no

Font
Theme

အခန်း (၁၉) ပင်မတောင်ထိပ်သို့ ပြန်လည်ရောက်ရှိခြင်း

​ဟူရှီယောင်က သူ့ကိုယ်ပေါ်တွင် ဆက်လက် လှဲလျောင်းနေဆဲ ဖြစ်ပေသည်။

​သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဆက်လက် ခံနိုင်ရည် ရှိသေးသော်လည်း စီးပွားရေးလုပ်ရခြင်းမှာ စိတ်ပိုင်းဆိုင်ရာအရ အလွန်တရာ မောပန်းနွမ်းနယ်စေသဖြင့် အိပ်စက်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

​ဒီလို အိပ်စက်ခြင်းမှာ နာရီပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။

​မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ဟူရှီယောင်မှာ သူ့ကိုယ်ပေါ်တွင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။

​သူလည်း အနည်းငယ် စိုးရိမ်သွားခဲ့သည်။

​ကုတင်ပေါ်မှ အမြန် ဆင်းလိုက်ကာ ပင်မတောင်ထိပ်ဆီသို့ အပြေးအလွှား ထွက်သွားခဲ့သည်။

​"မင်း.. ထွက်သွားတုန်းက အသိမပေးခဲ့ဘူး…ငါက မင်းနောက်တစ်ခါ ပျောက်သွားပြန်ပြီ ထင်နေတာ"

​ပင်မခန်းမဆောင်သို့ ရောက်ရှိချိန် တောင်ထိပ်သခင် ထော့ပါရှီယွဲ့နှင့် စကားပြောဆိုနေသော ဟူရှီယောင်ကို တွေ့လိုက်ရသဖြင့် ဝူရှန်းလည်း မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။

​မကျေမနပ် ပြောဆိုနေသော်လည်း ဟူရှီယောင် ခံစားလိုက်ရသည်မှာမူ ကြင်နာမှုနှင့် ဂရုစိုက်မှုပင် ဖြစ်ပေသည်။

​"အင်းပါ… အင်းပါ… ကျွန်မက ရှင့်အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့ပါ.. ဟုတ်တယ်မလား"

​ဟူရှီယောင်လည်း ဝူရှန်း၏ ဘက်သို့ လျှောက်သွားကာ သူ့ကို ဖက်လိုက်ရင်း ပြောဆိုလိုက်သည်။

​ထိုသို့ အချစ်စမ်းနေကြသည်ကို မြင်လိုက်ရသဖြင့် တောင်ထိပ်သခင် ထော့ပါရှီယွဲ့မှာ အမည်မသိ ဒေါသအချို့ ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

​"အဟမ်း... အဟမ်း... မင်းတို့က ဆေး‌ဖော်စပ်တဲ့ ပညာလာသင်တာလေ... အချစ်ကိစ္စလုပ်ချင်တယ်ဆိုရင် တခြားသွားလုပ်ကြ"

​သူတို့ကို ကြည့်ရင်း ထော့ပါရှီယွဲ့က အသာအယာ ချောင်းဆိုးရင်း‌ပြောလိုက်သည်။

​ဟူရှီယောင်လည်း ဝူရှန်း၏ ရင်ခွင်ထဲမှ ချက်ချင်း ရုန်းထွက်ချင်သွားခဲ့သည်။

​သို့သော် ဝူရှန်းကမူ တောင်ထိပ်သခင်ကို လုံးဝ မကြောက်ရွံ့ပေ။

​ထော့ပါရှီယွဲ့၏ ရှေ့မှောက်တွင်ပင် ဟူရှီယောင်ကို တိုက်ရိုက် နမ်းလိုက်သည်။

‌ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထော့ပါရှီယွဲ့၏ သွားများကို ကြိတ်ထားမိသဖြင့် တကျွတ်ကျွတ် မြည်လာခဲ့သည်။

​သူမ၏ စိတ်ထဲတွင် ဝူရှန်းအပေါ် တိတ်တဆိတ် အငိုးဖွဲ့ထားလိုက်သည်။

​"ကျွန်မကို လွှတ်ပါ.. လူယုတ်မာကြီး"

​ဟူရှီယောင်လည်း ဝူရှန်း၏ ရင်ခွင်ထဲမှ အမြန် ရုန်းထွက်လိုက်ကာ ဘက်သို့ ဖယ်လိုက်သည်။

​တစ်ယောက်တည်း ရှိနေချိန်ဆိုလျှင် ပြဿနာမရှိသော်လည်း ထော့ပါရှီယွဲ့ ရှေ့တွင် ဖြစ်နေသဖြင့် သူမ ရှက်လွန်း၍ သေချင်လောက်အောင် ဖြစ်နေခဲ့သည်။

​ထို့နောက် သူမ၏ လှပသော မျက်ဝန်းများဖြင့် ဝူရှန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

​ဝူရှန်းကမူ လုံးဝ ဂရုမစိုက်ဘဲ ပုခုံးတစ်ချက် တွန့်ပြလိုက်သည်။

​"တောင်ထိပ်သခင်... ကျွန်တော့်မှာ တောင်ထိပ်သခင်အတွက် လက်ဆောင်တစ်ခု ပါလာတယ်…လိုချင်လား"

​ထော့ပါရှီယွဲ့ထံသို့ လျှောက်သွားရင်း ဝူရှန်းက မေးမြန်းလိုက်သည်။

​ထော့ပါရှီယွဲ့က လုံးဝ ဂရုမစိုက်ပေ။

ဝူရှန်းဆိုသည့်ကောင်က သူမအား မည်သည့်ကောင်းသော ပစ္စည်းမျိုးကိုများ ပေးနိုင်မည်နည်း။

​ဝူရှန်းလည်း အမျိုးမျိုးသော ပုံစံနှင့် အရောင်ရှိသည့် စတော်ကင်များ ပါဝင်သည့် အိတ်ကို ထုတ်ယူလိုက်သည်။

​အစုံ ဒါဇင်ပေါင်းများစွာ ပါရှိနေပေသည်...

​ထော့ပါရှီယွဲ့၏ လှပသော မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။

​သူမ၏ တပည့် ဒီအရာကို ဝတ်ဆင်ထားသည်ကို သူမ မြင်ဖူးခဲ့သည်။

ထိုစဥ်က ဘယ်မှာဝယ်ရမှန်း မေးမြန်းလိုခဲ့သော်လည်း တောင်ထိပ်သခင် တစ်ဦးအနေဖြင့် ဖွင့်ပြောရန် ရှက်ရွံ့နေခဲ့ခြင်း ဖြစ်ပေသည်။

​ယခုမူ ဝူရှန်းက သူမအတွက် အများအပြား လာရောက် လက်ဆောင်ပေးနေပြီ ဖြစ်သည်။

​"ဝူရှန်း... ဒီလုပ်ရပ်က ဘာကို ဆိုလိုတာလဲ"

​ထော့ပါရှီယွဲ့က ပစ္စည်းများကို လိုချင်နေဆဲဖြစ်သော်လည်း ဂရုမစိုက်ဟန်ဖြင့် မေးမြန်းလိုက်သည်။

​ဝူရှန်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ အလှအပကို နှစ်သက်သော ဒီတောင်ထိပ်သခင်ကြီးမှာ လုံးဝ ငြင်းပယ်နိုင်မည် မဟုတ်ပေ။

​"ဘာကို ဆိုလိုလဲဆိုတာ တောင်ထိပ်သခင် သိပါတယ်…တခြား ဘာအဓိပ္ပာယ် ရှိရဦးမှာလဲ.. ကျွန်တော်က တောင်ထိပ်သခင်ကို ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်ရမယ့် ပန်းတိုင်အဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့တာလေ..."

​ဝူရှန်းက ပြုံးရင်း ပြောလိုက်သည်။

​ဟူရှီယောင်က အလွန်တရာ လှပနေသဖြင့် သူ မရှိခိုက်တွင် သူမကို စောင့်ရှောက်ပေးမည့်သူ ရှိနေခြင်းမှာ မဆိုးပေ။

​"ဩော်... ကျွန်တော့်ရဲ့ ကြိုးစားရမယ့် ပန်းတိုင် ဟုတ်လား.. အဲ့ဒါက ဘာကို ဆိုလိုတာလဲ"

​ထော့ပါရှီယွဲ့က ရှုပ်ထွေးနေသော အကြည့်ဖြင့် မေးမြန်းလိုက်သည်။

​ရှုပ်ထွေးနေသော ထော့ပါရှီယွဲ့၏ အကြည့်ကို မြင်လိုက်ရသဖြင့် ဝူရှန်း ရယ်ချင်လာခဲ့သည်။

​"တောင်ထိပ်သခင်ကို ကျွန်တော့်က ပထမဆုံးအနမ်း ပေးဖူးတယ်…ကျွန်တော် အင်အားကြီးလာတဲ့အခါ ကျရင် တောင်ထိပ်သခင်အတွက် တာဝန်ယူပေးမယ် တောင်ထိပ်သခင်ရဲ့ အပျိုစင်ဘဝကို ရယူမယ်လို့ မပြောခဲ့ဖူးဘူးလား…အဲ့ဒါကို မေ့သွားပြီလား"

​ဝူရှန်းက ပြောလိုက်လေသည်။

​ထိုမှသာ ထော့ပါရှီယွဲ့ ပြန်လည် သတိရသွားခဲ့သည်။

​သူမက နောက်ပြောင်မှုတစ်ခုသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဝူရှန်းက ဒီလို အတည်ပေါက် လုပ်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

​"ဟား..ဟား... ငါ့မိသားစုက ငါ့အတွက် လက်ထပ်ပွဲ စီစဉ်ပေးထားပြီးသား.. နင့်လို ကောင်စုတ်လေး တစ်ယောက်က ဘယ်လိုကြိုးစားမှာလဲ"

​ထော့ပါရှီယွဲ့က တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်သည်။

​သူမသည် ဝူရှန်း၏ စကားများကို လုံးဝ အလေးအနက် မထားပေ။

​"ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံခြင်း တိုးတက်မှုအရ တောင်ထိပ်သခင်ရဲ့ အပျိုစင်ဘဝကို ရယူဖို့ဆိုတာ အချိန်ကိစ္စ တစ်ခုပါပဲ…ဘာ အဓိပ္ပာယ်မရှိတဲ့ လက်ထပ်ပွဲလဲ…သူတို့ကို ကျွန်တော် ရိုက်နှက်ပစ်မယ်"

​ဝူရှန်းက ကြုံးဝါးလိုက်သည်။

​ဝူရှန်း၏ စကားများ လက်တွေ့ဖြစ်လာနိုင်မလားဆို သူမ မသိရှိသော်လည်း ​ဝူရှန်း၏ တောက်ပသော စွမ်းအင်ကမူ အလွန်ပင် ကောင်းမွန်နေခဲ့သည်။

​"ကောင်လေး.. နင်က တကယ် မောက်မာတာပဲ…နင်ရဲ့ အားနည်းတဲ့ ကျင့်ကြံခြင်းနဲ့ ဘာများ လုပ်နိုင်မှာလဲ.. ပြဿနာတွေ လိုက်မရှာဘဲ ဟူရှီယောင်နဲ့အတူ ကောင်းကောင်းနေထိုင်စမ်းပါ"

​ထော့ပါရှီယွဲ့က အကြံပြုလိုက်သည်။

​ဝူရှန်း၏ ဆေး‌ဖော်စပ်ပညာ အရည်အချင်းကို သူမ မြင့်မားစွာ သတ်မှတ်ထားသော်လည်း သိုင်းပညာ အရည်အချင်း ညံ့ဖျင်းနေပါက အဆုံးတွင် တခြားသူများအတွက် လှေကားထစ် သို့မဟုတ် နင်းပြားတစ်ခုသာ ဖြစ်လာလိမ့်မည် ဖြစ်ပေသည်။

​ထော့ပါရှီယွဲ့က သူ့ကို မယုံကြည်ကြောင်း မြင်လိုက်ရသဖြင့် ဝူရှန်းလည်း သူ၏ ကျင့်ကြံခြင်းဆင့်ကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်သည်။

​"ဟင်... ရွှေအမြုတေ အဆင့် (၆) လား"

​ထော့ပါရှီယွဲ့မှာ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။

​အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိသူတစ်ဦးက ရွှေအမြုတေအဆင့်ကို ရောက်နေလိမ့်မည်ဟု သူမ လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။

​"မယုံကြည်နိုင်စရာ ကောင်းတာတွေက ရှေ့ဆက်လာဦးမှာ... အဲ့ဒီအချိန်ကျရင် တောင်ထိပ်သခင်လည်း ကုတင်ပေါ်မှာ ကျွန်တော့်ကို စောင့်နေလိုက်တော့"

​မကောင်းဆိုးဝါး ပြုံးပြုံးဖြင့် ဝူရှန်းက ပြောဆိုလိုက်သည်။

​ဒီလို ဆွဲဆောင်မှုရှိပြီး ရမက်ပြင်းပြဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလျှင် မည်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ထော့ပါရှီယွဲ့က…​"မင်းက ပိုပိုပြီး ရဲတင်းလာပြီ.. တောင်ထိပ်သခင် ကိုတောင် လာစနောက်နေတယ်ပေါ့လေ"

ဒီကောင်လေးမှာ တကယ်ကို ရဲတင်းလွန်းလှပေသည်။

သူမသည် ဝူရှန်းကို လုံးဝ မမုန်းတီးပေ။

ပုံမှန်အချိန်များတွင် သူမနှင့် တွေ့ဆုံရသူများမှာ လှည့်စားတတ်သူများနှင့် ကောက်ကျစ်စဉ်းလဲသူများသာ ဖြစ်ကြသည်။

​သူတို့သည် သူမ၏ အလှအပကို လိုချင်ကြသည် သို့မဟုတ် သူမ၏ အာဏာကို အသုံးချလိုကြသည်။

​"စိတ်မပူပါနဲ့.. ကျွန်တော် တောင်ထိပ်သခင်ကို ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာအောင် သေချာပေါက် လုပ်ပြမယ်"

​ဝူရှန်းပြောရင်း ထော့ပါရှီယွဲ့၏ လက်ချောင်းလေးများကို ဆွဲကိုင်လိုက်သည်။

​ကျောက်စိမ်းကဲ့သို့ နွေးထွေးပြီး ချောမွေ့နေခဲ့သည်။

​ထိုစဥ် နောက်ဘက် ခပ်လှမ်းလှမ်းတွင် ရှိနေသော ဟူရှီယောင်က ပြောနေသည့်အသံများကို မကြားသော်လည်း… ဝူရှန်း၏ လုပ်ရပ်ကို မြင်လိုက်ရသည်။

​"ဝူရှန်း... ရှင် ဘာတွေလုပ်နေတာလဲ…တောင်ထိပ်သခင်ရဲ့ လက်ကိုဘာလို့ သွားကိုင်တာလဲ ရှင်သေချင်နေတာလား"

​ဟူရှီယောင်က အမြန် ပြောဆိုလိုက်သည်။

​ဒါဟာ အလွန်တရာ ရဲတင်းလွန်းလှပေသည်...

တောင်ထိပ်သခင်နှင့် တွေ့ဆုံရသည့် အချိန်တိုင်း သူမသည် အလွန်တရာ ရိုသေလေးစားရသော်လည်း ဝူရှန်းကမူ တိုက်ရိုက်ပင် လက်ကိုသွားကိုင်နေခဲ့သည်။

​"ရှီယောင်ရယ်... ကိုယ်က တောင်ထိပ်သခင်နဲ့ အရင် ရင်းနှီးအောင် လုပ်နေတာပါ တောင်ထိပ်သခင်က ဒါမျိုးကို စိတ်ထဲမထားပါဘူး…ကျင့်ကြံသူတွေဆိုတာ ယောက်ျားနဲ့ မိန်းမ ကိစ္စတွေကိုပဲ အမြဲတမ်း တွေးနေလို့ မရဘူးလေ"

​ဝူရှန်းက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောဆိုလိုက်သည်။

​ဝူရှန်း လျှောက်ပြောနေခြင်းဖြစ်ကြောင်း ဟူရှီယောင် ကောင်းကောင်း သိရှိပေသည်။

​သို့သော် သူမက ကျယ်ကျယ်လောင်လောင် ပြောရန် မဝံ့ရဲပေ။

တကယ်လို့များ ထော့ပါရှီယွဲ့ စိတ်ဆိုးသွားပြီး ဝူရှန်းကို တစ်ချက်ထဲနဲ့ ရိုက်သတ်လိုက်လျှင် မည်သို့လုပ်ရမည်နည်း။

​"ဝူရှန်း... မင်းရဲ့ စွမ်းအင်က အချိန်ကာလတစ်ခုအတွင်းမှာ ငါ့ထက် ကျော်လွန်သွားမယ်ဆိုရင် ငါ မင်းရဲ့ တာအိုလက်တွဲဖော် ဖြစ်လာပေးနိုင်ပါတယ်"

​ထော့ပါရှီယွဲ့က ကတိကဝတ် ပြုလိုက်သည်။

​အနားရောက်လာသော ဟူရှီယောင်မှာ ကြားသောစကားကို မယုံကြည်နိုင်ဘဲ ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်မိသည်။

အဖြစ်အပျက်မှာ အလွန်တရာ ရှုပ်ထွေးလွန်းနေပြီ...

အံ့အားသင့်နေသော မျက်နှာဖြင့် သူမသည် ဝူရှန်းကို လှမ်းကြည့်လိုက်သည်။

​ဝူရှန်းကမူ ဟူရှီယောင်ကို ဆွဲခေါ်လိုက်သည်။

​"တောင်ထိပ်သခင်... ကျွန်တော့်မှာ တာအိုလက်တွဲဖော် ရှိနေပြီဆိုတာကို တောင်ထိပ်သခင် စိတ်မဆိုးဘူးမဟုတ်လား"

​ထော့ပါရှီယွဲ့ကို ကြည့်ရင်း ဝူရှန်းက ပြုံးကာ မေးမြန်းလိုက်သည်။

​ထော့ပါရှီယွဲ့က ခေါင်းခါယမ်းပြလိုက်သည်။

​"ငါ့ရဲ့ တာအိုလက်တွဲဖော်က လုံလောက်တဲ့ အစွမ်းအင်ရှိပြီး.. ငါ့ကို ဘယ်တော့မှ စွန့်လွှတ်မသွားဖို့နဲ့ ထာဝရ ကာကွယ်ပေးနိုင်ဖို့ကိုပဲ ငါ မျှော်လင့်ပါတယ်.. ဒီအချက်တွေ ရှိနေပြီဆိုရင် ရပြီ"

​တည်ကြည်သော အမူအရာဖြင့် ထော့ပါရှီယွဲ့က ပြောဆိုလိုက်သည်။

​ထော့ပါရှီယွဲ့၏ အမူအရာကို မြင်လိုက်ရသဖြင့် ဝူရှန်း ရင်ခုန်သွားခဲ့သည်။

ဒီအမျိုးသမီးမှာ ပုံမှန်အချိန်များတွင် ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းသော်လည်း ဒီလို တည်ကြည်နေချိန်တွင်လည်း အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းနေမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

​ဝူရှန်း တံတွေးမျိုချနေသည်ကို မြင်လိုက်ရသဖြင့် ဟူရှီယောင်လည်း သူ့ကျောပြင်ကိုရိုက်လိုက်သည်။

​"ဟွန့်...အတွေးဆိုးတွေနဲ့..လူယုတ်မာ"

​မျက်နှာငယ်လေးဖြင့် ဟူရှီယောင်က ပြောဆိုလိုက်သည်။

​တကယ်တမ်းတွင် ဝူရှန်းသည် ထော့ပါရှီယွဲ့၏ အလှအပ တစ်ခုတည်းကြောင့် ဆွဲဆောင်ခံနေရခြင်း မဟုတ်ပေ။

​သူ့တွင် ထော့ပါရှီယွဲ့က ပေးရမည့် အနမ်းတစ်ခု ရှိနေသေးပေသည်...

ဟုတ်ပေသည်.. သူမ၏ ဦးဆောင်အနမ်းပင် ဖြစ်ပေသည်။

​ဝူရှန်းလည်း ဒါကို အမြဲတမ်း စဉ်းစားနေဆဲ ဖြစ်ပေသည်။

ထော့ပါရှီယွဲ့ ကိုယ်တိုင် ဆန္ဒရှိလာမှသာ သူမသည် သူ့ကို ဦးဆောင်ကာ နမ်းရှိုက်လာလိမ့်မည် ဖြစ်ပေသည်။

​ယခင်က သူမကို နမ်းနိုင်ခဲ့ခြင်းမှာ လှည့်ကွက်အချို့ကို သုံးခဲ့ရုံသာ ရှိသေးသည်။

​"ရှင်ကတော့ တကယ့်လူယုတ်မာပဲ.. လှပတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တာနဲ့ လမ်းတောင် မလျှောက်နိုင်တော့ဘူးပေါ့လေ"

​ဟူရှီယောင်က ဒေါသတကြီးဖြင့် ထပ်ပြောဆိုလိုက်သည်။

​ဝူရှန်းကမူ လုံးဝ ဂရုမစိုက်ပေ။

​"ကြည့်လေ.. တကယ်လို့ တောင်ထိပ်သခင်သာ ကိုယ့်ရဲ့ မိန်းမဖြစ်လာမယ်ဆိုရင် မင်းလည်း…ဒီတောင်ထိပ်မှာ အေးဆေးနေနိုင်ပြီမဟုတ်ဘူးလား"

​ဝူရှန်းက ကြွားဝါစွာ ပြောဆိုလိုက်သည်။

​ဟူရှီယောင်က ဝူးရှန်းကို စိုက်ကြည့်လိုက်ကာ…​"ဟွန့်... တကယ်လို့ တောင်ထိပ်သခင်က ကျွန်မကို ပြိုင်ဘက်တစ်ယောက်လို ဆက်ဆံမယ်ဆိုရင်ရော... အဲ့ဒါဆိုရင် ကျွန်မ သေလမ်းကို ရောက်သွားမှာ မဟုတ်ဘူးလား"

​ဝူရှန်းလည်း ဒီအချက်ကို ကောင်းကောင်း သိရှိပေသည်။

​ယခုအချိန်အထိ သူသည် ထော့ပါရှီယွဲ့၏ စရိုက်လက္ခဏာကို ကောင်းကောင်း နားလည်ပြီးသား ဖြစ်ပေသည်။

သူမသည် စိတ်ထားသေးသိမ်သော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပြုမူတတ်သူ မဟုတ်ပေ။

​သူမ၏ မူလစရိုက်မှာ ကြင်နာတတ်သော အမျိုးသမီးတစ်ဦးပင် ဖြစ်ပေသည်။

​"တောင်ထိပ်သခင်... တကယ်လို့ တောင်ထိပ်သခင်သာ ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင် ဟူရှီယောင်ကို သတ်ပစ်ဖို့ လုပ်မှာလား"

​ထော့ပါရှီယွဲ့ကို ကြည့်ရင်း ဝူရှန်းက မေးမြန်းလိုက်သည်။

​ဝူရှန်း၏ မေးခွန်းကို ကြားလိုက်ရသဖြင့် ထော့ပါရှီယွဲ့မှာ ရယ်မောလိုက်မိသည်။

​မည်သူကများ ဒီလို မေးခွန်းမျိုးကို မေးမြန်းတတ်ကြမည်နည်း။

တကယ်လို့ သူမတွင် ထိုကဲ့သို့သော အကြံအစည် ရှိနေလျှင်တောင်မှ ဝူရှန်းကို ဝန်ခံမည် မဟုတ်ပေ..

တိတ်တိတ်လေးသတ်မှာပေါ့…

​"ကောင်လေး... ငါ တကယ်ပဲ မင်းရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုတာကို မင်း သေချာပေါက် ယုံကြည်နေတာလား"

​ဝူရှန်းဘက်သို့ လှည့်လာကာ အပြုံးဖြင့် ထော့ပါရှီယွဲ့က မေးမြန်းလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment