no

Font
Theme

အခန်း (၉) တောင်ထိပ်နှစ်ခုကို ဂါရဝပြုခြင်း

​"ကျွန်မမှာ ထိပ်တန်း ဝိညာဉ်အမြစ် ရှိတယ်လို့ ပြောတာလား"

ဘေးမှ ပြုံးနေသော ဟွမ်ထျန်းဂိုဏ်း၏ အကြီးအကဲကို ဟူရှီယောင်က မေးလိုက်သည်။

​ဟွမ်ထျန်းဂိုဏ်းမှ အကြီးအကဲက ခေါင်းညိတ်ပြလိုက်သည်။

​"အရမ်းကောင်းတာပဲ... တကယ်ပဲ ကျွန်မမှာ ထိပ်တန်း ဝိညာဉ်အမြစ် ရှိနေတာပဲ..."

အလွန်အမင်း ပျော်ရွှင်စွာဖြင့် ဟူရှီယောင်က အော်ဟစ်လိုက်သည်။

​ကောင်းကင်ထက်ရှိ တောင်ထိပ်သခင်များ ပင်လျှင် အံ့အားသင့်သွားခဲ့သည်။

​"ဘယ်လို ထိပ်တန်း ဝိညာဉ်အမြစ်မျိုးလဲ"

​​ကောင်းကင်ထက်တွင် ကျန်ရှိနေသေးသော အမျိုးသမီး တောင်ထိပ်သခင်များမှာမူ မတည်ငြိမ်နိုင်တော့ပေ။

သို့သော် ဟူရှီယောင်က မည်သည့်တောင်ထိပ်သို့ ဝင်ရောက်ရမည်ကို ရွေးချယ်ခြင်း မရှိသေးပေ။

ယင်းအစား သူမသည် ခုန်ဆွခုန်ဆွဖြင့် ဝူရှန်းထံသို့ လျှောက်သွားခဲ့သည်။

​သူမသည် ဝူရှန်းကို စိတ်လှုပ်ရှားစွာဖြင့် ဖက်လိုက်သည်။

​"ဝူရှန်း.. ငါ့မှာ ထိပ်တန်း ဝိညာဉ်အမြစ် ရှိနေပြီ... အရမ်းကောင်းတာပဲ..."

ဝူရှန်းကို ဖက်ရင်း ဟူရှီယောင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

ထိပ်တန်း ဝိညာဉ်အမြစ်က သူမတွင် ဝူရှန်းကို မှီနိုင်မည့် အရည်အချင်း ရှိနေကြောင်း ပြသနေပေသည်။

​"ပြွတ်..."

​ထို့နောက် သူမသည် ဝူရှန်း၏ ပါးပြင်ကို နမ်းလိုက်သည်။

​ဝူရှန်းလည်း အလွန်တရာ ရုန်းကန်ရခက်ခဲသွားခဲ့သည်။

‘မင်း ပျော်ချင်ရင် ပျော်လေ... ဘာလို့ ငါ့ကို လာနမ်းတာလဲ..’

​"ဟူရှီယောင်…ငါ့မှာ ဇနီးတစ်ယောက် ရှိနှင့်ပြီးသားနော်..."

ဝူရှန်းက စနောက်သလို ပြောလိုက်သည်။

​ဟူရှီယောင်သည် သူမ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် ဝူရှန်းကို အမြန်လွှတ်ပေးလိုက်သည်။

ဟူရှီယောင်က…

​"အဲ့ဒီလောက်ကြီး ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့…ငါက ပျော်လို့ပါ.. ရှင်က ဘာတွေအလွန်အကျွံတွေ တွေးနေတာလဲ"

ထိုချိန်…တောင်ထိပ်သခင် အချို့သည် ဟူရှီယောင်၏ အနားသို့ ရောက်ရှိလာကြသည်။

​"ငါက ထျန်းဒန်တောင်ထိပ်(ကောင်းကင်ဆေးတောင်ထိပ်) ရဲ့တောင်ထိပ်သခင် ထော့ပါရှီယွဲ့ ပါ ငါတို့ရဲ့ တောင်ထိပ်ကို လာချင်လား"

အလွန်တရာ ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းများ.. ဖြူစင်ဝင်းပသော မျက်နှာနှင့် မီးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

​ဘေးမှ တောင်ထိပ်သခင်ကလည်း အလျှော့ပေးမည့် ပုံစံမရှိပေ။

အမျိုးသမီးတောင်ထိပ်သခင်မှာ အလွန်တရာ လှပနေပြီး သူမ၏ ရင်သပ်ရှုမောဖွယ် မျက်နှာလေးသည် အမျိုးသားများစွာကို မှေးမှိတ်သွားစေနိုင်စွမ်း ရှိသည်။

သူမ၏ ဖျော့တော့သော အပြာရောင်ဝတ်စုံက သူမကို အလွန်တရာ စင်ကြယ်ဖြူစင်ကာ အပြစ်ကင်းစင်နေစေပုံ ပေါ်နေစေပြီး သူမသည် တောင်ထိပ်တစ်ခု၏ တောင်ထိပ်သခင်ဖြစ်နေကြောင်း လုံးဝ မထင်ရပေ။

​"ငါက ထျန်းကျန်းတောင်ထိပ် (ကောင်းကင်အမှန်တရားတောင်) ရဲ့ တောင်ထိပ်သခင် ယွင်ချင်းယာ ပါ..ငါတို့ရဲ့ တောင်ထိပ်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်" ထိုအမျိုးသမီးက ပြောလိုက်သည်။

​ဟူရှီယောင်သည် မည်သည့်တောင်ထိပ်ကို ရွေးချယ်ရမည်ကို လက်ရှိတွင် မဆုံးဖြတ်နိုင်သေးပေ။

ထိုယောင်္ကျားလေး တောင်ထိပ်သခင်များကိုမူ သူမ လုံးဝ ရွေးချယ်မည် မဟုတ်ပေ။

ထို့နောက် သူမသည် ဝူရှန်းဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။

​ဟူရှီယောင်၏ အကြည့်ကြောင့် ဝူရှန်းမှာ ဗျာများသွားခဲ့သည်။

တောင်ထိပ်ကို မင်းဘာသာ ရွေးလေ.. ဘာလို့ ငါ့ကို လာကြည့်နေတာလဲ…

​ထိုတောင်ထိပ်သခင် နှစ်ဦးစလုံးသည်လည်း ဝူရှန်းကို သတိပြုမိသွားခဲ့ကြသည်။

ထိုမျက်ဝန်းနှစ်စုံမှာ သတ်ပစ်ချင်နေသည့် ပုံစံမျိုး ပေါ်နေခဲ့သည်။

အကြည့်များသည် သူ့ကို မပြောသင့်သည်များကို မပြောရန် သတိပေးနေခြင်း ဖြစ်ပုံရသည်။

​မူလက ဝူရှန်းသည် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ဘေးဖယ်နေရန် စဉ်းစားထားခဲ့သည်။

​"ဝူရှန်း.. ငါ ဘယ်တောင်ထိပ်ကို ရွေးချယ်သင့်လဲ"

ဝူရှန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ဟူရှီယောင်က လှုပ်ယမ်းပြီး‌မေးလိုက်သည်။

​ထိုမိန်းကလေး၏ လေသံကြောင့် ဝူရှန်းမှာ အလွန်အမင်း စိတ်ပျက်သွားခဲ့သည်။

ဒါက သူ့ကို မီးဖိုပေါ်တင်ကာ ကင်နေခြင်း မဟုတ်ပေဘူးလား။

ဝူရှန်းသည် နည်းလမ်းရှာရန် အတန်တန် စဉ်းစားသော်လည်း မည်သည့်နည်းလမ်းမှ မတွေ့ရပေ။

​"ကောင်းပြီလေ…ငါ ဝိညာဉ်အမြစ် သွားစစ်လိုက်ဦးမယ်..."

အကြောင်းပြချက် ပေးကာ ဝူရှန်းသည် ခေတ္တထွက်သွားခဲ့သည်။

​ဝူရှန်းသည် ဝိညာဉ်စစ်ဆေးရေးစင်မြင့်သို့ ရောက်ရှိသွားကာ သူ၏ လက်ဖဝါးကို တင်လိုက်သည်။

​"အဆင့်နိမ့် ဝိညာဉ်အမြစ်..."

​တာဝန်ခံ၏ အသံကို ကြားလိုက်ရသဖြင့် ဝူရှန်း အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

​"ငါ့မှာ အဆင့်နိမ့် ဝိညာဉ်အမြစ်ပဲ ရှိတာလား" ဝူရှန်းက အံ့သြတကြီးဖြင့် မေးလိုက်သည်။

​သူတစ်ဦးတည်း အံ့အားသင့်သွားသည် မဟုတ်ဘဲ မဝေးလှသောနေရာတွင် ရှိနေသော ဟူရှီယောင်လည်း အံ့အားသင့်သွားခဲ့သည်။

ဝူရှန်းလို ထူးချွန်သော အရည်အချင်းရှိသူတစ်ဦးတွင် အဆင့်နိမ့် ဝိညာဉ်အမြစ်သာ ရှိနေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

​ဝူရှန်းကမူ အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိသည်ဖြစ်စေ.. မရှိသည်ဖြစ်စေ လုံးဝ ဂရုမစိုက်ပေ။

သူသည် ဒီအရာကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အနမ်းများ ကြောင့်သာမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်အမြစ်နှင့်ဘာမှမဆိုင်‌ခဲ့ပေ…

​ဝူရှန်းသည် ဟူရှီယောင်၏ အနားသို့ လျှောက်သွားခဲ့သည်။

မမျှော်လင့်ဘဲ ဟူရှီယောင်သည် သူ့ကို ဖက်တွယ်ကာ နှစ်သိမ့်ပေးလိုက်သည်။

​"အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိနေတာနဲ့ ဘာဖြစ်လဲ..ကျွန်မရဲ့ စိတ်ထဲမှာတော့ ရှင့်ရဲ့ အရည်အချင်းက ဘယ်သူနဲ့မှ မယှဉ်နိုင်အောင် ထူးချွန်ဆဲပါပဲ"

ဟူရှီယောင်က နှစ်သိမ့်ပေးလိုက်သည်။

​ဒီလောက် ကြီးမားသော ခွန်အားရှိသည့် ဝူရှန်းတွင် အဆင့်နိမ့် ဝိညာဉ်အမြစ်သာ ရှိနေလိမ့်မည်ဟု သူမ မည်သို့ဖြင့် တွေးမိမည်နည်း။

သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ ဖြစ်သည်။

​"ဝူရှန်းကိုသာ လက်ခံပေးမယ်ဆိုရင် ကျွန်မလည်း လိုက်ဖို့ ဆန္ဒရှိပါတယ်" အလွန်တရာ ခိုင်မာသော အကြည့်များဖြင့် တောင်ထိပ်သခင်မ များကို ဟူရှီယောင်က ပြောလိုက်သည်။

​ဟူရှီယောင်၏ ပုံစံကို ကြည့်ရသည်မှာ လိမ်ညာနေခြင်း မဟုတ်ပေ။

ဝူရှန်းသည် ဟူရှီယောင်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် အလိုလိုက်ခံထားရသော သခင်မလေးတစ်ဦး၏ စိတ်မျိုးသာ ရှိသေးသည်ဟု ဝူရှန်း သက်ပြင်းချလိုက်သည်။

အခက်အခဲကြုံမှ မိတ်ဆွေစစ်ကို သိနိုင်သည်ဟူသော ဆိုစကားမှာ လုံးဝ မှန်ကန်ပေသည်။

​ထော့ပါရှီယွဲ့နှင့် ယွင်ချင်းယာတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြသည်။

​"မင်းတို့နှစ်ယောက်စလုံး ငါတို့ရဲ့ တောင်ခြေရင်းမှာ အခြေချလို့ရပါတယ်..."

ခဏမျှ စဉ်းစားပြီးနောက် ယွင်ချင်းယာက ပြောလိုက်သည်။

​ဒီလို သစ္စာရှိသော ဟူရှီယောင်ကို လက်လွှတ်ဆုံးရှုံးသွားစေရန် သူမ လုံးဝ ခွင့်မပြုပေ။

တောင်ထိပ်နှစ်ခုစလုံးသည် ယခင်က အမျိုးသားတပည့်များကို မည်သည့်အခါကမျှ လက်ခံခဲ့ဖူးခြင်း မရှိပေ။

​သို့သော် ဟူရှီယောင်အတွက် တစ်ကြိမ်တော့ ခြွင်းချက်တစ်ခု လုပ်ပေးလိုက်လျှင် ဘာဖြစ်သွားလဲ။

​"ယွင်ချင်းယာရဲ့ နည်းလမ်းကိုလည်း ငါ သဘောတူပါတယ်" ဟု ထော့ပါရှီယွဲ့က ယွင်ချင်းယာကို မကြိုက်သော်လည်း လက်ခံလိုက်သည်…

"လူငယ်လေး… ဒီလိုမျိုး ကောင်းမွန်တဲ့ တာအိုလက်တွဲဖော်ကို ပိုင်ဆိုင်ထားရတာ ရှင့်ရဲ့ ကံကောင်းခြင်းပါပဲ"

​ဝူရှန်း တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် ဟူရှီယောင်က သူမ၏ လက်ဖြင့် ဝူရှန်း၏ ပါးစပ်ကို လာရောက် အုပ်ပိတ်လိုက်သည်။

ယခုအချိန်တွင် ဟူရှီယောင်၏ မျက်နှာမှာ အလွန်တရာ နီရဲနေခဲ့သည်။

​သူမသည် ဝူရှန်းအတွက်ကြောင့် အထင်လွဲမှုကို သည်းခံနေခြင်း ဖြစ်သည်။

ဝူရှန်းသည် သူမ၏ တာအိုလက်တွဲဖော် မဟုတ်ကြောင်း သိသွားပါက ဒီလို အခြေအနေကောင်းများ ရရှိမည် မဟုတ်ပေ။

​ထိုခေါင်းဆောင်နှစ်ဦးသည် ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချမှတ်လိုက်ကြသည်။

ဟူရှီယောင်ကို အတူတကွ လေ့ကျင့်ပျိုးထောင်ပေးရန် ဖြစ်သည်။ အထက်လူကြီးများလည်း သဘောတူညီခဲ့ကြသည်။

​ဒီလို ဖြစ်ရပ်မျိုးမှာ တပည့်လက်ခံ သမိုင်းတွင် ယခင်ကလည်း ဖြစ်ပျက်ခဲ့ဖူးပြီး ခြွင်းချက်များလည်း ရှိခဲ့ဖူးသည်။

​တောင်ထိပ်သခင်များကို နှုတ်ဆက်ပြီးနောက် သူတို့အုပ်စုသည် ထျန်းကျန်းတောင်ထိပ်ဆီသို့ ပျံသန်းသွားကြသည်။

​ထော့ပါရှီယွဲ့ကလည်း သဘာဝအလျောက် အတူတကွ လိုက်ပါလာခဲ့ပြီး ဟူရှီယောင်ကို ပိုမိုနီးစပ်စွာ သိကျွမ်းလိုနေခဲ့သည်။

​မကြာမီမှာပင် သူတို့သည် ခမ်းနားကြီးကျယ်ကာ မြူငွေ့များ ဆိုင်းနေသော တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာကြသည်။

မြင့်မားလှသော နန်းဆောင်များနှင့် ပြာသာဒ်ကြီးများသည် ကောင်းကင်ယံထက်သို့ ထိုးဖောက်တက်လျက် အလွန်တရာ ခမ်းနားထည်ဝါလှပနေကြပေသည်။

​ထိုတောင်ထိပ်တွင် အမျိုးသမီးတပည့်များသာ အပြည့်ရှိနေသည်။

အမျိုးသမီးတပည့်အချို့မှာ ပါးလွှာသော ပိုးဖဲစအဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး တောင်ထိပ်သခင်က အမျိုးသားတပည့်တစ်ဦးကို ခေါ်ဆောင်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။

​"အမလေး... ယောကျ်ားတစ်ယောက် ပါလာတယ်"

​"ဘာလို့ တောင်ထိပ်သခင်က အမျိုးသားတပည့်တစ်ဦးကို ခေါ်လာတာလဲ"

​"ဒါက တောင်ထိပ်သခင်ရဲ့ ပုံစံနဲ့ လုံးဝ မတူဘူး..."

​"တောင်ထိပ်သခင်က ယောကျ်ားတွေကို မုန်းတယ်လို့ ငါ ကြားဖူးတာပဲ…ဘာတွေဖြစ်နေတာလဲ"

​"ဘယ်သူသိမှာလဲ... နည်းနည်းလောက် စုံစမ်းကြည့်ကြတာပေါ့"

​အမျိုးသမီးတပည့်များ၏ ပြောဆိုဆွေးနွေးသံများကို နားထောင်ရင်း ဝူရှန်းသည် ယွင်ချင်းယာဘက်သို့ ခိုးကြည့်လိုက်သည်။

ယွင်ချင်းယာက သူမ၏ ခေါင်းကို အနည်းငယ် နောက်သို့ စောင်းလိုက်သည်။

​ဝူရှန်းလည်း အမြန်ပင် မျက်လုံးများကို အောက်သို့ချကာ ပတ်ဝန်းကျင်ကို ဆက်မကြည့်တော့ပေ။

​ထော့ပါရှီယွဲ့သည် ထိုသိမ်မွေ့သော လှုပ်ရှားမှုများကို သတိပြုမိသွားခဲ့ပြီး တိတ်တဆိတ် ပြုံးလိုက်သည်။

​ယွင်ချင်းယာသည် သူတို့နှစ်ဦးကို သူတို့အတွက် သီးသန့်ဖြစ်သော တောင်ထိပ်ငယ်လေး တစ်ခုဆီသို့ အမြန်ခေါ်ဆောင်သွားခဲ့သည်။

​"မင်းတို့နှစ်ယောက် ဒီတောင်ထိပ်မှာပဲ နေလို့ရပါတယ်…လိုအပ်တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို ပုံမှန် ပို့ပေးမယ်"

ဟူရှီယောင်နှင့် ဝူရှန်းတို့အား ယွင်ချင်းယာက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

​ယွင်ချင်းယာသည် မူလက သဘောထားပျော့ပြောင်းသောသူတစ်ဦး ဖြစ်သည်။

​ထော့ပါရှီယွဲ့ကလည်း သဘာဝအလျောက် လိုက်ပါလာကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ထို့နောက် အခန်းဆီသို့ ဝင်သွားကြသည်။

​"ဒီအခန်းရဲ့ အသံလုံစနစ်က ဘယ်လိုနေလဲ"

ဝူရှန်းတို့ဘက်သို့ မျက်ခုံးပင့်ကာ ထော့ပါရှီယွဲ့က ယွင်ချင်းယာကို မေးလိုက်သည်။

​ဝူရှန်းမှာ ထိုစကားကို ကြားလိုက်ရသဖြင့် စကားပင် မပြောနိုင်တော့ပေ။

ဟူရှီယောင်ကမူ စကား၏ အဓိပ္ပါယ်ကို လုံးဝ မသိရှိထားပေ။

​"တောင်ထိပ်သခင်…ကျွန်မအိပ်တဲ့အခါ မဟောက်တတ်ပါဘူး…ကျွန်မကတော့ အရမ်း တိတ်တဆိတ် အိပ်တတ်ပါတယ်" ထော့ပါရှီယွဲ့ကို ဟူရှီယောင်က ပြန်ဖြေလိုက်သည်။

​သူမ အဖြေကြောင့် ထော့ပါရှီယွဲ့မှာ ချက်ချင်းပင် အူကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။

​ယွင်ချင်းယာက တည်ကြည်သော မျက်နှာထားကို ဆက်လက် ထိန်းသိမ်းထားသော်လည်း စိတ်ထဲတွင်မူ အလွန်တရာ ပျော်ရွှင်နေခဲ့သည်။

​ထော့ပါရှီယွဲ့က ဆက်ပြောလိုက်သည်။

"ဒါဆိုရင် သူတို့နှစ်ယောက်အတွက် ငါ့ရဲ့တောင်ထိပ်မှာလည်း တောင်ထိပ်ငယ်လေး တစ်ခု ရှိသင့်တယ်"

​ယွင်ချင်းယာက မည်သည့်အရာကိုမျှ ထပ်မံမပြောတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အတူတကွ သင်ကြားပေးရန် သဘောတူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။

​"လာကြ... ငါ့နောက်ကို လိုက်ခဲ့ကြ..." ထော့ပါရှီယွဲ့က သူတို့နှစ်ဦးကို ဆွဲခေါ်သွားခဲ့သည်။

​မကြာမီမှာပင် အတော်ပင် ခမ်းနားထည်ဝါသော တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာကြသည်။

ခမ်းနားထည်ဝါပြီး ရွှေရောင်လွှမ်းနေသော အဆောက်အအုံများသည် အလွန်တရာ မျက်စိကျစရာကောင်းလှပေသည်။

​"တောင်ထိပ်သခင်ရဲ့…တောင်ပေါ်က အဆောက်အအုံတွေက အလွန်တရာ တောက်ပလွန်းလို့ မျက်စိတောင် ကျိန်းမတတ်ပါပဲလား"

အဝေးမှ တောက်ပနေသော အဆောက်အအုံများကို ကြည့်ရင်း ဝူရှန်းက ပြောလိုက်သည်။

​ထိုကဲ့သို့ပင် ထော့ပါရှီယွဲ့၏ ခမ်းနားထည်ဝါသော ပင်ကိုစရိုက်မှာ ထိုတောက်ပသော အဆောက်အအုံများတွင် ထင်ဟပ်နေခဲ့ပေသည်။

​နောက်ထပ် အချိန်မဆွဲတော့ဘဲ ထိုသူသုံးဦးသည် တောင်ထိပ်ငယ်လေး တစ်ခုပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်ကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment