အခန်း (၂၀) ထော့ပါရှီယွဲ့ကို အနိုင်ယူခြင်း
ထော့ပါရှီယွဲ့သည် သိုလှောင်အိတ်ကို သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်ကို မြင်လိုက်ရသဖြင့် ဝူရှန်းလည်း စိတ်ထဲတွင် အောင်မြင်နိုင်ခြေ များပြားကြောင်း တွေးတောကာ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ.. အချိန်အကြာကြီး မစောင့်ရပါဘူး.. မကြာခင်မှာပဲ တောင်ထိပ်သခင်က ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာဖို့ ဆန္ဒအလျောက် သဘောတူလာလိမ့်မယ်"
ထော့ပါရှီယွဲ့ကို ကြည့်ရင်း ဝူရှန်းက အပြုံးယဲ့ယဲ့ဖြင့် ပြောဆိုလိုက်သည်။
ထော့ပါရှီယွဲ့ တစ်ယောက် မည်သည့်အရာများကို တွေးတောနေသည်ကို မည်သူက သိရှိနိုင်မည်နည်း။
ထို့နောက် ဝူရှန်းလည်း သူတို့နှစ်ဦးစလုံး၏ လက်များကို ကိုင်တွယ်လိုက်ကာ ပင်မခန်းမဆောင်အတွင်းရှိ စားပွဲဝိုင်းငယ်လေးဆီသို့ ခေါ်ဆောင်သွားပြီး ထိုင်ချလိုက်ကြသည်။
"ထိုင်ကြပါဦး..."
သူတို့နှစ်ဦး၏ လှပသော ခြေတံသွယ်သွယ်များကို တစ်ချက်ကြည့်လိုက်ရင်း ဝူရှန်းက ပြောဆိုလိုက်သည်။
ဟူရှီယောင်လည်း ဘာမျှ မစဉ်းစားတော့ဘဲ ဝူရှန်း၏ ဘေးနားတွင် ချက်ချင်း ထိုင်ချလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ထော့ပါရှီယွဲ့လည်း ဝူရှန်း၏ ဘေးနားတွင် ဝင်ရောက် ထိုင်ချလိုက်သည်။
ထို့နောက် ဝူရှန်းလည်း နို့လက်ဖက်ရည် ခွက်အချို့ကို ထုတ်ယူလိုက်ကာ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
"ဒါလေးကို သောက်ကြည့်ပါ..တောင်ထိပ်သခင် သဘောကျမယ်လို့ ထင်ပါတယ်"
ဝူရှန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
သူတို့နှစ်ဦးလည်း ပိုက်များကို တပ်ဆင်လိုက်ကြကာ စတင် သောက်သုံးလိုက်ကြသည်။
"အင်း... အရသာ မဆိုးဘူးပဲ..."
ထော့ပါရှီယွဲ့က ချီးကျူးလိုက်သည်။
ဟူရှီယောင်လည်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သေချာပေါက်ပင် အခြားသောက်စရာများ.. ဘီယာ.. နာမည်ကျော် ဘဲဘင်.. ကြက်ကင် စသည်တို့လည်း စားပွဲပေါ်တွင် ရောက်ရှိနေပေသည်။
"ဝူရှန်း... ဒီလို တစ်ခါမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကို ဘယ်ကနေ ရလာတာလဲ"
နောက်ဆုံးတွင် ထော့ပါရှီယွဲ့လည်း မမေးဘဲ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
ဝူရှန်းဆိုသည့်ကောင်မှာ အလွန်တရာ အံ့ဩစရာကောင်းလွန်းနေသည်။
သူမလည်း သိလိုစိတ်များ တားဆီးမရနိုင် ဖြစ်လာခဲ့သည်။
"ရှီးယွဲ့ရေ... မင်းသာ ကိုယ့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင် အရာရာတိုင်းကို ပြောပြပေးမှာပါ"
ဝူရှန်းက လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြောဆိုလိုက်သည်။
သူမကို သူ၏အပေါ် စိတ်ဝင်စားလာစေရန် သူ ဖန်တီးလိုခြင်း ဖြစ်ပေသည်။
ထော့ပါရှီယွဲ့လည်း ဝူရှန်းက သူမကို နာမည်တပ်ပြီး ခေါ်ဆိုနေခြင်းကို ကြီးကြီးမားမား ဂရုမစိုက်ပေ။
အမှန်စင်စစ်တွင် သူမသည် အသက်အများကြီး ကြီးသေးသည် မဟုတ်ပေ.. အသက် ၃၀ တောင် မပြည့်သေးပေ။
ဝူရှန်းက သူမကို အမှန်အတိုင်း မပြောပြဘဲ ဖုံးကွယ်ထားသောအခါ ထော့ပါရှီယွဲ့မှာ အနည်းငယ် မကျေမချမ်း ဖြစ်သွားခဲ့သည်။
ယခုအခါတွင် ဝူရှန်းက "အပျိုကြီး" ဆန်ဆန် အမျိုးသမီးကို ချော့မြူရန် နည်းလမ်းများကို စဉ်းစားနေခဲ့သည်။
လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်နှင့် အလှကုန်ပစ္စည်းပုံကြီးတစ်ခု ပေါ်လာခဲ့ပြီး အမျိုးသမီးနှစ်ဦးစလုံး၏ မျက်လုံးများကို ပြိုးပြိုးပြက်ပြက် ဖြစ်သွားစေခဲ့သည်။
စနစ်မှ ထုတ်ကုန်ပစ္စည်းများမှာ အကောင်းစားများသာ ဖြစ်ရမည်ဖြစ်ရာ အတုအယောင်များ သို့မဟုတ် အရည်အသွေးညံ့ဖျင်းသော ပစ္စည်းများ ဖြစ်လာမည်ကို ဝူရှန်း လုံးဝ မစိုးရိမ်ပေ။
"ရှီယွဲ့…မင်းသာ ကိုယ့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင် ဒီပစ္စည်းတွေက အမြဲတမ်း ရှိနေမှာပါ"
ဝူရှန်းက ပြုံးရင်း ပြောဆိုလိုက်သည်။
ပြောရမည်ဆိုလျှင် ထော့ပါရှီယွဲ့လည်း အနည်းငယ် စိတ်ဝင်စားလာခဲ့ပြီ ဖြစ်သည်။
"မွ..."
"ဆုလာဘ်အနေနဲ့ မင်းကို တစ်ချက် နမ်းပေးမယ်..."
ထော့ပါရှီယွဲ့လည်း ဝူရှန်း၏ ပါးပြင်ကို တစ်ချက်နမ်းလိုက်ကာ ပြောဆိုလိုက်သည်။
ဘေးတွင် ရပ်နေသော ဟူရှီယောင်မှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် ဟောင်းလောင်း ဖြစ်သွားခဲ့သည်။
ဒီလိုလည်းရတာလား…
သူမ၏ လှပသော မျက်ဝန်းများ အဝိုင်းသား ပြူးကျယ်သွားခဲ့သည်။
သူမ၏ စိတ်ထဲတွင် ထော့ပါရှီယွဲ့ကို မမုန်းတီးပေ။
တကယ်လို့ သူမသာ ဝူရှန်း၏ တာအိုလက်တွဲဖော် အစစ်အမှန် ဖြစ်လာမည်ဆိုလျှင် ဝူရှန်းအတွက် ကြီးမားသော အထောက်အပံ့တစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။
"ရှီးယွဲ့... ဒါကို မင်း သဘောတူလိုက်ပြီလို့ ကိုယ်ယူဆလိုက်မယ်နော်…ကိုယ်သာ မင်းထက် ကျော်လွန်သွားပြီဆိုရင် မင်းက ကိုယ့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာတော့မှာပေါ့.. ဟုတ်တယ်မလား"
ဝူရှန်းက ပြုံးရင်း ပြောဆိုလိုက်သည်။
ထော့ပါရှီယွဲ့၏ မျက်နှာပြင်မှာ အနည်းငယ် နီရဲသွားခဲ့ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
ယခုလက်ရှိတွင် ဒီအမျိုးသမီးလှလှလေးကို ရင်ခွင်ထဲသို့ တိုက်ရိုက် မဆွဲသွင်းနိုင်သေးသော်လည်း သူ အလွန်တရာ ပျော်ရွှင်နေဆဲ ဖြစ်ပေသည်။
ထို့နောက် ဝူရှန်းလည်း တက်ဘလက် ကွန်ပျူတာ နှစ်လုံးကို ထုတ်ယူလိုက်သည်။
အင်တာနက် မရှိသော်လည်း အထဲတွင် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ဂျီဘီ(GB)ပေါင်းများစွာကို သိုလှောင်သိမ်းဆည်းထားပြီး ဖြစ်ပေသည်။
"အား... ဒါ ဘာတွေလဲ"
ဝူရှန်း ဖွင့်လိုက်သော…ရုပ်သံဇာတ်လမ်းတွဲကို မြင်လိုက်ရချိန်တွင် ထော့ပါရှီယွဲ့က သံသယဖြင့် မေးမြန်းလိုက်သည်။
ဒီလိုသေးငယ်သော ဘောင်ဘောင်လေးထဲတွင် လူတစ်ယောက် မည်ကဲ့သို့ ဝင်ဆံ့နေနိုင်မည်နည်းဟူသော အချက်ကို သူမ လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
"ဒါတွေက အစစ်အမှန် လူတွေ မဟုတ်ပါဘူး"
ဝူရှန်းက ရှင်းပြလိုက်သည်။
သူတို့နှစ်ဦးစလုံးအနေဖြင့် ဒါကို တစ်ခဏချင်းတွင် လက်ခံနိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် ဝူရှန်းတွင် သည်းခံခြင်း အပြည့်အဝ ရှိပေသည်...
ထို့နောက် သူသည် ထိုစက်ပစ္စည်းများကို မည်ကဲ့သို့ အသုံးပြုရမည်ကို သူမတို့နှစ်ဦးအား လက်တွေ့ပြသ သင်ကြားပေးလိုက်သည်။
ထို့အပြင် သူသည် ပါဝါဘဏ် အမြောက်အများကိုပါ ပြင်ဆင်ပေးလိုက်ကာ သူတို့၏ သိုလှောင်အိတ်များထဲသို့ အသီးသီး ထည့်သွင်းပေးလိုက်သည်။
"ရှီးယွဲ့ရေ...မင်းသာ ကိုယ့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အမျိုးသမီးတွေထဲက တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်"
ထော့ပါရှီယွဲ့ကို ကြည့်ရင်း ဝူရှန်းကပြောလိုက်သည်။
ထော့ပါရှီယွဲ့မှာ လွန်ခဲ့သော အချိန်ကတည်းက စိတ်ဝင်စားနေပြီးသား ဖြစ်ပေသည်။
ဒီကောင်လေး၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များ များပြားလွန်းလှသဖြင့် သူမကို စွဲလမ်းနှစ်ခြိုက်သွားစေရန် ဖန်တီးပေးနေသကဲ့သို့ ရှိနေခဲ့သည်။
ဝူရှန်းကို စိုက်ကြည့်ရင်း ထော့ပါရှီယွဲ့က ပြောဆိုလိုက်သည်။"ဒါဆိုရင် ဆုလာဘ်အနေနဲ့ ငါ့ကို ဖက်ခွင့်ပေးမယ်.. ဟုတ်ပြီလား"
သူမ၏ စကားပင် မဆုံးသေးမီမှာပင် ဝူရှန်းလည်း ထော့ပါရှီယွဲ့ကို တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်သည်။
နုညံ့သော ထိတွေ့မှုနှင့် မွှေးကြိုင်သော ရနံ့တို့က ဝူရှန်းကို ခဏချင်းတွင် ကြီးမားလှသော ကျေနပ်မှုကို ရရှိစေခဲ့သည်။
ထော့ပါရှီယွဲ့က သူ၏ တာအိုလက်တွဲဖော် ဖြစ်မလာသေးသော်လည်း ဒီအရာက သူ့အတွက် အဆုံးမရှိသော စွမ်းအင်များကို ဖြစ်ပေါ်စေခဲ့သည်။
သူမသည် အခြားမည်သည့်ယောက်ျားကိုမျှ စိတ်ဝင်စားတော့မည် မဟုတ်ကြောင်း သူ အကြွင်းမဲ့ ယုံကြည်စိတ်ချနေခဲ့ပြီ ဖြစ်သည်။
ဘေးတွင် ရပ်နေသော ဟူရှီယောင်က အေးစက်စက် နှာမှုတ်လိုက်သည်။
ထို့နောက် ဝူရှန်းလည်း ဟူရှီယောင်ကိုပါ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ဘယ်ဘက်တွင် တစ်ဦး.. ညာဘက်တွင် တစ်ဦးဖြင့် လှပသော အမျိုးသမီးနှစ်ဦးကို ပွေ့ဖက်ထားရခြင်းကြောင့် ဝူရှန်း၏ ရင်ထဲတွင် တုနှိုင်းမရအောင် ပျော်ရွှင်ကြည်နူးနေခဲ့ရသည်။
ကူးပြောင်းလာခြင်းဆိုသည်မှာ ဒီလို ရှိရမည် မဟုတ်ပါလော။
တကယ်လို့ အမျိုးသမီးတစ်ဦးတောင် မရှိဘူးဆိုလျှင် ကူးပြောင်းလာခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ယခုအချိန်တွင် သူသည် စနစ်ကို အမှန်တကယ် ကျေးဇူးတင်မိနေပြီ ဖြစ်သည်။
အတိတ်ဘဝတွင်ဆိုလျှင် ဒီလို အဖြစ်အပျက်မျိုးကို သူ အိပ်မက်တောင် မမက်ရဲခဲ့ပေ။
အတိတ်ဘဝက ဤကမ္ဘာသို့ မကူးပြောင်းလာမီ အလွန်အမင်း ပြင်းထန်သော အချိန်ပိုဆင်းရခြင်းကြောင့် သူ ရုတ်တရက် သေဆုံးသွားခဲ့ရကြောင်း ဝူရှန်း ပြန်လည် သတိရလိုက်သည်။
ဒီနေရာသည်လည်း သာမန်ဘဝတစ်ခု ဖြစ်မည်ဟု သူထင်မှတ်ခဲ့သည်။
သို့သော် ဒီလို အီစီကလီလုပ်ရသည့်စနစ်တစ်ခုနှင့် ချိတ်ဆက်မိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
တုနှိုင်းစရာမရှိသော အလှမယ်နှစ်ဦးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရခြင်းမှာ အိပ်မက်တစ်ခုကဲ့သို့ပင် ခံစားနေရသည်။
"ရှီးယွဲ့... မင်းမသိသေးတာ ဖြစ်မှာပါ.. ကိုယ်က အဆင့် (၅) ဆေးဖော်စပ်သူ တစ်ယောက် ဖြစ်နေပြီဆိုတာလေ"
ဝူရှန်းက တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်သည်။
“ဟမ်…တကယ်လား”
ဝူရှန်းအနေဖြင့် သူမ၏ အဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟု ထော့ပါရှီယွဲ့ လုံးဝ မထင်ထားခဲ့ပေ။
ဝူရှန်း ဒီလို ပြောဆိုရခြင်းမှာလည်း ထော့ပါရှီယွဲ့၏ စိတ်ထဲတွင် သူ့အပေါ် ယုံကြည်မှု အပြည့်အဝ ရှိလာစေရန်အတွက်ပင် ဖြစ်ပေသည်။
ထော့ပါရှီယွဲ့ကို ယုံကြည်လာစေရန်အတွက် ဝူရှန်းတွင် ထော့ပါရှီယွဲ့၏ လက်ထဲမှ ဆေးမီးဖို တစ်ခုကို တောင်းခံရန်သာ ရွေးစရာ ရှိတော့သည်။
"ရှီးယွဲ့... ကိုယ့်ကို ဆေးမီးဖို တစ်ခု ပေးပါ မင်းယုံကြည်အောင် ဆေးလုံးအချို့ကို ဖန်တီးပြမယ်"
ဝူရှန်းက သူ့ရင်ခွင်ထဲတွင် ရှိနေသော ထော့ပါရှီယွဲ့၏ ကိုယ်ခန္ဓာကို အသာအယာ ပုတ်ရင်း ပြောဆိုလိုက်သည်။
ထိုမှသာ ထော့ပါရှီယွဲ့လည်း သူမ၏ ကိုယ်ဟန်အနေအထားကို ပြန်လည် ပြင်ဆင်လိုက်သည်။
သူမသည် ဆေးမီးဖို တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါကို ယူလိုက်ပါ..."
ထော့ပါရှီယွဲ့လည်း ဆေးမီးဖိုကို ထုတ်ယူကာ ဝူရှန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။
ဝူရှန်း ဆေးဖော်စပ်တော့မည် ဖြစ်သဖြင့် ဟူရှီယောင်လည်း သူမ၏ ကိုယ်ခန္ဓာကို ဖြောင့်တန်းစွာ ထိုင်လိုက်သည်။
ထော့ပါရှီယွဲ့လည်း ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဝူရှန်းထံသို့ သဘာဝကျကျ ပေးအပ်လိုက်သည်။
ဝူရှန်းလည်း ဆေးဖော်စပ်ခြင်းကို စတင် လုပ်ဆောင်လိုက်သည်။
စနစ်၏ ပံ့ပိုးမှုကြောင့် နာရီဝက်ပင် မပြည့်မီအတွင်းမှာပင် အောင်မြင်စွာ ဖော်စပ်ပြီးစီးသွားခဲ့သည်။
ဝူရှန်းလည်း ဆေးမီးဖိုကို ဖွင့်လှစ်လိုက်ကာ ဆေးလုံးကို ထုတ်ယူလိုက်ပြီး ထော့ပါရှီယွဲ့၏ မျက်လုံးရှေ့တွင် ဝေ့ယမ်းပြလိုက်သည်။
ထော့ပါရှီယွဲ့မှာ မယုံကြည်နိုင်လွန်းသဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိလိုက်သည်။
မည်သူကများ ဒါကို ယုံကြည်ဝံ့ကြမည်နည်း။
သူသည် မနေ့ကမှ သူမ၏ ဆေးဖော်စပ်ပညာကို စတင် လေ့လာခဲ့ခြင်း မဟုတ်ပေလော။
ထို့အပြင် ဝူရှန်း၏ နည်းစနစ်မှာ သူမ၏ ကိုယ်ပိုင် နည်းစနစ်အတိုင်း တိကျသေချာနေခဲ့သည်။
ဒီအချက်နှင့် ပတ်သက်၍ ထော့ပါရှီယွဲ့ အကြွင်းမဲ့ ယုံကြည်နေခဲ့ပြီ ဖြစ်သည်။
သူမလည်း ဝူရှန်းကို အထက်အောက် တစ်ချက် လှမ်းကြည့်လိုက်မိသည်။
မယုံကြည်နိုင်စရာ ဖြစ်နေသော ထော့ပါရှီယွဲ့ကို ကြည့်ရင်း ဝူရှန်း ရယ်ချင်လာခဲ့သည်။
အံ့အားသင့်ပြီး မယုံနိုင်ဖြစ်နေသော တောင်ထိပ်သခင် ထော့ပါရှီယွဲ့ကို ကြည့်ရင်း ဝူရှန်းက…
“မိန်းမရေ…”
“ငါ မင်းကို မရနိုင်သေးဘူးလား…”
“မင်းက ငါ့အပေါ် အရမ်းစိတ်လှုပ်ရှားနေပြီး အခုချက်ချင်း ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်နေပြီလား” ဝူရှန်က လက်ကိုဆန့်ထုတ်ကာ တောင်ထိပ်သခင် တော့ပါရှီယွဲ့၏ လက်သေးသေးလေးကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
တောင်ထိပ်သခင် တော့ပါရှီယွဲ့ကလည်း ဝူရှန်အား သူမကို အလွယ်တကူ ရရှိသွားခွင့် မပေးချင်ပေ။
“မင်းရဲ့ အခြေအနေတွေက မပြည့်မီသေးဘူး.. မင်းက ငါ့ရဲ့ သတ်မှတ်ချက်တွေကို မပြည့်မီခင်မှာ တခြားယောက်ျားတစ်ယောက်ကြောင့် ငါ့စိတ်မယိမ်းယိုင်ဘူးလို့တော့ မင်းကို ကတိပေးနိုင်တယ်”
တောင်ထိပ်သခင် တော့ပါရှီယွဲ့က ကောင်းကင်ကို သစ္စာဆိုရန် ပြင်ဆင်ရင်း ပြောလိုက်သည်။
ဝူရှန်းက သူ့ရဲ့ အနာဂတ်ဇနီးသည်ကို ဘယ်လိုလုပ် သစ္စာဆိုခွင့် ပေးနိုင်မှာလဲ။
သူက ချက်ချင်းပင် တောင်ထိပ်သခင် တော့ပါရှီယွဲ့၏ နှုတ်ခမ်းသေးသေးလေးကို လက်ဖြင့် ဖုံးအုပ်လိုက်သည်။
“မင်းရဲ့ စိတ်ကို ငါသိပါတယ်.. ဒီလိုအန္တရာယ်များတဲ့အရာတွေ မလုပ်ပါနဲ့ မင်းတစ်ခုခုဖြစ်သွားရင် ငါ့နှလုံးသား နာကျင်ရလိမ့်မယ်”
ဝူရှန်က တည်ကြည်သောမျက်နှာဖြင့် ပြောလိုက်သည်။
ဝူရှန်း၏ လုပ်ရပ်ကြောင့် တောင်ထိပ်သခင် တော့ပါရှီယွဲ့၏ စိတ်မှာ အမှန်တကယ်ပင် အတော်လေး လှုပ်ရှားသွားခဲ့သည်။
ဝူရှန်း၏ လုပ်ဆောင်ချက်များအပြီးတွင် ဟူရှီယောင်ပင် လုံးဝ အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။
တောင်ထိပ်သခင်ကို ဒီလို အနိုင်ယူလိုက်ပြီလော။
သူမ၏ စိတ်ထဲတွင် ဝူရှန်းကို လူယုတ်မာတစ်ဦးအဖြစ် အကြိမ်ရာပေါင်းများစွာ ကျိန်ဆဲလိုက်မိသည်။
"ရှီယောင်... ဒီကစပြီး မင်းက ရှီးယွဲ့ကို အစ်မကြီးလို့ ခေါ်ရမယ်... ရှီးယွဲ့လည်း သဘောတူလိမ့်မယ်လို့ ကိုယ်ထင်တယ်”
ဝူရှန်းလည်း ရှီယောင်ကို သူ့ရင်ခွင်ထဲသို့ တစ်ဖန် ဆွဲသွင်းလိုက်ကာ ပြုံးရင်း ပြောဆိုလိုက်သည်။
ထိုစကားကြောင့် ထော့ပါရှီယွဲ့၏ မျက်နှာပြင်မှာ တစ်ခုလုံး နီရဲသွားခဲ့သည်။
သူမသည် ဝူရှန်းပြောဆိုခဲ့သည့် စကားများကို အမှန်တကယ် မငြင်းဆန်ခဲ့ပေ။
ဟူရှီယောင်လည်း သူမ၏ စိတ်ထဲတွင် ဝူရှန်းကို လေးစားအားကျရုံသာ တတ်နိုင်တော့သည်။
ထော့ပါရှီယွဲ့က မငြင်းဆန်သည်ကို မြင်လိုက်ရသဖြင့် ဝူရှန်းလည်း အခွင့်အရေးကို လက်မလွှတ်ဘဲ ဆက်လက်၍ ရှေ့တိုးလိုက်သည်။
"ရှီးယွဲ့... နောင်ကျရင် ကိုယ် မရှိတဲ့အခါမျိုးတွေမှာ ရှီယောင်က မင်းနဲ့အတူတူ နေထိုင်လိမ့်မယ်..ရရဲ့လား"
စမ်းသပ်သည့် လေသံဖြင့် ဝူရှန်းက မေးမြန်းလိုက်သည်။
ထော့ပါရှီယွဲ့လည်း အခြားစကားတစ်ခွန်းမှ မဆိုတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။
‘ဟူရှီယောင်နှင့် သူမ၏ ဆက်ဆံရေးကို ခဏဖယ်ထားလိုက်ဦး…’’
‘ဟူရှီယောင်အတွက် ထျန်းကျန်းတောင်ထိပ်နှင့် ယှဉ်ပြိုင်ရသည့် ကိစ္စတွင် သူမက အနိုင်ဖို့အခြေအနေများ…နေပြီမဟုတ်ပါလား’
‘သူမသည် နောင်တစ်ချိန်ကျလျှင် ဟူရှီယောင်၏ အစ်မအဖြစ်နှင့် ဝူရှန်းနှင့် ပေါင်းစည်းသွားကြရတော့မည် မဟုတ်ပါလော…’
ထိုသို့ တွေးတောမိလိုက်သည်နှင့် ထော့ပါရှီယွဲ့၏ မျက်နှာပြင်မှာ နီရဲလာခဲ့သည်။
ဝူရှန်းကတော့ သူမတို့နှစ်ဦး၏ စိတ်ထဲတွင် မည်သည့်အရာများကို တွေးတောနေကြသည်ကို မသိရှိပေ။