no

Font
Theme

အခန်း (၄) ဘယ်သူက သတ္တိနည်းတာလဲ

​"အဘိုးကလည်း ဘာတွေပြောနေတာလဲ။ မြေးက သူမကို တကယ်ချစ်တာပါ.. ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ရဲမှာလဲ" ပြောရင်း ဝူရှန်းသည် ရှောင်ဟွား၏ လက်ကလေးကို ပို၍ တင်းတင်းဆုပ်ကိုင်လိုက်သည်။

​ဝူရှန်း၏ စကားကို ကြားလိုက်ရသဖြင့် ရှောင်ဟွား၏ ရင်ထဲတွင် ပြောမပြတတ်အောင် ပျော်ရွှင်သွားခဲ့သည်။

ထို့နောက် ဝူရှန်းသည် ရွှေပြား ၅ သိန်းပါသော အိတ်ကို အဘိုးဖြစ်သူ၏ ရှေ့သို့ တင်ပေးလိုက်သည်။

​"အဘိုး.. ဒါက မြေး ဒီနေ့ ရှာထားတဲ့ ပိုက်ဆံတွေပါ..အဘိုးကြိုက်သလို သုံးဖို့ပဲ" ပြောရင်း အိတ်ကို အဘိုးဖြစ်သူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

​"ကောင်လေး.. ရှာထားတဲ့ ပိုက်ဆံတွေကို ကိုယ်ပဲ သိမ်းထားပါလား ငါလို လူအိုကြီးက ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘာလုပ်လို့ နိုင်မှာလဲ" ဝူရှန်း၏ အဘိုးက ပြုံးစစဖြင့် ပြောလိုက်သည်။

​"အဘိုး.. အဘိုး မသိသေးလို့ပါ..မြေးက အခု ကျင့်ကြံလို့ရတဲ့သူ ဖြစ်နေပြီလေ" ဝူရှန်းက စိတ်ရှည်လက်ရှည် ရှင်းပြရင်း "ဒါကို ကြည့်လိုက်ပါဦး..." စွမ်းအင်ကို အသုံးပြု၍ သစ်ပင်တစ်ပင်ကို လဲကျသွားအောင် လုပ်ပြလိုက်သည်။

​"ဝူရှန်း.. ရှင့်စွမ်းအားတွေက အခု ဒီလောက်အထိ များနေပြီလား.. နောင်ကျရင် ကျွန်မကို မလိုချင်တော့ဘူး ဖြစ်သွားမလားဟင်"

ရှောင်ဟွားက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

​ဝူရှန်းလည်း အလွန်ပင် စိတ်ညစ်သွားခဲ့သည်။

သူသည် မိမိကိုယ်တိုင် ကျင့်ကြံနိုင်ပြီဖြစ်ကြောင်းကို အဘိုးဖြစ်သူအား သက်သေပြချင်ရုံသာ ရှိသေးသည်.. ဘာကြောင့် ရှောင်ဟွားဆီသို့ပါ သက်ရောက်သွားရပါသနည်း။

​"ဒီမိုက်မဲတဲ့ ကောင်မလေးကလည်း.. ဘယ်လိုလုပ် မင်းကို မလိုချင်ဘဲ နေမလဲ ကိုယ်က မင်းကို ခပ်ဝဝ သားသမီးလေးတွေ အများကြီး မွေးပေးဖို့တောင်ဆိုမလို့ကို"

ဝူရှန်းသည် ရှောင်ဟွားကို သူ၏ ရင်ခွင်ထဲသို့ တင်းတင်းဆွဲသွင်းလိုက်သည်။

​ဝူရှန်း၏ အဘိုးလည်း ထိုရွှေပြားများနှင့်ပတ်သက်၍ ထပ်မပြောတော့ပေ။

သူသည် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း ကျင့်ကြံသူများအတွက် ရွှေပြားများသည် လုံးဝ အသုံးမဝင်ကြောင်း ကောင်းကောင်း သိထားပေသည်။

​ချစ်သူနှစ်ဦး၏ အနေအထားကို မြင်လိုက်ရသဖြင့် သူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးမှ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။

​ဝူရှန်းသည် ယခုအခါတွင် သိုးမကျောင်းတော့သော်လည်း သူ၏ အဘိုးကမူ သွားရောက်ကြည့်ရှုရန် လိုအပ်နေဆဲ ဖြစ်သည်။

​"အဘိုးကလည်း အသက်အရွယ်လည်း ရနေပြီပဲ.. နောင်ဆို သိုးမကျောင်းနဲ့တော့..."

ဝူရှန်းက ပြောလိုက်လေသည်။

​"ပိုက်ဆံရှိရုံနဲ့ ထိုင်နေလို့မှ မရတာ... ငါ့အရိုးအိုကြီးတွေနဲ့ လုပ်စရာလေး ဘာလေးတော့ ရှာလုပ်ရဦးမှာပေါ့"

ဝူရှန်း၏ အဘိုးက ပြုံးရင်း ပြန်ပြောလိုက်သည်။

​သူ့ကို တား၍ မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ဝူရှန်းလည်း ဆက်မတားတော့ပေ။

​"ဒါဆို ဘေးအန္တရာယ်ကို သတိထားနော် အဘိုး..."ဝူရှန်းက မှာကြားလိုက်သည်။

​ဒီလောက်အသက်ကြီးမှသာ ချော်လဲသွားပါက ပြဿနာက ကြီးမားလှပေမည်။

အဘိုးဖြစ်သူ ထွက်သွားသည်ကို ကြည့်နေရင်းမှ...

​"ရှောင်ဟွား.. ငါတို့ တစ်ခုခု လုပ်ရမလား"

မျက်နှာလေး အနည်းငယ် နီရဲနေသော ရှောင်ဟွားကို ကြည့်ရင်း ဝူရှန်းက အပြုံးစစဖြင့် ပြောလိုက်သည်။

​"ဝူရှန်း.. ရှင့်ကိုအရင်က ဒီလောက် မယုတ်မာတတ်ဘူးထင်နေတာ.. အခုတော့ တော်တော်ဆိုးလာပြီပဲ"

ရှောင်ဟွားက ရင်ဘတ်ကို ထုကာ "ရှင်သာ လူယုတ်မာမှန်း..ကြိုသိရင် ဝူးဝူး..."

​ဝူရှန်းလည်း စကားမပြောတော့ဘဲ သူမ၏ နှုတ်ခမ်းလေးကို တိုက်ရိုက် နမ်းရှိုက်လိုက်ပြီးနောက် သူမကို ချီပိုးကာ အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။

​"ဒါ နေ့ခင်းကြောင်တောင်ကြီးလေ..."

ရှောင်ဟွားက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

​"ခဏနေရင် မှောင်လာမှာပဲ မဟုတ်ဘူးလား"

ဝူရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

​ရှောင်ဟွားလည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ့ကို သဘောကျမိသူမှာ သူမကိုယ်တိုင် မဟုတ်ပါလော။

​"ရှောင်ဟွား.. ကိုယ်အရမ်း ညင်သာပေးမှာပါ…ဘာနာကျင်မှုကိုမှ ခံစားရစေမှာ မဟုတ်ဘူး"

ဝူရှန်းက ရှောင်ဟွား၏ လှပသော မျက်နှာလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

​"အင်း..."

ရှောင်ဟွားလည်း ခေါင်းညိတ်ပြလိုက်လေသည်။

​ထိုသို့ဖြင့် သူတို့နှစ်ဦးသား တစ်ကျော့ပြန်...

​နောက်တစ်နေ့ မနက်ခင်းတွင်...

​အိပ်ပျော်နေဆဲဖြစ်သော ရှောင်ဟွားကို ကြည့်ရင်း ဝူရှန်းက သူမကို မနှိုးတော့ပေ။

တစ်ညလုံး ပင်ပန်းခဲ့ရသည်မှာ မပြောပလောက်အောင်ပင်။

ထို့နောက် ဝူရှန်းသည် အန်းပင်းမြို့ရှိ ဟွမ်ထျန်းဂိုဏ်း၏ တပည့်ဝင်ခွင့် စာမေးပွဲသို့ သွားရောက်ရန်အတွက် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။

​ဝူရှန်း အခန်းထဲမှ ထွက်လာသည်နှင့် ရှောင်ဟွားလည်း မျက်လုံးဖွင့်လိုက်သည်။

သူမသည် ဝူရှန်း၏ မျက်နှာကို တည့်တည့်မကြည့်ဝံ့ပေ။

ညက အော်ဟစ်ခဲ့ရသည့် အသံများကို တွေးမိတိုင်း သူမ အလွန်ပင် ရှက်ရွံ့နေမိသည်။

​ဝူရှန်းကမူ ရှောင်ဟွားတွင် ဒီလို အတွေးများ ရှိနေမှန်း လုံးဝမသိပေ။

သူသည် ရွာအနီးရှိ မြို့ငယ်လေးတစ်မြို့မှ မြင်းတစ်ကောင်ကို ငှားရမ်းကာ အန်းပင်းမြို့ရှိရာဆီသို့ မြင်းကို အပြင်းနှင်လာခဲ့သည်။

​အန်းပင်းမြို့သို့ ရောက်ရှိလာသောအခါ မြို့ထဲတွင် လူငယ်သခင်များနှင့် သူဌေးသမီးများစွာ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

ထို့နောက် လူအုပ်ကြီး စုဝေးနေသည့် စင်မြင့်တစ်ခုထံသို့ သူ ရောက်ရှိသွားခဲ့သည်။

​"ဒီတစ်ခါတော့ မြို့သခင်ရဲ့ သမီးတော်က အထူးအခွင့်အရေးနဲ့ ဝင်ခွင့်ရတာကလွဲလို့ ကျန်တဲ့သူတွေ အားလုံးက ဒီစင်ပေါ်မှာ တစ်နာရီကြာအောင် ခံနိုင်ရည်ရှိမှပဲ အောင်မြင်မှာတဲ့"

​"ဒီလောက်များတဲ့ လူတွေက အလှည့်ကျ ဝင်တိုက်နေကြတာကို ဘယ်သူကများ ခံနိုင်မှာလဲ"

​"ဒါပေါ့... အပေါ်ယံအားဖြင့် စည်းမျဉ်းမရှိသလိုလိုနဲ့ တကယ့်တကယ်တော့ အရမ်းခက်ခဲတာပဲ"

​"အခု စင်ပေါ်မှာ ရှိနေတဲ့ကောင်က ဘယ်သူလဲ"

​"ကြားရတာတော့ ချန်းမိသားစုရဲ့ လူငယ်သခင် ချန်းယန် လို့ပြောတာပဲ"

​"သူ ဘယ်လောက်ကြာပြီလဲ"

​"မကြာခင် တစ်နာရီပြည့်တော့မှာ"

​"...."

ထိုစကားသံများကို ကြားလိုက်ရသဖြင့် ဝူရှန်း စိတ်ဝင်စားသွားခဲ့သည်။

သူသည် ထိုလူငယ်သခင်ကို တက်သွားပြီး ထိုးချပစ်ရမလားဟု တွေးတောနေမိသည်။

သို့သော် သူ မလှုပ်ရှားသေးပေ။

သူက ပြဿနာရှာလိုစိတ် မရှိသလို ဘေးလူတစ်ယောက်အနေဖြင့် ကြည့်နေရုံဖြင့် လုံလောက်ပြီဟု ထင်နေခဲ့သည်။

​ဝူရှန်း၏ အယူအဆအရ မီးတောက်ကို ကိုယ်တိုင်တောက်စေလျှင် ပြီးရော.. တခြားသူတို့၏ မီးကို ဘာကြောင့် ငြိမ်းသတ်နေရမည်နည်း။

သူသည် အောက်တွင် ရပ်နေရင်း စင်ပေါ်ရှိလူ၏ အချိန်ပြည့်သွားမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

​"မင်းတို့တွေ အားလုံးက သတ္တိနည်းတဲ့ လူကြောက်တွေချည်းပဲ.. တက်လာရဲတဲ့ကောင် တစ်ကောင်မှတောင် မရှိဘူးလား" ချန်းယန်က လူအုပ်ကြီးကို ကျယ်လောင်စွာဖြင့် လှောင်ပြောင်လိုက်သည်။

ထိုစကားသည် ဝူရှန်းကိုပါ အပါအဝင်ဖြစ်သွားစေခဲ့သည်။

ဒီလို အခြေအနေကို မည်သူက သည်းခံနိုင်မည်နည်း။

သူက ပြဿနာကို မရှာသော်လည်း ပြဿနာကို ကြောက်တတ်သူတော့ မဟုတ်ပေ။

ဖားခရုပဲ...

​"မင်းက ဘယ်သူ့ကို သတ္တိနည်းတယ်လို့ ခေါ်တာလဲ.. မင်းက တော်တော် မာန်တက်နေပြီပေါ့လေ"

ဝူရှန်းက အောက်မှနေ၍ မျက်နှာတင်းမာစွာဖြင့် အော်ပြောလိုက်သည်။

သူ၏အသံကြောင့် ပတ်ဝန်းကျင်ရှိ ဖရဲသီးစားရင်း ပွဲကြည့်နေကြသော လူအုပ်ကြီးမှာ ချက်ချင်းပင် လန့်သွားခဲ့သည်။

အချို့ဆိုလျှင် ဝူရှန်းနားမှ ဘေးသို့ တမင်တကာ ဖယ်ရှားသွားကြသည်။

​သူ၏ လုပ်ရပ်ကြောင့် လူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားခဲ့သည်။

မလှမ်းမကန်းရှိ အဆောက်အအုံတစ်ခုပေါ်မှ လှပသော မျက်ဝန်းတစ်စုံသည် ထိုနေရာကို စူးစိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်တွင် အပြုံးတစ်ခု ပါဝင်နေသည်။

​"ငါပြောတာ ဒီမှာရှိတဲ့ လူတိုင်းကို ဆိုလိုတာပါပဲ"

ချန်းယန်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

​ပတ်ဝန်းကျင်တွင် ရှိနေကြသော လူတိုင်းသည် ဒေါသထွက်ကြသော်လည်း တစ်ခွန်းတစ်ပါးမျှ မပြောရဲကြပေ။

ချန်းယန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။

​ဝူရှန်းသည် ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်ကြည့်လိုက်သည်။

​"ခွေးသားပဲ... မင်းတို့မှာ သတ္တိမရှိရင် ငါပဲ တက်သွားလိုက်မယ်..”

ပြောပြီးနောက် ဝူရှန်းသည် စင်ပေါ်သို့ တက်သွားခဲ့သည်။

​ပါးလွှာသော ကိုယ်ခန္ဓာရှိသည့် ဝူရှန်းကို မြင်လိုက်ရသဖြင့် ချန်းယန်က သူ့ကို လုံးဝ အလေးအနက် မထားခဲ့ပေ။

​"မင်း အရင်စ တိုက်လိုက်ပါ... ငါက အားနည်းတဲ့သူကို အားနဲ့ဖိနှိပ်တယ်လို့ တခြားသူတွေ မပြောစေနဲ့"

ချန်းယန်က လေသံအေးဖြင့် ပြောလိုက်သည်။

​ချန်းယန်၏ ဒီလို သွန်သင်ဆုံးမသည့် ပုံစံကို မြင်လိုက်ရသဖြင့် ဝူရှန်းမှာ အန်ချင်လာသလို ခံစားလိုက်ရသည်။

ကိုယ့်မှာ စွမ်းအားမရှိဘဲ ဘာတွေ ဟန်ဆောင်နေတာလဲ..

​"မင်းပြောတာနော်.. ဒါဆို ငါလည်း ယဉ်ကျေးမနေတော့ဘူး"

ဝူရှန်းက မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

​ဝူရှန်းလည်း ယဉ်ကျေးနေမည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သေလမ်းကို ကိုယ်တိုင်ရှာနေမှတော့ သူလည်း ဆန္ဒကို ဖြည့်ဆည်းပေးရပေမည်။

လျင်မြန်ခြေလှမ်းကိုသုံးလိုက်ပြီး သူသည် ချန်းယန်အနား ရောက်ရှိသွားကာ ချန်းယန်၏ မျက်နှာဆီသို့လက်သီးဖြင့် ထိုးချလိုက်သည်။

​ချန်းယန်မှာ လေထဲသို့ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ အပြင်းအထန် ကျရောက်ကာ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

​"ဟာ့... အသုံးမကျတဲ့အကောင်လေးပဲ.. နှာခေါင်းထဲ ကြက်သွန်မြိတ်ထိုးပြီး လူကြီးလူကောင်းလို မဟန်ဆောင်စမ်းပါနဲ့"

ဝူရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။

​ချန်းယန်မှာမူ ထိုတွင်းထဲတွင် လဲလျက်သားရှိနေဆဲဖြစ်ပြီး လှုပ်ရှားနိုင်ပုံ မပေါ်တော့ပေ။

​"သူ့အစ်ကိုက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား"

​"သူ့အစ်ကိုက ဟွမ်ထျန်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်လေ.. ဒီတစ်ခါ ဟွမ်ထျန်းဂိုဏ်းထဲ ဝင်သွားရင် မင်း ဒုက္ခရောက်လိမ့်မယ်"

​"...."

​အောက်မှ လူများ၏ ပြောဆိုဆွေးနွေးသံများကို ကြားလိုက်ရသော်လည်း ဝူရှန်းကမူ လုံးဝ ဂရုမစိုက်ပေ။

သူ၏ ကျင့်စဉ်သည် အခြားသူများနှင့် မတူပေ။

အမျိုးသမီးများသာ ရှိနေသမျှ ကာလပတ်လုံး သူသည် ဆက်လက် တက်လှမ်းနေနိုင်မည်သာ ဖြစ်သည်။

​"အောက်က လူတွေ အကုန်လုံး ဆွေးနွေးနေတာ ရပ်လိုက်ကြစမ်းပါ သတ္တိရှိရင် အပေါ်တက်ခဲ့ကြစမ်းပါ"

ဝူရှန်းက အောက်မှ ပြောဆိုနေကြသော အသံများကို ကြည့်ကာ ပြောလိုက်သည်။

​ချန်းယန်တစ်ယောက်တည်းကိုပင် ကြောက်လန့်နေကြပြီဖြစ်ရာ ဝူရှန်းက ချန်းယန်ကို လက်သီးတစ်ချက်ဖြင့် လွင့်စင်သွားအောင် ထိုးချလိုက်သည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ကြောက်ရွံ့သွားကြသည်။

​"မင်းတို့ အားလုံး အပေါ်ကို အုပ်စုလိုက် တက်လာကြ…မင်းတို့သာ ငါ့ကို နိုင်အောင် လဲချနိုင်ရင် ငါရှုံးကြောင်း ဝန်ခံမယ်" အပေါ်သို့ တက်လာရဲကြခြင်းမရှိသော အောက်မှ လူများကို ဝူရှန်းက ပြုံးရင်း ပြောလိုက်သည်။

'နေပါဦး..ငါကပိုမောက်မာနေတာလား’ ဝူရှန်းတစ်ချက်တွေးလိုက်သည်။ ထားပါတော့…

​အောက်မှ လူများလည်း တဖြည်းဖြည်းဖြင့် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကြသည်။

​"ညီအစ်ကိုတို့.. မင်းတို့ တက်မှာလား မတက်ဘူးလား"

​"ငါတို့ လူအုပ်စုလိုက်နဲ့ ဒီကောင့်ကို မနိုင်နိုင်ဘဲ နေမလား"

​"ဒါပေါ့.. ငါတို့ လူအုပ်နဲ့ဆို ဒီကောင့်ကို အနိုင်ယူနိုင်မှာ သေချာတယ်"

​"အင်း.. ဒါဆို အားလုံး အတူတကွ တက်ပြီး သူ့ကို သင်ခန်းစာ ပေးလိုက်ကြစမ်းပါ..."

​"...."

​ထို့ကြောင့် လူအုပ်ကြီးသည် စင်ပေါ်သို့ အုံနဲ့ကျင်းနဲ့ တက်သွားခဲ့ကြသည်။

​"ခွေးသားပဲ.. ဒီကောင် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်မလို့လား" မလှမ်းမကန်းမှ ပွဲကြည့်နေကြသော လူအုပ်ကြီးက အံ့သြတကြီးဖြင့် ပြောလိုက်သည်။

​လှပသော မျက်ဝန်းပိုင်ရှင် အမျိုးသမီးမှာလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

ထိုအမျိုးသမီးသည် အခြားသူမဟုတ်.. ဟူရှီယောင်ပင် ဖြစ်ပေသည်။

ဝူရှန်းသည် ဘာကြောင့် ဒီလို တောင်းဆိုမှုကို လုပ်ရသလဲဆိုသည်ကို သူမ အလွန်တရာ အံ့ဩနေမိသည်။

​စင်ပေါ်တွင်...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment