အခန်း (၁၈) စတော်ကင်များ အလုံးအရင်းဖြင့် ရောင်းချရခြင်း
ထို့နောက် ထိုအမျိုးသမီးသည် ဝိညာဉ်ကျောက်တုံး ၂ သိန်းကို ထုတ်ယူကာ ဝူရှန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။
"အစ်မတော်... ကျေးဇူးတင်စကားတွေ ထပ်ပြောနေဖို့ မလိုပါဘူး.. ဒီပစ္စည်းလေးတွေကို နည်းနည်းပါးပါး ကြော်ငြာပေးလိုက်ရုံနဲ့တင် ကျွန်တော် ကျေနပ်နေပါပြီ"
ဝူရှန်းလည်း ဝိညာဉ်ကျောက်တုံးများကို ယူလိုက်ရင်း ပျော်ရွှင်စွာ ပြောဆိုလိုက်သည်။
စတော်ကင်များကို ရရှိသွားပြီးနောက် ထိုအမျိုးသမီးမှာ အခြားသူများ မြင်သွားမည်ကို စိုးရိမ်နေသကဲ့သို့ ဆိုင်ထဲမှ အမြန်ဆုံး ထွက်ခွာသွားခဲ့သည်။
ဟူရှီယောင်လည်း သူတို့ပြောဆိုသမျှ စကားသံများကို အစအဆုံး ကြားလိုက်ရပေသည်။
"ဝူရှန်း... ရှင်က တကယ် ဒီလိုလှည့်ကွက်မျိုးတွေတောင် ထုတ်သုံးနိုင်တယ်ပေါ့လေ"
ဟူရှီယောင်က ပါးစပ်ကို လက်ဖြင့် အုပ်ကာ ပြုံးရင်း ပြောဆိုလိုက်သည်။
ဝူရှန်းလည်း ပြုံးလိုက်ပြီး.. စီးပွားရေးလုပ်သည်ဆိုလျှင် ငွေရှာရန် အဓိက ဖြစ်သည် မဟုတ်ပါလော…
"ကဲ... ဒါက ပထမဆုံး ရှာဖွေထားတဲ့ ငွေတွေပါ…ကိုယ်ရဲ့မိန်းမကို အပ်ပါ့မယ်"
ဝူရှန်းက ဝိညာဉ်ကျောက်တုံး ၂ သိန်းကို ဟူရှီယောင်၏ လက်ထဲသို့ ထည့်ပေးလိုက်ရင်း ပြုံးကာ ပြောဆိုလိုက်သည်။
ဟူရှီယောင်လည်း အလွန်တရာ ဝမ်းသာပီတိ ဖြစ်သွားခဲ့သော်လည်း ဝူရှန်းက သူမကို "မိန်းမ" ဟု အကြိမ်ကြိမ် ခေါ်ဆိုနေသဖြင့် ရှက်ရွံ့နေခဲ့သည်။
ရှက်ရွံ့မှုကြောင့် မျက်နှာပြင် နီရဲနေသော ဟူရှီယောင်ကို ကြည့်ရင်း ဝူရှန်းက သူမ၏ ပါးပြင်ပေါ်သို့ ပျံလွှားလေး ပျံသကဲ့သို့ အနမ်းတစ်ပွင့် ခြွေလိုက်သည်။
လူတစ်ဦး လာနေသည်ကို မြင်လိုက်ရသဖြင့် ဟူရှီယောင်လည်း နောက်ခန်းဆီသို့ အပြေးအလွှား ဝင်သွားခဲ့သည်။
"ဆိုင်ရှင်... ဒီပစ္စည်းက ဘာခြေအိတ်လဲကွ.. ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တောင် ပေးရအောင် ဘာတွေများ ထူးခြားလို့လဲ"
ပိုးချည်ထည် ဝတ်စုံကို ဝတ်ဆင်ထားသော တောင့်တင်းခိုင်မာသည့် တပည့်တစ်ဦး လျှောက်လာကာ မေးမြန်းလိုက်သည်။
ထိုတပည့်ကို ကြည့်လိုက်ရင်း ဝူရှန်းလည်း စတော်ကင်တစ်စုံကို ချက်ချင်း ထုတ်ယူလိုက်သည်။
"ရော့ စီနီယာအစ်ကို.. ကြည့်လိုက်ပါဦး... ဒါကို အထူးပြုလုပ်ထားတဲ့ ပစ္စည်းနဲ့ ဖန်တီးထားတာ"
ဝူရှန်းက ခြေအိတ်များကို ထိုသူ့ထံသို့ ပေးအပ်လိုက်ရင်း ပြုံးကာ ပြောဆိုလိုက်သည်။
ဒီလို အထည်အလိပ်မျိုးကို ဒီကမ္ဘာပေါ်တွင် မရှိသေးပေ…အလွန်တရာ ပျော့ပြောင်းပြီး အနည်းငယ် ဖောက်ထွင်းမြင်နိုင်သော သဘောတရား ရှိပေသည်။
ထိုတပည့်လည်း ခြေအိတ်များကို ကိုင်တွယ်စမ်းသပ်ကြည့်လိုက်ရာတွင် ဒီလို ပစ္စည်းမျိုးကို တစ်ခါမျှ မတွေ့ဖူးကြောင်း သဘောပေါက်သွားခဲ့သည်။
ရှားပါးမှသာ တန်ဖိုးရှိသည် ဖြစ်ရာ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ဆိုသည်မှာ ကြီးမားလွန်းသည်ဟု မထင်မှတ်ရပေ။
"ညီလေး... ဒီပစ္စည်းတွေကို ဘလို ဖန်တီးထားတာလဲ"
ထိုတပည့်က စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ပစ္စည်းအမျိုးအစားနှင့် ပတ်သက်ပြီး မည်သူကမျှ လာမေးလိမ့်မည်ဟု ဝူရှန်း လုံးဝ မထင်ထားခဲ့ပေ။
သူကိုယ်တိုင်ပင်လျှင် မသိရှိပေ။
"အဟမ်း... စီနီယာအစ်ကိုက... ဖောက်သည်တစ်ယောက် ဖြစ်နေပေမဲ့ ဒါက စီးပွားရေး လျှို့ဝှက်ချက်ဖြစ်လို့ ပြင်ပလူကို ဘယ်လိုမှ ပွင့်ဟပြလို့ မရဘူးလေ"
ဝူရှန်းက အလွန်တရာ လေးနက်ဟန်ဆောင်ကာ ပြောဆိုလိုက်သည်။
ထိုတပည့်လည်း သူ၏ မေးမြန်းမှုမှာ အနည်းငယ် ရုတ်တရက်ဆန်သွားကြောင်း ခံစားလိုက်ရသည်။
"ဆိုင်ရှင် တစ်မျိုးမထင်ပါနဲ့…ငါက ဒီလို အထည်အလိပ်မျိုးကို တစ်ခါမှ မမြင်ဖူးလို့ မေးမိတာပါ"
ထိုတပည့်လည်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။
ဝူရှန်းလည်း အခြား မည်သည့်အရာကိုမျှ ဆက်မပြောတော့ပေ။
"စီနီယာအစ်ကို... ဒီနေ့က စတင်ဖွင့်လှစ်တဲ့ရက်ဖြစ်လို့ အားလုံးကို တစ်ဝက်ဈေးနဲ့ ရောင်းပေးနေတာပါ… ဒီလိုပစ္စည်းမျိုးက လုပ်ရတာ ခက်ခဲတယ်.. တစ်ခါကုန်သွားပြီဆိုရင် ထပ်ထုတ်ဖို့ မလွယ်တော့ဘူး"
ဝူရှန်းက လေးနက်ဟန်ဆောင်ကာ ပြောဆိုလိုက်သည်။
ထိုတပည့်လည်း ပစ္စည်းအမျိုးအစားကို စဉ်းစားကြည့်လိုက်ရာ သူ အမှန်တကယ် မမြင်ဖူးကြောင်း သဘောပေါက်သွားကာ ကုန်သွားနိုင်ချေရှိသည်ဟု တွေးတောမိလိုက်သည်။
"ဆိုင်ရှင်... အစုံ ၁၀၀ လောက် ပေးစမ်းပါ.. ရှိသေးလား"
ငွေကြေးကြွယ်ဝသူပမာ ထိုတပည့်က ပြောဆိုလိုက်သည်။
ဝူရှန်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့သည်။
"ရှိတာပေါ့"
ဝူရှန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါက ဝိညာဉ်ကျောက်တုံး ၅ သိန်းပဲ"
ထိုတပည့်လည်း အပိုစကားများ မပြောတော့ဘဲ သိုလှောင်အိတ် တစ်အိတ်ကို တိုက်ရိုက်ထုတ်ယူကာ ဝူရှန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။
ဝူရှန်းလည်း သိုလှောင်အိတ်ကို ယူလိုက်ကာ အတွင်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ထို့နောက် စနစ်ဈေးဆိုင်ထဲမှ အနက်ရောင်စတော်ကင် အစုံ ၁၀၀ ကို ထုတ်ယူလိုက်ပြီး သိုလှောင်အိတ်ထဲသို့ အမြန် ထည့်သွင်းပေးလိုက်သည်။
"စီနီယာအစ်ကို... ဒါက တောင်းဆိုထားတဲ့ ပစ္စည်းတွေပါ"
ဝူရှန်းလည်း သိုလှောင်အိတ်ကို ပြန်လည်ပေးအပ်လိုက်သည်။
ထိုတပည့်လည်း သိုလှောင်အိတ်ထဲသို့ လှမ်းကြည့်လိုက်ရာ အမျိုးမျိုးသော အရောင်အသွေးရှိသည့် ခြေအိတ်များကို တွေ့လိုက်ရသဖြင့် အလွန်တရာ စွဲမက်ဖွယ်ကောင်းနေသည်ကို တွေ့လိုက်ရသည်။
"ကဲ... ဒါဆိုရင် ငါတို့ ဒီမှာပဲ လမ်းခွဲကြစို့"
စကားပြောဆိုဆုံးသည်နှင့် ထိုတပည့်လည်း ခြေအိတ်များကို ယူဆောင်ကာ ဆိုင်ထဲမှ အမြန် ထွက်ခွာသွားခဲ့တော့သည်။
ထို့နောက်တွင်လည်း လူများ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဆိုသလို ဝင်ရောက်လာကြကာ စတော်ကင်များကို ဝယ်ယူသွားခဲ့ကြသည်။
သူတို့အားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ထားကြသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
တစ်ဦး ဝယ်ယူပြီး ထွက်သွားမှသာ နောက်တစ်ဦးက ဝင်လာကြသည်။
ဝူရှန်းလည်း ပြုံးလိုက်မိသည်။
လက်ရှိအချိန်တွင် မည်သူကမျှ ၎င်းတို့ကို လူသိရှင်ကြား ဝတ်ဆင်ရဲခြင်း မရှိသေးပေ။
သို့သော် တစ်စုံတစ်ယောက်က လူအများရှေ့တွင် စတင်ဝတ်ဆင်ပြတော့မည်ဆိုလျှင် စတော်ကင် ခြေအိတ်ခေတ်ကြီး ရောက်ရှိလာရန် အချိန်အများကြီး လိုမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများသည် အလှအပကို နှစ်သက်ကြပြီး ယောက်ျားများသည်လည်း ကြည့်ရှုရသည်ကို နှစ်သက်ကြသောကြောင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိစေသောကြောင့်ပင်…
ဝူရှန်းလည်း နောက်တစ်နေ့ မနက်စောစောအထိ အဆက်မပြတ် အလုပ်ရှုပ်နေခဲ့သည်။
ဆိုလိုသည်မှာ ဝူရှန်းသည် တစ်ညလုံး အိပ်ချိန်မရှိဘဲ အလုပ်လုပ်နေခဲ့ရခြင်း ဖြစ်သည်။
သို့သော် သူ ရရှိလိုက်သော အမြတ်အစွန်းမှာမူ ကြီးမားလှပေသည်။
သူ၏ အိတ်ကပ်ထဲတွင် ငွေကြေးများ ပြည့်နှက်သွားခဲ့သည်။
သူ ရရှိလိုက်သော ငွေပမာဏမှာ ဝိညာဉ်ကျောက်တုံး သန်း ၁၀ တိတိ ဖြစ်ပေသည်။
ငွေရှာရသည်မှာ ဒီလောက် လွယ်ကူနေလိမ့်မည်ဟု ဝူရှန်း သက်ပြင်းချလိုက်မိသည်။
နေ့ဘက်ရောက်လာသည့်အခါတွင်မူ မည်သူမျှ လာရောက်ခြင်း မရှိတော့ပေ။
ထို့ကြောင့် ဝူရှန်းလည်း ဆိုင်ကို ပိတ်လိုက်ရတော့သည်။
ဆိုင်တံခါးကို ပိတ်လိုက်ပြီးနောက် ဝူရှန်း လှည့်လိုက်သည်နှင့် နုညံ့သော ကိုယ်ခန္ဓာလေးတစ်ခုက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လာခဲ့သည်။
"ရှင်... တစ်ညလုံး အလုပ်လုပ်ရတာ အရမ်းပင်ပန်းနေပြီ မဟုတ်လား"
စိတ်ပူပန်နေသော လေသံဖြင့် ဟူရှီယောင်က မေးမြန်းလိုက်သည်။
သူမကိုယ်တိုင်ပင်လျှင် အိပ်ငိုက်လာသဖြင့် ကုလားထိုင်ပေါ်တွင် ခဏမျှ အနားယူခဲ့ရသေးသည်။
သို့သော် ဝူရှန်းကမူ တစ်ညလုံး ရပ်ပြီး အလုပ်လုပ်နေခဲ့ခြင်း ဖြစ်ပေသည်။
"ဘယ်လိုလုပ်ပြီး ပင်ပန်းရမှာလဲ.. လျှောက်မပြောနဲ့…ကိုယ်က နောက်ထပ် အချီရာချီ ဆက်တိုက် တိုက်ခိုက်နိုင်သေးတယ်ဆိုတာကို ယုံရဲ့လား"
နွေးထွေးသော ကိုယ်ခန္ဓာ၏ ထိတွေ့မှုကို ခံစားလိုက်ရရင်း ဝူရှန်းက ပြုံးကာ ပြောဆိုလိုက်သည်။
ဒီလို လူမိုက်ဆန်ဆန် စကားမျိုးကို ပြောဆိုနေသော ဝူရှန်းကြောင့် ဟူရှီယောင်၏ မျက်နှာပြင်မှာ မီးတောက်သကဲ့သို့ နီရဲသွားခဲ့သည်။
ဝူရှန်းလည်း ဟူရှီယောင်၏ လက်ကို ဆွဲကိုက်လိုက်ကာ ကုလားထိုင်ရှည်ပေါ်တွင် အတူတကွ ထိုင်ချလိုက်သည်။
"မိန်းမရေ... လာ…လာ…ရလာတဲ့ ဝိညာဉ်ကျောက်တုံးတွေကို အတူတကွ ခွဲဝေကြရအောင်"
ဝူရှန်းက သိုလှောင်အိတ်ကို အမြန် ထုတ်ယူလိုက်ရင်း ပြောဆိုလိုက်သည်။
ဟူရှီယောင်လည်း အနည်းငယ် ပြုံးမိသွားခဲ့သည်။
"ရလာတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ခွဲဝေတယ်ဆိုပြီး စကားလုံးက ဆိုးလိုက်တာ.. ပြီးတော့ ဒါတွေအားလုံးက ရှင်တစ်ယောက်တည်း ရှာထားတာလေ.. ဘာလို့ ကျွန်မနဲ့ ခွဲဝေနေမှာလဲ"
ဟူရှီယောင်က အတုအယောင် ဒေါသဖြင့် ပြောဆိုလိုက်သည်။
ဝူရှန်းလည်း ဂရုမစိုက်ဘဲ ဟူရှီယောင်၏ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်ကာ ဝိညာဉ်ကျောက်တုံး ၅ သိန်းကို ထည့်သွင်းပေးလိုက်သည်။
ထို့နောက် သိုလှောင်အိတ်ကို သူမ၏ ခါးတွင် ပြန်လည် ချိတ်ဆွဲပေးလိုက်သည်။
ဟူရှီယောင်မှာမူ အကူအညီမဲ့နေခဲ့ရသည်။
ဝူရှန်းက လူဆိုးတစ်ယောက် ဖြစ်သော်လည်း သူမအပေါ်တွင်မူ အလွန်တရာ ကောင်းမွန်လွန်းလှပေသည်။
"ကိုယ်တို့ကြားထဲမှာ ရှင်နဲ့ကျွန်မ ဆိုပြီး ကွဲပြားနေဖို့ မလိုပါဘူး မင်းကိုယ်တိုင်တောင် ငါ့ဘက်က ဖြစ်နေပြီပဲဟာ.. ဒီတော့ ဒီငွေတွေကလည်း မင်းငွေတွေပါပဲ.. နားလည်လား"
ဝူရှန်းက အမြန် ပြောဆိုလိုက်သည်။
ဟူရှီယောင်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် ဘာမျှ ဆက်မပြောတော့ဘဲ ဝူရှန်းအတွက် ငွေစုပေးသည်ဟုသာ မှတ်ယူလိုက်တော့သည်။
ထို့နောက် ဝူရှန်းလည်း ဟူရှီယောင်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ကုလားထိုင်ပေါ်တွင် အတူတကွ အိပ်စက်လိုက်ကြသည်။
သူ၏ စိတ်အာရုံကတော့ စနစ်စာမျက်နှာဆီသို့ ရောက်ရှိသွားခဲ့သည်။
"ငါ့မှာ ရှိတဲ့ ဝိညာဉ်ကျောက်တုံး ၅ သန်းကို ပွိုင့်တွေနဲ့ လဲလှယ်ပေးပါ"
ဝူရှန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
【ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်.. ပွိုင့် ၅၀၀ကို အောင်မြင်စွာ ရရှိသွားပါပြီ...】
"စနစ်... တောင်ထိပ်သခင် ထော့ပါရှီယွဲ့ရဲ့ လက်စွဲကျမ်းကို မယူလာခဲ့ရရင်တောင် ဆက်ပြီး လေ့လာလို့ ရသေးလား"
ဝူရှန်းက မေးမြန်းလိုက်သည်။
【ပိုင်ရှင်.. စနစ်က တစ်ခါ စကန်ဖတ်ပြီးသား ဖြစ်မယ်ဆိုရင် စနစ်ထဲမှာ ထာဝရ တည်ရှိနေမှာ ဖြစ်ပါတယ်...】
ဒီလိုလည်း လုပ်ဆောင်နိုင်လိမ့်မည်ဟု ဝူရှန်း လုံးဝ မထင်ထားခဲ့ပေ။
"ဒါဆိုရင် တောင်ထိပ်သခင် ထော့ပါရှီယွဲ့ရဲ့ လက်စွဲကျမ်းကို ဆက်ပြီး လေ့လာပေးလိုက်ပါ"
ဝူရှန်းက ပျော်ရွှင်စွာ ပြောဆိုလိုက်သည်။
【ဂုဏ်ယူပါတယ် ပိုင်ရှင်.. ပွိုင့် ၉၀ ကို အသုံးပြု၍ ဆေးဖော်စပ်ပညာ အဆင့်ကို ၅၀ သို့ တိုးမြှင့်လိုက်ပါပြီ...】
ဆိုလိုသည်မှာ သူသည် ယခုအခါတွင် အဆင့် (၅) ဆေးဖော်စပ်သူ တစ်ဦး ဖြစ်သွားပြီလော။
ဒီအချက်ကြောင့် ဝူရှန်းမှာ အလွန်တရာ ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်။
ပိုင်ဖုန်းထန်ပါး လက်ဝါးသိုင်းမှာ ပထမအဆင့်တွင်သာ ရှိသေးသဖြင့် ၎င်းကို တတိယအဆင့်အထိ တိုးမြှင့်လိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။
"ပိုင်ဖုန်းထန်ပါး လက်ဝါးသိုင်းကို တတိယအဆင့်အထိ တိုးမြှင့်ပေးပါ"
【ဂုဏ်ယူပါတယ် ပိုင်ရှင်.. ပွိုင့် ၃၀ ကို အသုံးပြု၍ ပိုင်ဖုန်းထန်ပါး လက်ဝါးသိုင်းကို တတိယအဆင့်သို့ တိုးမြှင့်လိုက်ပါပြီ...】
မွန်းလွဲပိုင်းတွင် စနစ်စာမျက်နှာကို ပြန်လည် စစ်ဆေးကြည့်လိုက်ရာ...
အမည် - ဝူရှန်း
ကျား/မ - ကျား
ကျင့်ကြံခြင်း - ရွှေအမြုတေ အဆင့် (၆)
ကျင့်စဥ် - လျှို့ဝှက်ထားသည်
ကျင့်စဥ်ပညာရပ် - လျင်မြန်ခြေလှမ်း.. ပိုင်ဖုန်းထန်ပါး လက်ဝါးသိုင်း (တတိယအဆင့်).. နဂါးရိုင်းလက်ဝါး (တတိယအဆင့်)
တာအိုလက်တွဲဖော် - ဝုရှောင်ဟွာ..ဟူရှီယောင်
ဝူရှန်းလည်း စနစ်စာမျက်နှာကို ကြည့်လိုက်သည်။
စနစ်က ခေတ်ရေစီးကြောင်းနှင့် အလွန်တရာ လိုက်လျောညီထွေ ဖြစ်ပေသည်။
ယခုအခါတွင် ဟူရှီယောင်ကို တာအိုလက်တွဲဖော်အဖြစ် အတိအကျ ဖော်ပြထားပေပြီ။
လျင်မြန်ခြေလှမ်း သိုင်းပညာရပ်တွင် မည်သည့်အဆင့်မှ မရှိသေးကြောင်း သူ ယခုမှသာ သတိထားမိလိုက်သည်။
"စနစ်... လျင်မြန်ခြေလှမ်းက ဘာလို့ အဆင့်မရှိတာလဲ"
ဝူရှန်းက မေးမြန်းလိုက်သည်။
【ပိုင်ရှင်ရဲ့ လျင်မြန်ခြေလှမ်းက ကျင့်ကြံခြင်း အဆင့်နဲ့သာ သက်ဆိုင်ပြီး အဆင့်မြှင့်တင်ရန် မလိုအပ်ပါဘူး...】
ဒီလိုဖြစ်နေခြင်းမှာ အလွန်ပင် ကောင်းမွန်ကြောင်း ဝူရှန်း ခံစားလိုက်ရသည်။
ထို့နောက် ဝူရှန်းလည်း စနစ်ဈေးဆိုင်ထဲမှ ကြီးမားသော ဇိမ်ခံကုတင်ကြီး တစ်ခုကို ဝယ်ယူလိုက်သည်။
ရိုးရိုးသာမန် ပစ္စည်းများမှာ စျေးပေါပြီး ပွိုင့် အများကြီး မကုန်ကျပေ။
သူသည် ယခုအထိ ပွိုင့် ၁၂၀ ကို သုံးစွဲခဲ့ပြီး ဖြစ်သည်။
ဆိုလိုသည်မှာ ယခင်က ရှိပြီးသားပစ္စည်းများနှင့် ပေါင်းလိုက်လျှင် သူ၏ လက်ကျန်ပွိုင့်မှာ ၄၀၀ ကျော် ကျန်ရှိနေသေးသည်။
ပွိုင့်များကို စနစ်ဈေးဆိုင်ထဲတွင်သာ ပြသထားပေသည်။ ဈေးဆိုင်ကို ပြန်ဖွင့်ကြည့်လိုက်ရာ ပွိုင့် ၄၂၈ မှတ် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ တွက်ချက်ထားသည်နှင့် အတူတူပင် ဖြစ်ပေသည်။
စတော်ကင်များအတွက် ပွိုင့် အများကြီး မကုန်ကျခဲ့ပေ။
ဝူရှန်းလည်း မျက်လုံးများကို ဖွင့်လိုက်ရာ ဟူရှီယောင်၏ အသက်ရှူသံများ မှန်ကန်နေသည်ကို တွေ့လိုက်ရသဖြင့် သူမကို မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်သည်။
စိတ်ထဲမှ အသိစွမ်းအားကို အသုံးပြုလိုက်သည်နှင့် နောက်ခန်းထဲတွင် ကြီးမားသောကုတင်ကြီး တစ်ခု ပေါ်လာခဲ့ပြီး ခေါင်းအုံးများနှင့် စောင်များပါ အစုံအလင် ပါရှိလာခဲ့သည်။
ထို့နောက် ဝူရှန်းလည်း ဟူရှီယောင်ကို ဂရုတစိုက်ဖြင့် ပွေ့ချီလိုက်သည်။
သူတို့နှစ်ဦးသား ဆင်းမွန်ကုတင်ပေါ်သို့ လဲလျောင်းလိုက်ကြကာ အေးချမ်းစွာဖြင့် အိပ်စက်လိုက်ကြတော့သည်။