no

Font
Theme

အခန်း (၂) ဟူရှီယောင်ကို နမ်းရှိုက်ခြင်း

နောက်မှနေ၍ လိုက်လာနေသော ဂိုဏ်းတူတပည့်ဘက်ကို ကြည့်ရင်း ဟူရှီယောင်မှာ သွားကိုကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။

​"ကောင်းပြီလေ... သဘောတူတယ်.. ဒါပေမဲ့ ရှင်…လွန်လွန်ကျွံကျွံတော့ မလုပ်နဲ့နော်" ဟု ဟူရှီယောင်က သတိပေးလိုက်သည်။

​ဝူရှန်းလည်း အမျိုးသမီးတစ်ဦးကို နမ်းရှိုက်ခွင့်ရမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။

ထို့ကြောင့် သူသည် ဟူရှီယောင်၏ အနားသို့ တိုးကပ်သွားကာ သူမ၏ ချယ်ရီသီးနှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်လေသည်။

​【ဒင်…ပိုင်ရှင်၏ ကျင့်ကြံခြင်းစွမ်းအားကို အခြေခံတည်ဆောက်ခြင်းအဆင့်၏ ထိပ်ဆုံးသို့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့ပါပြီ】

【ဆုလာဘ်အနေဖြင့် အမှတ် ၁၀ မှတ် ရရှိပါသည်။】

​ထို့နောက် ဝူရှန်းသည် သူ၏ကိုယ်ခန္ဓာအထဲမှ အပြင်ဘက်သို့ ပြန့်ထွက်လာသော ကြီးမားလှသည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

​"ဟားဟား... ငါ့ကို နမ်းခွင့်ပေးတာ ကျေးဇူးတင်ပါတယ်..ဒီကောင်ကိုတော့ ငါရှင်းလိုက်မယ်..."

ဝူရှန်းက ဟူရှီယောင်၏ နှုတ်ခမ်းမှ သူနှုတ်ခမ်းကိုခွာလိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။

​သူသည် လျင်မြန်ခြေလှမ်း ကျင့်စဉ်ကို သုံးကာ လာနေသည့်လူထံသို့ ချက်ချင်းတိုးသွားပြီး လက်သီးတစ်ချက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားအောင် ထိုးချလိုက်သည်။

ထို့နောက် ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ကာ ထိုလူ၏ အသက်ကို အဆုံးသတ်လိုက်လေသည်။

​သူ့ကို သတ်ပစ်ရမည်သာ ဖြစ်သည်။

မသတ်ပါက ထိုလူသာ နောင်တစ်ချိန်တွင် လက်စားချေရန် ပြန်လာခဲ့လျှင် မည်သို့လုပ်ရမည်နည်း။

​ဝူရှန်းသည် ဘာမှထပ်မပြောတော့ဘဲ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

ထိုအချိန်မှသာ ဟူရှီယောင်သည် သူမ၏ အခြေအနေမှ သတိပြန်ဝင်လာခဲ့သည်။

​"ဟေ့... ရှင့်နာမည်က ဘယ်သူလဲ..ရှင့်ကျေးဇူးကို ကျွန်မ ဘယ်လိုပြန်ဆပ်ရမလဲ" ဟု ဝူရှန်း၏ ကျောခိုင်းထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ဟူရှီယောင်က အော်ပြောလိုက်သည်။

​သို့သော် ဝူရှန်းကမူ သူမကို ဂရုမစိုက်တော့ပေ။

သူမကို အဖတ်မလုပ်တာတွေ့‌ သောအခါ ဟူရှီယောင် က ခြေစောင့်လိုက်ကာ..

​"ကျွန်မကို ဂိုဏ်းကို သွားတိုင်လိုက်ရင် ရှင်ဒီလူကို သတ်ခဲ့တာကို သူတို့သိသွားမှာ မကြောက်ဘူးလား"

ဟူရှီယောင်က ပြုံးစစဖြင့် ပြောလိုက်သည်။

​ထိုစကားကို ကြားလိုက်ရသဖြင့် ဝူရှန်း၏ လျှောက်လှမ်းနေသော ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

သူ ရပ်သွားသည်ကို မြင်လိုက်ရသောအခါ ဟူရှီယောင်မှာ အောင်နိုင်သူလို ပြုံးလိုက်သည်။

နောက်တစ်ခနမှာ…

​"မိန်းကလေး... ဒီနေရာက လူသူကင်းမဲ့နေတဲ့ နေရာဆိုတာ မင်းသိသင့်တယ်… တစ်ခုခုဖြစ်သွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး" ဟု ဝူရှန်းက ပြုံးပြရင်း ပြောလိုက်သည်။

​သူ၏ စူးရှတောက်ပြောင်နေသော အကြည့်တို့သည် ဟူရှီယောင်၏ ကိုယ်ခန္ဓာကို အထက်အောက်ကြည့်ရှု လိုက်သည်။

​"ရှင်... ရှင်ဘာလုပ်မလို့လဲ" ဟု ဟူရှီယောင်က ကြောက်လန့်တကြားဖြင့် သူမ၏ ရင်ဘတ်ကို လက်ဖြင့် အမြန်ကာကွယ်လိုက်သည်။

သို့ပေသိ..​ဝူရှန်းသည် သူမထံသို့ ရောက်ရှိသွားပြီး သူမ၏ နှုတ်ခမ်းလေးကို အတင်းအကျပ် ဆက်ကာ နမ်းရှိုက်လိုက်ပြန်သည်။

​【ပိုင်ရှင်၏ ကျင့်ကြံခြင်းစွမ်းအားကို ရွှေအမြုတေအဆင့် အလယ်အလတ်သို့ ရောက်ရှိအောင် တိုးမြှင့်နိုင်ခဲ့ပါပြီ】

​ဒုတိယအကြိမ် နမ်းလိုက်ခြင်းကလည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးလိမ့်မည်ဟု ဝူရှန်း လုံးဝမထင်ထားခဲ့ပေ။

သို့သော် ဒီအချက်အရကြည့်လျှင် စနစ်အမှတ်များကို တိုးမြှင့်ရန်အတွက်တော့မရပေ။

​"ဝူး…ဝူး... လူယုတ်မာကြီး" ဟု ဟူရှီယောင်က ငိုသံစွက်ကာ ပြောလိုက်သည်။

​ဝူရှန်းသည် သူမ၏ကိစ္စများကို ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း သူမက သူ့ကို အရင်ခြိမ်းခြောက်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ခြိမ်းခြောက်ခံရခြင်းကို မကြိုက်ပေ။

ထို့ကြောင့် ဒီအရာက သူမကို သင်ခန်းစာပေးခြင်းသာ ဖြစ်သည်ဟု သူက ယူဆလိုက်သည်။

​သူ့အနေဖြင့် ဒီအမျိုးသမီးကို တခြားမကောင်းတာ တစ်စုံတစ်ရာ လုပ်ရန် အကြံအစည် မရှိပေ…နမ်းရုံသာ ဖြစ်သည်။

​"အခု ငါသွားလို့ရပြီလား"

ဝူရှန်းက မေးလိုက်သည်။

​ဟူရှီယောင်လည်း ငိုရင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူမသည် သူမကိုယ်သူမပင် ရိုက်ချင်စိတ်တွေ ပေါက်လာခဲ့သည်။

သူမသည် အဘယ်ကြောင့် သူ့ကို ခြိမ်းခြောက်မိပါသနည်း။

​ဝူရှန်း ထွက်သွားပြီး မလှမ်းမကမ်းသို့ ရောက်ရှိကာ မမြင်ရတော့မည့် အချိန်တွင်မှ ဒီနေရာက လူသူကင်းမဲ့နေသည့် အန္တရာယ်များသော နေရာဖြစ်ကြောင်း သတိရသွားကာ ဝူရှန်း၏ နောက်သို့ အမြန်လိုက်သွားခဲ့လေသည်။

​ဒီနေရာက အလွန်တရာ ကြောက်စရာကောင်းလှသည်။ အနည်းဆုံးတော့ ဝူရှန်းက သူမ၏ အသက်ကို ယူမည်မဟုတ်ပေ။

​ဝူရှန်းသည်လည်း အလွန်ဖြည်းဖြည်းချင်း လျှောက်နေခြင်း ဖြစ်သည်။

သူက ဂိုဏ်းတစ်ခုခုသို့ သွားရောက်လည်ပတ်သင့်မသင့်ကို တွေးတောနေခဲ့ခြင်း ဖြစ်သည်။

သူ ခြေလှမ်းများကို ရပ်တန့်လိုက်ချိန်တွင် သူ၏ ကျောပြင်ပေါ်သို့ နူးညံ့သောအရာတစ်ခု လာတိုက်မိသွားသည်ကို ခံစားလိုက်ရသည်။

​"အဟွတ်..."

​သူ နောက်သို့လှည့်ကြည့်လိုက်ရာ တိုက်မိသွားသူက…

​"ရှင် ယုတ်မာလှချည်လား.. ဘာလို့ ရပ်လိုက်တာလဲ" ဟု ဟူရှီယောင်က မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

​ဝူရှန်းမှာမူ စကားပင်မပြောနိုင်အောင် အံ့သြသွားခဲ့သည်။ နောက်မှနေ၍ ၀င်တိုက်လာသူမှာ သူမကိုယ်တိုင် မဟုတ်ပါလော။

​"ငါ့နောက်ကနေ လိုက်လာဖို့ ဘယ်သူကပြောလို့လဲ..ငါ့ကို ထပ်နမ်းစေချင်လို့လား"

ဝူရှန်းက ဟူရှီယောင်၏ နှုတ်ခမ်းလေးကို ငုံ့ကြည့်ရင်း မျက်ခုံးပင့်ကာ ပြောလိုက်သည်။

​ဟူရှီယောင်လည်း လန့်သွားကာ သူမ၏ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်လေသည်။

ဝူရှန်းကလည်း ကျယ်လောင်စွာ ရယ်မောရင်း ထွက်ခွာသွားခဲ့သည်။

​နာရီဝက်ခန့် ခရီးဆက်ပြီးနောက် ဝူရှန်းသည် အန်းပင်းမြို့ သို့ ရောက်ရှိလာခဲ့သည်။

ဆိုင်တစ်ဆိုင်ကို ရှာဖွေပြီးနောက် သူသည် ငွေကြေးအနည်းငယ် ရရှိရန်အတွက် ယောင်သားရဲအချို့ကို ရောင်းချလိုစိတ် ပေါ်လာခဲ့သည်။

ဆိုင်တစ်ဆိုင်ကိုရှာကာ..

​စနစ်၏သိုလှောင်ရေး နေရာလွတ်ထဲမှ ယောင်သားရဲ ဒါဇင်ပေါင်းများစွာကို ထုတ်ပြလိုက်သည်။

​"ဆိုင်ရှင်.. ဒီသားရဲတွေ ဘလောက်တန်လဲ ကြည့်ပေးပါဦး"

ဝူရှန်းက မြေပြင်ပေါ်တွင် ပြည့်နှက်နေသော ယောင်သားရဲများကို ညွန်ပြရင်း အပြုံးဖြင့် ပြောလိုက်သည်။

​"အမလေး ကောင်းကင်ဘုံရေ... သားရဲတွေ အများကြီးပါလား.. ကျွန်တော် ခင်ဗျားကို ရွှေပြား ၁ သန်း ပေးရင်ရော ဘယ်လိုလဲ"

ဆိုင်ရှင်က ပြုံးရင်း ပြောလိုက်သည်။

​ဝူရှန်းတွင် အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံ အနည်းငယ်ရှိပြီးသား ဖြစ်သည်။

ဒီလောက်များပြားလှသော ယောင်သားရဲများသည် ဒီလို နည်းပါးသော ငွေပမာဏနှင့် မထိုက်တန်ပေ။

​"ဆိုင်ရှင်.. ခင်ဗျား ရိုးသားရဲ့လား.. တခြားဆိုင်တွေမှာဆိုရင် ဒါမျိုးကို ၁.၅ သန်းတောင် ရတယ်.. ခင်ဗျားက ၁ သန်းပဲ ပေးမယ်ပေါ့လေ"

ဝူရှန်းက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

​ဆိုင်ရှင်အနေဖြင့် တခြားဆိုင်များကို သွားရောက်မေးမြန်းကြည့်ရန် သူ စိုးရိမ်နေခြင်း မရှိပေ။

​"ဒါဆိုရင် ရွှေပြား ၅ သိန်း ထပ်တိုးပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"

ဆိုင်ရှင်က သွားကိုကြိတ်ကာ ပြောလိုက်လေသည်။

​ဝူရှန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

ဒီဈေး မဆိုးပေ…

​ထို့ကြောင့် သူ၏ ပထမဆုံးသော ရွှေအိုးကြီးဖြစ်သည့် ရွှေပြား ၁.၅ သန်းကို အောင်မြင်စွာ ရရှိသွားခဲ့သည်။

ရွှေပြား တစ်သောင်းသည် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့်သာ ညီမျှပြီး ကျင့်ကြံသူများအတွက်မူ ဒါကတို့သည် အရေးမပါလှသော ပမာဏမျှသာ ဖြစ်သည်။

​လှပသော မျက်ဝန်းတစ်စုံသည် ဝူရှန်း၏ လှုပ်ရှားမှုတိုင်းကို အစအဆုံး အကဲခတ်နေခဲ့သည်။

ထိုလှပသော မျက်ဝန်းပိုင်ရှင်မှာ အခြားသူမဟုတ်.. ဟူရှီယောင်ပင် ဖြစ်ပေသည်။

​သူမ၏ ပထမဆုံးအနမ်းကို ဒီလူယုတ်မာက လုယူသွားခဲ့ပြီဖြစ်ရာ သူမအနေဖြင့် သူ့ကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပေသည်။

သူမ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း အချို့နေရာများ ဆုတ်ပြဲနေပြီဖြစ်ရာ အိမ်ပြန်သွားလျှင် မည်သို့ရှင်းပြရမည်မှန်း သူမ မသိတော့ပေ။

​အဝတ်အစားအသစ်လဲလှယ်ချင်သော်လည်း သူဌေးသမီးတစ်ယောက်ဖြစ်သည့်အလျောက် သူမသည် ငွေကြေးကို သယ်ဆောင်သွားလေ့ မရှိပေ။

​ဝူရှန်းတွင် ငွေကြေးများစွာ ရှိနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ ဦးနှောက်ထဲတွင် အကြံတစ်ခု ပေါ်လာခဲ့သည်။

​"ဟေ့...မင်းဆီကနေ ငွေနည်းနည်းလောက် ချေးလို့ရမလား"

ဟူရှီယောင်က အာဏာဆန်ဆန်လေသံဖြင့် ပြောလိုက်သည်။

​ဟား...

သူမလေသံကို ကြားလိုက်ရသဖြင့် ဝူရှန်း မျက်မှောက်ကြုတ်သွားခဲ့သည်။

သူတစ်ပါးထံမှ ငွေချေးရာတွင် ဒီလို ယုံကြည်မှုအပြည့်ဖြင့် မာန်ဟုန်ပါပါ တောင်းဆိုသည်ကို သူ တစ်ခါမှ မမြင်ဖူးပေ။ သူက သူမကို ဘာမှလည်း ကြွေးတင်နေခြင်း မရှိပေ။

​"မရဘူး... ငါ့မှာရှိရင်တောင် မပေးဘူး"

ဝူရှန်းကပြောလိုက်သည်။

​ဟူရှီယောင်က ဝူရှန်းသည် ဒီလောက် ကပ်စေးနည်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

​"ရှင်က ယောကျ်ားသားကြီးဖြစ်ပြီး ဘာလို့ ဒီလောက်တောင် ကပ်စေးနည်းရတာလဲ"

ဟူရှီယောင်က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။

​ဝူရှန်းမူ ဒီစကားကို လုံးဝ လက်မခံနိုင်ပေ။

ငွေချေးသည့်အခါတွင် သူမက ဘာကြောင့်များ သူ့ကို အကြွေးတင်နေသလို ပုံစံမျိုးဖြင့် ပြောနေရပါသနည်း။

​"ငါက မင်းကို အကြွေးမတင်ဘူး ငွေချေးတဲ့အခါ ယဉ်ယဉ်ကျေးကျေးနဲ့ မပြောနိုင်ဘူးလား.."

ဝူရှန်းက ပြောပြီးနောက် လှည့်ကာ ထွက်သွားခဲ့သည်။

ဒီတစ်ကြိမ်တွင်မူ ဟူရှီယောင်မှာ အံ့သြမှင်သက်သွားရမည့် အလှည့်ရောက်လာသည်။

​ဝူရှန်းသည် ဒီလောက် ပြတ်သားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူမသည် ဝူရှန်း၏ ရှေ့သို့ အမြန်ပြေးသွားခဲ့သည်။

​"ကျွန်မရဲ့ အဝတ်အစားတွေက ဆုတ်ပြဲနေပြီး ဘယ်လိုမှ ကြည့်လို့မရတော့ဘူး.. အမေသာ မြင်သွားရင် သေချာပေါက် စိတ်မကောင်းဖြစ်မှာစိုးလို့ပါ"

သူမက ငိုမဲ့မဲ့နှင့် ပြောလေသည်။

ဟူး…ဒီမိန်းကလေးတွင် သူမ ဂရုစိုက်ရမည့် မိသားစုဝင် ရှိနေသေးသည်မဟုတ်ပါလား..

​"ရွှေပြား တစ်သောင်းဆိုရင် လုံလောက်ပြီလား"

ဝူရှန်းက သူမ၏ သနားစရာကောင်းသော မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။

​သို့သော် သူဌေးသမီးတစ်ဦးဖြစ်သော သူမအတွက် ရွှေပြား တစ်သောင်းသည် အဝတ်အစားတစ်စုံ ဝယ်ရန်အတွက် လုံလောက်မည် မဟုတ်ပေ။

​"ဒီလို အဝတ်အစားတွေ ဖရိုဖရဲနဲ့ မိန်းကလေးတစ်ယောက်က အဝတ်အစားသွားဝယ်ရင် အနိုင်ကျင့်ခံရမှာ မဟုတ်ဘူးလား"

ဟူရှီယောင်က အားအင်မရှိတော့သည့် လေသံဖြင့် ပြောလိုက်သည်။

​ဝူရှန်း တစ်ယောက် စိတ်မတိုသော ဒေါသထွက်လာတော့သည်။

ဒီမိန်းကလေးက ယနေ့တွင် သူ့ကို တမင်တကာ ညှစ်ထုတ်ရန် ကြံစည်နေခြင်းပင်…

​ထိုထက် ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူမသည် ဝူရှန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ဘယ်ညာ ယမ်းခါပြနေခြင်းပင် ဖြစ်သည်။

မည်သည့် ယောကျ်ားသားကများ လှပသော အမျိုးသမီးတစ်ဦး၏ မျက်နှာချိုသွေးမှုကို ခံနိုင်ရည် ရှိမည်နည်း။

ဟူး…

​ဝူရှန်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် အခြားရွေးချယ်စရာ မရှိတော့ဘဲ သဘောတူလိုက်ရတော့သည်။

ဟူရှီယောင်လည်း ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်မတတ် ဖြစ်သွားခဲ့သည်။

​ဝူရှန်းလည်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ဒီမိန်းကလေးသည် လှည့်စားတတ်ပြီး အသေးအမွှား အကွက်ဆင်တတ်ရုံမှလွဲ၍ တကယ်တမ်းတွင် ဘာမှမရှိလှပေ။

​"ကဲ…ရှေ့ကနေ လမ်းပြတော့..."

ဝူရှန်းက ပြောလိုက်သည်။

​ထို့ကြောင့် သူတို့နှစ်ဦးသား အဝတ်အထည်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။

​"မင်းလိုချင်တဲ့ အဝတ်အစားတွေကို ကိုယ်တိုင်သာ ရွေးလိုက်တော့..."

ဝူရှန်းက ဆိုင်ထဲရှိ အဝတ်အစားများကို လှည့်ကြည့်ရင်း ပြောလိုက်လေသည်။

ဟူရှီယောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

​"ဆိုင်ရှင်.. ဒီဆိုင်မှာရှိတဲ့ အကောင်းဆုံးအဝတ်အစားတွေကို ဒီသခင်မလေးအတွက် ထုတ်ပေးပါ"

ဟူရှီယောင်က ဆိုင်ရှင်ကို တိုက်ရိုက်ပြောလိုက်သည်။

​ဆိုင်ရှင်သည် ဟူရှီယောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူရှန်းဘက်သို့ သံသယအပြည့်ဖြင့် လှည့်ကြည့်လာသည်။

​"လူငယ်ဘဝဆိုတာ တက်ကြွတာပဲ... လူငယ်လေးရေ.. မိန်းကလေးတွေကို နည်းနည်းတော့ နူးညံ့သိမ်မွေ့ပေးသင့်တယ် ကောင်မလေးရဲ့ အဝတ်အစားတွေတောင် ဒီလောက်အထိ ဆုတ်ပြဲကုန်အောင်တော့ မလုပ်သင့်ဘူးလေ"

ဆိုင်ရှင်က ပြုံးစစဖြင့် ဝူရှန်းကို အကြံပေးလိုက်သည်။

​ဝူရှန်း၏ နဖူးပေါ်တွင် အစင်းကြောင်းများ ပေါ်လာတော့သည်။ ထိုစကားကို ကြားလိုက်ရသဖြင့် ဟူရှီယောင်၏ မျက်နှာမှာ တစ်ခုလုံး နီရဲသွားခဲ့သည်။

​"ဆိုင်ရှင်.. ရှင့်ကို အဝတ်အစားထုတ်ပေးဖို့ပဲ ပြောတာလေ.. ဘာလို့ ဒီလောက်တောင် စကားများနေရတာလဲ"

ဟူရှီယောင်က ရှက်စိတ်နှင့် ဒေါသစိတ်တို့ ရောထွေးနေလျက် ပြောလိုက်သည်။

ဆိုင်ရှင်လည်း ရယ်ကျဲကျဲလုပ်ကာ အဝတ်အစားများ သွားယူရန် အတွင်းဘက်သို့ ဝင်သွားခဲ့သည်။

​ဟူရှီယောင်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် ဝူရှန်းဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

သို့သော် ဝူရှန်း၏ မျက်နှာတွင် မည်သည့် ခံစားချက်အပြောင်းအလဲမှ မရှိသည်ကို တွေ့လိုက်ရသည်။

​ဘာပြောင်းလဲမှုမှ ရှိလာစရာ မရှိပေ။

ဟူရှီယောင်၏ အဝတ်အစားများမှာ သူ့ကြောင့် ဆုတ်ပြဲသွားခဲ့ခြင်းမှ မဟုတ်ဘဲဟာ..

​မကြာခင်မှာပင် ဆိုင်ရှင်သည် အဝတ်အစားအစုံများကို ကိုင်ကာ ပြန်ထွက်လာခဲ့သည်။

​"သခင်မလေး.. ဒါတွေက ကျွန်တော်တို့ဆိုင်ရဲ့ အကောင်းဆုံး တန်ဖိုးကြီးပစ္စည်းတွေပါ လင်မယားနှစ်ယောက် ညှိနှိုင်းပြီး ရွေးချယ်လိုက်ကြပါ"

ဆိုင်ရှင်က အဝတ်အစားအားလုံးကို ကောင်တာပေါ်သို့ တင်ပေးလိုက်ရင်း ပြုံးစစဖြင့် ပြောလိုက်သည်။

​"တော်စမ်းပါ.. ဘယ်သူက သူ့ရဲ့ ဇနီးလဲ"

ဟူရှီယောင်က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment