no

Font
Theme

အူမြူးနေသော Omegaတစ်သိုက်က ရုန်ရှီ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်ရာ စုန့်ယွီ၏ ရွှေရောင်ဆံပင်ကြောင့် အံ့အားသင့်သွားကြရသည်။

စစ်တက္ကသိုလ်သည် ကျောင်းသားများကို တက်တူးထိုးခြင်းနှင့် ဆံပင်ဆိုးခြင်းကို ခွင့်ပြုမထားသဖြင့် ကျောင်းသားအများစုတွင် အနက်ရောင် သို့မဟုတ် အညိုရောင်ဆံပင်များသာ ရှိကြသည်။ အနည်းငယ်လောက်ကသာ မွေးရာပါ ရွှေရောင်ဆံပင်များနှင့်ပင်။

ပြီးပြည့်စုံသော အသွင်အပြင်နှင့် အခြားAlphaတစ်ယောက်ကို မြင်လိုက်ရသောအခါ Omegaများက သွေးသစ်လောင်းခံလိုက်ရသလို ထပ်မံ အော်ဟစ်လာပြန်သည်။

“ညီလေးရှီကို မင်းတို့အတွက် ထားခဲ့ပေးမယ်၊ ငါက ဒီတစ်ယောက်ကို ပိုကြိုက်တယ်!”

“Golden retrieverတွေကို ကြိုက်လို့ပါ၊ ငါ့မှာ တခြားရည်ရွယ်ချက်မရှိဘူး!”

“ညီညီလေး မင်းနာမည်ဘယ်လိုခေါ်လဲ၊ အစ်ကိုတို့နဲ့ အတူတူချိန်းပြီး လျှောက်လည်မလား။”

နေကာမျက်မှန်နောက်မှ စုန့်ယွီ၏ မျက်လုံးများက လူအုပ်ကို ဖြတ်ကျော်ကာ အနက်ရောင် ဆံပင်နှင့် Alpha ပေါ်သို့ ကျရောက်သွား၏။

တစ်ဖက်လူက ပတ်ဝန်းကျင်မှ Omegaများထက် ဦးခေါင်းထက်ဝက်ခန့် ပိုမြင့်ပြီး ထူးထူးခြားခြား အသွင်အပြင်ရှိကာ မျက်လုံးချင်း ဆုံမိလျှင်ပင် အရှိန်အဟုန်ကို ခံစားနိုင်သည့်လူမျိုးဟု စုန့်ယွီ သူ့စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

သူ ရုတ်တရက် စိတ်ဝင်စားလာသလို ခံစားလိုက်ရသည်။

မူလက ချင်လော့ခမျာ စုန့်ယွီ၏ ဘေးနားတွင် ရပ်နေသည်ပင်။ ကျောင်းဝန်း အကျယ်ကြီးကို ဖြတ်လာရပြီး အသက်ဝအောင် မရှူရသေးခင်မှာ တစ်စုံတစ်ယောက်က သူတို့ လာပြဿနာရှာနေသည်ကို ကြောက်လန့်တကြား တွေ့လိုက်ရသည်။

တခြားနေရာကလာလို့ ငါတို့ကို အနိုင်ကျင့်ဖို့ လူစုထားကြတာ မဟုတ်လား ဒါက!

သို့သော်လည်း စုန့်ယွီက သူ့ထက်အရင် တုံ့ပြန်လာကာ ကျောပိုးအိတ်ကို ချင်လော့ဆီ လှမ်းပစ်ပေးပြီးနောက် လူအုပ်ကြီး ရှိရာသို့ လျှောက်သွား၏။

“ကဲ ညီအစ်ကိုတို့ သူက ငါ့ဆီလာနေတာပဲ”

Omega များ၏ စုန့်ယွီအား အလိုအလျောက် အချစ်ပိုနေသည့်ဟန်ကို မြင်ရချိန်တွင် ချင်လော့မှာဖြင့် ခေါင်းနပန်းကြီးလာရသည်။

‘ဘိုးဘေးလေးက စိတ်တိုနေမယ်ဆိုတာ နားလည်ပေမဲ့ လူတွေကို ရိုက်နှက်တာမျိုး မလုပ်ပါစေနဲ့။ ဘုရား ဘုရား၊ စရောက်တဲ့နေ့မှာ အကြီးအကျယ် ပြဿနာတက်ရင် အဖေက ငါ့ကို သမမှာ။’

စုန့်ယွီက ရုန်ရှီဆီသို့ လျှောက်သွားကာ ခြေလှမ်းသုံးလှမ်းအကွာတွင် မတ်တပ်ရပ်လိုက်သည်။

တိတ်ကျသွားသော ကျောင်းကန်တင်းက မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေသည်လား ထင်မှတ်ရသည်။

Alpha များကို ကြိုက်ပါသည်ဟူသော ရုန်ရှီ၏ စကားကြောင့် ထိုကိစ္စက ပြဿနာတစ်ခု ဖြစ်လာမည်ကို ချန်ချန် တန်းသိလိုက်၏။ ရုန်ရှီက ကျောင်းသားသစ်ဖြစ်သော်လည်း ယခုလက်ရှိ စစ်တက္ကသိုလ်၏ ထိပ်တန်းကျောင်းသားဖြစ်ပြီး ကျောင်းဖိုရမ်မှာ အလေးအနက်ထား ဆွေးနွေးခံရသော လူတစ်ယောက်ပင်။ သူ့ကိစ္စများကို လူသိရှင်ကြား ထုတ်ပြောခြင်းက ကောင်းလာစရာ အကြောင်းမရှိပါချေ။

ပိုမိုဆိုးရွားသွားသည်က တစ်ဖက်လူကို တည့်တည့်မတ်မတ် ထိုးပြလိုက်သော လက်ညှိုးပင်။ ထိုအချက်က သိသိသာသာ ရန်စခြင်းဟု သတ်မှတ်နိုင်ပေရာ တစ်ဖက်လူက ဒေါသထွက်ပြီး ခုန်အုပ်တိုက်ခိုက်လာလျှင်ပင် အလွန်ဖြစ်မည်မဟုတ်ချေ။

“နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာ။”

ချန်ချန်က ရုန်ရှီထက် တစ်နှစ်ပိုကြီးရာ ရုန်ရှီအား အကာအကွယ် ပေးသင့်သည်ဟု သဘောပိုက်ပြီး ပြေရာပြေကြောင်း ဝင်ပြောလိုက်သည်။

“ကျွန်တော်တို့က ဒီအတိုင်း စီနီယာတန်းတွေနဲ့ စနောက်နေတာပါ၊ စော်ကားဖို့ မရည်ရွယ်ပါဘူး၊ တောင်းပန်ပါတယ်။ “

အခြေအနေက မူမမှန်ကြောင်း တွေ့လိုက်ရသည်တွင် အနား၌ ရှိနေသော Omegaများကလည်း မျက်နှာချိုသွေးကာ ပြောလာာကြ၏။

“ဟုတ်တယ် အပျော်သက်သက် နောက်နေကြတာပါ။ ဒါကို အလေးအနက် မထားပါနဲ့နော်။”

“သူ့မှာ မကောင်းတဲ့ အကြံအစည် မရှိပါဘူး။”

“တစ်ချက်ကြည့်လိုက်တာနဲ့ ငါ့တို့ရဲ့ ညီလေးရုန်က အဖြောင့်မှန်း သိသာနေတာကို၊ သူက Alpha ကို ဘယ်လို ကြိုက်နိုင်မှာလဲ ဟားဟား၊ အဲ့ဒါကို စိတ်ထဲမထားနဲ့။“

အစောတုန်းက Omega များ နောက်ဆုတ်သွားလျှင် ပြီးရောဟု ယူဆကာ ရုန်ရှီအနေဖြင့် သူ့စကားများအပေါ် အများကြီး မတွေးခဲ့ပေ။ သို့သော်လည်း အနားသို့ ကပ်လာသော တစ်ဖက်မှ Alphaအား မြင်လိုက်ရပြီးနောက် ဤသည်ကလည်း သိပ်မဆိုးဟု သူ့ဘာသာ တွေးလိုက်မိသည်။

သူက ချန်ချန်၏ ရူးသွပ်မတတ် အချက်ပြနေသော မျက်လုံးများကို လျစ်လျူရှုပြီး ပြောလိုက်၏။

“မင်းမျက်နှာကို ငါ သဘောကျတယ်။”

ရုန်ရှီက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ရင်း သူစကားသူ ထောက်ခံလိုက်သည်။

အနီးတဝိုက်တွင် အံ့အားသင့်သွားသည့် အသံများ ထပ်မံထွက်ပေါ်လာပြီး ဆူညံသံများကြား အချင်းချင်းကြိတ်ပြီး ဆဲဆိုသံများပါ ရောထွေးသွားတော့သည်။

ချင်လော့ခမျာ အမြန်ပြေးလာခဲ့သော်လည်း ဤစကားကို ကြားလိုက်သည့်အခါ ရုန်ရှီအတွက် ဖယောင်းတိုင်လေး ထွန်းပေးဖို့အတွက်ပင် နောက်ကျသွားသလို ခံစားလိုက်ရသည်။

စုန့်ယွီသည် ကလေးဘဝကတည်းက အဆင်းတင့်တယ်ပြီး ကြီးမားရွှန်းစိုသော မျက်လုံးမျက်ဖန်ကြီးများကြောင့် အရုပ်လေးတစ်ရုပ်နှယ် ချစ်စရာကောင်းခဲ့သည်။ Alpha ငယ်လေး၏ နုနယ်သည့် နှလုံးသားကို ဒဏ်ရာပေးခံရကာ မကြာခဏ Omega ဟု အမှားခံခဲ့ရသည်ပင်။

အရွယ်ရောက်ပြီးနောက် သူ့ဒေါသကြောင့် မည်သူမှ ပါးစပ်မှ ထုတ်မပြောရဲတော့သော်လည်း ထိုမျက်နှာလေးက ပိုပိုပြီး လှပလာခဲ့သည်က ငြင်းမရပေ။ အပြင်လူများ၏ သူ့မျက်နှာကို အကဲဖြတ်သည့် အပြုအမူက ထိုလူများ၏ လည်ပင်းကို ချိုးပစ်ချင်သည့် အတိုင်းအတာအထိ စုန့်ယွီကို ဒေါသထွက်စေတတ်သည်။

ချန်ချန်မှာ စိတ်လှုပ်ရှားသွားပြီး မျိုချရန်ခက်ခဲသော သတိပေးချက်သံများ သူ့ခေါင်းထဲတွင် မြည်လာသည်ဟု ခံစားလိုက်ရသည်။

‘အခု မင်းက သူငယ်ချင်းဖွဲ့ပြီးပြီ၊ ရှောင်ချန်ချန် မင်းက သူငယ်ချင်းတွေနဲ့ အဆုံးထိ ရပ်တည်ရမယ်။’

စုန့်ယွီ၏ ရုတ်တရက် လက်ကိုမြှောက်လိုက်သည့် ဟန်ပန်ကြောင့် ချန်ချန်က စုန့်ယွီကို တားမြစ်နိုင်ရန် ခြေလှမ်းအသင့် ပြင်လိုက်ပြီး လေချိုသွေးကာ ပြောလိုက်၏။

“ညီအစ်ကို စကားနဲ့ပဲပြောရအောင်။”

“ကော၊ စိတ်အေးအေးထားပါ ကောလို့!”

တစ်ဖက်တွင် ချင်လော့သည်လည်း စုန့်ယွီ၏ အရှေ့၌ ပိတ်ရပ်လိုက်သည်။ သူ့နဖူးစ၌ ချွေးစက်များ စို့နေသည်ပင်။

01 ၏ စက်ရုပ်သံက အချိန်ကိုက်ဆိုသလို ရုန်ရှီ၏ နားထဲတွင် ပေါ်လာခဲ့သည်။

[ချင်လော့၊ အသက် ၃၃ နှစ်၊ Alpha၊ တော်ဝင်စစ်တပ်၏ အဆင့်အမြင့်ဆုံး အာဏာကို ကိုင်ဆောင်ထားသူ၊ ဗိုလ်ချုပ်ကြီးအဆင့်—]

တော်ဝင်စစ်တပ်သည် မှူးမတ်ကြီးများ၏ သားစဉ်မြေးဆက်များကိုသာ အမြဲစုဆောင်းလေ့ရှိသည်။ ဤစစ်တပ်တွင် အစောင့်များနှင့် အရာရှိများ နှစ်မျိုးစလုံးသည် တော်ဝင်အကယ်ဒမီမှ လူများသာဖြစ်ပြီး ထိုလူများက ဗဟိုစစ်တက္ကသိုလ်တွင် ပေါ်လာရန် လုံးဝမဖြစ်နိုင်ပေ။

ရုန်ရှီက သူ့တို့နှစ်ယောက်အား မသိမသာ အကဲခတ်ကြည့်လိုက်၏။

စုန့်ယွီက ချင်လော့ကို အသာအယာ တွန်းဖယ်လိုက်ပြီး နေကာမျက်မှန်ကို ချွတ်ကာ ရုန်ရှီအား မျက်လုံးလှလှလေးများနှင့် လှမ်းပြုံးပြလာသည်။

“ကောင်းပြီလေ၊ လက်ထပ်ကြရအောင်။“

သူ၏လေသံက ပေါ့ပါးလှကာ ညနေစာစားရန် ချိန်ဆိုနေသည်ဟု ထင်ရသည်။

ချင်လော့ : “?!!”

ချန်ချန်: “?!!”

Omegaများ: “!!!”

စုန့်ယွီက ချန်ချန်နှင့် ပိုနီးသွားအောင် တိုးလိုက်ပြီးနောက် ဘေးတွင်ရပ်နေသော ရုန်ရှီ၏ မျက်နှာကို စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ထပ်ပြုံးပြကာ ပြောလိုက်သည်။

“မင်းမျက်နှာက နည်းနည်းတော့ ဆိုးနေသေးတယ်။ ဒါပေမယ့် ငါက ချေးမများတတ်ဘူး၊ ငါကြိုက်ရင် ကြိုက်တယ်ပဲပေါ့။”

ပတ်ဝန်းကျင်မှ လူများက ရုန်ရှီ၏ မျက်နှာကို မော့ကြည့်လိုက်ကြပြန်သည်။

‘ဘာရယ်! ဒီလိုမျက်နှာကတောင် မလုံလောက်သေးဘူး၊ ဟုတ်လား။’

ရုန်ရှီ၏ မျက်လုံးများက သူ့ရှေ့မှ လှရက်လွန်းသည့် မျက်နှာကို ကြည့်လိုက်ချိန်တွင် 01 ၏ စက်ရုံသံက ထပ်မံပေါ်ထွက်လာပြန်သည်။

[Alpha ၊ ဒေတာဘေ့စ်တွင် ကိုက်ညီသော အချက်အလက် မရှိပါ၊ beep—]

ဒေတာဘေ့်တွင် ရှာ၍မရသော အခြေအနေမှာ နှစ်ခုသာရှိသည်။ တစ်ခုက သတင်းရယူရန် အလွန်မြင့်မားသော အခွင့်အာဏာ လိုအပ်သည့် စစ်ဘက်ဆိုင်ရာမှ အထူးတပ်ဖွဲ့ဖြစ်ပြီး နောက်တစ်ခုမှာ တော်ဝင်မိသားစု ဖြစ်သည်။

ရုန်ရှီ၏ အမူအရာက ပျော့ပျောင်းသွားကာ တူညီသော အပြုံးတစ်ခုကို ပြန်ပေးရင်း ပြောလိုက်သည်။

“လပ်ထပ်ဖို့ဆို အိမ်ပြန်ပြီး မိဘတွေကို မေးသင့်တယ် ကလေးလေး။”

ပြောလိုက်သည်က စကားအနည်းငယ်မျှသာ ဖြစ်သော်လည်း ထိပ်တိုက်တွေ့‌နေသော ဤအချိန်မျိုးတွင် စကားလုံးတိုင်းက ဒေါသများနှင့် ယမ်းနံ့များဖြင့် ပြည့်နေသယောင် ထင်ရသည်။

ရုံးခန်းထဲတွင် စွပ်ပြုတ်သောက်နေသော ချန်းဖန်မှာ VVIP တစ်ယောက် ကျောင်းပြောင်းလာသည်ဟု အထက်မှ အသိပေးစာကို ရရှိခဲ့သည်။ သူက စာရပြီးနောက် ကျောင်းသားသစ်ကို အကဲခတ်ရန် လာခဲ့သော်လည်း ရန်ဖြစ်ကြတော့မည့်နှယ် စုဝေးနေကြသော လူအုပ်ကြီးကို တွေ့လိုက်ရ၏။

“ဘာလို့ လူတွေ ဒီလောက်များနေတာလဲ။ ရုန်ရှီ မင်းကရော ဒီကို ဘာလို့ ရောက်နေတာလဲ။”

ခေါင်းထဲတွင် question markများ ပြည့်နေသော ချန်းဖန်က အလယ်မှ နှစ်ယောက်သားကို ဘယ်ပြန်ညာပြန် ကြည့်ကာ မေးလိုက်၏။

“မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား။”

အမေးခံလိုက်ရသော စုန့်ယွီက သူ့နေကာမျက်မှန်ကို ပြန်ဝတ်လိုက်ပြီး စကားမပြောဘဲ လှည့်ထွက်သွား၏။

ကျန်ခဲ့သော ရုန်ရှီကလည်း ချန်းဖန်ကို အနည်းငယ် ဦးညွှတ်ပြီး လှည့်ထွက်သွားပြန်သည်။

ချန်ချန်က တောက်ပစွာ ပြုံးလိုက်ပြီး အသက်များကို ကယ်တင်ပေးခဲ့သည့် ချန်းဖန်အား ချီးကျူးမှုအပြည့်နှင့် ပြုံးပြကာ ပြောလိုက်သည်။

“ချန်းလောင်ရှီး တကယ်တော်တယ်၊ လူတွေကို အချိန်မီလေး ကယ်တင်ခဲ့တာ။”

ချန်းဖန်: “...”

လူအုပ်ကြီး ကွဲသွားပြီးနောက် လုမင်သည်လည်း အပြုံးမျက်နှာဖြင့် ကန်တင်းမှ ထွက်ခွာသွားပြီး သူ့မျက်လုံးများက ကြည်နူးမှုများဖြင့် ဝင်းလက်နေ၏။

နာရီဝက်ပင် မကြာလိုက်၊ စစ်တက္ကသိုလ်၏ ကျောင်းဖိုရမ်တွင် ရုန်ရှီနှင့်ပတ်သက်သည့် ရှည်လျားသော ပို့စ်အသစ်များ ဆက်တိုက် ထွက်ပေါ်လာကာ ရေပန်းစားလာခဲ့သည်။ ပို့စ်တစ်ခုစီတွင် ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော ဓာတ်ပုံများရှိပြီး ဆွေးနွေးမှုပမာဏမှာ တစ်ဟုန်ထိုး မြင့်တက်နေသည်။

“မင်း...စကားပြောရင် သတိထားတာ ပိုကောင်းမယ်။”

ရွှေရောင်ဆံပင်များနှင့် Alphaကောင်လေးကို တွေးရင်း ချန်ချန်မှာ အန္တရာယ်ကို သိမြင်နိုင်သော ဝမ်းတွင်းအသိစိတ်အရ “မလိုအပ်တဲ့ ပြဿနာကို မဆွတာ ပိုကောင်းတယ်” ဟု သတ်မှတ်လိုက်သည်။

“အင်း။”

ဤတစ်ခေါက်၌ ရုန်ရှီက ကျေကျေလည်လည် ပြန်ဖြေလာသည်။

ချန်ချန်၏ အဆောင်ခန်းက Area C တွင်ရှိပြီး ရုန်ရှီ၏ အခန်းက Area A တွင် ရှိသည်ဖြစ်ရာ လမ်းမခွဲခင်တွင် နှစ်ယောက်သားက ဆက်သွယ်ရန်အတွက် အချက်အလက်များ ဖလှယ်လိုက်ကြသည်။

“ဒါဆို ငါမင်းကို ငါတို့ groupထဲ ထည့်လိုက်မယ်။”

သိပ်မကြာလိုက်ဘဲ ရုန်ရှီ၏ terminal ဆက်သွယ်မှုစာရင်းတွင် “အချောကြီးများ အင်အားစု” ဟု အမည်ပေးထားသော အကျိုးနည်း groupတစ်ခု ပေါ်လာခဲ့သည်။

ချန်ချန်သည် groupထဲတွင် ကြိုဆိုသော emojiအပြည့်နှင့် စာတန်းရှည်ကို တင်ခဲ့ပြီး လူအတော်များများ activeဖြစ်နေခဲ့သည်။

“အိုး! အဲ့ဒါက ဥက္ကဌရုန်ဟ အရိုအသေပေးတာကို လက်ခံပေးပါ CEOရုန်!”

“ချန်ချန်က ဖျော်ဖြေရေး လောကမှာဆို အေးဂျင့်ကောင်းဖြစ်ဖို့ အလားအလာတွေ အပြည့်ရှိတယ်။ သူက ဥက္ကဌရုန်ကိုတာင် လှည့်စားပြီး ခေါ်လာနိုင်ခဲ့ပြီ။”

“ဥက္ကဌရုန် ရောက်လာတာက ငါတို့အားလုံးကို ပွင့်လန်းစေတယ် p.s.မျက်နှာကိုပြောတာနော်~ [လက်ခုပ်တီးemoji]”

“မိုးသက်မုန်တိုင်းတွေကြားမှာ မဟာမိတ်တွေက မင်းကို စောင့်မျှော်နေတုန်းပဲ ငါတို့ရဲ့ မဟာ့မဟာ မဟာမိတ်က မင်းကို ကြိုဆိုတယ်နော် ဥက္ကဌရုန်!“

ချန်ချန်က စိတ်အားထက်သန်စွာနှင့် သူတို့ကို မိတ်ဆက်ပေးလာသည်။

“groupထဲက ညီအစ်ကိုတွေ အားလုံးက အချစ်နဲ့ လွတ်လပ်မှုကို တောင့်တကြတဲ့ လူကောင်းတွေပဲ။”

ထိုစကားကို ကြားလိုက်ရချိန်၌ ဤဂရုက ငပေါတစ်သိုက်ဟု ရုန်ရှီတစ်ယောက် နောက်ဆုံးတွင် နားလည်သွား၏။

Groupတွင် member 3,000 ကျော်ရှိပြီး အတိုင်းအတာက မသေးငယ်လှ။

ကျောင်းတွင် ထိုသို့သော အဖွဲ့အစည်းရှိသည်ကို အရင်ဘဝတွင် သူလုံးဝမသိခဲ့ရဘဲ စည်းကမ်းတင်းကျပ်ကာ ယုံကြည်စိတ်ချရသော သူ့လက်ထောက်သည် group adminပင် ဖြစ်နေခဲ့သည်။

ရုန်ရှီ : “...” လက်စသတ်တော့ ငါကမှ သင်းတို့ သမိုင်းကြောင်းကို မသိခဲ့တာပဲ။

လေ့ကျင့်ရေးကာလက စတင်တော့မှာဖြစ်ပြီး ရေးဖြေစာမေးပွဲပြီးလျှင် စစ်မှန်သည့် အတိုက်အခိုက် လေ့ကျင့်ရေးကို တစ်ပတ်ကြာ ပိတ်လှောင်ထားမည့် သီးသန့်နေရာတွင် ကျင်းပမည်ဖြစ်ကာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရန် အခွင့်အရေး မရှိပါချေ။

အိပ်ဆောင်ကို ပြန်ရောက်ပြီးနောက် ရုန်ရှိက စောင့်ကြည့်ရေး အစီအစဥ်ကို ဖွင့်လိုက်ပြီး screenပေါ်တွင် အိပ်ရာဝင်နေပြီဖြစ်သော ယုန်လေးတစ်ကောင်က ပေါ်လာခဲ့သည်။ ရုန်မိသားစု၏ အထွေးဆုံး ယုန်ကလေးက ယနေ့တွင် ယုန်ရုပ်ကို ဖက်ထားသည့်အပြင် စောင်ကိုလည်း ကန်မချဘဲ လိမ္မာစွာ အိပ်ပျော်နေခဲ့သည်။

သူလက်ကျန်ငွေကို နှိပ်ကြည့်လိုက်သောအခါ တစ်နှစ်စာ အခကြေးငွေကို ကောက်ယူသွားကြောင်း အတည်ပြုစာ ဝင်လာခဲ့ပြီး စာတိုသိမ်းဆည်းဧရိယာတွင် မှတ်တမ်းဝင်သွားခဲ့သည်။

ရုတ်တရက် Terminalက တုန်ခါသွားပြီး ဓာတ်ပုံတချို့က လေထဲတွင် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။

မျက်နှာပြင်တွင် အနီရောင် စာလုံးကြီးများဖြင့် “Cancelled”ဟူသော စာသားများ ပြည့်နေ၏။ မနေ့က မှောင်ခိုဈေးကွက်တွင် သူတင်ထားခဲ့သော အော်ဒါဖြစ်သည်။

B384 ကို ထုတ်ပေးသော ဂြိုလ်အများစုသည် အဆင့် 4 ထက် မြင့်မားသော အန္တရာယ်များရှိသည့် လူသူကင်းမဲ့သော ကြယ်များဖြစ်ပြီး နေရာတိုင်းတွင် ဓာတ်ရောင်ခြည်များနှင့် မျိုးဗီဇပြောင်း သားရဲများရှိသည်။ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းငယ်များအတွက် တူးဖော်ရန် အလွန်ခက်ခဲပြီး ကုန်ကျစရိတ်လည်း မြင့်မားသည်။

ဆယ့်ငါးနှစ်အကြာတွင် စစ်တပ်မှ ဝယ်ယူသည့် စျေးနှုန်းမှာ တစ်ယူနစ်လျှင် ကြယ်ဒင်္ဂါး ၁၀,၀၀၀၊ ဖြစ်ကာ တစ်ယူနစ်က ၁၀၀ ဂရမ်သာဖြစ်သည်။

ရုန်ရှီက ထိုထကိ အဆတစ်ထောင်ပေးပြီး အော်ဒါမှာလိုက်သော်လည်း ငွေပြန်အမ်းသည်သာ ခံလိုက်ရသည်။

ညဘက် ရုန်ရှီ ဂိမ်းလော့ဂ်အင်ဝင်ပြီး ခဏအကြာတွင် ကြောင်တစ်ကောင်ကလည်း လိုင်းပေါ်ရောက်လာသည်။

ရုန်ရှီက လေ့ကျင့်ရေးခန်းကို ဖွင့်လိုက်ပြီး ကြောင်လေးကို တိုက်ခိုက်ရေး lesson များ ပြန်လည်ဝေမျှကာ သင်ကြားပေးလိုက်၏။

ခဏနားချိန်တွင် ရုန်ရှီက ကွင်းအစွန်း၌ ကြောင်ဖြူလေးနှင့် ဘေးချင်းကပ်ထိုင်ကာ ချော့မော့ပြောလိုက်၏။

“ဂိမ်းထဲမှာက ကျွမ်းကျင်မှုကိုပဲ သင်လို့ရမှာ။ တကယ်လို့ အပြင်မှာပါ ကျွမ်းကျင်ချင်တယ်ဆိုရင် ပုံမှန်အချိန်တွေမှာလည်း ပိုလေ့ကျင့်ဖို့ လိုတယ်။ ဒါမှ ကြွက်သားတွေက နေသားတကျနဲ့ ကောင်းကောင်းမွန်မွန် လှုပ်ရှားနိုင်မှာ။ ခန္ဓာကိုယ်က အကျင့်ရနေဖို့လိုတယ်။”

ပါရှန်ကြောင်က လက်ကို ကျောနောက်သို့ ဆန့်ထုတ်ကာ ခြေထောက်များကို ဖြည်းညှင်းစွာ လှုပ်ယမ်းရင်း ဖြေလာသည်။

“ဟုတ်...”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နှစ်အတော်ကြာ သိလာခဲ့ကြပြီး ခံစားချက် အတက်အကျကဲ့သို့သော အပြောင်းအလဲ အနည်းငယ်ကိုပင် တစ်ဖက်လူထံမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။

“ဘာတွေ စိတ်တိုင်းမကျလို့လဲ။ မင်းအဖေက မင်းကို မကြာသေးခင်က ချီးကျူးပေးခဲ့သေးတယ်မလား။”

ပါရှန်ကြောင်က နှာသံလေးနှင့် ညည်းညူလာ၏။

“သူက သူ့သူငယ်ချင်းတွေရှေ့မှာ နေ့တိုင်း ငါ့ကိုပဲ ထုတ်ကြွားနေတယ်။”

“ဒါဆို မင်းက ဘာလို့ စိတ်ဓာတ်ကျနေတာလဲ။”

‘နေ့လယ်တုန်းက အဲဒီ့အနံ့ဆိုးလိုကောင်ကြောင့်သာ မဟုတ်ရင် ဒီလိုမျိုး ဖြစ်မနေဘူး။’

ပါရှန်ကြောင်က နှလုံးသားထဲတွင် ကျိန်ဆဲလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“အရမ်းလှတာက တကယ်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ။”

ရုန်ရှီ : “...”

ပါရှန်ကြောင်လေးသည် ခေါင်းကို စောင်းကာ မျက်လုံးလေးများ ဝိုင်းသွားပြီးနောက် အမြီးရှည်လေးဖြင့် ယုန်ပခုံးကို ပုတ်ကာ တိုးတိုးလေး ပြောလာသည်။

“ထုထု အခုဆို ငါရောက်နေပြီ။”

ရုန်ရှီ : “ဟင်...ဘာကို...”

ပါရှန်ကြောင်က ရယ်လိုက်ပြီး ရုန်ရှီကို ထူမလိုက်သည်။

“ထားလိုက်တော့၊ ဆက်ကြရအောင်။”

သူတို့နှစ်ယောက်က တစ်နာရီကျော်လောက် လေ့ကျင့်ခဲ့ပြီး offline မဖြစ်ခင် ရုန်ရှီက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။

“Andromeda မှာ မင်းရဲ့မိသားစု ပိုင်ဆိုင်မှုရှိလား။”

“ဘာကိစ္စရှိလို့လဲ။”

“နက်ပြာရောင်ကျောက်တုံး တစ်မျိုးကို လိုချင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိလို့လေ။ Andromeda B009 မှာ ရှိတယ်လို့ ကြားပေမယ့် ဝယ်ဖို့ နည်းလမ်းရှာမတွေ့လို့။”

“B009...”

ပါရှန်ကြောင်က အမွေးများကို သပ်ချရင်းမှ သူ့မေးစေ့ကို အသာကိုင်ကာ စဥ်းစားလိုက်၏။

“မသိဘူး၊ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ့မိသားစုမှာက Andromeda မှာ ဝယ်ထားတဲ့ ကိုယ်ပိုင်ဂြိုလ်တွေက အရမ်းများနေတော့ အဲဒါတွေကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။ ဒီလိုလုပ် ငါအရင်ကြည့်လိုက်မယ်၊ ရှိတယ်ဆိုရင် မင်းကို ပြန်ပြောပြမယ်လေ။”

ရုန်ရှီက ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်၏။

“အင်း၊ ဒါပေမဲ့ ငါက တစ်ပတ်လောက် online တက်လို့ မရဘူး။”

ပါရှန်ကြောင်က ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

“တိုက်ဆိုင်လိုက်တာနော်၊ ငါရောပဲ”

ထိုစကားကို ပြောနေစဉ်တွင် ချစ်စရာကောင်းသော ကြောင်မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး နှင်းဖြူရောင် နားရွက်လေးနှစ်ခုက ဆတ်ခနဲ ခါသွား၏။

‘ဘယ်လောက် ချစ်စရာကောင်းတဲ့ ကောင်လေးလဲ။’

ရုန်ရှီက သူ့ခေါင်းကို ပွတ်ရင်း နှုတ်ဆက်လိုက်သည်။

“တစ်ပတ်နေရင် တွေ့မယ်။”

ဂိမ်းပိတ်ပြီးနောက် စုန့်ယွီ အခန်းထဲမှ ထွက်လာချိန်တွင် ချင်လော့က ဧည့်ခန်းကို ပြင်ဆင်ရင်း သန့်ရှင်းရေးလုပ်နေသည်အား တွေ့လိုက်ရသည်။

“ကော၊ မင်းကို နေ့လည်တုန်းက ပြဿနာရှာတာ ဘယ်သူလို့ထင်လဲ။”

စုန့်ယွီက သူ့အတွက်သူ ရေတစ်ခွက်ငှဲ့လိုက်ပြီး “ဘယ်သူလဲ” ဟု တိုးတိုးလေး မေးသည်။

ချင်လော့က အေပရွန်ကို ၀တ်ထားပြီး မီးဖိုချောင်ကောင်တာကို မှီရင်း အတင်းပြောလာသည်။

“ကျောင်းသားဥက္ကဌအသစ်၊ သူက အမှတ်ပြည့်နဲ့ ဝင်လာပြီး လုယို့ချီရဲ့သားကို ဖုန်စားခိုင်းလိုက်တဲ့ တစ်ယောက်လေ။ တကယ့်ကောင်ပဲ။”

သူ့အာရုံထဲတွင် အနက်ရောင်မျက်လုံးများ ပေါ်လာသဖြင့် စုန့်ယွီက ရေခွက်ကို ပြန်ချလိုက်ပြီး ကောင်တာကို လက်ညိုးဖြင့် အသာအယာပုတ်ကာ မေးလိုက်သည်။

“အရပ်သားလား။”

“ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပဲ၊ ခဏလေး။”

ချင်လော့က စိတ်လှုပ်ရှားစွာနှင့် သူ၏ကိုယ်ပိုင် terminal ကို ဖွင့်လိုက်ပြီး အချက်အလက်များအား စုန့်ယွီဆီသို့ ပို့လိုက်၏။

“သူ့အဖေက စစ်မှုထမ်းစနစ်ထဲမှာ ပါနေတယ်။ ဒါပေမဲ့ ဒီမှာကြည့်–“

စုန့်ယွီက အချက်အလက်များကို ဖတ်ရှု့လိုက်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

Terminal က ရုတ်တရက် တုန်ခါသွားပြီး စုန့်ယွီက ပေါ့ပေါ့ပါးပါး ပွတ်ဆွဲလိုက်ရာ တော်ဝင်နန်းတော်တွင် ကျန်နေခဲ့သော အကြံပေး၏ holographic ပုံရိပ်က သူတို့ရှေ့တွင် ပေါ်လာသည်။

“ခရီးက အဆင်ပြေရဲ့လား အရှင့်သား။”

“အဆင်ပြေတယ်။ မနက်ဖြန်က လေ့ကျင့်ရေးအသစ် စတော့မှာ။ မင်းမှာ လုပ်စရာရှိရင် ထိန်းထားလိုက်၊ တကယ်လို့ အရေးပေါ်ကိစ္စဆိုရင်တော့ ချင်ကွမ်းနဲ့ တိုင်ပင်လို့ရတယ်။”

ချင်ကွမ်းက ချင်လော့၏ဖခင်ဖြစ်ကာ အင်ပါယာ၏ လွှမ်းမိုးမှုအကြီးဆုံး မိသားစုလေးခုထဲမှ တစ်ခုဖြစ်သည့် ချင်မိသားစု၏ ခေါင်းဆောင်ဖြစ်သည်။

လက်ထောက်က နေ့စဥ်အစီရင်ခံမှုကို အဆုံးသတ်လိုက်ချိန်တွင် စုန့်ယွီက ဘာမှမသက်ဆိုင်သည့် ကိစ္စတစ်ခုကို ရုတ်တရက် ထုတ်ပြောလာသည်။

“Andromeda B009 ကို ပုဂ္ဂလိကပိုင်အဖြစ် ဝယ်လို့ရမရ စစ်ဆေးလိုက်ဦး။ တကယ်လို့ ရတယ်ဆိုရင် ငါ့နာမည်နဲ့ ဝယ်လိုက်။”

ချင်လော့က ထူးဆန်းစွာ ကြည့်လာသည်။

“ကော၊ ဘာလို့ အစွန်အဖျားက နေရာကို ဝယ်တာလဲ။”

“Andromeda ကြယ်အစုအဝေးက လူမနေတဲ့အပြင် တန်ဖိုးမရှိတဲ့ နေရာတွေလေ။”

စုန့်ယွီက သူတို့ကို ပါးစပ်ပိတ်သွားအောင် ထပ်ပြောလိုက်သည်။

“မြန်လေ ကောင်းလေပဲ။”

လက်ထောက်နှင့် ချင်လော့တို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ အထွန့်တက်ချင်သော်လည်း ဘယ်သူမှက စုန့်ယွီစကားကို မလွန်ဆန်ရဲပါချေ။

ရေသောက်ပြီးနောက် စုန့်ယွီက သူ့အခန်းထဲသူ ပြန်ဝင်သွားသည်။

နောက်နေ့မနက်စောစော ရုန်ရှီက အချိန်မှန်နိုးလာပြီး သူ၏ထုံးစံအတိုင်း လေ့ကျင့်ရေးခန်းတွင် တစ်နာရီမျှ လေ့ကျင့်ပြီးနောက် ရေချိုး၊ ကျောင်းဝတ်စုံလဲကာ စာမေးပွဲခန်းကို သွားရောက်ရန် ပြင်ဆင်လိုက်သည်။

သူတံခါးဖွင့်လိုက်ချိန်တွင် အိပ်ဆောင်၏ ဆန့်ကျင်ဘက်မှ တံခါးကလည်း ပွင့်လာခဲ့ကာ မနေ့က တွေ့ခဲ့ရသော ရွှေရောင်ခေါင်းနှင့် Alpha လေး ထွက်လာခဲ့ပြီး ရုန်ရှီနှင့် မျက်လုံးချင်း ဆုံမိသွားသည်။

ချင်လော့က အနောက်ကနေ ခေါင်းငုံ့ရယ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“အဟမ်း၊ တကယ်ကို တိုက်ဆိုင်တာပဲ။”

‘ကမ္ဘာကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးပဲ။ မနေ့က တံခါးနှစ်ချပ်ပဲခြားပြီး အသက်ရှင်ခဲ့ကြတာကိုး။’

ဖြစ်ပျက်ခဲ့သော ကိစ္စများကို တွေးရင်း ရုန်ရှီက ရှေ့ကိုတက်ကာ နှုတ်ဆက်စကား ပြောလိုက်သည်။

“ငါက ရုန်ရှီပါ၊ ဒီနှစ်မှဝင်တဲ့ ကျောင်းသားသစ်။”

မနေ့မှ ဒေါသဖြစ်စရာ လူ့ဂွစာက သူနှင့် စကားပြောရန် အစပြုလာသဖြင့် စုန့်ယွီကလည်း စိတ်ကောင်းဝင်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ငါက စုန့်ယွီ၊ လူသစ်ပဲ။”

“စုန့်ယွီတဲ့လား။”

ထိုနာမည်က ရုန်ရှီအား တစ်ခုခုကို သတိရသွားစေပြီး သူက ကြိတ်ရယ်ရင်း ပြောလိုက်၏။

“ဒါက နာမည်ကောင်းမဟုတ်ဘူးနော်။”

စုန့်ယွီ: “...” Fuck

......

(TN/ တကယ်ကျ စုန့်ယွီက ချစ်စရာလေးရယ် သူ့ယုန်လေးကို သူကျောင်းပြောင်းပြီး လိုက်လာပြီလို့ပြောနေတာ။ တွဲတောင်မတွဲရသေးဘူး လိုချင်တာ လိုက်ဝယ်ပေးနေပြီနော် သူဌေးသမီးလေးက XD )

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment