ကျောင်းတွင် စူးကျင်းရှင်း တစ်ယောက်တည်း ကျန်ခဲ့လျှင် ဂရုစိုက်မည့်သူမရှိဘဲ ဒဏ်ရာများ ပိုဆိုးသွားမည်ကို စိုးရိမ်သဖြင့် ဒဏ်ရာအရှင်းပျောက်သည်အထိ ဗီလာတွင်သာ နေထိုင်ရန် ယန်ကျန့်က အမိန့်ဆန်ဆန် တိုက်တွန်းလေသည်။
ကောင်လေး အထင်လွဲသွားမည်စိုး၍ သူက သေချာ ရှင်းပြလိုက်သေးသည်။
"အမာရွတ် ကျန်ခဲ့လည်း ကိစ္စမရှိပါဘူး... အမာရွတ်ရှိနေရင်တောင် ကိုယ်က မင်းကို လိုချင်နေဦးမှာပဲ။ ဒါပေမဲ့ ပေါင်ပေ့က ဒဏ်ရာရထားတာဆိုတော့... ကုစရာနည်းလမ်းမရှိတာမှ မဟုတ်တာကွာ... သေချာ ဂရုစိုက်ပြီး ကုသလိုက်တာက ပိုကောင်းပါတယ်"
သို့သော် ပုံမှန်ဆို လိမ္မာနေကျ စူးကျင်းရှင်းက ဒီတစ်ခါတွင်မူ မျက်နှာပျက်သွားသည်။ တခဏလေးသာ ဖြစ်ပြီး ချက်ချင်းပင် ပုံမှန်မျက်နှာထား ပြန်ပြင်ကာ နာခံစွာ ခေါင်းညိတ်လိုက်သော်လည်း ယန်ကျန့်၏ စူးရှသော မျက်လုံးများကို မကျော်လွန်နိုင်လိုက်ပေ။
"ဘာဖြစ်လို့လဲ... မပျော်ဘူးလား"
"မဟုတ်ပါဘူး" စူးကျင်းရှင်းက မော့ကြည့်ပြီး အသာအယာ ပြုံးပြသည်။
"ကျွန်တော်က ဥက္ကဌယန်ရဲ့ လူပဲလေ... ခင်ဗျား သဘောအတိုင်းပါပဲ"
ယန်ကျန့် ပို၍ စိတ်တိုသွားသည်။
"ဒီလောက်နှစ်တွေ ကြာနေပြီ... အခုထိ ဒီလိုပုံစံ ဖြစ်နေတုန်းပဲလား။ ဘာဖြစ်လဲ ပြောစမ်း"
စူးကျင်းရှင်းက ခေါင်းခါသည်။ "တကယ် ဘာမှမဖြစ်ပါဘူး"
ယန်ကျန့် မျက်မှောင်ကြုတ်လိုက်၏။
"မင်း ဒီလိုဆက်လုပ်နေရင် ကိုယ် တကယ် စိတ်ဆိုးတော့မယ်နော်"
ယန်ကျန့်၏ မျက်နှာသွင်ပြင်က ပြတ်သားထင်းရှားပြီး ဓားဖြင့် ထွင်းထုထားသကဲ့သို့ ထက်မြက်ခိုင်မာသည်။ မျက်နှာထား တင်းလိုက်သည်နှင့် တစ်ကိုယ်လုံးမှ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာတတ်၏။ မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက်အရေးအကြောင်းကြီး ပေါ်လာပြီး ညဘက်ဆို ကလေးငိုတိတ်သွားစေနိုင်လောက်သည့် မျက်နှာထားမျိုး ဖြစ်သည်။
စူးကျင်းရှင်းမှာ ယန်ကျန့်၏ ထိုမျက်နှာထားကို အကြောက်ဆုံးဖြစ်၏။ ထို့ကြောင့် အမှန်အတိုင်း ဝန်ခံလိုက်ရသည်။
"ဟိုလေ... ကျောင်းက အိမ်စာတွေ ရှိနေလို့ပါ..."
"ဘယ်အချိန်ရှိနေပြီလဲ... အိမ်စာကို စိတ်ပူနေတုန်းလား"
ယန်ကျန့် ခေါင်းကိုက်သွားသည်။ စူးကျင်းရှင်းက ဒီနှစ် စတုတ္ထနှစ် စီနီယာကျောင်းသား ဖြစ်နေပြီ။ ဆီဆေးပန်းချီ မေဂျာယူထားပြီး အနုပညာစီမံခန့်ခွဲမှုကို မိုင်နာယူထားသည်။ ပန်းချီပညာကို ဆက်လက်ဆည်းပူးချင်သူမို့ သူ အလေးစားဆုံး ပါမောက္ခ၏ သင်တန်းကို အပ်ထားပြီး ပုံမှန်ကျောင်းသားများနည်းတူ တစ်ပတ်လျှင် ပန်းချီနှစ်ကား မပျက်မကွက် တင်လေ့ရှိသည်။ ဒီအကြောင်းတွေကို ယန်ကျန့် သိသည်။ ထိုပါမောက္ခနှင့် အပ်ပေးခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလော။ သင်တန်းကြေး ပေးခဲ့သူကလည်း သူပင်။ ပုံမှန်ဆို သိပ်အလုပ်မရှုပ်တတ်သော စူးကျင်းရှင်းက ဒဏ်ရာရထားသည့်အချိန်ကျမှ ဘာလို့ အိမ်စာလုပ်ဖို့ တကဲကဲ ဖြစ်နေရသနည်း။
စူးကျင်းရှင်းက လေသံပြောင်းသွားသည်။ "ဟုတ်သားပဲ... ဒါဆို မလုပ်တော့ပါဘူး"
ထိုအခါမှ ယန်ကျန့် သဘောပေါက်သွားသည်။ နွေရာသီကျောင်းပိတ်ရက် ရောက်လျှင် သူ့ချစ်သူကောင်လေးနှင့် အချိန်ဖြုန်းနိုင်ရန်အတွက် ယခုအချိန်ကတည်းက ပန်းချီကားများကို ကြိုဆွဲပြီး လက်စသတ်ထားချင်နေခြင်း ဖြစ်သည်။
ယန်ကျန့် ရင်ထဲတွင် မီးစတစ်စ ရှို့လိုက်သလို သဝန်တိုစိတ်များ တဖွားဖွား ပေါ်လာသည်။
သို့ပေမဲ့ စူးကျင်းရှင်းကို စိတ်မဆိုးချင်သဖြင့်
"ပန်းချီဆွဲလို့ မရဘူးလို့ မပြောပါဘူး။ ပစ္စည်းတွေ သယ်လာခဲ့လေ... ဒါမှမဟုတ် အသစ်တစ်စုံ ထပ်ဝယ်ပြီး ဒီမှာ ထားလိုက်။ အခန်းတစ်ခန်းကို စတူဒီယို လုပ်ပေးမယ်"
စူးကျင်းရှင်း တွန့်ဆုတ်သွားသည်။ "ဒါက... သိပ်ပြီး ဇာချဲ့ရာ မကျလွန်းဘူးလား..."
"ကိုယ် အဆင်ပြေတယ်လို့ ပြောနေတယ်လေ"
စူးကျင်းရှင်းက အလျင်အမြန်ပင် ဆိုလေသည်။
"ဒါဆိုလည်း... ကျေးဇူးပါ ဥက္ကဌယန်"
ယန်ကျန့်က ကိုယ်ကိုကိုင်းလိုက်ပြီး စူးကျင်းရှင်း၏ ခါးလေးကို ဆွဲညှစ်လိုက်ကာ
"ဘာလဲ... ဥက္ကဌယန်လို့ပဲ ခေါ်တော့မှာလား။ အထူးတလည် ကျေးဇူးတင်တာမျိုး မရှိဘူးလား"
မေးရင်း သူ့ပေါင်ကို ပုတ်ပြလိုက်၏။
စူးကျင်းရှင်းက လိမ္မာစွာပင် ခြေထောက်ကို ကားကာ ယန်ကျန့်၏ ပေါင်ပေါ်သို့ ခွထိုင်လာသည်။ ကျွမ်းကျင်သော အမူအရာဖြင့် ယန်ကျန့်၏ လည်ပင်းကို သိုင်းဖက်ကာ မော့ကြည့်ရင်း ဆိုလိုက်၏။
"ကျေးဇူးပါ... လောင်ကုန်း"
ပြောပြီးသည်နှင့် ယန်ကျန့်၏ နှုတ်ခမ်းများကို ဖိကပ်နမ်းရှိုက်လိုက်လေသည်။ နှုတ်ခမ်းလွှာများကို ဖွဖွလေး လျက်ပေးရင်း လျှာဖျားလေးကို ယန်ကျန့်၏ ပါးစပ်ထဲသို့ ထိုးသွင်းပေးကာ စုပ်ယူစေသည်။
ယန်ကျန့်က အစပိုင်းတွင် အချိုသပ်ရုံလောက်သာ ရည်ရွယ်ခဲ့သော်လည်း၊ အနမ်းတို့ နက်ရှိုင်းလာသည်နှင့်အမျှ စိတ်ကို မထိန်းနိုင်တော့ပေ။
စူးကျင်းရှင်းတွင် ဒဏ်ရာရှိနေတာကို သတိရသဖြင့် ပေါင်ကိုသာ ပွတ်သပ်နေမိသည်။ ခဏကြာသောအခါ စူးကျင်းရှင်းက တိုးတိုးလေး ညည်းတွားလေသည်။
"ဝင်လာပါတော့..."
ယန်ကျန့် အံ့သြသွားပြီး အောက်သို့ စမ်းကြည့်လိုက်ရာ ထိုနေရာလေးမှာ မာတောင်နေတာကို တွေ့လိုက်ရသဖြင့် ရယ်မောလိုက်၏။
"အပျက်မလေး"
စူးကျင်းရှင်းက သူ့တင်ပါးအိအိလေးဖြင့် ယန်ကျန့်၏ ခွကြားကို ပွတ်တိုက်ပေးရင်း ထိုအခေါ်အဝေါ်ကို လုံးဝမငြင်းဆန်ဘဲ ချိုသာစွာ ပြုံးလိုက်သည်။ ခြေထောက်များကို ကားပေးရင်း ထောက်ခံ၏။
"ဟုတ်တယ်... ကျွန်တော်က လောင်ကုန်းရဲ့ အပျက်မလေးပါ"
ယန်ကျန့်၏ သွေးများ ခေါင်းပေါ်သို့ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။ သူ သည်းမခံနိုင်တော့ဘဲ ခေါင်းငုံ့ကာ ကြမ်းကြမ်းတမ်းတမ်း နမ်းရှိုက်လိုက်တော့သည်။
"စတာပါကွာ... အတည်မယူပါနဲ့"
စူးကျင်းရှင်း၏ နားရွက်လေးများက နီရဲသွားပြီး မျက်လွှာချကာ ယန်ကျန့်ကို မကြည့်ရဲတော့။ ခဏကြာမှတီးတိုး ရေရွတ်သည်။
လုပ်မှာဖြင့် လုပ်တော့လေ..."
ယန်ကျန့် သူ့ကို တစ်ကိုယ်လုံး ဝါးမြိုပစ်ချင်နေပြီ ဖြစ်သည်။
သို့သော် ဒဏ်ရာကို ထိခိုက်မိမည်စိုးသဖြင့် သူ့ကို တစ်ဖက်လှည့်စေပြီး ဒူးထောင်ကာ ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။ နောက်မှနေ၍ သိုင်းဖက်ချုပ်နှောင်ထားပြီး တဖြည်းဖြည်းချင်း ထိုးသွင်းလိုက်၏။
အစပိုင်းတွင် စူးကျင်းရှင်း ဘာမျှမခံစားရ။ ယန်ကျန့်၏ လိုအင်ဆန္ဒ မှန်သမျှကို ဖြည့်ဆည်းပေးနေကျ မဟုတ်ပါလော။ သို့သော် လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပြီးနောက် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ ဤပုံစံက လှုပ်ရှားရ အလွန်ခက်ခဲပြီး၊ ခွန်အားချင်း မမျှသဖြင့် ယန်ကျန့်၏ ရင်ခွင်ထဲတွင် လုံးဝ အချုပ်အနှောင် ခံထားရသလို ဖြစ်နေသည်။
လက်နှင့်ခြေထောက်များကိုလည်း ဆန့်ထုတ်၍ အပန်းဖြေခွင့်မရ၊ ကိုယ့်ဘာသာ ဖြေလျှော့ရန် လှုပ်ရှား၍လည်း မရပေ။ ထိုးသွင်းမှုများက အလွန်နက်ရှိုင်းပြီး ပုံမှန်မထိတွေ့ဖူးသော နေရာများအထိ ထိမိနေရာ မရင်းနှီးသော သာယာမှုနှင့် ထိန်းချုပ်မရသော အန္တရာယ်အငွေ့အသက်တို့ကြောင့် စူးကျင်းရှင်း လက်မြှောက်အရှုံးပေးကာ ဖြည်းဖြည်းလုပ်ရန် တောင်းပန်လိုက်ရသည်။
သို့သော် ယန်ကျန့်မှာ မီးတောက်နေသော သဝန်တိုစိတ်များကြောင့် မရပ်တန့်နိုင်တော့။ သူ့ခါးကို မော်အသေးစားတစ်ခုလို လှုပ်ရှားရင်း ပြင်းပြင်းထန်ထန် ဆောင့်သွင်းနေမိသည်။ စူးကျင်းရှင်း၏ ဖြူဝင်းသော လည်တိုင်ကို ကိုက်ခဲလိုက်၊ နီရဲနေသော နားရွက်လေးကို ပွတ်သပ်လိုက်ဖြင့်…
"လောင်ကုန်း လုပ်ပေးတာ ကောင်းလား"
စူးကျင်းရှင်း ပြန်မဖြေနိုင်အား။
တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အော်သံသဲ့သဲ့လေး ထွက်ပေါ်လာသည်။ ထိုအနေအထား၊ ထိုအရှိန်အဟုန်ဖြင့်ပင် သူ ပြီးမြောက်သွားရလေသည်။
ထိုအခါမှ ယန်ကျန့် သတိဝင်လာသည်။ စူးကျင်းရှင်း၏ မျက်နှာတွင် မျက်ရည်များ စိုရွှဲနေပြီး မျက်ဝန်းများတွင် အရည်ကြည်များ လဲ့နေသည်။ သူ ချက်ချင်း စိတ်ပျော့သွားပြီး လွှတ်ပေးလိုက်၏။ ယင်းနောက်မှ ကုတင်ပေါ်သို့ ပွေ့ချီတင်ပေးကာ ဖွဖွလေး နမ်းရှိုက်ရင်း ချော့မော့လိုက်သည်။
“ကိုယ် စိတ်လွတ်သွားပြီး မထိန်းနိုင်ဖြစ်သွားတယ်"
ပြီးသည်နှင့် အပေါက်လေးထဲမှ သူ့ပစ္စည်းကို ဆွဲထုတ်ရင်း သာယာမှုအရှိန် မသေသေးသော စူးကျင်းရှင်း၏ မျက်နှာလေးကို ကြည့်လျှက် ဘာသာ ဖြေရှင်းလိုက်ရသည်။
စူးကျင်းရှင်းက ယန်ကျန့်၏ ရင်ခွင်ထဲတွင် အမောဖြေရင်း ခဏအကြာမှ စကားသံ ထွက်လာသည်။
"အင်း... ကောင်းလိုက်တာ"
ယန်ကျန့်က သူ့ကို ရေချိုးခန်းသို့ ခေါ်သွားရန် ပြင်နေခိုက် ထိုစကားကို ကြားလိုက်ရသဖြင့် ကြောင်သွားသည်။ ပြီးမှ စောစောက သူ မေးထားသည့် မေးခွန်းကို ဖြေမှန်း သိလိုက်ရပြီး ရယ်မောလိုက်မိသည်။
"ပြီးတောင် ပြီးနေပြီ... အခုမှ လာပြောနေတယ်"
စူးကျင်းရှင်း နားရွက်လေးများ နီရဲသွားပြန်သည်။ ယန်ကျန့်၏ ရင်ဘတ်ထဲသို့ မျက်နှာဝှက်လိုက်ရင်းတိုးတိုးလေး ဆို၏။
"တကယ် ကောင်းတာကိုး..."
ယန်ကျန့်၏ ငြိမ်သက်စပြုနေသော ဆန္ဒများက ထပ်မံ နိုးကြားလာရပြန်သည်။
အံကိုကြိတ်လျက် စူးကျင်းရှင်း၏ တင်ပါးကို ဖြန်းခနဲ ရိုက်လိုက်ပြီးမာန်မဲလိုက်၏။
"ကောင်ဆိုးလေး... ဘယ်အချိန်ရှိနေပြီလဲ၊ လာဆွနေပြန်ပြီ"
စူးကျင်းရှင်းက လျှာထုတ်ပြသည်။
သူ့တွင် ဒဏ်ရာရှိနေသဖြင့် ယန်ကျန့်က ရေမစိုခံရဲပေ။ ရေချိုးခန်းအပူပေးစက်ရှေ့ရှိ ရေချိုးဇလားအစွန်းတွင် ထိုင်စေလိုက်သည်။ သူကိုယ်တိုင် အမြန် ရေချိုး၊ ရေချိုးဝတ်ရုံ ဝတ်လိုက်ပြီးမှ တဘက်ကို ရေဆွတ်ပြီး စူးကျင်းရှင်းကို သုတ်သင်ပေးလိုက်၏။
"ခဏနေရင် ကိုယ် အလုပ်သွားရတော့မယ်။ မင်း အိမ်မှာပဲ ကောင်းကောင်း အိပ်နေနော်။ နိုးလာမှ ကျောင်းကို ပစ္စည်းသွားယူကြမယ်"
"ဟုတ်ကဲ့"
"ဘာဖြစ်လို့လဲ... မသွားချင်ဘူးလား"
စူးကျင်းရှင်းက သာယာမှုအရှိန် မပြယ်သေးသဖြင့် မျက်နှာထားကို ကောင်းကောင်း မထိန်းချုပ်နိုင်။ ထိုအချက်ကို ယန်ကျန့် ရိပ်မိသွားသည်။
"မဟုတ်ပါဘူး... ဟိုလေ..."
စူးကျင်းရှင်းလည်း ဖုံးကွယ်မထားနိုင်တော့ဘဲ အမှန်အတိုင်း ပြောလိုက်ရသည်။
"ခင်ဗျားရဲ့ ကားတွေ... အဝတ်အစားတွေက... ကျွန်တော်တို့ ကျောင်းသွားရင် အရမ်း ဟိတ်ဟန်ထုတ်ရာ ကျနေမှာစိုးလို့ပါ"
ထိုအခါမှ ယန်ကျန့် သတိရသွားသည်။ စူးကျင်းရှင်းက ဒီကိစ္စများကို အလွန် စိစစ်သူ ဖြစ်သည်။
ယန်ကျန့်က ဈေးကြီးပေးဝယ်ထားသော ဘရန်းအကောင်းစား အဝတ်အစားများကို သူ မငြင်းသော်လည်း ကျောင်းသို့ ဘယ်တော့မှ ဝတ်မသွား။ ပုံမှန်ဆို အိမ်သို့ စောစောလာ၊ ယန်ကျန့် ကြိုက်တတ်သော အဝတ်အစားများ သို့မဟုတ် အဝတ်ဗလာ ဖြင့် နေပြီး၊ ပြန်ခါနီးမှ "သာမန်ကျောင်းသား" တစ်ယောက်နှင့် လိုက်ဖက်မည့် ကိုယ်ပိုင်အဝတ်အစားများကို လဲဝတ်ပြီးမှ ပြန်လေ့ရှိသည်။
အရင်က ယန်ကျန့် ဂရုမစိုက်ခဲ့။
အခု ပြန်စဉ်းစားကြည့်တော့ သူ့ကျောင်းကလူတွေကို မသိစေချင်လို့လား။ ဒါမှမဟုတ် ဒီလို ဇိမ်ခံဘဝမျိုးမှာ သာယာမနေချင်လို့များလား။
စဉ်းစားရင်း ယန်ကျန့် စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။
သို့ပေမဲ့ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်။ တခြားလူ လွှတ်လိုက်ပြန်ရင်လည်း စိတ်မချပြန်။
နောက်ဆုံးတော့ အတွင်းရေးမှူးကို လှမ်းခေါ်ပြီး သာမန်အဝတ်အစား တစ်စုံ ဝယ်ခိုင်းလိုက်သည်။ စတိုင်လစ်ကို ခေါ်ပြီး သူ့ဆံပင်ပုံစံကို လူငယ်ဆန်ဆန် ရိုးရိုးရှင်းရှင်း ပြင်ခိုင်းလိုက်၏။ ထို့နောက် လက်အောက်ငယ်သား တစ်ယောက်ဆီမှ ယွမ်နှစ်သိန်းတန် ကားတစ်စီးကို ငှားပြီးမှ စူးကျင်းရှင်းကို သွားကြိုလိုက်လေသည်။
*******