အမတ်ချုပ်ကြီးသည် ယောက်ျားရင့်မာကြီး တစ်ဦးဖြစ်လင့်ကစား၊ ဧကရာဇ်မင်းမြတ်နှင့် လက်ထပ်ထိမ်းမြားခြင်း ဖြစ်သည့်အတွက် ရှေးထုံးတမ်းစဉ်လာ ခြောက်ရပ်နှင့်အညီ မင်္ဂလာအခမ်းအနားကို မဖြစ်မနေ ကျင်းပရလေသည်။ ယခုနှစ်များအတွင်း တိုင်းပြည်သည် ကြွယ်ဝချမ်းသာလာပြီး နိုင်ငံတော်ဘဏ္ဍာတိုက်ရော၊ ဧကရာဇ်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ပါ ပြည့်လျှံနေပြီဖြစ်ရာ၊ မိဖုရားလောင်းအတွက် တင်တောင်းလက်ဖွဲ့ငွေမှာ ရွှေဒင်္ဂါးပြား သုံးသောင်းအထိ ရှိခဲ့ပြီး အလွန်တရာ ခမ်းနားထည်ဝါလှပေသည်။
မှူးမတ်အရာရှိအပေါင်းတို့ကလည်း လက်ဆောင်ပဏ္ဏာများကို အသီးသီး ဆက်သကြရာတွင်၊ အထူးသဖြင့် အတွင်းဝန်ရုံးမှ အရာရှိများသည် အတိတ်က သူတို့၏ သစ္စာဖောက်ခဲ့ဖူးသည့် အပြစ်များကို ငွေကြေးဖြင့် ပြန်လည်ပေးဆပ်လိုသည့်နှယ် အများဆုံးသော လက်ဆောင်များကို ဆက်သကြလေသည်။
ဧကရာဇ်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့၏ မင်္ဂလာပွဲနေ့တွင်မူ ပြည်သူအများက တီးတိုး သက်ပြင်းချကာ ပြောဆိုကြ၏။ အမတ်ချုပ်ကြီးခမျာ တိုင်းသူပြည်သားတို့အတွက် အနစ်နာခံကာ ဧကရာဇ်မင်းမြတ်ထံ မိမိကိုယ်ကို ပုံအပ်လိုက်ရသည့်အကြောင်း။
သို့သော် တစ်ဖက်တွင်လည်း ဤသို့သော သူတော်ကောင်းတစ်ယောက် ဧကရာဇ်မင်းနား၌ ရှိနေခြင်းက ဧကရာဇ်မင်းမြတ်၏ အကျင့်သီလကို ထိန်းကျောင်းပေးနိုင်မည်ဖြစ်၍ တိုင်းပြည်တည်ငြိမ်ရေးအတွက် အားကိုးရာတစ်ခု ဖြစ်လာနိုင်သည်ဟု တွေးတောဖြေသိမ့်ကြရှာသည်။
မင်္ဂလာပွဲနေ့တွင် ဧကရာဇ်နှင့် အမတ်ချုပ်ကြီးတို့က နတ်ကွန်းပူဇော်ခြင်း အခမ်းအနား ပြီးဆုံးသောအခါ မင်္ဂလာဦးအိပ်ခန်းဆောင်သို့ ဝင်ရောက်ပြီး နှစ်ကိုယ်တူ လက်ချိတ်၍ သေရည်သောက်သည့် ဓလေ့ကို ဆက်လက်ပြုလုပ်ကြသည်။ ထိုသေရည်က သမင်ဦးချိုနုနှင့် ဆေးဖက်ဝင် အမြစ်များကို စိမ်ထားခြင်းဖြစ်၍ ကာမအားကို တိုးပွားစေသော်လည်း အလွန်အကျွံတော့ မဟုတ်ချေ။
ထို့နောက် ဧကရာဇ်မင်းမြတ်ကို ဦးစွာ ရေချိုးသန့်စင်စေသည်။ အမတ်ချုပ်ကြီးကိုမူ အပျိုတော်များက ပြင်ဆင်ပေးရန် လာကြသော်လည်း သူက ရှက်ရွံ့သဖြင့် ငြင်းပယ်လိုက်ကာ ကိုယ်တိုင်သာ ပြင်ဆင်လေသည်။ ဤကိစ္စများနှင့် ပတ်သက်၍ အခြေခံ သဘောတရားများကို မင်္ဂလာပွဲ မတိုင်မီကတည်းက စာတွေ့ လေ့လာထားပြီးသား ဖြစ်သည်။
အနွေးဆောင်သို့ ပြန်ရောက်သောအခါ အပျိုတော်တို့ မှာကြားခဲ့သည့်အတိုင်း အဝတ်အစားများ ချွတ်ပုံချကာ ကုတင်ထက်ရှိ စောင်အောက်သို့ ဝင်ရောက်လိုက်သည်။ ယခုအချိန်တွင် အမတ်ချုပ်ကြီး စိတ်ထဲ၌ ဘာကိုမျှ မလိုချင်၊ တိုင်လုံးတစ်လုံးကိုသာ တမ်းတနေမိသည်။ ရင်းနှီးနေကျအတိုင်း ခေါင်းဆောင့်လိုက်ရမှ စိတ်လှုပ်ရှားမှုများ ပြေပျောက်သွားမည့်နှယ်။ ကိုယ်ခန္ဓာ ဗလာကျင်းဖြင့် အိပ်ရာထက်တွင် လဲလျောင်းနေရင်း ယောကျာ်းချင်း စပ်ယှက်ရမည့် ကိစ္စကို တွေးကာ စိုးရိမ်ထိတ်လန့်နေမိသည်။
ရေချိုးသန့်စင်ပြီးသော ဧကရာဇ်မင်းမြတ်က ဝင်ရောက်လာသည်။ အခြွေရံများ ထွက်ခွာသွားပြီးနောက် ဧကရာဇ်သည် ကုတင်ဘေးသို့ လျှောက်လာကာ စကားတစ်ခွန်းမျှ မဆိုဘဲ အဝတ်အစားများကို စတင်ချွတ်လေတော့သည်။ အမှန်စင်စစ် သူသည် သေရည်သောက်ထား၍ အောက်ပိုင်းမှ အရာသည် မာကျောနေပြီဖြစ်ရာ စကားများနေလျှင် ဟန်ဆောင်လွန်းရာ ကျနေပေလိမ့်မည်။
ယောက်ျားကောင်း ယောက်ျားမြတ်ဟူသည် စကားကို ဝေ့ဝိုက်မနေ၊ လိုရင်းကိုသာ တဲ့တိုးလုပ်ဆောင်သည်မဟုတ်ပါလော။
ဧကရာဇ်၏ တည်ကြည်လေးနက်သော မျက်နှာထားကြောင့် အမတ်ချုပ်ကြီးမှာ အနည်းငယ် ထိတ်လန့်သွားသည်။ ဘာကြောင့် သည်လောက်တည်တင်းနေပါသနည်း။ သူတို့နှစ်ဦးမှာ လူကြီးချင်း စီစဉ်ပေးထားသည့် လက်ထပ်ပွဲလည်း မဟုတ်ပါဘဲလျက်။
သူသည် အနေရခက်သော လေထုကို ဖြေလျော့ရန်အတွက် ဆိုလိုက်၏။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ကူညီပါရစေ"
သူက ဧကရာဇ်၏ အဝတ်များကို ကူညီချွတ်ပေးရန် လက်လှမ်းလိုက်သည်။ ထိုအခါ ကိုယ်ပေါ်လွှမ်းထားသော စောင်ပါးလေး လျောကျသွားပြီး ချောမွတ်ဖြူဝင်းသော ရင်အုပ်နှင့် နို့သီးခေါင်းလေးများ ပေါ်လာလေသည်။
ဧကရာဇ်သည် အမတ်ချုပ်ကြီး၏ မျက်နှာကို စိုက်ကြည့်ရင်း အဝတ်အစားများကို ချွတ်ခွင့်ပြုထားလိုက်၏။
သူ၏ အကြည့်တို့ကမူ အမတ်ချုပ်ကြီး၏ မျက်နှာမှ အောက်ဘက်သို့ တဖြည်းဖြည်း လျောဆင်းသွားပြီး မျက်ဝန်းများ နက်မှောင်လာသည်။ ခဏအကြာတွင် သူ၏ အကြည့်ကို ဘေးသို့လွှဲလိုက်ပြီး လည်ချောင်းထဲမှ တံတွေးကို မသိမသာ မြိုချလိုက်မိ၏။
သူ၏ လည်စေ့ကလည်း နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာသလို ခံစားလိုက်ရသည်။ ဧကရာဇ်မင်းမြတ် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိ၏။
"ဒီသေရည်က တော်တော်တော့ ပြင်းသားပဲ..."