(7)
"အိုက်ယား!! ရသွားပြီ! နောက်ဆုံးတော့ ဒီမှာ ရုပ်ပုံလေးပေါ်လာပြီ!"
"နောက်ဘဝသာရှိရင် ငါ လူကောင်းတစ်ယောက် ဖြစ်လာစေရမယ်.. ဒီလိုဆိုရင် ငါ သေသွားတဲ့အချိန် စောစောစီးစီး လူ ပြန်ဝင်စားနိုင်လိမ့်မယ်!
ဒီငရဲမှာ အခုလိုမျိုး စုတ်ပြတ်သတ်နေတဲ့ ကွန်ရက်လိုင်းကို နောက်နှစ်ငါးဆယ်လောက် အသုံးပြုပြီးမှ ပြန်ဝင်စားရမယ်ဆိုတဲ့အကြောင်းကို တွေးလိုက်မိရင်... အရှင်ယန်! အရှင် ကျွန်တော့်ရဲ့ဝိညာဉ်ကို ဘာလို့ အဝေးကိုပဲ ပျံသန်းခွင့်မပြုလိုက်ရတာလဲ!"
"အချိန် အတော်ကြာခဲ့ပြီပဲ.. ရှုန်းတိ မင်း ငါ့ကို တစ်ချက်ကြည့်လိုက်ဦး.. ငါ တကယ်ပဲ ဒါကို တကယ် မလုပ်နိုင်..."
"... ..."
တစ္ဆေတွေကြားထဲမှာ မြေအောက်ကမ္ဘာဆီမှာ ရောက်နေတာ နှစ်တစ်ရာလောက်ရှိနေပြီး သန်မာတဲ့ဝိဉာဉ်ခန္ဓာကိုယ်တွေ ရှိလာကြတဲ့ စွမ်းအားကြီးတစ္ဆေတွေလည်း အများကြီး ရှိတယ်။
သူတို့တွေ ပရိုဂရမ်ကို ဖွင့်လိုက်နိုင်ကြပေမဲ့ အဝိုင်းလည်နေဆဲဖြစ်တဲ့ ဗီဒီယိုကို ကြည့်လို့မရသေးဘူး။ ဒါကြောင့် ပြင်းထန်တဲ့အမျက်ဒေါသလှိုင်းက သူ့ရဲ့စိတ်ထဲ ဝင်လာခဲ့ပြီး ပရိုဂရမ်ကို အောင်အောင်မြင်မြင်ဖွင့်နိုင်ခဲ့တဲ့ တစ္ဆေတစ်ကောင်ရဲ့ ဝိဉာဉ်ကို ဆုတ်ဖြဲလိုက်တော့တယ်။
ခဏအတွင်းမှာပဲ တစ္ဆေတွေနဲ့ စွမ်းအားကြီးဝိဉာဉ်တွေက ရောထွေးပြီး တိုက်ခိုက်နေကြပြီး စန်းထူမြစ်ထဲမှာ မကောင်းဆိုးဝါးဝိဉာဉ်အငွေ့အသက်တွေနဲ့ ပြည့်သွားခဲ့တယ်။
ထိုမြင်ကွင်းကိုမြင်တော့ အသစ်စက်စက်အရာရှိလေးက ကြောက်လန့်လာခဲ့ရတယ်။ သူက အစပိုင်းမှာတုန်းက တစ္ဆေငယ်လေးတစ်ကောင်ပဲဖြစ်ခဲ့တာလေ။
ဒါပေမဲ့ မြေအောက်ကမ္ဘာရဲ့ အင်တာနက်လိုင်းက တကယ့်ကို ဆိုးရွားလွန်းတယ်!
"ဝိဉာဉ်ရေးရာ "အစီအစဉ်ကို ကြည့်နိုင်ဖို့အတွက် တစ္ဆေငယ်လေးက မရပ်မနားလေ့ကျင့်ခဲ့ပြီး အနိမ့်ဆုံးယင်အရာရှိဖြစ်လာခဲ့ကာ အောင်အောင်မြင်မြင်နဲ့ ကမ်းပေါ်ကို တက်လာနိုင်ခဲ့တယ်။
ထိုအချိန်ကတည်းက အင်တာနက်ပြတ်တောက်မှုကို သူ စိတ်ပူစရာမလိုတော့ဘူး!
ဟေးဝူချန်_ဖန်းဝူကျို့က ယင်တံခါးဂိတ်ကို ဖွင့်လိုက်ကြတယ်။ သူ သက်ရှိကမ္ဘာကနေ ပြန်လာကြတာဖြစ်ပြီး ပြန်ရောက်တဲ့အချိန်မှာပဲ အခုလို လှုပ်ရှားသက်ဝင်နေတဲ့ တစ္ဆေမြင်ကွင်းကို မြင်တွေ့လိုက်ရတာပဲ။
ဖန်းဝူကျို့က အရပ်ပုပြီး ဝတယ်ဆိုပေမဲ့ သူရဲ့ ပခုံးတစ်ဖက်ပေါ်မှာ စတီးဆူးတွေပြည့်နေတဲ့ ဝမ်းနည်းပူဆွေးခြင်းတင်းဘုတ်ကို သယ်ထားခဲ့တယ်။
သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့ခေါင်းပေါ်တော့ "ကောင်းကင်ဘုံအောက်မှ ငြိမ်းချမ်းရေး" လို့ ရေးသားထားသော အနက်ရောင်ရုံးဦးထုပ်ကို ဆောင်းထားခဲ့တယ်။
သူ့ရဲ့ အခြားလက်တစ်ဖက်မှာတော့ သူက ဖမ်းထားတဲ့တစ္ဆေတွေကို ချိန်းကြိုးနှင့် ဆွဲခေါ်လာခဲ့တယ်။ သူ့ရဲ့နောက်မှ ရုန်းကန်မှုတွေကို ခံစားမိတော့ ဖန်းဝူကျို့က သူ့ရဲ့ ဆူးတွေအပြည့်နဲ့ တင်းဘုတ်ကို လွှဲရမ်းလိုက်တယ်။
"ငါ့နောက်က အေးအေးဆေးဆေးလိုက်ခဲ့စမ်း"
စာရင်းမဲ့တစ္ဆေတွေကို ရိုက်နှက်လိုက်ပြီးနောက် ဖန်းဝူကျို့က သူ့ရဲ့ ဝဖီးတဲ့ မေးစေ့ကို လက်တစ်ဖက်နဲ့ပွတ်လိုက်ပြီး :
"မားမြန် ဘယ်မှာလဲ.. မင်းရဲ့အလုပ်ကို လုပ်ဖို့ ဒီကိုလာခဲ့လေ!"
ဟွမ်ချွမ်ရဲ့လမ်းကို အခြားတစ္ဆေတွေနဲ့ အတူဖြတ်သန်းရင်း တိုက်ရိုက်ထုတ်လွှတ်မှုနောက်ကို လိုက်ကာ အလုပ်ရှုပ်နေတဲ့ မားမြန်က သူ့ခေါင်းကို မော့ကြည့်လာတယ်။
"ဟေးတာ့ရယ် ပြန်လာပြီလား!"
မားမြန်က သူ့ကိုယ်တိုင်ရောက်မလာခဲ့ဘူး။ ထိုအစား သူ့ရဲ့နောက်မှာရှိနေတဲ့ ယင်အရာရှိငယ်လေးကို ဖမ်းကိုင်ပြီး အရှေ့ကို ပို့လွှတ်တယ်။
(T/n_ မားမြန် : မြင်းမျက်နှာ: တရုတ်နတ်ဘုရားပုံပြင်ထဲထဲက မြေအောက်လောကရဲ့ အရှောင့်အရှောက်တွေထဲက )
"မင်းသွားပြီး အဖွဲ့သစ်ဆီကို ပို့ပေးလိုက်.. ငါ ပရိုဂရမ်ကြည့်ရင်း အလုပ်ရှုပ်နေတယ်"
ဖန်းဝူကျို့: "...."
သူ့က ခေါင်းကိုခါရမ်းပြီး ပြောလိုက်တယ်: "မျှော်လင့်ချက် မဲ့နေပြီပဲ"
သူ ခေါင်းမော့ကြည့်လိုက်တော့ တစ္ဆေဂိတ်ရဲ့အပေါ်ဘက်ကနေ လွင့်မျောလာနေတဲ့ အဖြူရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရတယ်။ ဒါကြောင့် သူ အပေါ်ကိုခုန်တက်သွားလိုက်တယ်။
"ပိုင်တာ့ကော .. ဒီမြေအောက်ကမ္ဘာက တစ္ဆေတွေက အခုဆို ပိုပိုပြီး တုံးအ,လာကြပြီ.. ကျွန်တော်ကတော့ နားကို မလည်နိုင်တော့ဘူး.. အဲဒီသက်ရှိကမ္ဘာက ပျက်စီးနေတဲ့ ပရိုဂရမ်က ဘာတွေများ အရမ်းကောင်းနေလို့လဲ!"
သူ့ရဲ့ စကားကိုကြားတော့ အနက်ရောင် ယူနီကွန်းစီးလာတဲ့ ရှဲ့ပြန့်က ဖန်းဝူကျွီကို မျက်ခုံးပင့်ပြီး စိုက်ကြည့်လာခဲ့ကာ တိတ်ဆိတ်နေခဲ့တယ်။
ဖန်းဝူကျွီ သူ့ခေါင်းကို ငုံ့ကြည့်လိုက်တော့ ရှဲ့ပြန့်ရဲ့လက်ထဲမှာ ပစ္စည်းတစ်ခုကိုင်ထားတာကိုတွေ့လိုက်ရပြီး သူသည်လည်း သက်ရှိကမ္ဘာမှ အမျိုးသမီးတစ်ယောက် တိုက်ရိုက်ထုတ်လွှတ်မှုကို ကြည့်နေတာကို တွေ့လိုက်ရတယ်!
"ပြီးသွားပြီ ပိုင်တာ့ကော... ခင်ဗျားတောင်မှ ဖျက်စီးခံလိုက်ရပြီ!"
ရှဲ့ပြန့်က သူ့ကို အာရုံစိုက်ဖို့ စိတ်အနှောင့်အယှက်အဖြစ်ခံမနေခဲ့ဘဲ ဘေးဖက်မှပတ်သွားလိုက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကိုဘဲ ဆက်ကြည့်နေခဲ့တယ်။
ဖန်းဝူကျို့ သူတစ်ယောက်တည်း အချန်ထားမခံခဲ့ချင်ဘူးလို့တွေးရင်း နှာခေါင်းရှုံ့လိုက်တယ်။ သူက ရန်သူ့နယ်မြေကို ဖောက်ထွင်းဝင်ရောက်နိုင်ဖို့အတွက် ဒီ"ဝိဉာဉ်ရေးရာ" ပရိုဂရမ်က ဘာတွေများ အရမ်းစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုတာကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်!
ရှဲ့ပြန့်ရဲ့ မျက်နှာပြင်ပေါ်မှ သူ အခုလေးတင် မြင်လိုက်ရတဲ့ မျက်နှာကို ပြန်တွေးကြည့်လိုက်ပြီး ထို တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်လိုက်ကာ နောက်ဆုံးတော့ ပစ်မှတ်ကို ရှာတွေ့သွားခဲ့တယ်။
"ကုကျစ်စုန့်လား .... အိုး.. သူမက အတော်လေး လူသိများတာပဲ"
မြေအောက်ကမ္ဘာက သက်ရှိကမ္ဘာရဲ့အင်တာနက်နဲ့ လျှို့ဝှက်စွာ ချိတ်ဆက်ထားတာဖြစ်လို့ မြေအောက်ကမ္ဘာမှ တစ္ဆေတွေ မန့်လိုက်တဲ့ မှတ်ချက်တွေကလည်း တိုက်ရိုက်ထုတ်လွှတ်မှု အခန်းထဲမှာ မြင်တွေ့နိုင်လိမ့်မယ်။
သို့ပေမဲ့ အင်တာနက်ပေါ်မှာ တစ္ဆေတွေ အများကြီး ရှိနေတာကြောင့် မှတ်ချက်တွေက အချိန်အကြာကြီးတော့ မရှိနိုင်ခဲ့ဘူး။
ပြီးတော့ မြေအောက်ကမ္ဘာဆီမှ မှတ်ချက်တွေက ယင်စွမ်းအင်နဲ့ ဖုံးအုပ်ခံထားရတာကြောင့် ထိုမှတ်ချက်တွေကို သက်ရှိလူသားတွေ လုံးဝ မမြင်နိုင်ဘူး။
ဖန်းဝူကျို့က ဒါကို အတော်လေး ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး တစ္ဆေတွေရဲ့မှတ်ချက်အနည်းငယ်က ပျံ့ကျဲနေပြီး ပေါ်လာလိုက် နစ်မြှပ်သွားလိုက် ရှိနေခဲ့တယ်။
"ဒီတိုက်ရိုက်ထုတ်လွှင့်သူက ဖြူဖွေးနေတဲ့ အသားအရည်နဲ့ တောက်ပတဲ့မျက်လုံးတွေ ရှိတယ်! သူမရဲ့ အသည်းက သေချာပေါက် ကျန်းမာနေမှာပဲ! အရိုးကလည်း ဝိုင်းဝန်းနေလိမ့်မယ်.. အရမ်းလှပနေမှာ! ငါ ကြိုက်တယ်!"
"ဘယ်လိုလုပ် အမျိုးသမီးတစ်ယောက်က သူ့ရဲ့မျက်နှာကို လူအများမြင်အောင် ပြသနိုင်နေရတာလဲ? နတ်ဘုရားတွေကို စော်ကားတဲ့အရာမျိုးက ဘယ်လိုလုပ်ပြီး သင့်လျော်သလိုဖြစ်နေရတာလဲ?!"
ကြည့်ရတာ ဒီမှတ်ချက်ရေးတဲ့သူက ပဒေသရာဇ်ခေတ်က တစ္ဆေအိုတစ်ကောင်ဖြစ်လောက်မယ်။
*
ဒီအခိုက်အတန့်မှာဘဲ ကုကျစ်စုန့် အမည်ရှိတဲ့ တိုက်ရိုက်ထုတ်လွှတ်မှုအခန်းထဲက အမျိုးသမီးက စကားပြောလာခဲ့တယ်:
*Click*
" အပြန်အလှန်ဆက်သွယ်နိုင်တဲ့ကစားပွဲရဲ့ ပထမဆုံးအသုတ်အတွက် ပါဝင်နိုင်တဲ့ ပရိသတ်တွေကို မဲနှိပ်ရွေးချယ်ပြီးပါပြီ.. 'ချင်းဖုန်း ယွဲ့မင်' ဆိုတဲ့ အကောင့်နာမည်နဲ့ ပရိသတ်ရှိလား? ရှိမယ်ဆိုရင် အခု ရှင့်ရဲ့ မိုက်ခရိုဖုန်းကို ချိတ်ဆက်ပေးလို့ရမလား?"
[သေစမ်း! အဲ့တာ ချင်းဖုန်းလား? ဒီလောက် တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူးလားလို့....]
[ဒါက ငါသိတဲ့ 'ချင်းဖုန်း ယွဲ့မင်' လား? အဲဒီ ကျော်ကြားလွန်းတဲ့ ချင်းဖုန်းလား!!! ကောင်းလိုက်တာ! အခုတော့ ကုကျစ်စုန့် လိမ်လည်လှည့်ဖျားတာမျိုး လုပ်လို့ မရတော့ဘူး.. မစ္စတာယွဲ့မင် သူမကို လုပ်ပစ်လိုက်တော့!]
[ကျေးဇူးပြုပြီး ပထမဆုံးအဆင့်မှာရှိနေတဲ့ အမျိုးသမီးကြယ်ပွင့်လေးကို လာမထိစမ်းနဲ့! ကျေးဇူးပြုပြီး သူမကို လာမထိပါနဲ့! နင်က သူမရဲ့ ဖိနပ်ကိုသယ်ဖို့တောင် မထိုက်တန်ဘူးနော် ဟုတ်ပြီလား?]
မှတ်ချက်ဧရိယာထဲမှာတော့ အနုပညာအသိုင်းအဝိုင်းထဲမှ လူအများစုက သူတို့ရဲ့ကိုယ်ပိုင်နယ်မြေမှာရောက်နေသလိုမျိုး အလွန်အမင်း စိတ်လှုပ်ရှားစွာ ဆက်တိုက်စကားပြောဆိုနေကြပြီး ထိုစကားတွေက သူတို့ပြောနေတဲ့ အကြောင်းအရာတွေကို မသိသေးတဲ့အခြားလူတွေကို စိတ်ရှုပ်သွားစေခဲ့တယ်။
သို့ပေမယ့် မှတ်ချက်ဧရိယာထဲမှ ရှင်းပြချက်တွေကို ကြည့်ရင်းနဲ့ အင်တာနက်သုံးစွဲသူတွေက 'ချင်းဖုန်း' ဆိုတာက အမျိုးသမီးကြယ်ပွင့်တစ်ယောက်ရဲ့ ပရိသတ်တွေ သူတို့ကိုယ်သူတို့ သုံးနှုန်းတဲ့ နာမည်ဆိုတာကို သိရှိသွားကြတယ်။
ပြီးတော့ ထိုအမျိုးသမီးကြယ်ပွင့်က ကုကျစ်စုန့်နဲ့ ဆက်ဆံရေးမကောင်းမွန်ဘူး။
ပြီးတော့ 'ချင်းဖုန်းယွဲ့မင်' ဆိုတာက ထိုအမျိုးသမီးကြယ်ပွင့်ရဲ့ လူသိများတဲ့ အကြီးစားပရိသတ်တစ်ယောက်လည်း ဖြစ်နေသေးတယ်။
သူက ပလက်ဖောင်းတစ်ခုရဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ပြီး ပရိသတ်အုပ်စုတွေ အများကြီးကိုလည်း စီမံခန့်ခွဲနေတာကြောင့် လူတွေက သူ့ကို အလွယ်တကူ မှတ်မိသွားခဲ့ကြတယ်။
သူက ယွီဖုန်းချင်း အမည်ရှိ အမျိုးသမီးကြယ်ပွင့်ရဲ့ အကြီးစားပရိသတ်ဖြစ်ပြီး ထိုကြယ်ပွင့်က အခုနှစ်တွေထဲမှာ ကျော်ကြားလာတဲ့ ပန်းပွင့်လေးပဲ။
ယွီဖုန်းချင်းက အနုပညာအသိုင်းအဝိုင်းထဲမှာ ရှားပါးတဲ့ နူးညံ့ညင်သာပြီး တွေးခေါ်နိုင်စွမ်းအားကောင်းတဲ့ တစ်ယောက်ပဲ။
သူမနဲ့အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့ အမျိုးသားကြယ်ပွင့်တွေရော၊ အမျိုးသမီးကြယ်ပွင့်ကပါ သူမနဲ့ပတ်သတ်ပြီး အလွန်ကောင်းမွန်တဲ့ ထင်မြင်ချက်တွေရှိနေကြကာ ယွီဖုန်းချင်းက အလွန်ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း လူထုကိုပြောပြထားခဲ့ကြတယ်။
ကုကျစ်စုန့်က လွဲလို့။
ဒီအကြောင်းကို ပြောရမယ်ဆိုရင် ဒီနှစ်ယောက်မှာ လေးနက်တဲ့ ဆက်ဆံရေးမျိုးရှိတယ်။ သူတို့နှစ်ယောက်လုံးက တူညီတဲ့ talent show တစ်ခုတည်းကနေ အတူပွဲဦးထွက်ခဲ့ကြပြီး ထိုအချိန်မှာ မိသားစုနှစ်စုက လုံးဝကို ကွဲပြဲသွားခဲ့ကြတယ်။
အချိန် နှစ်နှစ် ကျော်လွန်သွားပြီးတဲ့နောက်မှာ တစ်ယောက်က အနုအညာအသိုင်းအဝိုင်းမှ လူတိုင်း ကြိမ်းမောင်းဆဲဆိုကြတဲ့ အနက်နဲ့အနီရောနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာပြီး အခြားတစ်ယောက်ကတော့ ကောင်းမွန်တဲ့ ထင်မြင်ချက်တွေနဲ့အတူ မြင့်တက်လာတဲ့ ပန်းကလေးတစ်ပွင့် ဖြစ်လာခဲ့တယ်။ ကွာခြားချက်က အတော်လေးဝမ်းနည်းစရာကောင်းလွန်းတယ်။
ဝမ်းနည်းစရာအကောင်းဆုံးအရာက ဘာလဲဆိုတော့ ပွဲဦးထွက်ကတည်းက အကြိမ်များစွာဖြစ်စေခဲ့တဲ့ ကံဆိုးမှုတွေကြောင့် လူတိုင်းက ကုကျစ်စုန့်ကို "ကတ်ဆိုးနတ်ဘုရား" လို့ ခေါ်ခဲ့တာပဲ။
ထိုအချိန်မှာ ယွီဖုန်းချင်းကတော့ အသိုင်းအဝိုင်းထဲမှာ "လူသား ခိုအီ" ဆိုတဲ့ နာမည် ရရှိလာခဲ့တယ်လေ။
သူမနဲ့ အတူ အလုပ်တွဲလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ ပါတနာတွေအကုန်လုံးက ထိုနာမည်ကို ပေးခဲ့ကြတာ။ နှစ်တိုင်း စာမေးပွဲနေ့တွေမှာဆိုရင် လူတွေ အများကြီးက 'ကြင်နာတတ်တဲ့ခိုအီ"ကို ဂါရဝပြုအရိုအသေပေးလာကြလိမ့်မယ်။
အခုချိန်မှာ ဂရုစိုက်ရမှာကို ပင်ပန်းနေပြီဖြစ်တဲ့တဲ့ ပြိုင်ဘက်ရဲ့ အကြီးဆုံးပရိသတ်က ကံတရားဟောပြောမှုကို လက်ခံနိုင်မဲ့ ပထမဆုံးအခွင့်အရေးကို အနိုင်ရရှိခဲ့ပြီဖြစ်လို့ ကြည့်ရှုသူတွေက စိတ်ဝင်စားပျော်ရွှင်လာခဲ့ကြတယ်။
[ချင်းဖုန်း ယွဲ့မင်: ဝိုး.. ငါ တော်တော်လေးကံကောင်းတာပဲ (^V^)
ငါ အခု မိုက်ကို ချိတ်ဆက်နိုင်တယ်နော်.. နားကြပ်လေးသွားယူမလို့ ခဏစောင့်ပါဦး)
ထိုမှတ်ချက်ကို တင်ပြီးနောက် သူက သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း ဖန် gp ထဲကို ဝင်ကြည့်လိုက်တယ်။ ထို့နောက် ဖန် gpထဲမှ လူတိုင်းကလည်း စိတ်လှုပ်ရှားစွာနဲ့ သတင်းတွေကို ပွတ်နေတာကို တွေ့လိုက်ရတယ်။
"ဒါက အဖွဲ့ခေါင်းဆောင်မလား?"
" gp ခေါင်းဆောင်က အရမ်းမိုက်တာပဲ! ငါ ကုကျစ်စုန့်ကြောင့် အန်ချင်နေရတာ.. ငါ အမျိုးသမီးကြယ်ပွင့်တစ်ယောက်ကို အရမ်းမုန်းတီးမိတာ ဒါ ပထမဆုံးပဲ!"
'ဟားဟားဟား သူမကတော့ ကံဆိုးချက်ပဲ.. ယွဲ့မင်နဲ့မှ တိုးရတယ်လို့.. သူမက ဟန်ဆောင်နေတာမဟုတ်သလိုမျိုး ဟန်ဆောင်နေပေမဲ့ ငါ ပြောနိုင်တာတစ်ခုက သူမက မကောင်းတာတွေ အများကြီးလုပ်ခဲ့လို့ ဒီလောက်ထိ ကံဆိုးမှုတွေ ပြည့်နေတာပဲဖြစ်ရမယ်![ခွေးခေါင်း]"
အဖွဲ့ခေါင်းဆောင် _ ယွဲ့မင်: "ဒါက တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတာပဲ.. ရှုန်းတိတို့ ငါ ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်နေလိုက်"
ဖန် gpထဲမှာ ဝင်ပြောပြီးနောက် ချင်းဖုန်း ယွဲ့မင်" က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဆီကို ပြန်ပြောင်းလိုက်ပြီး မိုက်ခရိုဖုန်းကို ဖွင့်လိုက်တယ်:
"ငါ ရောက်လာပြီ"
ထိုအချိန်ကျမှ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့အခန်းထဲက တချို့သော အင်တာနက်သုံးစွဲသူတွေက သူ့ရဲ့ ID ကို follow လုပ်ထားခဲ့ကြပြီး သူ လွန်ခဲ့တဲ့ ငါးမိနစ်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ရေးခဲ့တဲ့ မှတ်ချက်ကို ရှာတွေ့သွားခဲ့ကြကာ ကော်ပီကူးပြီး ဆက်တိုက်ပြန်တင်နေကြတာကို တွေ့လိုက်ရတယ်။
[ချင်းဖုန်း ယွဲ့မင်: ရယ်စရာကောင်းချက်ပဲ! ကုကျစ်စုန့်က ကံတရားကိုဟောပြောတာမျိုးလုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ ယုံကြည်မှာမဟုတ်ဘူး ဟုတ်တယ်မလား? သူမသာ လုပ်နိုင်ခဲ့ရင် ငါ ကီးဘုတ်ကို အပေါ်အောက် ကိုက်ဝါးစားပြမယ်!]
**