အခန်း (၂) ဟူရှီယောင်ကို နမ်းရှိုက်ခြင်း
နောက်မှနေ၍ လိုက်လာနေသော ဂိုဏ်းတူတပည့်ဘက်ကို ကြည့်ရင်း ဟူရှီယောင်မှာ သွားကိုကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
"ကောင်းပြီလေ... သဘောတူတယ်.. ဒါပေမဲ့ ရှင်…လွန်လွန်ကျွံကျွံတော့ မလုပ်နဲ့နော်" ဟု ဟူရှီယောင်က သတိပေးလိုက်သည်။
ဝူရှန်းလည်း အမျိုးသမီးတစ်ဦးကို နမ်းရှိုက်ခွင့်ရမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။
ထို့ကြောင့် သူသည် ဟူရှီယောင်၏ အနားသို့ တိုးကပ်သွားကာ သူမ၏ ချယ်ရီသီးနှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်လေသည်။
【ဒင်…ပိုင်ရှင်၏ ကျင့်ကြံခြင်းစွမ်းအားကို အခြေခံတည်ဆောက်ခြင်းအဆင့်၏ ထိပ်ဆုံးသို့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့ပါပြီ】
【ဆုလာဘ်အနေဖြင့် အမှတ် ၁၀ မှတ် ရရှိပါသည်။】
ထို့နောက် ဝူရှန်းသည် သူ၏ကိုယ်ခန္ဓာအထဲမှ အပြင်ဘက်သို့ ပြန့်ထွက်လာသော ကြီးမားလှသည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။
"ဟားဟား... ငါ့ကို နမ်းခွင့်ပေးတာ ကျေးဇူးတင်ပါတယ်..ဒီကောင်ကိုတော့ ငါရှင်းလိုက်မယ်..."
ဝူရှန်းက ဟူရှီယောင်၏ နှုတ်ခမ်းမှ သူနှုတ်ခမ်းကိုခွာလိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။
သူသည် လျင်မြန်ခြေလှမ်း ကျင့်စဉ်ကို သုံးကာ လာနေသည့်လူထံသို့ ချက်ချင်းတိုးသွားပြီး လက်သီးတစ်ချက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားအောင် ထိုးချလိုက်သည်။
ထို့နောက် ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ကာ ထိုလူ၏ အသက်ကို အဆုံးသတ်လိုက်လေသည်။
သူ့ကို သတ်ပစ်ရမည်သာ ဖြစ်သည်။
မသတ်ပါက ထိုလူသာ နောင်တစ်ချိန်တွင် လက်စားချေရန် ပြန်လာခဲ့လျှင် မည်သို့လုပ်ရမည်နည်း။
ဝူရှန်းသည် ဘာမှထပ်မပြောတော့ဘဲ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။
ထိုအချိန်မှသာ ဟူရှီယောင်သည် သူမ၏ အခြေအနေမှ သတိပြန်ဝင်လာခဲ့သည်။
"ဟေ့... ရှင့်နာမည်က ဘယ်သူလဲ..ရှင့်ကျေးဇူးကို ကျွန်မ ဘယ်လိုပြန်ဆပ်ရမလဲ" ဟု ဝူရှန်း၏ ကျောခိုင်းထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ဟူရှီယောင်က အော်ပြောလိုက်သည်။
သို့သော် ဝူရှန်းကမူ သူမကို ဂရုမစိုက်တော့ပေ။
သူမကို အဖတ်မလုပ်တာတွေ့ သောအခါ ဟူရှီယောင် က ခြေစောင့်လိုက်ကာ..
