ကိုင်တွယ်ပေးလိုက်ဦး” အမေတစ်ယောက်အနေနဲ့ သားဖြစ်သူအား မိန်းကလေးတစ်ယောက် ကို ဘယ်လိုလိုက်သင့်သည် ဟု အကြံပေးလို့ မရဘူး။ ထိုသို့ လုပ်ရပ်က သား အား ‘မားမားဘွိုင်း’ ဖြစ်စေမှာ ဖြစ်လို့ အဖေကုထံ ဤအရေးကိစ္စ အား ပေးလိုက်ခြင်းဖြစ်၏။
အဖေကု က သူ့ကလေးကို ကြည့်ရင်း “အစ်ကိုကြီးနဲ့အစ်မကြီးတွေအနေနဲ့ မင်းတို့လည်း တာဝန်တချို့ ယူဖို့ လိုအပ်တယ်”
သခင်လေးကု ကတော့ သူ့ကိစ္စများတွင် မိသားစုက ဝင်စွက်ဖက်သည်ကို မလိုလားချေ။ “ကျွန်တော့်ကို စိတ်ပူနေဖို့ မလိုဘူး"
ကုဝေ က သူ့ထက် ၁၄နှစ်ပိုကြီးတဲ့အတွက် အသက်ကွာဟချက်ကြောင့် ကုချင်းရန်၏အစ်ကို ထက် ဖခင်တစ်ယောက်နှင့်ပိုတူလေသည်။
ယခုအချိန်တွင် သူဟာ ညီဖြစ်သူ၏အခြေအနေနှင့်ပတ်သက်လို့ ပြောစရာစကားပျောက်ရှလို့နေ၏။
ကုရူ ကတော့ ကုချင်းရန်ထက် ၃နှစ်သာ ကြီးသည်။ သူမ က သူ့ကို လှောင်ပြောင်တော့သည်။ “မင်း လုံးဝမသွားခဲ့သင့်ဘူး၊ မင်း သာ မသွားခဲ့ရင် ‘အနာဂတ်ခင်ပွန်းလောင်း’ဆိုတဲ့ ဂုဏ်လေး ရှိနေဦးမှာ!"
"အခု မင်းမှာ ဘာမှမရှိတော့ဘူး၊ မင်း သူမကို သဘောကျသွားတာ ကို မင်း သဘောပေါက်ရုံရှိသေး၊ ဒါက 'မိန်းမကို မီးသဂြိုလ်ထဲ လိုက်ပို့တာ' ဆိုတဲ့ ဂန္တဝင်စကားလို ဖြစ်မနေဘူးလား?”
ကုမိဘများ က ‘မိန်းမ ကို မီးသဂြိုလ်သို့လိုက်ပို့ခြင်း’ ၏အဓိပ္ပါယ်ကိုမသိကြသော်လည်း အလွန်ဆိုးရွားသည်ဟုခံစားရသည်။ "ပေါက်ကရမပြောနဲ့”
ကုမိသားစုဝင်များ ဟာ ရုပ်ရည်ချောမောပြီး ယခင်က သူတို့ဟာ မည်သူကိုမျှ မလိုက်ခဲ့ဖူးချေ။
အမြောက်အမြား ဆွေးနွေးပြီးနောက်၊ လက်တင်ကုလားထိုင်ဗျူဟာဆွဲထားပုံရပြီး သူတို့ဟာ ပန်းများပေးပို့ခြင်းဖြင့် စတင်ရန် သူ့အား ခွင့်ပြုခဲ့ကြသည်။