no
Ch 2.2
အချိန်အကြာကြီး တွေးကြည့်ပြီး နောက်မှာ နောက်ဆုံးတော့ လင်းယို့ယို့ကို လင်းရှင်းဟဲ့ မှတ်မိသွားသည်။ ဒါပေမဲ့ လင်းယို့ယို့က အခုထိ ပွဲဦးမထွက်ရသေးတဲ့ လူသစ်လေးပဲ။ လှပတဲ့ ရုပ်ရှည်နဲ့ မိသားစု အဆက်အသွယ် တစ်ချို့ကြောင့် နာမည်တော့ရှိသည်။
ဒါပေမဲ့ ဒါကအရေးမကြီးဘူး။
အရေးကြီးတာက လင်းရှင်းဟဲ့နဲ့ သူမနဲ့ လုံးဝမသိတာပဲ! အရေးအကြီးဆုံးက အပေါ်က ပြောသွားတာတွေ သူမတစ်ခုမှ မလုပ်ခဲ့ဖူးဘူး!
ပြီးတော့ ငါသေတာက မိုးကြိုးစာမိပြီးလေ။ ဘာခေါင်မိုးပေါ်က ခုန်ချတာလဲ?
စနစ်က ချို့ယွင်းနေတာလား.ဘာလား?
သူမ တော်တော်လေး မှားယွင်းစွပ်စွဲခံနေရသလို ခံစားရသည်။ ဒီမှာရှိတဲ့ သူတွေအားလုံးက ဗီလိန်အစစ်တွေပဲ။ အပေါ်က ပြောသလိုတွေ လုပ်ခဲ့ရင်တောင် ကြည့်ရသလောက် သူမရဲ့ အနေအထားက ဗီလိန်ပိစိအနေအထားပဲ ရှိတာပါ။ ဘာအမှားမှလဲ မလုပ်ထားတာကို ဗီလိန်ဆိုပြီး ခေါင်းစဥ်တပ်ခံရတယ်…။
ဒါပေမဲ့ လင်းရှင်းဟဲ့ တွေးကြည့်လိုက်တဲ့အခါ ဒါလဲ အရှုံးတစ်ခု မဟုတ်ဘူးလို့ တွေးသည်။ ဘာလုပ်လို့ရတော့မှာလဲ? ကမ္ဘာအစစ်မှာ လူက သေပြီးသွားပြီ။ ဒီမှာစာမေးပွဲလုပ်ပြီး အမှတ်တွေစုဆောင်းပြီးရင် သူမ ပြန်ရှင်သန်နိုင်မည်။
သူမ ပြန်ရှင်သန်ပြီးတာနဲ့ သူမရဲ့ အနာဂတ်ကို သိသွားရပြီမို့ လင်းယို့ယို့ကို ရှောင်မည်။ လင်းယို့ယို့ကိုသာ ရှောင်နိုင်သရွေ့ ဘေးဒုက္ခအားလုံး ဂိုးအဝေး ဟိုးအဝေးပဲ။
တွေးမိသွားတာနဲ့ လင်းရှင်းဟဲ့ စိတ်အေးချမ်း သွားတာကြောင့် ရေချိုးခန်းထဲဝင်ကာ ရေချိုးဖို့ပြင်လိုက်သည်။ ရေချိုးပြီးတာနဲ့ သူမအိပ်ယာမှာ လှဲချလိုက်သည်။
သူမရဲ့ခေါင်းနဲ့ ခေါင်းအုံးအိအိနဲ့ ထိတွေ့တာနဲ့ ချက်ချင်းပဲ နက်ရှိုင်းတဲ့ အိပ်စက်ခြင်းတွေ ဝင်ရောက်လာသည်။
ငါ ကောင်းကောင်း အိပ်ရမှာပေါ့။
ပြောရရင် သေပြီးသွားတဲ့ သူအနေနဲ့ ကြောက်စရာမရှိတော့ဘူးလေ။ ဟုတ်တယ်မလား?
လင်းရှင်းဟဲ့ မနက်အိပ်ယာနိုးလို့ သူမ စာသင်ရမဲ့နေရာကို သွားပြီးချိန်မှာ ကမ္ဘာကြီးအပေါ် အမြင်တွေ ထပ်မံ ပြောင်းရပြန်သည်။
သူမ အရင်က ကောလိပ်တက်ခဲ့စဥ်က ကျောင်းသည် မြို့ဆင်ခြေဖုံးမှာရှိပြီး နေရာကျယ်လို့ အထူးနာမည်ကြီးသည်။
ဒါကြောင့်မို့ တော်တော်များများသည် စာသင်ဆောင်ရောက်ရန် စက်ဘီးစီးရင်ဖြစ်ဖြစ် ဘက်စ်ကားစီးတာဖြစ်ဖြစ် တစ်ခုခု ရွေးချယ်ကြသည်။ တစ်ချို့ဆိုရင် နာရီဝက်လောက်ကြိုပြီး လမ်းလျှောက်လာရသည်။ လူနည်းစုသာ ဇိမ်ခံကားများဖြင့် လာတတ်ကြ၏။
ဒါပေမဲ့ အခုချိန်မှာ လင်းရှင်းဟဲ့သည် ကျယ်ဝန်းလှတဲ့ လမ်းမအလယ်မှာ ငူငူငိုင်ငိုင် ရပ်နေလေ၏။ ကျောင်းရဲ့ စတိုင်က တစ်ကယ်ကို သူမနဲ့မလိုက်ဖက်ဘူးပဲ…။
ထူးဆန်းတဲ့ ကျောင်းလာတဲ့နည်းလမ်းများစွာကို သူမ တွေ့နေရသည်။
ဓားပျံကြီး စီးပြီး သွားနေတဲ့သူတွေကော…
တံမြက်စီးပျံကြီး ခွနေတဲ့သူတွေကော…
မြေပြင်မှာတော့ အနည်းငယ် သာမာန် ဆန်ပါသေး၏။ လုချင်နဲ့သူမ မနေ့က သွားခဲ့သလိုမျိုး ရှုခင်းကြည့်လို့ရတဲ့ ကားများ၊ စက်ဘီးများနဲ့ သာမာန်ကားများဖြင့် သွားကြသည်။
ဒါ့အပြင်တစ်ချို့ဆို ပေါ့ပါးတဲ့ ခန္ဓာကိုယ်များကြောင့် ကားစီးတာကို အထဲမှာ မစီးဘဲ ခေါင်းမိုးပေါ်မှာ ခြေဖျားထောက်ပြီး လိုက်ပါလာကြသည်။
သူမ ဖြတ်သွားရင်းနဲ့ လူတွေရဲ့ အချင်းချင်း ဆဲဆိုသံကိုပါ ကြားနေရသေးသည်။
“ သိုင်းတတ်တဲ့ သောက်သူတောင်းစားတွေ! ရိုင်းရိုင်းဆိုင်းဆိုင်းနဲ့ ငါ့ကားပေါ်မှာ ဖိနပ်ရာပေအောင်လုပ်ရဲတယ်”
“ မင်းရဲ့အတန်းကို ငါ့ရှေ့မှာမပြောမိစေနဲ့။ ငါသိရလို့ကတော့ အရှင်လတ်လတ်ကို မီးရှို့ပစ်မယ်!”
“ ဟေး! အပေါ်က ပျံနေတဲ့ကောင်တွေ! လမ်းစည်းကမ်းလိုက်နာကြစမ်း! အမှိုက်တွေ မချနဲ့ဟေ့!”
“ ဘယ်လိုငရဲလဲကွာ ကျင့်ကြံသူတွေ! နင်တို့တွေ လမ်းမှာမနက်စာ ဘာကိစ္စ စားနေရတာလဲ? နင်သောက်နေတဲ့ ဟင်းရည်တွေ ငါ့ခေါင်းပေါ် ကျကုန်ပြီ! ငါဒီနေ့မှ ခေါင်းလျှော်လာတာ!”
“ယီး! ဘယ်မအေဘေးက ဒီနေရာမှာ အပေါက်ဖောက်သွားတာလဲ? မင်းအဖေ ငါ သေတော့မယ်!”
There is No Eng Version