no

Font
Theme

ယန်ကျန့်က လက်ပတ်နာရီကို ဖြုတ်ကာ တံခါးဝရှိ ဗန်းငယ်လေးထဲသို့ ပေါ့ပါးစွာ ပစ်ထည့်လိုက်သည်။ အိမ်တော်ထိန်းက အနားရောက်လာပြီး ကုတ်အင်္ကျီနှင့် လက်ဆွဲအိတ်ကို ကူသယ်ပေးရင်းဖြင့် စူးကျင်ရှင်း အခန်းထဲတွင် စောင့်နေနှင့်ပြီးဖြစ်ကြောင်း သတင်းပါးလာသည်။

ထိုစကားကြားမှ ယန်ကျန့် အနည်းငယ် ကြောင်အသွားပြီး ဒီနေ့က သောကြာနေ့ဖြစ်ကြောင်း သတိဝင်လာသည်။ အလုပ်ကိစ္စများဖြင့် မိုးမွှန်နေအောင် ရှုပ်ထွေးနေခဲ့သဖြင့် နေ့ရက်အချိန်ကာလများကိုပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

သို့သော် စူးကျင်ရှင်းကတော့ အမြဲတမ်း မှတ်မိနေတတ်၏။

သူ့နာမည်နှင့်လိုက်အောင်ပင် "ကျင်ရှင်း" ဆိုသည့်အတိုင်း စေ့စပ်သေချာပြီး ဂရုတစိုက်ရှိလှသည်။ တာဝန်သိစိတ် မြင့်မားသည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ပြန်တွေးကြည့်လျှင် စူးကျင်ရှင်း သူ့ဘေးနားရောက်နေသည်မှာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

​အစောပိုင်းက ယန်ကျန့် နိုင်ငံခြားမှ ပြန်ရောက်ခါစ၊ ရုံးပိတ်ရက် အပျင်းပြေ သဘောမျိုးဖြင့်သာ စမ်းတွဲကြည့်ခဲ့ခြင်း ဖြစ်သည်။ တွဲကြည့်ပြီး အဆင်မပြေလျှင် လူလဲပစ်ရန် စိတ်ကူးရှိခဲ့သော်လည်း မထင်မှတ်ထားလောက်အောင်ပင် ထိုကလေးက လိမ္မာရေးခြားရှိပြီး အလိုက်အထိုက်နေတတ်သဖြင့် လူမလဲဖြစ်ဘဲ နှစ်ကာလများစွာ ကြာမြင့်လာခဲ့သည်။

​ဒါဟာ စူးကျင်ရှင်းက တကယ်ပဲ ထူးခြားလွန်း၍လည်း ဖြစ်နိုင်သည်။

​အဝတ်အစား မပါသည့်အချိန်တွင် သူ့ခန္ဓာကိုယ်က ပျော့ပျောင်းနူးညံ့ပြီး ကျစ်လျစ်သော အချိုးအစားရှိသလို၊ ဘယ်လိုပုံစံမျိုးမဆို အမောခံနိုင်သည့် ရှားပါးရတနာလေး ဖြစ်သည်။

အဝတ်အစား ဝတ်ဆင်ထားချိန်တွင်လည်း တက်ကြွရွှင်လန်းကာ ပြောဆိုဆက်ဆံရာ၌ ယဉ်ကျေးလိမ္မာသည်။ မည်သည့်နေရာခေါ်သွားသွား မျက်နှာမငယ်ရပေ။

​နောက်ထပ် အကြောင်းပြချက် တစ်ခုကတော့ ထိုကောင်လေး၏ ရင်ထဲတွင် လူတစ်ယောက် ရှိနေပြီးသား ဖြစ်နေခြင်းကြောင့်ပင်။ နိုင်ငံခြားတွင် စရိတ်ကြီးကြီးဖြင့် ပန်းချီကျောင်းသွားတက်နေသော သူ့ငယ်ချစ်ဦး….အနှီ သူ့အချစ်စစ်ကြီး အတွက် စူးကျင်ရှင်းက ဤအလုပ်ကိုလုပ်ပြီး ပညာသင်စရိတ် ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ သူတို့နှစ်ဦး၏ သံယောဇဉ်ကလည်း အလွန်ခိုင်မာလှ၏။

ယန်ကျန့်က ထိုကိစ္စကို ဘယ်သောအခါကမှ ဗွေမယူခဲ့။ စူးကျင်ရှင်းကလည်း သူ့ကို ဘာမှ ဖုံးကွယ်မထားခဲ့ပေ။

အားလပ်ရက် နီးကပ်လာတိုင်း သူဟာ ရက်များကို လက်ချိုးရေတွက်ကာ မျှော်လင့်တကြီး ရှိနေတတ်သည်။ ထိုအချိန်များတွင် သူ ပြုံးလိုက်သည်မှာ သကြားလုံး အရည်ပျော်ကျသွားသကဲ့သို့ ချိုမြိန်လွန်းလှ၏။

ယန်ကျန့် သက်ပြင်းချမိသည်။ ဘဝတွင် သူ့အတွက် ရည်စူးပြီး ဒီလိုမျိုး ပြုံးပြမည့်သူ ရှိပါဦးမလားဟု တွေးမိသလို၊ ကိုယ့်ချစ်သူကို ဒီလိုနည်းလမ်းမျိုးနှင့် ပိုက်ဆံရှာခိုင်းပြီး ထောက်ပံ့ခိုင်းနေသော တစ်ဖက်လူကိုလည်း သိပ်တော့ သဘောမကျမိ။

သို့သော် ကာယကံရှင်ကိုယ်တိုင်က ကျေနပ်နေမှတော့ သူက ဝင်ပြောစရာ မရှိချေ။ ထိုသို့ ချစ်သူရှိနေခြင်းကြောင့်ပင် စူးကျင်ရှင်းသည် စည်းဘောင်ကို နားလည်ပြီး ပြတ်သားသည်။ မလိုအပ်သော မျှော်လင့်ချက်များ၊ မလျော်ကန်သော အတွေးများ မထားခြင်း ဖြစ်နိုင်သည်။

ထိုအချက်ကိုပင် ယန်ကျန့်က အသဘောကျဆုံး ဖြစ်သည်။

​သူက တချို့သူဌေးတွေလို "အစပ်အဟပ်" ကြိုက်သူ၊ ခပ်စွာစွာ လူမျိုးကိုမှ သဘောကျသူ မဟုတ်။ တစ်ဖက်လူကို မျက်ရည်ကျအောင်၊ ပေါက်ကွဲအောင်၊ သေချင်စဖွယ် ဖြစ်အောင် လုပ်ပြီးမှ ကျေနပ်တတ်သည့် စိတ်မျိုး သူ့မှာ မရှိ။ ရက်အနည်းငယ်ကြာတိုင်း သတင်းကြီးအောင် လုပ်တတ်သည့် ပြဿနာများကို သူ မုန်းသည်။

​ရှုပ်ထွေးတာကို မကြိုက်။

​ကိုယ့်ဘေးနားက လူက လိမ္မာလေ ပိုကောင်းလေပင်။

​တကယ်လို့များ အဲ့ဒီလူက လိမ္မာပြီး ရွှင်လန်းတက်ကြွ နေမယ်ဆိုရင်တော့ ပိုတောင် ကောင်းသေးသည်။

​ဒီလိုကြည့်လိုက်လျှင် စူးကျင်ရှင်းက အပြစ်ပြောစရာ မရှိလောက်အောင် ပြီးပြည့်စုံသည်။

ယနေ့တွင်တော့လစူးကျင်ရှင်းဟာ ငှက်ကလေးတစ်ကောင်လို တက်ကြွနေသည်။ ရေမိုးချိုးပြီး သန့်ရှင်းမွှေးကြိုင်စွာဖြင့် ကုတင်ပေါ်တွင် မှောက်လျက် ခြေထောက်ကလေးများ လှုပ်ရမ်းကာ သီချင်းညည်းနေ၏။

ယန်ကျန့်၏ ခြေသံကြားသည်နှင့် လှည့်ကြည့်ကာ ကလူကျီစယ်ဟန်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလာသည်။

"ဥက္ကဌယန်... ဒီနေ့နဲ့တင် လုံလောက်ပါ့မလား။ နောက်အပတ် ကျွန်တော် မလာနိုင်တော့ဘူးနော်"

ယန်ကျန့် စဉ်းစားလိုက်သည်။ ဟုတ်သားပဲ... နွေရာသီကျောင်းပိတ်ရက် ရောက်တော့မည်ကိုး။

သူကတော့ အလုပ်တွေရှုပ်လွန်း၍ ခေါင်းမူးနေပြီဖြစ်ကာ အသေးအဖွဲ ကိစ္စလေးများမှစ၍ ကိစ္စကြီးကြီးမားမားတွေအထိ ဘာမှ သတိမထားမိတော့။

ယန်ကျန့် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး စူးကျင်ရှင်း၏ ဆံနွယ်ပျော့ပျော့လေးများကို ဖွလိုက်၏။ သူ့လက်ဖဝါးတွင် ထိုကောင်လေး၏ တောက်ပသော အပြုံးများ စွန်းထင်းသွားသလို ခံစားလိုက်ရပြီး သူပါ လိုက်ရယ်မိတော့သည်။

"မကဲစမ်းပါနဲ့ မင်းရဲ့ ကောင်လေးအတွက် အားမွေးထားဦး"

စူးကျင်ရှင်း မျက်လွှာချကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်လာပြီး၊ လက်နှစ်ဖက်ဖြင့် ယန်ကျန့်၏ လည်ပင်းကို သိုင်းဖက်လျက် ပါးပြင်ကို လှမ်းနမ်းလာသည်။

​သိပ်ကို နူးညံ့ပြီး လိမ္မာလွန်း၏။

ယန်ကျန့် စိတ်ထဲတွင် အပူလှိုင်းတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီး ကောင်လေး၏ သေးသွယ်သော ခါးလေးကို ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲသွင်းလိုက်ရင်း ပွယောင်းယောင်း ဆံပင်လေးများကြား နှာခေါင်းနှစ်ကာ အားရပါးရ နမ်းရှိုက်ပစ်လိုက်သည်။

ပါးစပ်ကသာ အားမွေးထားဦး ပြောနေသော်လည်း လက်တွေ့တွင်တော့ သူကိုယ်တိုင်ပင် အငမ်းမရ ဖြစ်နေမိသည်။

အပေါ်ယံတွင် လူကြီးလူကောင်း ပုံဖမ်းထားသော်လည်း ယန်ကျန့်စိတ်ထဲတွင် အလိုမကျမှုတို့ ရှိနေသည်။ ဒါလည်း သူ့အပြစ်မဟုတ်ရ။ သုံးနှစ်ဆိုသည့် ကာလက နည်းတာမဟုတ်ချေ။ ကြောင်တစ်ကောင်ဆိုလျှင်တောင် သုံးနှစ်လောက် မွေးထားပြီးမှ တပါးသူ ကျွေးသောငါးခြောက်ကို သွားစားလျှင် သိပ်ကြည်ဖြူချင်မှာ မဟုတ်... လူဆိုလျှင် ပိုဆိုးပေမည်။

အထူးသဖြင့်…

​ဒီလောက် ဖြူဝင်းသည့် အသားအရေ၊

​ဒီလောက် ပျော့ပျောင်းသည့် ခါး၊

​ဒီလောက် ချိုမြိန်သည့် အသံ၊

​ပြီးတော့ နွေးထွေးတင်းကျပ်ပြီး နူးညံ့လွန်းသည့် အတွင်းသားများ ပိုင်ဆိုင်ထားသူ မဟုတ်လား။

စူးကျင်ရှင်းက အလွန် ထိရှလွယ်သူ ဖြစ်သည်။ မကြာခင်မှာပင် သူ့မျက်လုံးနှင့် မျက်ခုံးများ နီရဲလာပြီး ထိုအနီရောင် သွေးစီးဆင်းမှုများက လည်တိုင်မှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပန်းရောင်သမ်းသွားစေသည်။

လျှာဖြင့် အလျက်ခံထားရသဖြင့် စိုစွတ်နေသော နို့သီးရဲရဲလေး နှစ်ဖက်မှာ ယန်ကျန့်၏ ဆောင့်ချက်တိုင်းတွင် တသိမ့်သိမ့် တုန်ခါနေပုံမှာ လှပလွန်းသလို ရမ္မက်ကြွစရာလည်း ကောင်းလှသည်။

​ယန်ကျန့်သည် အစပိုင်းတော့ ထိုကောင်လေး ခရီးသွားရတော့မည့် အခြေအနေကို ထောက်ထားပြီး အရာမထင်ကျန်ရစ်အောင် ထိန်းသိမ်းခဲ့သေးသည်။ သို့သော် ယခုအချိန်တွင်တော့ သူ ဂရုမစိုက်နိုင်တော့။ သွေးများ ခေါင်းပေါ် ဆောင့်တက်သွား စူးကျင်ရှင်း၏ ရင်ဘတ်ကို ကိုက်ခဲ၍ ဆောင့်ချက်တိုင်းတွင် သွားရာများ ထင်ကျန်ရစ်စေသည်။

သူ့အောက်ပိုင်း လှုပ်ရှားမှုများကလည်း ပိုမို ကြမ်းတမ်း၊ မြန်ဆန်ပြီး ပြင်းထန်လာ၏။ ဝင်ရောက်မှုတိုင်းက စူးကျင်ရှင်း၏ အထိမခံနိုင်သော နေရာများကို ထိပါးမိသဖြင့်၊ စူးကျင်ရှင်း၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်လျှံလာတော့သည်။

ကောင်လေးက သူ့ကျောပြင်ကို ဖက်တွယ်ထားရင်း၊ အရှိန်လျှော့ပေးရန် ငိုယိုတောင်းပန်ရှာသည်။ သူ့အသံလေးက ချိုအီနေပြီး ယန်ကျန့်ကို ပို၍ပင် အနိုင်ကျင့်ချင်စိတ် ပေါက်အောင် ဆွဲဆောင်နေသလိုပင်။

​သို့သော် ငုံ့ကြည့်လိုက်သည့်အခါ စူးကျင်ရှင်း၏ မျက်နှာလေး တစ်ခုလုံး မျက်ရည်များဖြင့် စိုရွှဲနေပြီး၊ ကျဲပါးသော မျက်တောင်ရှည်လေးများတွင် မျက်ရည်စက်လေးများ တွဲခိုနေသည်ကို မြင်လိုက်ရသဖြင့် သနားစိတ်ဝင်သွားကာ ဆက်မလုပ်ရက်တော့ပေ။ ထို့ကြောင့် အရှိန်လျှော့လိုက်ပြီး စူးကျင်ရှင်း၏ ကျောပြင်လေးကို ပုတ်ပေးကာ ဖြည်းညှင်းစွာ ပွတ်သပ်ပေးလိုက်သည်။ မျက်နှာပေါ်မှ မျက်ရည်များကို တဖြည်းဖြည်းချင်း နမ်းရှိုက်ကာ သုတ်ပေးရင်းဖြင့်

​"မင်းက တဖြည်းဖြည်းနဲ့ အငိုသန်လာပါလား။ အရင်တုန်းက ကိုယ်နဲ့ စတွေ့ခါစကဆို နာလည်း အသံတောင် မထွက်ဘဲ ကြိတ်မှိတ်ခံတာ။ မေ့လဲတော့မလို ဖြစ်နေတာတောင် နှုတ်ခမ်းကိုက်ပြီး လောင်ကုန်း ပြုစုတာ ကောင်းရဲ့လားလို့ မေးတတ်သေးတာ..."

​တကယ်တော့ ဒါက ယန်ကျန့် စနောက်လိုက်ခြင်းသာ။

​စူးကျင်ရှင်း၏ မျက်ရည်ဝဲနေသော မျက်ဝန်းများနှင့် ရီဝေနေသော အမူအရာလေးက သိပ်ကို အသည်းယားစရာ ကောင်းနေသည်ကိုး။

​ယန်ကျန့် ရင်ထဲတွင် ယားကျိကျိ ဖြစ်လာပြီး၊ မနေနိုင်မထိုင်နိုင် သူ့ကို စနောက်လိုက်မိခြင်း ဖြစ်သည်။

​မထင်မှတ်ဘဲ စူးကျင်ရှင်းက ပျာပျာသလဲ ဖြစ်သွားသည်။ ခဏမျှ တွေဝေသွားပြီးမှ သူ့မျက်လုံးများကို လက်ခုံဖြင့် အမြန် ပွတ်သပ်ရင်း.

​"ဥက္ကဋ္ဌယန် မကြိုက်ဘူးဆိုရင်... ကျွန်တော်..."

​"ကိုယ် မကြိုက်ဘူးလို့ မပြောပါဘူး မင်းကို ပြောထားဖူးတယ်လေ"

​ယန်ကျန့်က သူ့လက်ကို အမြန်လှမ်းဆွဲကာ လက်ဖမိုးကို နမ်းလိုက်ရင်း ထို့နောက် သူ့မျက်လုံးလေးများကိုပါ ငုံ့နမ်းလိုက်သည်။

​"ကိုယ် ကြိုက်တယ်... မင်းက ဒီအတိုင်းလေးပဲ ပြည့်စုံပြီးသား"

​နှာခေါင်းထိပ်လေးကို တစ်ချက်၊ ပြီးတော့ နှုတ်ခမ်းများကို တစ်ချက် ထပ်နမ်းလိုက်ပြီးမှ ယန်ကျန့် ဆက်ပြောသည်။

​"နှစ်တွေ ဒီလောက်ကြာနေပြီ၊ နည်းနည်း စလိုက်တာနဲ့ ပြာသွားတုန်းပဲ။ ဘာမှ တိုးတက်မလာပါလား"

​စူးကျင်ရှင်း ဘာပြောရမှန်းမသိ ဖြစ်သွားပြီး အူကြောင်ကြောင်ဖြင့် ရယ်ရုံသာ ရယ်နေမိသည်။

​သူ နှာခေါင်းလေး ရှုံ့လိုက်ရင်း ယန်ကျန့်၏ ပါးပြင်ကို ကျီစယ်လိုစွာ လှမ်းဆွဲလိုက်သည်။

​ယန်ကျန့်၏ နဖူးမှ သွေးကြောလေး တစ်ချက် လှုပ်သွားရကာ ကောင်လေး၏ ဂျယ်လီတုံးလေးလို နူးညံ့အိစက်နေသော နှုတ်ခမ်းများကို ငုံ့ကိုက်လိုက်ရင်း ဆိုလိုက်မိလေသည်။

​"မင်းက ဆိုးတာပဲ တိုးတက်လာတယ်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment