Chapter 31
ဟဲလင်းဖုန်း သည် ရှန်းဝေ ကို သွားရှာခဲ့သည်။ “ဒီနေ့ သား လေ့လာလို့ရမလား?”
ရှန်းဝေ ဟဲလင်းဖုန်းရဲ့ပါးလေးကို ချက်ချင်းဆွဲညှစ်လိုက်သည်။ “မင်း စာလေ့လာတာ သိပ်မကြာသေးဘူးလေ။ နောက်ထပ် ကစားသင့်တယ်!"
ရှန်းဝေ သည် ယခု သူ့အား ပျော်ရွှင်သော ကလေးဘဝလေးရရှိရန် အစွမ်းကုန်လုပ်ဆောင်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဟဲလင်းဖုန်း က စိတ်ရင်းအမှန်ကို တဖြည်းဖြည်း ထုတ်ဖော်ပြသခဲ့သည်။- သူ ဟာ တကယ့်ကို ဗီလိန်ပင်။
သူ သည် အခြားသူများနှင့် ဝေးကွာနေခဲ့သည်။
သို့သော် ရှန်းဝေ နှင့် ရင်ဆိုင်ရသောအခါတွင် သူသည် ဆရာထန်၏စကားကို နားထောင်ခြင်းထက်ပင် ပြောသမျှကို နားထောင်ပြီး တွယ်ကပ်နေသော ခွေးကလေးနှင့်တူသည်။
ရှန်းဝေ မှ အခုလို ပြောလာတာမြင်တော့ ဟဲလင်းဖုန်း က ‘ဟုတ်ကဲ့’ဟုသာ ပြောနိုင်တော့သည်။
ဒါကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပုံမှန်အတိုင်း ပြန်ဖွင့်ခဲ့တယ်။
ရှန်းဝေ သိပ်ပြီး အားမစိုက်ခဲ့ဘူး။
ယခုတော့ ကွန်ရက်တစ်ခုလုံးက သူမကို အတန်း-၂ ကို အမြန်ဖွင့်ဖို့ တောင်းဆိုနေကြသည်။
ရှန်းဝေ သည် လက်ရှိတွင် အတန်း-၂ ကို ဖွင့်ရန် အစီအစဥ်မရှိပေ။
သို့သော် နောက်ထပ်သင်ကြားရေးအကူ ၂ ယောက်ကို ငှားရမ်းဖို့ စိတ်ကူးထားသည်။
ကလေးဦးရေ တဖြည်းဖြည်း တိုးများလာပြီး ဤအတန်းတွင် နောက်ဆုံးတွင် ကျောင်းသားအယောက်၂၀ ခန့် ရှိလာနိုင်သည်။
ဆရာမထန်တယောက်တည်းနဲ့ မလုံလောက်ဘူး။
သူမ နောက်ထပ် လူ၂ယောက် ရှိချင်သည်။
ရှန်းဝေ သည် လူ၂ဦး ရွေးချယ်ရန် စနစ် ထံမှ အကူအညီကို ရရှိခဲ့ပြီး မကြာမီခင် တန်ရှောင်းရန် နှင့် ကုချင်း ကို ရွေးချယ်ခဲ့သည်။
သူတို့ ၂ ယောက် သည် မူကြိုပညာရေးမေဂျာမှ ထိပ်တန်းဘွဲ့ရများဖြစ်ပြီး သူတို့အတန်းထဲ၌ ပထမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်ကြသည်။။
ဒီလိုမျိုး ကျောင်းသားတွေကို မြန်မြန် ဖမ်းဆုပ်ရမယ်။
ခရိုင်အဆင့်မူကြိုကျောင်းများ ရှိသောကြောင့် သူတို့ နှင့် ယှဥ်ပြိုင်ရန် မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
သာမန်လူများအတွက် အကျိုးကျေးဇူးများသည် အလွန်ဆွဲဆောင်မှု ရှိနေသေးသည်။
ရှန်းဝေ၏ တစ်ခုတည်းသော ချဥ်းကပ်မှုမှာ မြင့်မားသော လစာများ ပေးရန်ဖြစ်သည်။ သို့သော် လက်ထောက်များအနေနှင့် လစာ သည် တလလျှင် ယွမ် ၂၀,၀၀၀ ရရှိသော ဆရာမထန်၏လစာထက် မြင့်မား၍မရချေ။ ထို့ကြောင့် လက်ထောက်လစာကို တလလျှင် ယွမ်၁၅,၀၀၀ ပေးမည်။
အလုပ်ကမ်းလှမ်းချက်တွေကို မြန်မြန်ဆန်ဆန် ပေးပို့ခဲ့၏။
...
မူကြိုပညာရေးမေဂျာတွင်၊ ဘွဲ့ရစီနီယာအားလုံး အလုပ်အကိုင်ရှာဖွေနေကြသည်။
တန်ရှောင်အန်း နဲ့ ကုချင်း တို့ ဘယ်ကိုသွားမယ်ဆိုတာ အတန်းဖော်တွေအားလုံး သိချင်နေကြသည်။
သူတို့ သည် ယခုနှစ်တွင် ခရင်မ်ပေါ်က အသီးများဖြစ်ပြီး တနှစ်ပြီးတစ်နှစ် ပထမအဆင့် နှင့် ဒုတိယအဆင့် ပညာသင်ဆုများကို အဆက်မပြတ် ရရှိခဲ့ကြသည်။
သူတို့နှစ်ဦး အား အစိုးရကြိုမူကြိုကျောင်းမှ ရွေးချယ်ထားပြီးဖြစ်ကြောင်း သူတို့၏သင်တန်းဆရာများ က ပြောခဲ့ကြသည်။
တခြားသူတွေ သည် မနာလိုရုံသာ တက်နိုင်ခဲ့၏။
သို့သော် ယနေ့တွင် အတန်းဖော်များသည် မြေပြိုကျမည့်သတင်းကို လက်ခံရရှိသည် - သူတို့ ၂ ဦး က အစိုးရကြိုမူကြိုကျောင်း သို့ မသွားပဲ လက်ရှိခေတ်စားနေသော 'ကြယ်ကောင်းကင်မူကြိုကျောင်း' သို့ သွားခဲ့ကြသည်။
ဆရာမတွေက သူတို့ကို ရုံးမှာ တစ်နာရီလောက် ဒေါသတကြီး ဆူပူကြိမ်းမောင်းပေမယ့် သူတို့ စိတ်မပြောင်းခဲ့ကြဘူး။
ရုံးခန်းအတွင်း အပိုင်းအစများကြားနေရသော အခြားကျောင်းသားများ က သတင်းဖြန့်ကာ ဌာနတွင်း တွင် လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။
“သူတို့ရဲ့ အနာဂတ် ဒါမှမဟုတ် ငွေက ပိုအရေးကြီးသလားလို့ ဆရာ က မေးတယ်”
"အင်း၊ သူတို့ကို ဘယ်လောက် ကမ်းလှမ်းထားတာလဲ?”
“မသိဘူး”
"'ကြယ်ကောင်းကင်မူကြိုကျောင်း'ကို ကြားဖူးလား? သူတို့ က နေ့တိုင်း တိုက်ရိုက် တိုက်ရိုက်လွှင့်တယ်၊ အဲဒီကလေးတွေက တော်တော်ချစ်စရာကောင်းတာ"
အတန်းထဲသို့ ပြန်လာတဲ့အခါ တုန်လှုပ်ချောက်ချားစွာ စကားစမြည်ပြောနေကြပြီး အတန်းထဲ တုန်လှုပ်ချောက်ချားစရာဖွယ် တိတ်ဆိတ်သွားတယ်။
ခဏကြာတော့ ဆရာမ က တခြားကောင်မလေးတွေကို ခေါ်ထုတ်သွားခဲ့သည်။
မကြာခင်မှာပဲ ပြန်လာတဲ့ ဒီမိန်းကလေးတွေက ရွှင်မြူးစွာနဲ့ ပြောပြသည်။ “ငါ အခု အစိုးရကြိုမူကြိုကျောင်း မှာ အလုပ်ဝင်ခွင့်ရသွားပြီ”
အနီးနားရှိ အတန်းဖော်များအားလုံး က တန်ရှောင်အန်း နဲ့ ကုချင်းတို့၏ တုံ့ပြန်မှုများကို မြင်လို၍ ကြည့်နေကြသည်။
သို့သော် သူတို့၏တုန့်ပြန်မှုမရှိတဲ့အမူအရာ က စိတ်ပျက်စေခဲ့သည်။
မယုံနိုင်စရာပဲ- ဒါက ကျောင်းသားတွေအတွက် အကောင်းဆုံးအလုပ်ရွေးချယ်မှုကြီးလေ။
တခြားသူများ က တန်ရှောင်အန်း နဲ့ ကုချင်း ကို မေးကြသည်။ “ဘာလို့ မသွားတာလဲ?”
အကျိုးခံစားခွင့်ရှိခြင်းမှာ အတည်ငြိမ်ဆုံးဖြစ်ပေမဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခု က မည်မျှကြာကြာခံနိုင်သည်ကို မည်သူမျှမသိနိုင်ချေ။
နှစ်ယောက်သား က မကျေမနပ် ထုတ်ဖော်မပြကြဘူး။ သူတို့ဟာ အလုပ်သင်ဖြစ်ပေမဲ့ စိတ်ပါလက်ပါ သွားချင်ကြသည်။
ကျောင်းမှာ ကောင်မလေး ၂ ယောက်ဟာ အကောင်ကြီးတွေ ဖြစ်၏။
သို့သော် ထိုအစိုးရကြိုမူကြိုကျောင်း ၌ သူတို့ က မည်သူမျှ မဟုတ်ကြဘူး။
လုပ်ဖော်ကိုင်ဖက်များ၏ အနိုင်ကျင့် နှောင့်ယှက်ခြင်းကို ခံခဲ့ရရုံသာမက အချို့သော အရာများအတွက်ပင် အပြစ်တင်ခြင်း ခံခဲ့ကြရသည်။
ဒီအတွက် အကြိမ်ပေါင်းများစွာ ငိုခဲ့ကြရတယ်။
စီနီယာလုပ်ဖော်ကိုင်ဖက်တစ်ဦး က လျှို့ဝှက်ချက်ကို တိတ်တဆိတ်ထုတ်ဖော်ခဲ့သည်- ဤနေရာ က အားလုံးဟာ စီနီယာတွေဖြစ်ကြပြီး သူတို့အားလုံး တပုံစံတည်း ဖြတ်သန်းခဲ့ကြသည်။
အတိအကျပြောရရင် သူတို့ သည် အရင်က အနိုင်ကျင့်ခံခဲ့ရလို့ အခု လူသစ်တွေ ရောက်လာတော့ လက်တုံ့ပြန်ခဲ့ကြသည်။
လူသစ်များကို အနိုင်ကျင့်ခြင်းသည် ထိုနေရာ ရှိ လုပ်ရိုးလုပ်စဥ်တစ်ခုဖြစ်သည်။ ထို့အပြင် စာချုပ်များ ဟာ စိတ်ကူးထားသည့် အကျိုးကျေးဇူးများ မဟုတ်ဘဲ အမှန်တကယ်တွင် နှစ်ရှည်ကန်ထရိုက်လုပ်သားများဖြစ်သည်။
နှစ်၂၀ စာချုပ်ပါရှိပြီး တစ်ဝက်တစ်ပျက်ပျက်ပါက မူကြိုကို လျော်ကြေးငွေ 1 သိန်း ပေးဆောင်ရမည်ဖြစ်သည့်အပြင် တစ်လလျှင် ယွမ်၃၅၀၀ ပဲရရှိပြီး အိမ်လခပေးဆောင်ရဦးမည် ဖြစ်သည်။
သင့်တင့်လျောက်ပတ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ လစဥ်လစာ၃၅၀၀ သာရှိကာ အိမ်လခပေးဆောင်ရမည်ဖြစ်ပါသည်။
လျောက်ပတ်တယ်လို့ထင်ရပေမယ့် လက်တွေ့မှာတော့ စိတ်မချမ်းမြေ့ဖို့ ကောင်းလှသည်။
သူတို့ တုံ့ဆိုင်းနေချိန်တွင် 'ကြယ်ကောင်းကင်'မူကြို မှ ကမ်းလှမ်းချက်တစ်ခု ရရှိပြီး လစာ၁၅,၀၀၀ မြင့်မားသည်။ တန်ရှောင်းအန်း သည် ချက်ချင်းသွားရန် ဆုံးဖြတ်လိုက်ပြီး ကုချင်း က နည်းနည်းခေါင်းမာပေမဲ့ သဘောတူခဲ့၏။
သူတို့ အလုပ်သစ်ကို အတော်လေး စောင့်မျှော်နေကြသည်။ ဆရာမ ကတော့ ဒေါသထွက်ရုံသာ ဖြစ်၏။
ဆရာမ က သူမတို့ကို အချိန်အတော်ကြာအောင် ကြိမ်းမောင်းခဲ့ပြီး အမြင်ကျဥ်းသောကြောင့် အတန်းဖော်များရှေ့တွင်ပင် လှောင်ပြောင်ခဲ့သည်။
အလုပ်အကိုင်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြုံဖူးသူသာလျှင် သိနိုင်သည်။
အပြင်ပန်းသွင်ပြင်က ဘာမှ အဓိပ္ပါယ်မရှိဘူး။
"အဲဒီမှာ လစာကများတယ်"
"ဘယ်လောက်လဲ?"
"၁၅၀၀၀" ထိုအချိန်တွင် အခြားသူများ တိတ်ဆိတ်သွားသည်။
၁၅,၀၀၀ ? လက်ထောက်တစ်ဦးအတွက်သာမက၊ ဝါရင့်ဆရာများပင်လျှင် ထိုမျှလောက် ဝင်ငွေမရနိုင်ဘူး။ နှစ်စဥ် လစာ ၁၈၀,၀၀၀ က စီနီယာကျောင်းသားများအတွက်ဖြစ်ပြီး ဘွဲ့ရကျောင်းသားများအတွက် ကိန်းဂဏန်းတစ်ခုသာသာ ဖြစ်ချေသည်။
လူများစွာ၏ မျက်လုံးများသည် အထင်အမြင်သေးခြင်းမှ မနာလိုခြင်းသို့ ပြောင်းလဲသွားတော့သည်။
သူတို့ လစာ ၁၅၀၀၀ သာ ရရင် တစ်စက္ကန့်ကို တုံ့ဆိုင်းနေတာက ငွေကို မလေးစားရာ ရောက်လိမ့်မယ်။
ဘွဲ့ဓာတ်ပုံတွေ ရိုက်ပြီးတဲ့ နောက်မှာတော့ အားလုံး က ခွဲခွာခဲ့ကြသည်။
'ကြယ်ကောင်းကင်မူကြိုကျောင်း'အတွက် ကောင်မလေးနှစ်ယောက်ရဲ့နှလုံးသားထဲမှာတော့ မျှော်လင့်ချက်တွေ ထားခဲ့တယ်။
သူတို့ရောက်တာနဲ့ စာချုပ်မှာလက်မှတ်ထိုးရမယ်ဆိုတာ နည်းနည်းတော့ သိခဲ့ကြသည်။
ရှန်းဝေ သည် သူတို့အကောင့်ဆီသို့ ယွမ်၁၀၀,၀၀၀ ကို တိုက်ရိုက်လွှဲပေးခဲ့သည်။
အလုပ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ ပြန်သွားတဲ့အခါ သူတို့ရဲ့ခြေထောက်တွေက ပေါ့ပါးသွားသလိုခံစားရတယ်။ ‘ဝိုး’
'ကြယ်ကောင်းကင်မူကြိုကျောင်း' က ချမ်းသာတာ သိသော်လည်း ဤချမ်းသာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ရှန်းဝေ က သင်ကြားရေးလက်ထောက်နှစ်ယောက်ကို ငှားရမ်းခဲ့တာကြောင့် စနစ် မှ ယွမ်၂သန်း၊ အမဲသား ၁၀ ပေါင်၊ ဥ ၁၀ ပေါင်၊ ဟင်းသီးဟင်းရွက် ၁၀ ပေါင် အား ဆုချီးမြှင့်ခဲ့သည်။
လက်ထဲမှာ သန်း ၂၀ ကျော်ရှိနေပြီ။
ငွေ၏စွမ်းအားသည် အမှန်တကယ်ပင် တန်ခိုးကြီးသည်- ဝန်ထမ်းများအတွက်၊ အိပ်မက်များအကြောင်း ပြောရန်မလိုပါ၊ ငွေရှိသရွေ့ လူတိုင်း အလုပ်လုပ်ရန် ပျော်ရွှင်ကြသည်။
ရှန်းဝေ က လောဘမကြီးပေမယ့် သူမအောက်မှာ ဝန်ထမ်းတွေ ရှိ၏။ သူတို့သည် ရှန်းဝေကို စီးနှင်ပြီး ဒေသတွင်းရှိ ထိပ်တန်းမူကြိုကျောင်းဖြစ်လာရန် ဆုံးဖြတ်ခဲ့ကြသည်။
'ကြယ်ကောင်းကင်မူကြိုကျောင်း'သည် နာမည်ကြီးလာသောကြောင့် အပိုင်း၁ပိုင်း လွဲချော်မည်ကို စိုးလာကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် နေ့စဥ်စောင့်မျှော်နေသူများရှိသည်။
အမှန်တော့ သူတို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ကြည့်လို့ ရသည်။
သို့သော် လတ်ဆတ်သောအကြောင်းအရာသည် စိတ်ဝင်စားစရာကောင်းနေသေးပြီး ကြည့်ရှုသူများနှင့် အပြန်အလှန်ဆက်သွယ်နိုင်သည်။
ဒီနေ့ live feed ကိုဖွင့်လိုက်တာနဲ့ လှပတဲ့ရှန်းဝေ နဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးတွေကို မတွေ့ခဲ့ရဘူး။ အဲဒီအစား စားဖိုမှူးလျို က ရှိနေခဲ့သည်။
သူနောက်ဆုံးအကြိမ် ဗိုင်းရပ်စ်ကူးစက်ပြီးကတည်းက အခုလူတော်တော်များများက သူ့ကို ‘ဘိုးဘိုးလျို’ ဟု ခေါ်ဝေါ်ကြတယ်။
ကလေးတွေ သူ့ကို ဒီလိုခေါ်တာကို နားလည်နိုင်ပေမယ့် သူ့အသက်အရွယ်လူတွေကတောင် ခေါ်လာခဲ့တဲ့အခါ သူ့ကို အံ့အားသင့်စေပြီး ရှက်စေတယ်။
သို့သော် ရိုးရိုးသားသားပြောရရင် ဒီအဘိုးကြီးလျို က တကယ်ပဲ ကလေးချစ်တက်သူ ဖြစ်နေ၏။
ကလေးတွေက ဘာပဲစားချင်စားချင် တီထွင်ဖန်တီးနိုင်တဲ့ နည်းလမ်းတွေ တီထွင်ကြံဆကြလိမ့်မယ်။
ဒီနေ့ စားဖိုမှူးလျို က ကြည့်ရှုသူတွေကို နွေးထွေးစွာ ပြုံးပြသည်။ “ဒီနေ့ ကလေးတွေ မရှိဘူး၊ ဒါကြောင့် အားလုံးစားဖို့ တစ်ခုခု လုပ်မယ်။ သင်ယူလို့လည်း ရပါတယ်၊ အရမ်းရိုးရှင်းတယ်”
ချက်ပြုတ်နည်းအားလုံးကို ကျောက်သင်ပုန်းပေါ်တွင် ရေးထားသည်။
နာနတ်သီးနှင့် ဆားနယ်ထားသော ဝက်သား၊ မုန်လာဥနှင့် အမဲသားစွပ်ပြုတ်၊ အစိမ်းရောင်မွှေကြော်၊ ဂုံးကောင်ခြောက် နှင့် ကြက်ဥပေါင်း၊ ကြက်သား တို့ဖြစ်သည်။
မှတ်ချက်အများကြီးမရှိပေမယ့် ချက်ပြုတ်တဲ့အခါ ချောမွေ့ပြီး ကျက်သရေရှိတဲ့တွက် ကြည့်ရူဖွယ်ရာ ဖြစ်ခဲ့၏။
အဘိုးလျို လေးနက်တဲ့အချိန်မှာ အလွန်ချောမောနေတာ ထွက်ပေါ်လာခဲ့သည်။
ပါဝင်ပစ္စည်းများအားလုံးကို သူ့လက်ထဲတွင် လျင်မြန်စွာ စီမံဆောင်ရွက်ခဲ့သည်။
ကြည့်ရှုသူများ အလွန် သဘောကျခဲ့ကြသည်။ ဂုံးကောင်ခြောက်များ မှာ အကောင်ကြီး ၈၅ ကောင်ဖြစ်၏။ အမဲသားအရည်အသွေး က ကောင်းမွန်ပြီး ကြက်ဥများစွာလည်း ရှိ၏>
ဤနေရာ ခမ်းနားထည်ဝါသည်ကို သူတို့သိသော်လည်း အချိန်တိုင်းတွင် ခမ်းနားသောအမူအရာကြောင့် အံ့အားသင့်နေကြဆဲဖြစ်သည်။