no

Font
Theme

အခန်း (၁၁) ဟူရှီယောင်နှင့် အတူအိပ်စက်ခြင်း

​ဝူရှန်းတစ်ယောက် တောင်ထိပ်အတွင်းရှိ ဝိညာဉ်တောင်စွယ်တစ်နေရာသို့ ရောက်ရှိလာရင်း စီနီယာအစ်မတစ်ဦး၏ မေးစေ့ကို ရဲရဲရင့်ရင့် ပင့်မလိုက်လေသည်။

ထိုမြင်ကွင်းကို ဘေးမှ မြင်တွေ့နေရသော အခြားသော စီနီယာအစ်မများမှာ အလွန်တရာ အံ့အားသင့်ကာ ထိတ်လန့်သွားကြလေသည်။

​"စီနီယာအစ်မက ဘယ်လိုလုပ်ပြီး မတိုက်ခိုက်ဘဲ ငြိမ်ခံနေရတာလဲ..."

"နေပါဦး.. ဒီလိုအချိန်မျိုးဆိုရင် ဂျူနီယာမောင်လေးက လေထဲလွင့်စင်သွားရမှာ မဟုတ်ဘူးလား..."

"စီနီယာအစ်မများ ဒီကောင်လေးကို သဘောကျသွားတာများ လား..."

​မှန်ပေသည်..

ဝူရှန်း အနမ်းပေးရန် ပြင်ဆင်နေသူမှာ သူတို့၏ အဓိက စီနီယာအစ်မပင် ဖြစ်ပေသည်။

သူက သူမ၏ နှုတ်ခမ်းဖူးဖူးလေးဆီသို့ သူ၏နှုတ်ခမ်းချင်း တိုးကပ်သွားစဥ်...

​"ဝူရှန်း... ရှင် ဘာလုပ်နေတာလဲ.. လူယုတ်မာကြီး..."

​နောက်ဘက်မှ ထွက်ပေါ်လာသော အော်သံကြောင့် သူတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ထိုသူမှာ အခြားသူ မဟုတ်ပေ.. ဟူရှီယောင်ပင်…

သူမသည် အပြင်ဘက်သို့ထွက် ပြေးလာစဥ် ဒီနေရာသို့ ရောက်ရှိလာကာ ဝူရှန်းက အခြားသော စီနီယာအစ်မတစ်ဦး၏ မေးစေ့ကို ပင့်ကိုင်နေသည်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရခြင်းဖြစ်ပေသည်။

သူမ၏ ရင်ထဲတွင် မီးခိုးတဟုန်းဟုန်း တောက်လောင်သွားခဲ့တော့သည်။

​ချက်ချင်းပင် အနားသို့ ပြေးလာပြီး ဝူရှန်း၏ နားရွက်ကို တင်းတင်းကျပ်ကျပ် ဆွဲလိမ်လိုက်သည်။

​"ရှင် ဘာလုပ်နေတာလဲ.. ကျွန်မက လှတာ မလောက်ဘူးလား... ဘာလို့ အပြင်ထွက်ပြီး တောပန်းတွေကို လိုက်ခူးနေရတာလဲ"

​သူတို့ ကွဲကွာသွားခဲ့သည်မှာ မည်မျှပင် ကြာသေး၍လဲ။

ဒီလို အိုင်တွေ့တိုင်းခြေဆေးသည့် လူယုတ်မာကြီးအား သူမ မကျေမနပ်ဖြစ်မိသည်။

​"စီနီယာအစ်မရေ... နောက်မှ ဆက်ကြတာပေါ့ဗျာ"

​ဝူရှန်းက အနမ်းခံရမည့် စီနီယာအစ်မဘက်သို့ အပြစ်ရှိသလို လှည့်ကာ အမြန်ပြောဆိုလိုက်သည်။

​"ဟွန့်... မင်းက တကယ်ကို လူယုတ်မာပဲ..မင်းမှာ တာအိုလက်တွဲဖော် ရှိနေပါလျက်နဲ့ ငါ့ကိုပါ လာနမ်း ဖို့ကြံရဲတယ်ပေါ့လေ"

ထို​စီနီယာအစ်မ၏ မျက်နှာမှာ အေးစက်သွားခဲ့သည်။

ဟူရှီယောင်လည်း အခြေအနေ မကောင်းတော့ကြောင်း သဘောပေါက်သွားသဖြင့် ချက်ချင်း ဝင်ရောက်ရှင်းပြရတော့သည်။

​"စီနီယာအစ်မ.. စိတ်မပူပါနဲ့... ကျွန်မ အိမ်ပြန်ရောက်တာနဲ့ သူ့ကို ဆုံးမပေးပါ့မယ် အပြင်ဘက်မှာ ဒီလိုထပ်ပြီး မဆော့ရဲအောင် ကျွန်မ သေချာ ကိုင်တွယ်ပါ့မယ်"

​သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ ရဲတက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အပြင်ပန်းတွင် ဝူရှန်းမှာ သူမ၏ တာအိုလက်တွဲဖော် အဖြစ် သတ်မှတ်ခံထားရသောကြောင့် ယခုကဲ့သို့ အဖြစ်အပျက်မျိုးက သူမအတွက် အလွန်တရာ အရှက်ကွဲစရာ ကောင်းလှပေသည်။

ထို့ကြောင့် ဝူရှန်း၏ နားရွက်ကို ဆွဲကိုင်ရင်း သူတို့၏ တောင်ငယ်လေးဆီသို့ အတင်း ဆွဲခေါ်သွားခဲ့တော့သည်။

​"ဟားဟား... ဒီကောင်လေးကတော့ ပျော်စရာကောင်းတဲ့ ဂျူနီယာမလေးကို အလကားရလိုက်တာပဲ ထင်တယ်"

​စီနီယာအစ်မက ပြောဆိုလိုက်ရာ အခြားသော စီနီယာအစ်မများလည်း အခြေအနေကို သဘောပေါက်သွားကြသည်။

​"ဒီကောင်လေးက မိန်းမကိစ္စမှာတော့ တော်တော် ကံကောင်းတာပဲ.. ကြားတာတော့ အသစ်ရောက်လာတဲ့ ဂျူနီယာညီမလေးက ထိပ်တန်း ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားရုံသာမက အလွန်တရာမှ ချောမောလှပတဲ့ သူတစ်ယောက်လို့ ဆိုတယ်"

​သို့သော် ထိုစီနီယာအစ်မ၏ စိတ်ထဲတွင်မူ ဝူရှန်းအပေါ် စိတ်ဝင်စားမှုအသစ်တစ်ခု ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

ထိပ်တန်း ဝိညာဉ်အမြစ်ပိုင်ရှင် ဖြစ်သည့် လှပသော အမျိုးသမီးတစ်ဦးကို တာအိုလက်တွဲဖော်အဖြစ် သိမ်းပိုက်ထားနိုင်သည်ဆိုလျှင် ဝူရှန်းဆိုသည့် ကောင်လေးမှာ သာမန်လူတစ်ယောက် လုံးဝ ဖြစ်မည်မဟုတ်ပေ။

​တစ်ဖက်တွင်မူ...

​ဟူရှီယောင်သည် ဝူရှန်း၏ နားရွက်ကို ဆွဲကိုင်ရင်း သူတို့၏ နေရာ တောင်စွယ်ငယ်လေးဆီသို့ အရောက် ပြန်ခေါ်လာခဲ့သည်။

​"နားရွက်ကို လွှတ်ပေးလို့ မရတော့ဘူးလား.. နားရွက်ကြီး ကျွတ်ထွက်တော့မှာပဲ"

​ဝူရှန်း၏ မျက်နှာမှာ နာကျင်မှုကြောင့် ညှိုးငယ်သွားခဲ့သည်။

တကယ်လို့သာ ဟူရှီယောင်သည် ကြင်နာတတ်သော စိတ်နှလုံး ရှိသူတစ်ဦး မဟုတ်ခဲ့ပါက ဒီလို မိန်းမမျိုးကို သူ ရိုက်နှက်ဆုံးမပစ်ချင်နေပြီ ဖြစ်သည်။

​ဟူရှီယောင်လည်း လက်ကို လွှတ်ပေးလိုက်ရင်း နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။

​"ဟွန့်... လူယုတ်မာကြီး"

​ဝူရှန်းမှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

သူမကို ကြည့်ရသည်မှာ ချစ်သူရည်းစားများ စိတ်ကောက်နေကြသည့် ပုံစံမျိုးနှင့် အလွန်တရာ ဆင်တူနေသည်။

​"ဟူရှီယောင်... မင်း ဆေးမှားစားလာတာလား"

​သူမကို စိုက်ကြည့်ရင်း မေးမြန်းလိုက်မှသာ ဟူရှီယောင်တစ်ယောက် သူတို့သည် အမှန်တကယ် ချစ်သူများ မဟုတ်ဘဲ ဟန်ဆောင်နေကြခြင်းသာ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားတော့သည်။

သို့သော် သူမ၏ မာနကြောင့် အမှားကို ဝန်မခံချင်ပေ။

​"ငါက ရှောင်ဟွားအတွက် ကိုယ်စား စောင့်ကြည့်ပေးနေတာ.. နားလည်လား"

​သူမက အကြောင်းပြချက် အမျိုးမျိုး ပေးကာ ငြင်းဆန်လိုက်သော်လည်း ဝူရှန်းမှာ တစ်စက်ကလေးမျှ မယုံကြည်ပေ။

​"ဒီညကစပြီး အခန်းထဲမှာပဲ ငြိမ်ငြိမ်နေရမယ်.. အပြင်ကို လုံးဝ ထွက်မသွားရဘူး ကြားလား"

​ဟူရှီယောင်က လှည့်ကြည့်ရင်း အမိန့်ပေးသလို ပြောဆိုလိုက်သည်။

ဝူရှန်းမှာ မျက်ခုံးတစ်ဖက် ပင့်တက်သွားကာ မိန်းမကြီးစိုးသော အိမ်ထောင်ရေးမျိုး ရောက်နေပြီလားဟု တွေးမိသည်။

သူမ၏ မျက်နှာပြင်မှာ တည်ငြိမ်နေသော်လည်း ရင်ဘတ်ထဲတွင်မူ နှလုံးခုန်သံများ မြန်ဆန်နေခဲ့သည်။

​ဝူရှန်းကမူ ဒီကိစ္စကို ဂရုမစိုက်ပေ။

ဒီလို လှပသော အမျိုးသမီးတစ်ဦးနှင့် အတူတကွ နေထိုင်ရသည်မှာ ဆိုးရွားလှသည်တော့ မဟုတ်ပေ။

​"ငါ့ကို အခန်းအတူတူ နေဖို့ ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာဆိုတော့ နောက်မှ နောင်တမရနဲ့နော်"

​ဝူရှန်းက ပြုံးစစဖြင့် ပြောဆိုလိုက်စဥ် တံခါးဝဘက်မှ အမျိုးသမီး တပည့်တစ်ဦး ဝင်ရောက်လာခဲ့သည်။

​"ဂျူနီယာညီမ ဟူ... ဒါတွေက တောင်ထိပ်သခင် ပေးခိုင်းလိုက်တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေပါ"

​ထိုတပည့်မလေးသည် သိုလှောင်အိတ်တစ်လုံးကို ဟူရှီယောင်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ရင်း ဝူရှန်းဘက်သို့ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

ဟူရှီယောင်ကဲ့သို့သော မိန်းမလှလေးကို သိမ်းပိုက်ထားသော အမျိုးသားဆိုလျှင် အလွန်တရာ ချောမောခန့်ညားလိမ့်မည်ဟု သူမ တွေးထင်ထားခဲ့မိသော်လည်း အမှန်တကယ် မြင်လိုက်ရချိန်တွင်မူ သာမန်လူတစ်ယောက်ထက် အနည်းငယ်သာ ပိုချောသည်မှလွဲ၍ ထူးခြားချက် တစ်စုံတစ်ရာ မတွေ့ရပေ။

ထို့ကြောင့် သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

​"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"

​ဟူရှီယောင်က သိုလှောင်အိတ်ကို လက်ခံရယူလိုက်ပြီးနောက် ထိုတပည့်မလေးမှာလည်း နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။

​သိုလှောင်အိတ်ကို ဖွင့်လှစ်ကြည့်လိုက်ရာ အတွင်း၌ ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့်နှင့် အများဆုံး ပါဝင်နေသည်မှာ ကျင့်ကြံရေး ဆေးလုံးများ ဖြစ်နေသည်။

သူတို့၏ တောင်စွယ်သည် ဆေးဖော်စပ်ခြင်း ပညာရပ်ကို အထူးပြုသောကြောင့် ဆေးလုံးများ ပေါများနေခြင်းပင်။

ဝူရှန်းက ဆေးလုံးတစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားအပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိသလောက်ပင် နည်းပါးနေသည်ကို တွေ့လိုက်ရသည်။

​"စနစ်... ငါ တကယ်ပဲ ကိုယ့်ဘာသာကိုယ် ကျင့်ကြံလို့ မရဘူးလား"

​ဝူရှန်းက စိတ်ထဲမှ တိတ်တဆိတ် မေးမြန်းလိုက်သည်။

​【ပိုင်ရှင်... သင်က အညံ့ဖျင်းဆုံး ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာကို သင် ကိုယ့်သင် သိထားသင့်ပါတယ်...】

【ဆေးလုံးတွေက သင့်အတွက် ပွိုင့်တွေကို တိုးပွားစေနိုင်ပါတယ်..ဝိညာဉ်စွမ်းအင် ပါဝင်သမျှ အရာရာတိုင်းက သင့်ကို ပွိုင့်တွေ ရှာဖွေပေးနိုင်ပါတယ်...】

​စနစ်၏ စကားသံကို ကြားလိုက်ရသဖြင့် ဝူရှန်း၏ မျက်ဝန်းတို့မှာ တောက်ပသွားခဲ့သည်။

​"အဲ့ဒီအကြောင်းကို အစောတုန်းက ဘာလို့ မပြောပြတာလဲ"

​သူ့အနေဖြင့် ပွိုင့်များ မလုံလောက်မှုအတွက် ဦးနှောက်ခြောက်နေခဲ့ရသည် မဟုတ်ပါလော။

သူသည် ဆေးလုံးများကို ပွိုင့်များအဖြစ် ပြောင်းလဲရန် စတင်စဥ်းစားလိုက်သည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ထိုဆေးလုံးတစ်လုံးလျှင် ပွိုင့် (၀.၁) မှတ်သာ တန်ဖိုးရှိနေခြင်းပင်တည်း။

[ မမေးလို့ပါ ]

​"စနစ်... မင်း ငါ့ကို နောက်နေတာလား"

​ဝူရှန်း၏ မျက်နှာမှာ ညှိုးမှိုင်းသွားခဲ့သည်။

​【ပွိုင့်တွေရဲ့ တန်ဖိုးက အလွန်တရာ ကြီးမားပါတယ်..နောင်တစ်ချိန်ကျရင် သင် ကိုယ်တိုင် နားလည်လာပါလိမ့်မယ်...】

​ထိုသို့ ပြောဆိုပြီးနောက် စနစ်မှာ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

​"ဟူရှီယောင်... ဒီဆေးလုံးတွေကို ယူပြီး ကျင့်ကြံလိုက်တော့"

​ဝူရှန်းက တည်ငြိမ်သော လေသံဖြင့် ပေးအပ်လိုက်ရာ သူမက အံ့သြစွာ မေးမြန်းလာသည်။

​"ဒါဆိုရင် ရှင်ကရော ဘယ်လိုလုပ်မလဲ"

​ဝူရှန်းက အလွန်တရာ ခန့်ညားသည်ဟု သူယူဆထားသော ပုံစံတစ်မျိုးကို ဖန်တီးလိုက်သည်။

​"ငါ့ အကြောင်းကို စိုးရိမ်မနေနဲ့တော့ ငါက အခု လက်ရှိမှာ ရွှေအမြုတေ အဆင့်ရဲ့ အလယ်အလတ်ကို ရောက်နေပြီ"

​ဟူရှီယောင်သည် ဝူရှန်း၏ စွမ်းအားကို အနည်းငယ် သိထားသော်လည်း ရွှေအမြုတေ အဆင့်အထိ ရောက်ရှိနေပြီဟု လုံးဝ မထင်ထားခဲ့ပေ။

ဝူရှန်း၏ ဝိညာဉ်အမြစ်မှာ အညံ့ဖျင်းဆုံး အဆင့်သာ ဖြစ်သည် မဟုတ်ပါလော။

ဒီလောက် မြန်ဆန်သောနှုန်းဖြင့် မည်သို့ ကျင့်ကြံနိုင်မည်နည်း။

ဝိညာဉ်စစ်ဆေးသည့် စင်မြင့်တွင် တစ်ခုခု ချို့ယွင်းချက် ရှိနေခဲ့ရမည်ဟု သူမ ခိုင်မာစွာ တွေးတောနေမိသည်။

​ဝူရှန်းမှာမူ သူမ၏ စိတ်ကူးယဉ် တွေးတောမှုများကို လုံးဝ မသိရှိပေ။

​"အချိန်လည်း နှောင်းနေပြီဆိုတော့ အိပ်ကြရအောင်"

​ဟူရှီယောင်က သူ့ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

ဝူရှန်းမှာမူ အံ့အားသင့်နေဆဲပင် ဖြစ်သည်။

ဒီလို အစစ်အမှန်ကဲ့သို့ အိပ်စက်ရမည့် အခြေအနေမျိုး အမှန်တကယ် လိုအပ်ပါသလော။

သို့သော် ဟူရှီယောင် ကိုယ်တိုင်က ကန့်ကွက်ခြင်း မရှိတော့သည့်နောက်တွင် သူ ဘာများ ပြောနိုင်ဦးမည်နည်း။

​အခန်းတွင်းရှိ ကုတင်တစ်လုံးတည်းကို တွေ့လိုက်ရသောအခါ ဝူရှန်း၏ စိတ်ထဲတွင် အတွေးများ ဝင်ရောက်လာသည်။

​"ဒီညကစပြီး ကုတင်ပေါ်မှာ အတူတူ အိပ်ကြမယ်နော်"

​ဟူရှီယောင်က အနည်းငယ် ရှက်ရွံ့နေသည့် အပြုံးဖြင့် ပြောဆိုလိုက်ရင်း ဝူရှန်းလည်း မတွေဝေတော့ဘဲ ကုတင်ပေါ်သို့ ဖြောင့်တန်းစွာ လဲလျောင်းချလိုက်တော့သည်။

ဟူရှီယောင်လည်း သူနှင့်အတူ ဝင်ရောက် လဲလျောင်းခဲ့သော်လည်း သူတို့နှစ်ဦးကြားတွင် စောင်တစ်ထည်ဖြင့် ခြားထားခဲ့သည်။

​သူမ၏ ထိုကဲ့သို့သော အပြုအမူများကို သူ ဆက်လက် ဂရုစိုက်မနေတော့ပေ။

မကြာမီမှာပင် ဝူရှန်းသည် အိပ်မောကျသွားခဲ့တော့သည်။

​နောက်တစ်နေ့ မိုးလင်းလာသောအခါ...

​ဝူရှန်း၏ တစ်ကိုယ်လုံးတွင် လေးလံထိုင်းမှိုင်းနေသလို ခံစားချက်တစ်ခု ရရှိလာသည်။

သူ မည်သည့် အလုပ်ကြမ်းမှ မလုပ်ခဲ့ရဘဲနှင့် ခန္ဓာကိုယ်ပေါ်တွင် နုညံ့ပျော့ပျော်သော အရာတစ်ခု ဖိကပ်နေသလို ခံစားလိုက်ရသည်။

​မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ဟူရှီယောင်၏ ကိုယ်လုံးတစ်ခုလုံးမှာ သူ့ကိုယ်ပေါ်တွင် အုပ်မိုးကာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

​ထိုမြင်ကွင်းကြောင့် ဝူရှန်းမှာ အံ့အားသင့်သွားခဲ့သည်။

ဟူရှီယောင်မှာမူ နိုးထမည့်ပုံ မပေါ်ပေ။

ထို့ကြောင့် သူက သူမ၏ တင်ပါးလေးကို လက်ဝါးဖြင့် အသာအယာ ရိုက်ချလိုက်တော့သည်။

“ဖြန်း..”

​"အား... ဝူရှန်း.. လူယုတ်မာကြီး... ရှင် ဘာလုပ်တာလဲ"

​ဟူရှီယောင်မှာ လန့်ဖြန့်ကာ အော်ဟစ်လိုက်သည်။

ဝူရှန်းမှာမူ အလွန်တရာ အံ့သြသွားရသည်။

သူမ ကိုယ်တိုင်က သူ့ကိုယ်ပေါ်တွင် လာရောက်မှီတွယ်အိပ်စက်နေပါလျက်နှင့် သူ့ကို လူယုတ်မာဟု စွပ်စွဲနေခြင်းမဟုတ်ပါလော..

​ထိုစဥ်မှသာ ဟူရှီယောင်လည်း သူမ၏ အနေအထားကို သတိပြုမိသွားကာ မျက်နှာတစ်ခုလုံး ရဲတက်သွားခဲ့သည်။

သူမ၏ ကိုယ်လုံးတစ်ခုလုံးမှာ ဝူရှန်း၏ ကိုယ်ပေါ်သို့ ရောက်နေခဲ့ခြင်းပင်။

​သူမချက်ချင်း ထွက်ပြေးရန် ပြင်ဆင်လိုက်သော်လည်း ဝူရှန်း၏ သန်မာသော လက်မောင်းများက သူမ၏ ခါးကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားသဖြင့် ရုန်းထွက်ရန် မဖြစ်နိုင်တော့ပေ။

​"ဟူရှီယောင်... ငါတို့က အတူတူ အိပ်ပြီးသား ဖြစ်သွားပြီပဲ.. ဒီလိုလေး ခဏလောက် ဆက်နေတာ ဘာဖြစ်လဲ"

​ဝူရှန်းက သူမ၏ ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးရင်း ပြောဆိုလိုက်သည်။

ဒီလို ကောင်းမွန်သော အခွင့်အရေးမျိုးကို သူ မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

​"လူယုတ်မာကြီး... ရှင်က လူကို အမြဲတမ်း အမြတ်ထုတ်ဖို့ပဲ သိတယ်"

​ဟူရှီယောင်၏ မျက်နှာလေးမှာ ရဲတွတ်နေသော်လည်း ဝူရှန်း၏ လက်မှ ရုန်းထွက်ရန် မည်သည့် ကြိုးပမ်းမှုကိုမျှ မပြုလုပ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူမတွင် ရုန်းထွက်နိုင်စွမ်းလည်း မရှိတော့ပေ။

ဝူရှန်း၏ လက်ချောင်းများ၏ ထိတွေ့မှုကြောင့် သူမ၏ ကိုယ်ထဲတွင် ယားကျိကျိ ခံစားချက်များ ဖြစ်ပေါ်လာကာ ဒီလူယုတ်မာကြီးကို ရိုက်နှက်ဆုံးမပစ်ချင်စိတ်များ ပေါ်လာသော်လည်း နောက်ဆုံးတွင် သူမ ထိုသို့ မလုပ်ဖြစ်တော့ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment