no

Font
Theme

အခန်း (၁၀) နမ်းခြင်းတွင် ဦးဆောင်သူနှင့် ငြိမ်နေသူရှိပါသလား

​တကယ်တမ်းတွင် ဝူရှန်းသည် တောင်ထိပ်သခင်၏ ချယ်ရီပန်းကဲ့သို့ နှုတ်ခမ်းဖူးဖူးလေးများကို စိတ်ဝင်စားနေခဲ့ခြင်းပင်..

​သူက သူမကို နမ်းမှသာလျှင် စနစ်‌ရော ကျင့်ကြံအဆင့်ကိုပါ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

မိမိအရည်အချင်းနဲ့ ကျင့်ကြံခြင်းအပေါ်သာ တစ်ခုတည်း အမှီပြုနေမည်ဆိုလျှင် အလွန်တရာ ခက်ခဲလိမ့်မည်ဖြစ်သည်။

​ထော့ပါရှီယွဲ့သည် ဝူရှန်း၏ အကြည့်ကို သတိပြုမိသွားခဲ့သည်။

​"ဟင်... ဘာလဲ.. မင်းလေးက ငါ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား"

မျက်ခုံးပင့်ကာ ထော့ပါရှီယွဲ့က ပြောလိုက်သည်။

​ဝူရှန်းလည်း သဘာဝအလျောက် ဝန်ခံမည် မဟုတ်ပေ။

​"ဟာဟား... တောင်ထိပ်သခင် နားလည်မှု လွဲနေပါပြီ…ကျွန်တော်က တောင်ထိပ်သခင်ရဲ့ ရင်သပ်ရှုမောဖွယ် အလှအပကို အထင်ကြီးလေးစားနေရုံပါ"

ရှက်ပြုံးပြုံးကာ ဝူရှန်းက ပြောလိုက်သည်။

"တောင်ထိပ်သခင်က ဒီလောက်တောင် လှပနေတာပဲ.. ဘယ်သူကများ အလှအပကို မကြိုက်ဘဲ နေမလဲ"

​ဝူရှန်း၏ စကားကြောင့် ထော့ပါရှီယွဲ့မှာ အလွန်တရာ စိတ်ကြည်လင် ပျော်ရွှင်သွားခဲ့သည်။

​"မင်းက စကားကောင်းကောင်း ပြောတတ်တဲ့ ကလေးပဲ…တစ်ခါတလေကျရင် ငါ့ဆီလာပြီး စကားလာပြောပါဦး.. တချို့သော အမျိုးသားတပည့်တွေဆိုရင် ငါ့ကို ကြောက်နေကြတာ"

ဝူရှန်း၏ အနားသို့ လျှောက်လာကာ သူမ၏ လက်ညှိုးဖြင့် ဝူရှန်း၏ မေးစေ့ကို ပင့်တင်လိုက်သည်။

​ဝူရှန်း၏ ရင်ထဲတွင် ပျော့ပျောင်းပြီး အနည်းငယ် အေးမြနေသော လက်တစ်စုံကြောင့် လှုပ်ခတ်သွားခဲ့သည်။

​"ဝူရှန်း... မင်းမှာ တာအိုလက်တွဲဖော် ရှိနှင့်ပြီးသားဆိုတာ မင်း သိရဲ့လား" ဘေးမှနေ၍ ဟူရှီယောင်က ပြောလိုက်သည်။

​ထော့ပါရှီယွဲ့သည် ဟူရှီယောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

​"ဘာလို့ ဒီလောက်တောင် မနာလိုဖြစ်နေရတာလဲ.. ကလေးမလေး..ငါက ဝူရှန်းနဲ့ စနောက်နေတာပါ"

သူမ၏ လက်ညှိုးကို ပြန်ရုပ်သိမ်းလိုက်ပြီး အပြုံးဖြင့် ဟူရှီယောင်ကို ထော့ပါရှီယွဲ့က ကြည့်လိုက်သည်။

​ဝူရှန်းမှာမူ သူတို့နှစ်ဦးမှာ အမှန်တကယ် ချစ်သူများအဖြစ် ဟန်ဆောင်နေကြခြင်းသာ ဖြစ်သော်လည်း ဟူရှီယောင်က ဒီလောက်အထိ ပြောနေသည်ကို တွေ့ရသဖြင့် ဗျာများသွားခဲ့သည်။

​သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

​ဒီရိုင်းစိုင်းတဲ့ စနစ်ကြီးက သူ့ကို ကျင့်ကြံခြင်းအဆင့် မြင့်တက်လာအောင် နမ်းခိုင်းနေတယ်…ဒါက သူ့ကို ခက်ခဲအောင် လုပ်နေတာနဲ့ ဘာကွာလို့လဲ…

​ရှောင်ဟွားအတွက် ဒီလိုလုပ်ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိပေ။

​ဒါက ဝူရှန်းရဲ့ အကြောင်းပြချက် ဟုတ်မဟုတ်တော့ မသိပေမဲ့..

ဒါပေမဲ့ သူ ဒီလိုပဲ တွေးခဲ့တာတော့ အမှန်ပင်။

​"ငါ မင်းတို့ကို ဒီခေါ်လာပေးပြီးပြီဆိုတော့ ဒီတောင်ထိပ်နဲ့ အရင်ဆုံး ရင်းနှီးအောင် လုပ်ကြပါ..နောက်မှ လူတစ်ယောက်လွှတ်ပြီး အရင်းအမြစ်တွေ ပေးခိုင်းမယ်" ထိုသူနှစ်ဦးအား ထော့ပါရှီယွဲ့က ပြောလိုက်သည်။

"ဝူရှန်း… အချိန်ရတဲ့အခါ ပင်မတောင်ထိပ်ကို လာပြီး ငါနဲ့ စကားလာပြောပါဦး"

​ထိုသို့ပြောပြီးနောက် ထော့ပါရှီယွဲ့သည် သူတို့နှစ်ဦး ရှိနေသော တောင်ထိပ်ငယ်လေးမှ ထွက်သွားခဲ့သည်။

​တောင်ထိပ်ငယ်လေးတွင် အဆောက်အအုံများစွာ ရှိနေသည်။

မိမိနှစ်သက်ရာ အခန်းကို ရွေးချယ်နိုင်ပေသည်။

ထို့ကြောင့် ဝူရှန်းလည်း ဘေးအခန်းတစ်ခုထဲသို့ အလွတ်သဘော ဝင်သွားခဲ့သည်။

​သို့သော် ဟူရှီယောင်ကမူ ဒီအချက်ကို မကျေမနပ် ဖြစ်နေခဲ့သည်။

​"ဝူရှန်း.. ငါတို့ တစ်ခန်းတည်း အတူတူ နေသင့်တယ်လို့ ထင်တယ်…တာအိုလက်တွဲဖော်တွေက ဘယ်လိုလုပ်ပြီး အခန်းခွဲအိပ်ကြမှာလဲ"

မျက်နှာလေး အနည်းငယ် နီရဲလျက် ဟူရှီယောင်က ပြောလိုက်သည်။

ဝူရှန်း ၏ ဦးနှောက်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားခဲ့သည်။

တာအိုလက်တွဲဖော်တွေ အခန်းခွဲအိပ်လို့ မရဘူးလို့ ဘယ်သူက ပြောလဲ…

​"တကယ်လား" ဝူရှန်းက မေးလိုက်သည်။

"ဟူရှီယောင်…. မင်း ငါ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကို ကြံရွယ်နေတာ မဟုတ်ဘူးမို့လား"

​ဝူရှန်း၏ စနောက်သော စကားများကို ကြားလိုက်ရသဖြင့် ဟူရှီယောင်၏ မျက်နှာမှာ ပို၍ပင် နီရဲသွားခဲ့သည်။

​ဝူရှန်းသည် ဟူရှီယောင်၏ မျက်လုံးများကို တစိုက်မတ်မတ် စိုက်ကြည့်လိုက်သည်။

ဟူရှန်းယောလည်း ဆက်လက် မကြည့်နိုင်တော့ဘဲ ခေါင်းကို ငုံ့ချလိုက်သည်။

​ဝူရှန်းသည် ဟူရှီယောင်၏ အနားသို့ လျှောက်လာကာ ဆွဲဖက်လိုက်သည်။

​"အား... ဝူရှန်း..ရှင့်ဘာလုပ်နေတာလဲ…ငါတို့ ဖက်တာက ဘာအဓိပ္ပာယ်လဲ"

ဟူရှီယောင်က အော်လိုက်သည်။

​ဝူရှန်းသည် သူမကို ဒီလောက်ရဲတင်းစွာ ပွေ့ဖက်ရဲလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

​"ဟဲဟဲ... ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်မှာ အခန်းတည်းမှာ အတူတူ အိပ်ကြရမှာပဲ.. အခုကတည်းက အလေ့အကျင့်လုပ်ထားတာပေါ့"

ဝူရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

​ဟူရှီယောင်သည် အပြင်ပန်းတွင် စိုးရိမ်ပူပန်နေပုံ ပေါ်သော်လည်း အတွင်းစိတ်တွင်မူ အလွန်တရာ ပျော်ရွှင်နေခဲ့သည်။

​ဝူရှန်းလည်း ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ဟူရှီယောင်အနေဖြင့် ဒီလိုအချိန်မျိုးတွင် သူ့ကို တွန်းထုတ်ပစ်သင့်သည် မဟုတ်ပေဘူးလား..

​ဟူရှီယောင်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပျော်ရွှင်နေပုံ ပေါ်နေခဲ့သည်။

ဝူရှန်းလည်း ဆုံးဖြတ်လိုက်သည်။

သူသည် ဟူရှီယောင်၏ နှုတ်ခမ်းကို တိုက်ရိုက် နမ်းရှိုက်လိုက်သည်။

​ထူးဆန်းသည်မှာ စနစ်က သူ့ကို အဆင့်မမြှင့်ပေးခဲ့ပေ။

သူ အလိမ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

​သူသည် အမြန်ပင် လွှတ်ပေးလိုက်သည်။

​"အခုတော့ ငါ့ရဲ့ ကြောက်စရာကောင်းပုံကို မင်း သိသွားပြီမလား..."

ဝူရှန်းက ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

​သို့သော် ဟူရှီယောင်ကမူ နောက်ဆုတ်မသွားခဲ့ပေ။

သူမ၏ မျက်နှာပေါ်တွင် အနည်းငယ်သာ နီရဲနေခဲ့သည်။

ထို့နောက် ဟူရှီယောင်သည် ဝူရှန်း၏ နှုတ်ခမ်းကို ပြန်လည် နမ်းရှိုက်လိုက်သည်။

​【ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင် .. ကျင့်ကြံခြင်းအဆင့် တိုးတက်လာပါပြီ...】

​【အမှတ် ၁၀ မှတ် ရရှိခဲ့ပါသည်】

​"စနစ်က ငါနမ်းတုန်းက ဘာလို့အဆင့် တက် မလာတာလဲ”

သူနမ်းတုန်းက အဆင့်တစ်ဆင့်တောင် တက်မလာခဲ့ပေ..

စောင့်ပါဦး..ဒါ မမှန်ကန်ပေ...

​"စနစ် ဘာဖြစ်နေတာလဲ"

ဝူရှန်းက မေးလိုက်သည်။

ဟူရှီယောင်ကို သူ သွားနမ်းစဉ်က မည်သည့် တိုးတက်မှုမျှ မရှိခဲ့သော်လည်း ဟူရှီယောက်က သူ့ကို လာနမ်းသည့်အခါမှသာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

【ပိုင်ရှင်…မိန်းကလေးတစ်ဦးရဲ့ ပထမဆုံး တက်ကြွတဲ့အနမ်းက ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေပါတယ်】

​​ထို့ကြောင့်နမ်းခြင်းတွင် ဦးဆောင်သူနှင့် ငြိမ်ခံနေသူ ကွာခြားချက် ရှိနေပေသည်။

သူ အမှန်တကယ်ပင် အများကြီး သင်ယူခဲ့ရပြီ ဖြစ်သည်။

​ဝူရှန်း သတိပြန်ဝင်လာချိန်တွင် ဟူရှီယောင်က သူ့ကို ဆက်လက် နမ်းရှိုက်နေဆဲ ဖြစ်သည်။

ထို့နောက် သူသည် ဟူရှီယောင်၏ အဝတ်အစားများကို စတင်ချွတ်ရန် ပြင်ဆင်လိုက်သည်။

ဟူရှီယောင်သည် သူမ၏ နှုတ်ခမ်းကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

​"ရှင်က လူယုတ်မာပဲ..."

ပြောဆိုရင်း သူမသည် ထိုနေရာမှ ထွက်ပြေးသွားခဲ့သည်။

​ဝူရှန်းလည်း စိတ်ထဲတွင် အလွန်တရာ နှမြောတသ ဖြစ်သွားခဲ့သည်။

​လုပ်စရာ ဘာမှမရှိသဖြင့် ဝူရှန်းသည် တောင်ပေါ်မှ မိန်းကလေးတစ်ဦးဦးကို ကျီစယ်သင့်သလားဟု တွေးတောမိလိုက်သည်။

ထျန်းဒန်တောင်ထိပ်တွင် အမျိုးသမီးတပည့်များစွာ ရှိသည်မဟုတ်ပါလော…

​ထိုအကြောင်းကို တွေးတောရင်း သူသည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။

အမျိုးသမီးတပည့် အများဆုံး ရှိရာ နေရာဆီသို့ ဦးတည်သွားလိုက်သည်။

​အမျိုးသမီးအုပ်စုကြီးတစ်ခုမှာ ထိုနေရာတွင် ပျော်ရွှင်စွာ ကစားနေကြသည်။

ရယ်မောသံများက လေထုထဲတွင် ပျံ့နှံ့နေခဲ့သည်။

​ဝူရှန်း၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

​"စီနီယာအစ်မ… ဒီတစ်လအတွင်း ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက် နည်းနည်း ပိုကြီးလာတယ်လို့ မထင်ဘူးလား"

​"စီနီယာအစ်မ..ကျွန်မရဲ့ အသားအရေ ထိန်းသိမ်းမှုက ဘယ်လိုနေလဲ"

​"ညီမလေးတို့ရေ…ကျင့်ကြံသူတွေက ဒီလိုကိစ္စတွေကို ဂရုမစိုက်သင့်ပါဘူး"

​"စီနီယာအစ်မ… ကျွန်မတို့မှာ ရှင့်လို အလှအပမျိုး မရှိပါဘူး…တကယ်လို့သာ ကြိုးစားမှု မလုပ်ဘူးဆိုရင် တစ်သက်လုံး တစ်ယောက်တည်း ကျန်ခဲ့ရလိမ့်မယ်"

​ထိုပြောဆိုဆွေးနွေးနေသော အသံများကို ကြားလိုက်ရသဖြင့် ဝူရှန်းလည်း ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။

​"ဟမ်း... စီနီယာအစ်မတို့ရေ…တစ်သက်လုံး တစ်ယောက်တည်း ကြီးပြင်းရမယ်လို့ ဘယ်သူက ပြောလဲ…မင်းတို့ရဲ့ ဂျူနီယာမောင်လေးက မင်းတို့ဘေးမှာ အမြဲတမ်း ရှိနေဖို့ ဆန္ဒရှိပါတယ်"

စနစ်မှ စက္ကူယပ်တောင် တစ်လက်ကို ဝယ်ယူလိုက်ပြီး ဝူရှန်းက အသာအယာ ချောင်းဆိုးလိုက်သည်။

​အမျိုးသမီးတပည့်များသည် အသံကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ကြသည်။

အမျိုးသားတပည့်တစ်ဦး အမျိုးသမီးတပည့်များ၏ နယ်မြေထဲသို့ ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ..

​"ဂျူနီယာမောင်လေး ဘာလို့ အမျိုးသမီးတပည့်တွေရဲ့ နယ်မြေထဲကို ရောက်လာတာလဲ"

မျက်မှောင်ကြုတ်လျက် စီနီယာအစ်မတစ်ဦးက မေးလိုက်သည်။

​ဝူရှန်းသည် လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

​"ဟား... စီနီယာအစ်မတို့ကို နှောင့်ယှက်လိုစိတ် လုံးဝ မရှိပါဘူး.. ဒါပေမဲ့ စီနီယာအစ်မတို့ရဲ့ အလှအပက ကျွန်တော့်ကို အလွန်တရာ ဆွဲဆောင်နေလို့ပါ"

ဝူရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။

ချီးမွန်းစကားကို ကြားလိုက်ရသဖြင့် အမျိုးသမီးတပည့်များ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖြာထွက်လာခဲ့သည်။

​ဝူရှန်းသည် စီနီယာအစ်မများဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

မိန်းကလေးတွေ ဘာကြိုက်တတ်လဲဆိုတာကို သူ စဉ်းစားနေခဲ့သည်။

သူ၌ အမှန်တကယ်ပင် အတွေ့အကြုံ အများကြီး မရှိပေ။

​သူ၏ မျက်လုံးများ တောက်ပလာခဲ့သည်။ စနစ်ထဲမှ နို့လက်ဖက်ရည်ခွက် ဒါဇင်ပေါင်းများစွာကို သူ ဝယ်ယူလိုက်သည်။

​"စီနီယာအစ်မတို့ရေ…ဒီအရသာရှိလှတဲ့ သောက်စရာကို ဆိုင်တစ်ဆိုင်မှာ တိုက်ဆိုင်ပြီး တွေ့ခဲ့တာပါ"

စီနီယာအစ်မများကို နို့လက်ဖက်ရည်များ ဖြန့်ဝေပေးရင်း ဝူရှန်းက ရှင်းပြလိုက်သည်။

"ဒါက စီနီယာအစ်မတွေအတွက် လက်ဆောင်လေးပါ"

​"ဂျူနီယာမောင်လေး ဒါကို ဘယ်လိုသုံးရတာလဲ"

အနည်းငယ် အူကြောင်ကြောင် ဖြစ်နေသော မျက်နှာဖြင့် စီနီယာအစ်မတစ်ဦးက မေးလိုက်သည်။

​ဝူရှန်းသည် ပိုက်များကို ပေးရန် မေ့သွားခဲ့သည်။

​"ဟာဟား... စီနီယာအစ်မတို့ ကျွန်တော့်အမှားပါပဲ…ဒီပိုက်တံကို သုံးပြီး ထိုးသွင်းလိုက်ပါ"

ပိုက်တစ်ခုကို ထုတ်ယူကာ ဝူရှန်းက သရုပ်ပြလိုက်သည်။

​အမျိုးသမီးတပည့်များသည်လည်း ပိုက်များကို ထိုးသွင်းကာ တစ်ငုံ သောက်လိုက်ကြသည်။

​"ဝိုး... ဒီသောက်စရာက အရမ်းအရသာရှိတာပဲ... ဂျူနီယာမောင်လေးရေ ဒီလိုမျိုး အံ့သြစရာကောင်းတဲ့ သောက်စရာကို သောက်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

စီနီယာအစ်မတစ်ဦးက ပျော်ရွှင်စွာ ပြောလိုက်သည်။

နို့လက်ဖက်ရည်ထဲတွင် ဘာတွေပါဝင်နေလဲ.. မိန်းကလေးတွေ ဘာကြောင့် သောက်ရတာကို နှစ်သက်ကြလဲဆိုတာကို ဝူရှန်း လုံးဝ မသိရှိထားပေ။

​အခြားကမ္ဘာမှ မိန်းကလေးငယ်လေးများလည်း သောက်သုံးရန် နှစ်သက်ကြလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

​သူတို့ မည်မျှနှစ်သက်နေကြသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း ဝူရှန်း သိလိုက်သည်။

​"စီနီယာအစ်မတို့ရေ…ကျွန်တော်က နို့လက်ဖက်ရည် တိုက်ခဲ့တာပဲ.. ဒီလိုမျိုးနဲ့ပဲ ကျေးဇူးဆပ်မှာလား"

မျက်ခုံးပင့်ကာ ဝူရှန်းက မေးလိုက်သည်။

​ထို့နောက် အမျိုးသမီးတစ်ဦးသည် ဝူရှန်း၏ အနားသို့ လျှောက်လာခဲ့သည်။

​"ပြွတ်..."

​သူမသည် ဝူရှန်း၏ မျက်နှာကို တိုက်ရိုက် နမ်းရှိုက်လိုက်သည်။

​ဝူရှန်းလည်း စိတ်ထဲတွင် နှမြောတသ ဖြစ်သွားခဲ့သည်။

နှုတ်ခမ်းကို ဘာလို့မနမ်းရတာလဲ တကယ်ကို နှမြောစရာပါပဲကွာ..

​ဝူရှန်းလည်း မတုန်လှုပ်ဘဲ စီနီယာအစ်မတွေ အများကြီး ရှိသေးတာပဲဟု တွေးလိုက်သည်။

နောက်ပိုင်းတွင် ဝူရှန်း၏ အနားသို့ ရောက်လာကြသော အခြားသော အမျိုးသမီးတပည့်များလည်း မျက်နှာကိုသာ လာရောက် နမ်းရှိုက်ကြသည်။

​ဝူရှန်းမှာမူ အမှန်တကယ်ပင် စိုးရိမ်ပူပန်လာခဲ့ရပြီ ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment