no

Font
Theme

အခန်း (၁၄) ဟူရှီယောင် ဒုက္ခရောက်နေပြီလား

​"တောင်ထိပ်သခင်... မစနောက်ပါနဲ့တော့ဗျာ"

​ဝူရှန်းက ဝင်ရောက် ပြောလိုက်သည်။ သူကိုယ်တိုင်ပင် ထိုချိုမြိန်သော နှုတ်ခမ်းများကို တမ်းတနေဆဲ ဖြစ်သော်လည်း ယခုမူ ငြင်းဆန်သည့် စကားများကို ပြောဆိုနေမိပြန်သည်။

​"ကောင်စုတ်လေး... မင်းက ငါ့ရဲ့ ပထမဆုံး အနမ်းကို ခိုးယူသွားပြီလေ..ဒါကြောင့် မင်းက ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာဖို့အတွက် အသင့်တော်ဆုံး လူသားတစ်ယောက် ဖြစ်သွားပြီပေါ့"

​ထော့ပါရှီယွဲ့က ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောဆိုရင်း ဝူရှန်း၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

ဝူရှန်းမှာမူ ထော့ပါရှီယွဲ့၏ အသံနှင့် အပြုအမူများကို လုံးဝ မခုခံနိုင်တော့ပေ။

သူမက သူ့ကို သိမ်းပိုက်ရန် အကြွင်းမဲ့ ဆုံးဖြတ်ထားပုံ ရပေသည်။

​သူလည်း စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

တကယ်လို့ မရှောင်လွှဲနိုင်တော့ဘူးဆိုလျှင် အကောင်းဆုံးနည်းလမ်းမှာ သူမကို တာအိုလက်တွဲဖော်အဖြစ် လက်ခံလိုက်ရန်သာ ဖြစ်ပေတော့မည်။

ယောက်ျားတစ်ယောက်အနေဖြင့် မိမိပြုလုပ်ခဲ့သော အရာအတွက် တတာဝန်ယူရမည် မဟုတ်ပါလော။

သို့သော် ပထမဦးစွာ ထော့ပါရှီယွဲ့ ကိုယ်တိုင်က သဘောတူညီရန် လိုအပ်ပေသည်။

​သူမက ယခုအချိန်တွင် ဂရုမစိုက်သော်လည်း နောင်တစ်ချိန်တွင် ဘယ်လို ဖြစ်လာမလဲ။

သူမက ခနတာအမှား လုပ်မိခြင်းဖြစ်နိုင်ပြီး တည်ငြိမ်သွားသည့်အခါမှသာ အမှန်တရားကို သိရှိလာပေလိမ့်မည်။

​"တောင်ထိပ်သခင်က တကယ်ပဲ ကျွန်တော်ရဲ့ တာအိုလက်တွဲဖော် တကယ်ဖြစ်ချင်တာလ"

​ဝူရှန်းက မေးမြန်းလိုက်သည်။

​"ဟားဟား... ကောင်စုတ်လေး.. မင်းရဲ့ စွမ်းအားတွေက တစ်နေ့ကျရင် ငါ့ထက် သာလွန်သွားမယ်ဆိုရင်တော့ ငါ့အသင့်ရှိနေမှာပါ"

​ထော့ပါရှီယွဲ့က ဝူရှန်း၏ မျက်နှာကို အသာအယာ ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။

ထော့ပါရှီယွဲ့၏ လက်ချောင်းများမှ ဆင်းသက်လာသော နူးညံ့အေးမြသည့် ထိတွေ့မှုကို ခံစားလိုက်ရသဖြင့် ဝူရှန်း၏ ရင်ထဲတွင် ထပ်မံ၍ လှိုင်းတံပိုးများ ထန်လာခဲ့ပြန်သည်။

ဒီအမျိုးသမီးက ယောကျ်ားများကို ကိုင်တွယ်ရာတွင် အလွန်တရာ ကျွမ်းကျင်လွန်းလှသည်ဟု သူ တွေးမိသည်။

မကြာခင်မှာပင် သူမကို အမှန်တကယ် နှစ်သက်မိတော့မည် ထင်ရသည်။

​ဒါက အီစီကလီစနစ် မဟုတ်ပေဘူးလော။ ဘာကြောင့် သူ့ဘက်က အီစီကလီမလုပ်ရပဲ သူကအီစီကလီလုပ်ခံရသလို ဖြစ်နေရတာလဲ..

‘မဖြစ်ချေဘူး..ငါ့ဘက်ကစမှရမယ်…’

ဝူးရှန်းတွေးလိုက်ပြီး…

​"တောင်ထိပ်သခင်... ဒီလောက်တောင် ကြီးမားတဲ့ ပေးဆပ်မှုကြီး လုပ်ပေးထားမှတော့ တပည့်လည်း ဘာကိုမှ ကြောက်နေစရာ မလိုတော့ပါဘူး"

​ဝူရှန်းလည်း ထော့ပါရှီယွဲ့၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်နုနယ်သော လက်ချောင်းလေးများကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းများကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်ရင်း...

​ပြွတ်..

​သူသည် ထော့ပါရှီယွဲ့၏ ဖြူစင်နုနယ်သော ပါးပြင်ပေါ်သို့ အနမ်းတစ်ပွင့် ချက်ချင်း ခြွေလိုက်တော့သည်။

​"ကောင်စုတ်လေး... တကယ် ရဲတင်းလှချေလား.. ဒီတောင်ထိပ်သခင်ကို လာနမ်းရဲတယ်ပေါ့"

​ထော့ပါရှီယွဲ့၏ ပါးပြင်များ နီရဲသွားကာ စိတ်ဆိုးဟန်ဆောင်ရင်း ပြောဆိုလိုက်သည်။

ထိုကဲ့သို့သော ထော့ပါရှီယွဲ့၏ ပုံစံကို မြင်လိုက်ရသဖြင့် ဝူရှန်းလည်း ပခုံးတစ်ချက်တွန့်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။

​ဝူရှန်းလည်း သူမ၏ နှုတ်ခမ်းများကို ထပ်မံ နမ်းရှိုက်ချင်နေသော်လည်း မဝံ့ရဲပေ။

ထို့ကြောင့် သူသည် ထော့ပါရှီယွဲ့ကို ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်သည်။

​"တောင်ထိပ်သခင်... တပည့်က တောင်ထိပ်သခင်ရဲ့ အပျိုစင်ဘဝကို အမှန်တကယ် သိမ်းပိုက်သွားမှာပါ"

​ဝူရှန်းက ထော့ပါရှီယွဲ့၏ နားရွက်ဖျားနားတွင် ဖွဖွလေး တိုးတိုးလေး ပြောဆိုလိုက်သည်။

​ထော့ပါရှီယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် ရဲသွေးများဖြင့် လွှမ်းခြုံသွားခဲ့သည်။

ဒီကောင်လေးမှာ တကယ်ပင် ရဲတင်းလွန်းလှပေသည်။

သို့သော် သူမဘက်မှ မည်သည့် ငြင်းဆိုမှုကိုမျှ မပြုလုပ်ခဲ့ပေ။

​ဒီလို လှပဆွဲဆောင်မှုရှိသော အမျိုးသမီးကို ကြည့်ရင်း ဝူရှန်းလည်း အမှန်တကယ် နှစ်ခြိုက်မိသွားခဲ့သည်။

​"ငါတို့ နှစ်ယောက်ကြားက ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့နော်... အထူးသဖြင့် တောင်ထိပ်သခင် ယွင်ချင်းယာကို လုံးဝ မသိစေနဲ့..."

​ထော့ပါရှီယွဲ့က ဝူရှန်းကို အလေးအနက် မှာကြားလိုက်သည်။

သူမနှင့် ယွင်ချင်းယာမှာ အမြဲတမ်း အဆင်မပြေကြပေ။

တကယ်လို့သာ သူမ၏ ပထမဆုံး အနမ်းကို ဝူရှန်းက ရယူသွားခဲ့ကြောင်း ယွင်ချင်းယာ သိရှိသွားမည်ဆိုလျှင် သူမအနေဖြင့် အကြီးအကျယ် လှောင်ပြောင်ခံရမည်မှာ သေချာပေသည်။

သူမက ​ဝူရှန်း၏ အရည်အချင်းများကို လေးစားသော်လည်း လက်ရှိအချိန်တွင်မူ လုံလောက်သော စွမ်းအား မရှိသေးပေ။

ဝူရှန်းလည်း သူမ၏ မှာကြားချက်ကို ချက်ချင်းပင် လက်ခံလိုက်သည်။

တကယ်လို့ ဟူရှီယောင်သာ သိရှိသွားမည်ဆိုလျှင် ကမ္ဘာပျက်လောက်အောင် ဆူပူကြိမ်းမောင်းတော့မည်မှာ အသေအချာပင် ဖြစ်သည်။

​ဟင်...

​ဟူရှီယောင်အကြောင်းကို တွေးမိလိုက်သည်နှင့် ဝူရှန်း၏ ရင်ထဲတွင် ရုတ်တရက် တုန်ခါသွားခဲ့သည်။

​"တောင်ထိပ်သခင်... ဟူရှီယောင်က ခုထိ မရောက်လာသေးဘူး.. တပည့် စိုးရိမ်လာပြီ"

​ဝူရှန်းက ထော့ပါရှီယွဲ့ကို ဖက်ထားရာမှ လွှတ်ပေးလိုက်ရင်း လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။

​"တောင်ထိပ်သခင်... တပည့် အပြင်ဘက်ကို ထွက်ပြီး သွားကြည့်လိုက်ဦးမယ်"

​ထော့ပါရှီယွဲ့၏ ခွင့်ပြုချက်ကိုပင် မစောင့်တော့ဘဲ ဝူရှန်းသည် အပြင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားခဲ့သည်။

အဘယ်ကြောင့် ဒီလောက် မောက်မာတတ်သည့် လူလားမြောက်စ သခင်မလေးအတွက် စိုးရိမ်ပူပန်နေမိသည်ကို သူကိုယ်တိုင်ပင် မသိရှိပေ။

သူ၏ ရင်ထဲတွင်မူ တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့သည်.. တကယ်လို့ ဟူရှီယောင်ကို ယခုအချိန်တွင် သွားမရှာခဲ့ဘူးဆိုလျှင် သူ တစ်သက်တာလုံး နောင်တရသွားလိမ့်မည် ဟူ၍ပင်။

​လေးနက်တည်ကြည်သော မျက်နှာပေးဖြင့် ဝူရှန်းသည် အမျိုးသမီးများ စျေးဝယ်ထွက်လေ့ရှိရာ လမ်းကြောင်းဆီသို့ အပြေးအလွှား ထွက်ခွာသွားခဲ့သည်။

လမ်းတွင် ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ကာ ဆိုင်ရှင်အား ဟူရှီယောင်၏ တည်နေရာကို မေးမြန်းလိုက်သည်။

​ဟူရှီယောင်၏ ထင်ရှားလှပသည့် ပုံစံကြောင့် မေးမြန်းရသည်မှာ အလွန်တရာ လွယ်ကူလှသည်။

ဆိုင်ရှင်လည်း သူမကို အလွန်တရာ မှတ်မိနေပြီး တိကျသော လမ်းကြောင်းကို ညွှန်ပြပေးခဲ့သည်။

​"လူငယ်လေး... အဲ့ဒီမိန်းကလေးက ဟိုဘက်လမ်းကြောင်းဘက်ကို သွားတာပါ"

​ဆိုင်ရှင်ညွှန်ပြသည့် ညွန်ပြရာကို သိလိုက်ရသည်နှင့် ဝူရှန်းသည် သူ၏ အမြန်နှုန်းစွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်ကာ ပစ်ထွက်သွားခဲ့သည်။

သူ၏ ရင်ထဲတွင်လည်း တဖြည်းဖြည်း ပူလောင်လာခဲ့သည်။

အမွေးတိုင်တစ်တိုင်စာမျှ မကြာလိုက်မီတွင် သူ၏ နားထဲသို့ ယုတ်မာရွံရှာဖွယ်ကောင်းသော ရယ်မောသံတစ်ခု တိုးဝင်လာခဲ့သည်။

​"သခင်‌လေးက ဘာလို့ တစ်နာရီကျော်ကြာ‌ တာတောင် မလာသေးတာလဲ….ဒီကောင်မလေးက နုနုထွတ်ထွတ်နဲ့ တော်တော် လှတာပဲ…သခင်‌လေး ခံစားပြီးသွားရင် ငါတို့လည်း အလှည့်ကျ ခံစားလို့ရပြီပေါ့ကွာ"

​ဝူရှန်းလည်း ထိုအသံထွက်ရာ လမ်းကြောင်းဆီသို့ ပို၍ အမြန်နှုန်းမြှင့်ကာ ချဉ်းကပ်သွားခဲ့သည်။

​"ဟင့်အင်း... လူယုတ်မာတွေ.. ဒီသခင်မလေးကို လွှတ်ပေးလိုက်စမ်းပါ…ပြောပြလိုက်မယ်... ဝူရှန်းသာ သိသွားမယ်ဆိုရင် မင်းတို့ကို အရှင်လတ်လတ် အရေခွံခွာပစ်လိမ့်မယ်..."

​အမျိုးသမီးငယ်လေးတစ်ဦး၏ ငိုသံစွက်နေသော အသံက ဝူရှန်း၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။

ထိုအသံကို ကြားလိုက်ရချိန်တွင် ဝူရှန်း၏ ရင်ထဲတွင် ဒေါသအဟုန်တို့ မီးလောင်တိုက်သွင်းသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

​သူသည် ချက်ချင်းပင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြေးဝင်သွားကာ တံခါးကို တစ်ချက်ကန်ဖွင့်လိုက်ပြီး အထဲသို့ အတင်းဝင်ရောက်သွားခဲ့သည်။

​အခန်းတွင်းသို့ ရောက်ရှိသွားချိန်တွင် ဟူရှီယောင်မှာ မျက်စိအဝတ်စည်းခံထားရပြီး တိုင်တွင် ကြိုးဖြင့် တုပ်နှောင်ခံထားရသည်ကို တွေ့လိုက်ရသည်။

သူအချိန်မှီပြီး မည်သည့် အဓမ္မပြုကျင့်မှုမျှ မခံရသေးကြောင်း သိလိုက်ရသဖြင့် ဝူရှန်း၏ ရင်ဘတ်ပေါ်မှ လေးလံသော ဖိအားကြီးမှာ ကင်းစင်သွားခဲ့သည်။

​ထို့နောက် သူသည် အစောင့်လုပ်နေသည့် လူကို ခြေထောက်ဖြင့် တစ်ချက်ကန်ထုတ်လိုက်ရာ ထိုသူမှာ ချက်ချင်းပင် သေဆုံးသွားခဲ့သည်။

​ဝူရှန်းလည်း အပြေးအလွှား သွားရောက်ကာ ဟူရှီယောင်ကို ချည်နှောင်ထားသော ကြိုးများကို ဖြည်ပေးလိုက်ပြီး မျက်စိစည်းထားသည့် အဝတ်စကို ဖယ်ရှားပေးလိုက်သည်။

​"ဝူရှန်း... ရှင် တကယ် လာခဲ့တာပဲ... လူယုတ်မာကြီး... ရှင် အခုမှပဲ ရောက်လာတော့တယ်"

​မိမိရှေ့တွင် ရှိနေသည်မှာ ဝူရှန်းဖြစ်ကြောင်း သိလိုက်ရသည်နှင့် ဟူရှီယောင်မှာ ဝူရှန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုကြွေးတော့သည်။

​ဝူရှန်းလည်း သူမ၏ ကျောပြင်ကို ဖွဖွလေး ပုတ်ခတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူ အချိန်မီ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

သူ့ရင်ထဲတွင် အဘယ်ကြောင့် ဒီလောက် မသက်မသာ ဖြစ်နေရသည်ကို ယခုအခါတွင် သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

​ထို့နောက် သူသည် ဟူရှီယောင်၏ နှုတ်ခမ်းဖူးဖူးလေးပေါ်သို့ ချက်ချင်းပင် အနမ်းတစ်ပွင့် ခြွေလိုက်တော့သည်။

​ထိုအနမ်းကြောင့်သာ ဟူရှီယောင်၏ ငိုကြွေးသံများ ရပ်တန့်သွားခဲ့သည်။

ကြာမြင့်စွာ နမ်းရှိုက်ပြီးမှသာ ဝူရှန်းက သူမ၏ နှုတ်ခမ်းများကို ပြန်လည် ရုပ်သိမ်းပေးလိုက်သည်။

​"ဟွန့်... လူယုတ်မာကြီး.. အခွင့်အရေးရရင် ရသလို လာလာနမ်းနေတော့တာပဲ"

​ဟူရှီယောင်က ရှက်သွေးဖြန်းကာ ဝူရှန်း၏ ရင်ဘတ်ပေါ်သို့ ခေါင်းမှီရင်း တိုးတိုးလေး ဆူပူလိုက်သည်။

​ယခုအချိန်တွင် ဝူရှန်းလည်း သူ့ရင်ထဲတွင် မည်သည့်အရာများ ကိန်းအောင်းနေသည်ကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ဒီလောက် လှပသော အမျိုးသမီးတစ်ဦးနှင့် နေ့စဉ်နှင့်အမျှ အတူတကွ ရှိနေရမည်ဆိုပါက မည်သူက မနှစ်သက်ဘဲ ရှိမည်နည်း။

မကြာသေးမီက သူ ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများမှာ အမှန်တရား ဖြစ်လာခဲ့ပြီတကား။

သူ အမှန်တကယ်ပင် ဟူရှီယောင်၏ တာအိုလက်တွဲဖော် ဖြစ်လာတော့မည်လော။

​သူတို့နှစ်ဦး စကားများ ပြောဆိုနေစဥ် အပြင်ဘက်မှ လူတစ်ဦး ဝင်ရောက်လာခဲ့သည်။

​"မင်း ငါ့လူတွေ အကုန်လုံးကို သတ်ပစ်လိုက်တာလား"

​အဝင်ဝသို့ ရောက်ရှိလာသည့် လူငယ်လေးက မလှမ်းမကမ်းရှိ ရုပ်အလောင်းများကို ကြည့်ရင်း အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်သည်။

​ဝူရှန်းလည်း ထိုလူသစ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုသူမှာ တောက်ပသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဟွမ်ထျန်းဂိုဏ်း၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသဖြင့် ဟွမ်ထျန်းဂိုဏ်းမှ လူတစ်ဦးဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

​"သတ်တော့ ဘာဖြစ်လဲ"

​ဝူရှန်းက အထီအမြင်သေးသော အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

​"ဟမ့်…ငါ့ချောင်ပေ့ ကို ဘယ်သူမှ ဒီလိုလေသံနဲ့ စကားမပြောဝံ့ဘူး မင်းက ပထမဆုံးလူပဲ"

​ချောင်ပေ့က အေးစက်စွာ နှာမှုတ်လိုက်သည်။ မည်သူမျှ သူ့ကို ဒီလို မပြောဝံ့ခဲ့ကြပေ။

​"မင်းဟာမင်းဘာဖြစ်ဖြစ်… ငါ့ရှေ့မှာတော့ မင်းက အမှိုက်တစ်စပဲ"

​ဝူရှန်းက လုံးဝ အထင်အမြင်သေးဟန်ဖြင့် ပြောဆိုလိုက်ရာ ချောင်ပေ့မှာ ဒေါသအိုးပေါက်ကွဲသွားကာ ဝူရှန်းဆီသို့ ချက်ချင်းပင် ခုန်ဝင်လာခဲ့သည်။

​ဝူရှန်းက နေရာမှ ရုတ်တရက် ထရပ်လိုက်ကာ ခြေထောက်ဖြင့် တစ်ချက် ကန်ချလိုက်ရာ ချောင်ပေ့မှာ မလှမ်းမကမ်းသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် လဲကျကာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

​"ငါ့စီနီယာအစ်ကိုက မင်းကို... အလွတ်ပေးမှာ... မဟုတ်ဘူး.. သူက ဂိုဏ်းရဲ့ စီနီယာ……"

​ချောင်ပေ့မှာ စကားပင်မဆုံးလိုက်…

ဝူရှန်း၏ အဆုံးသတ်ခြင်းကို ခံလိုက်ရကာ သေဆုံးသွားခဲ့တော့သည်။

​သူ့အကိုက ဘာပဲဖြစ်နေဖြစ်နေ… ဘာမှ အဓိပ္ပာယ်ရှိလှသည် မဟုတ်ပေ။

သူသာ နောက်ထပ် မိန်းမလှလေးများရဲ့ နှုတ်ခမ်းအချို့ကို ထပ်မံ နမ်းရှိုက်နိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားမှာ မိုးထိအောင် မြင့်တက်လာမည်မှာ သေချာပေသည်။

​ထို့နောက် သူသည် နေရာမှ ထရပ်လိုက်ပြီး ဘေးနားတွင် ရပ်နေသော ဟူရှီယောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ဟူရှီယောင်၏ မျက်ဝန်းများထဲတွင်မူ ဝူရှန်းကို ကြည့်ရသည့် အကြည့်များမှာ လေးစားအားကျမှုတို့ဖြင့် တောက်ပနေခဲ့သည်။

​ဝူရှန်းလည်း ဟူရှီယောင်၏ စူးရှသော အကြည့်များကို လျစ်လျူရှုလိုက်ရင်း မြေပြင်ပေါ်တွင် ကျန်ရစ်နေသော သိုလှောင်အိတ်များကို ကောက်ယူလိုက်သည်။

သိုလှောင်အိတ်အတွင်းကို စစ်ဆေးကြည့်လိုက်ရာ ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာနှင့် ဆေးလုံးပုံများစွာကို တွေ့လိုက်ရသည်။

​"စနစ်ရေ... ဒါတွေကို ပွိုင့်တွေအဖြစ် ပြောင်းလဲပေး"

​ဝူရှန်းက သူ၏ စိတ်အတွင်းမှပြောလိုက်သည်။

​【ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်.. ပွိုင့် ၁၀၀ ကို အောင်မြင်စွာ လက်ခံရရှိသွားပါပြီ...】

​ပစ္စည်းများစွာ ပေးလိုက်ရသော်လည်း ပွိုင့် ၁၀၀ သာ ရရှိသည်ကို တွေ့လိုက်ရသဖြင့် စနစ်ဆိုသည့် ကောင်က သူ့ပွိုင့်များကို ကြားဖြတ်..ခိုးယူသွားခြင်း ဖြစ်ရမည်ဟု ဝူရှန်း သံသယဝင်မိသည်။

​သို့သော် မတတ်သာတော့သည့်အဆုံးတွင် သူ၏ အသိစိတ်ကို လက်တွေ့ဘဝသို့ ပြန်လည် ပို့ဆောင်လိုက်ရသည်။

​ထို့နောက် ဟူရှီယောင်က သူ့ကို လာရောက် ဖက်တွယ်လိုက်ပြန်သည်။

ဝူရှန်းလည်း သူမ၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်ရသည်။

သူမအနေဖြင့် ယခုထိ ကြောက်လန့်နေဆဲ ဖြစ်လိမ့်မည်။

​"ရှီယောင်... ဂိုဏ်းကို အရင်ပြန်ကြရအောင်.. အခုလို ဖက်ထားတာက ကြည့်ရဆိုးတယ် မဟုတ်လား"

​ဝူရှန်းက အောက်ဘက်သို့ ငုံ့ကြည့်ရင်း ပြောဆိုလိုက်သော်လည်း ဟူရှီယောင်ကမူ လုံးဝ ဖယ်ရှားပေးမည့် ပုံစံမရှိပေ။

​"မပြန်ဘူး... တော်ကြာ ရှင် ပြန်ပြေးသွားရင် ဘယ်လိုလုပ်မလဲ.. နည်းနည်းထပ်ဖက်ထားရဦးမယ်"

​ဟူရှီယောင်က တိုးတိုးလေး ငြီးတွားလိုက်သည်။

ဝူရှန်းလည်း မတတ်နိုင်တော့သည့်အဆုံးတွင် သူမ အသက်ရှူမှန်သွားသည်အထိ စောင့်ဆိုင်းပေးလိုက်ရသည်။

​"ဒါနဲ့ ဟူရှီယောင်... မင်း ဘာတွေ ဝယ်ဖို့ သွားတာလဲ.. ဒီလောက်ထိ လျှို့ဝှက်ချက်ကြီးနေရအောင် တကယ်ပဲ မဖြစ်မနေ ဝယ်စရာ လိုလို့လား"

​ဝူရှန်းက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် ဟူရှီယောင်၏ ပါးပြင်များမှာ ချက်ချင်းပင် နီရဲသွားခဲ့သည်။

​"အမျိုးသမီး... အတွင်းခံ ဝတ်စုံတွေ ဝယ်မလို့လေ..."

​ဟူရှီယောင်က ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ဖြေကြားလိုက်သည်။

​"ငါ ဘာများလဲလို့... အတွင်းခံ ဝယ်ချင်တာများ ငါ့ဆီက တောင်းလိုက်ပေါ့.. ငါ့မှာ အဲ့ဒါတွေ အများကြီး ရှိတယ်"

​ဝူရှန်းက အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။

​သူ နောက်နေသည်ဟု ထင်နေသလော..

မဟုတ်ချေ…

စနစ် ဈေးဆိုင်ထဲတွင် မရှိသည့်အရာဆို၍ မရှိပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment