no

Font
Theme

အခန်း ၁၀ (mature)

Translator - D

အနောက်တိုင်းဝတ်စုံနဲ့ လူတစ်ယောက် သူ့အိမ်ရှေ့မှာ ထိုင်နေခဲ့တယ်။ သူ့ရဲ့ခြေတံရှည်ရှည်တွေကို အောက်မှာခွေထားတာကြောင့် ဘယ်သူပဲကြည့်ကြည့် သူ့အတွက် စိတ်မသက်မသာ ဖြစ်ကြမှာပါ။ သူ့လက်တွေက ဟာယွန်း တီဗွီမှာ တွေ့ခဲ့ရတဲ့ ထရိုဖီကို ကိုင်ထားခဲ့တယ်။

ဖရိုဖရဲဖြစ်နေတဲ့ သူ့ဆံပင်တွေ။ ကြမ်းပြင်ကို မျက်လွှာချပြီးကြည့်နေတဲ့ သူ့ရဲ့ပုံစံ။

သူက လုံးဝ တခြားကမ္ဘာမှာ ရှိနေတဲ့လူလိုပါပဲ။

ဒါက သူ့ဘဝအတွက် အပျော်ရွှင်ရဆုံးနေ့ပါ။ သူ့ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုတဲ့ပါတီမှာ ပျော်ရွှင်နေရမှာကို ဘာဖြစ်လို့ ဒီမှာရှိနေရတာလဲ။

ဒီနေရာကို သူ ဘယ်လိုသိသွားတာလဲ။ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။ သူ့ကို မေးကြည့်သင့်ပေမဲ့ ဟာယွန်းက ထယ်ဝမ့်ကိုကြည့်ရင်း နေရာမှာတင် မလှုပ်မယှက် ရှိနေခဲ့တယ်။

ခဏကြာမှ ထယ်ဝမ်က ဟာယွန်းကိုတွေ့သွားပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။ သူက ဟာယွန်းဆီ လျှောက်လာခဲ့ပြီး သူ့ခြေသံတွေက တိတ်ဆိတ်တဲ့လျှောက်လမ်းမှာ မြည်ဟိန်းနေတော့တယ်။ သူ့ကို ကြည့်နိုင်ဖို့အတွက် ဟာယွန်း အလိုလို ခေါင်းမော့လိုက်မိတယ်။ ထယ်ဝမ်က ဟာယွန်းအရှေ့မှာ ရပ်လိုက်တယ်။

သူ့မျက်နှာက နွမ်းလျနေခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မအိပ်ဘဲ၊ မစားဘဲ နေခဲ့တဲ့အတိုင်းပါပဲ။ သူ့မေးစေ့က ဟာယွန်း မှတ်မိတာထက် ပိုချွန်နေတာမို့ ဝိတ်လည်းကျသွားတယ်ထင်ပါရဲ့။ ထယ်ဝမ်ရဲ့အပြောင်းအလဲတွေကို သတိထားမိတယ်ဆိုတဲ့အချက်ကို သဘောမကျတာကြောင့် ဟာယွန်းက မြန်မြန်ပဲ မျက်နှာလွှဲလိုက်တယ်။

“တစ်ယောက်ယောက် မြင်သွားလိမ့်မယ်။ ပြန်တော့။”

နောက်ဆုံး သတိပြန်ဝင်လာချိန်မှာ ဟာယွန်းက အေးစက်တဲ့အသံနဲ့ ပြောလိုက်တယ်။ ထယ်ဝမ်က သူ့လက်ထဲမှာရှိတဲ့ ထရိုဖီကို ကမ်းပေးခဲ့တယ်။

“ဒါက ဘာလဲ။”

ဟာယွန်းရဲ့ မျက်လုံးတွေက ထယ်ဝမ်နဲ့ ထရိုဖီကြားမှာ ကူးချည်သန်းချည် ရှိနေခဲ့တယ်။

“ယူလိုက်။”

ထယ်ဝမ်က နွမ်းလျလျအသံနဲ့ ပြောခဲ့တယ်။

“ဘာလို့ ယူရမှာလဲ။”

“မင်းကို ဒါပေးမယ်။”

“…”

“အဲ့ဒါကြောင့် မင်းကိုယ်မင်း ငါ့ဆီပြန်ပေး။”

ထယ်ဝမ်က ဟာယွန်းကို တည့်တည့်ကြည့်နေခဲ့တယ်။ သူ့ရဲ့ တိုးရှရှအသံက မြူခိုးငွေ့တွေ့အလား ဟာယွန်းကို ရစ်ဖွဲ့သိုင်းအုံသွားတော့တယ်။ ဟာယွန်းက သူ့နှုတ်ခမ်းသူ ကိုက်ထားလိုက်တယ်။ ရင်ထဲမှာ နှလုံးသားကို ဆွဲလိမ်ခံလိုက်ရသလိုပါပဲ။

“အဲ့ဒီထရိုဖီက နင့်အိပ်မက်လေ။”

“အင်း။”

ထယ်ဝမ်ရဲ့ တိုးရှရှအသံက ကူကယ်ရာမဲ့နေသလိုပါပဲ။

“ဒါဆို ဘာဖြစ်လို့ နင့်ရဲ့အိပ်မက်ကို ငါ့ဆီ လာပေးရတာလဲ။ ဒါက ဘာသဘောလဲ။ အခု နင့်အိပ်မက်လည်း အကောင်အထည်ပေါ်သွားပြီဆိုတော့ နှစ်ယောက်အတူတူ ပြန်ပေါင်းထုတ်ပြီး တစ်သက်လုံး ပျော်ရွှင်စွာ နေသွားကြမယ်ပေါ့ ဟုတ်လား။ ဘာမှမဖြစ်ခဲ့ဖူးသလိုမျိုးလေ။ နင်လိုချင်တာ အဲ့ဒါလား။”

နင်က နင့်ရဲ့အိပ်မက်နောက်ကို လိုက်နေတုန်း ငါ သည်းခံခဲ့ရတဲ့အရာတွေကရော။ အိပ်မက်က တကယ်ဖြစ်လာတာနဲ့ အဲ့ဒီအိပ်မက်ကို အခုလိုမျိုး လုပ်နိုင်ရုံလေးအတွက် ငါ့ကို ဒါတွေအားလုံး ခံစားရအောင် လုပ်ခဲ့တာလား။

စကားတွေက ဟာယွန်းရဲ့လည်ချောင်းထဲမှာ တစ်နေခဲ့တယ်။ ထပ်ပြောရင် ငိုချမိမှာကို ကြောက်မိတာကြောင့် ဟာယွန်းက ပါးစပ်ပိတ်ထားပြီး ထယ်ဝမ့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။ ဟာယွန်းရဲ့ ဒေါသနဲ့ ခွန်းတုံ့ပြန်စကားကို ကြားပြီးတဲ့အခါ ထယ်ဝမ်က ဖြည်းဖြည်းချင်း စကားစခဲ့တယ်။

“ဒါက ငါ့အိပ်မက်ပဲလို့ ထင်ထားခဲ့တာ။”

“…”

“ငါ့အိပ်မက်က ဒါမဟုတ်ဘူး။ မင်းပဲ၊ နာဟာယွန်း။”

“…”

“မင်းကို ပျော်ရွှင်အောင်လုပ်ပေးဖို့ကို ဒီတစ်လျှောက်လုံး တလွဲအဓိပ္ပာယ်ဖွင့်မိခဲ့တယ်။ ငါ အောင်မြင်လာရင် ငါတို့တွေ ပျော်ရွှင်ရမှာပဲလို့ ထင်မိခဲ့တာ။ ဒါပေမဲ့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး။”

တည်ငြိမ်တဲ့အသံနဲ့ပြောနေရင်း ထယ်ဝမ့်မျက်နှာက မျက်မှောင်ကြုတ်ထားတဲ့အသွင် မဲ့သွားခဲ့တယ်။ နာကျင်ခံစားမှုတွေ အပြည့်ပါပဲ။

မိုက်ခရိုဖုန်းအရှေ့မှာ ရပ်လိုက်တုန်းက ကျေးဇူးတင်စကားပြောဖို့ စိတ်ကူးနဲ့ပါ။ ဒါပေမဲ့ ဘာမှထွက်မလာခဲ့ပါဘူး။ သူတွေးနိုင်တာဆိုလို့ ဟာယွန်းပဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟာယွန်းရဲ့ နာမည်လေးကိုတောင် မပြောနိုင်ဘဲ သူတို့နှစ်ယောက်တည်းသာသိမဲ့ သင်္ကေတနဲ့တောင် အချက်မပြနိုင်ခဲ့ဘူးလေ။ ထုံသွားသလို ခံစားလိုက်ရတယ်။

အခု မင်း ငါ့ကို ကြည့်နေမှာမဟုတ်တာ သေချာပါတယ်။ ဒါက ငါတို့ရဲ့အိပ်မက်လို့ ထင်ထားခဲ့ပေမဲ့ မင်းက ဒီမှာရှိမနေဘူးလေ။ ဒီတော့ တကယ်ပဲ ငါက ဒီမှာ ဘာလုပ်နေတာလဲ။

အဲ့ဒီအခိုက်အတန့်မှာတော့ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲလိုက်ကြပြီဆိုတာကို နောက်ဆုံးမှာ သဘောပေါက်နားလည်လိုက်ရတော့တယ်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားတဲ့ အနွေးဓာတ်အားလုံး ပျောက်ကွယ်သွားသလိုပါပဲ။ လေအေးစက်စက်ထဲမှာ ဝတ်လစ်စားလစ် ရပ်နေရသလို ခံစားခဲ့ရတယ်။

ထယ်ဝမ်က ဆုကို ပြန်ကြည့်လိုက်တယ်။ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ လက်ထဲက လေးလံတဲ့ ထရိုဖီကို တွေ့လိုက်ရပြီးတဲ့နောက် နောက်ဆုံးမှာ သူ သိသွားတော့တယ်။

သူတို့နှစ်ယောက် လမ်းခွဲခဲ့ရခြင်းရဲ့ အကြောင်းရင်းကိုပေါ့။

သူက ဟာယွန်းကို ဒီထရိုဖီနဲ့ အတ္တကြီးစွာ အစားထိုးခဲ့မိတာပါ။ ချစ်ဖို့အတွက် အောင်မြင်မှဖြစ်မယ်ဆိုပြီး အဲ့ဒီလို အဟုတ်မှတ်တဲ့စိတ်နဲ့ တွေးထားခဲ့တာလေ။

ဒီလိုကနေ အချိန်တွေကြာလာတာနဲ့အမျှ တစ်ခါတလေကျရင် ချစ်ရတာဟာ ခက်ခဲတယ်လို့ တွေးမိလာတတ်တယ်။ အချစ်က တာဝန်အဖြစ် ပြောင်းလဲသွားပြီး ဟာယွန်းနဲ့ တွေ့ရတာက ဝတ္တရားတစ်ခု ဖြစ်လာခဲ့တယ်။

ပြီးတော့ သူ့ကိုယ်သူ ဒီလိုခံစားရတာကို တွေ့ရတိုင်း ပြန်ပြီးတော့ ထိန်းခဲ့တယ်။

စိတ်ကုန်သွားလို့ မဖြစ်ဘူး။ အောင်မြင်လာရင် လူတကာထက် ပိုပြီးတော့ ပျော်ရွှင်ရမှာ။ အခုလိုမျိုး ပင်ပန်းရတော့မှာမဟုတ်ဘူး။ တခြားလူတွေအားလုံးထက် ပိုပြီးလှပတဲ့အချစ်မျိုး ရနိုင်မှာ။

ပိုပိုပြီး နွမ်းလျလာတာနဲ့အမျှ အရှေ့ကိုသာ ကြည့်ခဲ့မိတယ်။ အဲ့ဒီလိုနဲ့ ငါတို့အချစ်ရဲ့ သေလုမြောပါး အော်သံတွေကို မကြားနိုင်ခဲ့တာပါ။ တာဝန်နဲ့ ကိုယ့်ရဲ့အတ္တအရ ဆက်ပြေးနေရင်း မင်းအပေါ် ဒေါသဖြစ်ခဲ့မိတယ်။ ပြီးတော့ မင်းက ဒဏ်ရာတွေရလို့လေ။

…ပြီးတော့ အဲ့ဒီအတိုင်း မင်းကို ဆုံးရှုံးလိုက်ရတာပါပဲ။

ဒီလို အရေးမပါတဲ့ အရာလေးတစ်ခုအတွက်ကြောင့်နဲ့ မင်းကို ဆုံးရှုံးလိုက်ရတာ…

ဒါကို နားလည်လိုက်တဲ့အချိန်မှာ သူ့ရဲ့အမြင်လွှာက ဝေဝါးလာခဲ့တယ်။ ‘ဟုတ်ကဲ့၊ ဂန်ထယ်ဝမ်က မျက်ရည်တွေ အများကြီးကျနေတဲ့ပုံပါပဲ။’ MC ရဲ့စကားကို ကြားတော့မှ ထယ်ဝမ်က နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ငိုနေမှန်း သိလိုက်တော့တယ်။

သရုပ်ဆောင်နေတုန်းက အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ သူ့မျက်လုံးထဲကနေ မျက်ရည်တစ်စက်တောင် မထွက်ခဲ့ပါဘူး။ နောက်ဆုံးမှာ နာဟာယွန်းကို အမှန်တကယ် ဆုံးရှုံးလိုက်ရပြီးတော့မှပဲ သူ သဘောပေါက်နားလည်ခဲ့ရတော့တယ်။

နာဟာယွန်းမရှိရင် အောင်မြင်မှုက သူ့အတွက် အလကားပဲဆိုတာကိုပေါ့။ ဟိုးအစကတည်းက သူ့ရဲ့အိပ်မက်ဟာ နာဟာယွန်းရဲ့ ပျော်ရွှင်မှု ဖြစ်ခဲ့တာမို့လို့ပါ။

ဟာယွန်းရဲ့အရှေ့မှာရပ်နေရင်း ထယ်ဝမ်ရဲ့ ခြောက်သွေ့တဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေ ပြည့်တက်လာခဲ့တယ်။ ဟာယွန်း မျက်လုံးအဝိုင်းသား ဖြစ်သွားတော့တယ်။ ထယ်ဝမ်က ပင်ပန်းရတဲ့အခါတွေရှိတိုင်း ဒီအတိုင်းလေး ဟာယွန်းကိုမှီပြီး နားတတ်လေ့ရှိပေမဲ့ ဟာယွန်းရဲ့အရှေ့မှာ တစ်ခါမှ မငိုဖူးပါဘူး။

ခြောက်သွေ့နေတဲ့ ထယ်ဝမ့်နှုတ်ခမ်းတွေ လှုပ်ရှားသွားခဲ့တယ်။

“ငါတို့ လမ်းခွဲပြီးကတည်းကစပြီး အချိန်က ဆက်မသွားတော့ဘူး၊ ဟာယွန်း။”

“…”

“နေ့တိုင်း နေ့တိုင်း၊ မင်း ငါ့ကို လမ်းခွဲချင်တယ်လို့ ပြောသွားတဲ့ နေရာမှာပဲ ငါ ရပ်နေခဲ့တာ။”

အသက်တစ်ချက်ရှူလိုက်တိုင်းမှာ ဟာယွန်းက သူနဲ့ လမ်းခွဲချင်တယ်လို့ပဲ ပြောနေတာပါ။ မြှုပ်နှံပစ်လို့ ရနိုင်လိမ့်မယ်ဆိုပြီး တွေးခဲ့ပေမဲ့ အချိန်ကုန်လာတာနဲ့အမျှ နာကျင်မှုက ပိုပိုပြီး ဆိုးဝါးလာခဲ့တယ်။

တောက်…

ထယ်ဝမ့်မျက်လုံးတွေကနေ မျက်ရည်တွေ စပြီးကျလာတော့တယ်။ သူ့ပုံစံက တစ်ချက်ထိလိုက်တာနဲ့ ပြိုလဲသွားတော့မလိုပါပဲ။

“ငါ့ကို ကယ်တင်ပေးပါ။”

“…”

“ကျေးဇူးပြုပြီးတော့။”

သူ့ရဲ့ မျှော်လင့်တကြီးအသံက လူသူကင်းမဲ့တဲ့ လျှောက်လမ်းမှာ ဟိန်းထွက်နေခဲ့တယ်။ ထယ်ဝမ်က မျက်လုံးတွေမှိတ်လိုက်တယ်။ သူ့မျက်နှာက မျက်ရည်တို့နဲ့ စိုရွှဲနေခဲ့တယ်။ ထယ်ဝမ်က နောက်ဆုံးမှာတော့ အမှန်တကယ် လမ်းခွဲပြတ်စဲပြီးသွားကြပြီဆိုတာကို နားလည်သွားတဲ့လူတစ်ယောက်နဲ့ တူလာပါတော့တယ်။

ဟာယွန်းရဲ့နှုတ်ခမ်းတွေ တုန်ယင်လာခဲ့တယ်။

“…ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ခဲ့တာလဲ။ တော်လှထက်လှချည်ရဲ့ဆိုတဲ့ ဂန်ထယ်ဝမ်က ဘာဖြစ်လို့ အဲ့ဒီလို ရူးမိုက်တဲ့ဆုံးဖြတ်ချက်မျိုး ချခဲ့တာလဲ။ ဘာလို့လဲလို့။ ငါက နင့်ကို အောင်မြင်အောင်လုပ်လို့ ခိုင်းခဲ့ဖူးလို့လား။ ချမ်းသာအောင်လုပ်ပါလို့ ခိုင်းခဲ့ဖူးလို့လား။ အကောင်းဆုံးသရုပ်ဆောင်ဆုရအောင် လုပ်ခိုင်းခဲ့ဖူးသလား။ ဒီတော့ ဘာကြောင့်လဲ။ ဘာကြောင့်များ အဲ့ဒီလိုလုပ်ခဲ့တာလဲ…”

ဟာယွန်းက ဆက်ပြီးသည်းမခံနိုင်တော့ဘဲ လက်သီးဆုပ်ထားလိုက်တယ်။ သူ လိုအပ်ခဲ့တာက ဂန်ထယ်ဝမ်ပါ။ သူတစ်ယောက်တည်းပါ။ သူ့ဆီကနေ ဘာကိုမှ မမျှော်လင့်ခဲ့ဖူးပါဘူး။

“ငါ့လိုကောင်မျိုးနဲ့ အတူတူရှိတဲ့အတွက် မင်း မိသားစုထဲမှာ အကြဉ်ခံရမှာကို မလိုချင်လို့။”

“…”

“မိဘမဲ့ ဂန်ထယ်ဝမ်။ ငွေကြေးဥစ္စာ လုံလုံလောက်လောက်မရှိတဲ့ ဂန်ထယ်ဝမ်။ မင်းကို မပံ့ပိုးနိုင်တဲ့ ဂန်ထယ်ဝမ်။ ငါ့လိုလူမျိုးကို ကာကွယ်ဖို့အတွက် မင်း ခေါင်းငုံ့အောက်ကျို့ရမှာကို မလိုချင်ဘူး။ ငါက မင်းကို ကာကွယ်နိုင်ပါတယ်ဆိုပြီး ပြောနိုင်ဖို့အတွက် အထောက်အထား ပိုလိုအပ်လို့။ ငါ့မှာ မင်းအတွက် မရင့်ကျက်တဲ့ အချစ်တစ်မျိုးတည်းရှိတာမဟုတ်ဘူးဆိုပြီးပြဖို့။ ငါက မင်းအနေနဲ့ ပူပန်ကြောင့်ကြမှု ဘာတစ်ခုမှမရှိဘဲ ချစ်ရတဲ့လူပါဆိုပြီး လူတွေအရှေ့မှာ မင်း ဝင့်ဝင့်ကြွားကြွား ပြောနိုင်တာမျိုးကို လိုချင်ခဲ့တာ။ ငါနဲ့ချစ်မိတဲ့အတွက် မင်း ဂုဏ်ပြုကြောင်း၊ ဝမ်းသာကြောင်းစကားတွေ အပြောခံရတာမျိုးပဲ လိုချင်ခဲ့တာ။”

“…”

“မင်းအတွက် ငါလုပ်ပေးချင်ခဲ့တာတွေက အဲ့ဒါတွေပဲ၊ ပြီးတော့ ငါတတ်နိုင်တဲ့ တစ်ခုတည်းသောအရာက အောင်မြင်လာအောင်လုပ်ဖို့ပဲ ရှိခဲ့တာ။”

သူ့မှာမရှိတဲ့ မိသားစုကို ဖန်တီးလို့မရနိုင်ပါဘူး။ သူ့မှာ ဘွဲ့လက်မှတ်ရော၊ စည်းစိမ်ချမ်းသာရော မရှိခဲ့ပါဘူး။ သူက နာဟာယွန်းရဲ့တောင်ပံတွေ ဖြစ်ချင်ခဲ့တာပါ။ နာဟာယွန်းရဲ့ ခြေချင်းဝတ်မှာပတ်ထားတဲ့ အချုပ်အနှောင်မဖြစ်ချင်ပါဘူး။

ကြိုးစားမှုတစ်ခုတည်းနဲ့သာ သူ ရှင်သန်နိုင်မှာပါ။ အရည်အချင်းကောင်းအမျိုးမျိုးနဲ့လူတွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက အောင်မြင်လာအောင်လုပ်ပြီး သူတို့ကို ပါးစပ်ပိတ်ပစ်ဖို့ပါပဲ။

ဟာယွန်း မျက်လုံးပြူးသွားတော့တယ်။

“…ဘယ်လိုလုပ် သိနေတာလဲ။ ငါနဲ့ ငါ့မိသားစု ဆက်ဆံရေးမကောင်းတာကို နင်က ဘယ်လိုလုပ်ပြီး…ဟင့်အင်း၊ ဘယ်တုန်းကတည်းက သိနေတာလဲ။”

ဟာယွန်းက အံ့ဩတကြီး ပြန်မေးခဲ့တယ်။

အသက် ၂၅နှစ် ပြည့်ကတည်းက ဟာယွန်းကို အဖေဖြစ်သူက လက်ထပ်ဖို့ ဖိအားပေးနေခဲ့တာပါ။ အသက်ငယ်ငယ်မှာ လက်ထပ်ရင် အလားအလာကောင်းတွေ အများကြီးပိုရှိမှာလို့ ပြောရင်းနဲ့ပေါ့။

အမှတ်တွေ၊ အဆင့်တွေကောင်းရဲ့သားနဲ့ ဆေးကျောင်းမတက်ခဲ့တာကို ဟာယွန်းအ​ဖေက သစ္စာဖောက်ခံရသလို ခံစားနေရတာလေ။ ပြီးတော့ ဟာယွန်း မော်ဒယ်လ်အဖြစ် အသက်မွေးဝမ်းကြောင်း စလုပ်ခဲ့ချိန်မှာ သူတို့ကြားမှာရှိတဲ့ အကွဲအပြဲက ပိုကျယ်လာခဲ့တယ်။

ဟာယွန်းအဖေက ဟာယွန်းကို အရှုံးတစ်ခုအဖြစ် သဘောထားခဲ့တယ်။ ဟာယွန်းမှာ ပေါက်ပေါက်မြောက်မြောက်ရှိတာဆိုလို့ ဘာမှမရှိတာကြောင့် သူလုပ်နိုင်မဲ့ ကောင်းတဲ့အရာက အိမ်ထောင်ပြုတာပဲ ရှိတယ်တဲ့လေ။

ဟာယွန်းက သူ့မှာ ချစ်ရတဲ့သူ ရှိပြီးသားလို့ ဖခင်ဖြစ်သူကို ပြောခဲ့တယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက ဒေါသတွေသာထွက်ခဲ့ပြီး သူက လိုက်ကြွားစရာမဟုတ်တဲ့ကောင်ပဲလို့ ပြောခဲ့တယ်။

ဟာယွန်းက ထယ်ဝမ့်ကို လုံးဝလက်မလျှော့ခဲ့ဘဲ ဖခင်ဖြစ်သူရဲ့ ကန့်ကွက်မှုကလည်း တဖြည်းဖြည်း ပိုဆိုးလာခဲ့တယ်။ နောက်ဆုံးတော့ ဟာယွန်းက ဖခင်ဖြစ်သူနဲ့ ဘာအဆက်အသွယ်မှမလုပ်ဘဲ ရှောင်လာတော့တယ်။

ဟာယွန်းရဲ့​အဖေက ဟာယွန်းကို ငွေကြေးထောက်ပံ့မှု ဖြတ်တောက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဟာယွန်းက ကိုယ့်ရဲ့ နေထိုင်စားသောက်စရိတ်အတွက် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ သုံးနေခဲ့တာလေ။ ဖခင်ဖြစ်သူ ပေးထားတဲ့ ပိုက်ဆံတွေကို ကိုယ်ပိုင်အကောင့်ထဲမှာပဲ စုထားတာမို့ ဂရုမစိုက်ခဲ့ပါဘူး။

ပြီးတော့ ဒီပြဿနာ ရှည်ကြာလာတာနဲ့အမျှ ဟာယွန်းက ဒီအကြောင်း ထယ်ဝမ်သိအောင် ဘယ်တော့မှ ထုတ်မပြဘဲ နေခဲ့တယ်။ သူချစ်ရတဲ့လူကို ဒီလိုနည်းမျိုးနဲ့ ဒဏ်ရာမပေးချင်ဘူးလေ။

ပြီးတော့ ကြောက်မိခဲ့တယ်။ ဒီအတွက်ကြောင့် ထယ်ဝမ် သူ့ကို လက်တွဲဖြုတ်သွားမှာကိုပေါ့…

ဒီတစ်လျှောက်လုံး အဲ့ဒီကိစ္စကို အောင်အောင်မြင်မြင်နဲ့ လျှို့ဝှက်ဖုံးဖိထားနိုင်တယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခု ထယ်ဝမ်က အားလုံးသိနေသလိုမျိုး သူ့ကို ကြည့်နေတယ်လေ။ နောက်ဆုံးတော့ ဘာကိုမှ သိသာပေါ်လွင်စေခြင်းမရှိဘဲ နေခဲ့သူက ထယ်ဝမ်ပါပဲ။

“သိထားတာ ကြာပြီ။”

“…”

“ညကြီးသန်းခေါင် မင်းကျခဲ့တဲ့ မျက်ရည်တွေ။ သူတို့နဲ့တွေပြီးလို့ အိမ်ပြန်လာရင် အိပ်လို့မရတာတွေ။ ပြီးတော့ မင်းအဖေရဲ့ မွေးနေ့အတွက် မိဘအိမ် သွားလည်တဲ့နေ့က မိဘအိမ်မဟုတ်ဘဲ ကော်ဖီဆိုင်ကို သွားခဲ့တာမှန်း သိတယ်။ အားလုံးကို သိတယ်…”

“…”

“သိပေမဲ့ မသိချင်ယောင်ဆောင်နေခဲ့တာ။ သွေးကြောင်တဲ့ကောင်လိုမျိုး ထွက်ပြေးခဲ့မိတာ။ အတ္တကြီးကြီးနဲ့ မသိချင်ယောင် ဆောင်ခဲ့မိတာ။ မနက်ခင်းရောက်ရင် ဘာမှမဖြစ်ခဲ့သလိုမျိုး မင်းပြုံးပြတာလေးကို ကြိုက်လို့။”

ထယ်ဝမ်က တိုးရှရှအသံနဲ့ ပြောခဲ့တယ်။ တည်ငြိမ်တဲ့ သူ့ရဲ့လေသံမှာ မျက်ရည်တို့ ပြည့်လာတော့တယ်။

“မင်း ငါ့ဘေးမှာရှိနေတယ်ဆိုတာကို ရူးလောက်အောင် ကြိုက်လို့၊ အဲ့ဒါကြောင့်…”

စကားဆုံးအောင် မပြောနိုင်ဘဲ ထယ်ဝမ်က သူ့နှုတ်ခမ်းသူ ကိုက်ထားလိုက်တယ်။

တောက်…

ခြောက်သွေ့သွေ့ သူ့နှုတ်ခမ်းကနေ သွေးတွေပေါက်ထွက်လာခဲ့တယ်။ အနီရောင်သွေးစက်က တဖြည်းဖြည်း ကြီးလာခဲ့တယ်။ သူ့မျက်လုံးတွေက အောက်ကိုစိုက်ချထားလျက် ရှိနေခဲ့တယ်။ မျက်လုံးတွေထဲကနေ မျက်ရည်တွေ တရစပ်ကျနေတော့တယ်။ သူ့မျက်နှာထား၊ သူ့အသံ…အားလုံးက ဒီတစ်လျှောက်လုံး သူခံစားခဲ့ရတဲ့ ဒဏ်ရာတွေကို ဖော်ပြနေခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့အချစ်က အတူတူပဲဆိုပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ပုံချစ်နည်းကတော့ မတူခဲ့ပါဘူး။ တစ်ဖက်လူအတွက် လုပ်နေတာဆိုတဲ့အတွေးကြောင့် သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေ ပေးမိခဲ့ကြတာပါ။

ငါတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြတယ်၊ ဒါနဲ့များ…ဘာဖြစ်လို့ ဒီလိုလုပ်ခဲ့ကြတာလဲ။

အကြာကြီး အတူတူရှိခဲ့ကြတာတောင် အချစ်နဲ့ပတ်သက်လာရင် ငါတို့က အရမ်းကို နမော်နမဲ့နိုင်ကြတုန်းပါပဲလား။

ထယ်ဝမ်က လက်ကမ်းပေးခဲ့တယ်။ သူ့လက်ချောင်းတွေက ကလေးလေးတစ်ယောက်ရဲ့ လက်ချောင်းတွေလို တုန်ယင်နေခဲ့တယ်။

“ကိုင်ပေးပါ။”

“…”

“မင်းမှမဟုတ်ရင် ငါ မနေနိုင်ဘူး။”

သူ့ရဲ့ ပြင်းပြင်းပြပြ အသံက လေထဲမှာ ပဲ့တင်ရိုက်ခတ်သွားခဲ့တယ်။ အဲ့ဒီအသံကြောင့် ဟာယွန်းရဲ့နှလုံးက ခုန်လာခဲ့တယ်။ ဒါပေမဲ့ ဟာယွန်းက နေရာမှာ အေးခဲနေတဲ့အလား ငြိမ်ငြိမ်လေး ရှိနေခဲ့တယ်။

ဒီလက်ကိုကိုင်လိုက်ရင် သူတို့ရှိခဲ့တဲ့နေရာဆီ ပြန်ရောက်သွားမှာကို စိုးကြောက်မိပါတယ်။ အဲ့ဒါကြောင့် အလောတကြီး မကိုင်နိုင်ခဲ့ပါဘူး။

“…ချစ်တယ်၊ ဟာယွန်း။”

သူ့အသံက အက်ရှရှ ဖြစ်နေခဲ့တယ်။ ထယ်ဝမ့်လက်ကို ငေးကြည့်နေရင်း ဟာယွန်းရဲ့မျက်နှာက ထုံလာသလိုပါပဲ။

“ချစ်တယ်။ အခုအချိန်မှာတောင်မှပဲ။”

ဟာယွန်းရဲ့ လက်ချောင်းလေးတွေ ဆတ်ခနဲ လှုပ်ရှားသွားခဲ့တယ်။ ထယ်ဝမ်က သူကြားချင်တဲ့စကားတွေကို ပြောလိုက်တဲ့အချိန်မှာ ဟာယွန်းရဲ့ မျက်လုံးထဲ မျက်ရည်တွေပြည့်လာခဲ့တယ်။ ဘယ်တော့မှ လှုပ်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တဲ့ သူ့လက်မောင်းက စတင်မြောက်တက်လာတော့တယ်။

ဟာယွန်းက လက်နှစ်ဖက်စလုံးနဲ့ ထယ်ဝမ့်ကို ပွေ့ဖက်လိုက်တယ်။ ခြေဖျားလေးထောက်ပြီးတော့ ထယ်ဝမ့်ဦးခေါင်းကို ရင်ခွင်ထဲ ဆွဲသွင်းခဲ့တယ်။ ထယ်ဝမ်က တစ်ချက်လောက် တောင့်တောင့်ကြီးဖြစ်သွားပြီး အဲ့ဒီနောက် ဟာယွန်းရဲ့ပခုံးမှာ နဖူးလေး မှီလာခဲ့တယ်။ ထယ်ဝမ်က အရမ်းလေးတာကြောင့် အနောက်ကို နည်းနည်းယိုင်သွားခဲ့ပေမဲ့ ဟာယွန်းက ဂရုမစိုက်ခဲ့ပါဘူး။ ကိစ္စမရှိဘူးလေ။

သူ့ရဲ့ကိုယ်ငွေ့လေးကို တစ်ခါထပ်ပြီး ခံစားနိုင်မယ်ဆိုရင် အဲ့ဒါနဲ့တင် လုံလောက်ပါပြီ။

****

ဒုန်း….

တံခါးပိတ်သွားခဲ့တယ်။ သယ်သူမှ စကားမပြောခဲ့ကြပေမဲ့ သူ့တို့်နှုတ်ခမ်းတွေက တစ်ယောက်ကိုတစ်ယောက် အလိုလို ရှာဖွေခဲ့ကြတယ်။ ထယ်ဝမ်ရဲ့ စိတ်လှုပ်ရှားပြီး အလောတကြီးနိုင်လှတဲ့ အင်အား​ကို မခံနိုင်တာကြောင့် ဟာယွန်းက အနောက်ကို အတွန်းခံလိုက်ရတယ်။

ဟာယွန်းရဲ့ကျောက နံရံနဲ့ ဒုန်းခနဲဆောင့်သွားခဲ့တယ်။ အဲ့ဒီတော့မှ သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေ နောက်ဆုံးမှာ ကွာသွားတော့တယ်။ ဟား…ဟထားတဲ့ ထယ်ဝမ့်နှုတ်ခမ်းတွေကနေ ကြမ်းရှရှ ထွက်သက်တို့ ထွက်နေခဲ့တယ်။

ထယ်ဝမ် သူ့ကို ငုံ့စိုက်ကြည့်နေချိန်မှာ ဟာယွန်း သူနဲ့ မျက်လုံးချင်း ဆုံသွားတော့တယ်။ အသည်းကွဲမှု၊ အကြင်နာသံယောဇဉ်…သူ့မျက်လုံးတွေထဲမှာ မရေမတွက်နိုင်တဲ့ ခံစားချက်တွေ ဖျတ်ခနဲ ပေါ်လာခဲ့တယ်။ သူ့မျက်နှာမှာ လေးနက်ပြင်းပြမှုတစ်မျိုးကို တွေ့လိုက်သလိုပဲလို့ ဟာယွန်း တွေးမိလိုက်ချိန်မှာ ထယ်ဝမ်က နှုတ်ခမ်းတွေကိုဟပြီး ဟာယွန်းဆီကို ခေါင်းငိုက်ကျလာခဲ့တယ်။

ရင်းနှီးနေတဲ့မျက်နှာဆိုပေမဲ့ ဟာယွန်းရဲ့မျက်နှာဆီ ချဉ်းကပ်လာတာနဲ့အမျှ ထူးဆန်းသလို ဖြစ်နေဆဲပါ။ ဟာယွန်းတစ်ယောက် သူ့နှုတ်ခမ်းတွေကို ဟပေးရင်း နှလုံးက ဒိတ်ခနဲခုန်သွားတာကို ခံစားလိုက်ရတယ်။

သူတို့ရဲ့လျှာတွေ လိမ်ယှက်ကုန်တော့တယ်။ ထယ်ဝမ် ဘယ်ကစပြီး ဟာယွန်း ဘယ်မှာဆုံးသလဲဆိုတာကို မပြောနိုင်ခဲ့ပါဘူး။ နှစ်ယောက်သား အင်မတန်ကို ယှက်နွှယ်နေကြတာလေ။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့နေကြပေမဲ့ ပြင်းထန်တဲ့ မွတ်သိပ်မှုတစ်မျိုးကို ဟာယွန်း ခံစားနေရဆဲပါ။ ဟာယွန်းက ထယ်ဝမ့်လည်တိုင်ကိုဖက်ပြီး သူ့ဦးခေါင်းကို ဆွဲယူလိုက်တယ်။ ထယ်ဝမ့်လက်က ဟာယွန်းရဲ့လည်တိုင်ကို ပွတ်သပ်ပေးနေခဲ့တယ်။

“ဟင်း…”

ဟာယွန်းက တစ်ချက်ညည်းလိုက်တယ်။ ဟာယွန်းရဲ့အားနည်းချက်ကို သိထားတဲ့အလား ထယ်ဝမ့်လက်က ဟာယွန်းရဲ့ လည်တိုင်ကနေ ညှပ်ရိုးဆီ ဆင်းသွားခဲ့တယ်။

“ထယ်ဝမ်…”

ဟာယွန်းက သူ့နာမည်ကို ခေါ်လိုက်တယ်။ ဟာယွန်းရဲ့အသံက သူ့ကို လှုံ့ဆော်နှိုးဆွပေးခဲ့တဲ့အလား သူ့လက်က ဟာယွန်းရဲ့ ညှပ်ရိုးနားမှာ ကျီစားနေတာကိုရပ်ပြီး ဟာယွန်းရဲ့ ဆွယ်တာဆီ ဆင်းသွားခဲ့တယ်။ ဟာယွန်းရဲ့ ရင်သားကို လက်ချောင်းတွေနဲ့ ဆုပ်လိုက်ရင်း သူက ကြမ်းရှရှ အသက်ရှူထုတ်လိုက်တယ်။

သူက ဟာယွန်းရဲ့ ဆွယ်တာကို လှန်တင်လိုက်တယ်။ ဘရာကိုလည်း လှန်တင်လိုက်တယ်။ လေအေးစက်စက်က ဟာယွန်းရဲ့အသားလေးကို ရှပ်ထိတိုက်ခတ်သွားခဲ့တယ်။ ချမ်းအေးမှု သူ့ဆီရောက်မလာခင်မှာ ပူနွေးတဲ့ ထယ်ဝမ်ရဲ့ဝင်သက်ထွက်သက်က သူ့ရင်သားပေါ်ကို ဖြန့်ကြက်ကျရောက်လာခဲ့တယ်။

“ဟင့်”

ဟာယွန်းက ဦးခေါင်းကို နောက်ပြန်လှန်လိုက်တယ်။

အရမ်းမူးနေလို့များလား။ ဒါမှမဟုတ် တော်တော်ကြာသွားခဲ့ပြီမို့လို့များလား။

ဟာယွန်းရဲ့မျက်လုံးတွေ နီရဲလာခဲ့တယ်။ ထယ်ဝမ်က ဟာယွန်းရဲ့ဘောင်းဘီကို မြန်မြန်ဇစ်ဖြုတ်လိုက်တယ်။ သူက ဘောင်းဘီရော၊ အတွင်းခံကိုပါ တစ်ချက်တည်းနဲ့ ဆွဲချွတ်လိုက်တယ်။ ဟာယွန်းရဲ့အသားမှာ ကြက်သီးလေးတွေ တရစ်ရစ် ထလာခဲ့တယ်။

“ထယ်ဝမ်၊ အိပ်ခန်း…ဟင်း။”

ဟာယွန်းရဲ့စကားတွေ ဖြတ်တောက်ခံလိုက်ရတယ်။ ထယ်ဝမ့်လက်က ဟာယွန်းရဲ့ ခြေတံတွေကြားထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်လာခဲ့တယ်။ အိမ်ပြန်ရောက်လာတဲ့အလား လက်ချောင်းရှည်ရှည်တစ်ချောင်းက ဟာယွန်းရဲ့ကိုယ်ထဲကို ရှောရှောရှူရှူ ဝင်သွားခဲ့တယ်။

“အ”

ဟာယွန်းက ထယ်ဝမ့် အနောက်တိုင်းဝတ်စုံကို ဆုပ်ကိုင်လိုက်မိတယ်။ ဒါပေမဲ့ စပွန်ဆာပေးထားတဲ့ဝတ်စုံဆိုပြီး တွေးမိလိုက်တာကြောင့် ဆုပ်ကိုင်ထားတာကို မြန်မြန်လျှော့လိုက်တယ်။ အဲ့ဒီအစား နံရံကို ကိုင်လိုက်ပေမဲ့ သူ့လက်တွေက လျှောလျှောကျနေတော့တယ်။

“ဒီအတိုင်း ငါ့ကိုပဲ ကိုင်ထား။”

ထယ်ဝမ့်အမိန့်ကို ကြားလိုက်ရချိန်မှာ ဟာယွန်း သူနဲ့ မျက်လုံးချင်းဆုံသွားတော့တယ်။ သူ့မျက်လုံးတွေက တောက်ပနေခဲ့တယ်။ မသွေမဖည် ခိုင်မြဲတဲ့အကြည့်နဲ့ ဟာယွန်းကို ဆက်ပြီးကြည့်နေချိန်မှာ ထူးဆန်းပြီး၊ ပြင်းထန်တဲ့ ခံစားချက်တစ်မျိုး အဲ့ဒီမျက်လုံးတွေထဲ ဖြတ်သန်းပေါ်လွင်လာခဲ့တယ်။

“ဒီလိုမျိုး အဝတ်အတွက် တွေးပူမနေဘဲ ငါ့ကို ကိုင်ထားလို့။”

“…”

“ငါ့ကို ကိုင်ထား။”

ထယ်ဝမ်က ဟာယွန်းရဲ့လက်ကို သူ့ပခုံးပေါ်တင်လိုက်တယ်။ ဟာယွန်းက မရွံ့မရဲဖြစ်နေတဲ့အခါ သူက ဟာယွန်းရဲ့လက်ချောင်းလေးတွေ သူ့အင်္ကျီကို တင်းတင်းဆုပ်ကိုင်မိသွားအောင် လုပ်ခဲ့တယ်။ အဝတ်က စပြီးတွန့်ကြေလာပါတော့တယ်။ ဟာယွန်း ဒီလိုအရာမျိုးဆီ အာရုံရောက်နေမှာကို သူ မလိုချင်ပါဘူး။

“ဒါပေမဲ့…”

ချီတုံချတုံဖြစ်နေရင်းကနေ ဟာယွန်း တစ်ချက်ယိုင်သွားခဲ့တယ်။ သူ့ခြေတံတွေကြားမှာရှိနေတဲ့ ထယ်ဝမ့်လက်က ငါးတစ်ကောင်လို လူးလွန့်လှုပ်ရှားသွားတဲ့အတွက်ပါ။ နူးညံ့ပြီး စိုစွတ်တဲ့နေရာလေးကို ရှာဖွေဖို့ ကြိုးစားနေသလိုမျိုးပေါ့။ ထယ်ဝမ့်လက်ချောင်းက ဟာယွန်းရဲ့အတွင်းထဲကို ပိုလို့တောင် နက်နက်ရှိုင်းရှိုင်း တိုးဝင်လာခဲ့တယ်။

“ဟင့်…”

ထယ်ဝမ့်ဝတ်စုံကို ဆုပ်ကိုင်ထားရင်း ဟာယွန်း ဟန်ချက်ပျက်လာတော့တယ်။ အဲ့ဒီကိစ္စကို ဆက်ပြီးအာရုံမစိုက်နိုင်တော့ပါဘူး။

ဇွက်…ဇွက်…

နားရှက်စရာအသံတွေက အခန်းထဲအပြည့်ပါပဲ။

အိပ်ခန်းထဲ သွားရအောင်။ သူများတွေ ကြားကုန်ရင် ဘယ်လိုလုပ်မလဲ။ ဒီမှာပဲ အဆုံးထိသွားဖို့ စဉ်းစားနေတာလား။ ခေါင်းထဲမှာ စကားတွေ ပေါ်လာပေမဲ့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကြတယ်။

ထယ်ဝမ့်အထိအတွေ့ကို မခံစားရတာ တော်တော်ကြာခဲ့ပြီဆိုပေမဲ့ သူ့လက်တွေက ဘာလုပ်ရမယ်ဆိုတာကို သိနေပုံပါပဲ။ သူ့လက်ချောင်းတွေ ခံစားတုံ့ပြန်နိုင်စွမ်းမြင့်တဲ့ နေရာလေးကို ထိပါးသွားတိုင်း ဟာယွန်းရဲ့မျက်လုံးတွေထဲမှာ မီးရှူးမီးပန်းတွေ ပေါက်သွားတော့တယ်။

“ဟား…ဟား”

ဟာယွန်းက ပင့်သက်ရှိုက်ရင်း လေကိုရှူရှိုက်ပြီး ထယ်ဝမ့်ပခုံးပေါ်မှာ နဖူးလေး ဖိမှီထားခဲ့တယ်။ ထယ်ဝမ်က သူ့လက်ကို မြှောက်လိုက်တယ်။ သူ့လက်ချောင်းတွေက စိုရွှဲလို့ပေါ့။

ဟာယွန်းက နီရဲနေတဲ့မျက်နှာလေးနဲ့ သူ့ကို မော့ကြည့်လိုက်တယ်။ သူက ဟာယွန်းရဲ့ပါးလေးကို တစ်ချက်နမ်းလိုက်ပြီး သူ့ဝတ်စုံသူ မြန်မြန်လေး စချွတ်ပါတော့တယ်။

ဘယ်လောက်တန်မှန်း ဟာယွန်း မသိပေမဲ့ ဈေးကြီးမယ်ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ ထယ်ဝမ်က အဲ့ဒါဟာ ဘာမှမဟုတ်တဲ့အလား ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်တယ်။ နက်ခ်တိုင်နဲ့ ရှပ်အင်္ကျီကို ချွတ်ပြီးတဲ့နောက်မှာ သူက ဟာယွန်းကို သူ့ရင်ဘတ်ဆီ ဆွဲဖက်ပြီး အိပ်ခန်းဆီကို စတင်လျှောက်လှမ်းခဲ့တယ်။ ဟာယွန်းက သူ့လည်တိုင်ကို အသာလေး ဖက်ထားလိုက်တယ်။

နူးညံ့တဲ့အိပ်ရာကို ကျောမှာခံစားလိုက်ရတယ်။ ဝတ်လစ်စားလစ်ဖြစ်နေတဲ့ ထယ်ဝမ်က ဟာယွန်းကို ငုံ့မိုးကြည့်နေခဲ့တယ်။ သွေးရောင်လွှမ်းနေတဲ့ ဟာယွန်းရဲ့ ပါးလေးတွေ၊ ဟနေတဲ့ နှုတ်ခမ်းလေးတွေ၊ ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေ၊ ပြီးတော့ မျက်စိကျိန်းလောက်အောင်လှတဲ့ ခန္ဓာကိုယ်။

ဟာယွန်းရဲ့ ခန္ဓာကိုယ်က အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို မှတ်မိနေအောင် လုပ်ချင်တဲ့အလား သူက ဟာယွန်းကို စိုက်ကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ခေါင်းငုံ့ပြီး ဟာယွန်းရဲ့ နဖူးလေးရယ်၊ ပါးလေးတွေနဲ့ နှုတ်ခမ်းလေးတွေရယ်၊ နှာခေါင်းလေးရယ်ကို သူ့နှုတ်ခမ်းနဲ့ ဖိနမ်းခဲ့တယ်။

အဲ့ဒီလုပ်ရပ်ကြောင့် သူတို့နှစ်ယောက် အသက်နှစ်ဆယ်အရွယ်တုန်းက အဲ့ဒီနေ့လေးကို ဟာယွန်း ပြန်အမှတ်ရလိုက်မိတယ်။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ်လေးပေါ့။ နှစ်ယောက်စလုံး ဘာလုပ်လို့လုပ်ရမှန်း မသိခဲ့ကြပါဘူး။ ထယ်ဝမ်က ဟာယွန်းရဲ့ကိုယ်ပေါ်မှာရှိသမျှ အစိတ်အပိုင်းတစ်ခုချင်းစီကို အမှတ်တံဆိပ် ခတ်နှိပ်သလိုမျိုး သူ့နှုတ်ခမ်းနဲ့ ဖိနမ်းခဲ့တယ်။

ပြီးတော့ အဲ့ဒီနေ့ကလိုပဲ ဟာယွန်းက သူ့နှုတ်ခမ်းသူ အသာလေး ကိုက်ထားပြီးနေခဲ့တယ်။ ဟာယွန်းရဲ့ အသားလေးတွေတစ်လျှောက် အတန်ကြာအောင် အနမ်းတွေခြွေပြီးတော့မှပဲ ထယ်ဝမ်က နောက်ဆုံးမှာ ဟာယွန်းရဲ့လက်မောင်းကိုဆုပ်ကိုင်ပြီး မြှောက်ယူလိုက်တယ်။

“ဟာယွန်း။”

ထယ်ဝမ်က ဟာယွန်းရဲ့ လက်ဖဝါးလေးကို သူ့နှုတ်ခမ်းမှာဖိပြီး ဟာယွန်းရဲ့နာမည်ကို ခေါ်လိုက်တယ်။

“…ဟင်။”

ဟာယွန်းက ခံစားချက်တွေနဲ့ ခဲရာခဲဆစ် ပြန်ထူးခဲ့တယ်။

“တောင်းပန်ပါတယ်။”

“…”

“မင်းကို အတ္တကြီးကြီး ချစ်မိတဲ့အတွက်။”

“…”

“မင်းကို အထီးကျန်သလို ခံစားရအောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။”

သူ့ရဲ့ ဝန်ခံစကားကြောင့် ဟာယွန်းရဲ့ မျက်လုံးတွေ တုန်ယင်လာခဲ့တယ်။

“…တောင်းပန်ပါတယ်။”

သူ့အသံက ငိုသံစွက်နေတာကြောင့် ဟာယွန်းရဲ့မျက်နှာထားက ပျက်ယွင်းသွားခဲ့တယ်။ ဟာယွန်းက ပြန်မဖြေဘဲ ထယ်ဝမ့်ဆံပင်ကို သပ်ပေးခဲ့တယ်။

နူးညံ့တဲ့ ထယ်ဝမ့်ဆံပင်တွေက ဟာယွန်းရဲ့ လက်ချောင်းလေးတွေကြားကနေ ထိုးထွက်နေတော့တယ်။ ဟာယွန်းရဲ့လက်တွေက ထယ်ဝမ့်ပါးပြင်ဆီ ဆင်းသွားခဲ့တယ်။

ထယ်ဝမ်က မျက်လုံးလေးမှိတ်ပြီး ဟာယွန်းရဲ့အထိအတွေ့မှာ မှေးမှီထားခဲ့တယ်။ ဟာယွန်းရဲ့လက်မှာ ခေါင်းလေးမှီထားရင်း သူ့မျက်နှာမှာ အေးချမ်းတဲ့အသွင် ပေါ်လာခဲ့တယ်။ နောက်ဆုံးတော့ သူရှိချင်တဲ့နေရာမှာ ရှိနေရသလိုမျိုးပေါ့။

ဟာယွန်းက ထယ်ဝမ့်မေးစေ့ကိုကိုင်ပြီး နမ်းဖို့ ဆွဲယူလိုက်တယ်။ ဘာမှမဖြစ်ဘူးလို့ ပြောမဲ့အစား ထယ်ဝမ်နဲ့ ကိုယ်ငွေ့ချင်း မျှဝေခဲ့တယ်။ သူတို့ရဲ့ အနမ်းဖွဖွလေးက တဖြည်းဖြည်း ပြင်းထန်လာတော့တယ်။

ထယ်ဝမ့်နှုတ်ခမ်းတွေက အောက်ကို စပြီးခြေဆန့်ခဲ့တယ်။ ဟာယွန်းရဲ့ကိုယ်ကနေ ရေတွေတစ်စက်တစ်စက် စီးကျနေသလိုမျိုး သူ့နှုတ်ခမ်းတွေက နောက်ဆုံးမှာ ဟာယွန်းရဲ့ ခြေတံတွေကြားက ရပ်ဝန်းလေးဆီ ရောက်လာတော့တယ်။

“အ…”

ဟာယွန်းက ဆတ်ခနဲတွန့်သွားရင်း အော်လိုက်တယ်။ သူ့ရဲ့ အရိုင်းဆန်ဆန်အသံက အခန်းထဲမှာ အပြည့်လွှမ်းသွားတော့တယ်။ ထယ်ဝမ်က ခေါင်းမော့လာခဲ့ပြီး သူ့နှုတ်ခမ်းတွေကတော့ စိုစွတ်နေခဲ့တယ်။

ဟာယွန်းအပေါ်ကို လျှောတက်လာပြီးတဲ့နောက်မှာ ထယ်ဝမ်က ဟာယွန်းရဲ့မျက်နှာကို ငုံ့မိုးကြည့်ရင်း သူ့ရဲ့လိင်တံနဲ့ ဟာယွန်းရဲ့ အပေါက်လေးထဲကို ဖြည်းဖြည်းချင်း စတင်ထိုးသွင်းခဲ့တယ်။ သူ့ရဲ့အရာက တစ်ချက်တည်းနဲ့ ဟာယွန်းကို ထိုးခွင်းပြီး ပြည့်သိပ်နေအောင် ဖြည့်ခဲ့တယ်။

“…အင်း…ဟင်း…”

သူ့ရဲ့ ကြွက်သားတွေ တင်းခနဲဖြစ်သွားတာကို ခံစားမိလိုက်ချိန်မှာ ဟာယွန်း ပင့်သက်ရှိုက်လိုက်မိတယ်။

“ဟား”

ထယ်ဝမ်က ခပ်ကြမ်းကြမ်း အသက်ရှူထုတ်လိုက်တယ်။ သူက ဟာယွန်းရဲ့မျက်နှာကို ငုံ့မိုးကြည့်ပြီး တင်ပါးကို ဖြည်းဖြည်းချင်း ရှေ့တိုးနောက်ငင် စတင်လှုပ်ရှားပါတော့တယ်။ လိင်တံကို တစ်ခုလုံးနီးပါး ဆွဲထုတ်ပြီး အဲ့ဒီနောက် တစ်ဆုံးပြန်ဆောင့်သွင်းခဲ့တယ်။

“အ…”

ဟာယွန်းက အိပ်ရာခင်းတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်။ သူ့ခန္ဓာကိုယ်က အင်မတန်ကို တုံ့ပြန်ခံစားလွယ်လှပါတယ်။ ဒါကို သိနေတဲ့အလား ထယ်ဝမ်က ဆက်တိုက်လှုပ်ရှားခဲ့တယ်။ ဟာယွန်း ပိုပြီးတုံ့ပြန်လာမှာကို လိုချင်တဲ့အလား။ ဟာယွန်း သူ့ကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားတာကို လိုချင်တဲ့အလားပေါ့။

“ဟင်း…”

ဟာယွန်းရဲ့ခန္ဓာကိုယ်က စတင်ပြီး တုန်ယင်လာတော့တယ်။ ခုတင်က တကျွိကျွိ လှုပ်ခါလာခဲ့တယ်။ ထယ်ဝမ်က ဟာယွန်း ထပ်ပြီးတော့ လက်မခံနိုင်တော့တဲ့ အတိုင်းအတာအထိရောက်အောင် ဟာယွန်းရဲ့အတွင်းကို ဆက်လက်တိုးဝင်ခဲ့တယ်။ မောတယ်လို့မပြောဘဲ ဟာယွန်းက လက်တွေဆန့်ထုတ်ပြီး ထယ်ဝမ့်ကို ဖက်တွယ်ထားလိုက်တယ်။

ထယ်ဝမ့်အထိအတွေ့ရဲ့ အနွေးဓာတ်ကို ဟာယွန်း သဘောကျပါတယ်။ သူအမြဲသိထားတဲ့ ဂန်ထယ်ဝမ်ကို တွေ့ရသလိုပါပဲ။ တောက်ပပြီး လှပတဲ့ သူ့ရဲ့ချစ်သူ။ ဂန်ထယ်ဝမ်ပေါ့။ ဟာယွန်းက ရှိသမျှအားနဲ့ ထယ်ဝမ့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

“ဟာယွန်း။”

ထယ်ဝမ်က ဟာယွန်းကို ပြန်ပွေ့ဖက်ပြီး အက်ရှရှအသံနဲ့ ဟာယွန်းရဲ့နာမည်ကို ခေါ်ခဲ့တယ်။ သူ့ရဲ့ နွမ်းလျလျအသံကို ကြားရတဲ့အခါ ဟာယွန်းက ထယ်ဝမ့်ကို အပြည့်အဝ ထွေးပွေ့လက်ခံလိုက်တယ်။ ပျောက်ဆုံးနေတဲ့ ပဟေဠိအပိုင်းအစလေး ကစဉ့်ကလျား ဗြောင်းဆန်နေတဲ့ ဟာယွန်းရဲ့ နှလုံးသားထဲက သူ့ရဲ့နေရာမှန်ဆီ ပြန်ရောက်လာသလိုပါပဲ။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment