no

Font
Theme

အခန်း (၁) စနစ်နှင့် ချိတ်ဆက်ခြင်း

​သတိပေးချက်…

အမျိုးသမီးဇာတ်ဆောင်များစွာ ပါဝင်သော ဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။

လာမည့်ဇာတ်လမ်းများတွင် ပါဝင်လာမည့် ဇာတ်ဆောင်အမျိုးသမီးများ…

ဝူရှောင်ဟွား (ဧကရီမ)..

ဟူရှီယောင်

လျူယီရွှယ်..

ချင်းရွှယ်ယွဲ့ ..

ထော့ပါရှီယွဲ့ ..

ယွင်ချင်းယာ..

ဟယ်ယွင်ရှီး..

အိုးယန်ကျင်းရှု..

ဇီယွင်ရှင်း..

ချီဟန်ယဲ့..

ရှုကျင်းရွှယ်..

လီလင်းယွဲ့..

လင်းမုန့်ကျူး..

မုရုံယွီချင်း..

ရှန်ကွမ်းဖေးအာ..

ပိုင်လီယွီချင်း..

ယန်ရှီယွင်..

ယဲ့ဝူချင်း..

ကျူးကဲရန်ရှီး..

စုတာ့ကျီ..

နန်ကုန်းဝန်ရှင်း..

တွမ်မူဝူရှင်း…

ရှင်းယွဲ့.. လျန်ရှင်း.. ဖုန်းချင်းလွမ်.. ထျန်းချင်း.. ကျူးလန်.. လျူရူယန်…

ကဲ..ဇာတ်လမ်းလေးက ဒီလိုစပါပြီ….

​【ဒင်... ပိုင်ရှင်နှင့် စနစ်တို့ အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ】

​ဝူရှန်းသည် ထိုအသံကြောင့် ရုတ်တရက် အိပ်နေရာမှလန့် နိုးလာခဲ့သည်။

​သူသည် တောင်စွယ်ရှိ ရွာငယ်လေးတစ်ရွာ၏ မြက်ခင်းတစ်နေရာတွင် သိုးကျောင်းရင်း အိပ်နေခဲ့ခြင်း ဖြစ်သည်။

​"ဒါက ဘာကြီးလဲ.. ဘယ်လိုစနစ်လဲ" ဟု ဝူရှန်းက မေးမြန်းလိုက်သည်။

​【မင်္ဂလာပါ ပိုင်ရှင်.. ဒီစနစ်က ၂၄ နာရီလုံး အသင့်ရှိနေမှာပါ..ပိုင်ရှင်အနေနဲ့ အမျိုးသမီးတစ်ယောက်ကို နမ်းလိုက်ရုံနဲ့ ကျင့်ကြံခြင်းစွမ်းအားကို တိုးတက်ရရှိနိုင်ပါတယ်】

​"ဟမ်... အဲ့ဒါဆို ငါလည်း ကျင့်ကြံသူဖြစ်တော့မှာပေါ့ ဟုတ်လား" ဟု ဝူရှန်းက ပြန်‌မေးလိုက်သည်။

​ဝူရှန်းသည် လွန်ခဲ့သော ၁၈ နှစ်က ဝူကျားရွာဆိုသည့် နေရာသို့ ကူးပြောင်းရောက်ရှိလာခဲ့သူ ဖြစ်သည်။

သူသည် ဤကမ္ဘာသို့ ရောက်လာစဉ်က သူ၏စွမ်းရည်များကို ထုတ်ပြနိုင်လိမ့်မည်ဟု တွေးခဲ့သော်လည်း ဂိုဏ်းတစ်ဂိုဏ်းထဲသို့ပင် ဝင်ရောက်နိုင်ခြင်းမရှိသည့် လူညံ့တစ်ယောက် ဖြစ်နေမှန်း နောက်မှသာ သိခဲ့ရသည်။

​ထို့ကြောင့် သူသည် ဘဝကို လက်မြှောက်အရှုံးပေးလိုက်ပြီး သိုးကျောင်းရင်းဖြင့်သာ အချိန်ဖြုန်းခဲ့တော့သည်။

နေ့စဉ်ရက်ဆက် ဘဝကို လေလွင့်နေကာ ဖြတ်သန်းနေခဲ့ခြင်း ဖြစ်သည်။

​သို့သော် ၁၈ နှစ်ကြာပြီးနောက်တွင် ဒီလို ‘ဖလစ်တင်းစနစ်’ ဆိုသည်နှင့် ချိတ်ဆက်မိလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

​"ငါ့ကို မလိမ်နဲ့နော်.. မင်းလိမ်နေတာ သိရရင်တော့ ငါနဲ့တွေ့မယ်" ဟု ဝူရှန်းက စနစ်ကို ပြောလိုက်သည်။

​တကယ်တမ်းတွင် စနစ်ကသာ သူ့ကို လိမ်ညာခဲ့လျှင်တောင် သူဘက်က ဘာမှပြန်လုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

နမ်းလိုက်ရုံနဲ့စွမ်းအားရမှာတဲ့.. သူ စမ်းကြည့်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

​တကယ်တော့ ဒီ၁၈ နှစ်အတွင်း သူဘာမှမလုပ်ဘဲ ထိုင်နေခဲ့သည်တော့ မဟုတ်ပေ။ ရွာထဲတွင် ဝူရှန်း အချိန်အကြာကြီး စိတ်ထဲကနေ တိတ်တဆိတ် နှစ်သက်နေခဲ့ရသည့် ဝူရှောင်ဟွားဆိုသည့် မိန်းကလေးတစ်ယောက် ရှိနှင့်ပြီးသား ဖြစ်သည်။

​သူမအပေါ် ထားရှိသည့် ခံစားချက်ကို သူ၏နှလုံးသားအနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားခဲ့ပြီး သူမကိုတောင် တည့်တည့်မကြည့်ဝံ့ခဲ့ပေ။

သို့သော် ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။

စနစ်က သူ့ကို ရဲစွမ်းသတ္တိများ ပေးအပ်လိုက်ပြီ မဟုတ်ပါလော။

​သူမကို တစ်ချက်နမ်းလိုက်ရုံဖြင့် ကျင့်ကြံခြင်းစွမ်းအားကို ရရှိနိုင်မည်ဆိုလျှင် သူသည် တောရွာလေးထဲတွင် သူ၏ဘဝကို အလဟဿ အဆုံးသတ်ခံမည် မဟုတ်တော့ပေ။

အခြားကမ္ဘာတစ်ခုမှ ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် သူသည် ဂုဏ်ကျက်သရေ ကင်းမဲ့စွာဖြင့်တော့ ဆက်လက်နေထိုင်မည် မဟုတ်ပေ။

​သတ္တိကို မတင်ကာ ဝူရှန်းတစ်ယောက် ဝူရှောင်ဟွား၏ အိမ်ရှိရာဆီသို့ ပြေးသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဝူရှောင်ဟွားသည် အိမ်တွင် ရှိနေလေသည်။

​"ရှောင်ဟွား..." ဟု ဝူရှန်းက သူမကိုတွေ့လိုက်ရသဖြင့် ပျော်ရွှင်စွာဖြင့် ခေါ်လိုက်သည်။

​"ဝူရှန်း.. ဘာလာလုပ်တာလဲ" ဟု ဝူရှောင်ဟွားက သံသယဖြင့် မေးလာသည်။

​ဝူရှောင်ဟွား၏ သဘောတူညီချက်ကိုပင် စောင့်မနေတော့ဘဲ ဝူရှန်းသည် သူမထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ သူမ၏ နှုတ်ခမ်းလေးကို ရဲရဲဝံ့ဝံ့ နမ်းရှိုက်လိုက်လေသည်။

​【ဒင်…ပိုင်ရှင်၏ ကျင့်ကြံခြင်းစွမ်းအားကို ချီသန့်စင်ခြင်းအဆင့်၏ ထိပ်ဆုံးအထိ တိုးမြှင့်ပေးလိုက်ပါပြီ】

【 ထိပ်တန်းထွက်ပြေးခြင်း ပညာရပ် လျင်မြန်သော ခြေလှမ်းကို ရရှိသွားပါပြီ】

​ဝူရှန်းသည် သူ၏ကိုယ်ခန္ဓာတစ်ဝိုက်တွင် စွမ်းအင်များ ပြည့်နှက်လာသည်ကို ချက်ချင်းပင် ခံစားလိုက်ရသည်။

​"ရှောင်ဟွား.. ကိုယ်တောင်းပန်ပါတယ်.. ကိုယ်တကယ် မထိန်းနိုင်တော့လို့ပါ.. တကယ်တော့ ကိုယ်မင်းကို သဘောကျနေတာ ကြာပြီ" ဟု ဝူရှန်းက ဝူရှောင်ဟွားကို တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။

​သို့သော် ဝူရှောင်ဟွားသည် မျက်နှာလေး ရဲတက်သွားခဲ့သော်လည်း ဝူရှန်းကို တွန်းထုတ်ခြင်း မပြုခဲ့ပေ။

မရုန်းတဲ့အပြင် သူမသည် ဝူရှန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့လေသည်။

သူမ၏လုပ်ရပ်က ဝူရှန်းကို အံ့အားသင့်သွားစေခဲ့သည်။

​"ရှင်ကျွန်မကို ဘယ်တော့မှ ဝန်ခံလာမလဲဆိုပြီး စောင့်နေခဲ့တာ.. ရှင်ကျွန်မကို ဘယ်လောက်ကြာအောင် စောင့်ခိုင်းခဲ့လဲ သိရဲ့လား" ဟု ဝူရှောင်ဟွားက ငိုသံစွက်ကာ ပြောလေသည်။

ဒီတစ်ကြိမ်တွင်မူ ဝူရှန်းက အံ့သြသွားရမည့် အလှည့်ရောက်လာသည်။

​"ရှောင်ဟွား.. မင်းတကယ်ပဲ ကိုယ့်ကို သဘောကျတာလား" ဟု ဝူရှန်းက ထပ်မံမေးမြန်းလိုက်သည်။

​"ရှင်က လူဆိုးကြီးပဲ.. ကျွန်မရှင့်ကို အရင်ကတည်းက သတိထားမိနေတာပါ.. ရှင်က တခြားလူတွေနဲ့ မတူဘဲ ထူးခြားနေလို့လေ" ဟု ဝူရှောင်ဟွားက အပြုံးလေးဖြင့် ပြောရင်း "အဲ့ဒါကြောင့် ကျွန်မနေ့တိုင်း ရှင့်ကို စောင့်ကြည့်မိနေခဲ့တာ.. ကြာလာတော့ ရှင့်ရဲ့ အဲဒီထူးခြားတဲ့ ပုံစံတွေကပဲ ကျွန်မကို ဆွဲဆောင်သွားခဲ့တာပေါ့" ဟု ဆက်ပြောလိုက်သည်။

​ဝူရှန်းသည် မိန်းကလေးတစ်ယောက်က သူ့ကို တိတ်တဆိတ် ချစ်ကြိုက်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဒီခံစားချက်က အလွန်ပင် ကောင်းမွန်လှပေသည်။

​"ဒါပေမဲ့ ရှင်နေ့တိုင်း စိတ်ညစ်နေပြီး.. လေးပင်နေသလို ခံစားနေရတာကို တွေ့ရတော့ ကျွန်မရှင့်နားကို ချဉ်းကပ်ဖို့တောင် မဝံ့ရဲခဲ့ဘူး" ဟု ဝူရှောင်ဟွားက ပြောရင်း ဝူရှန်း၏ ရင်ဘတ်ပေါ်သို့ ခေါင်းမှီချလိုက်သည်။

​ဝူရှန်းသည် ဝူရှောင်ဟွား၏ မေတ္တာကို သိရှိသွားပြီဖြစ်ရာ သူမကို ဒီအတိုင်း နမ်းရုံနှင့် လွှတ်ပေးလိုက်ရန် မဖြစ်နိုင်တော့ပေ။

ဝူရှောင်ဟွားကို ပွေ့ချီကာ သူမ၏ အိပ်ခန်းရှိရာဆီသို့ အမြန်လျှောက်သွားခဲ့တော့သည်။

​သူသည် ဝူရှောင်ဟွားကို ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝူရှောင်ဟွား၏ မျက်နှာလေးသည် သစ်သီးမှည့်တစ်လုံးကဲ့သို့ နီရဲသွားခဲ့ပြီး ဝူရှန်းကိုယ်တိုင်လည်း မည်မျှအထိ စိတ်လှုပ်ရှားနေရမှန်း မသိတော့ပေ။

ထို့နောက် သူသည် သူ၏ဘဝတွင် ပထမဆုံးအကြိမ် အတွေ့အကြုံသစ်ကို စတင်ခဲ့တော့သည်။

​တစ်နာရီခန့် ကြာသွားပြီးနောက်တွင်...

​ဘေးနားတွင် အိပ်ပျော်နေသော ဝူရှောင်ဟွားကို ငုံ့ကြည့်ရင်း သူ၏ရင်ထဲတွင် ပြောမပြတတ်အောင် ပျော်ရွှင်နေခဲ့သည်။

ထို့နောက် ကုတင်ပေါ်ရှိ အနီရောင်စွန်းထင်းနေသော အိပ်ရာခင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူရှန်းသည် သူ၏ပခုံးပေါ်တွင် တာဝန်ဝတ္တရားအသစ်များ ကျရောက်လာပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

​"ရှောင်ဟွား.. ထပ်*ရမလား"

ဝူရှန်းက ပြုံးစစဖြင့် မေးလိုက်သည်။

​"တော်တော့နော်... အရမ်းနာနေပြီ" ဝူရှောင်ဟွားက မျက်နှာနီရဲလျက် ရှက်ရွံ့စွာဖြင့် ပြန်ပြောသည်။

​ဝူရှန်းလည်း သူမကို အတင်းအကျပ် တောင်းဆိုရန် မဖြစ်နိုင်ပေ။

​"အင်းပါ... နောက်ဆို အချိန်တွေ အများကြီး ရှိသေးတာပဲလေ"

ဝူရှန်းသည် ဝူရှောင်ဟွားကို ရင်ခွင်ထဲသို့ ဆွဲသွင်းရင်း ပြောလိုက်သည်။

​ဝူရှန်းသည် ဒီလို အခြေအနေမျိုးဖြင့် ဝူရှောင်ဟွားနှင့် လက်တွဲဖော် ဖြစ်လာလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့ပေ။

ထို့ကြောင့် သူ၏ဇနီးဖြစ်လာသူကို ကောင်းမွန်စွာ ကျွေးမွေးပြုစုနိုင်ရန်အတွက် သူကြိုးစားပြီး ငွေရှာရပေမည်။

​"ရှောင်ဟွား.. ကိုယ်ငွေတွေအများကြီး ရှာနိုင်တဲ့အခါ မင်းရဲ့မိဘတွေဆီမှာ တရားဝင် တောင်းရမ်းမယ်နော်"

ဝူရှန်းက သူမ၏ နဖူးလေးကို နမ်းရင်း‌ ပြောလိုက်သည်။

ဝူရှောင်ဟွားကလည်း ခေါင်းညိတ်ပြလိုက်သည်။

​ယခုအခါတွင် သူ၌ ကျင့်ကြံခြင်းစွမ်းအား ရှိနေပြီဖြစ်သောကြောင့် သိုးကျောင်းရုံသက်သက်ဖြင့် ဆက်လက်နေထိုင်၍ မဖြစ်တော့ပေ။

ဤကမ္ဘာကြီးတွင် ကောင်းကင်တံတိုင်းကို ထိုးဖောက်နေသည့် အဆောက်အအုံကြီးများ မရှိပေ။

သူကြည့်လိုက်သမျှ အရာရာတိုင်းသည် သစ်တောအုပ်ကြီးများဖြင့်သာ ဖုံးလွှမ်းနေသည်။

​"စနစ်လေးရေ.. ငါ့မှာ အခု ကျင့်ကြံခြင်းစွမ်းအားတွေပဲ ရှိပြီး ကျင့်စဉ်တွေ ဘာမှမရှိသေးဘူး…ဘယ်လိုလုပ်ရမလဲ" ဟု ဝူရှန်းက မေးလိုက်သည်။

​တကယ်လို့သာ ကျင့်စဉ်များ ရှိနေမည်ဆိုပါက အရာရာတိုင်းက ပို၍ လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

​【ပိုင်ရှင်အနေနဲ့ ကိုယ်ပိုင်ကျင့်စဉ်တွေကို ဝယ်ယူဖို့အတွက် အမှတ်တွေ သုံးရပါမယ် ညာဘက်အောက်ထောင့်က စျေးဝယ်စင်တာကို နှိပ်ပြီး ဝယ်ယူနိုင်ပါတယ်...】

​စနစ်က ထိုသို့ပြောပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။

​အနိမ့်ဆုံးအဆင့် ကျင့်စဉ်တစ်ခုပင်လျှင် အမှတ် ၁၀ မှတ် လိုအပ်သော်လည်း သူ၏လက်ကျန်အမှတ်မှာမူ ၁ မှတ်သာ ရှိနေသည်။

​ယခုလို အပြင်ထွက်တော့မည်ဆိုလျှင် သူ၏ကိုယ်ပိုင်စာရင်းအချက်အလက် ကို တစ်ချက်လောက် ကြည့်သင့်ပေသည်။

​အမည် - ဝူရှန်း

ကျား/မ - ကျား

ကျင့်ကြံခြင်းအဆင့် - ချီသန့်စင်ခြင်းအဆင့်၏ ထိပ်ဆုံး

ကျင့်စဉ် - လျှို့ဝှက်ချက်

ပညာရပ် - လျင်မြန်ခြေလှမ်း

တာအိုလက်တွဲဖော် - ဝူရှောင်ဟွား

​ထို့ထက်ပို၍ ဘာမှမရှိတော့ပေ။

ဒီလောက် နည်းပါးလှသည့် အချက်အလက်များဖြင့် သူဘာများ လုပ်နိုင်မည်နည်း။ သူ လုံးဝ နားမလည်နိုင်တော့ပေ။

​သို့သော် သူသည် ယခုအခါတွင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်ရာ သိုလှောင်အိတ် တစ်လုံးမပါဘဲ လှည့်လည်သွားလာ၍ မဖြစ်ပေ။

[ဒင်.. စနစ်မှာ ကိုယ်ပိုင် သိုလှောင်ရေးနေရာလွတ် ရှိပါသည်]

စနစ် သတိပေးချက်အရ ကိုယ်ပိုင်သိုလှောင်ရေး နေရာလွတ်ပါရှိသည်ကို တွေ့လိုက်ရသဖြင့် သူအံ့သြသွားခဲ့သည်။

​သို့ပေသိ သူ၏ စနစ်နေရာလွတ်ထဲ၌ အစစအရာရာ ဗလာဖြစ်နေသောကြောင့် ပထမဆုံးအနေဖြင့် အနီးနားရှိ သစ်တောထဲသို့ သွားရောက်ကာ အမဲလိုက်၍ ငွေရှာရပေမည်။

​ထို့နောက် သူသည် တောအုပ်ဆီသို့ တန်းတန်းမတ်မတ် ထွက်သွားခဲ့သည်။

​လွန်ခဲ့သည့် ၁၈ နှစ်အတွင်း ရရှိခဲ့သော ဗဟုသုတများအရ သူသည် ယောင်သားရဲများ အကြောင်းကို ကောင်းကောင်းသိထားသည်။ ပထမအဆင့် ယောင်သားရဲတစ်ကောင်သည် ချီသန့်စင်ခြင်းအဆင့်နှင့် ညီမျှပေသည်။

​သူ့တွင် ကျင့်စဉ်များ မရှိသေးသဖြင့် သားရဲများကို အမဲလိုက်ရာတွင် သူ၏ မူလဗီဇ တုံ့ပြန်မှုများကိုသာ အဓိက အားကိုးရပေမည်။

​တောအုပ်ထဲသို့ ရောက်ရှိလာသောအခါတွင် သားရဲများ၏ ဟိန်းသံများကို အရပ်မျက်နှာအမျိုးမျိုးမှ အချိန်မရွေး ကြားနေရသည်။ ထိုအသံများကို လိုက်လံထောက်လှမ်းကြည့်လိုက်ရာ ဝက်ဝံနှင့်တူသော ပထမအဆင့် ယောင်သားရဲတစ်ကောင်နှင့် တွေ့လိုက်ရသည်။

​ထိုသားရဲကလည်း ဝူရှန်းကို တွေ့သည်နှင့် ဝင်ရောက်တိုက်ခိုက်ရန် ကြံစည်နေပုံရသည်။

သို့သော် ဝူရှန်းကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။

ယခုအခါ သူ၏စွမ်းအားများကို ထုတ်ပြရန် အချိန်ကျရောက်ပြီ ဖြစ်သည်။

​သူသည် လက်သီးတစ်ချက်ဖြင့် ထိုဝက်ဝံရိုင်းကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ထိုးချလိုက်သည်။

​ဝူရှန်းသည် သူ၏လက်သီးကို ကျေနပ်အားရစွာဖြင့် ငုံ့ကြည့်လိုက်ပြီးနောက် ထိုဝက်ဝံရိုင်းကို သူ၏စနစ်သိုလှောင်ရေး နေရာလွတ်ထဲသို့ တန်း၍ ထည့်လိုက်လေသည်။

​သားရဲအမဲလိုက်ခြင်းသည် အလွန်ပင် လွယ်ကူလှပေသည်။

​အနီးအနားတွင် အန္တရာယ်မရှိတော့ကြောင်း ခံစားမိသဖြင့် သူသည် တောအုပ်၏ အတွင်းပိုင်းဆီသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။

ရက်အနည်းငယ်ကြာမျှ အမဲလိုက်ခဲ့ပြီးနောက် သူသည် ယောင်သားရဲ ဒါဇင်ပေါင်းများစွာကို အမဲလိုက်ပြီးဖြစ်နေပြီ ဖြစ်သည်။

​ထိုသားရဲအသေများကို မြို့ပေါ်သို့ သယ်သွားပါက ငွေမည်မျှရနိုင်မည်ကို သူကိုယ်တိုင်ပင် မသိပေ။

​ဝူရှန်းတစ်ယောက် ရွာသို့ ပြန်ရန်ပြင်ဆင်နေချိန်တွင် ရုတ်တရက် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပွားလာခဲ့သည်။

​"သခင်လေး.. ကျွန်မအသက်ကို ကယ်ပါဦး" ဟု အမျိုးသမီးတစ်ဦးက အလွန်တရာ ကြောက်လန့်တကြားဖြင့် ဝူရှန်းထံသို့ ပြေးလာကာ အကူအညီတောင်းလိုက်သည်။

မိန်းကလေးကို တစ်ချက်ကြည့်လိုက်ကာ မျက်လုံးထဲတွင်အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

​"ငါက ဘာလို့မင်းကို ကယ်ရမှာလဲ.. မင်းကို ကယ်ရင် ငါ့မှာ ဘာအကျိုးအမြတ် ရှိမှာလဲ" ဟု ဝူရှန်းက မေးစေ့ကို ပွတ်ရင်း အေးအေးလူလူ မေးလိုက်သည်။

​ထိုအမျိုးသမီးက ပြန်လည်မဖြေကြားရသေးမီမှာပင် လူငယ်တစ်ဦးက သူမ၏နောက်မှ အပြေးအလွှား လိုက်ပါလာခဲ့သည်။

​"ဟူရှီယောင်.. မင်းငါ့ကိုငြင်းလို့မရဘူး... ငါက ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတပည့်တစ်ယောက်ပဲလေ"

ထိုလူငယ်က ရမက်ပါသော အပြုံးဖြင့် ပြောဆိုရင်း "ဒီကောင်လေးက မင်းကို ကယ်နိုင်လောက်မယ်လို့ မင်းတကယ်ထင်နေတာလား"

ဆက်ပြောလိုက်သည်။

​ဝူရှန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ရှိ ထိုလူငယ်ကို ကြည့်ရင်း အနည်းငယ် ခေါင်းရှုပ်သွားခဲ့သည်။

​သူ့အနေဖြင့် ထိုလူကို အနိုင်ယူရန် မလွယ်ကူပေ။

​သို့သော် သူ့ရှေ့တွင် ရပ်နေသည့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်စဉ်မှာပင် သူ၏ဦးနှောက်ထဲတွင် အကြံဉာဏ်တစ်ခု ပေါ်လာခဲ့သည်။

​ဒီလို ချောမောလှပသော အမျိုးသမီးသည် လက်ရှိတွင် အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသော်လည်း သူမ၏ ရုပ်ရည်အလှမှာမူ အပြစ်ဆိုစရာ မရှိအောင် စုံလင်လှပေသည်။

​"ဟူရှီယောင် မဟုတ်လား... မင်းအသက်ကို ကယ်လို့ရမယ့် နည်းလမ်းတစ်ခုတော့ ငါ့မှာရှိတယ်…မင်းလက်ခံမလားတော့ မသိဘူး"

ဝူရှန်းက မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။

​ထိုစကားကို ကြားလိုက်ရသဖြင့် ဟူရှီယောင်၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပသွားခဲ့သည်။

​"သခင်လေး.. မြန်မြန်ပြောပါ" ဟု ဟူရှီယောင်က အမြန်တောင်းဆိုလိုက်သည်။

​"အဟမ်း... ဘာမှမဟုတ်ပါဘူး.. ငါ့ကို တစ်ချက်လောက် နမ်းခွင့်ပေးလိုက်ရုံပါပဲ"

ဝူရှန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

​ထိုစကားကို ကြားလိုက်ရသောအခါ ဟူရှီယောင်မှာ အံ့အားသင့်သွားခဲ့ပြီး ဝူရှန်း၏ လက်ကို ဆွဲထားခဲ့သည့် သူမ၏ လက်ကလေးများမှာ ချက်ချင်းပင် လွတ်လိုက်‌တော့သည်။

​"ဟွန့်... ယောကျ်ားတွေ အားလုံးက အတူတူတွေ ချည်းပါပဲလား"

ဟူရှီယောင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

​သူမသည် ဝူရှန်း၏ ရုပ်ရည်ချောမောပြီး နူးညံ့သိမ်မွေ့ပုံရသည်ကို မြင်ကာ ကယ်တင်ရှင်ထင်ခဲ့သော်လည်း သူသည်လည်း ဒီလို လူမျိုးပင် ဖြစ်နေလိမ့်မည်ဟု သူမလုံးဝ မထင်ထားခဲ့ပေ။

​ယခုအချိန်တွင် ဟူရှီယောင်၏ စိတ်နှလုံးထဲတွင် မည်မျှအထိ စိတ်ပျက်အားငယ်နေမည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။

​"ဟားဟား... မင်းရဲ့ အနမ်းကို အဆုံးရှုံး ခံမှာလား.. ဒါမှမဟုတ် မင်းရဲ့ဘဝကို ဆုံးရှုံးခံမှာလား.. ကဲ မင်းဘယ်ဟာကို ရွေးမလဲ မင်းဆုံးဖြတ်လေ"

ဝူရှန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment