Chapter 37
ကုချင်းရန် က ပြောလာသည်။ “ဟာ စတောင်မစရသေးဘူး၊ ကျွန်တော် နားမလည်သေးဘူး!” သို့သော် သူ့မျက်နှာ မှာ ရဲတက်နေခဲ့၏။
ကုချင်းရန် သည် အခန်းထဲသို့ ချက်ချင်း ပြန်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်ကလူများ က မိန်းကလေးတစ်ယောက် လိုက်ပုံလိုက်နည်း အား သင်ကြားပေးနေသောကြောင့် ဧည့်ခန်းထဲမှာ နေဖို့ ခက်လှသည်။ အတွေးတစ်ခုလေးကတောင် သူ့အား အသက်ရူကျပ်စေတယ်။
အရင်တုန်းက သူ့မိသားစုရဲ့ ကောင်းမွန်တဲ့ အငွေ့အသက်တွေကို တခြားသူများ မှာ မနာလိုဖြစ်ခဲ့ဖူးတယ်။
သို့သော်လေထုက ကောင်းမွန်လွန်းအားကြီးတော့ ကိုယ်ရေးကိုယ်တာသီးသန့် လုံးဝမရှိဘူး။ အရွယ်ရောက်ပြီးတဲ့ ယောက်ျားလေးတွေ က နေရာတချို့ရဖို့ လိုအပ်တာ သူတို့ မသိပေဘူးလား?
အရွယ်ရောက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အတွေးတွေက မှန်းဆစရာမလိုအပ်ဘူး။
...
အင်တာနက်မှာ နာမည်ကြီးနေသည့် မူကြိုကျောင်း ကို မြို့မှာ ဖွင့်လှစ်ထားတာနဲ့တင် မျက်စိစားဖွယ် ဖြစ်နေပေမဲ့ ပိုလို့တောင် နာမည်ကြီးလာခဲ့သည်။
အဓိက အကြောင်းအရင်းမှာ ကုချင်းရန် က အရမ်းနာမည်ကြီးနေလို့ ဖြစ်၏။
ကုမိသားစု၏ သားသမီး ၃ဦးအနက် ၂ဦးမှာ လက်ထပ်ပြီးဖြစ်သည်။
ဤချောမောသော ယောက်ျားလေးသာ လက်မထပ်ရသေးသောကြောင့် single မိန်းကလေးများစွာ က သူ့ကို လိုချင်နေခဲ့ကြသည်။
လူတွေက အတင်းအဖျင်းတွေကို နှစ်သက်ကြလို့ သူ့ကို ဘယ်သူက အနိုင်ယူမလဲ သိချင်တဲ့အတွက် အားလုံးက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို လာခဲ့ကြတယ်။
သာမာန်လူများသာမက ချမ်းသာသော မိသားစုများပင်လျှင် မကြည့်ဖို့ မခံနိုင်ကြချေ။
သူတို့ ဝင်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ စွဲမက်ဖွယ်ကောင်းသည်ကို တွေ့လိုက်ရသည်။
ကလေးတွေက ချစ်စရာကောင်းပြီး အဆောက်အဦးတွေကလည်း ထိပ်တန်းပဲ။
အနီးကပ်စစ်ဆေးပြီးနောက်၊ ၎င်းသည် ‘အထက်တန်းအကယ်ဒမီ’ မူကြိုကျောင်းများထက်ပင် ပိုမိုဇိမ်ကျသည်။
စားဖိုမှူး သည် ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင်၏ ယခင်စားဖိုမှူးဖြစ်သည်။
ဆရာမ သည် လုပ်ငန်းနယ်ပယ်တွင် အတော်လေး ကျော်ကြားသော ဆရာမထန်ဖြစ်ချေသည်။
ကျောင်းကားဒရိုင်ဘာသည် အစိုးရတွင်အလုပ်လုပ်ခဲ့ဖူးပြီး မြို့တွင်းရှိ မဖော်ပြထားသောထိပ်တန်းယာဥ်မောင်း ၃ဦးထဲတွင် ထည့်သွင်းစဥ်းစားခံခဲ့ရသူ ဖြစ်သည်။
မူကြိုကျောင်း၌ မလိုအပ်ဟုထင်ရသော အခန်းကဏ္ဍ၌ ဆေးရုံကြီး၏အသက်အငယ်ဆုံးအထူးကုဆရာဝန် အား ဖြည့်ဆည်းထားခဲ့သည်။
ဤမူကြိုကျောင်း ကို ပိုသိလာလေလေ ပိုတုန်လှုပ်လာကြတော့သည်။
ရှန်းဝေ မှ ဤကဲ့သို့သောအဖွဲ့ ဖွဲ့စည်းနိုင်ပုံကို လူတိုင်း က အံ့သြနေကြသည်။
ဤလူများ၏ ပံ့ပိုးမှုဖြင့် အင်တာနက်-နာမည်ကြီးမူကြိုကျောင်း၏ ဒီအတိုင်းဖြတ်သွားဖြတ်လာကျော်ကြားခြင်း သည် ဟာသမဟုတ်ချေ။
လက်ရှိ တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုသည် လူကြိုက်များသည့် ဝဘ်စီးရီးများနှင့် တန်းတူနီးပါးဖြစ်သည်။
တစ်စုံတစ်ယောက်က ရှန်းဝေ ထံ သီးသန့်မက်ဆေ့ချ်ပို့ခဲ့သည်- [ညီမရေ၊ လူတွေက ညီမရဲ့ဗီဒီယိုတွေကို တခြားဝဘ်ဆိုဒ်တွေမှာ ပြန်တင်နေကြတယ်။ အဲဒီဆိုက်တွေမှာလည်း ကိုယ်တိုင်အကောင့်ဖွင့်လို့ရပါတယ်]
ယင်း က အဓိပ္ပါယ်ရှိတယ်လို့ ထင်၏။ မြှင့်တင်ဖို့ ပလက်ဖောင်းတွေ များများ ထားရှိခြင်းက သူတို့ရဲ့ ကျော်ကြားမှုကို ပိုမြန်စေလိမ့်မည်။
ထို့ကြောင့် သူမသည် အမျိုးမျိုးသော ပလက်ဖောင်းများတွင် အကောင့်များကို အမြန်စာရင်းသွင်းပြီး အွန်လိုင်းတွင် စစ်ဆေးခဲ့သည်။ ထို့နောက် သူမ သည် နေ့စဥ် တိုက်ရိုက်ထုတ်လွှင့်မှုစုစည်းမှုကို တင်ခဲ့သည်။
အထူးသဖြင့် D-site တွင်၊ ပို့စ်တစ်ခုစီတွင် မှတ်ချက် ၂၀၀၀ ခန့်ရရှိခဲ့သည်။
လူအများအပြားက နောက်ဆုံးတွင် တွေ့ရှိပြီး D-site တွင် ကြည့်ရခြင်းမှာ သက်တောင့်သက်သာရှိဆုံးဖြစ်ကြောင်း ပြောဆိုကြသည်။
ပရိသတ်များသည် သာမညလက်ရာများကို ဖန်တီးကြပြီး အချို့သော ကြိုက်နှစ်သက်သောအခန်းများ ကို တည်းဖြတ်ကြသည်။
ယင်းကဲ့သို့ ပရိုမိုးရှင်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူဦးရေ မှာ နေ့စဥ် တိုးလာခဲ့သည်။
ကုမိသားစု၏အကြီးဆုံးသခင်လေး ကုဝေလန် သည် အစည်းအဝေးလုပ်နေစဥ် ဖုန်းက ရုတ်တရက် မြည်သံထွက်ပေါ်လာခဲ့သည်။
ဖုန်းကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာတွင် မသိမသာ အမူအရာတစ်ခု ပေါ်လာသည်။
ရှိနေသည့် မန်နေဂျာများ သည် ဥရောပပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်တွင် တစ်စုံတစ်ရာ မှားယွင်းသွားသည်ဟု ထင်မြင်ခဲ့ကြသည်။
ကုဝေ က သူ့ညီငယ်ပါဝင်သည့် ဖြတ်စလေးကို ကြည့်နေကြောင်း သူတို့ မသိခဲ့ကြပေ။
သူ့ညီ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ပြန်ပေါ်လာပြီး အရင်အဖြစ်အပျက်ရဲ့လွှမ်းမိုးမှုကြောင့် နှင်းဆီနီပန်းစည်းကြီးကို ဝယ်ခဲ့တာ ဖြစ်နိုင်တယ်။
အရင်က နားလည်မှုလွဲခဲ့တာတွေကို ရှင်းပြီးနောက် CPဖန်တွေမှာ လူစုခွဲသွားခဲ့ကြသည်။
သို့သော် သူ့လုပ်ရပ် က CP ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကို ပြန်လည်ရရှိစေခဲ့တယ်။
[အိုး.. ပန်းတွေ ပေးတတ်တယ်၊ မဆိုးဘူး]
ကုချင်းရန် လည်း တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာ မှတ်ချက်တွေကို ကြည့်နေခဲ့သည်။ သူ့ကို ချီးမွမ်းနေတဲ့ လူအုပ်ကြီးကို မြင်တာနဲ့ သူ့မျက်လုံးတွေက မာနကြီးတဲ့ အထိအတွေ့တွေ တောက်လောင်နေတယ်!
ကုမိသားစု သည် ဂုဏ်သိက္ခာရှိသော မိသားစု ဖြစ်သည်။ အစ်ကိုနဲ့အစ်မ သည် ထူးချွန်သော်လည်း ကုချင်းရန် က စီးပွားရေးကို စိတ်မဝင်စားဘူး။ လူတိုင်း က သူ့ကို အစစ်အမှန်တိုင်းနေဖို့ အားပေးကြတယ်။
လူတိုင်းက သူ့အပေါ် ချစ်မြတ်နိုးတာကြောင့် သူ၏ပင်ကိုယ်စရိုက်က အတော်လေးရိုးရှင်းတယ်။
နာမည်ကျော်သခင်လေးတစ်ယောက် ဖြစ်သည့် သူ သည် အွန်လိုင်းပရိသတ်များထံမှ စကားအနည်းငယ်ကို ရရှိသောအခါ အလွယ်တကူ ကြည်နူးနေခဲ့သည်။ ယင်းကို ကြည့်နေသည့် အစ်ကိုဖြစ်သူမှာ ဆက်ကြည့်ဖို့ ခက်ခက်ခဲခဲ သည်းခံနေရတော့သည်။
ကုဝေ၏အစည်းအဝေး သည် နောက်ဆုံးတော့ ပြီးသွားခဲ့သည်။
ကုရူ က သူ့ရုံးခန်းကို ရောက်လာပြီး သူမပြောခဲ့တဲ့ ပထမဆုံးစကား မှာ “အဲဒီ နံနံပင်ကောင်လေး က လုံးဝ ဂရုမစိုက်ဘဲ နှင်းဆီပန်းပေးဖို့ တိတ်တိတ်လေး သွားခဲ့တာ”
သူတို့ သည်းမခံနိုင်တော့ဘူး။
သူတို့မောင်ငယ်လေး ဘက်မှ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားတာမျိုး တခါမှမမြင်ဖူးပေမဲ့ အခုတော့ ပြတ်ပြတ်သားသားကြီး မိုက်မဲနေချေပြီ။
"ဒါဆို ညီမတို့ ဘာလုပ်သင့်လဲ?” ကုရူ က နည်းနည်းကူညီသေးသည်။ ပန်းတွေပို့ရုံနဲ့ မလုံလောက်ဘူး!
ထို့အပြင် သူတို့မောင်လေး ဘက်မှ အလျင်စလို ဆက်ဆံရေးတစ်ခုကို အရင်ငြင်းဆိုခဲ့သူဖြစ်ပြီး ယခုတော့ ပြန်လည်ပြင်ဆင်ဖို့ ဆန္ဒရှိနေသည်။ ဘယ်မိန်းကလေး က ဒါကို သံသယမရှိဘဲ လက်ခံမှာလဲ?
ဤကိစ္စ က လူအများကို သံသယဖြစ်စေမှာ သေချာတယ်!
အကြံဥာဏ်များ ပိုမိုရရှိလာရန် အမှန်တကယ် လိုအပ်နေ၏။
ကုဝေ က ပြောလိုက်သည်။ “သူ အကူအညီလိုတဲ့အထိစောင့်ရအောင်” သူ့ညီလေး က အတော်ရှက်တက်၏။ သူများတွေ မှတ်ချက်ပေးခဲ့လို့ ရှက်ရွံ့ပြီး ဒေါသထွက်မှာ သူ စိုး၏။
"သူ့သဘောထားနဲ့ဆိုရင် ၈နှစ်အတွင်းမှာ မိန်းမရမှာမဟုတ်ဘူး”ဟု ကုရူ က နှာခေါင်းရူံ့၏။
ကုဝေ မှ မေးလိုက်သည်။ “သူမ နှင်းဆီပန်းတွေကို လက်ခံခဲ့လား?”
ကုရူ က သူ့စကားကြောင့် အံ့အားသင့်သွားသည် "မမြင်လိုက်ဘူး၊ ကျွညီမ ဖြတ်ညှပ်ကပ်တွေ ကြည့်ခဲ့တာ!"
သူမ ပြောပြီးတာနဲ့ သူတို့မိဘတွေက ဖုန်းဆက်လာခဲ့သည်။ "တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ပြီးပြီလား? သူတို့ ပထမဆုံးပြောတဲ့တဲ့ကိစ္စ က…”
သူတို့ ဆုံးအောင်မပြောခင် ကုဝေ က မေးလိုက်၏။ “သူမ နှင်းဆီပန်းကို လက်ခံခဲ့လား?”
"မတွေ့လိုက်ဘူး။ အဲဒါက တခြားဇာတ်ကွက်တွေဆီ မြန်မြန်ပြောင်းသွားတယ်လေ! ငါတို့ပေးခဲ့တဲ့ အကြံပြုချက်တွေ က အသုံးဝင်ပုံရတယ်။ နောက်တစ်ကြိမ် ထပ်ပေးသင့်တယ်!”
သို့သော် ကုဝေ နဲ့ ကုရူတို့ သည် ငြိမ်သက်နေခဲ့သည်။
သူတို့ ဘယ်တုန်းကမှ တစ်စုံတစ်ယောက်ကို မလိုက်ခဲ့ဖူးဘူး။ သို့သော် မိဘတွေပြောလာကတည်းက ကုဝေ ဟာ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲနည်းလမ်းများကို သူ့အတွင်းရေးမှူးထံ ချက်ချင်း မေးခဲ့သည်။
ဥက္ကဌ က သူ့ဇနီးအတွက် အမြဲ သစ္စာစောင့်သိသောကြောင့် ယင်း က အတွင်းရေးမှူးကို ထိတ်လန့်စေခဲ့သည်။
သူ့အချစ်စစ်ကို တခြားနေရာမှာ တွေ့သွားလို့များလား?
ကုချင်းရန် သည် သူ၏အမြဲတမ်းအောင်မြင်သော အစ်ကိုအပေါ် အတွင်းရေးမှူး က နားလည်မှုလွဲလုနီးပါးဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။
…
ရှန်းဝေ က နှင်းဆီပန်းများကို လက်ခံသလား လက်မခံသလား ကိစ္စကို လူတိုင်း သိချင်နေခဲ့ကြသည်။
တစ်ကယ်တော့ ရှန်းဝေ သည် လက်ခံခဲ့၏။
သို့သော် သူမ က ပြောခဲ့သည်။ "နောက်ထပ် မပို့ပါနဲ့"
ထိုသို့ပြောပြီးနောက် ကုချင်းရန် ၏မျက်လုံးများသည် လျင်မြန်စွာ တောက်ပသွားသည်ကို သူမတွေ့လိုက်ရသည်။
ရှန်းဝေ သည် အခြားသူများ ဝမ်းနည်းပူဆွေးသည်ကို မခံနိုင်သလို နားမလည်နိုင်သော အပြစ်ရှိစိတ်ကို ခံစားရသည်။
“ကျွန်မတို့ ရှင်းလင်းပြီးပြီ မလား?”
“အဲဒါကို ထည့်မတွက်ဘူး”
ရှန်းဝေ က သူ စနောက်နေတာလို့ တွေးမိပြီး “မမိုက်မဲစမ်းနဲ့!" ဟု ကလေးကို ချော့သလိုမျိုး ပြောလိုက်သည်။
ရှန်းဝေ သည် ယခုအခါ သူမ၏အသက်မွေးဝမ်းကြောင်းအတွက် အပြည့်အဝအာရုံစိုက်နေပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေကို မစဥ်းစားချင်သေးဘူး။
“ဒါဆို အလုပ်လာလုပ်ခွင့်ပြုပါ!” ရှန်းဝေ က သူ့ကို ငြင်းဆိုတာ သာမန်ပဲလို့ သူထင်သည်။ သူတို့နှစ်ယောက်သား အပြန်အလှန် ဆက်ဆံတဲ့ အတွေ့အကြုံ မရှိတဲ့အတွက်ကြောင့် သူစိမ်းတွေကို ဘယ်သူကများ အစကတည်းက စိတ်ဝင်စားမှာလဲ?
“ဒါပေမဲ့ လိုနေတဲ့ရာထူး မရှိဘူး”
သခင်လေးကု က ယဥ်ကျေးသော ငြင်းဆိုသံကို ကြားပုံမပေါ်ဘဲ ပြောလာသည်။ “ရပါတယ်၊ ငါ ဘာမဆို လုပ်နိုင်တယ်၊ ဓာတ်ငွေ့တိုင်ကီတွေ သယ်ပေးမယ်၊ ရေလဲပေးမယ်”
“ပြီးတော့ ငါ ဘာလစာမှ မလိုချင်ဘူး!"
“အင်း ကောင်းပြီလေ!” သူမတို့ရဲ့ဆက်ဆံရေးက အဆင်မပြေရင်တောင် အနည်းဆုံးတော့ သူတို့ဟာ ဂုဏ်သိက္ခာရှိတဲ့ မိသားစုတွေကြားက ဆက်ဆံရေး ရှိသေးသည်။
ထို့နောက် သူမ သည် သူ ပျော်ရွှင်စွာ ထွက်ခွာသွားသည်ကို တွေ့ခဲ့ရသည်။
နောက်နေ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာ သူ ပေါ်လာခဲ့၏။ ဤတကြိမ်တွင် ကုချင်းရန်၏အစ်ကို၊ အစ်မ နှင့် မိဘတို့ သည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို ကြည့်နေကြသည်။
ကိတ်မုန့်ဖုတ်ရန် အလုပ်ရူပ်နေသော အဖေရှန်း အား ကူညီရန် ကုချင်းရန် ရောက်လာသည်ကို သူတို့ ကြည့်နေခဲ့သည်။
သို့သော် သူ က ညံ့ဖျင်းပြီး တုံးအသောအပြုအမူရှိသည်။
ကုချင်းရန် က အိမ်တွင် အိမ်မှုကိစ္စများကို တစ်ခါမျှ မလုပ်ဖူးသလို ဤသည်မှာ သူ၏ပထမဆုံး အကြိမ် ကိတ်မုန့် ပြုလုပ်ခြင်း ဖြစ်သည်။
သူ က သူတို့အား ထူးထူးခြားခြားရုပ်ဆိုးအောင် လုပ်ခဲ့၏။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် မိဘများ လည်း မနာလိုဖြစ်သွားကြတော့သည်။
သမီးမွေးတာ ပိုကောင်းမှန်း သူတို့ နားလည်သွားပြီး!
ကုချင်းရန်မိဘတွေရဲ့ခါးသီးမှု ဟာ ခဏတာသာ ကြာခဲ့ပြီး အင်တာနက်အသုံးပြုသူတွေ က သားအပေါ် ကဲ့ရဲ့မှာကို စိုးရိမ်နေခဲ့ကြသည်။
သို့သော် မျှော်လင့်ထားခြင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး လူအများက သူ့လက်ကို ချီးကျူးခဲ့ကြတယ်။
လုံးဝကိုပင် ကုချင်းရန်၏လက်များ က ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသွယ်လျပြီး လှပသည်။ သူ့လက်တွေကို မြင်ရုံနဲ့ သူဟာ မိန်းမလှလေး ဟု တစ်စုံတစ်ယောက်ကပင် ပြောနိုင်ချေသည်။
တစ်ခါတလေ လူတွေက သူ့ကို လှောင်ပြောင်ချင်ကြပေမယ့် သူခေါင်းမော့ပြီး ကင်မရာကို ကြည့်လိုက်တာနဲ့ ကဲ့ရဲ့သံတွေအားလုံး တိတ်ဆိတ်သွားခဲ့သည်။
အင်တာနက်အသုံးပြုသူတွေကတော့ ပြောကြလေသည်။ [ငါတို့ က သူ့ရုပ်ရည်ရဲ့ဖန်တွေကွ!]