"ကျွန်မကို ဂိုဏ်းကို သွားတိုင်လိုက်ရင် ရှင်ဒီလူကို သတ်ခဲ့တာကို သူတို့သိသွားမှာ မကြောက်ဘူးလား"
ဟူရှီယောင်က ပြုံးစစဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသဖြင့် ဝူရှန်း၏ လျှောက်လှမ်းနေသော ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
သူ ရပ်သွားသည်ကို မြင်လိုက်ရသောအခါ ဟူရှီယောင်မှာ အောင်နိုင်သူလို ပြုံးလိုက်သည်။
နောက်တစ်ခနမှာ…
"မိန်းကလေး... ဒီနေရာက လူသူကင်းမဲ့နေတဲ့ နေရာဆိုတာ မင်းသိသင့်တယ်… တစ်ခုခုဖြစ်သွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး" ဟု ဝူရှန်းက ပြုံးပြရင်း ပြောလိုက်သည်။
သူ၏ စူးရှတောက်ပြောင်နေသော အကြည့်တို့သည် ဟူရှီယောင်၏ ကိုယ်ခန္ဓာကို အထက်အောက်ကြည့်ရှု လိုက်သည်။
"ရှင်... ရှင်ဘာလုပ်မလို့လဲ" ဟု ဟူရှီယောင်က ကြောက်လန့်တကြားဖြင့် သူမ၏ ရင်ဘတ်ကို လက်ဖြင့် အမြန်ကာကွယ်လိုက်သည်။
သို့ပေသိ..ဝူရှန်းသည် သူမထံသို့ ရောက်ရှိသွားပြီး သူမ၏ နှုတ်ခမ်းလေးကို အတင်းအကျပ် ဆက်ကာ နမ်းရှိုက်လိုက်ပြန်သည်။
【ပိုင်ရှင်၏ ကျင့်ကြံခြင်းစွမ်းအားကို ရွှေအမြုတေအဆင့် အလယ်အလတ်သို့ ရောက်ရှိအောင် တိုးမြှင့်နိုင်ခဲ့ပါပြီ】
ဒုတိယအကြိမ် နမ်းလိုက်ခြင်းကလည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးလိမ့်မည်ဟု ဝူရှန်း လုံးဝမထင်ထားခဲ့ပေ။
သို့သော် ဒီအချက်အရကြည့်လျှင် စနစ်အမှတ်များကို တိုးမြှင့်ရန်အတွက်တော့မရပေ။
"ဝူး…ဝူး... လူယုတ်မာကြီး" ဟု ဟူရှီယောင်က ငိုသံစွက်ကာ ပြောလိုက်သည်။
ဝူရှန်းသည် သူမ၏ကိစ္စများကို ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း သူမက သူ့ကို အရင်ခြိမ်းခြောက်လာခဲ့ခြင်း ဖြစ်သည်။
သူသည် ခြိမ်းခြောက်ခံရခြင်းကို မကြိုက်ပေ။
ထို့ကြောင့် ဒီအရာက သူမကို သင်ခန်းစာပေးခြင်းသာ ဖြစ်သည်ဟု သူက ယူဆလိုက်သည်။
သူ့အနေဖြင့် ဒီအမျိုးသမီးကို တခြားမကောင်းတာ တစ်စုံတစ်ရာ လုပ်ရန် အကြံအစည် မရှိပေ…နမ်းရုံသာ ဖြစ်သည်။
"အခု ငါသွားလို့ရပြီလား"
ဝူရှန်းက မေးလိုက်သည်။
ဟူရှီယောင်လည်း ငိုရင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမသည် သူမကိုယ်သူမပင် ရိုက်ချင်စိတ်တွေ ပေါက်လာခဲ့သည်။
သူမသည် အဘယ်ကြောင့် သူ့ကို ခြိမ်းခြောက်မိပါသနည်း။
ဝူရှန်း ထွက်သွားပြီး မလှမ်းမကမ်းသို့ ရောက်ရှိကာ မမြင်ရတော့မည့် အချိန်တွင်မှ ဒီနေရာက လူသူကင်းမဲ့နေသည့် အန္တရာယ်များသော နေရာဖြစ်ကြောင်း သတိရသွားကာ ဝူရှန်း၏ နောက်သို့ အမြန်လိုက်သွားခဲ့လေသည်။
ဒီနေရာက အလွန်တရာ ကြောက်စရာကောင်းလှသည်။ အနည်းဆုံးတော့ ဝူရှန်းက သူမ၏ အသက်ကို ယူမည်မဟုတ်ပေ။
ဝူရှန်းသည်လည်း အလွန်ဖြည်းဖြည်းချင်း လျှောက်နေခြင်း ဖြစ်သည်။
သူက ဂိုဏ်းတစ်ခုခုသို့ သွားရောက်လည်ပတ်သင့်မသင့်ကို တွေးတောနေခဲ့ခြင်း ဖြစ်သည်။
သူ ခြေလှမ်းများကို ရပ်တန့်လိုက်ချိန်တွင် သူ၏ ကျောပြင်ပေါ်သို့ နူးညံ့သောအရာတစ်ခု လာတိုက်မိသွားသည်ကို ခံစားလိုက်ရသည်။
"အဟွတ်..."
သူ နောက်သို့လှည့်ကြည့်လိုက်ရာ တိုက်မိသွားသူက…
"ရှင် ယုတ်မာလှချည်လား.. ဘာလို့ ရပ်လိုက်တာလဲ" ဟု ဟူရှီယောင်က မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
ဝူရှန်းမှာမူ စကားပင်မပြောနိုင်အောင် အံ့သြသွားခဲ့သည်။ နောက်မှနေ၍ ၀င်တိုက်လာသူမှာ သူမကိုယ်တိုင် မဟုတ်ပါလော။
"ငါ့နောက်ကနေ လိုက်လာဖို့ ဘယ်သူကပြောလို့လဲ..ငါ့ကို ထပ်နမ်းစေချင်လို့လား"
ဝူရှန်းက ဟူရှီယောင်၏ နှုတ်ခမ်းလေးကို ငုံ့ကြည့်ရင်း မျက်ခုံးပင့်ကာ ပြောလိုက်သည်။
ဟူရှီယောင်လည်း လန့်သွားကာ သူမ၏ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်လေသည်။
ဝူရှန်းကလည်း ကျယ်လောင်စွာ ရယ်မောရင်း ထွက်ခွာသွားခဲ့သည်။
နာရီဝက်ခန့် ခရီးဆက်ပြီးနောက် ဝူရှန်းသည် အန်းပင်းမြို့ သို့ ရောက်ရှိလာခဲ့သည်။
ဆိုင်တစ်ဆိုင်ကို ရှာဖွေပြီးနောက် သူသည် ငွေကြေးအနည်းငယ် ရရှိရန်အတွက် ယောင်သားရဲအချို့ကို ရောင်းချလိုစိတ် ပေါ်လာခဲ့သည်။
ဆိုင်တစ်ဆိုင်ကိုရှာကာ..
စနစ်၏သိုလှောင်ရေး နေရာလွတ်ထဲမှ ယောင်သားရဲ ဒါဇင်ပေါင်းများစွာကို ထုတ်ပြလိုက်သည်။
"ဆိုင်ရှင်.. ဒီသားရဲတွေ ဘလောက်တန်လဲ ကြည့်ပေးပါဦး"
ဝူရှန်းက မြေပြင်ပေါ်တွင် ပြည့်နှက်နေသော ယောင်သားရဲများကို ညွန်ပြရင်း အပြုံးဖြင့် ပြောလိုက်သည်။
"အမလေး ကောင်းကင်ဘုံရေ... သားရဲတွေ အများကြီးပါလား.. ကျွန်တော် ခင်ဗျားကို ရွှေပြား ၁ သန်း ပေးရင်ရော ဘယ်လိုလဲ"
ဆိုင်ရှင်က ပြုံးရင်း ပြောလိုက်သည်။
ဝူရှန်းတွင် အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံ အနည်းငယ်ရှိပြီးသား ဖြစ်သည်။
ဒီလောက်များပြားလှသော ယောင်သားရဲများသည် ဒီလို နည်းပါးသော ငွေပမာဏနှင့် မထိုက်တန်ပေ။
"ဆိုင်ရှင်.. ခင်ဗျား ရိုးသားရဲ့လား.. တခြားဆိုင်တွေမှာဆိုရင် ဒါမျိုးကို ၁.၅ သန်းတောင် ရတယ်.. ခင်ဗျားက ၁ သန်းပဲ ပေးမယ်ပေါ့လေ"
ဝူရှန်းက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
ဆိုင်ရှင်အနေဖြင့် တခြားဆိုင်များကို သွားရောက်မေးမြန်းကြည့်ရန် သူ စိုးရိမ်နေခြင်း မရှိပေ။
"ဒါဆိုရင် ရွှေပြား ၅ သိန်း ထပ်တိုးပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
ဆိုင်ရှင်က သွားကိုကြိတ်ကာ ပြောလိုက်လေသည်။
ဝူရှန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
ဒီဈေး မဆိုးပေ…
ထို့ကြောင့် သူ၏ ပထမဆုံးသော ရွှေအိုးကြီးဖြစ်သည့် ရွှေပြား ၁.၅ သန်းကို အောင်မြင်စွာ ရရှိသွားခဲ့သည်။
ရွှေပြား တစ်သောင်းသည် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့်သာ ညီမျှပြီး ကျင့်ကြံသူများအတွက်မူ ဒါကတို့သည် အရေးမပါလှသော ပမာဏမျှသာ ဖြစ်သည်။
လှပသော မျက်ဝန်းတစ်စုံသည် ဝူရှန်း၏ လှုပ်ရှားမှုတိုင်းကို အစအဆုံး အကဲခတ်နေခဲ့သည်။
ထိုလှပသော မျက်ဝန်းပိုင်ရှင်မှာ အခြားသူမဟုတ်.. ဟူရှီယောင်ပင် ဖြစ်ပေသည်။
သူမ၏ ပထမဆုံးအနမ်းကို ဒီလူယုတ်မာက လုယူသွားခဲ့ပြီဖြစ်ရာ သူမအနေဖြင့် သူ့ကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပေသည်။
သူမ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း အချို့နေရာများ ဆုတ်ပြဲနေပြီဖြစ်ရာ အိမ်ပြန်သွားလျှင် မည်သို့ရှင်းပြရမည်မှန်း သူမ မသိတော့ပေ။
အဝတ်အစားအသစ်လဲလှယ်ချင်သော်လည်း သူဌေးသမီးတစ်ယောက်ဖြစ်သည့်အလျောက် သူမသည် ငွေကြေးကို သယ်ဆောင်သွားလေ့ မရှိပေ။
ဝူရှန်းတွင် ငွေကြေးများစွာ ရှိနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ ဦးနှောက်ထဲတွင် အကြံတစ်ခု ပေါ်လာခဲ့သည်။
"ဟေ့...မင်းဆီကနေ ငွေနည်းနည်းလောက် ချေးလို့ရမလား"
ဟူရှီယောင်က အာဏာဆန်ဆန်လေသံဖြင့် ပြောလိုက်သည်။
ဟား...
သူမလေသံကို ကြားလိုက်ရသဖြင့် ဝူရှန်း မျက်မှောက်ကြုတ်သွားခဲ့သည်။
သူတစ်ပါးထံမှ ငွေချေးရာတွင် ဒီလို ယုံကြည်မှုအပြည့်ဖြင့် မာန်ဟုန်ပါပါ တောင်းဆိုသည်ကို သူ တစ်ခါမှ မမြင်ဖူးပေ။ သူက သူမကို ဘာမှလည်း ကြွေးတင်နေခြင်း မရှိပေ။
"မရဘူး... ငါ့မှာရှိရင်တောင် မပေးဘူး"
ဝူရှန်းကပြောလိုက်သည်။
ဟူရှီယောင်က ဝူရှန်းသည် ဒီလောက် ကပ်စေးနည်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
"ရှင်က ယောကျ်ားသားကြီးဖြစ်ပြီး ဘာလို့ ဒီလောက်တောင် ကပ်စေးနည်းရတာလဲ"
ဟူရှီယောင်က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
ဝူရှန်းမူ ဒီစကားကို လုံးဝ လက်မခံနိုင်ပေ။
ငွေချေးသည့်အခါတွင် သူမက ဘာကြောင့်များ သူ့ကို အကြွေးတင်နေသလို ပုံစံမျိုးဖြင့် ပြောနေရပါသနည်း။
"ငါက မင်းကို အကြွေးမတင်ဘူး ငွေချေးတဲ့အခါ ယဉ်ယဉ်ကျေးကျေးနဲ့ မပြောနိုင်ဘူးလား.."
ဝူရှန်းက ပြောပြီးနောက် လှည့်ကာ ထွက်သွားခဲ့သည်။
ဒီတစ်ကြိမ်တွင်မူ ဟူရှီယောင်မှာ အံ့သြမှင်သက်သွားရမည့် အလှည့်ရောက်လာသည်။
ဝူရှန်းသည် ဒီလောက် ပြတ်သားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူမသည် ဝူရှန်း၏ ရှေ့သို့ အမြန်ပြေးသွားခဲ့သည်။
"ကျွန်မရဲ့ အဝတ်အစားတွေက ဆုတ်ပြဲနေပြီး ဘယ်လိုမှ ကြည့်လို့မရတော့ဘူး.. အမေသာ မြင်သွားရင် သေချာပေါက် စိတ်မကောင်းဖြစ်မှာစိုးလို့ပါ"
သူမက ငိုမဲ့မဲ့နှင့် ပြောလေသည်။
ဟူး…ဒီမိန်းကလေးတွင် သူမ ဂရုစိုက်ရမည့် မိသားစုဝင် ရှိနေသေးသည်မဟုတ်ပါလား..
"ရွှေပြား တစ်သောင်းဆိုရင် လုံလောက်ပြီလား"
ဝူရှန်းက သူမ၏ သနားစရာကောင်းသော မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။
သို့သော် သူဌေးသမီးတစ်ဦးဖြစ်သော သူမအတွက် ရွှေပြား တစ်သောင်းသည် အဝတ်အစားတစ်စုံ ဝယ်ရန်အတွက် လုံလောက်မည် မဟုတ်ပေ။
"ဒီလို အဝတ်အစားတွေ ဖရိုဖရဲနဲ့ မိန်းကလေးတစ်ယောက်က အဝတ်အစားသွားဝယ်ရင် အနိုင်ကျင့်ခံရမှာ မဟုတ်ဘူးလား"
ဟူရှီယောင်က အားအင်မရှိတော့သည့် လေသံဖြင့် ပြောလိုက်သည်။
ဝူရှန်း တစ်ယောက် စိတ်မတိုသော ဒေါသထွက်လာတော့သည်။
ဒီမိန်းကလေးက ယနေ့တွင် သူ့ကို တမင်တကာ ညှစ်ထုတ်ရန် ကြံစည်နေခြင်းပင်…
ထိုထက် ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူမသည် ဝူရှန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ဘယ်ညာ ယမ်းခါပြနေခြင်းပင် ဖြစ်သည်။
မည်သည့် ယောကျ်ားသားကများ လှပသော အမျိုးသမီးတစ်ဦး၏ မျက်နှာချိုသွေးမှုကို ခံနိုင်ရည် ရှိမည်နည်း။
ဟူး…
ဝူရှန်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် အခြားရွေးချယ်စရာ မရှိတော့ဘဲ သဘောတူလိုက်ရတော့သည်။
ဟူရှီယောင်လည်း ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်မတတ် ဖြစ်သွားခဲ့သည်။
ဝူရှန်းလည်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ဒီမိန်းကလေးသည် လှည့်စားတတ်ပြီး အသေးအမွှား အကွက်ဆင်တတ်ရုံမှလွဲ၍ တကယ်တမ်းတွင် ဘာမှမရှိလှပေ။
"ကဲ…ရှေ့ကနေ လမ်းပြတော့..."
