no

Font
Theme

အခန်း (၇) မြို့သခင် အိမ်တော်ရဲ့ သမီးအကြီးဆုံး

​ဟူရှီယောင်တစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ အလွန်တရာ သနားစရာကောင်းသော ပုံစံမျိုး ဖြစ်နေခဲ့သည်။

သူမ တွေဝေနေဆဲမှာပင် နုညံ့လှသော လက်တစ်စုံက သူမ၏ လက်ချောင်းလေးများကို လာရောက်ဆုပ်ကိုင်လိုက်သည်။

ရှောင်ဟွားက ညင်သာစွာ ပြောလိုက်သည်။

​"နင်ငါနဲ့အတူ ဝင်အိပ်လိုက်ကြရအောင်... ဘယ်လိုပဲဖြစ်ဖြစ် ဝူရှန်းက ငါရှိ‌ နေရင် နင့်ကိုအနိုင်မကျင့်ရဲပါဘူး မဟုတ်ပါဘူး"

​ဟူရှီယောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

​သူတို့နှစ်ဦး အခန်းထဲသို့ ဝင်လာကြချိန်တွင် ဝူရှန်းက အဝတ်အစားများကို ချွတ်နေခဲ့ပြီ ဖြစ်သည်။

​"ဟင်... ဘာဖြစ်လို့လဲ.. ဘာလို့ ဟူရှီယောင်ပါ ဒီထဲ ရောက်နေတာလဲ"

ဝူရှန်းက အံ့သြတကြီးဖြင့် မေးလိုက်သည်။

​ဝူရှန်း၏ အံ့အားသင့်နေသော အမူအရာကို ဂရုမစိုက်ဘဲ ရှောင်ဟွားက သူ့ကို ကုတင်ပေါ်သို့ ဆွဲခေါ်သွားခဲ့သည်။

တကယ်တမ်းတွင် ဒီအရာက အလွန်ရိုးရှင်းပါသည်။

ရှောင်ဟွားက ၎င်းတို့နှစ်ဦး ဂိုဏ်းထဲတွင် အပြန်အလှန် စောင့်ရှောက်ပေးနိုင်မည်ဟု တွေးတောခဲ့ခြင်း ဖြစ်သည်။

​သူမက သာမန်လူတစ်ဦးသာဖြစ်ပြီး ဝူရှန်းအတွက် မည်သည့် အကူအညီမှ မပေးစွမ်းနိုင်ပေ။

တကယ်လို့သာ ဒီသခင်မလေးက ကူညီပေးနိုင်မည်ဆိုပါက ဝူရှန်း၏ အခြေအနေမှာ ပို၍ ကောင်းမွန်လာပေမည်။

ဝူရှန်းနှင့် ဟူရှီယောင်တို့ အချင်းချင်း ပိုမိုနီးကပ်လာကြပြီး လက်တွဲဖော်များ ဖြစ်လာကြမည်ဆိုလျှင်လည်း ရှောင်ဟွားက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

​ဝူရှန်းကမူ ရှောင်ဟွား၏ အတွေးများကို လုံးဝ မသိရှိထားပေ။

​"ဝူရှန်း.. ယဉ်ကျေးကျေးနေနော်.. ရှီယောင်က ဒီမှာ ရှိနေသေးတယ်လေ"

သူမ၏ ကိုယ်ခန္ဓာပေါ်တွင် တစ်စုံတစ်ရာ ထူးဆန်းသည်ကို ခံစားလိုက်ရသဖြင့် မျက်နှာနီရဲလျက် ရှောင်ဟွားက ပြောလိုက်သည်။

​ရှောင်ဟွားလည်း မတတ်နိုင်တော့ပေ။

ဟူရှီယောင်က ရှိနေသေးသော်လည်း ဝူရှန်းကမူ ယဉ်ကျေးစွာ မနေပေ။

​"ဟွန့်... ဒီလူယုတ်မာလေး..." ဟု ဟူရှီယောင်က ထိုစကားများကို အကုန်ကြားလိုက်ရသည်။

​ဝူရှန်းလည်း အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။

ဟူရှီယောင်က ဘာအကြောင်းပြချက်မှ မရှိဘဲ သူ့နောက်သို့ ဘာကြောင့် လိုက်လာရသနည်း။

တကယ်လို့သာ ရှောင်ဟွား သူ့ကို လျစ်လျူရှုမည်ကို မစိုးရိမ်ရပါက ဟူရှီယောင်ကို အပြင်သို့ ကန်ထုတ်ပစ်ချင်စိတ်များပင် ပေါက်နေခဲ့သည်။

​မကြာမီမှာပင် ထိုသုံးဦးစလုံး တူညီသော အသက်ရှူသံများဖြင့် အိပ်ပျော်သွားကြတော့သည်။

​နောက်တစ်နေ့ မနက်ခင်းတွင်...

​ဝူရှန်းသည် စိတ်ကြည်လင်လန်းဆန်းလျက် အစောကြီး ထလာခဲ့သည်။

လှပသော မိန်းကလေးနှစ်ဦးမှာမူ အိပ်ပျော်နေဆဲပင် ဖြစ်သည်။

ဝူရှန်းလည်း သူတို့နှစ်ဦးကို မနှောင့်ယှက်တော့ပေ။

​တကယ်တမ်းတွင် သူသည် ရှောင်ဟွားအတွက် မင်္ဂလာပွဲတစ်ခုကို ကျင်းပပေးလိုခဲ့သည်။

သို့သော် ဒီလို အဆောတလျင် လုပ်ဆောင်ခြင်းက ရှောင်ဟွားအတွက် အနည်းငယ် တောင်းပန်ရမည့်အလား ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။

မင်္ဂလာပွဲကို နောင်တစ်ချိန်တွင် ပို၍ ခမ်းနားကြီးကျယ်စွာ လုပ်ဆောင်ပေးသင့်သည်။

​ကျင့်ကြံခြင်း မပြုလုပ်ရပါက တကယ်ကို ပျင်းစရာကောင်းလှပေသည်။

သို့သော် ဟူရှီယောင်ကမူ ထွက်သွားမည့် အရိပ်အယောင် လုံးဝ မပြပေ။

ဝူရှန်းလည်း အလွန်တရာ ဒေါသထွက်လာခဲ့သည်။

နှစ်​ရက်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

​"ရှောင်ဟွား.. ကိုယ် တစ်နေ့ကျရင် ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု လုပ်ပေးမယ်လို့ ကတိပေးပါတယ်"

ဝူရှန်းက ကတိပေးလိုက်သည်။

​ဟူရှီယောင်ကမူ ထိုနှစ်ဦး ချစ်ကြည်နူးနေကြသည်ကို ကြည့်ရင်း မျက်နှာကို လွှဲသွားခဲ့သည်။

​"အင်း... ရှီယောင်ကို ထပ်ပြီး စိတ်မဆိုးစေနဲ့တော့.. သူက မိန်းကလေးကောင်းတစ်ယောက်ပါ အခွင့်အရေးရှိရင် သူ့ကို သိမ်းသွင်းဖို့ ကြိုးစားပါ..."

ရှောင်ဟွားက ဝူရှန်း၏ နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။

​ဝူရှန်းက သူ့ဇနီးသည်က သူ့အတွက် အောင်သွယ်လုပ်ပေးလိမ့်မည်ဟု ဝူရှန်း လုံးဝ မထင်ထားခဲ့ပေ။

ဒီအချက်က လုံးဝ အံ့သြစရာပင် ဖြစ်သည်။

သို့သော် ဒီအရာကို နားလည်နိုင်ပေသည်။

ရှောင်ဟွားသည် သူမကိုယ်သူမ ဝူရှန်းနှင့် ထာဝရ အတူတကွ ရှိနေလိမ့်မည်ဟု မတွေးထားဘဲ ဆယ်စုနှစ်အနည်းငယ်မျှသာ ဖြစ်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

​ဝူရှန်းသည် ကျင့်ကြံသူတစ်ဦးအနေဖြင့် မသေမျိုး မဖြစ်နိုင်လျှင်တောင်မှ သက်တမ်းက အလွန်တရာ ရှည်လျားပေလိမ့်မည်။

ဝူရှန်းလည်း ဒါကို ချက်ချင်းပင် တွေးမိလိုက်သည်။

ထို့နောက် သူသည် ရှောင်ဟွားကို ရင်ခွင်ထဲသို့ တင်းတင်းဖက်ထားလိုက်သည်။

​ဒီလို နားလည်မှုရှိသော ဇနီးသည်ကို နာကျင်စေရန် သူ လုံးဝ မလုပ်ရက်ပေ။

တကယ်လို့သာ သူ မသန်မာလာပါက ရှောင်ဟွားကို မည်သို့ ကျင့်ကြံစေရမည့် နည်းလမ်းကို ရှာဖွေနိုင်မည်နည်း။

သူ သန်မာလာအောင် မိန်းကလေးများကို နမ်းရမည်။ နမ်းမှ ကျင့်ကြံမှုနှင့် လဲလှယ်ရန် အမှတ်များ ရရှိမည်။

ဒီကျိန်ဆဲစရာကောင်းသော စနစ်က သူကို မျက်နှာများသူ တစ်ယောက်အဖြစ် ဖန်တီးရန် ဇွတ်အတင်း လုပ်ဆောင်နေပုံရသည်။

ဟူး..

​"စနစ် ရှောင်ဟွား ကျင့်ကြံနိုင်အောင် သူမရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးနိုင်မည့် နည်းလမ်း ရှိလား"

ဝူရှန်းက စနစ်ကို မေးလိုက်သည်။

​【ပိုင်ရှင်.. ဈေးဆိုင်မှာ အရာအားလုံး ရောင်းချပါတယ်..ပိုင်ရှင်မှာ့ လုံလောက်တဲ့ အမှတ်တွေ ရှိနေသမျှ ကာလပတ်လုံး.. ပိုင်ရှင် ဘယ်အရာကိုမဆို အလွယ်တကူ ရရှိနိုင်ပါတယ်...】

စနစ် ရှင်းပြချက်ကို ကြားလိုက်ရသဖြင့် ဝူရှန်းမှာ ပို၍ပင် စိတ်အား ထက်သန်လာခဲ့သည်။

စနစ်၏ ခွင့်ပြုချက်များသည် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ တစ်ဆင့်ချင်း ပွင့်လင်းလာမည် ဖြစ်သည်။

​"သွားတော့မယ် ရှောင်ဟွား..."

ရှောင်ဟွားကို နှုတ်ဆက်လိုက်သည်။

​သူသည် ဝိညာဉ်သားရဲကို ခေါ်ယူကာ အပေါ်သို့ တက်လိုက်သည်။

​ဟူရှီယောင်သည် သူမ၏ ပျံသန်းနိုင်သော ဝိညာဉ်သားရဲကို ခေါ်ယူရန် ကြိုးစားလိုက်ရာ သူမ၏ ဝိညာဉ်သားရဲအိတ် ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူမသည် ဝူရှန်း၏ ဝိညာဉ်သားရဲပေါ်သို့ တိုက်ရိုက် ပျံတက်သွားခဲ့သည်။

​ဟူရှီယောင် ဝူရှန်း၏ ဝိညာဉ်သားရဲပေါ်သို့ ပျံတက်သွားသည်ကို မြင်လိုက်ရသဖြင့် ရှောင်ဟွားက အသာအယာ ပြုံးလိုက်သည်။

​"သွားတော့မယ် ရှောင်ဟွား..."

ဟူရှီယောင်က ရှောင်ဟွားကို လက်ပြ နှုတ်ဆက်လိုက်သည်။

​"ဂရုစိုက်သွားကြပါ..."

ရှောင်ဟွားက လက်ပြရင်း ပြောလိုက်သည်။

​ပျံသန်းနေသော ဝိညာဉ်သားရဲသည် ​ကောင်းကင်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။

ရှောင်ဟွား၏ လက်ထဲတွင် ဝိညာဉ်သားရဲအိတ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

​"ရှောင်ဟွား.. ဘာလို့ မင်းကိုယ်မင်း ဒီလိုမျိုး လုပ်ရတာလဲ..."

ဝူရှန်း၏ အဘိုးသည် ရှောင်ဟွား၏ အနားသို့ လျှောက်လာကာ သက်ပြင်းချလိုက်သည်။

ရှောင်ဟွားလည်း စကားတစ်ခွန်းမှ မပြောဘဲ အခန်းထဲသို့ ဝင်သွားခဲ့သည်။

​...

​"ဟူရှီယောင်.. မင်းမှာ ကိုယ်ပိုင် ဝိညာဉ်သားရဲ ရှိရဲ့သားနဲ့ ဘာလို့ ငါ့သားရဲအပေါ် လိုက်စီးတာလဲ"

ဝူရှန်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။

​သူတို့နှစ်ဦးသည် ပျံသန်းနိုင်သော ဝိညာဉ်သားရဲတစ်ကောင်တည်းပေါ်တွင် အတူတကွ စီးလာကြသဖြင့် အမြန်နှုန်းမှာ သဘာဝအလျောက် အနည်းငယ် နှေးကွေးသွားခဲ့သည်။

​"ဟွန့်... စေးနည်းလှချည်လား… ငါ့သားရဲမရှိလို့.. ရှင့်ရဲ့ ဝိညာဉ်သားရဲကို စီးတာပေါ့.."

ဝူရှန်းဘေးတွင် ရှိနေသော ဟူရှီယောင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

​ဝူရှန်းသည် သူမကို မုန်းတီးနေခြင်း မဟုတ်ပေ။

လှပသော အမျိုးသမီးတစ်ဦးနှင့် အနီးကပ် မနေချင်မည့်သူ ရှိမည်နည်း။

သို့သော် သူမ၏ ဒေါသကြီးသော အကျင့်စရိုက်ကိုမူ ဝူရှန်း အလွန်တရာ စိတ်မသက်မသာ ဖြစ်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူသည် သူမ၏ ပထမဆုံး အနမ်းကို ယူခဲ့သူ ဖြစ်ရာ သူ၏ လုပ်ရပ်များက အလွန်အမင်း လွန်ကဲသွားခဲ့ပေသည်။

​"ဟူရှီယောင်.. မင်းမှာ တာအိုလက်တွဲဖော် ရှိလား"

ဝူရှန်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

​နာရီဝက်ကျော်ကြာမြင့်မည့် ခရီးစဉ်မှာ အလွန်တရာ ပျင်းစရာကောင်းလှပေသည်။

​"ဘယ်လိုလုပ်ပြီး တာအိုလက်တွဲဖော် ရှိရမှာလဲ..ငါ့စိတ်ကြိုက်ဖြစ်တဲ့သူ တစ်ယောက်မှ မရှိဘူး"

ဟူရှီယောင်က မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ အလွန်တရာ ဒေါသတကြီးဖြင့် ဖြေလိုက်သည်။

​ဟူရှီယောင်၏ ဒေါသထွက်နေသော လေသံကို ကြားလိုက်ရသဖြင့် ဝူရှန်းမှာ ဗျာများသွားခဲ့သည်။

​"မရှိရင်လည်း မရှိဘူးပေါ့.. ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ" ဝူရှန်းက ပြောလိုက်သည်။

​ဟူရှီယောင်၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရသဖြင့် သူ စကားပင် မပြောနိုင်တော့ပေ။

​"ရှင်က တကယ်ပဲ ကျွန်မကို တာအိုလက်တွဲဖော် ရှာစေချင်တာလား" ဟူရှီယောင်က ထပ်မံမေးမြန်းလိုက်သည်။

​ဝူရှန်းလည်း သူမစကားကြောင့် လုံးဝ အံ့အားသင့်သွားခဲ့သည်။

​"မင်း တာအိုလက်တွဲဖော် ရှာချင်တာနဲ့ မရှာချင်တာက ငါနဲ့ ဘာဆိုင်လို့လဲ..."

ဝူရှန်းက ပခုံးတွန့်ကာ ပြောလိုက်သည်။

​သူသည် အခြားသူတစ်ဦးကို တာအိုလက်တွဲဖော် သွားရှာရန်အထိ တိုက်တွန်းပေးမည့်သူ မဟုတ်ပေ။

​ဟူရှီယောင်သည် ရုတ်တရက် ပြေးလာကာ ဝူရှန်း၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ကိုက်ချလိုက်သည်။

​"မင်းက ခွေးတစ်ကောင်လား" နက်ရှိုင်းနေသော သွားရာများကို ကြည့်ကာ နာကျင်စွာဖြင့် ဝူရှန်းက မေးလိုက်သည်။

​"ဟွန့်..."

ဟူရှီယောင်က ဝူရှန်းကို လျှာထုတ်ပြလိုက်သည်။

​ဝူရှန်းလည်း ပထမတော့ အလွန်တရာ ဒေါသထွက်ခဲ့သော်လည်း ဟူရှီယောင်၏ အမူအရာကို မြင်လိုက်ရသောအခါ ပို၍ပင် စကားမပြောနိုင်တော့ပေ။

ကလေးသူငယ်တစ်ဦးကဲ့သို့ပင် ဖြစ်နေပေသည်။

​"မင်းနိုင်ပါပြီ…ယောင်္ကျားကောင်းက မိန်းကလေးတစ်ယောက်နဲ့ မယှဉ်သင့်ဘူး"

ပြောပြီးနောက် ဝူရှန်းသည် မျက်လုံးများကို အခြားတစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

​အချိန်ကာလများမှာ ဒီလိုပင် ကုန်ဆုံးသွားခဲ့သည်။

​ထိုသူနှစ်ဦးသည် အန်းပင်းမြို့အတွင်းသို့ အတူတကွ လျှောက်ဝင်လာခဲ့ကြသည်။

ဟွမ်ထျန်းဂိုဏ်း၏ တပည့်သစ် ခေါ်ယူရေး စာမေးပွဲလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

​"အမွှေးတိုင်တစ်တိုင် ကုန်ချိန် အချိန်အတွင်းမှာ စာမေးပွဲ အောင်မြင်ပြီးသား တပည့်တွေ အားလုံး ငါ့နောက်ကနေ ဟွမ်ထျန်းဂိုဏ်းဆီ လိုက်ခဲ့ကြပါ" စင်မြင့်ထက်မှနေ၍ ဟွမ်ထျန်းဂိုဏ်း၏ တာဝန်ခံက ကျယ်လောင်စွာ အော်ပြောလိုက်သည်ကို ဝူရှန်းတို့ ရောက်ရှိလာချိန်တွင် ကြားလိုက်ရသည်။

​ဝူရှန်းလည်း လျိုချင်းရွှမ်းကို အမြန်ရှာလိုက်သည်။

​"စီနီယာအစ်ကိုလျို.. ဝိညာဉ်သားရဲအတွက် ကျေးဇူးတင်ပါတယ်"

ဝူရှန်းက ပြောဆိုရင်း ဝိညာဉ်သားရဲ သိုလှောင်အိတ်ကို လျိုချင်းရွှမ်းအား ပြန်ပေးရန် ပြင်လိုက်သည်။

​လျိုချင်းရွှမ်းက မယူဘဲ ငြင်းဆန်လိုက်သည်။

​"ဟဲဟဲ... ဂျူနီယာညီလေး.. ဒီပျံသန်းတဲ့ ဝိညာဉ်သားရဲကို ငါ့ဘက်က လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပါ"

ဝူရှန်းကို လျိုချင်းရွှမ်းက ပြုံးရင်း ပြောလိုက်သည်။

​ဝူရှန်းလည်း ပထမတော့ ငြင်းပယ်ချင်ခဲ့သည်။

သို့သော် သူ စဉ်းစားကြည့်လိုက်ရာ နောင်တွင် လျိုချင်းရွှမ်းနှင့် အချိန်အကြာကြီး ဆက်ဆံရဦးမည်ဖြစ်ရာ မငြင်းပယ်ခြင်းက ပို၍ ကောင်းမွန်မည်ဟု တွေးလိုက်သည်။

နောင်တွင် ကောင်းမွန်သည့်အရာတစ်ခုခု ရှိလာပါက လျိုချင်းရွှမ်းကို ပြန်အမှတ်ရနေမည်ဆိုလျှင် ပြီးပေသည်။

ထို့သို့ တွေးလိုက်ရသဖြင့် ဝူရှန်းလည်း စိတ်အေးသွားခဲ့သည်။

​လျိုချင်းရွှမ်းသည် ဝူရှန်းနှင့် စကားပြောရာတွင် အလွန်တရာ အာရုံစိုက်နေခဲ့သဖြင့် ဝူရှန်း၏ နောက်ဘက်အနည်းငယ်တွင် ရှိနေသော ဟူရှီယောင်ကို သတိမထားမိခဲ့ပေ။

​"မိန်းကလေး ဟူ.. မင်းပဲကိုး..."

ဟူရှီယောင်ကို လျိုချင်းရွှမ်း နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။

​လျိုချင်းရွှမ်းက ဟူရှီယောင်ကို သိရှိနေမည်ဟု ဝူရှန်း လုံးဝ မထင်ထားခဲ့ပေ။

​"စီနီယာအစ်ကိုလျို.. ဟူရှီယောင်ကို သိလို့လား"

လျိုချင်းရွှမ်းကို ဝူရှန်းက မေးလိုက်သည်။

​လျိုချင်းရွှမ်းသည် ဝူရှန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​"မင်းက သူမနဲ့ အတူတကွ ရှိနေတာတောင် သူမက ဘယ်သူလဲဆိုတာ မသိဘူးလား"

လျိုချင်းရွှမ်းက ပြန်လည် မေးမြန်းလိုက်သည်။

​ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဝူရှန်းသည် သိုးကျောင်းရုံသာ ကျောင်းတတ်ခဲ့သူဖြစ်ရာ လူများစွာကို မသိရှိပေ။

​"ဟူရှီယောင်မှာ ဘယ်လို ထူးခြားတဲ့ အထောက်အထားမျိုး ရှိလို့လဲ"

ဝူရှန်းက စိတ်ဝင်တစား မေးလိုက်သည်။

​"သူမက အန်းပင်းမြို့သခင် အိမ်တော်ရဲ့ သမီးအကြီးဆုံးလေ"

ဝူရှန်းနှင့် ဟူရှီယောင်ကို အဓိပ္ပါယ်ပါပါ အမူအရာဖြင့် လျိုချင်းရွှမ်းက ကြည့်ကာ ပြောလိုက်သည်။

​ဝူရှန်းလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

သူနှင့် အတူတကွ အချိန်အကြာကြီး ရှိနေခဲ့သူသည် အန်းပင်းမြို့သခင် အိမ်တော်၏ သမီးအကြီးဆုံး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment