no

Font
Theme

အခန်း (၁၃) တောင်ထိပ်သခင် ထော့ပါရှီယွဲ့ကို အနမ်းပေးခြင်း

​"ဝူရှန်း... ဒီမှာ ဆေးဖော်စပ်တဲ့ ပစ္စည်းနှစ်စုံ ရှိတယ်..ငါက အခွင့်အရေး နှစ်ခါ ပေးမယ်"

ထော့ပါရှီယွဲ့က အပြုံးလေးတစ်ခု ကိုင်စွဲရင်း သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးဖော်စပ်သည့် တာအိုဆေးပင် နှစ်စုံကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

သူမအနေဖြင့် လုံးဝ စိုးရိမ်ပူပန်နေခြင်း မရှိပေ။

ဒီလို အသစ်စက်စက် ရောက်လာသည့် တပည့်ငယ်လေးတစ်ဦး ဆေးလုံးဖော်စပ်နိုင်ရန် ဆိုသည်မှာ ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးလှသည် မဟုတ်ပါလော။

သူမလည်း ပျင်းနေသဖြင့် ကစားပွဲကို ဆက်လက်ကစားရန် ဆုံးဖြတ်လိုက်ခြင်းပင်..

​ဝူရှန်းလည်း ထိုဆေးပင်များကို လက်ခံရယူလိုက်သည်။

ထို့နောက် ဆေးပင်တစ်စုံကို ယူလိုက်ရင်း ဆေးမီးဖိုကြီးကို ဖွင့်လှစ်ကာ အချက်အလက်အတိုင်း အဆင့်ဆင့် ထည့်သွင်းလိုက်သည်။

​ဒါဟာ ဝူရှန်း၏ ပထမဆုံးအကြိမ် ဆေးဖော်စပ်ခြင်း ဖြစ်သော်လည်း စနစ်ကြောင့်သူက အဆင့်၂၀အထိ အကြွင်းမဲ့ လေ့လာတတ်မြောက်ပြီးသား ဖြစ်နေပေပြီ။

ဝူရှန်း၏ အလွန်တရာ ကျွမ်းကျင်နေသော အမူအရာများကို မြင်လိုက်ရသောအခါ ထော့ပါရှီယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

​ထိုလုပ်ဆောင်ချက် အဆင့်ဆင့်မှာ သူမကိုယ်တိုင် ဆေးဖော်စပ်စဥ် အသုံးပြုလေ့ရှိသည့် ပုံစံအတိုင်း အတိအကျပင် ဖြစ်နေသည်။(စာအုပ်ထဲမှာ သူမဖော်စပ်ပုံတွေကို ရေးထားတာပါ)

​နှစ်နာရီခန့် ကြာသွားပြီးနောက်...

​ဆေးမီးဖိုထဲမှ သင်းပျံ့သော မွှေးကြိုင်မှုတစ်ခု လွင့်ပျံ့လာခဲ့ရာ ဝူရှန်း၏ ရင်ထဲတွင် ပျော်ရွှင်ဝမ်းမြောက်မှုတို့ ဖြာထွက်သွားခဲ့သည်။

သူ အောင်မြင်သွားပြီ မဟုတ်ပါလော။

​ဆေးမီးဖိုကြီးကို ဖွင့်လှစ်လိုက်ရာ အတွင်း၌ ပန်းရောင်သမ်းနေသော ဒုတိယအဆင့် ဆေးလုံးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။

ဝူရှန်းလည်း တွေဝေမနေတော့ဘဲ ထိုဆေးလုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။

​"တောင်ထိပ်သခင်... ဒါက ဒုတိယအဆင့် ဆေးလုံးပါပဲ"

​ဝူရှန်းက ထိုဆေးလုံးကို ထော့ပါရှီယွဲ့၏ ရှေ့မှောက်တွင် တင်ပြလိုက်သည်။

သူမ၏ ရှေ့တွင် တင်ထားသော ဆေးလုံးကို မြင်လိုက်ရချိန်တွင် ထော့ပါရှီယွဲ့၏ မျက်နှာသွင်ပြင်မှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။

သူမ၏ မျက်နှာမှာ ဖြူလိုက်နီလိုက် ဖြစ်သွားကာ ဝူရှန်းက ဒီလို တိုတောင်းသော အချိန်အတွင်း ဒုတိယအဆင့် ဆေးလုံးကို တကယ် ဖော်စပ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

​ဝူရှန်း သုံးခဲ့သည့် ဆေးဖော်စပ်မှု ပညာရပ်မှာ သူမ၏ စာအုပ်ထဲကပုံစံအတိုင်းပင် ဖြစ်နေသည်။

ဝူရှန်းက ကြိုတင်၍ သိရှိထားရန်မှာ မဖြစ်နိုင်ပေ။

ဒါက ဝူရှန်းက ဒီနေရာတွင်ပင် ချက်ချင်း လေ့လာတတ်မြောက်သွားခြင်း ဖြစ်ကြောင်း သက်သေပြနေပေသည်။

​ထော့ပါရှီယွဲ့၏ မျက်နှာပေါ်မှ ပြောင်းလဲနေသော အရောင်အသွေးများကို မြင်လိုက်ရသဖြင့် ဝူရှန်း၏ ရင်ထဲတွင် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားလိုက်ရသည်။

ဒီတစ်ကြိမ်တွင်မူ သူမ ကတိပျက်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။

​လက်ထဲတွင် ဆေးလုံးကို ကိုင်ထားရင်း ထော့ပါရှီယွဲ့၏ စိတ်ထဲတွင် စိတ်ခံစားချက်များ လှိုင်းထန်နေခဲ့သည်။

သူမ၏ နှုတ်ခမ်းအား ဒီကောင်လေးကို နမ်းခွင့်ပေးရတော့မည်လော။

ထိုအကြောင်းကို တွေးမိသည်နှင့် သူမ၏ မျက်နှာပြင်မှာ ရှက်သွေးဖြန်းကာ နီရဲသွားခဲ့သည်။

​ဝူရှန်းလည်း ထော့ပါရှီယွဲ့ ရှက်ရွံ့နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ အလှအပမှာ ပို၍ပင် ထင်ရှားလာသည်ကို တွေ့လိုက်ရကာ ချက်ချင်းပင် ရှေ့သို့တိုးကာ အနမ်းပေးချင်စိတ်များ ပေါ်လာခဲ့သည်။

သို့သော် သူ၏ ရင်ထဲမှ တပ်မက်စိတ်များကို ထိန်းချုပ်လိုက်ရင်း ဖြည်းဖြည်းချင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

​"တောင်ထိပ်သခင်... တကယ်တော့ ကတိကို လိုက်နာစရာ မလိုပါဘူး..တပည့်က တကယ် ဆေးဖော်တတ်သွားပြီဆိုတာကို ပြသချင်ရုံပါပဲ"

​ဝူရှန်းက အလွန်တရာ ပေါ့ပေါ့ပါးပါးဖြင့် ပြောဆိုလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။

တကယ်လို့သာ ထော့ပါရှီယွဲ့က ကတိကို ဖျက်သိမ်းလိုက်မည်ဆိုလျှင် သူ ဘာမှ တတ်နိုင်တော့မည် မဟုတ်ပေ။

​"ဟွန့်... မင်းက လွယ်လွယ်နဲ့လက်လျော့တာငါယုံမယ် ထင်နေတာလား.. မင်းက ငါ့နှုတ်ခမ်းတွေကို တပ်မက်နေတာ ငါ သိပါတယ်"

​ထော့ပါရှီယွဲ့က မျက်စိကို ကျဉ်းမြောင်းကာ ဝူရှန်းကို စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။

ဝူရှန်းလည်း အံ့အားသင့်သွားကာ ထော့ပါရှီယွဲ့က သူ့စိတ်ထဲရှိသည်များကို ဖတ်နိုင်စွမ်း ရှိနေသလောဟု တွေးတောမိသည်။

​"တောင်ထိပ်သခင်ရယ်... ဒုတိယအဆင့် ဆေးလုံးကို ဖော်စပ်တာက ရာနှုန်းပြည့် အောင်မြင်တာမှ မဟုတ်တာ.. တပည့်လည်း ကံစမ်းကြည့်တာပါပဲ"

​ထော့ပါရှီယွဲ့လည်း စဉ်းစားကြည့်ရာတွင် ဟုတ်မှန်ကြောင်း သဘောပေါက်သွားခဲ့သည်။

သူမကိုယ်တိုင်ပင်လျှင် ရာနှုန်းပြည့် အောင်မြင်မှုနှုန်းကို မရရှိနိုင်ပေ။

သို့သော် ဝူရှန်းမှာမူ ကွဲပြားခြားနားနေသည်။

သူတွင် စနစ်ရှိနေပြီး သူမ၏ နည်းပညာကို အသုံးပြုထားသဖြင့် အောင်မြင်မှုနှုန်း မြင့်မားနေမည်မှာ သေချာပေသည်။

​ထိုသို့ ပြောဆိုပြီးနောက် ဝူရှန်းက အလွန်တရာ စိတ်ပျက်ဟန်ဆောင်ကာ လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။

​"ရပ်စိုက်စမ်း... ငါ့ကို ကတိမတည်တဲ့ လူတစ်ယောက်လို့ ထင်နေတာလား"

​ထော့ပါရှီယွဲ့က သတ္တိကို မွေးထုတ်လိုက်ရင်း ပြောဆိုလိုက်သည်။

​"အနမ်းတစ်ပွင့်ပဲဟာ.. ဘာမှ မဖြစ်ပါဘူး..."

​သူမ၏ ရင်ထဲတွင်မူ မည်မျှ တုန်လှုပ်နေသည်ကို သူမကိုယ်တိုင်ပင် မသိပေ။

ဒါဟာ သူမ၏ ဘဝတွင် ပထမဦးဆုံး အနမ်းဖြစ်ပြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့ရခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ဒီကောင်စုတ်လေးထံသို့ အလွယ်တကူ ရောက်ရှိသွားတော့မည် ဖြစ်သည်။

​"ဟင်... ဒါဆို တောင်ထိပ်သခင်က သဘောတူလိုက်ပြီပေါ့"

​ဝူရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားကာ မျက်ဝန်းတို့မှာ တောက်ပလာခဲ့သည်။

အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။

​"နင်အခုမှ မုန်လာဥမလုပ်နဲ့.. အများကြီး စကားမများနဲ့တော့ ငါက ကတိမတည်တဲ့သူ တစ်ယောက် မဟုတ်ဘူး"

​ထော့ပါရှီယွဲ့က အပြင်ပန်းတွင် တည်ငြိမ်ဟန်ဆောင်ကာ ပြောဆိုလိုက်သော်လည်း..

ဝူရှန်းမှာ ချက်ချင်းပင် သူမ၏ ရှေ့သို့ လျှောက်သွားခဲ့သည်။

​သူမ၏ မျက်နှာဆီသို့ ဖြည်းညင်းစွာ တိုးကပ်သွားစဥ် ထော့ပါရှီယွဲ့၏ ကိုယ်လုံးလေးမှာ အနည်းငယ် တုန်ယင်နေပြီး ဆံပင်မျှင်လေးများပင် ထောင်မတ်လာသည်အထိ ဖြစ်သွားခဲ့သည်။

သူမ၏ မျက်နှာမှာ ပို၍ပင် နီရဲလာကာ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများကို တင်းတင်းစေ့ကာ မှိတ်ထားလိုက်တော့သည်။

​ဝူရှန်းလည်း သူမ၏ နှုတ်ခမ်းဖူးဖူးလေးပေါ်သို့ သူ၏ နှုတ်ခမ်းများကို ဖွဖွလေး ဖိကပ်လိုက်သည်။

​စိုစွတ်နုညံ့သော ထိတွေ့မှုနှင့်အတူ သင်းပျံ့သော ရနံ့လေးတစ်ခုက ဝူရှန်း၏ အာရုံကို လွှမ်းခြုံသွားခဲ့သည်။

ထော့ပါရှီယွဲ့မှာလည်း သူမ၏ ချိုမြိန်သော နှုတ်ခမ်းပေါ်တွင် နွေးထွေးမှု လှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ရကာ သူမ၏ ပါးပြင်နှင့် နားရွက်ဖျားများအထိ အနီရောင်များ လွှမ်းခြုံသွားခဲ့သည်။

​【ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်.. ရွှေအမြုတေ အဆင့် (၅) သို့ အောင်မြင်စွာ တက်လှမ်းသွားပါပြီ...】

【ဆုလာဘ် ပွိုင့် ၄၀.. ထိပ်တန်းကျင့်စဥ်ရပ် နဂါးရိုင်းလက်ဝါး ကို ရရှိသွားပါပြီ...】

​စနစ်၏ အသံကို ကြားလိုက်ရသဖြင့် ဝူရှန်း၏ ရင်ထဲတွင် ပျော်ရွှင်ပီတိများဖြင့် ပြည့်နှက်သွားရကာ ထော့ပါရှီယွဲ့၏ ချိုမြိန်သော နှုတ်ခမ်းများကို အလွယ်တကူ လွှတ်မပေးလိုတော့ပေ။

​ထော့ပါရှီယွဲ့၏ ဦးနှောက်ထဲတွင်လည်း ဖြူစင်သွားကာ အချိန်ကာလ ကို မေ့လျော့သွားခဲ့သည်။

သူတို့နှစ်‌ယောက် အနမ်းမှာ အမွေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့်အထိ ကြာမြင့်ခဲ့ပြီးမှသာ ဝူရှန်းက သူမ၏ နှုတ်ခမ်းများကို လွတ်ပေးလိုက်တော့သည်။

​ထော့ပါရှီယွဲ့လည်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လှစ်လိုက်သည်။

သူမအနေဖြင့် ဝူရှန်း၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရန် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

ဒီလို ပုံစံမျိုးက တောင်ထိပ်သခင်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် အဘယ်မှာလျှင် တူညီတော့မည်နည်း။

ယခုအခါ သူမသည် ရှက်ရွံ့နေသည့် သာမန်မိန်းကလေးငယ်လေးတစ်ဦး၏ ပုံစံအတိုင်းပင် ဖြစ်နေခဲ့သည်။

​ဝူရှန်းလည်း သူ၏ ဝမ်းဗိုက်အတွင်းရှိ တန်ဖိုးရှိသော ရွှေအမြုတေတစ်ခု စုစည်းလာသည်ကို ခံစားလိုက်ရသည်။

ရှက်ရွံ့နေသည့် ထော့ပါရှီယွဲ့ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ တဖွားဖွား ပေါ်လာခဲ့သည်။

​"တောင်ထိပ်သခင်... ချိုမြိန်တဲ့ အနမ်းအတွက် ကျေးဇူးတင်ပါတယ်"

​ဝူရှန်းက အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ရာ ထော့ပါရှီယွဲ့မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။

သူမ၏ မျက်နှာပြင်ပေါ်တွင် ရှက်သွေးများ ကျန်ရှိနေဆဲပင် ဖြစ်သည်။

​"ရှင် ဘာကို ကျေးဇူးတင်တာလဲ"

​ထော့ပါရှီယွဲ့က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

သူမအနေဖြင့် ဝူရှန်း မည်သည့်အရာကို ဆိုလိုသည်ကို လုံးဝ မသိရှိပေ။

​"ဟားဟား... တပည့်က တောင်ထိပ်သခင်က ပေးတဲ့ကတိအတိုင်း ဒီလိုချိုမြိန်တဲ့ အနမ်းကို ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်တာပါ"

​ဝူရှန်းက ရှက်ရွံ့ခြင်းမရှိဘဲ ရဲရဲတင်းတင်း ပြောဆိုလိုက်ရာ ထော့ပါရှီယွဲ့မှာ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။

သူမ၏ မျက်နှာမှာ ပို၍ပင် နီရဲလာခဲ့သော်လည်း အနည်းငယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

​"ကောင်စုတ်လေး... မင်းက တကယ်ကို ရဲတင်းလွန်းလှချေလား.. ငါ့နှုတ်ခမ်းတွေကို တပ်မက်နေတာ ကြာပြီဆိုတာ သေချာတယ်"

​ထော့ပါရှီယွဲ့က ဝူရှန်း၏ မျက်ဝန်းများကို စူးစူးစိုက်စိုက် စစ်ဆေးလိုက်သည်။

ဝူရှန်းမှာမူ အပြစ်မရှိဟန်ဖြင့် ပြုံးပြလိုက်ရုံသာ တတ်နိုင်တော့သည်။

နမ်းပြီးသွားပြီဖြစ်ရာ နောက်ထပ် မည်သည့်အရာကိုမှ သူ စိုးရိမ်နေစရာ မလိုတော့ပေ။

​"တောင်ထိပ်သခင်လို လှပတဲ့အမျိုးသမီးတစ်ဦးကို တပ်မက်တယ်ဆိုတာ သဘာဝကျတာပဲ မဟုတ်ဘူးလား"

​ဝူရှန်းက လေးနက်သော လေသံဖြင့် ပြောဆိုလိုက်ရာ ထော့ပါရှီယွဲ့၏ မျက်နှာပြင်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

​"ဟွန့်... မင်းက လူယုတ်မာတစ်ယောက် ဖြစ်ပေမဲ့ အနည်းငယ်တော့ ရိုးသားပါတယ်"

​ထော့ပါရှီယွဲ့က ဝူရှန်း၏ အနားသို့ လျှောက်လာရင်း အပေါ်အောက် တစ်ချက် ဝေ့ကြည့်ကာ ပြောဆိုလိုက်သည်။

​"ငါပြောချင်တာကတော့... ဒါဟာ ငါ့ရဲ့ ပထမဆုံး အနမ်းပဲဆိုတာပါပဲ"

​ဝူရှန်းမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် အလွန်တရာ တုန်လှုပ်သွားခဲ့သည်။

ထော့ပါရှီယွဲ့ကဲ့သို့သော အမျိုးသမီးမျိုး၏ ပထမဆုံး အနမ်းဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

သူမ၏ အဝတ်အစားနှင့် ဝတ်စားဆင်ယင်ပုံများကို ကြည့်ရသည်မှာ အလွန်တရာ နှံ့နှံ့စပ်စပ် ရှိသူတစ်ဦးဟု သူ ထင်မှတ်ထားခဲ့မိခြင်းပင်။

​သူ၏ စိတ်ထဲတွင်... "သူ့ကို တာဝန်ယူခိုင်းတော့မှာ မဟုတ်ပါဘူးနော်" ဟု တွေးတောမိသွားသည်။

အနမ်းပေးရသည်မှာ ကောင်းမွန်သော်လည်း တာဝန်ယူရမည်ဆိုလျှင်မူ သူ၏ ကျင့်ကြံရေး ခရီးလမ်းအတွက် အလွန်တရာ အနှောင့်အယှက် ဖြစ်စေလိမ့်မည် မဟုတ်ပါလော။

​"တောင်ထိပ်သခင်... တောင်းပန်ပါတယ်.. ဒါက ပထမဆုံးအနမ်းမှန်း မသိခဲ့လို့ပါ... သိခဲ့ရင် အသေရိုက်ရင်တောင် မနမ်းရဲပါဘူး"

​ဝူရှန်းက ထိတ်လန့်နေသည့် ပုံစံဖြင့် အမြန် ရှင်းပြလိုက်သည်။

ထော့ပါရှီယွဲ့ကမူ ဝူရှန်း၏ ထိုပုံစံကို ကြည့်ရင်း စိတ်ဆိုးခြင်း မရှိပေ။

ဒီကောင်လေးက ရိုးရှင်းသည့် လူယုတ်မာလေးတစ်ဦးသာ ဖြစ်ကြောင်း သူမ ကောင်းကောင်း သိလိုက်ရပြီ ဖြစ်သည်။

​"ပြောစမ်းပါဦး... ငါ့ကို ဘယ်လို လျော်ကြေးပေးမှာလဲ"

​ထော့ပါရှီယွဲ့က ဝူရှန်းကို စိုက်ကြည့်ရင်း ကြင်နာယုယသော အသံဖြင့် မေးမြန်းလိုက်သည်။

ဝူရှန်းမှာမူ သူမ၏ အကြည့်အောက်တွင် အလွန်တရာ မသက်မသာ ဖြစ်လာခဲ့ရသည်။

​"တောင်ထိပ်သခင်ရေ... ကျွန်‌တော်က လောင်းကစားရဲ့ ကတိအတိုင်း လုပ်ခဲ့တာပါ.. တမင်သက်သက် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး"

​ဝူရှန်းက မျက်စိကို လှည့်ပတ်ရင်း အမြန် ငြင်းဆိုလိုက်သည်။

လက်ရှိတွင် သူ့ခေါင်းထဲ၌ ကျင့်ကြံခြင်းစွမ်းအား တိုးတက်ရေးသာ ရှိနေပြီး တာဝန်ယူရမည့် ကိစ္စမျိုးသာ ဖြစ်လာပါက နောင်လာမည့် ကျင့်ကြံရေး လမ်းစဉ်များကို ဆက်လက် လျှောက်လှမ်းရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။

​"ရှင်က တကယ်ကို ရက်စက်တဲ့ယောကျ်ားပဲ... လူ့များရဲ့ ပထမဆုံး အနမ်းကို ခိုးယူသွားပြီးတော့ တာဝန်လည်း မယူချင်ဘူးပေါ့လေ"

​ထော့ပါရှီယွဲ့က ဝမ်းနည်းပူဆွေးဟန်ဆောင်ကာ ပြောဆိုလိုက်ရာ ဝူရှန်း၏ ဦးနှောက်ထဲတွင် ခေါင်းကိုက်လာရတော့သည်။

ဒီအခြေအနေက သူ တွေးတောထားခဲ့သည့် ဇာတ်ညွှန်းနှင့် လုံးဝ ကွာခြားနေခဲ့သည်။

​"တောင်ထိပ်သခင်လည်း သိပါတယ်.. တပည့်မှာ တာအိုလက်တွဲဖော် ရှိနှင့်ပြီးသားဆိုတာလေ... ဘယ်လိုလုပ်ပြီး တောင်ထိပ်သခင်ကို မတရားလုပ်လို့ ရမလဲ"

​ဝူရှန်းက သက်ပြင်းတစ်ချက်ချရင်း အကူအညီမဲ့နေသည့် ပုံစံဖြင့် တုံ့ပြန်လိုက်သည်။

​"ငါက မကန့်ကွက်ပါဘူး... မင်းက စွမ်းအားတွေ အလုံအလောက် ရှိနေသမျှ ကာလပတ်လုံး မိန်းမတွေ အများကြီး ထားရှိတာ ဘာမှားလို့လဲ"

​ထော့ပါရှီယွဲ့က ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။ ထိုစကားကြောင့် ဝူရှန်း၏ ရင်ထဲတွင် တုန်ခါသွားခဲ့သည်။

ဒီလို ဆွဲဆောင်မှုရှိသည့် လှပသော အမျိုးသမီးတစ်ဦးကို မည်သူက မတပ်မက်ဘဲ ရှိမည်နည်း။

တကယ်လို့သာ အခြေအနေ ပေးမည်ဆိုပါက သူ သူမကို ချက်ချင်း သိမ်းပိုက်ချင်စိတ် ရှိနေပေသည်။

​သို့သော် သူ မလုပ်ရဲပေ။

အဘယ်ကြောင့်ဆိုသော် အိမ်တွင် ရှောင်ဟွား ရှိနေသေးသည် မဟုတ်ပါလော။

​ဝူရှန်း ကောင်းကောင်း သိထားသည်မှာ ရှောင်ဟွားအနေဖြင့် သူ မိန်းမများ ထပ်ယူသည်ကို အလွန်အမင်း ကန့်ကွက်မည် မဟုတ်သော်လည်း သူကိုယ်တိုင်ကမူ မိမိ၏ တာဝန်ဝတ္တရားများကို သတိရနေဆဲမဟုတ်ပါလား။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment