အခန်း (၁၆) ဆိုင်ခန်းဝယ်ယူခြင်း
"ဒီလိုဟာမျိုးကို ဘယ်သူက ဝတ်ရဲမှာလဲ.. တော်တော် ရှက်စရာကောင်းတာပဲ"
ဟူရှီယောင်က အနက်ရောင်စတော်ကင်ကို ကြည့်ရင်း မျက်နှာလေး နီရဲကာ ပြောဆိုလိုက်သည်။
ဝူရှန်းလည်း စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ဟူရှီယောင်ကို ဖျားယောင်းသွေးဆောင်ကာ အနက်ရောင်စတော်ကင်ကို ဝတ်ဆင်စေပြီး သူ၏ မျက်စိပသာဒအတွက် ခံစားရန် ကြိုးစားလိုက်သည်။
"ရှီယောင်... ငါတစ်ယောက်တည်း မြင်ရအောင် ဒီမှာပဲ ခဏလောက် ဝတ်ပေးပါလား နော်"
ဝူရှန်းက အကူအညီမဲ့နေဟန်ဆောင်ကာ တောင်းပန်လိုက်သည်။
သူကိုယ်တိုင်ပင်လျှင် ဒီလို အလုပ်မျိုးကို တစ်နေ့နေ့တွင် လုပ်ရလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။
သို့သော် ဟူရှီယောင်က ဒီလောက် လှပနေခြင်းကြောင့် မည်သူက တားဆီးနိုင်မည်နည်း။
ဒါဟာ သူ၏ အပြစ်မဟုတ်ဘဲ ဟူရှီယောင်ကြောင့်သာ ဖြစ်သည်ဟု သူက စိတ်ထဲတွင် အမြန် ဖြေသိမ့်လိုက်သည်။
ထိုသို့ တွေးလိုက်ခြင်းဖြင့် သူ၏ ရင်ထဲတွင် အပြစ်ရှိသည်ဟူသော ခံစားချက် လုံးဝ မရှိတော့ပေ။
ဟူရှီယောင်က ဝူရှန်း၏ သရုပ်ဆောင်နေပုံကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ တမင်လုပ်နေမှန်း သိသော်လည်း သူမ၏ ရင်ထဲတွင်မူ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
တကယ်လို့ ဝူရှန်းတစ်ယောက်တည်းအတွက်သာဆိုလျှင် သူမအနေဖြင့် ဝတ်ဆင်ပေးရန် လက်ခံနိုင်သေးသည်။
"ဒါဆို ခဏစောင့်.. အခုချက်ချင်း ပြန်ထွက်လာခဲ့မယ်"
ဟူရှီယောင်လည်း စဉ်းစားပြီးနောက် ရှက်သွေးဖြန်းကာ ဝူရှန်း၏ လက်ထဲမှ အနက်ရောင်စတော်ကင်ကို ဆွဲယူလိုက်ပြီး အခန်းတွင်းသို့ အပြေးအလွှား ဝင်သွားခဲ့တော့သည်။
အနက်ရောင်စတော်ကင်ကို ကိုင်ကာ အခန်းထဲသို့ ပြေးဝင်သွားသည့် ဟူရှီယောင်၏ ပုံစံကို ကြည့်ရင်း ဝူရှန်းလည်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူတစ်ယောက်တည်းအတွက် ဝတ်ဆင်ပြမည်ဆိုပါက အကောင်းဆုံးပင် ဖြစ်ပေတော့မည်။
ခဏကြာသွားပြီးနောက်...
ဟူရှီယောင်မှာ အခန်းထဲမှ ရှက်ကိုးရှက်ကန်းဖြင့် ထွက်လာခဲ့သည်။ သူမသည် ခေါင်းကို ငုံ့ထားကာ ဝူရှန်း၏ မျက်နှာကိုပင် မကြည့်ရဲပေ။
သူမ ပေါ်လာသည်နှင့် တပြိုင်နက် ဝူရှန်းမှာ အံ့အားသင့်သွားကာ အာမေဍိတ်သံပင် ထွက်သွားခဲ့သည်။ ဝူရှန်း၏ ပါးစပ်မှ တံတွေးများပင် ကျလာမတတ် ဖြစ်နေခဲ့သည်။
"ရှီယောင်... အနားကို တိုးလာခဲ့စမ်းပါ"
ထိုင်ခုံတွင် ထိုင်နေရင်း အလွန်အမင်း မသက်မသာဖြစ်နေသော ဟူရှီယောင်ကို ဝူရှန်းက လှမ်းခေါ်လိုက်သည်။
ဟူရှီယောင်လည်း ဖြည်းညင်းစွာဖြင့် ဝူရှန်းဆီသို့ လျှောက်လာခဲ့သည်။
သူမသည် ဝူရှန်း၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး အလွန်အမင်း ထိတ်လန့်နေသဖြင့် လက်သေးသေးလေးများကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
"ကြည့်လို့ ကောင်းရဲ့လား..."
ဟူရှီယောင်က တိုးညှင်းသော အသံဖြင့် မေးမြန်းလိုက်သည်။
ဒီအရာကို ကြည့်လို့ ကောင်းသည်ဟူသော စကားဖြင့် မည်သို့မျှ ဖော်ပြနိုင်မည် မဟုတ်ပေ။
ရှေးခေတ် ဂန္ထဝင်အလှနှင့် ခေတ်မီဆန်းသစ်သော အနက်ရောင်စတော်ကင်တို့ ပေါင်းစပ်သွားခြင်းမှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှပေသည်။
ဝူရှန်းလည်း ဟူရှီယောင်၏ လက်ကို ဆွဲလိုက်ကာ သူ့ပေါင်ပေါ်သို့ အတင်းထိုင်ခိုင်းလိုက်သည်။
ထိုအနက်ရောင်စတော်ကင် ဝတ်ဆင်ထားသော ကျောက်စိမ်းကဲ့သို့ ချောမွေ့နုနယ်သော ခြေထောက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ ရရှိလာသော ထိတွေ့မှုမှာ အလွန်တရာ အံ့မခန်း ကောင်းမွန်လှပေသည်။
သို့သော် သူသည် ဟူရှီယောင်၏ ခံစားချက်များကိုလည်း ထည့်သွင်းစဉ်းစားပေးရပေမည်။
"ဒီလောက်ကောင်းတာက ကြည့်လို့ကောင်းတယ်ဆိုတဲ့ စကားနဲ့တောင် မလုံလောက်ဘူး..တကယ်လို့ မဝတ်ချင်ဘူးဆိုရင်လည်း အတင်းအကျပ် မဝတ်ခိုင်းပါဘူး.. မင်းရဲ့ ဆန္ဒအတိုင်းပါပဲ"
ဝူရှန်းက သူမ၏ ခြေထောက်များကို ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။
ဝူရှန်း၏ လက်ဖဝါးမှ ထွက်ပေါ်လာသော ထိတွေ့မှုကို ခံစားလိုက်ရသဖြင့် ဟူရှီယောင်၏ မျက်နှာပြင်မှာ ပို၍ပင် နီရဲလာခဲ့သည်။
"ဝတ်ခိုင်းချင်နေတာကတော့ ရှင်ပါပဲ.. အခုတော့ ဟန်ဆောင်ကောင်းနေလိုက်တာ"
ဟူရှီယောင်က ဝူရှန်းကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။
ဝူရှန်းလည်း ကြည့်ချင်သည်မှာ မှန်ကန်သော်လည်း ဟူရှီယောင်၏ ခံစားချက်များကို လျစ်လျူရှုကာ သူ့ဆန္ဒတစ်ခုတည်းအတွက် မလုပ်ဆောင်လိုပေ။
"ဟေး... ငါက ကြည့်ချင်တာတော့ မှန်ပါတယ်.. ဒါပေမဲ့ ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒအတွက်နဲ့ မင်းရဲ့ ခံစားချက်ကို လျစ်လျူမရှုချင်ဘူးလေ..."
ဝူရှန်းက ဟူရှီယောင်၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ရင်း ကြင်နာယုယစွာ ပြောဆိုလိုက်သည်။
ဝူရှန်း၏ စကားကြောင့် ဟူရှီယောင်မှာ ပို၍ပင် ရှက်ရွံ့သွားခဲ့ကာ သူမ၏ ခေါင်းကို ဝူရှန်း၏ ရင်ဘတ်ပေါ်သို့ တိုးဝင်မြှုပ်နှံထားလိုက်သည်။
"ရှင် လူယုတ်မာကြီး... ချိုမြိန်တဲ့ စကားတွေပဲ ပြောတတ်တယ်"
ဟူရှီယောင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုလိုက်သော်လည်း သူမ၏ ရင်ထဲတွင်မူ အလွန်တရာ ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။
"ဟူရှီယောင်... ငါ့တို့ စတော်ကင် အရောင်းဆိုင်လေး တစ်ဆိုင်လောက် ဖွင့်ကြရအောင်လား"
ဝူရှန်းက ဟူရှီယောင်၏ ခြေထောက်များကို ပွတ်သပ်ရင်း အဆိုပြုလိုက်သည်။
ဟူရှီယောင်လည်း ဤအကြံအစည်မှာ ဖြစ်နိုင်ခြေရှိကြောင်း ခံစားလိုက်ရသည်။
သို့သော် မည်သူက ရောင်းချပေးရမည်နည်း။
"ရှင်... ကျွန်မကို ရောင်းခိုင်းတော့မလို့လား"
ဟူရှီယောင်က အံ့သြတုန်လှုပ်နေသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။
ဒီလို ကိစ္စမျိုးကို ကိုင်တွယ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။
သို့သော် စတော်ကင် လုပ်ငန်းကိုမူ မဖြစ်မနေ လုပ်ဆောင်ရပေမည်။
ဝူရှန်းလည်း ထိုစတော်ကင်များတွင် ကြော်ငြာပိုစတာများ ပါရှိကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။
ထို့ကြောင့် သူသည် နာမည်ကျော် အမျိုးသမီး စတားတစ်ဦး၏ ကြော်ငြာအတွက် အသုံးပြုထားသည့် ပိုစတာတစ်ခုကို ဝယ်ယူလိုက်သည်။
ကြော်ငြာဖြစ်သောကြောင့် စတော်ကင် ကြော်ငြာပိုစတာမှာ အလွန်တရာ လက်ရာမြောက်ပြီး အလွန်ပင် ဆွဲဆောင်မှုရှိလှပေသည်။
ထို့နောက် သူသည် ထိုပိုစတာကို ထုတ်ယူလိုက်သည်။
"ဒီလူက ဘယ်သူလဲ... ကျွန်မကို မပြောနဲ့.. ဒါက ရှင်ရဲ့ ချစ်သူလို့"
ဟူရှီယောင်က စတား၏ ပိုစတာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဝူရှန်း၏ ခါးကို တင်းတင်းဆုပ်ကိုင်ကာ သံသယဝင်စွာဖြင့် မေးမြန်းလိုက်သည်။
ဒီလို ဘယ်နေရာကမှန်း မသိသည့် စတားတစ်ဦးကိုပင် မနာလိုဖြစ်လာလိမ့်မည်ဟု ဝူရှန်း လုံးဝ မထင်ထားခဲ့ပေ။
"ရှီယောင်ရာ... ဒီအမျိုးသမီးကို ငါလည်း မသိပါဘူး.. ဒါက တခြားသူတွေ ကြော်ငြာအတွက် သုံးထားတာပါ…ကြည့်ရတာ အရမ်း ဆွဲဆောင်မှုရှိတယ်လို့ မထင်ဘူးလား"
ဝူရှန်းက အမြန် ရှင်းပြလိုက်သည်။
ဟူရှီယောင်လည်း ခေါင်းညိတ်ပြလိုက်သည်။ ပိုစတာပေါ်ရှိ ပုံရိပ်မှာ သူမ၏ ခြေထောက်များထက်ပင် ပို၍ လှပနေသကဲ့သို့ ထင်မှတ်ရပေသည်။
"ကောင်းပြီလေ.. ခဏတော့ ယုံကြည်ပေးလိုက်မယ်"
ဟူရှီယောင်က ရုတ်တရက် အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် ဝူရှန်းလည်း ထရပ်လိုက်ကာ ဟွမ်ထျန်းဂိုဏ်း၏ အတွင်းပိုင်းတွင် ဆိုင်ခန်းတစ်ခန်း ငှားရမ်းရန်အတွက် ဝိညာဉ်ကျောက်တုံး မည်မျှ လိုအပ်မည်နည်းဟု တွေးတောလိုက်ရင်း ပိုစတာကို သိမ်းဆည်းလိုက်သည်။
"ဝူရှန်း... ကျွန်မကို စောင့်ဦး.. ကျွန်မ ခြေအိတ် သွားလဲလိုက်ဦးမယ်…တခြားသူတွေ ဒီလို အနက်ရောင်စတော်ကင် ဝတ်ထားတဲ့ပုံစံကို မြင်သွားတာကို ဘယ်လိုမှ လက်မခံနိုင်ဘူး"
ဟူရှီယောင်က အခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့သည်။
ဝူရှန်းလည်း သူမ၏ ဆန္ဒကို မည်သို့မျှ ငြင်းဆန်မည် မဟုတ်ပေ။
သူမသည် သူတစ်ယောက်တည်းအတွက်သာ ဝတ်ဆင်ပြမည်ဆိုပါက အကောင်းဆုံးပင် ဖြစ်ပေတော့သည်။
ထို့နောက် ဝူရှန်းနှင့် ဟူရှီယောင်တို့ နှစ်ဦးသား ဟွမ်ထျန်းဂိုဏ်း၏ ဈေးလမ်းမကြီးဆီသို့ ထွက်လာခဲ့ကြသည်။
သူတို့သည် ပိတ်တော့မည့် ဆိုင်ခန်းတစ်ခန်းထံသို့ လျှောက်သွားလိုက်ကြသည်။
"သူဌေး... ဒီမှာ စီးပွားရေး ဘယ်လိုရှိလဲ"
ဝူရှန်းက သာမန်လေသံဖြင့် ဝင်ရောက် မေးမြန်းလိုက်သည်။
ဆိုင်ပိုင်ရှင်က ခါးသီးသော အပြုံးဖြင့် ခေါင်းခါယမ်းပြလိုက်သည်။
"ညီလေးရာ... ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီဆိုင်က တစ်ခါမှ အမြတ်မထွက်ဖူးဘူး.. အမြဲတမ်း အရှုံးပေါ်နေတာ..."
ဆိုင်ပိုင်ရှင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ဝူရှန်း၏ မျက်လုံးများ တောက်ပလာခဲ့သည်။ သူ၏ အခွင့်အရေး ရောက်ရှိလာပြီဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
"ဟေး... သူဌေး.. ဒီဆိုင်ကို တခြားသူဆီ လွှဲပြောင်းပေးဖို့ မစဥ်းစားထားဘူးလား"
ဝူရှန်းက မေးမြန်းလိုက်သည်။
ထိုသို့ လွှဲပြောင်းရန်လည်း မဖြစ်နိုင်လောက်ပေ။
"ဒီလို လူသူ အရောက်နည်းတဲ့နေရာမျိုးကို ဘယ်သူကများ လာယူဝံ့မှာလဲ"
ဆိုင်ပိုင်ရှင်က အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"ကျွန်တော်က ဟွမ်ထျန်းဂိုဏ်းကို အခုမှ ရောက်လာတာပါ..ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်နဲ့အတူ စီးပွားရေး အတွေ့အကြုံ စုဆောင်းချင်ရုံလေးပါ.. အဓိကကတော့ အမြတ်အစွန်း ရဖို့ထက် လုပ်ကြည့်ချင်တာပါ"
ဝူရှန်းက ဘေးတွင် ရပ်နေသော ဟူရှီယောင်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်း ဆိုင်ပိုင်ရှင်အား ပြောဆိုလိုက်သည်။
ဆိုင်ပိုင်ရှင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
ဝူရှန်း၏ အကြောင်းပြချက် မည်သို့ပင်ဖြစ်စေကာမူ ဆိုင်ခန်းကို လွှဲပြောင်းပေးနိုင်မည်ဆိုလျှင် အကောင်းဆုံးပင် ဖြစ်ပေသည်။
"တကယ်ပဲ လွှဲပြောင်းယူဖို့ စဉ်းစားနေတာလား"
ဆိုင်ပိုင်ရှင်က တောက်ပနေသော မျက်ဝန်းများဖြင့် ဝူရှန်းကို စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
ဆိုင်ပိုင်ရှင်၏ အမူအရာကို မြင်လိုက်ရသဖြင့် ဝူရှန်းလည်း အခွင့်အရေး ရှိနေသေးကြောင်း ခံစားလိုက်ရသည်။
"သူဌေး... ဈေးနှုန်းလေး ဘယ်လောက်လဲ ပြောပြပေးပါ.. ကျွန်တော်က ဂိုဏ်းကို အခုမှရောက်လာတာဆိုတော့ ဈေးတွေ အများကြီး မပေးနိုင်ဘူး.. ကျွန်တော့်ရဲ့ မိန်းမဝတ်စုံဝယ်တာနဲ့ နေ့စဉ်သုံးပစ္စည်းတွေ ဝယ်ရတာနဲ့တင် ငွေတွေ ကုန်နေပြီ.. ဘဝက တကယ် ခက်ခဲပါတယ်.. ဒီလို ငွေသုံးလွန်းတဲ့ မိန်းမမျိုးကို ရထားတော့ ပိုဆိုးတာပေါ့"
ဝူရှန်းက သက်ပြင်းချရင်း ပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဟူရှီယောင်မှာ ဝူရှန်းကို ချက်ချင်းပင် ရိုက်နှက်ချင်စိတ်များ ပေါ်လာခဲ့သည်။
သို့သော် ဒါက ဝူရှန်း၏ စကားစစ်ထိုးပွဲ တစ်ခုသာဖြစ်ကြောင်း သိရှိထားသဖြင့် သူမ မည်သည့်လှုပ်ရှားမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။
ဆိုင်ပိုင်ရှင်လည်း သူတို့နှစ်ဦးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ဝူရှန်းမှာ ဘဝ၏ ဖိအားများကြောင့် ဆိုင်ဖွင့်ပြီး စီးပွားရေး လုပ်ကိုင်ရခြင်း ဖြစ်သည်ဟု သူ ထင်မှတ်သွားခဲ့သည်။
ချမ်းသာသည့် ငတုံးတစ်ဦးကို မတွေ့ရသော်လည်း ဆိုင်ကို အောင်မြင်စွာ လွှဲပြောင်းထုတ်နိုင်မည်ဆိုလျှင်မူ အတော်လေး အဆင်ပြေနေပြီ ဖြစ်သည်။
"ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုရင်ရော ဘယ်လိုလဲ"
ဆိုင်ပိုင်ရှင်က သူ၏ တောင်းဆိုထားသော စျေးနှုန်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုစျေးနှုန်းကို ကြားလိုက်ရချိန်တွင် ဝူရှန်း၏ ရင်ထဲတွင် ပျော်ရွှင်ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
သူက မလုံလောက်မှာ တွေးပူနေခဲ့မိခြင်းပင်။
"သူဌေး... ဈေးကို နည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလား..တကယ် အခက်အခဲ ရှိလို့ပါ…ဆိုင်ကို ဝယ်ပြီးသွားရင် ဒီတစ်လလုံး မိန်းမနဲ့အတူ ရေနဲ့ထမင်းနဲ့ပဲ အသက်ဆက်ရတော့မှာ"
ဝူရှန်းက အပြင်ပန်းတွင်မူ အလွန်တရာ ဆင်းရဲနွမ်းပါးဟန်ဆောင်ကာ ပြောဆိုလိုက်သည်။
ဟူရှီယောင်ကမူ ဝူရှန်း၏ သရုပ်ဆောင်နေပုံကို ကြည့်ရင်း မျက်လုံးများကိုသာ အပေါ်သို့ လှန်ပြလိုက်သည်။
"ကောင်လေး...ငါက မင်းကို ယုံကြည်ပါတယ် နောက်တစ်လဆိုရင်တော့ ကောင်းကောင်း စားသောက်နိုင်မှာပါ"
ဆိုင်ပိုင်ရှင်က ဝူရှန်း၏ ပုခုံးကို ပုတ်ခတ်ရင်း အားပေးစကား ဆိုလိုက်သည်။
ဝူရှန်းလည်း မတတ်သာတော့သည့်အဆုံးတွင် စနစ်ဈေးဆိုင်ထဲမှ ဝိညာဉ်ကျောက်တုံး တစ်သိန်းကို လဲလှယ်ထုတ်ယူလိုက်ပြီး ဆိုင်ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
စာရွက်စာတမ်းများနှင့် လွှဲပြောင်းရေး လုပ်ငန်းစဉ် အားလုံးကို တစ်ကြိမ်တည်းဖြင့် အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည်။
"ကဲ ဒါဆိုရင် သွားတော့မယ်နော် ကောင်းလေး..."
စကားပြောဆိုဆုံးသည်နှင့် ဆိုင်ပိုင်ရှင်မှာ လေလို လျင်မြန်စွာဖြင့် ထွက်ပြေးသွားခဲ့သည်။
"ဝူရှန်း... ရှင်က စကားပြောရင် တကယ် လိမ်ညာတတ်တာပဲနော်"
ဆိုင်ပိုင်ရှင် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ဟူရှီယောင်မှာ ပါးစပ်ကို လက်ဖြင့် အုပ်ကာ တစ်ခစ်ခစ် ရယ်မောလိုက်တော့သည်။
ဝူရှန်းလည်း ဟူရှီယောင်၏ ခါးသွယ်သွယ်လေးကို ပို၍ တင်းကျပ်စွာ ဖက်တွယ်လိုက်သည်။
"ဟူး.. ဘဝက တကယ် ခက်ခဲပါတယ်…လှပတဲ့ မိန်းမတစ်ယောက်ကို ထောက်ပံ့ဖို့ဆိုတာ မလွယ်ကူလှပါဘူး"
ဝူရှန်းက အလွန်တရာ သနားစရာကောင်းသော မျက်နှာပေးဖြင့် ညည်းတွားလိုက်သည်။
ဟူရှီယောင်လည်း ဝူရှန်း၏ အခေါ်အဝေါ်ကို အလွန်တရာ သဘောကျနေခဲ့သည်။
"ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့.. ဘယ်သူက ရှင့်မိန်းမလဲ"
ဟူရှီယောင်က ရုန်းထွက်လိုက်ရင်း အတုအယောင် ဒေါသဖြင့် ပြောဆိုလိုက်သည်။
ဝူရှန်းလည်း ဒီအမျိုးသမီးက မည်သည့်အခါမျှ အမှန်အတိုင်း ဝန်ခံမည် မဟုတ်ကြောင်း ကောင်းကောင်း သိရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် သူသည် အခြား မည်သည့်အရာကိုမျှ ထပ်မံရှင်းပြနေတော့ဘဲ ချက်ချင်းပင် ရှေ့သို့တိုးကာ ဟူရှီယောင်ကို ဆွဲဖက်လိုက်သည်။
ဟူရှီယောင်လည်း ဆက်လက် ရုန်းကန်နေခြင်း မရှိတော့ဘဲ ဝူရှန်း၏ ဖက်ထားမှုကို ငြိမ်သက်စွာ ခံယူလိုက်သည်။
သူမသည် ဝူရှန်း၏ ဒီလို လူမိုက်ဆန်ဆန် အပြုအမူများကို ကျင့်သားရနေခဲ့ပြီ ဖြစ်ပေတော့သည်။