ဝူရှန်းက ပြောလိုက်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသား အဝတ်အထည်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။
"မင်းလိုချင်တဲ့ အဝတ်အစားတွေကို ကိုယ်တိုင်သာ ရွေးလိုက်တော့..."
ဝူရှန်းက ဆိုင်ထဲရှိ အဝတ်အစားများကို လှည့်ကြည့်ရင်း ပြောလိုက်လေသည်။
ဟူရှီယောင်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဆိုင်ရှင်.. ဒီဆိုင်မှာရှိတဲ့ အကောင်းဆုံးအဝတ်အစားတွေကို ဒီသခင်မလေးအတွက် ထုတ်ပေးပါ"
ဟူရှီယောင်က ဆိုင်ရှင်ကို တိုက်ရိုက်ပြောလိုက်သည်။
ဆိုင်ရှင်သည် ဟူရှီယောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူရှန်းဘက်သို့ သံသယအပြည့်ဖြင့် လှည့်ကြည့်လာသည်။
"လူငယ်ဘဝဆိုတာ တက်ကြွတာပဲ... လူငယ်လေးရေ.. မိန်းကလေးတွေကို နည်းနည်းတော့ နူးညံ့သိမ်မွေ့ပေးသင့်တယ် ကောင်မလေးရဲ့ အဝတ်အစားတွေတောင် ဒီလောက်အထိ ဆုတ်ပြဲကုန်အောင်တော့ မလုပ်သင့်ဘူးလေ"
ဆိုင်ရှင်က ပြုံးစစဖြင့် ဝူရှန်းကို အကြံပေးလိုက်သည်။
ဝူရှန်း၏ နဖူးပေါ်တွင် အစင်းကြောင်းများ ပေါ်လာတော့သည်။ ထိုစကားကို ကြားလိုက်ရသဖြင့် ဟူရှီယောင်၏ မျက်နှာမှာ တစ်ခုလုံး နီရဲသွားခဲ့သည်။
"ဆိုင်ရှင်.. ရှင့်ကို အဝတ်အစားထုတ်ပေးဖို့ပဲ ပြောတာလေ.. ဘာလို့ ဒီလောက်တောင် စကားများနေရတာလဲ"
ဟူရှီယောင်က ရှက်စိတ်နှင့် ဒေါသစိတ်တို့ ရောထွေးနေလျက် ပြောလိုက်သည်။
ဆိုင်ရှင်လည်း ရယ်ကျဲကျဲလုပ်ကာ အဝတ်အစားများ သွားယူရန် အတွင်းဘက်သို့ ဝင်သွားခဲ့သည်။
ဟူရှီယောင်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် ဝူရှန်းဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။
သို့သော် ဝူရှန်း၏ မျက်နှာတွင် မည်သည့် ခံစားချက်အပြောင်းအလဲမှ မရှိသည်ကို တွေ့လိုက်ရသည်။
ဘာပြောင်းလဲမှုမှ ရှိလာစရာ မရှိပေ။
ဟူရှီယောင်၏ အဝတ်အစားများမှာ သူ့ကြောင့် ဆုတ်ပြဲသွားခဲ့ခြင်းမှ မဟုတ်ဘဲဟာ..
မကြာခင်မှာပင် ဆိုင်ရှင်သည် အဝတ်အစားအစုံများကို ကိုင်ကာ ပြန်ထွက်လာခဲ့သည်။
"သခင်မလေး.. ဒါတွေက ကျွန်တော်တို့ဆိုင်ရဲ့ အကောင်းဆုံး တန်ဖိုးကြီးပစ္စည်းတွေပါ လင်မယားနှစ်ယောက် ညှိနှိုင်းပြီး ရွေးချယ်လိုက်ကြပါ"
ဆိုင်ရှင်က အဝတ်အစားအားလုံးကို ကောင်တာပေါ်သို့ တင်ပေးလိုက်ရင်း ပြုံးစစဖြင့် ပြောလိုက်သည်။
"တော်စမ်းပါ.. ဘယ်သူက သူ့ရဲ့ ဇနီးလဲ"
ဟူရှီယောင်က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်တော့သည်။