no

Font
Theme

ဧကရာဇ်မင်းမြတ်သည် ကိုယ်ပေါ်မှ အပေါ်ရုံဝတ်ရုံကို ချွတ်လိုက်ရာ ခါးအထက်ပိုင်း ဗလာကျင်းသွားသည်။

အမတ်ချုပ်ကြီးမှာမူ ခေါင်းကိုသာ ငုံ့ထားမိသဖြင့် သူ့မြင်ကွင်းထဲတွင် ဖောင်းကြွထိုးထွက်နေသော ဧကရာဇ်မင်း၏ အောက်ပိုင်းအရာကိုသာ အတိုင်းသား မြင်တွေ့နေရ၏။ အရွယ်အစားနှင့် ပုံသဏ္ဌာန်မှာ ဝတ်ရုံအောက်မှပင် သိသာလွန်းလှသည်။

အမတ်ချုပ်ကြီးခမျာမရဲတရဲ မော့ကြည့်လိုက်ရင်း ဆက်၍ အဝတ်ကူချွတ်ပေးရမလို၊ ဘာလုပ်ရမလို ဝေခွဲမရ ဖြစ်နေခိုက်. သတိပေးစကားဆိုလိုက်မိ၏။

."အရှင်မင်းကြီး... အတွင်းဝတ်ဘောင်းဘီ..."

သို့သော် ဧကရာဇ်မင်းက မကြားချင်ယောင် ဆောင်လိုက်ပုံရသည်။ ဟစိဟစိဖြစ်နေသော အမတ်ချုပ်ကြီး၏ နှုတ်ခမ်းပါးလေးကိုသာ ငုံ့ကြည့်ရင်း ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်ကာ တယုတယ လျှာဖြင့် တို့ထိမြည်းစမ်းလေတော့သည်။

အမတ်ချုပ်ကြီးမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြောင်အသွားရှာ၏။ သူ၏ လက်များကမူ အလိုအလျောက်ပင် ဧကရာဇ်မင်း၏ ခါးကို လှမ်းဖက်လိုက်မိသည်။

ကျစ်လစ်သန်မာသော ခါးထက်မှ ပေါက်ကွဲထွက်တော့မည့်အလား စွမ်းအင်များကို သူ အာရုံခံမိလိုက်သည်။

နှုတ်ခမ်းပါးနှစ်လွှာ ဖိကပ်နမ်းရှိုက်ခံလိုက်ရပြီးနောက် မေးဖျားကို အတင်းဟစေလျက် ဧကရာဇ်မင်း၏ လျှာဖျားက အထဲသို့ တိုးဝင်လာသည်။ လျှာဖျားချင်း ထိတွေ့ရစ်ပတ်ကာ အတွင်းအာခေါင်၏ လျှို့ဝှက်သော နေရာအနှံ့ကို စိတ်ကြိုက် မွှေနှောက် ရှာဖွေနေတော့သည်။

ဧကရာဇ်မင်းသည် လက်တစ်ဖက်ဖြင့် အမတ်ချုပ်ကြီး၏ ပခုံးကို သိုင်းဖက်ထိန်းချုပ်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် နဂါးနှင့် ဖီးနစ်ငှက်တို့ ကခုန်နေပုံ ရွှေချည်ထိုးထားသော မင်္ဂလာစောင်ပါးအနီကို လှန်တင်လိုက်သည်။ အမတ်ချုပ်ကြီး၏ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော ခန္ဓာကိုယ်လေးမှာ အကာအကွယ်မဲ့သွားရရှာ၏။

ထို့နောက် လျင်မြန်သော လက်ကွက်ဖြင့်ပင် အမတ်ချုပ်ကြီး၏ အတွင်းဝတ်ဘောင်းဘီကို ဆွဲချွတ်လိုက်ကာ အမတ်ချုပ်ကြီးအား ကုတင်ထက်သို့ ဖိချလိုက်လေသည်။

ယခုအခါ နှစ်ဦးသား၏ ခြေထောက်များမှာ လိမ်ယှက်လျက် ဗလာကျင်းသော ခန္ဓာကိုယ်ချင်း ထိတွေ့နေကြပြီ ဖြစ်သည်။

အိပ်ရာထက် လဲကျသွားပြီးမှသာ ဧကရာဇ်မင်းသည် နှုတ်ခမ်းချင်း ခွာလိုက်၏။

ထိုအခါ အဆက်မပြတ်သော တံတွေးမျှင်တန်းလေးတစ်ခု နှစ်ဦးကြားတွင် သွယ်တန်းကျန်ရစ်ခဲ့သည်။

အမတ်ချုပ်ကြီး၏ မှေးစင်းနေသော မျက်ဝန်းများ ပြန်ပွင့်လာချိန်တွင် အကြည့်တို့မှာ ရီဝေနေပြီ ဖြစ်သည်။ သူ၏ စိတ်ထဲတွင်တော့ တောင့်တနေမိသည်မှာ တစ်ခုတည်း..။

တိုင်... ငါ့ရဲ့ တိုင်လုံးကြီး ဘယ်မှာလဲ... ငါ့ကို အသိစိတ်ပြန်ဝင်အောင် လုပ်ပေးကြပါဦး…

ဧကရာဇ်မင်းက အမတ်ချုပ်ကြီး၏ မျက်နှာကို အသာအယာ ပွတ်သပ်လာသည်။ အမတ်ချုပ်ကြီး၏ တောက်ပသော မျက်ဝန်းများတွင် သဘာဝအလှတရားတို့ ခိုအောင်းနေသည်ကို မြင်လိုက်ရရာ ကရာဇ်မင်း၏ နှုတ်ခမ်းလွှာက တဖြည်းဖြည်း အောက်သို့ လျှောဆင်းသွားပြီး အမတ်ချုပ်ကြီး၏ လည်စေ့ထင်းထင်းလေးကို စုပ်ယူနမ်းရှိုက်တော့၏။

ထိုမှတစ်ဆင့် နို့နှစ်ရောင် ရင်အုပ်ကျယ်ဆီသို့ ရောက်ရှိသွားကာ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အသားအရေမှာ နီရဲသွားရလေသည်။

ဧကရာဇ်မင်းသည် လက်မထပ်ရသေးမီကတည်းက ကြိုတင်လေ့လာထားသည်လား မပြောတတ်။ နှင်းပြင်ဖြူဖြူထက်တွင် ပွင့်နေသော ဇီးပွင့်နီလေးများကို တွေ့သောအခါ သဘောကျသွားပြီး ထိုနေရာတဝိုက်တွင်သာ တရစ်ဝဲဝဲ ဖြစ်နေတော့သည်။

ရံဖန်ရံခါတွင် လျှာဖျားလေးဖြင့် တို့ထိလိုက်ရာ ဇီးပွင့်နီလေးများမှာ တုန်ခါလျက် ကြွတက်လာတာကို အရသာခံ ကြည့်ရှုနေပြန်သည်။

နှုတ်ခမ်းပါးဖြင့် ထိတွေ့လိုက်တိုင်း အမတ်ချုပ်ကြီး၏ စိတ်ထဲတွင် ကြာရှည်စွာ ဖိနှိပ်ထားခဲ့သော ဆန္ဒများနှင့် သမင်ချိုနု ဝိုင်အရက်၏ အစွမ်းတို့ ပေါင်းစပ်ကာ ရမ္မက်မီးတောက်များ ထတောက်လေတော့သည်။

အမတ်ချုပ်ကြီးမှာ မနေသာတော့ဘဲ ဧကရာဇ်မင်း၏ ဦးခေါင်းနောက်ပိုင်းကို လက်ဖြင့် ဖိကပ်ထားလိုက်မိသည်။

ရင်ဘတ်မှ တစ်စုံတစ်ရာကို ကိုက်ခဲလိုက်၊ လျှာဖြင့် လှိမ့်လိုက်၊ လိုက်လံ ဖမ်းဆုပ်လိုက် လုပ်နေသော ဧကရာဇ်မင်း၏ အပြုအမူကြောင့် ထိုနေရာတွင် ဆက်၍ အချိန်ဆွဲနေစေချင်သလို၊ တစ်ခြားနေရာသို့ ပြောင်းစေချင်သလို၊ ဤသို့ ညှဉ်းဆဲနေခြင်းကို ရပ်တန့်စေချင်သလိုနှင့် ဝေခွဲမရ ဖြစ်နေရသည်။

“ယားတယ်... မလုပ်ပါနဲ့..."

ဧကရာဇ်မင်းကလည်း သူ၏ ဆန္ဒအတိုင်းပင် ထိုနေရာမှ ခွာပေးလိုက်သည်။ သို့သော် မူလနေရာသို့ ပြန်ရောက်လာပြီး နှုတ်ခမ်းထောင့်စွန်းများကို လာရောက် စနောက်နေပြန်သည်။မျက်နှာကို ကွယ်ထားသော အမတ်ချုပ်ကြီး၏ လက်ဖြူဖြူသွယ်သွယ်လေးကို ဧကရာဇ်မင်းက ဆွဲယူလိုက်ပြီး အောက်ပိုင်းသို့ ပို့ဆောင်လိုက်သည်။

ကျန်လက်တစ်ဖက်ကလည်း အမတ်ချုပ်ကြီး၏ ညီတော်မောင်ကို ဆုပ်ကိုင်လိုက်၏။ ဧကရာဇ်မင်း ငုံ့ကြည့်လိုက်သော် သာမန်ယောကျာ်းသား တစ်ယောက်၏ အတိုင်းအတာ ရှိသော်လည်း ပို၍ ဖြူဝင်းနေပြီး၊ ဧကရာဇ်မင်း၏ စွမ်းဆောင်မှုကြောင့် မာကျောထောင်မတ်နေတာကို တွေ့ရသည်။

ဧကရာဇ်မင်းမှာ မိမိ၏ အရာနှင့် အမတ်ချုပ်ကြီး၏ အရာကို ပူးကပ်လိုက်ပြီး အမတ်ချုပ်ကြီး၏ လက်ထဲသို့ ထည့်ပေးကာ ဆုပ်ကိုင်စေသည်။ ထို့နောက် အမတ်ချုပ်ကြီး၏ လက်ပေါ်မှ ထပ်မံအုပ်မိုး ဆုပ်ကိုင်လျက် အထက်အောက် ပွတ်တိုက် လှုပ်ရှားပေးလေသည်။

အမတ်ချုပ်ကြီးမှာလည်း ဧကရာဇ်မင်း၏ ဆန္ဒအတိုင်း လိမ္မာစွာ လိုက်ပါဆောင်ရွက်ရင်း ညီနောင်နှစ်ဦး ပွတ်တိုက်ထိတွေ့ခြင်းကို ခွင့်ပြုလိုက်ရသည်။ဒီရေအလား တိုးဝင်လာသော သာယာမှုများကို ခံစားရင်း အမတ်ချုပ်ကြီး စိတ်ထဲတွင် နှိုင်းယှဉ်မိလိုက်သေး၏။ ငါ့ဟာက ဧကရာဇ်မင်းမြတ်နဲ့ ယှဉ်လိုက်ရင်တော့ သေးလိုက်တာ...ဟု။

အချိန်မည်မျှ ကြာသွားသည်မသိ။ အမတ်ချုပ်ကြီးမှာ မထိန်းနိုင်တော့ဘဲ ပြီးမြောက်သွားရရှာသည်။ သို့သော် ဧကရာဇ်မင်းက သူ့ကို လွှတ်မပေးပေ။

ဧကရာဇ်မင်းမှ မပြီးသေးဘဲ၊ အမတ်ချုပ်ကြီးက သူ့သဘောနှင့်သူ အရင်ပြီးသွား၍ မည်သို့ ဖြစ်မည်နည်း။သို့သော် အမတ်ချုပ်ကြီးကို သိပ်ပြီး အနိုင်မကျင့်လိုသဖြင့် ငြိမ်ကျသွားသော အမတ်ချုပ်ကြီး၏ အောက်ပိုင်းကို လွှတ်ပေးလိုက်ပြီး လက်ကိုသာ ဆက်လက် အသုံးပြုစေသည်။

ဧကရာဇ်မင်း၏ လက်က အမတ်ချုပ်ကြီးလက်ကို အုပ်မိုးလျက် အရှိန်ဖြင့် လှုပ်ရှားနေရင်း တချက်တချက်တွင် အမတ်ချုပ်ကြီး၏ ပေါင်ကြားသို့ သွားရောက် ထောက်မိတတ်ရာ အမတ်ချုပ်ကြီးခမျာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲနေရှာသည်။

အတန်ကြာ၍ အမတ်ချုပ်ကြီး၏ လက်များပင် ညောင်းညာကိုက်ခဲလာချိန်မှသာ ဧကရာဇ်မင်းသည် ကိစ္စပြီးမြောက်သွားလေသည်။

မောဟိုက်စွာဖြင့် အမတ်ချုပ်ကြီး၏ ကိုယ်ပေါ်သို့ မှောက်ချလိုက်ရာ၊ ကြည့်ရတာသာ ပိန်ပါးသယောင် ရှိသော်လည်း လူကောင်ထွားသော ဧကရာဇ်မင်း၏ ကိုယ်လုံးပိခြင်းကို ခံလိုက်ရသော အမတ်ချုပ်ကြီးမှာ အသက်ရှူပင် ကြပ်သွားရ၏။

ထို့ကြောင့် ရင်ဘတ်ကို တွန်းကာ ထခိုင်းရလေသည်။

ဧကရာဇ်မင်းကမူ ဘေးသို့ လှဲချလိုက်ရင်း ဆေးတစ်ဖုံညှိချိန်ခန့် (မိနစ် ၃၀ ခန့်) အနားယူပြီးနောက် အမတ်ချုပ်ကြီးဘက်သို့ တဖန် လှည့်လာပြန်သည်။

အမတ်ချုပ်ကြီးကို ဖိချကာ အောက်ပိုင်းချင်း ထပ်မံ ထိတွေ့စေပြီး ဒုတိယအချီ စတင်ရန် ပြင်လေတော့သည်။အမတ်ချုပ်ကြီးခမျာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

အဏ္ဏဝါမကူးခင် ပဏာမပျိုးသည်က ဘာကြောင့် သည်လောက် ကြာရသနည်းဟုလည်း တွေးနေမိ၏။

ဧကရာဇ်မင်းကမူ အားအင်ပြည့်ဖြိုးနေဆဲ။ သို့သော် အမတ်ချုပ်ကြီးမှာ မျက်လုံးများ မှိတ်ထားပြီး မဖွင့်ချင်တော့သည်ကို မြင်သောအခါ ကုတင်ပေါ်မှ ဆင်းကာ ပိတ်ဖြူစကို ယူ၍ နှစ်ဦးသား၏ ပေကျံနေသော အရာများကို သန့်စင်ပေးလေသည်။

ထို့နောက် အိပ်ရာပေါ်သို့ ပြန်တက်လာပြီး အမတ်ချုပ်ကြီးကို ကိုယ်လုံးတီးဖြင့်ပင် သိမ်းဖက်ထားလိုက်သည်။

အသားချင်း ထိတွေ့နေရမှုကို နှစ်ခြိုက်စွာ ခံစားရင်း အမတ်ချုပ်ကြီး၏ လည်တိုင်ကို မျက်နှာအပ်ကာ ဖွဖွလေး နမ်းရှိုက်နေပြန်သည်။ ကြည့်ရသည်မှာ အားရပုံမပေါ်သေး။

အလှပဂေးလေးကို ရင်ခွင်ထဲ ထည့်ထားရသည်ဖြစ်ရာ ဧကရာဇ်မင်း၏ လက်များက ငြိမ်မနေဘဲ လျှောက်လည်နေပြန်သည်။

အမတ်ချုပ်ကြီး၏ နို့သီးလေးများကို လက်ဖြင့် ထိတွေ့လိုက်သောအခါ အမတ်ချုပ်ကြီးက လက်ကို ပုတ်ထုတ်လိုက်ပြီး..."အရှင်ဧကရာဇ်မင်း... ပြန်လည်သုံးသပ်တော်မူပါဘုရား" ဟု လေးတွဲ့သောအသံဖြင့် ငြီးငြူကာ တားမြစ်လေသည်။

ခေါင်းဆောင့်စရာ တိုင်လုံး မရှိတော့သည့်အဆုံး နှုတ်ဖြင့် ကန့်ကွက်ခြင်းက သူ၏ ဒုတိယ သဘာဝ ဖြစ်နေပြီ မဟုတ်ပါလော။

သို့သော် ဤသို့ အိပ်ရာထက်မှ လျှောက်တင်ချက်က ခေါင်းဆောင့်၍ လျှောက်တင်သည်ထက် ပို၍ နားထောင်ကောင်းသဖြင့် ဧကရာဇ်မင်းက စောင်အောက်မှနေ၍ စကားစမြည် ပြောလေသည်။

ထိုအချိန်ထိ ဧကရာဇ်မင်း၏ တိုင်လုံးကြီးကတော့ အမတ်ချုပ်ကြီး၏ ပေါင်ကြားကို ထောက်ထားဆဲပင်။

နောက်ဆုံးတွင် အမတ်ချုပ်ကြီးသည် သူ၏ သံသယကို မထိန်းနိုင်တော့ဘဲ မော့ကြည့်ကာ မေးလိုက်မိသည်။

"အရှင်မင်းကြီး... ဒီနေ့ ဘာလို့ နောက်ပေါက်ကို မလုပ်တာလဲဟင်"

နတ်ကွန်းပူဇော်ပွဲ လုပ်ထားရ၍ သူပင်ပန်းနေမှာ စိုးသောကြောင့် ဧကရာဇ်မင်းက သက်ညှာပေးခြင်းလော။

ဧကရာဇ်မင်းကမူ အလှပဂေးလေး၏ ပခုံးသားလေးကို နမ်းရှိုက်လိုက်ရင်း ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်၏။

“ဘာ... နောက်ပေါက်လဲ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment